ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း, Travel Service, Yangon.

အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးတစ်ပြည်ရွာ ကြွမြန်းတာ ( ၈ ) လ တောင် ပြည့်ပြီ...။_____________________...
03/01/2025

အနန္တကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
တစ်ပြည်ရွာ ကြွမြန်းတာ ( ၈ ) လ တောင် ပြည့်ပြီ...။
____________________________________
Credit ဘုန်း မိုရ်

လေးစားတန်ဖိုးထားရသောဓမ္မမိတ်ဆွေများခင်ဗျာ တန်ဆောင်တိုင်ကာလအခါသမယတွင် ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ကြီး၏ မေတ္တာလမ်းညွှန်...
04/11/2024

လေးစားတန်ဖိုးထားရသောဓမ္မမိတ်ဆွေများခင်ဗျာ တန်ဆောင်တိုင်ကာလအခါသမယတွင် ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ကြီး၏ မေတ္တာလမ်းညွှန်မှုကိုခံယူ၍ ငါးငါးလီအဓိဌာန်မှ ပြည့်၅ပြည့်နှင့်တောင်၅တောင်၊ မင်းဝင်တောင် အဓိဌာန်ခရီးစဉ်အား ၁၃.၁၁.၂၀၂၄ (ဗုဒ္ဓဟူးနေ့ညနေ- ၅:၀၀နာရီ) ထွက်ရှိပြီး ၁၇.၁၁..၂၀၂၄ (တနင်္ဂနွေနေ့ညနေ)ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။လိုက်ပါအဓိဌာန်ပြုမည့်သူများ (09953332375) သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။
🙏ပြည့်(၅)ပြည့်👉 ရွှေဆံတော်၊လောကနန္ဒာ၊ တာမဏီသိမ်၊ဓမ္မရာဇိက၊
🙏ရွှေစည်းခုံ၊တုရင်တောင်စွယ်တော်ရှင်၊ဗူးဘုရား၊
🙏မဟာငှက်ပစ်တောင်စေတီ၊ရှင်အရဟံအုတ်ကျောင်း၊
🙏အလိုတော်ပြည့်စေတီ၊အာနန္ဒာ၊မင်းအိုချမ်းသာ၊
🙏သဗ္ဗညု၊ကန်တော့ပလ္လင်၊ထီးလိုမင်းလို၊မနုဟာ၊
🙏မြစေတီ၊ဓမ္မရံကြီး၊စူဠာမဏိ၊ထီးလိုမင်းလို၊
🙏ရှင်အဇ္ဇဂေါဏ၊ပုပ္ပါးတောင်ကလပ်။
🙏တောင်(၅)တောင် နေပြည်တော်
👉စမတောင်ကမ္ဘာ့ကပ်ကျော်စေတီ
👉ဆင်ဖြူတောင် ဆုတောင်းပြည့်ရုပ်ရှင်တော်
👉လှေခွင်းတောင် ဆုတောင်းပြည့်စေတီ
👉လက်လုပ်တောင် ရွှေနန်းသွင်းစေတီ
👉ရွှေလွှမ်းတောင် မြသိန်းတန်စေတီ
🙏မင်းဝင်တောင်၊လမ်းဘုရားစုံ။
တစ်ဦးလျှင် ကားခ၊ထမင်းကျွေး ၁၅၀၀၀၀ကျပ်။
🌟ငါးငါးလီစာအုပ်
🌟ကမ္ဘာ့မေတ္တာကမ္မဌာန်းစာအုပ်
🌟ပဌာန်းစာအုပ်
🌟(၁၀၈)လုံးပုတီး
🌟ခေါင်းလောင်း
🌟တာလီ
🌟ထိုင်ရန်အခင်း
🌟အဖြူဝတ်စုံ ယူဆောင်လာပေးပါရန်
စာအုပ်မရှိသူများကို လှူဒါန်းပေးပါမည်။

ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ကြီး၏ မေတ္တာလမ်းညွှန်မှုကိုခံယူ၍ ငါးငါးလီအဓိဌာန်မှ ပြည့်၅ပြည့်နှင့်တောင်၅တောင်၊ မင်းဝင်တော...
24/08/2024

ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ကြီး၏ မေတ္တာလမ်းညွှန်မှုကိုခံယူ၍ ငါးငါးလီအဓိဌာန်မှ ပြည့်၅ပြည့်နှင့်တောင်၅တောင်၊ မင်းဝင်တောင် အဓိဌာန်ခရီးစဉ်အား ၃၀.၈.၂၀၂၄(သောကြာညနေ- ၅:၀၀နာရီ)ထွက်ရှိပြီး ၃.၉.၂၀၂၄(အင်္ဂါညနေ)ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။လိုက်ပါအဓိဌာန်ပြုမည့်သူများ
09953332375
သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။
တစ်ဦးလျှင် ကားခ၊ထမင်းကျွေး ၁၅၀၀၀၀ကျပ်
🌟ငါးငါးလီစာအုပ်
🌟ကမ္ဘာ့မေတ္တာကမ္မဌာန်းစာအုပ်
🌟ပဌာန်းစာအုပ်
🌟(၁၀၈)လုံးပုတီး
🌟ခေါင်းလောင်း
🌟တာလီ
🌟ထိုင်ရန်အခင်း
🌟အဖြူဝတ်စုံ ယူဆောင်လာပေးပါရန်
စာအုပ်မရှိသူများကို လှူဒါန်းပေးပါမည်။

မိုးနဲ့အတူ ကြွတော်မူ-အေးမြပါစေ…အေးချမ်းပါစေ…ဘုရား 🙏🙏🙏တပည့် သံဃာတွေနဲ့ပဲခူးမြို့သူ/ သားတွေရဲ့မျက်ရည်သံတွေက ပိုကျယ်လောင်ပါ...
27/06/2024

မိုးနဲ့အတူ ကြွတော်မူ-
အေးမြပါစေ…
အေးချမ်းပါစေ…ဘုရား 🙏🙏🙏

တပည့် သံဃာတွေနဲ့
ပဲခူးမြို့သူ/ သားတွေရဲ့
မျက်ရည်သံတွေက ပိုကျယ်လောင်ပါတယ်ဘုရား🙏

နှမြောပါတယ်၊ဝမ်းနည်းပါတယ်၊ မမေ့ပျောက်နိုင်ပါဘုရား 🙏😭🙏😭🙏


ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ကြီး၏ မေတ္တာလမ်းညွှန်မှုကိုခံယူ၍ ငါးငါးလီအဓိဌာန်မှ ပြည့်၅ပြည့်နှင့်တောင်၅တောင် အဓိဌာန်ခရီး...
27/06/2024

ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ကြီး၏ မေတ္တာလမ်းညွှန်မှုကိုခံယူ၍ ငါးငါးလီအဓိဌာန်မှ ပြည့်၅ပြည့်နှင့်တောင်၅တောင် အဓိဌာန်ခရီးစဉ်အား ၅.၇.၂၀၂၄(သောကြာညနေ- ၅:၀၀နာရီ)ထွက်ရှိပြီး ၉.၇.၂၀၂၄(အင်္ဂါညနေ)ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပါမည်။လိုက်ပါအဓိဌာန်ပြုမည့်သူများ
တစ်ဦးလျင် 150000ကျပ်ဖြင့်
09953332375
ဆက်သွယ်စာရင်းပေးနိုင်ပါပီရှင်🙏🙏🙏

မဏိဇောတပတ္တမြားဂါထာတော်🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼ငွေနဝင်း - လာဘ်ပွင့်နဝင်းမဏိဇောတ ပတ္တမြားရတနာဂါထာ အဓိဌာန်ဝင်နည်းစီးပွားရေးအထစ် အငေါ့မျ...
21/06/2024

မဏိဇောတပတ္တမြားဂါထာတော်
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ငွေနဝင်း - လာဘ်ပွင့်နဝင်း
မဏိဇောတ ပတ္တမြားရတနာဂါထာ အဓိဌာန်ဝင်နည်း
စီးပွားရေးအထစ် အငေါ့များ ၊ အဖုအထစ်များ၊ အခက်အခဲများ ပြေလည်လာရ၏။
အဆင်ပြေ လာရ၏ လုပ်ချင်သည့် စီးပွားရေးအရောင်းအဝယ်လုပ်ငန်းမှန်သမျှ မ အောင်မြင်တာမရှိ၊ အဆင်မပြေတာမရှိ၊ မတိုးတက်တာ မရှိ၊
အခက်အခဲမရှိတော့ဘဲ ပျော်ပျော်ရွှင်ရွှင်ဝမ်းသာအားရ အံသြစွာတိုးတက် အဆင်ပြေလာပါလိမ့်မည်။
ကြိုက်သည့်ဆိုင်ဖွင့် ဘာ လုပ်ငန်းကိုပဲလုပ်လုပ် အကျိုးမပေးဘူးဆိုသည်မှာ မရှိနိုင်တော့ပေ။
ဂါထာတော်၏ တန်ခိုးစွမ်း အား ကြောင့် အဆင်မပြေတာမရှိ အကျိုးမပေးဘူးဆိုတာမရှိ ငွေရေးကြေးရေးအခက်အခဲမရှိ၊ ငွေရေးကြေးရေး ဘေးကြပ်နံကြပ်မရှိ၊ ငွေရွှေရတနာ ဆုံး ရှုံးမှုမရှိ အား လုံးပင် အောင်မြင်တိုးတက်ရတော့၏။
နှုတ်ပါးစပ်မှ စျေးခေါ်တိုင်းရ၏။ စျေးဆစ်တိုင်း ရလာတော့၏ နှုတ်ဝစီမှ စီးပွားရေးနှင့်ပက်သက်၍ ပြောချင်ရာပြော၊ စိတ်ထဲ ရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊
စိတ်ထဲရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊ ပြောဆိုတိုင်းပြီးစီး၏ ပြောဆိုတိုင်း အောင်မြင်လာရ၏။
တောင်း တိုင်းလည်းရလာစေ၏။ စည်းစိမ်၊ ဥစ္စာ၊ ရတနာ၊ရွှေ၊ငွေ၊အိုးအိမ်၊တိုက်၊ခြံ၊ကားဤ (၉)ပါးသော ပစ္စည်း တို့သည် ဝင်လာမစဲ၊စည်းကားစွာတိုးတက် ဝင်ရောက်လာရကုန်၏
ဂါထာတော်၏ တန်ခိုးအားကြောင့် မိမိတ်ို့၏ စီးပွားရေးအေ၇ာင်း အဝယ်လုပ်ငန်းများ၊ မိမိ၏စီးပွားရေး အလုပ်အကိုင်များ ကို နတ်ကောင်းနတ်မြတ်များက လာရောက်ကူညီမစ စောင့်ရှောက်လာရကုန် ၏၊
အိမ်တွင်းရေး၊ မိသားစု အေးအေးချမ်းချမ်းဖြစ်လာရကုန်၏။ အိမ်တွင်းရေး၊ မိသားစုအရေးဆူဆူပူပူမရှိနိုင်တော့ချေ၊ လက် အောက်ငယ်သား၊ အခိုင်းအစေ၊ကျေးကျွန်၊ သားသမီး၊ မြေးမြစ်ကစ၍ ဆူဆူပူပူမရှိ တော့ပဲတည်ငြိမ်အေးချမ်းလာစေရတော့၏။
မိမိ၏ အိမ်တွင်းရေးအပေါ်၌လည်းကောင်း၊ မိမိ၏မိသားစု သားသမီးများအပေါ်၌လည်းကောင်း၊ မိမိ ၏ စီးပွားရေးအလုပ်အကိုင် အရောင်းအဝယ်များ အပေါ်၌လည်းကောင်းစိတ်ချလာရတော့၏။
စိတ်တိုင်းကျလာရတော့၏ အားရကျေနပ် လာရ တော့၏။ အပူ သောက၊ဗျာပါဒ၊ စိတ်ရှုပ်မှု၊စိတ်ဆင်းရဲမှု၊ မှန်သမျှမရှိနိုင်တော့ချေ။
မဖြစ်ပေါ်လာနိုင်တော့ပေ။ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အားရ ကျေ နပ်စွာဖြင့် စိတ်ဆန္ဒအလိုကိုပြီးစီးအောင်မြင်စေရာ၏
အထက်ဖေါ်ပြပါ ဂါထာတော်ကိုယုံကြည်စွာရွတ်ဖတ်ကြလျှင် လောကီအကျိုးပြည့်စုံပြီး အများအကျိုးအတွက် ဆောင်ရွက်နိူင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ဖေ့စ်ဘုတ်မှ မသိသေးသူ မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါသည်။

-–----–-------------------------------------=-------
မြတ်ဗုဒ္ဓ၏ ဂါထာတော်များ အစွမ်းထက်ပုံကို ယုံမှားသံသယ ရှိစရာမလိုသော်လည်း အလွန်အကျိုးပေးမြန်သော ဂါထာတော်တစ်ပုဒ်မှာ နိုင်ငံကိုကျော်ကာ ပြည်ပနိုင်ငံများတွင် ကျော်ကြားနေသည်ကိုကြားလိုက်ရ၍ အံ့ဩမဆုံးအောင်ရှိရပါသည်။အစွမ်းထက်၍ ရွတ်ဆိုပူဇော်သည်ကိုလက်တွေ့တွေ့ရသဖြင့် ပြည်ပနိုင်ငံများတွင်ထင်ရှားကျော်ကြားလျတ်ရှိသော ဂါထာတစ်ပုဒ်အကြောင်းတင်ပြလိုပါသည်။ နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေသောတူတော်မောင်သော်ဇင်ထံ ကစာတစ်စောင်ရောက်လာသည်။ သူ့စာကိုဖတ်ပြီးအံ့ဩမိပါသည်။ သူ့စာတွင် မဏိဇောတပတ္တမြားဂါထာ မှာထိုနိုင်ငံတွင် အလွန်ကျော်ကြားနေသဖြင့် သူလည်းရွတ်ဆိုခြင်သဖြင့် သူ့အတွက်ထိုဂါထာကိုရေးသားပေး ပို့ပေးရန်တောင်းခံသည့်စာဖြစ်သည်။သူ့စာကို ဆက်လက်ဖတ်ကြည့်ရာ ပို၍အံ့ဩစရာများကို ကြားသိရပြန် သည်။ ထိုနိုင်ငံတွင် သင်္ဘောကုမ္ပဏီ တစ်ခု၌ မြန်မာလူမျိုးတစ်ဉီးက အလုပ်လုပ်ရင်းမဏိဇောတဂါထာကို ရွတ်သဖြင့် ကုမ္ပဏီတစ်စထက်တစ်စတိုးတက်ကြီးပွားလာ၍ထိုမြန်မာလူမျိုးကို မန်နေဂျာထိရာထူးတိုးပေး ခဲ့သည်။ မန်နေဂျာဖြစ်လာသည်နှင့်ဂါထာကို ပိုမိုရွတ်သဖြင့်တစ်နှစ်အတွင်း အဆပေါင်းများစွာအောင်မြင်မှု များရသဖြင့် မန်နေဂျာတာဝန်ဖြင့် လစာများတစ်လထက်တစ်လတိုးပေးခြင်းခံခဲ့ရသည်။ထိုနိုင်ငံများမှာ မြန်မာလူမျိုးတစ်ဉီးဂါထာရွတ်ရုံဖြင့် သူတို့၏လုပ်ငန်းများအံ့ဩမကုန်အောင်တိုးတက်လာသည်ကိုတွေ့ရသ ဖြင့်နောက်ဆုံးတွင်မြန်မာလူမျိုးကို အစုရှယ်ယာဝင်အဖြစ်လက်ခံလိုက်သည်။သူတို့၏အယူအဆမှာလခစား တစ်ဉီးအနေဖြင့်ဘေးမှဂါထာရွတ်ပေးရုံဖြင့် လုပ်ငန်းများတိုးတက်အောင်မြင်ခဲ့ရာ ကိုယ်ပိုင်ကုမ္ပဏီအတွက် ကိုယ်တိုင်ရွတ်ခြင်းက ပိုမိုအောင်မြင်ရမည်ဟု ယူဆချက်ဖြစ်သည်။အစုရှယ်ယာဝင်ဖြစ်သည်နှင့် ဂါထာကို ပိုမိုရွတ်ဖတ်သဖြင့် ယခုအခါ ထိုကုမ္ပဏီမှာ အကြီးကျယ်ဆုံးကုမ္ပဏီကြီးဖြစ်ခဲ့ရသည်၊၊ထိုကုမွဏီ၏အောင် မြင်မှုကိုကြည့်၍တခြားကုမ္ပဏီကြီးတစ်ခုကသော်ဇင်ကိုထိုသို့ဂါထာရွတ်နိုင်ပါက မန်နေဂျာခန့်မည်ဟုပြော သဖြင့်မန်နေဂျာအလုပ်ရရန်ဂါထာတော်တောင်းခံခြင်းဖြစ်ပါသည်။စာရေးသူမှာမဂ္ဂဇင်းများတွင် အခါအား လျော်စွာအစွမ်းထက်ဂါထာတော်များအကြောင်းရေးသားသည်ကိုသိသဖြင့်တူတော်မောင်ကအကူညီတောင်းခံခြင်းဖြစ်ဟန်တူပါသည်။ထိုဂါထာကိုကြားဖူးဖတ်ဖူးသော်လည်းလောလောဆယ်မှာရှာရမည်ကိုစဉ်းစားမရအောင်ဖြစ်နေပါသည်။ဘာသာရေးစာပေထုတ်ဝေသောမဂ္ဂဇင်းအယ်ဒီတာတစ်ဉီးထံသွားရောက်မေးမြန်းစုံစမ်းခဲ့ပါသည်။ထိုအယ်ဒီတာပြောလိုက်သောစကားမှာလည်းအလွန်ကျေနပ်အားရစရာကောင်းလှပါသည်။ “ဒီဂါထာက အလွန်ကျော်ကြားတဲ့ဂါထာပဲ။ပြည်မြို့ဝေပုလ္လရာမကျောင်းတိုက် ဝေပုလ္လရာမဆရာတော် အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လဆရာတော်ကြီးစီစဉ်ခဲ့တဲ့ဂါထာပါ။မဏိဇောတရတနာဂါထာလေး ပုဒ်ပါတယ်။ဒီဂါထာလေးပုဒ်ကလည်းအထူးအဆန်းတော့မဟုတ်ဘူး။အများသိကြတဲ့ဒိဝါတပတိနဲ့ ဖုဌဿ ဂါထာနှစ်ပုဒ်အပြင်အခြားဂါထာနှစ်ပုဒ်ပေါင်းစည်းထားတာပါ။ ဂါထာတေကလွယ်လည်းလွယ်ရဖူးတဲ့ဂါထာ တေပါတော့ရွတ်ဆိုတဲ့သူများပြီးရွတ်ဆိုသူတိုင်းအောင်မြင်မှုတေခံစားရလို့ချက်ချင်းနာမည်ကျော်သွားတာ၊။ကျွန်တော်ကိုယ်တိုင်လည်းရွတ်ပါတယ်။ဒါပေမယ့်ဂါထာနှစ်ပုဒ်ကအလွတ်မရသေးဘူး။ဒီဂါထာရွတ်ပုံရွတ် နည်းလည်းရှိသေးတယ်။တော်ဝင်မြို့မစာတိုက်ကကိုမိုးဆီသွားပါ သူကဆရာတော်တပည့်အရင်းဆိုတော့သူ ကဒီဂါထာကြောင်းအပြည့်အစုံပြောနိုင်မှာပါ” ထိုအယ်ဒီတာ၏စကားကြောင့်ဂါထာ၏လမ်းစကိုတွေ့ခဲ့ရ၏။
ဂါထာအစွမ်းထက်ကြောင်းလည်းခိုင်လုံသွားခဲ့သည်။တော်ဝင်မြို့မစာပေတိုက်သို့သွားရာဆရာမိုးနှင့်အသင့် တွေ့ရသဖြင့် အစစအရာရာအဆင်ပြေခဲ့ပါသည်။ဂါထာလေးပုဒ်ကိုရခဲ့ရုံသာမကဂါထာတော်ဖြစ်လာပုံ၊ဂါထာ တော်ရွတ်ဆိုပုံရွတ်ဆိုနည်း၊ ဂါထာရွတ်ဆိုရာတွင်လိုက်နာရမည့်အချက်များ ၊ ဂါထာမရွတ်သင့်သောအချိန် အခါနေရာဒေသများစသည့်အကြောင်းအရာစုံစုံလင်လင်သိခွင့်ရခဲ့ပါသည်။ထိုဂါထာကိုရွတ်ဖတ်၍ချက်ချင် ကြီးပွားတိုးတက်အောင်မြင်သူများအကြောင်းကိုပြောပြလိုက်သည်မှာ စာဖွဲ့ရေးပါကမဂ္ဂဇင်းဆိုဒ်ကြီးတစ် အုပ်စာမကရှိပါသည်။ဆရာမိုးထံမှဆရာတော်နှင့်ပတ်သတ်သောစာအုပ်များကိုပင်လက်ဆောင်ရခဲ့ပါသည်။
ဂါထာဖြစ်ပေါ်လာပုံ
ဆရာတော်သည် နေ့စဉ်ဘဝတွင်လူသားတို့နေ့စဉ်ကြုံတွေ့နေကြပုံကိုမကြည့်ဘဲမြင်နေသည်။မေးမြန်းစုံစမ်း ခြင်းမရှိဘဲနေ့စဉ်ကြားခဲ့ရသည်။လူသားတိုင်းကပ်ကြီးသုံးပါးနှင့်ရင်ဆိုင်နေရသဖြင့်အလွန်ပင်ပန်းဆင်းရဲ ဒုက္ခရောက်နေကြပါသည်။ရန်သူမျိုးငါးပါး၏နှိပ်စက်မှုကိုလည်းအမြဲရင်ဆိုင်နေရသည်။ရေကြီးခြင်း၊ မြေပြိုခြင်း မုန်တိုင်းကျခြင်း ငလျင်လှုပ်ခြင်း မိုးကြိုးပစ်ခြင်းစသည့်မမျှော်လင့်နိုင်သောဘေးအန္တရာယ်များ ကျရောက်ခြင်းကိုလည်းခံနေရပါသည်။ခရီးသွားရာတွင်ကားတိုက်ခြင်း ကားမှောက်ခြင်း ရထားမှောက်ခြင်း သင်္ဘာနစ်မြုပ်ခြင်း ၊ဓါးပြတိုက်မှု၊ လှယက်မှု၊ခိုးမှုတိုက်မှုများအပြင်ရိုက်နှက်မှု၊ဓါးနှင့်ထိုးမှု၊လူသတ်မှုစသည့် မှုခင်းများကလည်းတစ်နေ့ထက်တစ်နေ့များပြားနေပါသည်။အိမ်ထဲဝင်၍လူသတ်မှုများပင်ရှိလာသဖြင့် လူသားတို့အသက်အန္တရာယ်မှာကာကွယ်မယ့်သူမရှိသည့်အခြေအနေသို့ကျရောက်နေပါသည်။စိတ်အေးရ လျတ်မရှိဘဲအမြဲစိုးရိမ်ပူပန်နေကြရသည်။လူများစိုးရိမ်သောကများပြီးစိတ်မချမ်းသာနိုင်ပါက မြတ်ဗုဒ္ဓ၏ သာသနာလည်းချမ်းသာနိုင်မည်မဟုတ်ပါ။လူများပျော်ရွှင်တက်ကြွနေမှ သာသနာလည်းခိုင်မြဲပွင့်လင်းနိုင် မည်။ထိုအချက်များကိုဆင်ခြင်မိရာမှာလူသားများချမ်းသာကြွယ်ဝပြီးအလိုဆန္ဒများပြည့်ဝလျတ်ကျန်းမာအသက်ရှည်စေရန် ဂါထာပေးမှဖြစ်တော့မည်ဟုစဉ်းစားမိ၍ ထိုဂါထာကိုပေးရခြင်းဖြစ်ပါသည်။လူအများ ဒုက္ခ အပေါင်းမှလွတ်မြောက်ပြီးချမ်းသာမှုရစေရန် ပြည့်စုံသောဂါထာဖြစ်အောင်စီစဉ်ခဲ့ပါသည်။ဂါထာတော်လေး ပုဒ်တွင်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သောဂါထာနှစ်ပုဒ်နှင့်ရှေးက ကာလိဒါသဆရာကြီးများစီရင်ခဲ့သော ဂါထာနှစ်ပုဒ်ပေါင်းလေးပုဒ်မှာအလုံးစုံပြည့်ဝသော မဏိဇောတရတနာဂါထာများဖြစ်သည်။
ဂါထာရွတ်ဆိုနည်း
ဂါထာကိုရွတ်ဆိုရာတွင်နံနက်အိပ်ရာထ(၅)နာရီမှ(၉))နာရီအတွင်းမည်သည့်အလုပ်မျှမလုပ်မီရွတ်ဆိုပူဇော်ရမည်။ဂါထာတော်လေးပုဒ်ရှိရာ တစ်ပုဒ်လျှင် ၂၇ ခေါက်ဆီရွတ်ဆိုရမည်။အချိန်မှန်နေရာမှန် မပျက်မကွက် ၉ ရက်ရွတ်ဆိုသည်နှင့်အောင်မြင်တိုးတက်မှုကိုတွေ့ရမည်ဖြစ်ပါသည်။အရေးကြီးသောကိစ္စတို့ရှိသည်ဖြစ်စေ အခတ်ခဲနှင့်တွေ့သည့်အထူးကိစ္စရပ်များရှိပါကဘုရားတွင်အဓိဌာန်ပြီးရွတ်ဆိုရပါမည်။ပထမဂါထာနှင့်ဒုတိယဂါထာကို (၅၄)ခေါက်စီ၊ ကျန်ဂါထာနှစ်ပုဒ်ကို(၂၇)ခေါက်စီရွတ်ဆိုပါကပို၍ကောင်းပါသည်။ဂါထာမရွတ် ဆိုမှီကိုယ်လက်သန့်ရှင်းအောင်ကိုယ်လက်သုတ်သုင်ရန်အရေးကြီးပါသည်။ ဘုရားတရားသံဃာရတနာသုံးပါးနှင့်မိဘဆရာသမားများအတွက် ရည်မှန်း၍ ပန်းရေချမ်းဆီမီး အမွှေးနံ့သာပူဇော်ရမည်။ဂါထာမရွတ်ဆိုမီ ဘုရားထံတွင်သီလခံယူရပါမည်။အထက်ပါပြင်ဆင်မှုများပြုလုပ်ပြီးမှ ဂါထာတော်များကို အသံထွက်မှန် ကန်စွာပီပီသသရွတ်ဆိုရပါမည်။ ထိုဂါထာရွတ်ဆိုရာတွင် ငွေကုန်ကြေးကျလည်းမရှိ ခတ်ခဲပင်ပန်းခြင်း လည်းမရှိသဖြင့်လူတန်းစားမရွေးရွတ်သင့်ပါသည်။မြတ်ဗုဒ္ဓ၏ ဂါထာတော်များဖြစ်၍ လေးလေးစားစားရွတ် ရပါမည်။ ရွတ်ဆိုသည်ကိုဆိုရုံမျှသဘောဖြင့် အလွယ်မရွတ်မိစေရန် အထူးအရေးကြီးပါသည်။ဘုရားရှေ့တွင် သီလယူပြီးရွတ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။အချိန်မရ၍ လမ်းလျှောက်ရင်း ထမင်းစားသောက်ရင်း ရေချိုးရင်း အဝတ်လျှော် ကားမောင်း ကားစီး ‌ဈေးရောင်းရင်း ဈေးဝယ်ရင်း စိတ်ဆိုးဒေါသထွက်နေချိန်များ တွင်မရွတ်ဆိုရပါ၊ ထိုဂါထာကိုရရှိထားသူသည်မဏိဇောတပတ္တမြားကိုရရှိထားသူကဲ့သို့အသွင်တူသော ကြောင့် မဏိဇောတရတနာဂါထာတော်ဟုအမည်ပေးထားခြင်းဖြစ်ပါသည်. တန်ဖိုးကြီးမားသောမဏိဇောတပတ္တမြားကြီးကိုလက်ဝယ်ပိုင်ဆိုင်ရရှိထားသူသည် တန်ဖိုးကြီးမြတ်သော ပတ္တမြားကြီးကိုလေးလေးစား စားမြတ်မြတ်နိုးနိုး ထားသကဲ့သို့ပင်ထိုမဏိဇောတဂါထာတော်ကြီးကိုလည်းအမြဲလေးစားတန်ဖိုးထားမှကောင်းမြတ်သောအကျိုးများရရှိနိုင်မည်ဖြစ်သည်။ထိုဂါထာတော်မြတ်ကြီးကိုလက်ဝယ်ပိုင်ဆိုင်ရရှိလိုက် သည်နှင့်မိမိဘဝတွင်ပင်ပန်းဆင်းရဲခြင်း အခတ်ခဲများရှိတော့မည်မဟူတ်ကြောင်းယုံကြည်ကြရမည်ဖြစ် သည်။ဂါထာတော်အစွမ်းကြောင့်မိမိတွင်ကျရောက်နိုင်မည့်အန္တရာယ်အသွယ်သွယ်မှကျော်လွှားနိုင်တော့မည်ဖြစ်သည်။ငွေကြေးအခတ်ခဲမရှိနိုင်တော့သည်ဖြစ်၍ကုန်ရောင်းကုန်ဝယ်လုပ်ပါကလုပ်သမျှအမြတ်စွန်းချည်း ရနိုင်တော့မည်ဖြစ်၍ဆင်းရဲမှုမျိုးမကြုံတွေ့ရတော့ဘဲ ချမ်းချမ်းသာသာတင့်တင့်တယ်တယ်နေနိုင်တော့မည် ဖြစ်ပါသည်။လူသားတိုင်းရှောင်လွှဲမရတွေ့ရတတ်သောရောဂါဘယများကင်းဝေးပြီးအစဉ်အမြဲကျန်းမာရေးနှင့်ပြည့်စုံ၍ ဘဝကိုဖြတ်သန်းရာတွင်ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တော့မည်ဖြစ်သည်။ ဘဝ၏အခတ်ခဲများ ပြဿနာများရှိပါကလည်းဂါထာရွတ်သည်နှင့်အားလုံးပြေပျောက်စေနိုင်ပြီးတစ်ပါးသူ များကအတိုက်ခိုက်ပြုမူခြင်းမျိုးကြုံရပါကလည်း မိမိဘက်ကလက်တုံ့ပြန်စရာမလိုဘဲအလိုလိုရှင်းလင်းပြီး ငြိမ်းချမ်းသွားစေနိုင်ပါမည်။ ထိုဂါထာတော်မှာရွတ်ဆိုသူတိုင်းအောင်မြင်ကြသဖြင့်နေ့ချင်းညချင်းထင်ရှား ကျော်ကြားလာသောဂါထာတော်ဖြစ်ပါသည်။ရွတ်ဆိုရာတွင်နေ့စဉ်အချိန်မှန်နေရာမှန်အနည်းဆုံးဂါထာတစ်ပုဒ်လုံး ၁၀၈ခေါက်ပြည့်အောင်ရွတ်ဆိုရမည်ဖြစ်ပါသည်။ဂါထာရွတ်ဆိုရာတွင်တစ်နေရာတည်းတစ်ထိုင် တည်း ဣရိယာပုတ်တစ်ပါးတည်းနှင့်ပြီးစီအောင်ရွတ်ဆိုရပါမည်။ဂါထာကိုရွတ်ဆိုကြသော်လည်းစနစ် တကျတိကျစွာရွတ်ဆိုတတ်သူများရှိသလို ရွတ်သည်ဆိုရုံမျှရွတ်ဖတ်ကြသူများလည်းရှိရာအကျိုးပေးပုံချင်း တူညီကြမည်မဟုတ်ပါ။တိကျမှန်ကန်စွာရွတ်ဆိုနိုင်သူပိုမိုအကျိုးပေးမြန်မည်ဖြစ်ပါသည်။အထက်ပါဂါထာ တော်ကိုစီးပွားရေးလူမှုရေး ကျန်းမာရေးနှင်းအခြားအခတ်ခဲများအတွက်ဂါထာတော်ရွတ်ဆိုပြီးတိုင်းလိုရာ ဆုတစ်မျိုးကိုတောင်းဆိုနိုင်ပါသည်။ အထူးသဖြင့်ဂါထာရွတ်သော်လည်းချက်ချင်းအကျိုးခံစားခွင့်မရပါက ဘုရားထံတွင်အဓိဌာန်ဝင်ဆုတောင်းပြီးမှဂါထာရွတ်ပါကမုချအောင်မြင်မည်ဖြစ်ပါသည်။ဆရာတော်၏အာသီတမှာမြန်မာတစ်ပြည်လုံး၏လူသားအားလုံးအတွက်ရည်စူးထားခြင်းဖြစ်သဖြင့်မိမိအောင်မြင်ပါကတခြားသူများကိုလည်းလက်ဆင့်ကမ်း၍မျှဝေပေးသင့်ပါကြောင်းတင်ပြလိုက်ရပါသည်။

——-

Crd
Photo Crd

တစ်လပြည့်တော်မူခဲ့ပါပြီ😌🙏🙏🙏"နိဗ္ဗာန်ခရီးသို့..အဓိဋ္ဌာန်တင်ပြီး ကျင့်ကြံပွားများ အားထုတ်နိုင်ကြစေရန်"====================...
30/05/2024

တစ်လပြည့်တော်မူခဲ့ပါပြီ😌🙏🙏🙏
"နိဗ္ဗာန်ခရီးသို့..အဓိဋ္ဌာန်တင်ပြီး ကျင့်ကြံပွားများ အားထုတ်နိုင်ကြစေရန်"
===============================
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချသွားတော်မူခဲ့သည်မှာ တစ်လတာကြာသွားခဲ့ပါပြီ..😌
ဓမ္မသံဝေဂ...ရစေဖို့..ထား​​ခဲ့သည့်...​ဓာတ်ခန္ဓာကြီးအား...အလှကြည့်လို ကြတုန်းလား....ဘာများဖြစ်လာလိမ့်မလဲ...ဘယ်လို ပုံစံဖြစ်လာလိမ့်မလဲ...မျှော်ချင်တုန်းလား...ဘယ်လို..ဘာညာနှင့် ဝေဖန်ချင်တုန်းလား...?အဓိဌာန်ထားခဲ့မှတော့. ခန္ဓာကြီးကလည်း...ပုပ်မှာ မဟုတ်တော့ဘူး၊ နံ..မှာလည်း..မဟုတ်တော့ဘူး...ရှေးယခင်..ခန္ဓာဝန်ချသွားတော်မူကြသော...မထေရ်မြတ်ကြီးများကဲ့သို့ အသားအရေက ညှိုးခြောက်သွားမှာဘဲ...အဓိဌာန်တော်ကြောင့်...ရုပ်ကလာပ်တော်ကြီးက ရွှေ၊ ကြေးနီ၊ ကျောက်သား စသဖြင့် အရောင်အမျိုးမျိုး ပြောင်းလဲနိုင်၏။ မိမိတို့ ဗုဒ္ဓဘာသာအယူအဆများအရ ပြောရရင် သီလလုံရင်ပင် နတ်များချစ်ခင်စောင့်ရှောက်၏..ဆို၏။ ဆရာတော်ဘုရားကြီး ၏...သီလ၊ သမာဓိ၊ သိက္ခာ၊ ပညာဂုဏ်တို့ ဆိုပါလျှင်ဖြင့် နတ်များစွာတို့ကလည်း..နည်းမျိုးစုံ၊ ပူဇော်ခြင်းမျိုးစုံတို့နှင့် ပူဇော်နေကြဦးမည်...တွေးကြည့်ပါ...ရုပ်ကလာပ်တော်ကြီးက..လူတို့ ဘာမှ...ပြုပြင်ပြောင်းလဲထားခြင်း မရှိပါဘဲ...ရွှေချထားသလို ဖြစ်လာတာက...ဘာများဖြစ်နိုင်မလဲ...အများထင်သကဲ့သို့ ရွှေချထားသည် ဆိုလျှင် အဲဒီရွှေက ပြန်ခွာလို့ ရနိုင်၏။ အစအနလေးတော့ ရှိနေနိုင်ဦးမည်။ သွေးမျှင်များဆီမှ ဖြစ်တည်လာတဲ့ အရာက သာမန်သမရိုးကျ ဖြစ်နိုင်လား...ဒီလောက်ပြောရင် တော်လောက်ပါပြီ။ ရုပ်ကလာပ်တော်ကြီး ပြောင်းလဲခြင်း..မပြောင်းလဲခြင်းထက်...ကိုယ့်ဘက်က ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းက အခရာကျပါလိမိ့မည်။ ကြည်ညိုစိတ်လျော့လာသလား...သာသနာအပေါ် အရင်တိုင်းဘဲလား..ပြန်မေးကြည့်ပါ....ဆရာတော်ဘုရားကြီး က ရှိနေဆဲပါ...ဘယ်လိုရှိနေလဲဆိုတော့...ဓမ္မဓာတ်ကို ဆိုလိုခြင်းပါ...ဓမ္မဓာတ်ရှိနေခြင်းဟာ..ဆရာတော်ဘုရားကြီး ရှိနေသေးတယ်...မှတ်ယူပါ...။ သက်ရှိထင်ရှားရှိစဥ်က မိန့်ကြားခဲ့တာလေး ရှိတယ်...ခင်ဗျားတို့...ဘာလုပ်လုပ်..အဓိဌာန်နှင့်ရန်အတွက် အမြဲမှာကြားခဲ့၏။
"တစ်လပြည့်ခြင်းအား..အလှကြည့်ခြင်းမျိုးမဟုတ်ဘဲတရားနှင့်ယှဥ် အမှားမြင်ပြီး .. သံသရာအရေး စုန်,ဆန်ကြည့် ကုန်ပြန်၏...မနက်ဖြန်လို့ နောင်တ,မဖြစ်ရလေအောင်...နိဗ္ဗာန်ခရီးသို့..အဓိဌာန်တင်ပြီးသွားနိုင်ကြစေရန်....ရေးသားပူဇော်လိုက်ပါ၏။

ရွှေတောင်ကြီးပြိုခဲ့တာ တစ်လပြည့်ပါပီကော🙏🙏🙏
30/05/2024

ရွှေတောင်ကြီးပြိုခဲ့တာ
တစ်လပြည့်ပါပီကော
🙏🙏🙏

လေးစားတန်ဖိုးထားရပါသော ဓမ္မမိတ်ဆွေ မိတ်ဟောင်းမိတ်သစ်အပေါင်း စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်စုံပါစေကြေ...
22/05/2024

လေးစားတန်ဖိုးထားရပါသော ဓမ္မမိတ်ဆွေ မိတ်ဟောင်းမိတ်သစ်အပေါင်း စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
နှစ်စဥ်ဆောင်ရွက်နေကြဖြစ်သော လေးဆူဓာတ်စုံ မြတ်ဘုရားရွှေတိဂုံနှင့် ဆကေသမဟာဓာတုဝင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်နှစ်ဆူ အဓိဋ္ဌာန်ယူ၍ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ဆုတောင်းမှုပြုလုပ်မည့်ခရီးစဥ်၌ လိုက်ပါပူဇော်နိုင်ကြရန်အတွက် ဖိတ်မန္တကပြုလိုက်ပါတယ်ခင်ဗျာ။
ပူဇော်ပွဲ...၁
မဟာပဋ္ဌာန်းပူဇော်မည့် ရက်မြတ်ရာဇာ အချိန်အခါလေးကတော့ (၁.၆.၂၀၂၄) စနေနေ့နံနက် ၅:၀၀ နာရီ ရွှေတိဂုံစေတီတော်နှင့် ည ၇:၀၀ နာရီ ကျိုက်ထီးရိုးစေတီတော် ဖြစ်ပါတယ်ခင်ဗျာ။
မဟာပဋ္ဌာန်းပူဇော်မည့်ခရီးစဥ်အတွက် ကျသင့်သောနှုံးထားလေးကတော့ ဓမ္မမိတ်ဆွေတစ်ဦးလျှင် ကားခသီးသန့် ၃၀၀၀၀ကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
မဟာပဋ္ဌာန်းပူဇော်မည့် လိုအပ်သည့် ပဋ္ဌာန်းစာအုပ်များကို ဓမ္မဒါနပြုပေးမှာဖြစ်သလို အညွန့်ပန်း အပွင့်ပန်းများ လှူဖွယ်များအတွက်လည်း စီစဥ်ပေးသွားမှာပါခင်ဗျာ။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ တစ်ညအိပ်စက်၍(၂.၆.၂၀၂၄)နံနက် အာရုံဆွမ်းဆက်ကပ်လှူဒါန်းမှု ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော်ကြီး၏မေတ္တာဓာတ်ကိုခံယူ၍ ဗုဒ္ဓါနုဿတိကမ္မဌာန်းစီးဖြန်းကာ မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အသီးသီး၊ကမ္ဘာ့နိုင်ငံအသီးသီးသို့ မေတ္တာပို့လွှတ်ပုံကိုရွတ်ဆိုဘာဝနာပွားများပြီးနောက် ပြန်လည်ထွက်ခွာ၍ ကျိုက်ထိုမြို့ ကမ္ဘာ့အကြီးဆုံး ဂေါတမဗုဒ္ဓထိုင်တော်မူရုပ်ပွားတော်နှင့် ကျိုက်ပေါလောမှဲ့ရှင်ဘုရားတို့ကိုပို့ဆောင်ပေးပြီး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာ။
ပူဇော်ပွဲ...၂
မဟာပဋ္ဌာန်းပူဇော်ပွဲမှဆက်၍ မော်လမြိုင်၊ကျိုက်သလ္လံစေတီ၊ဦးခန္တီမဟာမြတ်မုနိဘုရားကြီး၊ဦးဇိနဆံတော်ရှင်စေတီ၊ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီး၊မုဒုံမြို့ ဝင်းစိန်တောရကျောင်း၊ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီး၊ခပ်ရခပ်ယူထိုင်တော်မူရုပ်ပွားတော်၊မုဒုံကန်ကြီးစေတီ၊ကန်ကလေးစေတီ၊ကမာဝက်ဓာတ်တော်တိုက်၊ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရားစေတီနှင့်စက်စဲကမ်းခြေတို့ဘဲဖြစ်ပါတယ်ခင်ဗျာ။
ခရီးစဥ် ၂ရဲ့ ရက်မြတ်ရာဇာအချိန်ကတော့ (၁.၆.၂၀၂၄)မှ(၄.၆.၂၀၂၄)အထိဖြစ်ပြီး ဓမ္မမိတ်ဆွေ တစ်ဦးလျှင် ထမင်းကျွေးကားခ ၈၀၀၀၀ကျပ်ပေးဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
လိုက်ပါပူဇော်လိုသူများ
09424455160
09953332375 သို့ဆက်သွယ်၍ ထိုင်ခုံနေရာကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
မဟာပဋ္ဌာန်းပူဇော်မည့်အချိန်တွင် အဖြူအညိုဝတ်ဆင်ရပါမည်။
ကမ္ဘာ့မေတ္တာပို့အချိန်၌ အဖြူဝမ်းဆက်များဝတ်ဆင်ရပါမည်။
မဟာပဋ္ဌာန်းပူဇော်မည့်အချိန် နံနက် ၅:၀၀ နာရီ ရွှေတိဂုံစေတီသို့ ကြွရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။


စျေးနှုံးတူလျှင် ဝန်ဆောင်မှုသာရမည်။
ဝန်ဆောင်မှုတူလျှင် စျေးနှုံးသက်သာရမည်။

(18)ရက်ကြာခဲ့ပြီမို့...ဓမ္မရသ...ဓမ္မဝိမုတ္တိများ၏ စွမ်းပကားက..ရွှေရောင်သို့...ပြောင်းလဲလာခြင်းပင်..🙏🙏🙏
18/05/2024

(18)ရက်ကြာခဲ့ပြီမို့...ဓမ္မရသ...ဓမ္မဝိမုတ္တိများ၏ စွမ်းပကားက..ရွှေရောင်သို့...ပြောင်းလဲလာခြင်းပင်..🙏🙏🙏

မဟာဗောဓိမြိုင်ဆရာတော်ကြီးအားဖူးမြှော်မည့်ခရီးစဥ်...။🙏🙏🙏မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ရုပ်ကလပ်တော်(ရွှေဘို)၊ပြင်ဦးလွင်၊ကျော...
15/05/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီးအားဖူးမြှော်မည့်ခရီးစဥ်...။🙏🙏🙏

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ရုပ်ကလပ်တော်(ရွှေဘို)၊ပြင်ဦးလွင်၊ကျောက်ဆည် ခရီးစဥ်လေးကိုစီစဥ်ထားပါတယ်ခင်ဗျာ။🙏🙏🙏

၃ညအိပ် ၄ရက် ခရီးစဥ်ဖြစ်ပါတယ်နော်...။

ထွက်မည့်နေ့။ ။ 24.5.2024 (သောကြာနေ့)

ကားခသီးသန့် ။ ။ 120000 ကျပ်။

ညနေ (6:00) အောင်ဆန်းကွင်းမှစထွက်ခွာပါမည်။

24.5.2024 ညထွက်ခွါပြီး 25.ရက်နေ့ဆရာတော်ကြီးဖူးမြှော်ပြီးနတ်တလူတွင်တစ်ညအိပ်ပါမည်။
26/27 နေ့များတွင် ​ပြင်ဦးလွင်မှာအိပ်ပါမည်။

လိုက်ပါဖူးမြှော်လိုသူများ ထိုင်ခုံနေရာများကြိုတင်ဝယ်ယူနိုင်ပါပြီခင်ဗျာ

09-424455160 / 09-953332375

#မဟာဗောဓိမြိုင်ဆရာတော်ကြီး
#နတ်တလူ
#မင်းဘိသိက်ခံဘုရား
#ရွှေဘို
#ပြင်ဦးလွင်
#ကျောက်ဆည်

ယ​နေ့(၁၅.၅.၂၀၂၄)ရက်​နေ့ပုံ​တော်အများဖူး​မြော်လို့ရ​အောင်ကုသ်ုလ်ပြုမျှ​ဝေပါသည်၁၅-ရက်မြောက် ရုပ်ကလာပ်တော်၁ - အဘိဏှပစ္စဝေက္ခိ...
15/05/2024

ယ​နေ့(၁၅.၅.၂၀၂၄)ရက်​နေ့ပုံ​တော်အများဖူး​မြော်လို့ရ​အောင်ကုသ်ုလ်ပြုမျှ​ဝေပါသည်

၁၅-ရက်မြောက် ရုပ်ကလာပ်တော်

၁ - အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်တော်လာ အိုခြင်းနာခြင်းသေခြင်း သဘော ချစ်ခင်သူနဲ့ သေကွဲ /ရှင်ကွဲ ကွဲခြင်းသဘောကံတရားသဘော မပြတ်ဆင်ခြင်နိုင်ရန်

၂- ဝိပဿနာ အကျိုး သိမြင်ပြီး
ကိုယ်တိုင် ကျင့်သုံးနိုင်ရန်

၃- တရားတော်၏ ဧဟိပဿိက -
လာပါ ကြည့်ပါ ကိုယ်တိုင်စမ်းသပ်ပါဆိုတဲ့ ဂုဏ်ကို သိနိုင်စေရန်

၎-စာသင်စာချ ပရိယတ္တိ ဝန်ဆောင်
တရားကျင့် တရားပြ ပဋိပတ္တိ ဝန်ဆောင်
သံဃာတော်တို့၏
ကျေးဇူးတရား ဆင်ခြင်ပွားနိုင်စေရန်

၅-မြတ်ဘုရားရှင်၏ တရားတော်တို့ကို ပိုမို သက်ဝင် ယုံကြည်စေရန်

၆- မြန်မာပြည် ဗုဒ္ဓဘာသာ ဖြစ်ရခြင်းကို ဂုဏ်ယူနိုင်ရန်

၇- အဝေးမှ သာဝကများ သိမြင်နိုင်ရန်

၈- မှတ်တမ်းအဖြစ် ထားရန်

ရည်ရွယ်၍

အသုဘ အနိစ္စ ကာယ
ရုပ်ကလာပ်တော်ကို
တင်ပြလိုက်ပါကြောင်း

မဟာဗောဓိမြိုင်ဆရာတော်ကြီးအားဖူးမြှော်မည့်ခရီးစဥ်...။🙏🙏🙏မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ရုပ်ကလပ်တော်(ရွှေဘို)၊ပြင်ဦးလွင်၊ကျော...
11/05/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီးအားဖူးမြှော်မည့်ခရီးစဥ်...။🙏🙏🙏

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ရုပ်ကလပ်တော်(ရွှေဘို)၊ပြင်ဦးလွင်၊ကျော​က်ဆည် ခရီးစဥ်လေးကိုစီစဥ်ထားပါတယ်ခင်ဗျာ။🙏🙏🙏

၃ညအိပ် ၄ရက် ခရီးစဥ်ဖြစ်ပါတယ်နော်...။

ထွက်မည့်နေ့။ ။ 17.5.2024 (သောကြာနေ့)

ကားခသီးသန့် ။ ။ 120000 ကျပ်။

ညနေ (6:00) အောင်ဆန်းကွင်းမှစထွက်ခွာပါမည်။

17.5.2024 ညထွက်ခွါပြီး 18.ရက်နေ့ဆရာတော်ကြီးဖူးမြှော်ပြီးနတ်တလူတွင်တစ်ညအိပ်ပါမည်။
19/20ရက်နေ့များတွင် ပြင်ဦးလွင်မှာအိပ်ပါမည်။

လိုက်ပါဖူးမြှော်လိုသူများ ထိုင်ခုံနေရာများကြိုတင်ဝယ်ယူနိုင်ပါပြီခင်ဗျာ

☎09-424455160 / 09-953332375

#မဟာဗောဓိမြိုင်ဆရာတော်ကြီး
#နတ်တလူ
#မင်းဘိသိက်ခံဘုရား
#ရွှေဘို
#ပြင်ဦးလွင်
#ကျောက်ဆည်

08/05/2024
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ နောက်ဆုံးစံတော်မူမည့်မှန်ခေါင်းတော်Photo Credit Bo bo Win
08/05/2024

နောက်ဆုံးစံတော်မူမည့်မှန်ခေါင်းတော်

Photo Credit
Bo bo Win

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမပူဇာပွဲ အား သွားရောက်ပူဇော်ပါမည်။၈. ၅. ၂၀၂၄ သောကြာညနေ၆နာရီထွက်ပါမည်၁၁. ၅. ၂၀၂၄ ပြန်ရောက...
05/05/2024

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အန္တိမပူဇာပွဲ အား သွားရောက်ပူဇော်ပါမည်။
၈. ၅. ၂၀၂၄ သောကြာညနေ၆နာရီထွက်ပါမည်
၁၁. ၅. ၂၀၂၄ ပြန်ရောက်ပါမည်
တစ်ဦး လျှင် ကားခသီးသန် (့၁၀၀၀၀၀)ကျပ်ပါ

09424455160
09953332375

အမှန်တကယ်လိုက်ပါလိုမှဆက်သွယ်ပေးပါ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပူဇော်ပြီးပါပြီဆရာတော်ဘုရားကြီး၏ အန္တိမပူဇာပွဲတော်ကို ကဆုန်လဆန်း ၂/၃ ရက်(9-10/5/2024) နေ့တွင် ...
05/05/2024

ပူဇော်ပြီးပါပြီ
ဆရာတော်ဘုရားကြီး၏ အန္တိမပူဇာပွဲတော်ကို ကဆုန်လဆန်း ၂/၃ ရက်
(9-10/5/2024) နေ့တွင် ကျင်းပပါမည်
၈. ၅. ၂၀၂၄ ညနေ၆နာရီ အောင်ဆန်းကွင်းမှ စတင်ထွက်ပါမည်
၉. ၅. ၂၀၂၄
၁၀. ၅. ၂၀၂၄ မှာ အန္တိမပူဇာပွဲ ပူဇော်ပါမည်
၁၁. ၅. ၂၀၂၄ ရန်ကုန်ပြန်ရောက်ပါမည်

လိုက်ပါလိုပါက တစ်ဦးလျင် ကားခသီးသန် (့၁၀၀၀၀၀)ကျပ်
အမှန်တကယ်လိုက်ပါလိုက စာရင်စပေးနိုင်ပါပြီ
09424455160
09953332375 ဆက်သွယ်နိုင်ပါသည်

ဆရာတော်ဘုရားကြီး၏ အန္တိမပူဇာပွဲတော်ကို ကဆုန်လဆန်း ၂/၃ ရက်(9-10/5/2024) နေ့တွင် ကျင်းပပါမည်၈. ၅. ၂၀၂၄ ညနေ၆နာရီ အောင်ဆန်းကွ...
03/05/2024

ဆရာတော်ဘုရားကြီး၏ အန္တိမပူဇာပွဲတော်ကို ကဆုန်လဆန်း ၂/၃ ရက်
(9-10/5/2024) နေ့တွင် ကျင်းပပါမည်
၈. ၅. ၂၀၂၄ ညနေ၆နာရီ အောင်ဆန်းကွင်းမှ စတင်ထွက်ပါမည်
၉. ၅. ၂၀၂၄
၁၀. ၅. ၂၀၂၄ မှာ အန္တိမပူဇာပွဲ ပူဇော်ပါမည်
၁၁. ၅. ၂၀၂၄ ရန်ကုန်ပြန်ရောက်ပါမည်

လိုက်ပါလိုပါက တစ်ဦးလျင် ကားခသီးသန် (့၁၀၀၀၀၀)ကျပ်
အမှန်တကယ်လိုက်ပါလိုက စာရင်စပေးနိုင်ပါပြီ
09424455160
09953332375 ဆက်သွယ်နိုင်ပါသည်

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when ရွှေကောင်းကင်မြန်မာပြည်အနှံ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category