May Myat Thaw - May Pyae Sone

May Myat Thaw - May Pyae Sone Dignity and respect is my priority.

25/11/2024
The very first London - Yangon Direct flight in 1933
21/11/2024

The very first London - Yangon Direct flight in 1933

🇲🇲၁၉၃၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကလန်ဒန်မှ ရန်ကုန် ခရီးစဉ် ပြေးဆွဲခဲ့တဲ့

Imperial Airways လေယာဉ်ရဲ့ အတွင်းပိုင်း

အရင်က ရန်ကုန်-လန်ဒန် တိုက်ရိုက်နော်😊

တန်ဆောင်မုန်းလပြည့် အခါသမယမှစ၍မြန်မာပြည်သူပြည်သားများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...ကိုယ်စိတ်နှစ်ပါး လုံခြုံကြပ...
15/11/2024

တန်ဆောင်မုန်းလပြည့် အခါသမယမှစ၍

မြန်မာပြည်သူပြည်သားများအားလုံး
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...
ကိုယ်စိတ်နှစ်ပါး လုံခြုံကြပါစေ...
စီးပွားဥစ္စာများလဲ တိုးတက်ကြပါစေ...

🙏🙏🙏

ဘန်ကောက် - ချင်းမိုင် ရထားလေး
08/11/2024

ဘန်ကောက် - ချင်းမိုင် ရထားလေး

ဘန်ကောက် ကနေ ချင်းမိုင် ကို THB 228 ဘတ် ပေးပြီး🚂 ရထားစီးသွားမယ်😊
📌ဘန်ကောက်ကနေ ချင်းမိုင် ကိုအသက်သာဆုံး နဲ့သွားလို့ရတဲ့နည်းလမ်းကတော့ ရထားစီးသွားတာပါ။📌တစ်ယောက်ကိုTHB 228 ဘတ်
📌Don Mueang Railway Station ကို ရထားမထွက်ခင် အရောက်သွား လက်မှတ်ဖြတ်ပြီးတက်စီးရုံပါပဲ။
📌နံပါတ် 109 Rapid 3rd Class က THB 228 ဘတ် ပါ။
🔹14:32 Pm Don Mueang ကထွက်ရင် 4:05 Am ချင်းမိုင် (Chiang Mai) ကို ရောက်မှာပဲ ဖြစ်ပါတယ်။
ရထားစီးရတဲ့ ကြာချိန်ကတော့ (13) နာရီ ခွဲ ဝန်းကျင် ကြာပါတယ်။
📌အကယ်၍ ဟိုရောက်မှ လက်မှတ်မဖြတ်ချင်ဘူးဆို ဝက်ဆိုက်ကနေ ရထားလက်မှတ်ကို ကြိုတင် ဝယ်ယူလို့လည်းရပါတယ်၊ကွန်းမန့်မှာ ရထားလက်မှတ်ဝယ်လို့ရအောင် ဆော့ဝဲလင့်
https://bit.ly/3YN6h6I

"အားလုံးအဆင်ပြေကြပါစေ"

Happy Davila to all my Indian Friends!
01/11/2024

Happy Davila to all my Indian Friends!

One day in Bangkok - BTS Card
26/10/2024

One day in Bangkok - BTS Card

သီတင်းကျွတ် အခါသမယမှစ၍မြန်မာပြည်သူပြည်သားများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...ကိုယ်စိတ်နှစ်ပါး လုံခြုံကြပါစေ...စီ...
17/10/2024

သီတင်းကျွတ် အခါသမယမှစ၍

မြန်မာပြည်သူပြည်သားများအားလုံး
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...
ကိုယ်စိတ်နှစ်ပါး လုံခြုံကြပါစေ...
စီးပွားဥစ္စာများလဲ တိုးတက်ကြပါစေ...

🙏🙏🙏

05/10/2024

ခုတလော ဂယက်ရိုက်နေတဲ့ Passport ကိစ္စလေး

October သီတင်းကျွတ်ပိတ်ရက်တွေမှာ လေယာဉ်လက်မှတ်ရချင်တယ်ဆိုရင်တော့ လက်သွက်မှရတော့မယ် မိတ်ဆွေတို့ရေ.....လိုအပ်ရင် ဆက်သွယ်လိ...
03/10/2024

October သီတင်းကျွတ်ပိတ်ရက်တွေမှာ လေယာဉ်လက်မှတ်ရချင်တယ်ဆိုရင်တော့ လက်သွက်မှရတော့မယ် မိတ်ဆွေတို့ရေ.....

လိုအပ်ရင် ဆက်သွယ်လိုက်ပါနော်

☎️ 09885280533 / 09785280533

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီး✅✅✅ရာမှာသတိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရ...
22/09/2024

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီး✅✅✅
ရာမှာသတိထားရမယ့်အချက်များ
နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင် သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ
လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈️ Checked through လား၊ Self-Transfer လား သိထားရပါမယ်။
Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✈️ Transit Visa လို/မလို ကြည့်ပါ။
တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✈️ Layover/ Stopover Time
လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✈️ လေဆိပ်မှာ Check-in ဝင်တဲ့အခါ
ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✈️ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။
ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈️ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။
Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✈️ အိတ်တွေကို သေချာထည့်ပါ။
လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✈️ Transit လေဆိပ်ရောက်တဲ့အခါ
⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။
တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။
ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✈ Transfer Desk ကို သွားရမယ်။
ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။
Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✈️ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ
အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။
ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။
အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…
Credit to Dr Nu Myat

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ Mpox(မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များ ရယူနိုင်ရေ...
26/08/2024

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ Mpox(မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များ ရယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်/ထွက်ပေါက်များတွင် အောက်ဖော်ပြပါ ကျန်းမာရေးကြေညာချက် (Health Declaration Form)ကို ၂၂-၈-၂၀၂၄ ရက် မှစ၍ အသုံးပြုသွားမည်ဖြစ်ပါသည်။
(၂၂-၈-၂၀၂၄ရက်၊ကျန်းမာရေးဝန်ကြီးဌာန)

International Airport to obtain information on Mpox (monkey pox) disease from domestic/foreign tourists entering Myanmar. The Health Declaration Form below will be used at ports and border entrances/exits from 22-8-2024.
(22-8-2024, Ministry of Health)

ပထမဆုံး လေယာဉ်စစီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✈️✈️✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??ပထမဆုံးပြောချင်တာကတော့ ခရီးသွ...
21/07/2024

ပထမဆုံး လေယာဉ်စစီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✈️✈️

✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??

ပထမဆုံးပြောချင်တာကတော့ ခရီးသွားတော့မယ်ဆိုရင် ကိုယ်ဖာသာဘယ်နေ့သွားမှာသေချာပြီလဲလို့ပြန်မေးပါ။

သွားမှာသေချာတဲ့ရက်က တစ်လလောက်လိုသေးရင် လေယာဉ်လက်မှတ်ကိုကြိုဝယ်ထားပါ။

Air Ticket တွေက ရက်နီးဈေးတွေကတစ်ရိပ်ရိပ်လေပါ။

တစ်ရက်နဲ့တစ်ရက်လည်း ဈေးမတူပါဘူး။

တစ်ချို့ကရက်နီးမှဝယ်မယ်ဆိုပြီး အေးအေးဆေးဆေးနေတတ်ပါတယ်။

ရက်နီးလေ Air Ticket ဈေးတွေကတက်လေပါပဲ။

✅Airticket ဝယ်ရင် ဘယ်ရက်တွေကိုရှောင်ရမလဲ??

Airticket ဝယ်တဲ့အခါ Sat Sanလိုရက်တွေကိုရှောင်ပါ။ အဲ့လိုရက်တွေဟာ ခရီးသွားတွေလည်းများတတ်တာမို့ လေယာဉ်လက်မှတ်ဈေးတွေဟာ လည်း ပုံမှန်ရက်တွေထက်ပိုတတ်ပါတယ်။

ခရီးသွားတွေများတဲ့နေ့တွေမှာ Airticket ဈေးတွေပိုများတတ်ပါတယ်။

ခရီးသွားမယ်လို့ Plan ချပြီးပါက Airticket ကိုတစ်လလောက်ကြိုဝယ်ပါ။

✅Air Ticket ဝယ်တဲ့အခါ Seat တစ်ခါတည်းရတာလား??

တစ်ခါတည်းရွေးဝယ်လို့ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေကတော့ Seat ရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိသလို တစ်ချို့လေကြောင်းလိုင်းတွေကတော့ ထပ်ပေးစရာမလိုပါဘူး။

လေယာဉ်လက်မှတ်မှာ Seat မပါရင်ဘယ်လိုလုပ်မလဲ??

တစ်ကယ်က လေယာဉ်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူး။ Air Ticket က လေကြာင်းလိုင်းကနေဝယ်ဝယ်ပြီးချင်းရတဲ့ဟာပါ။

Boarding Pass ကတော့ Check In Counter ရောက်မှ ရတာပါ။

ဘာကွာတာလည်းဆိုတော့ Boarding Pass မှာSeat တွေတစ်ခါတည်းရေးပေးလိုက်ပါတယ်။

Gate No ဘယ်လောက်မှာစီးရမယ် ဆိုတာတွေပါပါတယ် လက်မှတ်လိုပါပဲ။ Checkin Counter ရောက်မှပေးတာပါ။

✅လေဆိပ်ကိုအိမ်ကနေဘယ်အချိန်လောက်ဆင်းရမလဲ??

လေယာဉ်Check In Counter တွေဟာ လေယာဉ်မထွက်ခင်နာရီဝက် တစ်နာရီလောက် စောပြီးတော့ပိတ်တတ်ပါတယ်။ ခရီးသွားတွေများတဲ့ လတွေအချိန်တွေဆို CheckIn ကောင်တာမှာ တန်းစီစောင့်ရတာနဲ့အချိန်ကြာတတ်ပါတယ်။

Airline Check In Counter ပိတ်ချိန်တွေဟာမတူတတ်တာမို့ လမ်းမှာကားပိတ်မှာနဲ့ဘာနဲ့အချိန်ကိုတွက်ပြီး အိမ်ကနေ နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြိုပြီးစောထွက်ပါ။

✅Boarding Pass ဆိုတာဘာလဲ??

Boarding Passဆိုတာကတော့ Checkin Counter မှာထုတ်ပေးလိုက်တဲ့ လေယာဉ်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါ။

အဲ့လက်မှတ်ထဲမှာ ခုံနံပါတ်တွေ။ ဘယ် Gate မှာသွားစီးရမလဲဆိုတာတွေပါပါတယ်။ လေယာဉ်နံပါတ်တွေ။
အဲ့လက်မှတ်ထဲမှာရေးထားတဲ့ Gate Noကိုရောက်အောင်သွားပြီး လေယာဉ်စီးရမှာပါ။

✅လေယာဉ်လက်မှတ်ရရင် Print ထုတ်ထားသင့်သလား??

Print ထုတ်ထားစရာမလိုပါဘူး။ ဖုန်းထဲမှာသိမ်းထားတဲ့ လက်မှတ်ကို Checkin Counter ရောက်မှပြလိုက်ရင် Boarding Passထုတ်ပေးပါတယ်။

ထုတ်ထားရင်တော့ ပိုရှင်းပါတယ်။ အဲ့Air ticket ပရင့်ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် Bording Passထုတ်ပေးမှာပါ။

✅Terminal1ကိုသွားရမှာပါ။

✅လေဆိပ်ထဲကိုဘယ်လိုဝင်ရလဲ??

လေဆိပ်ထဲက စဝင်တဲ့အခါ မြန်မာလေဆိပ်မှာ အဝင်ကို တစ်ခါစစ်ပါတယ်။

Luggage အိတ်တွေ လူတွေကိုစစ်ပါတယ်။
ပြီးရင်တော့ လေဆိပ်ထဲကိုရောက်ပါပြီ။

လေဆိပ်ထဲရောက်တဲ့ အခါ Check In လုပ်လို့ရမရ Departure Board မှာကြည့်လို့ရပါတယ်။

ကိုယ့် အဲ့လိုင်းနံပါတ် ကဉပမာ UB307ဆိုရင် board မှာ အချိနဲ့ Airline No တွေနဲ့ပြနေပါတယ်။ Check In Counter ဖွင့်နေရင် ကိုယ့်အဲ့လိုင်းနံပါတ်ကို

Board မှာပါတာတွေကတော့

Time Destination Flight Gate Status ပါ။

Time ကတော့ ကိုယ့်Air Line ကဘယ်အချိန်ထွက်မှာလည်းဆိုတာကိုပြနေတာပါ။ Air Ticket မှာပါတဲ့အချိန်ပါ။

Destination ကတော့ သွားမယ့်နိုင်ငံပါ။

Thailand ဆို Thailand လို့ပြနေမှာပါ။

Flight ကတော့ ကိုယ့် Air Ticket မှာပါတဲ့ Flight Noပါ။

လေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါ။ ကိုယ်စီးရမယ့်လေယာဉ်နံပါတ်ပါ။

Gate ကတော့ ကိုယ်လေယာဉ်သွားစီးရမယ့်Gate ပါ။

Status မှာတော့ Boardingဆို လေယာဉ်ထွက်ခွာပြီလို့ပြောတာပါ။

Gate Close ဆိုGate ပိတ်ပြီ

Gate Openဆို Gate ဖွင့်နေပြီ။

Check In ဆို Check In ကောင်တာဝင်လို့ရပြီလို့ပြောတာပါ။

တစ်ခုရှိတာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာမို့ ပုံစံချင်းကတော့အတူတူပါပဲ။

တစ်ချို့ကလည်း Check In လို့တန်းရေးထားတတ်ကြပါ။ ဝင်လို့ရရင် Open လို့ရေးထားတတ်ကြပါတယ်၊

မြန်မာမှာတော့ လေဆိပ်ကကျဉ်းကျဉ်းလေးမို့ ကြည့်မနေပါနဲ့ Check In ကောင်တာဖွင့်မဖွင့်ကို လေဆိပ်ထဲက ဝန်ထမ်းတစ်ယောက်ယောက်ကိုသာ ကိုယ်စီးမယ့်လေကြောင်းလိုင်းနာမည်ပြောပြီး Check In ကောင်တာဘယ်မှာလဲလို့သာမေးလိုက်ပါ။ ဝင်လို့ရရင် လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်။

✅Check In ဘယ်လိုဝင်မလဲ??

Check In ဝင်တယ်ဆိုတာကတော့ ကိုယ် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို Boarding Passပြောင်းပြီး Show Money ပါမပါတို့။ စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ။ Passport ကနာမည်နဲ့ Airticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ်။ Visa နဲ့လားရိုးရိုးလားတွေတိုက်စစ်တဲ့နေရာပါ။ အဲ့မှာ ကိုယ့်ရဲ့ Luggage အိတ်ရဲ့ အလေးချိန်တွေစစ်ပါတယ်။

လေကြောင်းလိုင်းတစ်ချို့ကLuggage အိတ်ကို 30Kg ထိ လေယာဉ်အိတ်ထဲကိုထည့်လို့ရပြီး ။ 7Kg လောက်ထိ Hand Curry သယ်လို့ပါတယ်။

Kgပိုနေရင်တော့ ပိုက်ဆံထပ်ပေးရပါတယ်။ မြန်မာငွေမလိုတော့ဘူးဆိုပြီးတော့မှမယူလာတာမျိုးတွေမလုပ်ပါနဲ့။ အပိုအလိုထည့်လာပါ။

✅Kg ပိုမပို ဘယ်လိုချိန်မလဲ??

Kg ပိုမပိုဘယ်လိုချိန်မလဲဆိုရင်တော့ အိမ်မှာပေါင်ချိန်စက်ရှိရင် အဲ့အပေါမှာအိတ်ကိုတင်လိုက်ပါ။ lbဖြစ်နေရင် kgကိုပြောင်းလိုက်ပါ။ အနီးစပ်ဆုံးပြပါတယ်။ သာမာန် Luggage အိတ်တစ်လုံးဟာ 30KGထက်မပိုပါဘူး။ အဲ့တာကြောင့် သိပ်တော့မစိုးရိမ်ပါနဲ့။

✅Check In ဝင်ပြီးရင်ဘယ်ကိုသွားရမလဲ??

Check In ဝင်ပြီးရင် သွားရမှာက Immigration ပါ။ Immigrationဖြတ်တဲ့အခါ Visa Type တွေဘာတွေ စစ်ပါမှာ။ Sacanဖတ်ပါမယ်။ ပြီးရင်တော့ ဘယ်နေ့ကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ။

Immigration Counter ကိုဖြတ်ပြီးရင်တော့ hang carry တွေကိုစစ်ပါမယ်။ ဖိနပ် ဖုန်း အိတ်အကုန်စစ်ပါမယ်။ အဲ့တာကိုဖြတ်ပြီးရင် တော့ Gate ကိုသွားလို့ရပါပြီ။

Bording Pass မှာပါတဲ့ Gate Noကိုသွားပါ။

Bording Gateကို လေယာဉ်ထွက်ခွာမယ့် အချိန်ထက် 45မိနှစ်လောက်ကြိုရောက်အောင်သွားပါ။

လေကြောင်းကြောင်းက Flight Noကိုအော်ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တက်လိုက်လာရုံပါပဲ။

လေယာဉ်ပေါ်ရောက်ရင် စကားအကျယ်ကြီးမပြောပါနဲ့။ ပြောလို့မရလို့မဟုတ်ပါဘူး။ ရပါတယ်။ တိုးတိုးတိတ်တိတ်နေတာဟာ ပတ်ဝန်းကျင်ကိုအနှောင့်ယှက်မပေးရာရောက်ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အခါ Airplane Mode ကိုOn ထားပါ။

လေယာဉ်ဆိုက်တဲ့အခါ ပြန် ပိတ်ထားပါ။

ဘန်ကောက်ကိုရောက်တဲ့အခါ တယ်လီနောကဒ်ကိုသုံးလို့ရပါတယ်။

တယ်လီနောကဒ် ကို Roaming Data ကိုOn ထားပါ။
အဲ့တာဆိုအင်တာနက်ကောသုံးလို့ရသလို။ ဖုန်းလည်းဆက်လို့ရပါတယ်။

တစ်ဖက်နိုင်ငံလေဆိပ်ကို ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာလဲ။

Immigration ဆိုတဲ့ Sign ကိုမတွေ့မချင်းလျှောက်ပါ။

Immigrationဆိုတဲ့ Sign ကိုတွေ့တဲ့အခါကွေ့ပြီး တန်းစီပါ။

Immigration Counter မှာ လေယာဉ်လက်မှတ်ရယ်။ Passport ရယ်၊ Hotel Booking၊ Show Money တို့ပြရပါတယ်။

Hotel Booking နဲ့ Show Moneyကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်။ ဒါပေမယ့် ပြည့်စုံအောင်ပြင်ဆင်လာပါ။

Passport ကိုတုံးထုပေးလိုက်ရင် နိုင်ငံထဲကိုဝင်လို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။
Credit to Original Uploader ပထမဆုံး လေယာဉ်စစီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✈️✈️

Credit to Original Uploader

ကျဆုံးလေပြီးသော အာဇာနည်များအား ဦးညွှတ်ဂုဏ်ပြုပါ၏...
19/07/2024

ကျဆုံးလေပြီးသော
အာဇာနည်များအား
ဦးညွှတ်ဂုဏ်ပြုပါ၏...

ဘန်ကောက် - လာအို အမြန်ရထား
11/07/2024

ဘန်ကောက် - လာအို အမြန်ရထား

ခဏခဏ မေးနေကြလို့ဟုတ်ကဲ့ "International Hotel Booking" တွေလဲ လုပ်ပေးပါတယ်နော်...ယုံယုံကြည်ကြည်နဲ့ ဝယ်ယူကြတဲ့ မိတ်ဆွေ သူငယ...
05/07/2024

ခဏခဏ မေးနေကြလို့

ဟုတ်ကဲ့

"International Hotel Booking" တွေလဲ လုပ်ပေးပါတယ်နော်...

ယုံယုံကြည်ကြည်နဲ့ ဝယ်ယူကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကိုလဲ ကျေးဇူအထူး တင်ရှိပါတယ်ရှင့်...

လိုအပ်လာရင် သတိရလိုက်ပါနော်!!!

Address

Dagon Thiri Street
Yangon

Telephone

+959885280533

Website

Alerts

Be the first to know and let us send you an email when May Myat Thaw - May Pyae Sone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Myat Thaw - May Pyae Sone:

Share

Category

Nearby travel agencies

  • Mahar Thit Travels & Tours

    Mahar Thit Travels & Tours

    No. 51/အသောကလမ်း/နတ်ချောင်းရပ်ကွက်/တာမွေမြို့နယ်/ရန်ကုန်
  • Shwe Annawar Travels & Tours

    Shwe Annawar Travels & Tours

    Kyaikkasan Road, Tamwe
  • RED SEA Travels & Tours

    RED SEA Travels & Tours

    Tamwe Township

Other Travel Companies in Yangon

Show All