Shwe Bon San Travel & Tour

Shwe Bon San Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Bon San Travel & Tour, Travel Company, Yan Aung (2) Street, Yangon.

သန်လျင် က ကျိုက်ခေါက်ဘုရားကျောက်တန်းက ရေလယ် ဘုရားပီလခတ် ဟိန္ဒူ ဘုရားကျောင်းဆေးကု အဓိဌာန်အောင် စိုင်းဘာဘာ ဟိန္ဒူ ကျောင်းကို...
25/08/2023

သန်လျင် က ကျိုက်ခေါက်ဘုရား
ကျောက်တန်းက ရေလယ် ဘုရား
ပီလခတ် ဟိန္ဒူ ဘုရားကျောင်း
ဆေးကု အဓိဌာန်အောင် စိုင်းဘာဘာ ဟိန္ဒူ ကျောင်း
ကို အပတ်စဉ် sunday တိုင်း ပို့ဆောင်ပေးနေပါတယ်

တစ်ဦးလျင် ၂၅၀၀၀ ကျပ်
(ရေလယ်ကျောက်တန်းသွားသည့်စက်လှေခ မပါဝင်ပါ)

ပါဝင်မည့်ဝန်ဆောင်မှူ
new car
full Aircon
ရေသန့်ဗူး
Tissue
နေ့ခင်းcoffee နှင့် မုန့်

နေ့လည်စာကို ပီလခတ် ဘုရားကျောင်းမှ
ကျွေးသော
သတ်သတ်လွတ် ဖြင့် စားသုံးနိုင်ပါသည်

မပါဝင်သောဝန်ဆောင်မှု -
စက်လှေခ

ဆက်သွယ်ရန် - cb (or) 09965100201

25/08/2023
23/09/2020
အပြင်ထွက်ရင် mask တပ်ဖို့မမေ့နော်
10/05/2020

အပြင်ထွက်ရင် mask တပ်ဖို့မမေ့နော်

အမျိုးတို့ရေ ကျန်းမာရေးဂရုစိုက်ကြပါနော်
08/05/2020

အမျိုးတို့ရေ ကျန်းမာရေးဂရုစိုက်ကြပါနော်

မော်တင်စွန်းဘုရား🙏🙏🙏🙏🙏🙏🙏🙏မော်တင်စွန်းဘုရားဟာ မြန်မာလူမျိုးများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခ...
31/01/2020

မော်တင်စွန်းဘုရား

🙏🙏🙏🙏🙏🙏🙏🙏

မော်တင်စွန်းဘုရားဟာ မြန်မာလူမျိုးများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ မြန်မာဘုရားဖူးများသာမက ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်လှည့်လည်နေကျဖြစ်သော မော်တင်စွန်းဘုရားကို သွားရောက် လည်ပတ်ခဲ့ခြင်းမရှိခဲ့ဖူးဆိုရင် အင်မတန်နှမြောစရာကောင်းပါတယ်။ ဗိသုကာပညာရပ်ကို စိတ်ဝင်စားမှု ကြီးမားသူများအနေဖြင့် မော်တင်စွန်းဘုရား ကို သွားရောက်လည်ပတ်သင့်ပါတယ်။နှစ်စဉ် ဘုရားပွဲတော်ကိုလည်း ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိပါတယ်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော်ခြင်းဖြင့် ပုသိမ်မြစ်ရဲ့ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံ နှင့် ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်ရမှာ ဖြစ်ပါတယ်။

မြန်မာပြက္ခဒိန်အရ တပေါင်းလတွင် ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း၌ ဖြစ်ပါသည်။

စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ဘုရားကျင်းပသည့် အချိန်မှတပါး တနှစ်ပတ်လုံး ရေဝပ်နေ ခြင်းဖြစ်သည်။ ပွဲတော်အချိန် တွင်ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်း သောနေရာသို့ ရောက်ရှိနေသည်။
ပွဲတော်အချိန်တွင်း ဘုရားဖူးများ တည်းခိုရန် ဝါးဖြင့်သည်ဆောက်ထားသော တည်းခိုအိမ်လေးများ တည်ဆောက် လေ့ရှိသည်။ ဘုရားပွဲပြီးလျင်ပြီးခြင်း ကမ်းခြေသို့ ပင်လယ် ရေအနည်းငယ် တက်လေ့ရှိသည်။ ထို့ကြောင့် မော်တင်စွန်း ဘုရားသည် ပင်လယ်ထဲတွင် ရှိသယောင် ထင်ရသည်။
မော်တင်စွန်းဘုရားသည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်းတွင် တည်ရှိသည်။ မော်တင်စွန်းကို တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြသည်။

ဆံတော် ရှင် စေတီတော်မှာ မြတ်စွာဘုရား ပွင့်တော် မူစဉ်က ဥက္ကလာပ တိုင်းသားများ ဖြစ်ကြသော တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် မြတ်စွာ ဘုရားရှင် ထံတော်မှ ပထမဦးစွာ ဆံတော်ရှစ်ဆူ ပင့်ဆောင် ပူဇော်ခွင့် ရရှိခဲ့ကြ သည်။ ကုန်သည် ညီနောင်တို့လည်း ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ တော်သို့ ပြန်ခဲ့ကြရာ ဇေယျသေန နဂါးမင်း ပိုင်စိုး သော နဂရအငူသို့ ဖြတ်သန်း ခဲ့ရာတွင် ဇေယျသေန နဂါးမင်းက ဆံတော်နှစ်ဆူ ပင့်ဆောင် ယူတော်မူပြီး မော်တင် တောင်ထိပ်၌ ဌာပနာ တင်သွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူ ပူဇော်ထားခဲ့သည်။

ယခင်ကဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပါသည်။ တတိယသံဃာယနာတင် သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့ပါသည်။ သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဘုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြသည် ။ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးသည် ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများသို့ ရေလမ်း ခရီးဖြင့် လှည့်လည်ရာတွင် မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင် စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ ခဲ့ရသဖြင့် ဖောင်တော်ဆိုက်၍ ဆံတော် ရှင် စေတီတော်ကို တက်ရောက် ဖူးမြော်ခဲ့သည်။ ထိုစေ တီတော်ကို လည်းငုံ၍ အမြင့်သံတောင် ၄ဝ ရှိ စေတီကြီး အဖြစ် ပြုပြင်တော် မူခဲ့သည်။ “ဖောင်တော်ဦး”ဘုရားဟု ဘွဲ့တော်ကို တွင်စေခဲ့ပြန်ပါသည်။စတင်တည်ထားသည်မှ ယခုထိ ဆိုလျှင် နှစ်ပေါင်း ၁၂၇၁ နှစ်ရှိပြီဟု သိရပါသည် ။

ဖောင်တော်ဆိုက် စေတီကို ဖောင်တော်ဦး စေတီအဖြစ် ပြုပြင်တော် မူခဲ့ပြီး တပေါင်းလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ပြုလုပ် ခဲ့သည်။ ထိုအစဉ် အလာမှ အစပြု၍ ယနေ့ထိတိုင် တပေါင်းလတွင် ဆံတော်ရှင် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့ခြင်း ဖြစ် သည်။ ပွဲတော်ရက်တွင် ထူးခြားသည်မှာ ဘုရားဖူး အချို့က ပင်လယ်တွင် ရှိသော နတ်နဂါးတို့အား အစာကျွေးကြပြီး မိမိတို့ အလိုရှိရာ ဆုများ တောင်းကြသည်။ အချို့က ကျောက်ဆောင် ကျောက်တန်းများတွင် အပန်းဖြေ ကြသည်။ ကမ်းစပ်ဆီသို့ ပြေးလွှား ရိုက်ခတ် နေသော လှိုင်းလုံးကြီးများကို စီးခို ဆော့ကစား ကြသည်။ ဘေးဥပါဒ် အန္တရာယ်မရှိ၊ နတ်နဂါး တို့က စောင့်ရှောက် ကြသည်ဟု အဆိုရှိ၏။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ က မော်တင်စွန်း ဘုရားနှင့် အတန်ငယ်ဝေးကွာသော မြွေတောင်
ဘုရားတွင် ရောင်ခြည်လွှတ်၍ နဂါးမင်းလာရောက်ဖူးမြော်သည် ဟူ သည့် သတင်းကြောင့် လူများ
စိတ်ဝင်စားခဲ့သည်။
ပုသိမ် တက္ကသိုလ် မှ ကျောင်းသားတစ်ဦးက မူ ဘုရားပွဲတော်ရောက်ရင် ဒီလို ထူးခြားမှု လေးတွေရှိတာနှစ်တိုင်းပဲ ဒီနှစ် ဘုရားပွဲ အချိန်မှာ ပင်လယ်ရေစီးကြောင်းပြောင်းတာနဲ့ရာသီဥတု ကြောင့် ပင်လယ် သတ္တဝါတွေ ဒီမော်တင်ဆိပ်ဘက် လာကြတော့ လူတွေကတအံတသြဖြစ်နေတာ ပါဟု ပြောသည်။ ထိုစဉ်က ပွဲတော် လာ တစ်ဦးဖြစ်သော ၇၄ နှစ် အရွယ်ရှိ မော်တင်စွန်း အနီး ခမောက်မော်မှ အဘွားတစ်ဦးကမူ အဘွားတို့ငယ်ငယ်က ဆို ဝိဇ္ဇာတွေ ၊နဂါး ၊ဂလုန် တွေ ပါ လာဖူးတယ် ဒီနေရာကဇေယျသေန နဂါးမင်း
ရဲ့အစောင့်အရှောက် အောက်မှာ ရှိတဲ့ နေရာပဲ ဟု ဆိုသည်။

ထိုနှစ်ဘုရားပွဲတစ်ရက်တွင် ရှားပါးငှက် အချို့နှင့် ကျက်တူရွေး၊ကျီးကန်းစသည့် ငှက်အချို့မှာ စေတီအနီး
အုပ်ဖွဲ့ပျံသန်းပြီးနောက် ပျောက်ကွယ်သွားသည် ဟု ဘုရားဖူးများက ပြောကြသည်။ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် နေ့မှ (၁၅)ရက်ထိ ကြာမြင့်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ သည် သင်္ဘောများ၊ ကားများဖြင့်လာရောက် ကြည်ညိုကြပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ဘုရားပွဲကျင်းပသည့် အချိန်မှ တပါးတနှစ်ပတ်လုံး ရေဝပ်နေခြင်းဖြစ်သည်။
ပွဲတော်အချိန်တွင် ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်းသော နေရာသို့ရောက် ရှိနေသည်။

မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး

( ၁ ) ညအခါစေတီတော်အားတစ်ယောက်တည်းအဓိဌာန်ပြီး(၇)ပတ်ပြီးရစ်ပတ်ပါကရွှေသံငွေသံကြားရခြင်း။
( ၂ ) ဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်များအမြောက်မိုး၊စက်သေနတ်မိုး၊ ဗုံးမိုးရွာသော်လည်းကျည်ဆန်တစ်ခုမျှမခခြင်း။
( ၃ ) လပြည့်–လကွယ်ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။
( ၄ ) တောင်ကုန်းနှင့်ပရ၀ဏ်တွင်ရာသီပန်းတို့မပြတ်ပွင့်ခြင်း။
( ၅ ) ညချမ်းအခါစေတီကုန်းတော်တွင်အမွှေးရနံ့လှိုင်တက်ခြင်း။
( ၆ ) ခေါင်းလောင်းများမတီးဘဲမြည်တတ်ခြင်း။ ( ၇ ) ယခုထက်တိုင်ရံဖန်ရံခါဆွမ်းများဦးအောင်မတင်နိုင်ခြင်း။
( ၈ ) နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ဖြစ်သော်လည်းခိုက်ရန်ဖြစ်ပွားသောဘေးအန္တရာယ်မရှိခြင်း။ ( ၉ ) နတ်ကျား၊နတ်နဂါးတို့ဘုရားလာဖူးသော်လည်းလူတို့ကိုဒုက္ခမပေးခြင်း။
( ၁၀ ) လပြည့်–လကွယ်တွင်စေတီကုန်းတော်မှမောင်းသံ၊ဗုံသံစသောတူရိယာအမျိုးမျိုးတို့၏အသံကိုအရုဏ်ဦးတွင်ကြားရတတ်ခြင်း။
( ၁၁ ) ဘေးအန္တရာယ်များကျရောက်ပါကစေတီတော်ကြီးအားအာရုံပြုဆုတောင်းလိုက်ပါကဘေးအန္တရာယ်မှကင်းဝေးခြင်း။
( ၁၂ ) တပေါင်းလပွဲတော်ကြီးဖြစ်ခါနီးတွင်ကျီးအုပ်ကြီးများ၊အမျိုးအမည်မသိသောငှက်အုပ်ကြီးများတောင်တော်နှင့်စေတီတော်အားပျံဝဲကြခြင်း။ ( ၁၃ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။
( ၁၄ ) ဘုရားပွဲတော်တွင်ဆွမ်းတော်တင်တောင်ပုံရာပုံစွန့်ထားသော်လည်းကျီးတစ်ကောင်မျှလာရောက်စားသောက်မှုမရှိခြင်း။
( ၁၅ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။
( ၁၆ ) ယုံကြည်စွာဖြင့်စေတီတော်ရင်ပြင်တွင်သစ္စာအဓိဌာန်ကာ ပုတီးစိပ်ပါကရင်ပြင်တော်မှမြည်ဟိန်းသံ ကြားရတတ်ခြင်း။
( ၁၇ ) နှစ်စဉ်တပေါင်းလတွင်အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားပွဲတော်မကျင်းပနိုင်ပါကတောင်တော်မြည်ဟိန်းခြင်း။
( ၁၈ )စေတီတော်ကိုအဝေးမှမြင်ရလျှင်လည်းကောင်း၊ စေတီတော်ပရဝိဏ်သို့ကြည်ညိုစိတ်ဖြင့်ရာက်မိသည်နှင့် ဖူးမြော်ဦးတိုက်လျှင်ကာယသုခ၊စိတ္တသုခနှစ်ပါးချမ်းမြေ့ရခြင်း

🙏🙏🙏🙏🙏🙏🙏🙏

အထက်စက်တော်ရာ, အောက်စက်တော်ရာ ဖွင့်ပွဲ::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::စရန်(၇ ) ရ...
27/01/2020

အထက်စက်တော်ရာ, အောက်စက်တော်ရာ ဖွင့်ပွဲ
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
စရန်(၇ ) ရက်သာလိုတော့သည်
:::::::::::::::::::::::::::::::::::::::::::::::
*မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲရက်မှာ 29.1.2020
ရက်ဖြစ်သော်လည်း ဘုရားဖူးများ လာရောက်ဖူးမြော်လျက်ရှိနေပါပြီ။
*ဈေးဆိုင်ခန်းများ စားသောက်ဆိုင်များလည်းဖွင့်လှစ်ရောင်းချနေပါပြီ။

အမျိုးတို့ရော သွားဖို့အဆင်သင့်ဖြစ်ပြီလား

အားလပ်ရက် အပန်း​ဖြေခရီးထွက်​မယ်​လို့စဉ်းစားလိုက်​တဲ့အချိန်​ဆို .. အ​တွေးထဲ​ရောက်​လာတာ ​ချောင်းသာကမ်း​ခြေပါပဲ .. ကားေ...
27/01/2020

အားလပ်ရက် အပန်း​ဖြေခရီးထွက်​မယ်​လို့စဉ်းစားလိုက်​တဲ့အချိန်​ဆို .. အ​တွေးထဲ​ရောက်​လာတာ ​ချောင်းသာကမ်း​ခြေပါပဲ .. ကား​မောင်းချိန်​ ငါးနာရီဝန်းကျင်​ပဲကြာတာမို့ အရမ်းလည်း.မ​ဝေး..လည်​ပတ်​စရာ​နေရာ​တွေလည်းများ.. အစားအ​သောက်​လည်း ​ပေါတာမို့ .. ဘယ်​​လောက်​သွားသွားမရိုးနိုင်​တဲ့​နေရာတစ်​ခုပါ...
ပိတ်​ရက်​မှာ အခန်းရှာရတာ အခက်​အခဲ ရှိတတ်​တာဖြစ်​လို့ .. ကြိုတင်​ booking တင်​လို့ရ​အောင်​ Chaungtha Hotel ​တွေရဲ့ phone number ​လေး​တွေ တင်​​ပေးလိုက်​တာပါ ...

 ​ပျော်​ရွှင်​​သောခရီးစဉ်​​လေး​တွေ ဖြစ်​ကြပါ​စေရှင့် ...

Hotel A C E
Chaungtha Beach., Chaung Tha, Myanmar
,Room Number:22
Telephone042-42353,42355

Alliance Resort
Chaungtha Beach., Chaung Tha, Myanmar
Room Number:46
Telephone042-42388/89

Amazing Chaung Tha Resort
Chaungtha Beach., Chaung Tha, Myanmar
Room Number:70
Telephone042-42346,09 5062667

Belle Resort
Chaungtha Beach., Chaung Tha, Myanmar
Room Number:80
Telephone042-42112~14

Breeze Hotel
Chaungtha Beach., Chaung Tha, Myanmar
Room Number:20
Telephone042-42123,42124,42338

Chaung Tha (Lai Lai) Hotel
Chaungtha Beach., Chaung Tha, Myanmar
Room Number:88
Telephone042-42325,42326

Coral Hotel
Near of Chaunhtha Beach., Chaung Tha, Myanmar
Room Number:20
Telephone09-961422953

Diamond Hotel
Chaungtha Beach., Chaung Tha, Myanmar
Room Number:50
Telephone042-42194,42380

Dream Light Guest House
Chaungtha Village., Chaung Tha, Myanmar
Room Number:28
Telephone042-42201, 09 5065326

Golden Bay Beach Resort
Chaungtha Beach., Chaung Tha, Myanmar
Room Number:24
Telephone09250599186/095063607

Golden Beach Resort Hotel
Chaungtha Beach., Chaung Tha, Myanmar
Room Number:62
Telephone042-423501,09 5200565

Golden Myanmar Guest House
(6),Mahabandoola Rd;(4)Qr, Pathein, Myanmar
Room Number:20
Telephone042-22330/25574/095201661

Grand Hotel
Chaungtha Beach., Chaung Tha, Myanmar
Room Number:34
Telephone042-42329,42330,42337

Green Guest House
Chaungtha Beach., Chaung Tha, Myanmar
Room Number:20
Telephone042-42219/42137

Hill Garden Hotel
Chaungtha Beach., Chaung Tha, Myanmar
Room Number:33
Telephone09 49576072

Hotel Ayarwaddy
Chaungtha Beach., Chaung Tha, Myanmar
Room Number:65
Telephone042-42332,42335,42148

Htike Myat San Guest House
(8),Mahabandoola Rd;, Pathein, Myanmar
,Room Number:20
Telephone042-22742/09422521866/1877

Khine Villa & Resort Hotel
Chaungtha Beach., Chaung Tha, Myanmar
,Room Number:36
Telephone042-42242

La Pyae Wun Hotel
33, Mingyi St., Pathein, Myanmar
,Room Number:42
Telephone042-25151,24669

Myanmar 9 Guest House
No(35),Mahabandoola Rd; (30Qr., Pathein, Myanmar
,Room Number:20
Telephone042-21381/09-254991699

Myit Wa Kyun Paw Guest House
10, Strand Rd., Pathein, Myanmar
,Room Number:13
Telephone042-23418

Nay Chi Lin Guest House
(6),Mahabandoola Rd;(5)Qr, Pathein, Myanmar
,Room Number:32
Telephone95043861

New Chaungtha Lodge
Chaungtha Beach., Chaung Tha, Myanmar
,Room Number:57
Telephone042-42367,42368,42369

New Pammawadi Guest House
(14-A),Mingyi Rd;, Pathein, Myanmar
,Room Number:20
Telephone042-21165, 09 5202159

Paradise Hotel
14, Zaychaung St., Pathein, Myanmar
,Room Number:20
Telephone042-22751, 25055

Pathein Hotel
Maha Bandoola St,Kan Three Sint Qr., Pathein, Myanmar
,Room Number:24
Telephone042-24571,25138

Sein Pyae Lyan Guest House
32, Shwe Zay Di St,Ra Ya Ka (4)Qr., Pathein, Myanmar
,Room Number:24
Telephone042-22859

Shwe Hinn Tha Hotel
Chaungtha Beach., Chaung Tha, Myanmar
,Room Number:48
Telephone042-42322,42118

Shwe Pa Gyi Guest House
(99), Strand Rd;(2)Qr., Pathein, Myanmar
,Room Number:20
Telephone042-24450

Shwe Ya Min Guest House
Chaungtha Beach., Chaung Tha, Myanmar
,Room Number:20
Telephone042-42126,42127

Tan Tan Ta Guest House
71, Marchant St., Pathein, Myanmar
,Room Number:13
Telephone042-22290,24502

Thazin Guest House
Chaungtha Beach., Chaung Tha, Myanmar
,Room Number:18
Telephone042-42180

The Ambo (II) Resort Hotel
Chaungtha Beach., Chaung Tha, Myanmar
,Room Number:22
Telephone042-42116

Thiri Chaung Tha Hotel
Chaungtha Beach., Chaung Tha, Myanmar
,Room Number:36
Telephone042-42224,09 49316821

To Day Guest House
#67,No.(41-A),Htaung Gone Rd;(5)Qr., Pathein, Myanmar
,Room Number:45
Telephone09-5200672/042-23368

Wut Yee Hotel
Chaungtha Beach., Chaung Tha, Myanmar
,Room Number:20
Telephone042-42305

Credit - original uploader

#​Shwe_Bon_San_ Travel and Tour
Ph: 09976858354, 09974796881

ဘန့်ဘွေးကျင်းရေတံခွန် (Day Trip)ဘန့်ဘွေးကျင်းရေတံခွန်ဆိုတာ နောင်ချိုမြို့ နယ်အတွင်း ဘန့်ဘွေးကျင်းရွာအနီးမှာရှိတာပါ ပြင်ဥ...
27/01/2020

ဘန့်ဘွေးကျင်းရေတံခွန် (Day Trip)

ဘန့်ဘွေးကျင်းရေတံခွန်ဆိုတာ နောင်ချိုမြို့ နယ်အတွင်း ဘန့်ဘွေးကျင်းရွာအနီးမှာရှိတာပါ ပြင်ဦးလွင်နဲ့ပိုနီးပါ
တယ် ... ပန်းချီကားတစ်ချပ်လို အံသြမှင်
သက်စွာ ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ရေတံခွန်တစ်ခု
ဖြစ်သလည်းဆိုတာ ပုံတွေကြည့်ရုံနဲ့သိနိုင်ပါတယ် ...
ဆည်တော်ကြီးကန်ရေပြင်ရဲ့ အထက်စီးကနေသဘာဝ
အလှတွေပါတစ်ဝကြီးခံစားနိုင်ပြီး အဲ့နေ့တစ်နေ့တာအတွက်
သင့်အတွက် အံ့အားသင့်စေမှာအမှန်ပါဘဲ ...
မြန်မာနိုင်ငံအတွင်းမှာဘဲတည်ရှိပြီး တစ်ချိန်မှာ
ကမ္ဘာကျော်ရေတံခွန် တစ်စင်းဖြစ်လာနိုင်သည့်
ဘန့်ဘွေးကျင်းရေတံခွန်ကို တကယ်လှမလှသွားကြည့်ကြရအောင်ဗျ ...

အနည်းဆုံးလူ ၃ ယောက်ရှိရုံနဲ့သွားလို့ရပါပြီ ...

ဘယ်မြို့ကနေဘဲလာလာ မနက် ၆ နာရီဆို မေမြို့ရောက်ပါပီ
မေမြို့ရောက်ရင် ကိုယ့်တည်းမယ့် Hotel မှာ check in ဝင်
မယ် ... ကိုယ်လက်သန့်စင်မယ် ခဏနားမယ် ...
မေမြို့က Hotel တွေဆိုလည်းအရမ်းကောင်းလာပီ ...
အခုနောက်ဖွင့်တယ် Hotel Win ဆို အရမ်းလည်းသန့်ရှင်း
သပ်ရပ်တယ် ... အခန်းတွေလည်းကျယ်တယ် ... view
လည်းကောင်းတယ် ... မနက်စာလည်းကောင်းတယ်
Family room သုံးယောက်ခန်းမှ ၃၉၀၀၀ ဘဲ ။

၇ နာရီခွဲဆို ကားလာကြိုပေးမယ် .... မေမြို့ မြို့မဈေးကို
အရင်ပို့ပေးမယ် ... ဈေးမှာလိုအပ်တဲ့ တောင်တက်ဖိနပ်တွေ
ဘာတွေဝယ် ဒေသအစားစာတွေစား ဈေးထဲမှာလေ့လာ
လိုက်ကြည့်ပြီး မနက် ၈ နာရီခွဲတာနဲ့ ကျွန်တော်တို့ခရီးစဉ်
စတင်ပါပီ ...

မေမြို့ကနေ တစ်နာရီခွဲ ခရီးဆက်ရမယ် ...
လမ်းမကြီး ၂၃ မိုင် ရွာလမ်း ၇ မိုင် လောက်သွားရမယ်...
ရွာလမ်းဆိုပေမယ့် ကျောက်ခင်းထားတော့ အရမ်းမဆိုးပါ
ဘူး ... မေမြို့ကနေ တစ်နာရီခွဲခရီးနှင်ရင် Trekking
စလျှောက်ရမယ့် view point သို့အရင်ရောက်ပါတယ်...
အဲ့နေရာမှာ မတ္တရာမြို့ရဲ့ ဆည်တော်ကြီးကန်ရေပြင်ကို
တောင်စွယ်တောင်တန်းတွေကြားမှာ အုပ်မိုးကြည့်ရူခံစား
နိုင်ပါတယ် ... အရမ်းလှနေတဲ့ view point တစ်ခုပါဘဲ ...

Trekking ခရီးစရပါတော့မယ် ...
ပြေပြစ်ပြီးတဲ့လမ်းဘဲမို့ နာရီဝက်လောက် လျှောက်လိုက်ရင်
ဘန့်ဘွေးကျင်းရေတံခွန်ကြီးကို အပေါ်စီး view ကနေ
ကြည့်ရူခံစားနိုင်ပါပြီ ... ဟိုးအမြင့်ကြီးကနေတစ်ရှိန်ထိုး
တဝုန်းဝုန်းနဲ့ကျနေတဲ့ ရေတံခွန်ကြီးကိုသင်တွေ့လိုက်ရရင်
တစ်ခဏတော့ အံအားမှင်သက်စေမှာအမှန်ပါဘဲ ...

View point မှာ အေးဆေးနား ရူခင်းကြည့် မှတ်တမ်းပုံ
တွေရိုက် ထမင်းစားကြမယ် ...
ထမင်းကို စကောထမင်း ဟင်းမျိုးစုံနဲ့ ရှယ်ကျွေးမှာပါ ...
ရှမ်းထမင်းဟင်းကောင်းတွေနဲ့ ပဲပုပ်ထောင်းလေးတွေ
ဟင်းရည်လေးတွေပါ ပါတော့
ထမင်းမြိန်ပြီပေါ့ ... ရူခင်းကြီးပါကြည့်ပြီးစားရမယ့်ဆိုတော့
အမြဲအမှတ်တရဖြစ်နေစေမယ့် နေ့လေးဖြစ်မှာအမှန်ပါဘဲ ...
ထမင်းစားပီး ဒေသစာလေးတွေနဲ့ သစ်သီးလေးတွေ အချို
တည်ကြမယ် ...

ထမင်းစားပီး နား ခဏနေရင် ရေတံခွန်ကြီးအောက်ခြေကို
ဆင်းကြည့်မယ် ... အထပ်ထပ်အဆင့်ဆင့်ဖြစ်နေတဲ့
သဘာဝရေကန်လေးတွေထဲမှာ ရေစိမ်ရေဆော့ တစ်ဝကြီး
အနားယူမယ် ... ရေတံခွန်ထိပ်ကနေ အောက်ထိ
တစ်နာရီကျော်လောက်ဆင်းရမယ် ... တောင်ကနည်းနည်း
မတ်တော့ နာရီဝက်လောက် adventure လုပ်ကြမယ်...
ပီးရင်တော့ လမ်းပြေသွားပါပီ ...

အောက်မှာ အမြင့်ကြီးကနေကျနေတဲ့ရေတံခွန်ကြီးရဲ့ အထပ်ပေါင်းများစွာရှိတဲ့ သဘာဝရေကန်အိုင်တွေရယ် လုံးဝ amazing ဘဲ ....
အောက်မှာရေစိမ် ရေဆော့ ရေကစားပြီး အနားယူ
ပြီးအချိန်တစ်နာရီခွဲလောက် တောင်ပြန်တက်ရင် အပေါ်
ပြန်ရောက်ပါပြီ...

လူအနည်းဆုံး ၃ ယောက်ရှိတာနဲ့စီစဉ်ပေးနေပါပြီ

၁ ယောက်မှ ၅ ယောက်ထိ တစ်ဦးလျှင် ( ၄၀၀၀၀ ) ကျပ်
၅ ယောက်နှင့်အထက် တစ်ဦးလျှင် ( ၃၀၀၀၀) ကျပ်

ပါဝင်သောဝန်ဆောင်မူများ

* မေမြို့မှ ကားအသွားအပြန် /အကြိုအပို့
* နေ့လည်စာ (စကောထမင်း)
* ရေ
* အားဖြည့်အချိုရည်
* အဆာပြေမုန့် / ချိုချဉ်
* သစ်သီးများ
* လမ်းပြဂိုက်
* snow tower

ဧည့်သည်ယူဆောင်လာရန်

* တောစီးဖိနပ် စစ်ဖိနပ်တစ်ရံ ၃၅၀၀
* သက်တောင့်သက်သာရှိသောအဝတ်အစား
* အကျီင်္ိလက်ရှည်
* ဦးထုပ်

ရန်ကုန်မှ အသွားအပြန်ကားခ - ၃၀၀၀၀
Hotel - ၁၂၀၀၀
Package - ၃၀၀၀၀
( Budget trip ဆို ၇၂၀၀၀ လောက်ဘဲကျပါတယ်)

ရုံးသမားများလည်း သောကြာညထွက်လာ စနေမနက်
ရောက် အဲ့နေ့ Trekking သွား
ည Hotel မှာတစ်ညအိပ် မနက်ကိုထ hotel check out
လုပ်ပီး တစ်နေကုန်မြို့ထဲလည် ညနေ ၆ နာရီကားပြန်စီး
တနင်္လာနေ့မနက်ရောက် ရုံးပြန်တက်လို့ အဆင်ပြေပါပီ

Nay Tun Trekking

09403763243
09776230923

[email protected]

08/11/2019

ပွဲတော်များ နှင့် မြန်မာပြည်

=================

ကျွန်တော်တို့ မြန်မာပြည် သည် ပွဲတော်များစွာနှင့် စည်ကားလှပသော နိုင်ငံဖြစ်ပါသည်။ တစ်ဆယ့်နှစ်လ စလုံး ပွဲတော်များနှင့် ပြည့်နှက်နေ တတ်သည်။ လအလိုက်ပြုလုပ်သော ၁၂ လ ရာသီပွဲတော်ကြီးများအပြင် အချိန်ကာလ ၊ နေရာဒေသ အလိုက် ပြုလုပ်လေ့ရှိသော ပွဲတော်များစွာ
လည်း ရှိပါသည်။ မသိသေးသူများ သိကြစေဖို့ မည်သည့်ဒေသ ၊ မည်သည့်မြို့၌ မည်သည့်လတွင် မည်သည့်ပွဲတော်မျိုး ကျင်းပလေ့ ရှိကြောင်းလေ့လာတင်ပြလိုက်ပါသည်။

ဇန်နဝါရီလတွင်

၁။ အာနန္ဒာဘုရားပွဲ ( ပြာသိုလပြည့်နေ့၌ ပုဂံတွင်ကျင်းပသည် )

၂။ နာဂရိုးရာ နှစ်သစ်ကူးပွဲ ( ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၌ ကျင်း၏။)

ဖေဖော်ဝါရီလတွင်

၁။ သန်လျင်ကျိုက်ခေါက်ဘုရားပွဲ ( တပို့တွဲလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ သန်လျင်မြို့၌ ကျင်းပ၏။ )

၂။ မင်းဘူး ရွှေစက်တော်ဘုရားပွဲ ( တပို့တွဲလဆန်း ၅ ရက်နေ့ မှ လပြည့်နေ့အထိ ကျင်းပ၏ )

၃။ ထမနဲပွဲ ( တပို့တွဲလပြည့်နေ့၌ ကျင်းပ၏ )

၎။ မန္တလေးမဟာမြတ်မုနိဘုရားပွဲ ( တပိုတွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ မန္တလေးမြို့တွင်ကျင်းပ၏ )

မတ်လတွင်

၁။ ပခန်းဦးမင်းကျော် နတ်ပွဲ (တပေါင်းလဆန်း ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ)

၂။ အင်းတော်ကြီး ရွှေမြဉ္ဇူ ဘုရားပွဲ ( တပေါင်းလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပ၏ )

၃။ သီပေါ ဘော်ကြိုဘုရားပွဲ ( တပေါင်းလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ သီပေါမြို့တွင် ကျင်းပသည် )

၎။ ပင်းတယ ဘုရားပွဲ ( တပေါင်းလဆန်း ၁၁ ရက်နေ့မှ လပြည့်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းတယ မြို့၌ ကျင်းပသည်)

၅။ ရွှေမျက်မှန် ဘုရားပွဲ ( တပေါင်းလဆန်း ၁၃ရက်နေ့မှ လပြည့်နေ့အထိ ရွှေတောင်မြို့တွင် ကျင်းပသည်)

၆။ ကက္ကူဘုရားပွဲ ( တပေါင်းလဆန်း ၁၄ ရက်နေ့မှ လပြည့်နေ့အထိ အင်းလေး၌ ကျင်းပသည်)

၇။ ပြည် ၊ ရွှေဆံတော်ဘုရားပွဲ ( တပေါင်းလပြည့်နေ့တွင် ပြည်မြို့၌ ကျင်းပသည် )

၈။ ကျောက်တန်း ရေလယ် ဘုရားပွဲ (တပေါင်းလပြည့်နေ့၌ သန်လျင်
ကျောက်တန်း၌ ကျင်းပသည်)

၉။ အလုံဘိုးဘိုးကြီး နတ်ပွဲ ၊ မုံရွှာ (တပေါင်းလဆုတ် ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပ၏ )

၁၀။ မော်တင်စွန်း ဘုရားပွဲ (တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့
အထိ ပုသိမ်မြို့ မော်တင်စွန်း၌ ကျင်းပသည်)

ဧပြီလတွင်

၁။ သင်္ကြန်ပွဲတော် (ဧပြီ ၁၃ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ )
၂။ ရွှေမော်ဓော ဘုရားပွဲ ( တန်ခူးလဆန်း ၈ ရက်နေ့မှ လဆုတ် ၅ ရက်နေ့အထိ ပဲခူးမြို့၌ ကျင်းပသည်)

မေလတွင်

၁။ ညောင်ရေသွန်းပွဲတော် (ကဆုန်လပြည့်နေ့၌ ကျင်းပသည်)

ဇွန်လတွင်

၁။ ဆွမ်းဦး ပုညရှင်ဘုရားပွဲ ( ဝါဆိုလပြည့်နေ့၌ စစ်ကိုင်းတွင် ကျင်းပ၏)

ဇူလိုင်လတွင်

၁။ ဝါဆိုပန်းခူးပွဲတော် (ဝါဆိုလပြည့်ဝန်းကျင်၌ ကျင်းပသည်)

၂။ ဝါဆိုခြင်းလုံးပွဲ ( ဝါဆိုလပြည့်ကျော်တွင် မန္တလေး၌ ကျင်းပသည်)

သြဂုတ်လတွင်

၁။ တောင်ပြုံးနတ်ပွဲ ( ဝါခေါင်လဆန်း ၈ ရက်နေ့မှ လပြည့်နေ့
အထိ တောင်ပြုန်း ၌ ကျင်းပသည်)
၂။ ရတနာ့ဂူ နတ်ပွဲ ( ဝါခေါင်လဆုတ် ၈ ရက်နေ့တွင် မန္တလေး၌ ကျင်းပ၏ )

စက်တင်ဘာလတွင်

၁။ ပေါင်းတည်စွယ်တော်ပွဲ (တော်သလင်းလဆန်း ၁၃ ရက်နေ့မှ လပြည့်နေ့အထိ ပေါင်းတည်မြို့တွင် ကျင်းပ၏ )

၂။ မနူဟာဘုရားပွဲ (တော်သလင်းလဆန်း ၁၄ ရက်နေ့မှ လပြည့်နေ့အထိ ပုဂံတွင် ကျင်းပသည်)

အောက်တိုဘာလတွင်

၁။ အင်းလေးဖောင်တော်ဦး ဘုရားပွဲ (သီတင်းကျွတ်လဆန်း ၁၃ ရက်မှ ၃ ရက်နေ့အထိ အင်းလေးတွင် ကျင်းပသည် )

၂။ သီတင်းကျွတ်မီးထွန်းပွဲတော် ( သီတင်းကျွတ်လပြည့်နေ့၌ ကျင်းပသည်)

၃။ ကျောက်ဆည်ဆင်ပွဲ ( သီတင်းကျွတ်လပြည့်နေ့
၌ ကျောက်ဆည်တွင်ကျင်းပသည်)

၎။ မကွေး မြသလွန် ဘုရားပွဲ ( သီတင်းကျွတ်လပြည့်နေတွင် မကွေးမြသလွန်ဘုရား၌ ကျင်းပသည်)



နိုဝင်ဘာလတွင်

၁။ တန်ဆောင်တိုင် မီးထွန်းပွဲတော် (တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပသည်)

၂။ တောင်ကြီးမြို့ မီးပုံးပျံပွဲတော် ( တန်ဆောင်မုန်းလပြည့်နေ့
၌ တောင်ကြီးမြို့တွင် ကျင်းပသည်)

၃။ မယ်လမုဘုရားပွဲ (တန်ဆောင်မုန်းလပြည့်နေ့၌ ရန်ကုန်မြို့ မြောက်
ဥက္ကလာမြို့နယ်တွင် ကျင်းပသည် )

၎။ ယက္ကန်းပွဲတော် (တန်ဆောင်မုန်းလပြည့်နေ့၌ ထင်ရှားကျော်ကြားသော ဘုရားများတွင် မသိုးသင်္ဃန်း ရက် ပြိုင်ပွဲ ကျင်းပ၏ )

၅။ ရွှေစည်းခုံ ဘုရားပွဲတော် ( တန်ဆောင်မုန်းလပြည့်နေ့၌ ပုဂံညောင်ဦးတွင် ကျင်းပသည်)

ဒီဇင်ဘာလတွင်

၁။ ပုပ္ပါးနတ်ပွဲ ( နတ်တော်လပြည့်နေ့၌ ကျင်းပသည် )

၂။ ကျိုက်ထီးရိုး ဘုရားပွဲတော် ( ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ကျင်းပသည်။ ဆီမီးကိုးထောင် ပွဲလည်း ကျင်းပသည် )

၃။ ခရစ္စမတ်ပွဲတော် ( ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပ၏ )

ဒီအထဲမှာ မပါဝင်သော ပွဲတော်အချို့လည်း ကျန်ရှိနိုင်ပါသေးသည်။ သိရှိသူများ ဖြည့်စွက်ပြီး မှတ်ချက်ပေးသွားကြပါဦး 🙂

Ref:

မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ ၁၀ဝ - နန္ဒာမိုးကြယ်
Crd

ရန်ကုန်ကနေ  နေ့ချင်းပြန်သွားလို့ရပြီး water activities အများကြီးလုပ်လို့ရတဲ့ အပန်းဖြေစရာနေရာလေး သွားကြရအောင်ကျွန်းကဗျာမှ...
07/11/2019

ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရပြီး
water activities အများကြီးလုပ်လို့ရတဲ့
အပန်းဖြေစရာနေရာလေး သွားကြရအောင်

ကျွန်းကဗျာမှာ……..
- ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေက စိတ်မွန်းကျပ်မှုတွေကနေ ခဏလောက်ရုန်းထွက်နိုင်ဖို့ ကူညီပေးလိမ့်မယ်………

- သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပျော်ရွှင်လွတ်လပ်မှုကို ခံစားနိုင်မယ်……..
- ကိုယ်ချစ်ရတဲ့သူလေးနဲ့အတူတူ သဘာဝအလှအပတွေကို ပျော်ရွှင်ကြည်နူးစွာ ခံစားလို့ရမယ်….
- စာဖတ်ရင်း တစ်ယောက်တည်း အေးဆေးနားချင်တဲ့သူတွေအတွက်လဲ စိတ်ငြိမ်အေးချမ်းမှုတွေ ရနိုင်မယ်……..

ဘာတွေလုပ်လို့ရဦးမလဲဆိုတော့....................
လှေလေးတွေစီးလို့ရမယ်.....
ငါးမျှားတာဝါသနာပါရင်လည်း ငါးမျှားလို့ရမယ်... အပျော်စီးလှေလေးတွေကိုယ်တိုင်လှေလှော်မယ် .....
ရေဘော်လုံးလည်း စီးကြ

ရွှေမျက်မှန် ဘုရားကြီးမှာလည်း
ဆုတောင်းအဓိဌာန်ပြုကြမယ်....

တစ်ဦးကို ၄၃၀၀၀ ကျပ်တည်းနဲ့
အံဇါတုန်းနဲ့အသွားအပြန်ကားခ၊
မနက်စာ၊ နေ့လည်စာ၊
ကျွန်းကဗျာ ဝင်ကြေး နဲ့ ကျွန်းသို့ အသွား/ပြန် လှေခ
ခရီးသွားအာမခံ ၊ Snack & Soft Drink၊ စတဲ့ ၀န်ဆောင်မှုအပြည့်အစုံဖြင့် စီစဉ်ပေးထားပါတယ်.....

မပါဝင်သောဝန်ဆောင်မှု
🎣 ငါးမျှားတံ ငှါးခ
🍜🍲မိမိတို့ဘာသာ မှာယူစားသောက်သောအသုံးစရိတ်

💸(၁) ဦးလျှင် စားရိတ်ငြိမ်း ၄၃၀၀၀ ကျပ်
📌ဧည့်သည် ၁၁ ဦးပြည့်လျှင် ခရီးစဉ်ထွက်ပါမည်။
ကျွန်းကဗျာသို့ နေ့ချင်းပြန်ခရီးစဉ်ကို
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ပို့ဆောင်ပေးပါသည်။

📞
ပျော်ပျော်ပါးပါးအုပ်စုလိုက် သွားချင်တဲ့သူတွေအတွက်လည်း Discount အစီအစဉ်တွေစီစဉ်ပေးထားပါတယ်....

မိသားစုတွေ ၊ အသင်းအဖွဲ့တွေနဲ့သီးသန့်သွားချင်တဲ့သူတွေအတွက်လည်း သီးသန့်စီစဉ်ပေးထားပါတယ်.....

ကျောင်းသူကျောင်းသားတွေအတွက်လဲ
ကျောင်းသားကဒ်လေးနဲ့ဆို လျော့ပေးအုံးမှာနော်
အဖွဲလိုက်အတွက်ပဲနော်

သဘာဝအလှအပတွေနဲ့ ကျွန်းကဗျာကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Royal Shwe Bon San Travel & Tour နဲ့ ဆက်သွယ်လိုက်ပါ့ရှင့် ….

ဆက်သွယ်ရန်
📱၀၉ ၂၆၇၂၇၇၇၇၅ ၊၀၉၆၉၆၆၀၉၅၆၇

07/11/2019

ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရပြီး
water activities အများကြီးလုပ်လို့ရတဲ့
အပန်းဖြေစရာနေရာလေး သွားကြရအောင်

ကျွန်းကဗျာမှာ……..
- ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေက စိတ်မွန်းကျပ်မှုတွေကနေ ခဏလောက်ရုန်းထွက်နိုင်ဖို့ ကူညီပေးလိမ့်မယ်………

- သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပျော်ရွှင်လွတ်လပ်မှုကို ခံစားနိုင်မယ်……..
- ကိုယ်ချစ်ရတဲ့သူလေးနဲ့အတူတူ သဘာဝအလှအပတွေကို ပျော်ရွှင်ကြည်နူးစွာ ခံစားလို့ရမယ်….
- စာဖတ်ရင်း တစ်ယောက်တည်း အေးဆေးနားချင်တဲ့သူတွေအတွက်လဲ စိတ်ငြိမ်အေးချမ်းမှုတွေ ရနိုင်မယ်……..

ဘာတွေလုပ်လို့ရဦးမလဲဆိုတော့....................
လှေလေးတွေစီးလို့ရမယ်.....
ငါးမျှားတာဝါသနာပါရင်လည်း ငါးမျှားလို့ရမယ်... အပျော်စီးလှေလေးတွေကိုယ်တိုင်လှေလှော်မယ် .....
ရေဘော်လုံးလည်း စီးကြ

ရွှေမျက်မှန် ဘုရားကြီးမှာလည်း
ဆုတောင်းအဓိဌာန်ပြုကြမယ်....

တစ်ဦးကို ၄၃၀၀၀ ကျပ်တည်းနဲ့
အံဇါတုန်းနဲ့အသွားအပြန်ကားခ၊
မနက်စာ၊ နေ့လည်စာ၊
ကျွန်းကဗျာ ဝင်ကြေး နဲ့ ကျွန်းသို့ အသွား/ပြန် လှေခ
ခရီးသွားအာမခံ ၊ Snack & Soft Drink၊ စတဲ့ ၀န်ဆောင်မှုအပြည့်အစုံဖြင့် စီစဉ်ပေးထားပါတယ်.....

မပါဝင်သောဝန်ဆောင်မှု
🎣 ငါးမျှားတံ ငှါးခ
🍜🍲မိမိတို့ဘာသာ မှာယူစားသောက်သောအသုံးစရိတ်

💸(၁) ဦးလျှင် စားရိတ်ငြိမ်း ၄၃၀၀၀ ကျပ်
📌ဧည့်သည် ၁၁ ဦးပြည့်လျှင် ခရီးစဉ်ထွက်ပါမည်။
ကျွန်းကဗျာသို့ နေ့ချင်းပြန်ခရီးစဉ်ကို
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ပို့ဆောင်ပေးပါသည်။

📞
ပျော်ပျော်ပါးပါးအုပ်စုလိုက် သွားချင်တဲ့သူတွေအတွက်လည်း Discount အစီအစဉ်တွေစီစဉ်ပေးထားပါတယ်....

မိသားစုတွေ ၊ အသင်းအဖွဲ့တွေနဲ့သီးသန့်သွားချင်တဲ့သူတွေအတွက်လည်း သီးသန့်စီစဉ်ပေးထားပါတယ်.....

ကျောင်းသူကျောင်းသားတွေအတွက်လဲ
ကျောင်းသားကဒ်လေးနဲ့ဆို လျော့ပေးအုံးမှာနော်
အဖွဲလိုက်အတွက်ပဲနော်

သဘာဝအလှအပတွေနဲ့ ကျွန်းကဗျာကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Royal Shwe Bon San Travel & Tour နဲ့ ဆက်သွယ်လိုက်ပါ့ရှင့် ….

ဆက်သွယ်ရန်
📱၀၉ ၂၆၇၂၇၇၇၇၅ ၊၀၉၆၉၆၆၀၉၅၆၇

26/08/2019
"" ပျော်ပျော် ရွှင်ရွှင် ဝသန်ကာလ မိုးရာသီ ပုဂံ ခရီးစဉ် """Mingalar ပါ "  *** ကုမ္ပဏီ အသင်းအဖွဲ့များ ၊ ကျောင်းသားကျောင်းသူ လ...
23/08/2019

"" ပျော်ပျော် ရွှင်ရွှင် ဝသန်ကာလ မိုးရာသီ ပုဂံ ခရီးစဉ် ""

"Mingalar ပါ "
*** ကုမ္ပဏီ အသင်းအဖွဲ့များ ၊ ကျောင်းသားကျောင်းသူ လူငယ်များနှင့် မိသားစုများ အတွက်မိုးရာသီ ပုဂံ ခရီးစဉ်လေးနှင့် မိတ်ဆက်ပါရစေ .....

*** ဝသန်ကာလ မိုးစက်တွေကြားထဲမှာ ဘယ်ကို ခရီးသွားရမလဲ လို့စဉ်းစားရခက်နေပါသလား ??
မိုးစက်တွေနဲ့ အတူ စိမ်းစိမ်းစိုစို နဲ့ လှပတဲ့ ပုဂံမြို့မှာ ပျော်ပျော်ရွှင်ရွှင် ခရီးသွားဖို့ အစီအစဉ်တွေ Shwe Bon San Travel & Tour မှာ စတင်နေပြီမို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ... ခရီးစဉ်လေးကတော့ရန်ကုန်-ပုဂံ-ရန်ကုန် ၂ ညအိပ် ၃ ရက် ခရီးစဉ်လေးပဲဖြစ်ပါတယ် ။။

*** မိုးရာသီမှာ ပုဂံမြို့ဟာ ဆိုရင်လည်း လည်ပတ်လို့ အကောင်းဆုံးနေရာ တစ်ခုပါ ။ ပူပြင်းတဲ့နွေရာသီ ကို ရှောင်ရင်း ဖုန်မထတဲ့ မြေလမ်းလေးတွေနဲ့ မိုးရာသီ ပုဂံရှိ အပင်လေးများရဲ့ စိမ်းစိမ်းစိုစို မြင်ကွင်းများက ပုဂံရှိ တန်ခိုးကြီး ရှေ့ဟောင်းစေတီပုထိုး လက်ရာများနှင့်ပေါင်းစပ်လိုက်တဲ့ အခါ လှပအံ့သြ ဖွယ်ရာ ပန်ချီကား တစ်ချပ်လို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ် ။ စေတီပုထိုး ဘုရားများ မှာ အာရုံပြုရတာ ဆိုရင်လည်း တိတ်ဆိတ်ညိမ်သက်နေပါ တယ် ၊ ဘုရားဖူး မိတ်ဆွေများအတွက် မိုးရာသီ ပုဂံ ခရီးစဉ်လေး က ဘုရားအာရုံပြုဖို့ အကောင်းဆုံး အချိန် အခါလေးဘဲ ဖြစ်ပါတယ် ။။

*** ပုဂံ မှာ ခေတ်စားနေတဲ့ arts painting တွေလဲ ဆွဲလို့ ရမှာနော်

# ဘာတွေပါမလဲ
- 3 star hotel တစ်ညတာတည်းခိုခွင့်
- ပုဂံမြို့တွင် နံနက်စာ ၊ နေ့လယ်စာ ၊ ညစာ
- ပုဂံမြို့တွင် သီးသန့်လည်ပတ်ရန်အတွက် သီးသန့် Private tour car , boat ခ
- ရန်ကုန် - ပုဂံ - ရန်ကုန် Express Bus Tickets
- ရေသန့် ၊ စနိုးတာဝါ ၊ snacks & drinks
-Tour Leader

“ရွှေဘုံစံခရီးသွားလုပ်ငန်း”
အမှတ်(၂၉၂)၊ အခန်း(၄)၊ မြေညီထပ်၊ ရန်အောင်လမ်းသွယ်(၂)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ‎၀၉၉ ၆၅ ၁၀၀ ၂၀၁
‎၀၉ ၄၂ ၁၀၀ ၇၇၀၀
E-mail – [email protected] / [email protected]

23/08/2019

ရန်ကုန်ကနေ ၅ နာရီလောက်ပဲကားမောင်းချိန်ပေးပြီး နေ့ချင်းပြန်သွားလို့ရတဲ့ အပန်းဖြေစရာနေရာလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ..

ကျွန်းကဗျာမှာ……..
- ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေက စိတ်မွန်းကျပ်မှုတွေကနေ ခဏလောက်ရုန်းထွက်နိုင်ဖို့ ကူညီပေးလိမ့်မယ်………

- သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပျော်ရွှင်လွတ်လပ်မှုကို ခံစားနိုင်မယ်……..
- ကိုယ်ချစ်ရတဲ့သူလေးနဲ့အတူတူ သဘာဝအလှအပတွေကို ပျော်ရွှင်ကြည်နူးစွာ ခံစားလို့ရမယ်….
- စာဖတ်ရင်း တစ်ယောက်တည်း အေးဆေးနားချင်တဲ့သူတွေအတွက်လဲ စိတ်ငြိမ်အေးချမ်းမှုတွေ ရနိုင်မယ်……..

ဘာတွေလုပ်လို့ရဦးမလဲဆိုတော့....................
လှေလေးတွေစီးလို့ရမယ်.....
ငါးမျှားတာဝါသနာပါရင်လည်း ငါးမျှားလို့ရမယ်.... အပျော်စီးလှေလေးတွေကိုယ်တိုင်လှေလှော်မယ် .....
ရေဘော်လုံးလည်း စီးကြ
အပြန်ရွှေမျက်မှန် ဘုရားကြီးမှာလည်း ဆုတောင်းအဓိဌာန်ပြုကြမယ်....

တစ်ဦးကို ၂၅၀၀၀ ကျပ်တည်းနဲ့ အသွားအပြန်ကားခ၊ မနက်စာ၊ နေ့လည်စာ၊ တစ်ဆင့်သွားလှေခ၊ Snack & Soft Drink၊ စတဲ့ ၀န်ဆောင်မှုအပြည့်အစုံဖြင့် စီစဉ်ပေးထားပါတယ်.....

ပျော်ပျော်ပါးပါးအုပ်စုလိုက် သွားချင်တဲ့သူတွေအတွက်လည်း Discount အစီအစဉ်တွေစီစဉ်ပေးထားပါတယ်....

မိသားစုတွေ ၊ အသင်းအဖွဲ့တွေနဲ့သီးသန့်သွားချင်တဲ့သူတွေအတွက်လည်း သီးသန့်စီစဉ်ပေးထားပါတယ်.....

ကျွန်းကဗျာသို့ နေ့ချင်းပြန်ခရီးစဉ်ကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ပို့ဆောင်ပေးပါသည်။

သဘာဝအလှအပတွေနဲ့ ကျွန်းကဗျာကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Royal Shwe Bon San Travel & Tour နဲ့ ဆက်သွယ်လိုက်ပါ့ရှင့် ….
ဖုန်း - ‎၀၉၉ ၆၅ ၁၀၀ ၂၀၁, ၀၉ ၄၂ ၁၀၀ ၇၇၀၀, ‎၀၉ ၉၆၄၄၇၇၇၇၉

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ကွေ့တက်ကျေးရွာအုပ်စု၊ကိုယ်ကြီးမြှပ်ရွာရဲ့ မြေအောက်မှာတော့သုံးပန်လှဒေဝီမင်းသ...
14/02/2019

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ကွေ့တက်ကျေးရွာအုပ်စု၊ကိုယ်ကြီးမြှပ်ရွာရဲ့ မြေအောက်မှာတော့
သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူရဲ့ အလောင်းဟာ ရွှေရုပ်ထု၊ ရွှေတလားတွေနဲ့အတူအမုန်းတရားတွေကို သိမ်ဆည်း သိုဝှက်​ ထားဆဲပါပဲ..........

သုံးပန်လှဒေဝီမင်းသမီးရဲ့
ဝမ်းနည်းစရာဘဝဇာတ်ကြောင်း
========================
တစ်ကယ်တော့
ဒီဇာတ်လမ်းဟာဒွတ္တပေါင်မင်းကြီးနဲ့
အိမ်နီးချင်းတိုင်းပြည်က ပြည့်ရှင်းမင်း
တောင်ညိုဘုရင်တို့ရဲ့ လောင်းကစားလုပ်ရကနေ
စခဲ့တာဆိုလည်း မမှားပါဘူး၊၊
ဒွတ္တပေါင်မင်းကြီးနဲ့ တောင်ညိုဘုရင်တို့ဟာ
တစ်နေ့မှာ ကြက်တိုက်လောင်းကစား လုပ်ကြပါ
တယ်၊၊ဒွတ္တပေါင်မင်းရှုံးရင် သူ့စည်းစိမ်တစ်ဝက်
ပေးရမှာဖြစ်ပြီး တောင်ညိုဘုရင်ရှုံးရင် သူ့ရဲ့
နှမတော်ဖြစ်တဲ့ သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူ ကိုပေးရမည်ဟု ဂတိခံယူပြီး ကြက်တိုက်လောင်းကစား လုပ်ခဲ့ကြပါတယ်၊၊

ပြည့်ရှင်မင်းကြီးနှစ်ပါးရဲ့ လောင်းကစားဟာ အလွန်ကြေးကြီးပါတယ်၊၊
လောင်းကစားလုပ်ကြရာမှာ တောင်ညိုဘုရင်ရဲ့
တည်ကြက်က ရှုံးသွားတဲ့အတွက် တောင်ညိုဘုရင်ဟာ ကတိအတိုင်း သူ့ရဲ့နှမတော်
သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူကို ဒွတ္တပေါင်
မင်းဆီ ဆက်သခဲ့ရပါတယ်၊၊

သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူဟာ
သရေခေတ္တရာမင်းနေပြည်တော်သို့ မရောက်ခင် ကတည်းက မင်းသမီးရဲ့ အလှဂုဏ်သတင်းဟာ
ထင်ပေါ် ကျော်စောလျက်ရှိပါတယ်၊၊ အဲလို ကျော်စောခြင်းဟာ ဒွတ္တပေါင်မင်းကြီးရဲ့
မိဖုရားများအတွက်တော့ စိတ်မချမ်းသာစရာ သတင်းဆိုးတစ်ခုဖြစ်ပါတယ်၊၊

မိဖုရားတွေကတော့ သူတို့ထက်ချောတဲ့ သုံးပန်လှ
မင်းသမီးကို နန်းတော်သို့အဝင်မခံလိုသောကြောင့်
မှူးမတ်တွေကို လဘ်ထိုးပြီး ဒွတ္တပေါင်မင်းကြီးထံ
မဟုတ်မမှန်လျောက်တင်ဖို့ စေခိုင်းပါတော့တယ်၊၊

``သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူဟာ
တံခါးနှင့်မဆန့်သော ကိုယ်လုံးနှင့် အမျိုးသမီးပါဘုရား"

မှူးမတ်တို့လျောက်တင်သောစကားကို ကြားလိုက်ရသောကြောင့် ဒွတ္တပေါင်မင်းကြီး
အတော်ကို စိတ်ပျက်သွားပါတယ်၊၊

သုံးပန်လှမင်းသမီးဟာ မမြင်ပဲ တစ်နေ့သုံးခါလှတဲ့
မင်းသမီးမျိုးပါ၊၊
နံနက်ခင်း နေအထွက်မှာ ရွှေအဆင်းလိုဝင်းပသူလေးဖြစ်ကြောင်း၊
မွန်းတည့်ချိန်မှာ ပန်းကလေးလို နုညံ့သောအလှရှိသူလေးဖြစ်ကြောင်း၊
ဆည်းဆာချိနှ်မှာတော့ ထွက်ပေါ်စလမင်းလေးလို
ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောင်းပသူဖြစ်ကြောင်း စသည့်
ဂုဏ်သတင်းများကြားဖူးခဲ့သည်၊၊
ထိုသတင်းစကားတွေက အမှားတွေပဲလားဟု
ဒွတ္တပေါင်မင်းကြီးတွေးမိလိုက်ပါတယ်၊၊

ထို့ကြောင့် ``သုံပန်လှဒေဝီမင်း ရှင်စောဖြုဟာ
တံခါးနှင့်မဆန့်သော ကိုယ်လုံးနှင့်အမျိုးသမီးပါ
ဘုရား"ဟု မှူးမတ်တို့လျှောက်တင်သော
စကားကိုယုံစားမိပြီး သုံးပန်လှမင်းသမီးလေး
နန်းတော်သို့မရောက်မီ ဆီးကြိုပြီး နှင်လိုက်ပါတော့တယ်၊၊

သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူဟာ အတော်ကိုအရှက်ရသွားပါတော့တယ်၊၊

အမှန်တကယ်တော့ မိဖုရားတွေက လဘ်ထိုးပြီး
မှူးမတ်များကိုစေခိုင်းသောကြောင့်ဖြစ်ပါတယ်၊၊
ပညာရှိမှူးမတ်များပီပီ သုံးပန်လှမင်းသမီး
စီးလာသော ဆင်ရဲ့ဘေးဘယ်ညာမှာ ဆင်းနှစ်စီးတွဲပြီး ဝင်ခိုင်းလိုက်တာဖြစ်ပါတယ်၊၊

သုံးပန်လှမင်းသမီးမှာတော့ အစ်ကိုဖြစ်သူရဲ့
လက်လွတ်စပယ်ပြုမူလိုက်တဲ့ အပြုအမူတွေသာမက ခင်ပွန်းလောင်း ဒွတ္တပေါင်
မင်းကြီးရဲ့ ကြိုဆိုလိုက်ပုံကလည်း သူ့ကို တော်တော် နာကြင်ခံစားသွားစေပုံရပါတယ်၊၊

သရေခေတ္တရာမြို့တော်ကြီးကို ကြောခိုင်းပြီး
ထွက်လာခဲ့ပါတော့တယ်၊၊ မှော်ဇာမြို့အနီးနားမှာ
လက်သည်းဖြင့်ရစ်၍ ``ပေါင်းရလျှင်
ရေမထွက်ပါစေနဲ့ မပေါင်းရလျှင် ရေထွက်ပါစေ"
ဆိုပြီး ဓိဌာန်ပါတယ်(လက်သည်းဖြစ်ရစ်ထားသောကြောင့် လက်သည်းရေကန်ဟု အမည်ပေးထားပါတယ်
ကန်မှာတစ်နှစ်ပါတ်လုံးရေမခန်းပါဘူး)

သုံးပန်လှမင်းသမီးနှင့်အခြွေအရံများသည်
တောင်ဘက်အတိုင်းပြန်လာခဲ့ရာ ရင်းတိုက်ပင်ပေါ်ကတက်၍မျှော်ကြည့်ခဲ့ပါသေးတယ်၊၊
(ရင်တိုက်ပင်ပေါ်က မျှော်ခဲ့သောကြောင့်
ထိုနေရာကို ရင်းတိုက်မှော်ရွာဟုအမည်ပေးထားပါတယ်)

ဒွတ္တပေါင်မင်းကြီး လိုက်လာမလားအတွေနဲ့
မျှော်ကြည့်ပါသေးသည်၊၊(မျှော်၍ကြည့်ခဲ့သောကြောင့် ထိုနေရာကို မှော်ကန်ရွာဟု အမည်တွင်ခဲ့သည်)

လိုက်လာနိုးနိုးဖြင့် မင်းသမီးလေးရဲ့ လင်ကို မျှော်ကြည့်ပါသေးသည်၊၊(ထိုနေရာကို လင်လင့်ကန်ရွာဟုမည်ပေးထားပါသည်)

ထိုနေရာမှ အရှေ့ဖက်သို့တက်လာခဲ့ရာ
ခရီးတစ်ထောက်နားသောနေရာတွင် သဲဆည်
ခဲ့သည်၊၊(ထိုနေရာကို သဲဆည်ရွာဟု အမည်တွင်ပါသည်)

အကြိမ်ကြိမ်မျှော်သော်လည်းမလာသောကြောင့်
မာန်လျော့၍``ဒီလင်ရွှေလင်ဖြစ်ပါစေတော့ မမျှော်တော့ဘူး"ဟုသုံးပန်လှမင်းသမီးလေးပြောခဲ့ပါတယ်၊၊(ထိုပြောခဲ့သောနေရာကို ရွှေလင်ရွာဟု အမည်တွင်ခဲ့ပါသည်)

သူ့တိုင်းပြည်တောင်ညိုသို့အပြန်လမ်းခုလတ်တစ်နေရာမှာ လွမ်းနာလဲကျ အရှက်လဲကွဲသောကြောင့် မကျီးပင်ပေါ် လက်တင်၍နေလေသည်၊၊(မင်းသမီးလက်တင်သော မကျီးပင်သည် ယုခုအချိန်ထိ ရှိနေဆဲပင်
မင်းသမီးလက်လက်တင်ထားသောအပင်အရွယ်အတိုင်းပင်ရှိနေသည်)

ထိုအချိန်အခါကျတော့မှ ဒွတ္တပေါင်မင်းကြီးက ကိုယ်ကြီးမ ဘယ်နေရာရောက်သွားပြီလဲဟု သိချင်စိတ်ဖြင့်သရေခေတ္တရာပြည်ကြီးမှ နတ်မျက်စိဖြင့် ကြည့်လိုက်ပါသည်၊၊

ထိုအခါ မှူးမတ်များလျှောက်တင်သော စကားများနှင့်တက်တက်စင်လွဲနေပါတော့တယ်၊၊
ဒွတ္တပေါင်မင်းကြီးသည် သိသိချင်းပင် မြင်းစိုင်း၍လိုက်လာခဲ့ပါတယ်၊၊
(ထိုနေရာကို မြင်းစိုင်းပင်ရွာဟု အမည်တွင်ခဲ့သည်)
ဒွတ္တပေါင်မင်းကြီးသည် အလျှင်စလို မြင်းစိုင်း၍စီးလာခဲ့သောကြောင့်
လမ်းမှာ ခေါင်းမှဗောင်းတော် ပြုတ်ကျခဲ့ပါတယ်၊၊
(အဲနေရာကို ဗောင်းတော်ကျရွာဟု အမည်ပေးထားပါတယ်)

ဒွတ္တပေါင်မင်းကြီးရောက်သောအခါ သုံးပန်လှမင်းသမီးသည် ရင်ကွဲနာကျ၍ ဒွတ္တပေါင်မင်းကြီးလက်ပေါ်မှာ ကွယ်လွန်သွားပါတော့သည်၊၊

ထိုအကြောင်းကို သိသိချင်းပင် အစ်ကိုတော် တောင်ညိုမင်းသည် နှမတော် သုံးပန်လှ မင်းသမီး
ကွယ်လွန်သောနေရာသို့ လာ၍ နှစ်မတော်ရုပ်အလောင်းကို တောင်ညိုသို့ယူဆောင်ရန် စီစဉ်ပါတော့တယ်၊၊
ဒွတ္တပေါင်မင်းကြီးကလည်း သူ့တိုင်းပြည် သရေခေတ္တရာသို့ ယူဆောင်ရန် ပြောကြားပါတယ်၊၊

နောက်ဆုံးတွင် နှစ်ပြည်ထောင်စစ်မဖြစ်ရန်အတွက်
မောင်တော်ဖြစ်သူ တောင်ညိုမင်းက ငွေတလား၊
လင်တော်ဖြစ်သူ ဒွတ္တပေါင်မင်းကြီးမှ ရွှေတလားဖြင့်
မင်းသမီးကွယ်လွန်သောနေရာမှာပင် မြှတ်ခဲ့ပါတော့တယ်၊၊
(မင်းသမီးမြှပ်နှံခဲ့သောနေရာကို ကိုယ်ကြီးမြှတ်ရွာဟု အမည်တွင်ခဲ့ပါတယ်)

သက်ဦးဆံပိုင် ဘုရင်စနစ်တို့ ထုံးဆံအတိုင်း
ကုန်းချောတဲ့ အမတ်ကြီးလေးဦးကိုထောင့်လေးထောင့်တွင် အရှင်လတ်လတ်သံတစို့ထိုး၍ ကြိမ်စာတိုက်ပြီး
မြှပ်နှံခဲ့ပါတယ်၊၊

မင်းသမီးမြှပ်နှံခဲ့သော ကိုယ်ကြီးမြှတ်ရွာက
ရွာသူရွာသားများဟာ သုံးပန်လှမင်းသမီးအကြောင်းကို လက်လွတ်စပယ်မပြောရဲကြပါဘူး၊၊
မင်းသမီးကို အမှားပြုမိရင် နူတယ်လို့လဲ ယုံကြည်ထားကြပါတယ်၊၊သုံးပန်လှမင်းသမီးဟာ
ဒွတ္တပေါင်မင်းကြီးနဲ့ ကွဲကွာရတာ ကုန်းချောသောစကားသောကြောင့်ဆိုပြီး
ကုန်းချော ကုန်းတိုက်တဲ့စကားတွေကို အလွန်မုန်းတီးကြပါတယ်၊၊

ထိုအရပ်ကလူတွေဟာ ကုန်းချော စကားပြောရင် ဘေးဥပါဒ်ရောက်တယ်လို့လဲ လက်ခံထားကြတယ်၊၊ နှစ်စဉ်နှစ်တိုင်း ဝါဆိုလပြည့်နေ့မတိုင်ခင် သုံးပန်လှမင်းသမီးကို
သခင်မပွဲဆိုပြီး တင်မြှေက်ပူဇော်ပသကြပါတယ်၊၊
သုံးပန်လှမင်းသမီးက နယ်သူနယ်သားတွေအတွက် မိုးလေဝသကောင်းအောင် သီးနှံအထွက်ကောင်းအောင် မစပေးတယ်လို့လဲ ယုံကြည်ထားကြပါတယ်၊၊

၁၉၉၈ ခုနှစ်မှာ ယခုအမျိုးသားလွတ်တော်ဥက္ကဌ
ဦးမန်းဝင်းခိုင်သန်းတို့အဖွဲ့ သုံးပန်လှမင်းသမီးရဲ့
သင်္ချုင်းနေရာကို တူးဖော်ခဲ့ပါတယ်၊၊
သို့ပေမဲ့ ထူးခြားမှုတွေ ဖြစ်ပျက်ခဲ့ပြီး ရေလုံးကြီး
တွေထွက်လာတာကြောင့် လက်လျှော့ခဲ့ရပါတယ်
အခြားသိုက်ဆရာတွေ လာတူးကြပေမဲ့ နွေရာသီခေါင်ခေါင် မိုးရွာတာ မိုးကြိုးပစ်တာ
လေးပြင်းတိုက်တာ အပြင် အခြားခြောက်ခြားစရာတွေ ကြုံခဲ့ရတဲ့အတွက်
လက်လျော့ခဲ့ရတယ်လို့ သိရပါတယ်၊၊

ရှေးဟောင်းသုတေသန အဖွဲ့က ၂၀၁၈ခုနှစ် ၄လပိုင်းမှာ ဦးမန်းဝင်းခိုင်သန်းရဲ့ညွှန်ကြားချက်အရ ငွေကျပ် သိန်း၃၇၀ အကုန်အကျခံတူးဖော်မယ်လို့
သိရှိရပါတယ်၊၊
ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ကွေ့တက်ကျေးရွာအုပ်စု၊
ကိုယ်ကြီးမြှပ်ရွာရဲ့ မြေအောက်မှာတော့
သုံးပန်လှဒေဝီမင်းသမီး ရှင်စောဖြူရဲ့ အလောင်းဟာ ရွှေရုပ်ထု၊ ရွှေတလားတွေနဲ့အတူ
အမုန်းတရားတွေကို သိမ်ဆည်းသိုဝှက်ထားလျှက်
ရှိနေဆဲပါပဲ၊၊ ၊၊

Crd: အနည်းယူထားသည်
လိုအပ်သည်များကို ကိုယ်တိုင်လေ့လာရေးထားသည်၊

မူရင်း​ ​ရေးသားသူ ကို Crd ပေးပါသည်​။

Address

Yan Aung (2) Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959965100201

Website

Alerts

Be the first to know and let us send you an email when Shwe Bon San Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Bon San Travel & Tour:

Share

Category


Other Travel Companies in Yangon

Show All