17/04/2023
M-Adventure ရဲ့ ဒုတိယမြောက် product က ဘာဖြစ်မလဲ !!
M-Adventure ရဲ့နောက်ထပ်ထွက်ရှိလာမယ့် product ဟာလည်း ခရီးသွားရင်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။
ဘယ်လို travel product တစ်ခုဖြစ်မလဲဆိုတာကိုတော့ page မှာ မကြာခင်တင်ပေးသွားမှာပါ။
M-Adventure ဟာ recycled/upcycled product တွေကို အခြေခံထုတ်လုပ်တဲ့ brand ဖြစ်တာနဲ့အညီ အခုတစ်ခေါက်မှာလည်း
လူတွေမလိုအပ်လို့ အမှိုက်ပုံကိုစွန့်ပစ်လိုက်တဲ့ ဘယ်လိုအမှိုက်အမျိုး အစားတွေကို အခြေခံပြီး လူသုံးကုန်ပစ္စည်းတစ်ခုအဖြစ်ပြန်လည်
ဖန်တီးထားလည်းဆိုတာ မကြာခင်တင်ပေးသွားမှာဖြစ်ပါတယ်။
✅ Environmental သမားတွေအတွက် သတင်းကောင်းတစ်ခုအနေနဲ့
M-Adventure ဟာ ကိုယ်ပိုင် product စတင်ဖန်တီးထုတ်လုပ်တဲ့ နိုဝင်ဘာလ ၅ရက်နေ့ကစလို့ ယနေ့အချိန်အထိ အမှိုက်ပုံကိုစွန့်ပစ်ပစ္စည်းအဖြစ်ရောက်ရှိ လာတဲ့ထီးအရွက်ရေ ၁၃၃၃၀ ကို ဖျာပုံ၊ ဘိုကလေး၊ မော်ကျွန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ ဒလ၊ ရွှေပေါက်ကံ နဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ ရှိတဲ့ အမှိုက်ပုံတွေကနေ (ပလုံကောက်သူတွေမှတဆင့်) ပြန်လည်ကောက်ယူပြီး လူတွေအသုံးပြုလို့ရတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် ထုတ်လုပ်ဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ်။
✅ ယနေ့အချိန်အထိ M-Adventure Bag (trash/shopping bag) အလုံးရေ ၄၅၃၀ ကို ဖန်တီးခဲ့ပြီးဖြစ်ကြောင်းလည်း ဂုဏ်ယူစွာနဲ့အသိပေး အပ်ပါတယ်။
M-Adventure ကိုယုံကြည်ပြီး upcycled shopping bag တွေ မှာယူပေးတဲ့ Environmental organization ကြီးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်.။
ဒီ April လ သိပ်မကြာတော့မယ့်အချိန်ကာလတစ်ခုအတွင်း M-Adventure ဟာ ဒုတိယမြောက်ထုတ်ကုန်အသစ်နဲ့အတူ ပြန်လာပါ့မယ်။
ချစ်ခင်စွာ
M-Adventure Team