19/04/2022
PV ( Visit Passport) & PJ (Job Passport)
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ လာဖို့ ရွှေမြန်မာ အများစု နိုင်ငံကူးလက်မှတ်(ပါတ်စ်ပို့) လျှောက်ရာဝယ် အမေးခံရဆုံး မေးခွန်းတခုမှာ Passport Type ကို PV လုပ်ရမှာလား PJ လုပ်ရမှာလား ????
PV – Visit Passport; ပြည်ပသို့အလည်အပတ်သွားလိုသူ များအတွက်PJ – Job Passport; ပြည်ပ အလုပ်အကိုင် အတွက် မလေးရှား လာဖို့ အတွက်ပဲ ဆိုရင်တော့
------------------------------------------
* PV လျောက်မယ်ဆိုရင် ကိုယ့်ဖာသာကိုယ်လျောက်လို့ရတယ်။မလေးအလည်ဗီဇာ တင်လို့ရတယ်။ မလေးရောက်ပီး ပါမစ် တင်မယ်ဆိုရင်လည်း PV နဲ့ ပါမစ် တင်လို့ရတယ်။
------------------------------------------
* PJ လျောက်မယ် ဆိုရင် yangon က Manpower Agency တခုက အာမခံ စာရွက်စာတမ်းပေးမှ စာအုပ် လျောက်လို့ရတယ်။ ရိုးရိုး ကောလင်း( A to A ) အေဂျင်စီ နဲ့ လာရင် smart card လျှောက်တာ၊ ကောလင်းကျပီး ဗီဇာ လျောက်တဲ့ အခါ PJ စာအုပ်ဖြစ်နေဖို့ လိုပါတယ်၊မြန်မာပြည် ကထွက်ဖို့ အတွက် လိုတာဖြစ်ပီး မလေးရှား ဘက်ကတော့ ပါမစ်ကပ်ပေးဖို့ကို PV , PJ မကြည့် ပါဘူး။
PJ စာအုပ်ဟာ တရားဝင် ကောလင်းနဲ့ မလေးရှား သွားဖို့ အတွက် လုပ်ရတာလို့ နားလည်လို့ ရပါတယ်။
ဒါကြောင့် တရားဝင် ကောလင်းနဲ့ မလေးရှားလာချင်သူတွေက မှားပီး PV စာအုပ်လုပ်ထားရင် PJ type စာအုပ် ပြောင်းဖို့ လိုပါမယ်။
PV ကနေ PJ ပြောင်းဖို့ အေဂျင်စီတွေရဲ့ အာမခံ စာရွက်စာတမ်းတွေ အရင်လို မလိုတော့ ဘဲ ကိုယ့်ဖာသာ ကိုယ် လွယ်လွယ် ကူကူ ရုံးမှာ သွားလျှောက်လို့ ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။
#ကေတီ_တီ