Starting Point

Starting Point Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Starting Point, Travel Agency, Yangon.

🍀 အလုပ်ကိစ္စ အသိပေးခြင်း 🍀ဒီရက်ပိုင်းထဲ …. ပို့စ်အသစ်တွေ တတ်မလာခဲ့ရင်လည်း ကျွန်မ လုပ်ငန်းက အရင်နေရာ အရင် ဖုန်းနံပါတ်တွေအ...
13/10/2023

🍀 အလုပ်ကိစ္စ အသိပေးခြင်း 🍀

ဒီရက်ပိုင်းထဲ ….

ပို့စ်အသစ်တွေ တတ်မလာခဲ့ရင်လည်း ကျွန်မ လုပ်ငန်းက အရင်နေရာ အရင် ဖုန်းနံပါတ်တွေအတိုင်း ပုံမှန် လည်ပတ်နေမှာပါ။

အရှေ့ရက်တွေက တင်ထားတဲ့ ပို့စ် အဟောင်းလေးတွေ ရှာလို့မတွေ့တော့ဘူးဆိုရင် စိတ်မပူကြဖို့ကိုလည်း အရင်ဆုံး သတိပေးချင်ပါတယ်။

ဘယ်သူ့အပေါ်မှာမှ ငွေကြေးနဲ့ သက်ဆိုင်လို့ရော အလုပ်ကြွေးနဲ့ သက်ဆိုင်လို့ပါ အကြွေးတင်မှု မရှိထားပေမဲ့ တချို့ပို့စ်တွေ ဖျက်ဖို့ လိုအပ်နေတာကြောင့်ပါ။

တခြားအရှုပ်အရှင်းတွေကြောင့်မဟုတ်ပဲ ကုမ္ပဏီသေးသေးလေးကို နည်းနည်းလေး
ဗားရှင်းပြောင်းချင်တာမို့ပါရှင့်။

အွန်လိုင်းကပဲ ခဏ ငြိမ်သွားတာဖြစ်ပြီး အလုပ်ကတော့ အရင်နေရာ၊ အရင် ဖုန်းနံပါတ်တွေနဲ့ ပုံမှန်အတိုင်း လည်ပတ်နေမှာပါနော်။

📌အလုပ်ကိစ္စ ဆက်သွယ် စုံစမ်းရန် 📌

Starting Point Co., Ltd

09776623246 (due to office hours 9:00am to 5:00pm)

[email protected]

No.287, Min Nandar Street, Bamar Aye Ward, Dawbon Township, Yangon.

Me ...... အစ်မရေ passport ပေါ်က chop လေးတွေပါတဲ့ စာမျက်နှာ ပုံရိုက်ပို့ပေးနော် My customer 👇 (ပို့လာတဲ့ပုံကို တစ်ချက်ရှိ...
28/07/2023

Me ...... အစ်မရေ passport ပေါ်က chop လေးတွေပါတဲ့ စာမျက်နှာ ပုံရိုက်ပို့ပေးနော်

My customer 👇 (ပို့လာတဲ့ပုံကို တစ်ချက်ရှိုး)
…........................................................

ရိုးရိုးပို့ကြပါဟယ်။ လှို့ဝှက်စာပို့သလို မှန်ထောင်ကြည့်နေရတယ် 😭

စိတ်တွေလည်း ညစ်ရပါတယ်။

25/07/2023
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ CI စာအုပ် PJ ပတ်စပို့ PV ပတ်စပို့ ကိုင်ဆောင်ထားသူများအား ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြ...
23/06/2023

မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ CI စာအုပ် PJ ပတ်စပို့ PV ပတ်စပို့ ကိုင်ဆောင်ထားသူများအား ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပြီ (ရုပ်/သံ)

မဲဆောက်၊ ဇွန် ၁၀

ထိုင်း-မြန်မာနယ်စပ်၊မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ CI စာအုပ်၊ PJ ပတ်စပို့နဲ့ PV အလည်ဗီဇာ အပါအဝင် နယ်ခြားဖြတ်ကျော်ခွင့် ၇ ရက် လက်မှတ်များပြုလုပ်ပြီး ယခင်အတိုင်း ပြန်လည်ဖြတ်သန်းသွား လာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က CI စာအုပ်၊ PJ ပတ်စပို့နဲ့ PV အလည်ဗီဇာ ပတ်စပို့ ကိုင်ဆောင်ထားသူများကို မြန်မာဘက်က မြဝတီ-မဲဆောက် အမှတ် (၁)တံတားပေါ်က ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ပါတယ်။

တံတားပေါ်က ဖြတ်သန်းသွားလာခွင့်ပိတ်ပြီး ၂ ရက်အကြာ ဇွန်လ ၇ ရက်နေ့မှာ CI စာအုပ်နဲ့ PJ ပတ်စပို့ ကိုင်ဆောင်ထားသူများကို ပြန်လည်ဖြတ်သန်းခွင့်ပြုပေးခဲ့ပြီး PV အလည်ဗီဇာပတ်စပို့ ကိုင်ဆောင်ထားသူများကိုတော့ ဖြတ်သန်းသွားလာခွင့်မပြုခဲ့ပါဘူး။

အဲဒီလို ပိတ်ပင်ထားရာက ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ PV ပတ်စပို့ ကိုင်ဆောင်ထားသူများကို ယခင်းအတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုပေးလိုက်ပြီလို့ PV ပတ်စပို့နဲ့ မြဝတီ-မဲဆောက် အမှတ်(၁)တံတားကနေ ဝင်ရောက်လာသူ ကိုမင်းသိန်းက မြဝတီ&မဲဆောက်မီဒီယာ ကို ပြောပါတယ်။

" PV အလည်ဗီဇာ ကိုင်ဆောင်ထားတဲ့သူတွေ မြဝတီအမှတ်(၁)တံတားက ဝင်လို့ရပါပြီ ကျနော် ဒီနေ့ပဲ တံတား(၁)ကနေ မဲဆောက်ကိုဝင်လာတာ၊ ဝင်လို့ရဆို အရင်လိုတော့မဟုတ်ဘူး။ အရင်က အလည်ဗီဇာနဲ့ ၃ လရတယ် ရက်ပြည့်လို့ သက်တမ်းသွားတိုးရင် ၁ လ ထပ်ပေးတယ်၊ဆိုတော့ စုစုပေါင်း ၄ လ နေလို့ရတယ်။ အခုက ဗီဇာသက်တမ်း ၂ လပဲပေးတယ်၊ သက်တမ်းကုန်လို့ သွားတိုးမယ်ဆိုရင် ၁ လ ထပ်ရမယ်၊ ဆိုတော့ ထိုင်းမှာအရင်လို ၄ လနေလို့ မရတော့ဘူး ၃ လပဲနေလို့ရတော့မယ်" လို့ ပြောပါတယ်။

#မြဝတီမဲဆောက်မီဒီယာ

🌐 မန္တလေး ~ မူဆယ် 🌐မန္တလေးကနေ မူဆယ်ကို မနက်ပိုင်းထွက်တဲ့ကားလိုင်းတွေက ခရီးသည်တင် ယာဉ်လိုင်း အသေးစားတွေပဲ များပါတယ်။ 🔸(နမ...
07/06/2023

🌐 မန္တလေး ~ မူဆယ် 🌐

မန္တလေးကနေ မူဆယ်ကို မနက်ပိုင်းထွက်တဲ့ကားလိုင်းတွေက ခရီးသည်တင် ယာဉ်လိုင်း အသေးစားတွေပဲ များပါတယ်။

🔸(နမ့်ခမ်းမန်း ) 3 ကြိမ်)

Crown / Mark 2 ( 1+3)
5:00 AM တစ်ကြိမ် / 6:00 AM တစ်ကြိမ် / 7:00 တစ်ကြိမ်
ခေါင်းခန်း ၇၀၀၀၀
နောက်ခုံ - ၆၀၀၀၀

🔸(ရွှေမြင့်မိုလ်)

Crown / Mark 2 ( 1+3)
6:30 AM တစ်ကြိမ်
ခေါင်းခန်း ၇၅၀၀၀
နောက်ခုံ - ၆၅၀၀၀

🔸(လွိုင်ဆမ်ဆစ်)

Van Car
7:00 AM တစ်ကြိမ်
ခေါင်းခန်း ၆၀၀၀၀
နောက်ခုံ - ၆၀၀၀၀

🌚 Express ကားတွေကတော့ ညနေဘက်ထွက်တာပါ။

ရွှေမန္တလာ (ညကား)
6:00 PM
30000 (22 ယောက်စီးကား)

🟠🔶🔸 09776623246 ကို ဖုန်းလေးတစ်ချက် Hello လုပ်လိုက်ရုံပါပဲရှင့်။
ခရီးစဉ်ထွက်ခွါလိုသည့်ရက် / အချိန်နှင့်ယာဉ်လိုင်းလေးတွေအသိပေးရုံနှင့်

🔺 တိကျသေခြာသော Information
🔺 လွယ်ကူ မြန်ဆန်သော ငွေပေးချေမှုများနှင့်အတူ ….

🍀🧧 လူကြီးမင်းရဲ့ ဖုန်းလေးထဲ ကားလက်မှတ်လေး အရောက်ပို့ဆောင်ပေးသွားမှာပါရှင်။

အဝေးပြေး ကားလက်မှတ်များအတွက် ဆက်သွယ် စုံစမ်းလိုပါက

🌐 Starting Point Travel & Tours 🌐
09776623246 (( Viber / WhatsApp/ Telegram))
No.287, Min Nandar Street, Bamar Aye Ward, Dawbon Township, Yangon.

ဒီရက်ပိုင်း ကားလက်မှတ်အတွက် ဖုန်းဆက်မေးတာတွေ အတော်များပါတယ်။ ဒါပေမဲ့ မေးတဲ့သူတွေအများစုက ကားလက်မှတ်ကို ကျွန်မတို့ဆီက ဖျက...
07/06/2023

ဒီရက်ပိုင်း ကားလက်မှတ်အတွက် ဖုန်းဆက်မေးတာတွေ အတော်များပါတယ်။

ဒါပေမဲ့ မေးတဲ့သူတွေအများစုက ကားလက်မှတ်ကို ကျွန်မတို့ဆီက ဖျက်ပေးစေချင်ပြီး ပိုက်ဆံကိုတော့ ခရီးသွားမဲ့နေ့ အဝေးပြေးကားဝင်းရောက်ပြီးလို့ ကားပေါ်တတ်မှသာ ငွေပေးချေချင်ကြတာမျိုး ဖြစ်နေတာပါ။ 🥺

🔺 လက်မှတ်ဝယ်ယူဖို့အတွက် ငွေပေးချေမှု တစ်ခါတည်း လုပ်မှသာ လက်မှတ်ထုတ်ပေးမှာပါရှင်။🔺

❤️ ငွေပေးချေပြီးတာနှင့် စက္ကန့်ပိုင်းအတွင်း လူကြီးမင်းတို့ ဖုန်းထဲကို System ကနေတစ်ဆင့် ကားလက်မှတ်လေးတွေ Auto ရောက်ရှိလာမှာမို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ် ❤️

ဟိုးအရင်ခေတ်ကလို ကားဂိတ်ဖုန်းဆက် booking လှန်းတင်တဲ့ system မဟုတ်ပါဘူးရှင့်။ အဲ့ဒီလို booking တင်ရင်လည်း ကားဂိတ်ရောက်တဲ့အခါ ကြိုတင်ဝယ်ထားပြီးလို့ ခုံပြည့်နေရင် ဖုန်းဆက်ပြီးပြောထားပေမဲ့ ငွေပေးချေမှုမရှိသူအတွက် ထိုင်ခံုချန်မပေးပါဘူး။
ကျန်နေလို့ ဂိတ်ရောက် ကားပေါ်တတ်ဆိုရင်လည်း သူများ ရွေးထားပြီးသား ကျန်တဲ့နေရာ နောက်ဆုံးတန်း လျှောက်လမ်း အဲ့ဒီလိုနေရာတွေပဲ ရတတ်တာများပါတယ်။
ခရီးသွားရာသီမဟုတ်လုပ် ထိုင်ခုံမပြည့်ရင်တော့ ကိုယ်စီးချင်တဲ့ အရှေ့ပိုင်း ပြူတင်းပေါက်ထိုင်ခုံတွေ ရတတ်ပါတယ်။

🍀 ကျွန်မတို့ starting point မှ လက်မှတ်ဝယ်ယူပြီးသား customer များအတွက် ကားအမျိုးအစားစုံလင်စွာရဲ့ ယာဉ်လက်မှတ်များကို ရွေးချယ် ဝယ်ယူနိုင်သလို ထိုင်ခုံနေရာကောင်းလည်း ရွေးချယ်နိုင်တယ်၊ လက်မှတ်ဝယ်ပြီးနောက် ရာသီဥတုကြောင့်သော်လည်းကောင်း၊ အခြားသော အကြောင်းအရာများကြောင့် ကားထွက်ခွါချိန်နဲ့ ဆိုက်ရောက်ချိန် အပြောင်းအလဲရှိပါကလည်း ကြိုတင် ချိတ်ဆက် အကြောင်း ကြားပေးပါသေးတယ်။

💥 ဂိတ်ရောက်မှ ကားလက်မှတ်ရဖို့အပြေးအလွှား ဝယ်မလား။
🍀 Starting Point မှ လက်မှတ်ဝယ်ပြီး စိတ်ကြိုက်ထိုင်ခုံလေးရွေးလို့ သက်သောင့် သက်သာ ခရီးသွားမလား။

💥 လက်မှတ်များ ကြိုတင်ဝယ်မထားပါပဲ အဝေးပြေးဂိတ်ရောက်ခါမှ ခရီးစဉ်အပြောင်းအလဲကြောင့် စိတ်ညစ်ခံမလား။
🍀 Starting Point မှ လက်မှတ်ဝယ်ပြီး update သတင်းတွေကို ဖုန်းမှတစ်ဆင့် အချိန်နှင့် တပြေးညီလက်ခံရယူပြီး smart ကျကျ ခရီးသွားမလား။

🥰 ရွေးချယ်မှုကတော့ လူကြီးမင်းတို့ လက်ထဲမှာပဲ ရှိတာပါရှင့်။ 🥰

လူကြီးမင်းတို့အတွက် ရောင်းချပေးနေတဲ့ လက်မှတ်များကို Starting Point မှ ………

တရားဝင် Travel & Tour လိုင်စင်နှင့်အတူ
မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင်များ အစည်းအရုံးမှာ Company အနေနှင့် Registration လုပ်ထားတဲ့ အဆောက်အုံ လိပ်စာမှာတင် ရောင်းချပေးနေတာမို့ လူကိုယ်တိုင်လည်း လာရောက် ဝယ်ယူနိုင်ပါတယ်။

တချို့သော ယုံကြည်မှု အားနည်းနေသေးသော သူစိမ်းတရံတွေအတွက်ပြောပြပေးရတာပါ။

(အသိမိတ်ဆွေများအချင်းချင်းကတော့ နားလည်မှုနဲ့ သွားနေကြတာပါ)

ကျွန်မတို့ လက်မှတ်ကို တစ်ခါတည်း ရောင်းချပေးနေတာပါ။ Booking မဟုတ်ပါဘူးရှင့်။ ငွေရှင်းပြီးနောက် တစ်ခါတည်း လက်မှတ်ထုတ်ပေးနေတာပါနော်။

ဆက်သွယ်စုံစမ်းရန်-

Starting Point Travel & Tours

09776623246
(Viber / WhatsApp)

NO. 287, Min Nandar Street, Bamar Aye Ward, Dawbon Township, Yangon.
( သာကေတ capital အနီး)

စနေရော / တနဂ်နွေပါ ကျွန်မတို့ရုံးက ပိတ်ပါတယ်နော်။ အလုပ်ဖုန်းကတော့ 9 to 5 (မနက် ၉ နာရီမှ ညနေ ၅ နာရီ) ဖွင့်ထားပါတယ်။ START...
03/06/2023

စနေရော / တနဂ်နွေပါ ကျွန်မတို့ရုံးက ပိတ်ပါတယ်နော်။

အလုပ်ဖုန်းကတော့ 9 to 5 (မနက် ၉ နာရီမှ ညနေ ၅ နာရီ) ဖွင့်ထားပါတယ်။

STARTING POINT Co , Ltd
09776623246 (Viber, Whatsapp, telegram)

02/06/2023

🌐 Starting Point Travel & Tours 🌐မှ ခရီးသွားပြည်သူများအတွက် ပြည်တွင်း အဝေးပြေးကားလတ်မှတ်များကို နဂိုမူလ express ဂိတ်ရင်းကြီးများမှ ရောင်းချပေးနေသော စျေးနှုန်းအတိုင်း စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

🚸 တစ်နိုင်ငံလုံးအနှံ့ သွားလာရန် အဝေးပြေးယာဉ်လက်မှတ်များ အသွားအပြန် ဝယ်ယူရရှိနိုင်သော ယာဉ်လိုင်းများကတော့ -

Famous Traveller
JJ Express
King Express
Boss Express
Elite Express
Mandalar Min
Shwe Mandalar
Myat Mandalar Tun
Golden Mandalay
Khine Mandalay
GI Express
High Class
Myo Set Thit
Auny Win Express
Moe Kaung Kin
Mann Yar Zar Express
Yar Zar Tun
Shwe Loon Pyan
Shwe Lashio
Shwe Ka Chin
Lumbini Express
Asia Dragon
OK Express
Sein Nan Soe
Shwe Sin Settkyar
Taung Pyar Tan
Phone Myat Pine
Chin Taung Tan
Nan Htike Taw Win Express
and many more ....

🟠🔶🔸 09776623246 ကို ဖုန်းလေးတစ်ချက် Hello လုပ်လိုက်ရုံပါပဲရှင့်။
ခရီးစဉ်ထွက်ခွါလိုသည့်ရက် / အချိန်နှင့်ယာဉ်လိုင်းလေးတွေအသိပေးရုံနှင့်

🔺 တိကျသေခြာသော Information
🔺 လွယ်ကူ မြန်ဆန်သော ငွေပေးချေမှုများနှင့်အတူ ….

🍀🧧 လူကြီးမင်းရဲ့ ဖုန်းလေးထဲ ကားလက်မှတ်လေး အရောက်ပို့ဆောင်ပေးသွားမှာပါရှင်။

လက်မှတ်ဝယ်ယူပြီးသွားလည်း After sale service အနေနှင့် ထွက်ခွာချိန် အပြောင်းအလဲ ရှိပါကလည်း update သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။

အဝေးပြေး ကားလက်မှတ်များအတွက် ဆက်သွယ် စုံစမ်းလိုပါက

🌐 Starting Point Travel & Tours 🌐

09776623246 (( Viber / WhatsApp/ Telegram))

No.287, Min Nandar Street, Bamar Aye Ward, Dawbon Township, Yangon.

Passport PV ကိုင်‌ေဆာင်ထားသော မြန်မာနိုင်ငံသား မည်သူမဆို visa လျှောက်စရာမလိုပဲ1 လေယာဉ်လက်မှတ် အသွားအပြန်2 Hotel booking3...
01/06/2023

Passport PV ကိုင်‌ေဆာင်ထားသော မြန်မာနိုင်ငံသား မည်သူမဆို visa လျှောက်စရာမလိုပဲ

1 လေယာဉ်လက်မှတ် အသွားအပြန်
2 Hotel booking
3 Show money

အခုတော့ ထပ်တိုး COVID ကာကွယ်ဆေး နိုထြီပါ။ ဒီအချက် 4 ချက် သယ်ဆောင်းသွားရုံနှင့် နိုင်ငံပေါင်း 17 နိုင်ငံကို လည်ပတ်ခွင့် ရရှိထားပါတယ်ရှင့်။

VisaGuide / Visa Free Countries / Visa

Where Can Myanma Passport Holders Travel Without a Visa?
As of June 2023, Myanma passport holders can travel visa free to 17 countries and territories:

Brunei
Cook Islands
Dominica
Ecuador
Haiti
Indonesia
Laos
Micronesia
Montserrat
Niue
Philippines
Singapore
Sri Lanka
Saint Vincent and the Grenadines
Taiwan
Thailand
Vietnam

Visa မလိုအပ်ပဲ သွားလို့ရပြီမို့ အပေါ်က 17 နိင်ငံကို ကုန်ကျစရိတ် သတ်သာစွာနဲ့ ပျော်ပျော်ကြီး လည်ပတ်နိုင်ကြပါပြီရှင့်။

STARTING POINT Co., Ltd.

 #ဒီလိုစနစ်ကျတဲ့ဗီဇာအမျိုးမျိုးကနေ နိုင်ငံအခွန်ငွေ ဝင်ငွေတွေကို ဘယ်လိုရယူနေသလဲဆိုတာ လေ့လာအတုခိုးပြီးကိုယ့်နိုင်ငံကိုပြန်...
21/05/2023

#ဒီလိုစနစ်ကျတဲ့ဗီဇာအမျိုးမျိုးကနေ နိုင်ငံအခွန်ငွေ ဝင်ငွေတွေကို ဘယ်လိုရယူနေသလဲဆိုတာ လေ့လာအတုခိုးပြီး
ကိုယ့်နိုင်ငံကိုပြန်အလည်အကျိုးပြုဖို့ 💁‍♂️👇
ကျွန်တော်တို့ ရွှေမြန်မာလူမျိုးထက်မြတ်သူတွေ
နိုးကြားသင့်ပါပြီ ။

#အချင်းချင်းပုတ်ခတ်နေတာဟာ နိုင်ငံသားအချင်းချင်းကို
နိမ့်ကျစေတဲ့အတွက် နိုင်ငံကိုနိမ့်ကျစေတာနဲ့အတူတူပါပဲ ။
အဲဒီတော့ ကျွန်တော်တို့ ဘာတွေစပြောင်းကြမလဲ 🤝🤝💕။

#ကိုးရီးယားနိုင်ငံရှိဗီဇာ (၄၅) မျိုး
🇰🇷🇰🇷🇰🇷🇰🇷🇰🇷

📕A-1 Diplomat (외교)သံတမန်ဗီဇာ
📕A-2 Government official (공투) အစိုးရအရာရှိဗီဇာ
📕A-3 Agreement (협정) နိုင်ငံသဘောတူစာချုပ်ဗီဇာ

📕B-1 Visa exemption (사증면 제) ဗီဇာကင်းလွတ်ခွင့်
📕B-2 Tourist / transit (관광 동과) နိုင်ငံဖြတ်ကျော်ခွင့်ဗီဇာ

📕C-1 Temporary news coverage (일시 취재) သတင်းသမားဗီဇာ
📕C-2 Short-term business (난 기상 용) ယာယီစီးပွားရေးဗီဇာ

📕C-3 Short-term visit (단기 방문-6) အလည်ဗီဇာ
📕C-4 Short-term employee
(단 기 취업) အလုပ်အကိုင်ယာယီဗီဇာ

📕D-1. Artist (문화 예술) အနုပညာသည်ဗီဇာ
📕D-2 Student (유학) ကျောင်းသားဗီဇာ

📕D-3 industrial trainee
(산업 연수)စက်မှု့သင်တန်းသားဗီဇာ
📕D-4 General trainee (일반 연수)အထွေထွေသင်တန်းသားဗီဇာ

📕D-5 Journalism (취 재)သတင်းသမားဗီဇာ
📕D-6 Religion (종교)ဘာသာရေးဗီဇာ
📕D-7 Supervisor (주재-7)အလုပ်ကြီးကြပ်သူဗီဇာ

📕D-8 Corporate investor (기업 무사)ရင်းနှီးမြှုတ်နှံသူဗီဇာ
📕D-9 International trade (무역 경영)နိုင်ငံတကာကုန်သွယ်ရေးကုန်သွယ်မှုဗီဇာ
📕D-10 Job Seeking (구직)အလုပ်အကိုင်ရှာဖွေဗီဇာ

📕E-1 Professor (교수) ပါမောက္ခဗီဇာ(ပညာရေး)
📕E-2 Foreign language instructor (회화 시도)နိုင်ငံခြားဘာသာစကားပို့ချသင်ကြားသူဗီဇာ

📕E-3 Research (연구)သု​ေတသနဆိုင်ရာ ဗီဇာ
📕E-4 Technology transfer (기술 시도)နည်းပညာနှီးနှောဆွေးနွေးဖလှယ်ခြင်းဆိုင်ရာ ဗီဇာ

📕E-5 Professional employment (전문 직업)ပညာရှင်ဆိုင်ရာအလုပ်အကိုင်ဗီဇာ
📕E-6 Artistic performer (떼술 홍행)အနုပညာဖျော်ဖြေမှုဆိုင်ရာဗီဇာ

📕E-7 Designated activities (특성 활동)ကျွမ်းကျင်ဝန်ထမ်းအလုပ်ပိုင်းဆိုင်ရာဗီဇာ
📕E-8 Training employment (연수 취업)သင်တန်းအလုပ်အကိုင်ဗီဇာ

📕E-9 Non-professional employment (비전문 취업)professional မဟုတ်သောအလုပ်အကိုင်ဗီဇာ
📕E-9-1 : Manufacturing ထုတ်လုပ်မှု့လုပ်ငန်းဆိုင်ရာတာဝန်ထမ်းဆောင်ဗီဇာ

📕E-9-2 : Construction ဆောက်လုပ်ရေးလုပ်ငန်းတာဝန်ထမ်းဆောင်ဗီဇာ
📕E-9-3 : Agriculture စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတာဝန်ထမ်းဆောင်ဗီဇာ

📕E-9-4 : Fishery ငါးလုပ်ငန်းရေလုပ်ငန်းတာဝန်ထမ်းဆောင်ဗီဇာ
လုပ်ငန်း
📕E-9-5 : Service ဝန်ဆောင်မှု့လုပ်ငန်းတာဝန်ထမ်းဆောင်ဗီဇာ
📕E-10 Crew employee (선원 취업) သ​​ဘော်သားအလုပ်အကိုင်ဗီဇာ

📕F-1 Visiting or joining family (빙 방문 동기)မိသားစုထံသို့အလည်လာခြင်းဗီဇာ
📕F-2 Resident (거주) နေထိုင်ခွင့်ဗီဇာ

📕F-3 Accompanying spouse / child (동반) [9]
ကိုးရီးယားနိုင်ငံသား အိမ်ထောင်ဘက်၏သားသမီးဗီဇာ

📕F-4 Overseas Korean (재외 동포)ပြည်ပရောက်ကိုးရီးယားနိုင်ငံသားဗီဇာ
📕F-5 Permanent resident (영주)အမြဲနေထိုင်ခွင့်ဗီဇာ

📕F-6 Marriage to Korean Citizen (길혼 이민)လူဝင်မှု့ကြည့်ကြပ်ရေးအသိအမှတ်ပြု ကိုးရီးယားနိုင်ငံသားနှင့်လက်ထပ်ထိမ်းမြားခြင်း ဗီဇာ

📕G-1 Miscellaneous အထွေထွေကိစ္စများကြောင့် ပေးအပ်ထားသော ဗီဇာ (ဥပမာ နိုင်ငံရေးခိုလှုံခွင့် အရေးပေါ်ကျန်းမာရေးအခြေအနေကိစ္စများ... စသည်ဖြင့်)

📕H-1 Working holiday (관광 취업) အားလပ်ရက်အလည်အပတ်အလုပ်အကိုင်ဗီဇာ

📕H-2 Working visit (방문 취업 세)ယာယီဧည့်သည်အလုပ်ဗီဇာ
📕M-1 Military (군인) စစ်မှုထမ်းဆိုင်ရာဗီဇာ

📕T-1 Tourist landing (관광 상륙) ကမ္ဘာလှည့်ခရီးသည်ဗီဇာ


လေ့လာမိသမျှ
လေ့လာဆည်းပူးခွင့်ပေးသောသင်ဆရာမြင်ဆရာကြားဆရာအပေါင်းတို့ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

လိုအပ်ချက်များရှိပါက လာရောက်ညွှန်ကြားတည့်မတ်ပေးကြပါခင်ဗျာ။

We are MYANMAR 😍
We are very bright and very strong MYANMAR!
💕🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷🇰🇷💕

ပြန်လည်မျှဝေပေးပါသည်။

21/05/2023

ဟီးးးးး
Visa လာအပ်မဲ့သူတွေ ပီဇာကပ်ပြီးမှ အလုပ်
လာအပ်ကြပါ။
ပီဇာ ဘုရားကပ်ထားတာကို စွန့်ပြီးရင်လည်း မစားရပါဘူး။ အလုပ်အပ်မဲ့သူကို ကြွေးရတာပါတဲ့ရှင့်။ ဟီးးးးး

19/05/2023

ကျွန်မ အလုပ် page လေးက followers 425 ယောက်ပဲ ရှိပါတယ်။ like လိုချင်လို့ Group တွေထဲ share မိရင် မေးခွန်းပေါင်းများစွာနဲ့ သောက်ပြသနာပဲ ရောက်လာတတ်တာပါ။ ကိုယ့်အလုပ်ကိုယ်က ယုံကြည်မှုက အရေးကြီးတာမို့ ကိုယ့်ကို recommend ပေးသူတွေနဲ့ပဲ လည်ပတ်နေတာက သာယာငြိမ့်ညောင်းစွာ စီးစင်းနေသလိုမျိုးလေးမို့ အရမ်း ကြေနပ်ရပါတယ်။
မစုဆီသွား မစုနဲ့ လုပ်တာ။
အစ်မရေ အလုပ်ကိစ္စ လာမေးလို့ ဖုန်းနံပါတ်ပေးလိုက်တယ်။
အစ်မရေ တစ်ယောက်လာလိမ့်မယ်နော်။

အဲ့ဒီလိုမျိုးလေးတွေနဲ့ ရပ်တည်ရတာမို့ အဲ့လိုရည်ညွှန်းပေးသူတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ ကြုံကြိုက်တဲ့အခါတိုင်း ကျေးဇူးသိတတ်ဖို့ အမြဲ ရင်ဘတ်ထဲ ထည့်ထားပါတယ်လို့။ အားလုံးကို ချစ်တယ်။

19/05/2023

မလေးရှား အလုပ်နဲ့ တတ်ချင်တဲ့သူတွေ အစ်မ calling နဲ့ သွားချင်တာ အလုပ်ရှိလားဆို ကိုယ့်မှာလည်း အလုပ်မရှိဘူး။ ကိုယ့်မိတ်ဆွေ အေးဂျင့်ရုံးအကြီးကြီးတွေမှာလည်း အလုပ်ခေါ်စာတွေ တအားပါးနေပြီ။ မလေးရှားဘက် ကိုယ်နဲ့သိတဲ့ အေးဂျင့်ရုံးတွေလည်း အရင် ညဘက် ၉:၀၀/၁၀:၀၀ ထိ Whatsapp ကနေ email ကနေ တတောင်တောင် အလုပ်အကြောင်း အမျှင်မပျက်နိုင်ကြပေမဲ့ ကိုယ်မ‌ေလးရှားသွားတော့ ညနေ ၅:၀၀ အလုပ်ဆင်းချိန်တွေ့ကြရအောင်ဆိုတော့ အံ့ဩနေတဲ့ကိုယ့်ကို အလုပ်တွေ ပါးတယ်ဟ။ လက်ကျန် approval ပဲ run နေရတာတဲ့။ အရင်လို Over Time တွေ ဆင်းရလောက်အောင် အလုပ်မရှိကြတော့ပြီ။ မလေးဘက်ရော၊ မြန်မာဘက်အခြမ်း အေးဂျင့်တွေမှာ အလုပ်ခေါ်စာတွေ ပါးကုန်ကြပြီ။ ပိတ်ထားတဲ့ KDN Approval တွေ ပြန်ဖွင့်ပေးမဲ့အချိန်ကို မျှော်နေကြရပါပြီ။

ဒါ‌ေပမဲ့ group တွေထဲတော့ အလုပ်ခေါ်စာတွေ ပလူပျံနေတာ သတိထားစေချင်လို့ပါ။

မုန်တိုင်းသတင်း live ကြည့်ရန်
13/05/2023

မုန်တိုင်းသတင်း live ကြည့်ရန်

Interactive wind speed map. Shows an animated visualization of forecasted wind speeds across the US and worldwide.

13/05/2023

စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲ၊ ဂွ နှင့် ကမ်းရိုးတန်းတစ်လျှောက်နေထိုင်ကြသူများ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ကြပါစေ။

ကံကို ဉာဏ်နဲ့ယှဉ်ကာ အသုံးချလို့ ဘေးရန်ကင်းကြပါစေ။

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ ?⚠️ အ...
12/05/2023

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴

မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ ?

⚠️ အဆင်ပြေရင် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းပါ။
⚠️ စားစရာ အစာခြောက်၊ အဝတ်အစား ၁ စုံ ၂ စုံ၊ ဓား၊ ဓာတ်မီး၊ မီးခြစ်၊ အချက်ပြရန် ဝီစီ (Whistle)၊ အရေးကြီးစာရွက်စာတမ်း တွေပါတဲ့ Emergency Kit ကို ရေလုံအောင်ထုတ်ပြီး ပြင်ထားပါ။
⚠️မုန်တိုင်းနဲ့အတူလှိုင်းတက်လာရင် မိသားစုတွေ ကွဲသွားနိုင်တယ်။ ကွဲသွားရင် ပြန်ဆုံဖို့ တစ်နေရာကို ကြိုတင်သတ်မှတ်ထားပါ။
⚠️ဘယ်မှသွားဖို့အဆင်မပြေရင် အနည်းဆုံး 8/9 မီတာရှိတဲ့တောင်တွေပေါ်ကို တက်ရှောင်ပါ။ ဖြစ်နိုင်ရင် မီတာ 100 ကျော်မြင့်တဲ့တောင်တွေပေါ် တက်ပြီး အကာအကွယ်ယူပါ။ လှိုင်းကိုလွတ်အောင်ရှောင်ပါ။

🔴လေကွယ်တဲ့အရပ်ဖြစ်ဖို့ အရေးကြီးပါတယ်🔴

⚠️မုန်တိုင်းပြီးသွားလို့ ကိုယ်ကျန်ရှိနေရင် ဝီစီမှုတ်ပြီး အကူအညီတောင်းပါ။

🔺လျှပ်စစ်မီးများ၊ ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်၊
🔺လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်သည့်အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင်များ၏အောက်တွင် ခိုလှုံနေထိုင်ရန်၊ ခိုင်ခန့်သည့်တိုင်တစ်ခုကို တွယ်ဖက်ထားရန်၊
🔺မုန်တိုင်းသတိပေးချက်များရရှိသောအခါ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခြင်းများ မပြုလုပ်ရန်၊
🔺မုန်တိုင်းခိုအဆောက်အဦများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊
🔺ရေဒီယိုဖြင့် နောက်ဆုံးသတင်းထုတ်ပြန်ချက်များကို အဆက်မပြတ်ဖမ်းယူနားထောင်ရန်၊
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာချက်ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊
🔺မုန်တိုင်းကျရောက်ချိန် ကားမောင်းနေပါက ကားကိုရပ်တန့်ထားရန်၊ ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်ပါဝါလိုင်းများ၊ ရေလှောင်ကန်များနှင့် ဝေးကွာပါက ကားအတွင်း၌နေရန်။

⚠️မုန်တိုင်းမကျရောက်မီ -

🔺 မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊
🔺 မိမိနှင့်အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်၊
🔺ကောလဟာလသတင်းများကိုနားမထောင်မိရန်၊
🔺အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊
🔺မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်၊
🔺အိမ်၊ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့်အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရန်၊
🔺မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်သည့်ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်ပုန်းခိုရန်နေရာအား ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊
🔺အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့်အဖွဲ့များ၏ဖုန်းနံပတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊
🔺အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်။

⚠️မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက -

🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ရန်၊
🔺ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊
🔺သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်၊
🔺မိမိအိမ်သို့သက်ဆိုင်ရာမှ အကြံမပြုမခြင်းဆန္ဒစောပြီး မပြန်ရန်၊ ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊
🔺ကုန်းလမ်းခရီးသွားရပါက မြွေအန္တရာယ်အထူးသတိထားရန်၊
🔺လမ်းဘေးတွင်ပြတ်ကျနေသော လျှပ်စစ်ကြိုးများကိုမကိုင်မိ၊ မထိမိရန်သတိပြုရန်၊
🔺မီးဘေးအန္တရာယ်သတိပြုရန်၊
🔺ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်။

လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။

ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။

Crd

🍀 Passport type PV - No need owic card - ပြည်ပရောက် မြန်မာအလုပ်သမားများ အနေဖြင့် work Permit ကိုင်ဆောင်ထားပြီး Passport ...
05/05/2023

🍀 Passport type PV - No need owic card

- ပြည်ပရောက် မြန်မာအလုပ်သမားများ အနေဖြင့် work Permit ကိုင်ဆောင်ထားပြီး Passport type က PV ဖြစ်နေပါက မြန်မာနိုင်ငံ အလည်အပတ်ပြန်လာချိန်တွင် OWIC CARD လုပ်ဆောင်ရန် မလိုအပ်ပါ။

- တချို့သော အသိမိတ်ဆွေများ၊ Facebook post အချို့မှ အကြံပေးစာတိုများနှင့် officer တချို့မှ အလုပ်သမားပါမစ်ကိုင်ဆိုင်သူတိုင်း Passport အမျိုးအစားက PJ ဖြစ်ရမည်ဟု အကြံပြုကာ ပြောင်းခိုင်းတတ်ကြပါတယ်။ ဟိုးအရင် ၂ နှစ်တုန်းကလို နိုင်ငံကူးလက်မှတ်လွယ်ကူစွာ လျှောက်ထားလို့ရတဲ့အချိန်ဆိုရင်တော့ လဲလိုက်တာ ပိုကောင်းပါတယ်။ ယခုလို passport ပြုလုပ်ရန် ခက်ခဲနေချိန်တွင်တော့ မလိုအပ်ပဲ စာအုပ်ပြောင်းဖို့မလုပ်သင့်တဲ့အချိန်ပါ။ စာအုပ်ရဖို့ ၄ လ လောက်စောင့်ရပြီး ကုန်ကျငွေ ၂ သိန်းမှ ၅ သိန်းလောက်ကုန်ကျနေချိန် မပြောင်းတာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။

💥သတိထားရမှာလေးတွေကတော့💥

- အပြန်လေဆိပ်အထွက်တွင်တော့ Passport PV ဖြစ်နေသောကြောင့် အသွားအပြန်လက်မှတ် တောင်းခြင်းနှင့် အခြားအခြားသော မေးခွန်ပေါင်းများစွာကို ဖြေရှင်းရလေ့ရှိပါတယ်။

အကြောင်းအရာ ဆီလျှော်အောင်ပြောဆို ရှင်းပြနိုင်သူများ အဆင်ပြေပြေဖြတ်ကျော် သွားနိုင်မှာပါ။

*** အကယ်၍ စိုးရိမ်မှုကြောင့်ဖြစ်စေ၊ မေးခွန်းပေါင်းများစွာကို မဖြေရှင်းချင်လျှင်ဖြစ်စေ ပြန်လည်ထွက်ခွာမည့်ရက်မတိုင်ခင် ၄/၅ ရက်အလိုမှာ လေဆိပ်လမ်း‌ေကြာင်းအတွက် လိုအပ်လာပြီဆိုရင်‌ေတာ့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

ကျေးဇူးအများကြီးတင်ပါတယ်။

Starting Point Co., Ltd.

09776623246

တစ်ခေါက်ပြန်ဦးမယ်။ ၉ ရက်လုံးလုံး ညနေတိုင်းမိုးရွာတဲ့ KL ကို နှုတ်ဆက်ပြီး ….. မီးက မမှန်၊ ရာသီဥတု ပူအိုက်လောင်မြိုက်နေတဲ့...
04/05/2023

တစ်ခေါက်ပြန်ဦးမယ်။

၉ ရက်လုံးလုံး ညနေတိုင်းမိုးရွာတဲ့ KL ကို နှုတ်ဆက်ပြီး ….. မီးက မမှန်၊ ရာသီဥတု ပူအိုက်လောင်မြိုက်နေတဲ့ ရန်ကုန်ဆီသို့ 😝

မနက်ဖြန် ၁၈.၄.၂၀၂၃ (မြန်မာ့နှစ်ဆန်း ၂ ရက်နေ့ ) ရုံးပြန်ဖွင့်ပြီး လုပ်ငန်းတွေ ပုံမှန်လည်ပတ်ပါပြီရှင့်။@ ရက်ချိန်းရထားပြီး...
17/04/2023

မနက်ဖြန် ၁၈.၄.၂၀၂၃ (မြန်မာ့နှစ်ဆန်း ၂ ရက်နေ့ ) ရုံးပြန်ဖွင့်ပြီး လုပ်ငန်းတွေ ပုံမှန်လည်ပတ်ပါပြီရှင့်။

@ ရက်ချိန်းရထားပြီးသား ခွင့်ပြန် OWIC CARD သမားများ ဖုန်းပြန်ခေါ်ပေးပါ။

@ မလေးရှား အလည်ဗီဇာသမားများ မလေးရှား raya ပိတ်ရက်မတိုင်ခင် visa ရအောင်ယူချင်သူများ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

@ ထိုင်းကို အလည်ဗီဇာနှင့်တတ်မည့်သူများအတွက်လည်း လက်ခံဆောင်ရွက်ပေးနေပါပြီ။

ဆက်သွယ်ရမဲ့ လိပ်စာကတော့

👉 𝕊𝕥𝕒𝕣𝕥𝕚𝕟𝕘 ℙ𝕠𝕚𝕟𝕥 ℂ𝕠., 𝕃𝕥𝕕 👈

☎️ 09776623246 (Viber / WhatsApp)

🏠 No 287, Min Nandar Street, Bamar Aye Ward, Dawbon Township, Yangon.

ဘာဘုရားလဲ မှန်အောင်ဖြေပါရှင့်။ အဖြေမှန် ပထမဆုံး comment ဖုန်းဘေလ် ၃၀၀၀ ရယူပါ။  #မြန်မာပြည်ကြီးအေးချမ်းပါစေ
17/04/2023

ဘာဘုရားလဲ မှန်အောင်ဖြေပါရှင့်။
အဖြေမှန် ပထမဆုံး comment ဖုန်းဘေလ် ၃၀၀၀ ရယူပါ။

#မြန်မာပြည်ကြီးအေးချမ်းပါစေ

15/04/2023

ပြည်ပရောက်နေသော မိတ်ဆွေများ အလွမ်းပြေကြည့်ဖို့ ပုဂံပြည်ရဲ့ ညနေအလှ

အတာသက်ြန်ရုံးပိတ်ရက် အသိပေး အကြောင်းကြားခြင်း 8 April 2023 to 17 April 2023 အထိပါ။ ရုံးပိတ်ရက်ရှည်ဖြစ်တာကြောင့် ဖုန်းမကိ...
08/04/2023

အတာသက်ြန်ရုံးပိတ်ရက် အသိပေး အကြောင်းကြားခြင်း

8 April 2023 to 17 April 2023 အထိပါ။

ရုံးပိတ်ရက်ရှည်ဖြစ်တာကြောင့် ဖုန်းမကိုင်မိခဲ့ရင် အရေးကြီးကိစ္စရှိပါက စာတို မက်စေ့ ချန်ထားခဲ့ပေးပါရှင့်။

ဧပြီ ၁၈ ရက်နေ့ကစပြီး လုပ်ငန်းများ ပုံမှန် လည်ပတ်ပါမယ်ရှင့်။ ကျေးဇူး အများကြီး တင်ပါတယ်။

Starting Point Co., Ltd.
09776623246 (Viber , Whatsapp)

ပြည်ပပြန်များအတွက် သတင်းကောင်းပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab အဌားကားမ်ား စတင်ပြေးဆွဲဧပြီလ (၃) ရက်နေ့၊ (၂၀၂၃) ...
04/04/2023

ပြည်ပပြန်များအတွက် သတင်းကောင်းပါ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
Grab အဌားကားမ်ား စတင်ပြေးဆွဲ

ဧပြီလ (၃) ရက်နေ့၊ (၂၀၂၃) ခုနှစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏
ပြည်တွင်း ပြည်ပ Terminals (၂) ခု လုံးတွင်
Grab တက်စီကို ခေါ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

ခရီးသည်များအနေဖြင့် Grab App ကို အသုံးပြု၍ ဖြစ်စေ၊ Grab App မရှိသည့် ခရီးသည်များအနေဖြင့် လေဆိပ်အတွင်းရှိ Grab Taxi Service Counters မ်ား၏ Web-Booking Services မှတဆင့်လည်း ဝန်ဆောင်မှုအတွက် Booking တင်နိုင်မည် ဖြစ်ပြီး ခရီးသည်များအနေဖြင့်လည်း မိမိတို့ စီးနင်းလိုက်ပါမည့် အငှားယာဉ်အား သတ်မှတ်ထားသော စောင့်ဆိုင်းဧရိယာမှသာ စောင့်ဆိုင်းပေးကြရန်လည်း တိုက်တွန်းထားတာ
တွေ့ရပါတယ်။

ယခင်က
လေဆိပ်
အဝေးပြေးဝင်းများ စတဲ့နေရာတွေကနေ
အဌားကား ဌားရမ်းရာမှာ
အဆမတန် တောင်းခံခြင်းများ ၊
ခရီးသွားများကို ကားတစီးထဲပေါင်းစီးခိုင်းခြင်းများ စတာတွေကြောင့်
အခက်အခဲများရှိနေခဲ့တာပါ။

Grab Holdings Inc ဟာ
စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏ္ဍီတခုဖြစ်ပြီး
အရှေ့တောင်အာရှနိုင်ငံအတော်များများမှာ
ခရီးသည်နဲ့ ကုန်စည် အစားအသောက်
ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါတယ်

For Booking: https://grb.to/GTBooking

Download Grab App: https://www.grab.com/mm/en/download/

photo credit
YAG



မြန်မာနိုင်ငံကူးလက်မှတ်များလျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းကို (၂၄-၂-၂၀၂၃) နေ့မှ စ...
24/02/2023

မြန်မာနိုင်ငံကူးလက်မှတ်များလျှောက်ထားခြင်းအတွက် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းကို (၂၄-၂-၂၀၂၃) နေ့မှ စတင်၍ www.passport.gov.mm ဝက်ဆိုဒ်သို့ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ (၃၅၀၀၀)ကျပ်ကို အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် တစ်ပါတည်းပြုလုပ်ရပါမည်။ ယခင် Online Booking စနစ်ဖြင့် ရယူထားသောရက်ချိန်းများကို ပယ်ဖျက်လိုက်သည့်အတွက် Online Appointment System အသစ်ဖြင့် ရက်ချိန်းအသစ်ပြန်လည်ရယူရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။မြန်မာနိုင်ငံကူးလက်မှတ်

Address

Yangon

Telephone

+959776623246

Website

Alerts

Be the first to know and let us send you an email when Starting Point posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Starting Point:

Videos

Share

Category