Ko David Travel Agents

Ko David Travel Agents Ko David Services Groups

19 Dec 2023 ရက်တွင် Sea Life Ocean World Inter Event ပွဲလေးရှိတာမို့  အဲရက်အတွက် ဝယ်ယူထားသော လက်မှတ်ကို ညနေ 17.00 အချိန်...
11/12/2023

19 Dec 2023 ရက်တွင် Sea Life Ocean World Inter Event ပွဲလေးရှိတာမို့ အဲရက်အတွက် ဝယ်ယူထားသော လက်မှတ်ကို ညနေ 17.00 အချိန် ထက် နောက် မကျပဲ ဝင် ရောက် ရမှာ ဖြစ်ပါတယ် ။ 18.00 အချိန်ဆို ပိတ်မယ် ဖြစ်ပါသောကြောင့် ကြိုတင် အသိပေးအပ် ပါတယ်ရှင့်။

Good Morning My Friend and My Customerဘုရားသခင်ကို မနက်ခင်းလေးမှာ မဂ်လာရန်အောင်ကန်ဘေးမှာ ကိုးကွယ်ဝတ်ပြုလျက် မြန်မာနိုင်င...
11/12/2023

Good Morning My Friend and My Customer

ဘုရားသခင်ကို မနက်ခင်းလေးမှာ မဂ်လာရန်အောင်ကန်ဘေးမှာ ကိုးကွယ်ဝတ်ပြုလျက် မြန်မာနိုင်ငံကာကွယ်စောင့်ရှောက်ပါစေ ငြိမ်းချမ်းအေးချမ်းပါစေ အာမင်

သုဝဏ္ဏဘူမိလေဆိပ် (RTA) ၊ Airports of Thailand Public Company Limited သည် ခရီးသည်များ ပျော်ရွှင်မှု ပေးပို့ရာတွင် ပူးပေါင...
08/12/2023

သုဝဏ္ဏဘူမိလေဆိပ် (RTA) ၊ Airports of Thailand Public Company Limited သည် ခရီးသည်များ ပျော်ရွှင်မှု ပေးပို့ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်။ Row H/J check-in ကောင်တာ၊ ထွက်ခွာခန်းမ၊ 4 လွှာရှိ Starlight concept အောက်တွင် လှပသောမီးရောင်များဖြင့် အလှဆင်ထားသော 12 မီတာမြင့်သော ခရစ်စမတ်သစ်ပင်ကြီးတစ်ပင်ကို ခရစ်စမတ်နှင့် နှစ်သစ်ကူး 2024 ပွဲတော်များအတွင်း အသုံးပြုသူများအတွက် စီစဉ်ပေးပါသည်။ ထို့အပြင် Arrange ရှိပါသည်။ အပြုံးများဖန်တီးရန် Exit A၊ Domestic Arrivals Hall, 2nd Floor, Gate 1၊ ယနေ့မှစတင်၍ 2024 ခုနှစ် ဇန်နဝါရီလ 5 ရက်နေ့အထိ ခရီးသည်များ check in ဝင်ရန်နှင့် ဓာတ်ပုံရိုက်ရန်အတွက် အန်ကယ်စန်တာ၏အိမ်ပုံစံတူ။ ပျော်ရွှင်စရာ ပွဲတော်ကာလအတွင်း ခရီးသည်များထံ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ထိုင်းနိုင်ငံတွင်းရှိ EV Charging Station များ
07/12/2023

ထိုင်းနိုင်ငံတွင်းရှိ EV Charging Station များ

ခါးပိုက်နှိုက်ခံရပြီး မှတ်ပုံတင်၊ ဘဏ်ကတ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေ ပျောက်လို့ စုံစမ်းချင်ရင် မြန်မာ့စာတိုက်လုပ်ငန်းကို ...
06/12/2023

ခါးပိုက်နှိုက်ခံရပြီး မှတ်ပုံတင်၊ ဘဏ်ကတ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေ ပျောက်လို့ စုံစမ်းချင်ရင် မြန်မာ့စာတိုက်လုပ်ငန်းကို ဆက်သွယ်ပါ
…………………
ဒီဇင်ဘာ ၆

ခါးပိုက်နှိုက်ခံရလို့ပဲ ဖြစ်ဖြစ် ကျပျောက်သွားလို့ပဲ ဖြစ်ဖြစ် မှတ်ပုံတင်၊ ဘဏ်ကတ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေ ပျောက်လို့ စုံစမ်းချင်ရင် မြန်မာ့စာတိုက်လုပ်ငန်းကို ဆက်သွယ်ပါလို့ အသိပေးပြောကြားထားပါတယ်။

အခုလက်ရှိမှာတော့ ပြည်သူအချို့ရဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆုံးနေတဲ့ မှတ်ပုံတင် ၊ ယာဉ်မောင်းလိုင်စင်၊ Bank Card၊ ဘဏ်စာအုပ်၊ သက်သေခံကတ်ပြားစသည့် အရေးကြီး စာရွက်စာတမ်းများအား စာတိုက်ပုံးများတွင် တွေ့ရှိလို့ မြန်မာ့စာတိုက်လုပ်ငန်းက သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ခါးပိုက်နှိုက်ရလို့ပဲ ဖြစ်ဖြစ် လမ်းမှာ ကျပျောက်သွားတာပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် ၊ ယာဉ်မောင်းလိုင်စင်၊ Bank Card၊ ဘဏ်စာအုပ်၊ သက်သေခံကတ်ပြားတွေ ပျောက်ဆုံးနေတယ်ဆိုရင်မြန်မာ့စာတိုက် လုပ်ငန်း ၀၆၇-၃၄၂၀၆၃၀ နဲ့ ၆၇၀-၃၄၂၀၈၈၈ သို့ ဆက်သွယ်ကြပါလို့ အသိပေးထား ပါတယ်။

#မြန်မာ့စာတိုက်

အမျိုးသားနေ့ ဒို့မနေ့ .. " 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 "7.12.2023 နေ့တွင် ကျရောက်သော(၁၀၃)နှစ်မြောက်  #အမျိုးသားအောင်ပွဲနေ...
06/12/2023

အမျိုးသားနေ့ ဒို့မနေ့ ..

" 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 "

7.12.2023 နေ့တွင် ကျရောက်သော
(၁၀၃)နှစ်မြောက် #အမျိုးသားအောင်ပွဲနေ့အား
ဂုဏ်ပြုကြိုဆိုရင်း #မြန်မာနိုင်ငံသား/သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြီးပြည့်စုံ၍ တောင်းဆုလိုရာအဝဝပြီးပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

#အမျိုးသားနေ့

ယနေ့  နတ်ရွာစံသွားပြီ ဖြစ်တဲ့ ထိုင်းဘုရင် ရာမ ၉ ဘူမိဘောရဲ့ မွေးနေ့  ဒီဇင်ဘာ ၅ရက်နေ့မှာ မြဘုရား အခမဲ့ ပေးဝင်တဲ့အတွက် လူအမ...
05/12/2023

ယနေ့ နတ်ရွာစံသွားပြီ ဖြစ်တဲ့ ထိုင်းဘုရင် ရာမ ၉ ဘူမိဘောရဲ့ မွေးနေ့ ဒီဇင်ဘာ ၅ရက်နေ့မှာ မြဘုရား အခမဲ့ ပေးဝင်တဲ့အတွက် လူအများအပြားဖြင့် ပြည့်နေပါတယ်။

crd:Thai PBS News

ဒီဇင်ဘာလ (5) ရက်နေ့ ထိုင်းနိုင်ငံရဲ့အဖေများနေ့ ဖြစ်ပါတယ်။အဖေများနေ့ကို “ဝမ်ဖော့ วันพ่อ” လို့ခေါ်ပါတယ်
05/12/2023

ဒီဇင်ဘာလ (5) ရက်နေ့
ထိုင်းနိုင်ငံရဲ့အဖေများနေ့ ဖြစ်ပါတယ်။

အဖေများနေ့ကို “ဝမ်ဖော့ วันพ่อ” လို့ခေါ်ပါတယ်

01/12/2023
01/12/2023
River Park သွားမို့  Happy New Year 😁ICONSIAM က “Amazing Thailand Countdown 2024” ပွဲတော်ကို ကြေညာICONSIAM က ဒီဇင်ဘာလ ၂၉...
30/11/2023

River Park သွားမို့ Happy New Year 😁
ICONSIAM က “Amazing Thailand Countdown 2024” ပွဲတော်ကို ကြေညာ

ICONSIAM က ဒီဇင်ဘာလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ “ Amazing Thailand Countdown 2024” ပွဲတော်ကို River Park , ICONSIAM မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ ပွဲတော်မှာ ထိုင်းနဲ့ နိုင်ငံတကာ အနုပညာရှင်တွေက ဖျော်ဖြေကြမှာ ဖြစ်ပြီး အလွန်လှပတဲ့ မီးရှူးမီးပန်း ဖောက်တာတွေ၊ ဒရုန်း ပြပွဲတွေ ပါဝင်မှာပါ။

ထိုင်းရဲ့ ပုံရိပ်ကို မြှင့်တင်ချင်ပြီး နိုင်ငံတကာက ခရီးသွားတွေကို စွဲဆောင်ဖို့အတွက် အခု ပွဲတော်ကို ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ရဲ့ ခရီးသွားလုပ်ငန်း စီးပွားရေးကို တိုးတက်စေဖို့နဲ့ ထိုင်းဟာ နိုင်ငံတကာရဲ့ Countdown ပွဲတော် နေရာ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

⚡ဖျော်ဖြေရေးများ

ထိုင်းနဲ့ နိုင်ငံတကာက ထိပ်တန်း အနုပညာရှင်တွေက အထူးပြုလုပ်ထားတဲ့ ၃၆၀ ဒီဂရီ စင်မြင့်ထက်မှာ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

⚡မီးရှူးမီးပန်း ဖောက်ခြင်း

သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ ကမ္ဘာ့ ထိပ်တန်း မီးရှူးမီးပန်း ဖောက်တဲ့ ရှိုးပွဲကို ကြည့်ရှုခံစားရမှာပါ။ မီးရှူးမီးပန်း ၅၀,၀၀၀ ကို ဖောက်မှာ ဖြစ်ပြီး ထိုင်းရဲ့ အလှဆုံး မီးရှူးမီးပန်း ရှိုးပွဲ ဖြစ်လာမှာပါ။ ဂျပန်၊ ရာမာဂါတာမှာ ကျင်းပခဲ့တဲ့ 2023 Shinmei မီးရှူးမီးပန်း ပြိုင်ပွဲမှာ အနိုင်ရထားတဲ့ Okujyo Yoshimasa နဲ့ ထိုင်း အဖွဲ့တို့ ပူးပေါင်း တင်ဆက်တာပါ။

⚡ဒရုန်းပြပွဲ

ဒရုန်း ၂,၀၀၀ ကျော် ကောင်းကင်မှာ ပျံသန်းကာ မျက်စိပသာဒ ဖြစ်အောင် ပြသမယ့် 3D Drone Celebration Show ကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ICONSIAM က မီးရှူးမီးပန်း ဓါတ်ပုံ ပြိုင်ပွဲကို “The Unrivaled Phenomenon of SIAM” အမည်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ပါဝင်သူတွေဟာ နှစ်သစ်ကူးညမှာ မီးရှူးမီးပန်း အလှတွေကို ဓါတ်ပုံရိုက်ကာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဘတ် ၂၀၀,၀၀၀ ကျော် ဆုငွေတွေ ရရှိမှာပါ။ ပြိုင်ပွဲရဲ့ အသေးစိတ် သတင်းအချက်တွေကို www.iconsiam.com မှာ လေ့လာနိုင်ပါတယ်။

Ref : bangkokpost

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ဒီဇင်ဘာတစ်လလုံး Chao Phraya မြစ်ထဲမှာ မီးအလှပြဖျော်ဖြေမှုတွေ ပြုလုပ်မယ့် Vijit Chao Phraya 2023အားလုံးပဲ မင်္ဂလာပါခင်ဗျ ...
30/11/2023

ဒီဇင်ဘာတစ်လလုံး Chao Phraya မြစ်ထဲမှာ မီးအလှပြဖျော်ဖြေမှုတွေ ပြုလုပ်မယ့် Vijit Chao Phraya 2023

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ထိုင်းနိုင်ငံရဲ. ခရီးသွားဝန်ကြီးဌာနက ကြီးမှုးပြီးတော့ Chao Phraya မြစ်ကြောင်းတစ်လျှောက်မှာ ရှိတဲ့ အဓိက အထင်ကရနေ ၇ ခုမှာ မီးအလှပြဖျော်ဖြေမှုပွဲတွေကို ဒီဇင်ဘာလ တစ်လလုံး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယခုပွဲကိုတော့ "Vijit Chao Phraya 2023" လို့ အမည်ပေးထားပြီးတော့ မြစ်ကြောင်းတစ်လျှောက်က အထင်ကရနေရာတွေမှာ 3D laser Light Show , Light Up or Light Mapping Show , Illumination Show အစရှိသဖြင့် မီးရောင်စုံတွေနဲ့ အလှပြမှုတွေကို ပြုလုပ်သွားမယ်လို့သိရပါတယ် ၊ နေရာတစ်ခုချင်းအလိုက် ဘယ်နေရာတွေမှာ ဘယ်အချိန်တွေပြုလုပ်မယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ဗျ။

1. Rama 8 Bridge
ဒီဇင်ဘာလ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ Rama 8 တံတားမှာကတော့ 3D Laser Show & Sound ကို တစ်နေ့ ခြောက်ကြိမ် ည ၇ နာရီကနေ ည ၉ နာရီ ၃၅ မိနစ်ထိ ပြသပါမယ်

2 . Santichaiprakan Park
"Miracle of Thailand " ဆိုတဲ့ ယဉ်ကျေးမှုပြပွဲကို ပြသမှာဖြစ်ပြီးတော့ ဒီဇင်ဘာလ ၁ ,၂ , ၇, ၉ ,၁၅ , ၁၆ , ၂၂ , ၂၃ , ၂၉ , ၃၀ ရက်တွေမှာ ည ၇ နာရီခွဲကနေ ၉ နာရီအထိ တစ်နေ့ ၄ ကြိမ် ပြသပါမယ်

3. Wat Arun
Wat Arun ဘုရားမှာတော့ Light Up or Light Mapping Show ကို ဒီဇင်ဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ ၊ တစ်နေ့ ခြောက်ကြိမ် တစ်ကြိမ်ကို ၅ မိနစ် ပြသမှာဖြစ်ပြီးတော့ ၊ အထူးပြပွဲကိုတော့ ဒီဇင်ဘာလ ၁ ,၂ , ၇, ၉ ,၁၅ , ၁၆ , ၂၂ , ၂၃ , ၂၉ , ၃၀ ရက်တွေမှာ ည ၇ နာရီ ၂၀ ကနေ ၈ နာရီ ၂၀ အထိ တစ်နေ့ ၃ ကြိမ် ပြသသွားမှာပါ

4 . Wichai Prasit Fort
Wichai Prasit Fort နေရာမှာတော့ Light Up or Light Mapping Show ကို ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်နေ့ ခြောက်ကြိမ် ၊ တစ်ကြိမ်ကို ၅ မိနစ် ပြသမှာဖြစ်ပြီးတော့ ၊ အထူးပြပွဲကိုတော့ ဒီဇင်ဘာလ ၁ ,၂ , ၇, ၉ ,၁၅ , ၁၆ , ၂၂ , ၂၃ , ၂၉ , ၃၀ ရက်တွေမှာ ည ၇ နာရီ ၁၅ ကနေ ၉ နာရီ ၅၀ အထိ တစ်နေ့ ၃ ကြိမ် ပြသသွားမှာပါ

5.Memorial Bridge
Memorial Bridge မှာကတော့ Illumination Show ကို ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်နေ့ကို ခြောက်ကြိမ် တစ်ကြိမ်ကို ၅ မိနစ် ပြသမှာဖြစ်ပြီးတော့ ၊ Fireworks show ကိုတော့ ဒီဇင်ဘာလ ၁ ,၂ , ၇, ၉ ,၁၅ , ၁၆ , ၂၂ , ၂၃ , ၂၉ , ၃၀ ရက်တွေမှာ ည ၈ နာရီ ၄၅ မှာ တစ်ကြိမ်ပြသမှာ ဖြစ်ပါတယ်။

6. River City Bangkok
Projection Mapping Show ကိုတောာ့ River City Bangkok မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်နေ့ကို ခြောက်ကြိမ် ည ၇ နာရီကနေ ည ၉ နာရီ ၁၅ ထိပြသသွားမှာဖြစ်ပါတယ်။

7. Iconsiam
Iconsiam မှာကတော့ Light & Sound Show ကို ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်နေ့ကို ၃ ကြိမ် ည ၆ နာရီ ၃၀ မိနစ်ကနေ ည ၉ နာရီ ၁၀ မိနစ်အထိ ပြသသွားမှာပါ ။

ဘန်ကောက်မှာ နေထိုင်ရင်ပဲဖြစ်ဖြစ် ၊ ဘန်ကောက်ကို ဒီဇင်ဘာလထဲ အလည်လာဖြစ်ရင်ပဲဖြစ်ဖြစ် လည်ပတ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်ဗျ

https://www.facebook.com/100044366232408/posts/914270306728502/?mibextid=Nif5oz
29/11/2023

https://www.facebook.com/100044366232408/posts/914270306728502/?mibextid=Nif5oz

လကုန် ၂ရက်နေ့နဲ့၃ရက်နေ့Bangkokက
မှာဆုံကြမယ်နော်
အခုက ဝိုင်း၄ယောက် ၃၅၀၀ အပြင် တစ်ယောက်ထဲလာဖို့အတွက်လည်းစီစဉ်ထားပါတယ်တဲ့ဗျ
Members တွေအတွက်က point နဲ့တင်ဝင်ရတယ်

28/11/2023

2023 ကို နှုတ်ဆက်ဖို့ 33 ရက်သာ ကျန်တော့တယ် 💔
ကျန်နေသေးတဲ့ နေ့ရက်လေးတွေကို အကောင်းဆုံးဖြတ်ကျော်နိုင်ကြပါစေ 🙏

#2023
#2024

ဂျပန်သွားမယ့်အဖွဲ့တွေသိစေဖို့ကီလိုပိုနေတယ် ပိုက်ဆံပိုပေးရမယ် ❌🙅‍♂️Try This 🫡💯
27/11/2023

ဂျပန်သွားမယ့်အဖွဲ့တွေသိစေဖို့
ကီလိုပိုနေတယ် ပိုက်ဆံပိုပေးရမယ် ❌🙅‍♂️
Try This 🫡💯

HAPPY BIRTHDAY Aye Chan MayALL THE BEST FOR YOU AND GOD BLESS YOU. (27.11.2023)
27/11/2023

HAPPY BIRTHDAY
Aye Chan May
ALL THE BEST FOR YOU AND
GOD BLESS YOU. (27.11.2023)

❤❤တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခလို့အလုပ်ကိုင်များအဆင်ပြေကျပါစေကြောင်းတန်ဆောင်တိုင်ဆုတောင်းလေးတောင်းပေးရင်း🙏🙏
26/11/2023

❤❤တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခလို့အလုပ်ကိုင်များအဆင်ပြေကျပါစေကြောင်းတန်ဆောင်တိုင်ဆုတောင်းလေးတောင်းပေးရင်း🙏🙏

In God we trust ( ဆာလံ ၃၁:၆)~~~~~~~~~~~~~~~~~~~~~~~~~အမေရိကန်ရဲ့ dollar ပေါ် မှာ In God we trust ဘယ် လို ဖြစ်ပေါ်လာသလဲ ဆ...
25/11/2023

In God we trust ( ဆာလံ ၃၁:၆)
~~~~~~~~~~~~~~~~~~~~~~~~~
အမေရိကန်ရဲ့ dollar ပေါ် မှာ In God we trust ဘယ် လို ဖြစ်ပေါ်လာသလဲ ဆိုတာ ကို ခွန်အားယူကြရအောင်။
အင်္ဂလန် နိူင်ငံ ၌ ၁၆၀၀ခုနှစ် တွင် ယုံကြည် သူ နိုးထမှု အကြီးအကျယ် ပေါ် ပေါက်ခဲ့ပါတယ်။

ထိုအခါ ဘာသာရေး ခေါင်းဆောင်များ သည် လုံးဝ လက်မခံသည့် အပြင်ဘာသာတရားကို ဖျက်ဆီးခြင်းအဖြစ်
ရှုမြင်ကြပါတယ်။ အလွန်တရားမုန်းတီးခဲ့ကြပါတယ်။
၁၆၂၀ နှစ် ရောက် သောအခါ နိုးထမှု ကို ဦးဆောင်သူ များနှုင့်
နောက်လိုက်အားလုံးကို ဖမ်းဆီးကြပြီး " မေဖလားဝါး" ခေါ်
ရွယ်သဘောင်္ တစ် စီးပေါ်တွင် ရိက္ခာ အပြည့် အစုံ နှုင့် တင်ကြ၍
သွားလိုရာ သွားနိူင်ကြသည် ဟူ ဆို ကာ အင်္ဂလန် နိူင်ငံ မှ
နှင် ထုတ် လိုက်ကြပါတယ်။

အင်္ဂလန်နိူင်ငံမှ နှင် ထုတ် လိုက် ခံရသော သူတို့သည်
ပင်လယ်ပြင်တွင် လမ်းမမြင်, ကမ်းမမြင် လေတိုက်ရာသို့ မျောပါ
ရွက်လွှင့်ခဲ့ကြပါတယ်။
သူတို့သည် ကမ္ဘာအရှေ့ဘက် အိန္ဒိယနိူင်ငံသို့ ရောက် မယ်
ဟု စိတ်ထဲမှာ ထင်ကြပါတယ်။

ထိုသို့နှင်ထုတ်ခံရတဲ့ ဘဝမှာ သူတို့သည် စိတ်ပျက် အားငယ်ခြင်း မရှိပဲ ရောက်တဲ့ အရပ်မှာ ကယ်တင်ခြင်းသတင်းကောင်းကို ဟောမည်ဟု မျှော်လင့်ရင်းခရီးကိုဆက်ကြပါတော့တယ်။

ထိုသူတို့သည် ပင်လယ်ခရီးတစ်လျှောက်ဆုတောင်း လိုက်, ချီးမွမ်းသီချင်းကို ဆိုလျုက်နဲ့ သူတို့ရဲ့ နေ့ရက်တွေကို ကုန်လွန်စေခဲ့ကြပါတယ်။
ရက်ကြာလွန်သောအခါ သူတို့ရဲ့ ရိက္ခာများလည်း ကုန်ခါနီးဖြစ်လာတော့တယ်။

ကျှ် သို့ ဖြင့် မျောရင်းမျောရင်း ဖြင့် တစ်နေ့သောအခါ
အိပ်ရာမှထပြီး အပြင်သို့ ငေးမောကြည့်သောအခါ
ကုန်းမြေကို တွေ့ရှိကြပြီး အားလုံးဝမ်းသာဝမ်းမြောက်ကြပါတယ်။
အိန္ဒိယနိူင်ငံ ရောက် တော့မယ် တောင်စွယ်တွေမြင်နိူင်ပြီး
စိတ်ဓါတ်မကျကြနဲ့ ဟု တစ်ယောက်ကို တစ် ယောက် ခွန်အား,
အားပေးစကားတွေဆိုကြပါတယ်။ ယေရှု သည်တော တောင်တန်းရဲ့
အရှင်သခင်ဖြစ်ပါတယ်။

ရေမြေတွေ၊အချိန်တွေ၊အခြေအနေတွေကို ကောင်းကြီးပေးတဲ့
ဘုရားသခင်ဖြစ်ပါတယ်နော်။

မကြာမီသဘောင်္ကြီးသည် ကမ်းနားဘက်သို့ ဆိုက်ကပ်လိုက်ပါတယ်။ သူတို့သည် ကမ်းနားသို့ ဆိုက်ကပ်သောအခါ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ဆန့်ကျင်ဘက်ဖြစ်လာခဲ့ပါတယ်။

သူတို့ကို ကြိဆိုသူများသည် လူသားစား လူရိုင်းတွေဖြစ်ပါတယ်။
ထို လူရိုင်းတို့သည် သူတို့ကို လှံ ဖြင့် ထိုးရန်နှုင့် မြားဖြင့် ပစ်ရန်
အသင့်နေကြပါတယ်။ ကျှ် လူမျိုးကို သူတို့ မြင်တွေ့သောအခါ
သူတို့ရဲ့ အသားရေသည် ကြေးနီကဲ့သို့ နီရဲ သည့် အတွက် သားနီ
သော ကုလားလူမျိုး( red Indian) များဖြစ်မည်ဟု ပြောကြပါတယ်။ ထိုမှစ၍ Red Indian ဟူသော စကားလည်း ပေါ်လာသည်။

သူတို့ရဲ့ အခြေအနေသည် မျော်လင့်ချက် ကင်းမဲ့ နေဧ။်။ ရှေ့တိုး၍ လည်းမရ,
နောက်ဆုတ်၍ လည်း မရ ဖြစ်နေဧ။်။
ထိုအခါ တစ် ချုိ့သော သူများသည် လူရိုင်းများရဲ့ သတ်ဖြတ်ခြင်း
ကိုခံရခြင်းထက် ပင်လယ်ပြင်တွင် ငတ်ပြီး သေခြင်းသည် ပို၍
ကောင်းသည် ဟု ဆိုလာကြပါတယ်။ တစ်ချို့သောသူများသည်
ဘယ်လိုပဲဖြစ်ဖြစ် ကုန်းပေါ်သို့ တက်ရအောင် ဟူ ဆိုကြပါတယ်။

ထိုအခါသူတို့ထဲမှ ဓမ္မအမှုတော်ဆောင်က ထပြီး မိတ်ဆွေတို့
လေးလေးနက်နက် စဉ်းစားကြပါ။ ကျနော်တို့ဘာဖြစ်လို ဒီနေရာ
ကို ရောက်သလဲ။ အခုမြင်ရတဲ့လူတို့သည်
ဘုရားသခင် ဖန်ဆင်း
ထားတဲ့ လူတွေပဲ, သူတို့မှာ ဝိညာဉ်ရှိတဲ့သူတွေပဲမဟုတ်လားဟု
ပြောလေဧ။်

သူတို့ဆီသို့ ကျနော်တို့ ဘာကြောင့်ရောက်ရတယ်, ဘယ်လောက်ထိ ပင်လယ် ပြင်မှာ ဒုက္ခခံခဲ့ရတယ်ဆိုတာကို ပြောပြလိုက် ရင်
သခင်ယေရှုရဲ့ ကယ်တင်ခြင်းတရားကို
ဟောကြားခြင်းမဖြစ်ပေဘူးလားဟု ဆိုခဲ့ပါတယ်။

သူတို့အားလုံး သဘောတူကြပြီး သဘောင်္ထဲသို့ပြန်ဝင်ကြတယ်။
ထိုအခါဆုတောင်းကြတယ်, ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းတစ်ခု
ကျင်းပခဲ့ကြပါတယ်။ဓမ္မဆရာက ဆာလံ၃၁:၆ ကို ဖတ်ကြားကာ
တစ်ယောက်နဲ့ တစ် ယောက် လက်ချင်းယှက်ကြပြီး
သီချင်းဆိုရင်း ကမ်းနားသို့တက်ခဲ့ကြပါတယ်။

ထိုသူတို့ရဲ့ အပြုအမှု ကို လူရိုင်းတွေက မြင်သောအခါ လူရိုင်းတို့
ရဲ့ မျက်နှာသည် ပြောင်းလာကာ ပြုံးပြုံး ရွှင်ရွှင်ဖြစ်လာခဲ့တယ်။
ချိန်ထားသောလှံများကို မြေသို့စိုက်လာကြတယ်။ ဆန့်တင်းနေ
သော လေးကြိုး မြားကြိုးများသည် လျော့ခွေလာတယ်။

ဘုရားသခင်သာလျှင် လူ့ရဲ့နှလုံးသားကို ပြောင်းလဲစေနိူင်တယ်နော်။

ထို့နောက်တစ်ယောက်ကို တစ် ယောက်နှုတ်ဆက်ကြတယ်။
ထို့နေ့တွင် သူတို့ ပါလာတဲ့ ရိက္ခာများကို ချက်ပြုတ်ကာ လူရိုင်းများနဲ့အတူတကွစားသုံးကြပြီး ဘုရားသခင်ရဲ့ ဂုဏ်တော်
ကို ချီးမွမ်းခဲ့ကြပါတယ်။

သူတို့လက်ကျန် ရိက္ခာကို အားလုံးမစားပဲ မျုိးစေ့အဖြစ် အချို့ကို
ပြန်လည်စိုက်ပျိုးခဲ့ရာ၁၆၂၁ခုနှစ်တွင် ပထမဆုံး
ကောက်ရိတ်သိမ်းခြင်းကျေးဇူးတော်ပွဲ(thanks giving day) ကို
ကျင်းပနိူင်ခဲ့ကြတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့်၎င်း, နေစရာအိမ်မရှိသောကြောင့်
၎င်း, ထိုနှစ်တွင် တစ် ဝက်ခန့်သေဆုံးခဲ့ပါတယ်။
ကျှ်သို့ဖြင့် ၁၆၂၁ မှစ၍ နှစ် စဉ် နှစ် တိုင်း နိုဝင်ဘာလ(၂၄) ရက်နေ့ကို
ကောက်ရိတ်သိမ်းကျေးဇူးတော်ချီးမွမ်းခြင်းပွဲ
အဖြစ် ယနေ့တိုင်
အောင်ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

၁၇၇၆ ခုနှစ် ဇူလိုက်လ(၄) ရက်နေ့တွင် အမေရိကန်တို့လွတ်လပ်ရေး ရလာသောအခါ အမြော်အမြင်
ကြီးမားသော နိူင်ငံခေါင်းဆောင်များသည် သူတို့ရဲ့ ဘိုးဘွားများ
အမေရိ ကန်မြေပေါ်သို့ ပထမဆုံးခြေချသောနေ့၌ ဓမ္မဆရာက
ဖတ်ကြားခဲ့သော ဆာလံ ကျမ်း ၃၁:၆( In God We Trust)
စာသားကို သူတို့ရဲ့ ဒေါ်လာငွေစက္ကူတိုင်းပေါ်မှာ ရေးထားခဲ့ကြပါတယ်။

ဤသို့ဖြင့် ဘုရားသခင်သည် အမေရိကန်နိူင်ငံကို ကောင်းချီး
ပေးခဲ့လေဧ။် ဒါပေ့မယ် ယနေ့ရဲ့ အမေရိကန် နိူင်ငံသည်
အသက်ရှင်တဲ့ ဘုရားကို ကျော့ခိုင်းတဲ့နိူင်ငံဖြစ်နေတာကို
ဘုိးဘွားတွေက သိခဲ့ ရင် အရမ်းဝမ်းနည်းပြီး ငို ကြမှာ နော် ဆိုတာ
ရင်နာစွာဖြင့် In God We Trust( Ps 31:6) အကြာင်းကို
ဝေဌလိုက်ပါရစေတယ်နော်။

Joseph

ဘဝမှာ Free ရပေမယ့် တန်ဖိုး အကြီးဆုံးအရာ ၉ ခု၁. အပြုံးတွေ၂. အကောင်းဆုံးသော အိပ်စက်ခြင်းတွေ၃.  ရယ်မောခြင်းတွေ၄ . ချစ်ခြင်း...
23/11/2023

ဘဝမှာ Free ရပေမယ့် တန်ဖိုး အကြီးဆုံးအရာ ၉ ခု

၁. အပြုံးတွေ

၂. အကောင်းဆုံးသော အိပ်စက်ခြင်းတွေ

၃. ရယ်မောခြင်းတွေ

၄ . ချစ်ခြင်းမေတ္တာတွေ

၅. မိသားစုဝင်​တွေ

၆. သူငယ်ချင်းကောင်းတွေ

၇. အနမ်းလေးတွေ

၈. စိတ်ချမ်းသာစရာကောင်းတဲ့ အခိုက်အတန့်လေးတွေ

၉. ပွေ့ဖက်ခြင်းတွေ

ဒါတွေအားလုံး ကိုယ့်ဆီမှာရှိနေတယ်နော်၊ ဒါကို မမေ့နဲ့။

ချစ်များစွာဖြင့်
ဥာဏ်လင်းအောင်
Unlock Your Future




X mas Coming Soon Next Month for December 2023
17/11/2023

X mas Coming Soon Next Month for December 2023

https://www.facebook.com/100077676369241/posts/369584198974123/?mibextid=Nif5oz
17/11/2023

https://www.facebook.com/100077676369241/posts/369584198974123/?mibextid=Nif5oz

🇹🇭ထိုင်းနိုင်ငံဘန်ကောက်မှာ...

အနေကြာလို့
မြန်မာထမင်း၊ဟင်း ကို သတိရပြီ
ဆိုရင်...
"ခိုင်ခိုင်ကျော်" မှာ ချိုင့်ဆွဲမှာပါ။

Central kitchen ကို သား/ငါးတွေ
အမြဲတမ်းလတ်လတ်ဆတ်ဆတ်ရောင်းချတဲ့
"Khlong toei"စျေးကြီးအပေါ်
ထပ်မှာ ပြုလုပ်ထားပြီး၊
စျေးသူစျေးသားမြန်မာများ
အတွက်"သက်သာဆိုင်"ပါ
တွဲဖွင့်ပါမယ်။

"Khlong toei market"ဆိုရင်
ဘန်ကောက်ရောက် အနေကြာ
မြန်မာအားလုံးသိကြပါတယ်။

စားချင်တဲ့ဟင်း၊
စားချင်တဲ့ပုံစံ၊
ကြိုက်တဲ့အချိန်.....မှာပါ။

အောက်ဆင်းစျေးဝယ်ပြီး၊ချက်ချင်း
ချက်၊ချက်ချင်းပို့ပေးပါမယ်။

(Nov,19)စဖွင့်ပါမယ်ခင်ဗျာ။

မဟာချိုင် big c ကုန်တိုက်မှာလည်း
တစ်ရက်တည်းအတူတူ ဖွင့်ပါမယ်။

မဟာချိုင် lotus မှာတော့
(၁၇၊၁၊၂၀၂၄) မှာဖွင့်ပါမယ်။

ဆက်ပြီး...ဖွင့်မဲ့နေရာလေးတွေကို
သတင်းကောင်းပေးသွားပါမယ်
ခင်ဗျာ။

အားလုံးကျန်းမာရွှင်လန်းကြပါစေ..🙏

ဆက်သွယ်ရန် - ဘန်ကောက်
ဖုန်း 🇹🇭(၀၆-၅၄၅၈၀၇၁၇)

#ခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင်

Address

Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421488878

Website

Alerts

Be the first to know and let us send you an email when Ko David Travel Agents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko David Travel Agents:

Videos

Share

Category


Other Travel Companies in Yangon

Show All