Let's Journey

Let's Journey Travelling
(1)

ခရစ်စမတ်ပိတ်ရက်လေးမှာ ကော်ဖီဆိုင်လှလှလေးထိုင်လို့ရအောင်ပါရှင့်😘😘😘ပါရမီလမ်းနှင့်နှင်းဆီလမ်းထောင့်ကနေ နည်းနည်းလေး ဝင်သွားတ...
25/12/2023

ခရစ်စမတ်ပိတ်ရက်လေးမှာ
ကော်ဖီဆိုင်လှလှလေးထိုင်လို့ရအောင်ပါရှင့်😘😘😘
ပါရမီလမ်းနှင့်နှင်းဆီလမ်းထောင့်ကနေ နည်းနည်းလေး ဝင်သွားတဲ့ Royalဆန်ဆန် ဆိုင်လှလှလေးပါရှင်…..

Cream များတဲ့ ကိတ် တွေ မစားတဲ့ Admin က
Cheese Cakeလေးတော့စားလို့ရလို့ တော်သေးတယ်
ပုံလှလှလေးရိုက်နေတုန်း Cheese Cakeလာချပေးလို့ ဆက်တောင်မရိုက်နိုင်ဘူးး😝😝😝

ကာဖီ မသောက်ရမနေနိုင်မလို့ ခါးဆိမ့်ဆိမ့်လေးတခွက်တော့ သောက်ခဲ့ရသေးတယ်……

ကာဖီရော
ကိတ်ရောအရသာရှိပြီး
ဆိုင်လှလှလေးမလို့ ကာဖီဆိုင်လှလှ ရှာနေရင် သွားသင့်တယ်နော်…

🌲မြို့ထဲနဲ့လဲ တအားမဝေးချင်ဘူးလူတအားရှုပ်တာလဲ သိပ်မကြိုက်ဘူးပတ်ဝန်းကျင်လှလှလေးမှာ View ကောင်းကောင်းရှိတဲ့ နေရာ တည်းချင်တာ...
24/12/2023

🌲မြို့ထဲနဲ့လဲ တအားမဝေးချင်ဘူး
လူတအားရှုပ်တာလဲ သိပ်မကြိုက်ဘူး
ပတ်ဝန်းကျင်လှလှလေးမှာ View ကောင်းကောင်းရှိတဲ့ နေရာ တည်းချင်တာ ဆိုရင်တော့
Kalaw Villaထဲမှာ ရှိတဲ့
🏕️Blue Sky Holiday Home ရှိပါတယ်ရှင်……

🏕️Kalaw Villaထဲရှိတဲ့ Blue Sky မှာတည်းမယ် ဆို ရင်
ကဆုန်တောင် View
အိုးစည်တောင် Viewတွေအပြင် အိမ်ဒီဇိုင်းလှလှလေးတွေနဲ့ ချစ်စရာ neighborhood လေးကိုပါပိုင်ဆိုင်ရမှာပါရှင်…..

🏕️Master bedroom။ (၂)ခန်း
ရိုးရိုး (၂)ယောက်အိပ်ခန်း(၂)ခန်း ဆိုတော့
(၈)ယောက်အထိ သက်တောင့်သက်သာ တည်းခိုလို့ရမဲ့ အိမ်လေးပါရှင်…..

🏕️ရေပူရေအေးရတဲ့ ရေချိုးခန်းတွေဖြစ်ပြီးတော့ အပေါ်ထပ်ရေချိုးခန်းမှာတော့ Bathtub ထည့်ထားပေးပြီး Viewကြည့်လို့ရအောင် နေ့ခင်းဘက်ဆို100%အပြင်ကမမြင်ရတဲ့ မှန်နဲ့ ကာရံထားပေးတော့
View ကြည့်ရင်း ရေနွေးလေးစိမ်လို့ရလို့ အပေါ်ထပ်က ရေချိုးခန်းကိုတော့ အတူတူလာတဲ့သူတွေနဲ့ လုရမယ်နော်😉😉😉

🏕️မီးပျက်တာ အတွက်လဲစိတ်ပူစရာမလိုရအောင် မီးပျက်သွားတာနဲ့ Solar Auto ချိန်းပေးလို့ရအောင် Auto transfer switch ပါတပ်ဆင်ထားပေးပါတယ်ရှင်…..

🏕️အိပ်ခန်း၊ဧည့်ခန်း၊ရေချိုးခန်း၊dinning room၊view ကြည့်လို့ရတဲ့ ဝရံတာတွေ ကို စနစ်တကျ တည်ဆောက်ထားပြီး
မီးဖိုချောင်ထဲမှာလဲ
Cooker၊ Gas မီးဖို၊ အညှော်စုပ်စက်၊ Air fryer ၊ ရေနွေးအိုး၊ Blander၊ coffee makerစသဖြင့် ဘာလိုလို ရအောင် စဉ်စားပြီးထည့်သွင်းပေးထားပါတယ်ရှင်…..

🏕️အနားယူဖို့လာတာ အိမ်ထဲမှာပဲ နေချင်တာဆိုတဲ့ အဖွဲ့တွေအတွက် TV အေးဆေးကြည့်မလား WiFi နဲ့ဖုန်းအေးဆေးသုံးမလား ရွေးချယ်လို့ရပါသေးတယ်
Kalaw Villa နှင့် မြင်ကမှာ ဖုန်းလိုင်းမမိတဲ့ ပြဿနာ က Blue Sky မှာတည်းခိုရင်မရှိပါဘူးရှင် ဖုန်းလိုင်းအားလုံးမိအောင် Antenna တပ်ဆင် ထားပေးလို့ပါရှင်…..

🏕️ခရီးထွက်လို့အိမ်ပြန်တဲ့အခါ အဝတ်အဟောင်းတွေ ပြန်မသယ်ချင်တဲ့သူတွေအတွက် တခါထဲ လျော် လို့ရအောင် အဝတ်လျော်စက်ကို လျော်တာရော ခြောက်တာပါ ပါတဲ့ စက် စီစဉ်ပေးထားတော့ အိမ်ပြန်အထုတ်အပိုးကကျစ်ကျစ်လစ်လစ်နဲ့ ထုတ်ပိုးသယ်ဆောင်လို့ရပြီပေါ့ရှင်…..

🏕️Villa ထိပ်မှာလဲ စားသောက်ဆိုင် တွေရော ညဘက်အေးဆေးchillလို့ ရတဲ့ Hi barပါရှိနေတော့ အစားအသောက်နဲ့ သောက်ဖို့အတွက် အဝေးကြီးထွက်စရာမလိုတော့ဘူးပေါ့ရှင်….

🏕️Villa ထိပ်ထိ မထွက်ချင်တဲ့သူတွေအတွက်လဲ Hotel roomတွေလို့ Mini barသဘောမျိုး အလွယ်တကူဝယ်လို့ရအောင်
ဘီယာ၊ဝိုင်၊ဆိတ်သားခြောက်၊ခေါက်ဆွဲခြောက်၊ဆန်၊ဆီတို့ကို့ စျေးနှုန်းကပ်ပြီးထားထားပေးပါတယ်နော်……

🏕️Privacy ရှိရှိ ခြံနဲ့ ဝန်းနဲ့ နေချင်တယ်
သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိသားစုတွေနဲ့ ဖြစ်ဖြစ်
အေးဆေး တည်းခိုလို့ရတဲ့ Kalaw Villa ထဲမှာ ရှိတဲ့ Blue Sky Holiday Homeကိုရွေးချယ်သင့်ပါတယ်ရှင်…..

🏕️Blue Sky Holiday Home ကို Booking တင်မယ်ဆိုရင်တော့ 09446232905 ကိုဖုန်းဆက်၍Booking တင်နိုင်ပါတယ်ရှင်

မြို့ထဲနဲ့ အနီးဆုံးမှာနေချင်တယ်ခြံဝန်းကျယ်ကျယ် ဝန်းဝန်းနဲ့ လွတ်လွတ် လပ်လပ် တည်းခိုချင်တာကလောအငွေ့အသက်လေးရတဲ့ အဆောက်အဦးမျ...
23/12/2023

မြို့ထဲနဲ့ အနီးဆုံးမှာနေချင်တယ်
ခြံဝန်းကျယ်ကျယ် ဝန်းဝန်းနဲ့ လွတ်လွတ် လပ်လပ် တည်းခိုချင်တာ
ကလောအငွေ့အသက်လေးရတဲ့ အဆောက်အဦးမျိုးတည်းချင်ပါတယ်ဆိုတဲ့သူတွေအတွက်
🌲Chan Myae Villlaကနေ ကြိုဆိုပါတယ်ရှင့်

🏕️Chan Myae Villa ကတော့ မြို့ထဲမှာ ရှိတဲ့ Vacation Homeလေးဖြစ်ပြီး Express ကားနဲ့ လာတဲ့ ဧည့်သည်တွေအတွက် သွားလာလည်ပတ်ဖို့ အဆင်ပြေတဲ့ နေရာမှာတည်ရှိပါတယ်ရှင်…..

🏕️ရပ်ကွက်(၇)မှာရှိတဲ့ Vacation Homeလေးဖြစ်လို့ ကလောမြို့၏ အထင်ကရနေရာတွေဖြစ်သော
ကလောနာရီစင်
ကလောမြို့မစျေး
မောမြေဦးပန်းခြံ
တို့ကို လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာရှိပါတယ်ရှင်….

🏕️၁ယောက် ကနေ ၆ ယောက်အထိ လွတ်လွတ်လပ်လပ်တည်းခိုနိုင်မှာဖြစ်ပြီး
၃ယောက်အိပ် master bedroom (၂)ခန်း
ကျယ်ဝန်းသောဧည့်ခန်း
ကျယ်ဝန်းသောမီးဖိုချောင်
တို့အပြည့်အစုံရှိတဲ့ အောက်ထပ် တစ်ထပ်လုံးလွတ်လပ်စွာတည်းခိုနိုင်မှာဖြစ်ပါတယ်ရှင်…..

🏕️WiFi
ရေပူရေအေး
Mini Fridge
Coffee maker
Set of Towels တွေအပြင်
မီးပျက်ခဲ့လျှင် အသုံးပြုလို့ရအောင်
Power generator ပါထားရှိပေးထားပါတယ်ရှင်…..

၁-၆ဦးအထိ ၁၅၀၀၀၀ထိသာကျသင့်မှာဖြစ်ပြီး
၆ဦးထက်ပိုပါက တစ်ဦးလျှင် ၁၅၀၀၀ကျပ်သာ ကောက်ခံပါမယ်တဲ့ရှင်…..
၆ဦးထပ်လျော့ခဲ့လျှင်လဲ စျေးညှိနှိုင်းပေးအုံးမှာပါရှင်….

မိသားစုနဲ့ပဲ ပျော်ရွှင်စွာ ခရီးထွက်လာရင်ဖြစ်ဖြစ်
သူငယ်ချင်းတွေနဲ့ လွတ်လွတ် လပ်လပ် ခရီးထွက်ချင်ရင်ဖြစ်ဖြစ် Chan Myae Villa မှ ကြိုဆိုပါတယ်ရှင်…..
ခရီးသွားရာသီတွေမှာ အတန်ဆုံးစျေးနှုန်းတွေ နဲ့ တည်းခိုဖို့
09446232905 ကို ခုပဲ ဖုန်းဆက်ပြီး Bookingတင်လို့ရပါပြီရှင့်……

ချစ်ရတဲ့ ကာကာတို့ရေ ❤️❤️❤️Chez ThandaMini bungalow လေးမှာ 26,27 Dec အတွက် ရဦးမယ်နော်။TV လေးလည်း ထည့်ထားပေးပြီနော်လို့ 😘C...
23/12/2023

ချစ်ရတဲ့ ကာကာတို့ရေ ❤️❤️❤️

Chez Thanda

Mini bungalow လေးမှာ 26,27 Dec အတွက် ရဦးမယ်နော်။

TV လေးလည်း ထည့်ထားပေးပြီနော်လို့ 😘

Check in 2 p.m
Check out 11 a.m

09446232905

December's Availability🎄🏡❄️.  Kalaw white cottage 28 2909446232905
23/12/2023

December's Availability🎄🏡❄️.
Kalaw white cottage
28 29
09446232905

2023 December 24 မှ 29 ထိ Wild Wild West Log Cabin - Kalaw အားလပ်နေပါသေးကြောင်း 09 446232905
23/12/2023

2023 December 24 မှ 29 ထိ Wild Wild West Log Cabin - Kalaw အားလပ်နေပါသေးကြောင်း

09 446232905

ကော်ဖီတွေ မရှိလို့မဖြစ်ဖူးကွဲ့ဒီတခေါက်တော့ Coffee Date စရာ စမ်းချောင်းထဲက Leaf cafe and Plants ဆိုတဲ့ဆိုင်လှလှလေးကို အတူ...
23/12/2023

ကော်ဖီတွေ မရှိလို့မဖြစ်ဖူးကွဲ့
ဒီတခေါက်တော့
Coffee Date စရာ စမ်းချောင်းထဲက
Leaf cafe and Plants ဆိုတဲ့
ဆိုင်လှလှလေးကို အတူသွားကြရအောင်ရှင်…
ကော်ဖီသောက်ရင်း
စာဖတ်ရင်း
အပင်တွေနဲ့ပါ စကားပြောလို့ရတဲ့ ဆိုင်လေးပါရှင်….
တော်သေးတယ် အပင်တွေက စကားပြန်မပြောလို့😝
အပင်စိမ်းစိမ်းလေးတွေရယ်
မီးရောင်လှလှလေးတွေရယ်
အေးအေးချမ်းချမ်းရှိတဲ့ ဆိုင်လေးမလို့ ချစ်ချစ်နဲ့ Dateလို့အဆင်ပြေတဲ့ဆိုင်လေးပါရှင်…..
Coffee အဓိက ထားသောက်တာ မလို့ ဘာမုန့်မှ မစားခဲ့ရလို့
ချစ်သောတို့ သွားချင်လို့ လိုက်ပို့ဆိုရင် မုန့်လိုက်စားပေးပါ့မယ်😍😜

ဒီရင်ခွင် တစုံက ပိုင်ရှင်မဲ့ ဆိုပေသိ ချစ်သောလေးတို့သာလာမယ်ဆို welcome 😍
21/12/2023

ဒီရင်ခွင် တစုံက ပိုင်ရှင်မဲ့ ဆိုပေသိ
ချစ်သောလေးတို့သာလာမယ်ဆို welcome 😍

သွားမယ် တည်းမယ် Groupeမှာ ပါဝင်အာဖြည့်ခဲ့တဲ့ မဲအတွက် ကံထူးသွားသော ကံထူးရှင်အကို ကိုယ် ရွေးချယ်ခွင့်အများကြီးပေးထားတဲ့ အထ...
20/12/2023

သွားမယ် တည်းမယ် Groupeမှာ ပါဝင်အာဖြည့်ခဲ့တဲ့ မဲအတွက် ကံထူးသွားသော ကံထူးရှင်အကို
ကိုယ် ရွေးချယ်ခွင့်အများကြီးပေးထားတဲ့ အထဲကမှ
Kalaw Log House ကို ရွေးချယ် တည်းခိုပြီး ပျော်ရွှင်သော ခရီးစဉ်အဖြစ် ပြန်လည် ကြားသိရလို့ ဝမ်းသာပါတယ်ရှင့် 😍
သူသွားထားတာကတော့ September လထဲမှာ ပဲ
ဘာရယ်လို့တော့ဟုတ်ဖူး Adminလဲ ကလောထပ်သွားချင်လာလို့ ခုမှပုံထတင်တာ😂
ခရီးစဉ်ရောင်းရင်လဲအားပေးကြအုံး Admin ကပ်လိုက်လို့ရအောင်😂😝😍

စက္ကူပန်းတွေ ပွင့်တဲ့ရာသီ ချစ်သော စက္ကူ ပန်းတွေ ရှိရာကို သွားကြရအောင်ဗျို့
20/12/2023

စက္ကူပန်းတွေ ပွင့်တဲ့ရာသီ
ချစ်သော စက္ကူ ပန်းတွေ ရှိရာကို သွားကြရအောင်ဗျို့

🏕️Chez Thanda တဲ့ ဘာမှ ခက်ခက်ခဲခဲတွေ လျှောက်မစဉ်းစားနေပါနဲ့ အဓိပ္ပာယ်က သန္တာ့အိမ်ကလေးပါတဲ့ ရှင်🏕️နာမည်လေးနဲ့လိုက်တဲ့ ချစ...
19/12/2023

🏕️Chez Thanda တဲ့
ဘာမှ ခက်ခက်ခဲခဲတွေ လျှောက်မစဉ်းစားနေပါနဲ့
အဓိပ္ပာယ်က သန္တာ့အိမ်ကလေးပါတဲ့ ရှင်
🏕️နာမည်လေးနဲ့လိုက်တဲ့ ချစ်စရာVacation Homeလေးကို ကလောမြို့မစျေးကနေဆယ်မိနစ် နှီးဘုရားကနေ ငါးမိနစ် ပဲ ကားမောင်းသွားရတဲ့ နေရာမှာရှိနေတာပါရှင်…..

🏕️နာမည်လေးချစ်ဖို့ကောင်းသလို အိမ်လေးတွေကလဲ ချစ်စရာလေးတွေပါရှင် A Frame ပုံစံ cabin typeလေး နှစ်လုံး ကို ခြံကျယ်ကျယ်လေးထဲမှာဆောက်ထားတာပါရှင်….

🏕️ထင်းရူးပင် View တောင် မဟုတ်တော့ပဲ ထင်းရူးတော့ View ပါမြင်ရမဲ့ view အသားပေးထားတဲ့
Main Cabin မှာ (6) pax
Mini Cabin မှာ (2)pax ထိ လွတ်လွတ် လပ်လပ်တည်းခိုလို့ရပါတယ်ရှင်….

🏕️မြေနေရာအကျယ် ကြီးမှာ အိမ်တွေအများကြီးမဆောက်ထားပဲ ရာသီအလိုက် ပန်းတွေ စိုက်ဖို့ စီစဉ်ထားပြီး ကလောရဲ့ ချမ်းအေးတဲ့ ရာသီဥတုကို အံတုဖို့ မီးလှုံဖို့ လဲ စီစဉ်ထားပေးပါတယ်ရှင်……

🏕️အိပ်ခန်းတစ်ထပ်၊ viewလှလှလေးနဲ ဝရံတာ၊
ဧည့်ခန်း၊ Dinning place ၊ရေချိုးခန်းတို့ကို စနစ်တကျ လှလှပပပြင်ဆင်ထားပေးပြီးတော့ ထင်းရူးမြို့တော်မှာတည်းရင် ထင်ရူးရနံ့လေးတွေရအောင် ထင်ရူးသားတွေနဲ့လဲ အပြင်အဆင်တော်တော်များများ ကိုဖန်တီးထားလို့ smoking areaကိုတော့ အိမ်အပြင်လေးမှာသတ်မှတ်ထားပေးပါတယ်ရှင်…..

🏕️WiFi/ Hot & Cold water /Bathroom amenities/
Towels / Coffee စသည့် အခြေခံလိုအပ်ချက်အပြည့်အစုံအပြင် Room service ပါထည့်ပေးတဲ့ အိမ်လေးပါရှင်…..

🏕️ဧည့်သည် လိုချင်တဲ့ service ကို အဆင်အပြေအဆုံးဖြစ်အောင် အမြဲတမ်း Ready ဖြစ်နေတဲ့ Vacation Homeဆိုတော့ ကိုယ့်မိဘအိမ် မှာနေရသလိုနွေးထွေးမှု ခံစားရမှာပါနော်…..

😍ဘော်ဒါတသိုက်နဲ့ မီးလှုံရင်းဂစ်တာတီးကျမလား?
😍မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ စည်းစည်းလုံးလုံးစကားစမြည်းပြောကြမလား?
😍lovebirds လေးတွေအဖြစ် ချစ်ကြည်နူးတစ်တီတူးကြမလား

တည်းခိုချင်စရာအချက်အလက်တွေနဲ့ ပြည့်စုံနေတဲ့ Vacation Homeလေးကို တည်းခိုဖို့ ခုပဲ Bookလုပ်လိုက်ပါ….

Chez Thanda ကို booking တင်ချင်ရင်တော့
09446232905 ကို Helloလို့ရပါတယ်ရှင့်😘






Adminက ကျားကျားလျားလျားနဲ့ ဆိုပေမဲ့ Drama Queenနော်ကိုယ်ပဲစီစဉ်ပေးပြီး ကိုယ်ပဲမေ့ ပြီးရင် Drama က ခင်းလိုက်သေးတာ 😝
19/12/2023

Adminက ကျားကျားလျားလျားနဲ့ ဆိုပေမဲ့ Drama Queenနော်
ကိုယ်ပဲစီစဉ်ပေးပြီး ကိုယ်ပဲမေ့ ပြီးရင် Drama က ခင်းလိုက်သေးတာ 😝

😍
19/12/2023

😍

Adminတို့တဖွဲ့လုံးရဲ့ ရည်ရွယ်ချက်က Road to Kalaw ပဲကလောကတည်းကတည်းသွားလွန်းလို့ အိမ်ကလဲ မကြည်တော့ဘူးNew Year ကို အလုပ်အကြ...
18/12/2023

Adminတို့တဖွဲ့လုံးရဲ့ ရည်ရွယ်ချက်က
Road to Kalaw ပဲ
ကလောကတည်းကတည်းသွားလွန်းလို့ အိမ်ကလဲ
မကြည်တော့ဘူး
New Year ကို အလုပ်အကြောင်းပြပြီး ခရီး ထပ်သွားချင်မိလို့ ခရီးစဉ် စီစဉ်ရင် အားပေးကြပါလားဟင်
အားပေးမယ်ပြောလိုက်နော်😝

အိမ်ဆိုင်လေးကိုသွား ကော်ဖီသောက်မလား???ဝန်ကြီးများရုံးကို အလည်သွားမလား???Ladies ကြိုက်ရာပြော……အိမ်ဆိုင်လေးမှာဘာရသလဲ ???ဘဲ...
15/12/2023

အိမ်ဆိုင်လေးကိုသွား ကော်ဖီသောက်မလား???
ဝန်ကြီးများရုံးကို အလည်သွားမလား???
Ladies ကြိုက်ရာပြော……

အိမ်ဆိုင်လေးမှာဘာရသလဲ ???
ဘဲညှစ်လို့ရပါတယ်
အဲလေ မီနူးစာရွက်ထည့်ပေးထားပါတယ် ဖတ်ကြည့်ပါ
ကိုယ်တွေကတော့ ကာဖီ ပဲ သောက်လို့ ကာဖီပဲသိလို့😝

ဗိုလ်အောင်ကျော်လမ်း အထပ်ဘလောက်မှာရှိတဲ့ ကော်ဖီဆိုင်ရယ်
မျက်စောင်းထိုးလိုက်ရင် ဝန်ကြီးများရုံးရောက်ပါတယ် ….

ဆက်သွားပြီး ပုံတွေတဝကြီးရိုက်ပါ
Adminဆို အိမ်စောင့်နတ်နှင်ထုတ်ထားလို့ ကလော သို့ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာပဲ ရှိတတ်ပါတယ်😝😝😝

Let’s Journey မှာ ည ၁၀:၃၀​ေလာက်booking ယူပြီး Grace Hill at Myinka မှာတည်းခိုသွားတဲ့မမ တွေပါရှင်Adminက လျှောက်သွားပြီး R...
14/12/2023

Let’s Journey မှာ ည ၁၀:၃၀​ေလာက်booking ယူပြီး
Grace Hill at Myinka မှာတည်းခိုသွားတဲ့မမ တွေပါရှင်
Adminက လျှောက်သွားပြီး Reservation သေချာမလုပ်ပေးဘူးထင်မှာစိုးလို့ ပုံလေးတွေခွင့်တောင်းပြီးပြန်တင်ရတာပါရှင်😍😍😍
ချစ်သောတို့ ဘယ်ရက်လိုချင်ချင် Let’s Journeyရဲ့ page messenger or 09446232905ကို Helloလိုက်ပါရှင်😍

ဒီတခေါက်တော့ တောင်ပေါ်မြို့လေးတမြို့မှာ ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တဲ့သူတွေ ရှေ့ထွက်ခဲ့ပါကော်ဖီချင်း လဲသောက်ကြရအောင...
14/12/2023

ဒီတခေါက်တော့ တောင်ပေါ်မြို့လေးတမြို့မှာ
ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တဲ့သူတွေ ရှေ့ထွက်ခဲ့ပါ
ကော်ဖီချင်း လဲသောက်ကြရအောင်လို့လေ😍😝
Myinka ရွာထဲမှာရှိပြီးအမိုက်စား viewတွေ နဲ့ နော် ဒီဆိုင်လေးကတော့😍🌲🌲🌲

https://www.facebook.com/MyinkaCountryTeaGarden?mibextid=LQQJ4d

"အသက်ကိုနောက်မှ ရှူမယ် ကော်ဖီကို အရင်သောက်မယ်”ဆိုတဲ့ အဖွဲ့ ရှေ့ထွက်ခဲ့ပါဘာမှဟုတ်ဖူး လမ်းကြုံရင် ကော်ဖီတိုက်ခိုင်းမလို့😝
13/12/2023

"အသက်ကိုနောက်မှ ရှူမယ်
ကော်ဖီကို အရင်သောက်မယ်”
ဆိုတဲ့ အဖွဲ့ ရှေ့ထွက်ခဲ့ပါ
ဘာမှဟုတ်ဖူး လမ်းကြုံရင် ကော်ဖီတိုက်ခိုင်းမလို့😝

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆိုခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်...
12/12/2023

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ😍

- တစိမ့်စိမ့်________________________ဒီနေရောင်အောက်မှာ မင်း ရှိတယ်ဒီကြယ်ရောင်အောက်မှာ မင်း ရှိတယ်ဒီတိုင်းပြည် တနေရာမှာ မ...
11/12/2023

- တစိမ့်စိမ့်
________________________

ဒီနေရောင်အောက်မှာ မင်း ရှိတယ်
ဒီကြယ်ရောင်အောက်မှာ မင်း ရှိတယ်
ဒီတိုင်းပြည် တနေရာမှာ မင်း ရှိတယ်
မင်းရှိရာ အရပ်ဟာ
မင်းရှိရင် ပန်းတွေပွင့်နေမှာပဲ မဟုတ်လား။
ဒီကမ္ဘာကြီးထဲမှာ မင်း ရှိနေခဲ့
မင်း ရှိနေတယ်ဆို ပြီးတာပါပဲကွယ်။ ။

#လွမ်းခန်း

၄ ၅ ၂၀။

- စံငြိမ်းဦး

ကလောရောက်ပြီ ဘားတစ်ခုခုသွားချင်ရင် Hi Barကို JoinပါဗျတခြားVibeတွေထက် ရီဝေဝေ Vibeလေးရစေမှာနော်ဆိုင်ရှင်ရဲ့ communication ...
11/12/2023

ကလောရောက်ပြီ ဘားတစ်ခုခုသွားချင်ရင် Hi Barကို Joinပါဗျ
တခြားVibeတွေထက် ရီဝေဝေ Vibeလေးရစေမှာနော်
ဆိုင်ရှင်ရဲ့ communication skill ကြောင့် ချောင်မှာ တစ်ယောက်ထဲ သွားဆွေးမဲ့သူတောင် တွန်းအားတစ်ခုခုရစေမှာပါ…..
🍷🍷🍷

ပန်းတွေ ရှိနေသေးရင် အချစ်တွေလဲရှိနေအုံးမှာပဲ😍😍😍
10/12/2023

ပန်းတွေ ရှိနေသေးရင် အချစ်တွေလဲရှိနေအုံးမှာပဲ😍😍😍

ပုံပြင်တစ်ပုဒ် ပြောပြနိုင်ဖို့ ပုံပြင်တွေ အများကြီးဖတ်ထားရတယ်…..ဒီလိုပဲ The storyအကြောင်းပြောဖို့The story မှာထိုင်ပြီးB...
26/11/2023

ပုံပြင်တစ်ပုဒ် ပြောပြနိုင်ဖို့
ပုံပြင်တွေ အများကြီးဖတ်ထားရတယ်…..

ဒီလိုပဲ
The storyအကြောင်းပြောဖို့
The story မှာထိုင်ပြီး
Black story သောက်ခဲ့တယ်

ကောင်းတယ် ချဉ်ခါးခါးလေး😁
အခါးရောအချဉ်ရောလက်ခံရင်တော့ ရွေးချယ်သင့်တယ်နော်

အပေါ်ထပ်
အောက်ထပ် နှစ်လွှာရှိပြီး
ဘော်ဒါတွေနဲ့ အေးဆေးလေပေါချင်တဲ့သူတွေအတွက်
အေးဆေးပါနော်
တခြားဝိုင်းကလူတွေလဲပြောချင်ရာပြော
ကိုယ်တွေလဲပြောချင်ရာပြောအေးဆေးပါပဲ😁

ကိုယ်သွားထိုင်ဖြစ်တဲ့အဓိကအကြောင်းအရာကရှင်းတယ်
Black Story အရသာလေးသဘောကျတယ်
ဓာတ်ပုံထဲမှာမြင်ရတဲ့ မှန်ကြီးရှိတဲ့အခန်းကိုသဘောကျလို့သွားတယ်😁😝
အိမ်ကမှန်ကသိပ်မလှဘူး
The story ကမှန်ကလှနေရော

ယူတို့လဲကော်ဖီတကယ်ကြိုက်ပြီးမှန်တကယ်ကြိုက်ရင်သွားထိုင်နော််😘😘😘

ယူတို့တော့မသိဘူး ကိုယ့် customer လေးတွေ သိပ်ချစ်ဖို့ကောင်းတာတော့ ကိုယ်သိတယ်😍😍😍ချစ်ဖို့ကောင်းချင်ရင်တော့ ကိုယ့်ဆီမှာ အိမ်...
24/11/2023

ယူတို့တော့မသိဘူး
ကိုယ့် customer လေးတွေ သိပ်ချစ်ဖို့ကောင်းတာတော့
ကိုယ်သိတယ်😍😍😍
ချစ်ဖို့ကောင်းချင်ရင်တော့ ကိုယ့်ဆီမှာ အိမ်booking လာယူ😍
Booking ယူမယ်ဆို 09446232905ကို Hello😘

မင်မင့်ကိုဒါမျိုးလာ flirt လို့မရဘူး 😂😂😂လွမ်းတော့လွမ်းတယ် ကလောကို😝
24/11/2023

မင်မင့်ကိုဒါမျိုးလာ flirt လို့မရဘူး
😂😂😂
လွမ်းတော့လွမ်းတယ် ကလောကို😝

ထွက်သွားတဲ့သူ နဲ့ ကျန်ရစ်ခဲ့တဲ့သူ ဘယ်သူ ပိုနာကျင်ရလဲကိုယ်က​တော့ ကလောကို လွမ်းနေရတာ ပိုနာကျင်ရပါတယ်🥺🥺🥺
24/11/2023

ထွက်သွားတဲ့သူ နဲ့ ကျန်ရစ်ခဲ့တဲ့သူ ဘယ်သူ ပိုနာကျင်ရလဲ
ကိုယ်က​တော့ ကလောကို လွမ်းနေရတာ ပိုနာကျင်ရပါတယ်🥺🥺🥺

ကလောက Vacation Homeတွေကို အကင်အိုးပါသလားမေးကြတယ်ရှင်…..ပါပါတယ်ရှင်….မပါရင်လဲ ဒါမျိုးဖန်တီးပေးပါတယ်ရှင်😝😝😝Photo …Crd
22/11/2023

ကလောက Vacation Homeတွေကို အကင်အိုးပါသလားမေးကြတယ်ရှင်…..
ပါပါတယ်ရှင်….
မပါရင်လဲ ဒါမျိုးဖန်တီးပေးပါတယ်ရှင်😝😝😝
Photo …Crd

အဝါရောင်ကချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်ဆိုရင်အဝါရောင်းပန်းခင်းတွေကရော???ပွင့်ဖတ် အဝါရောင်လေးတွေ မရေမတွက်နိုင်အောင်မျာ...
21/11/2023

အဝါရောင်ကချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်ဆိုရင်
အဝါရောင်းပန်းခင်းတွေကရော???

ပွင့်ဖတ် အဝါရောင်လေးတွေ မရေမတွက်နိုင်အောင်များပြားနေပြီဆိုရင်
ချစ်ခြင်းမေတ္တာလဲ တိုင်းတာလို့ မရလောက်အောင်း များပြားနေပြီးဆိုတဲ့အဓိပ္ပာယ်ပေါ့……

ဘာမှ မရှိတာကိုက မြတ်နိုးစရာ😍
21/11/2023

ဘာမှ မရှိတာကိုက မြတ်နိုးစရာ😍

Fairyland 😍
21/11/2023

Fairyland 😍

17/11/2023

Parisကို သွားဖြစ်ရင် ဝတ်ဖို့ 😂😍
Adminတော့ဒီ ဘဲကြီးကိုတအားကြွေ😘

ချစ်ခြင်းဖြင့် တည်ခင်းသော မနက်စာ…..တစ်ဦးစေတနာ တစ်ဦးမေတ္တာဆိုသလိုရန်ကုန်ကနေ ပဲ  Bookingတင်ပေးဧည့်သည်ထည့်ပေးနေကြပေမဲ့ ကလော...
15/11/2023

ချစ်ခြင်းဖြင့် တည်ခင်းသော မနက်စာ…..
တစ်ဦးစေတနာ တစ်ဦးမေတ္တာဆိုသလို
ရန်ကုန်ကနေ ပဲ Bookingတင်ပေး
ဧည့်သည်ထည့်ပေးနေကြပေမဲ့ ကလော ရောက်ခဲ့ရင် မနက်စာ စားပါ ဆိုပြီး လူကိုယ်တိုင်လဲ လာကြိုပေးတယ်
အတူပါလာတဲ့ အဖွဲ့သားတွေအတွက်ပါ သေချာ ပြင်ဆင်ပေးတယ်
သွားချင်တဲ့ နေရာရှိလဲ တကူးတက လိုက်ပို့ပေးသေးတာ
တအားဂရုစိုက်ပြီးဧည့်ဝတ်ကျေးလွန်းလို့ ကိုယ်တွေက ပြန်အားနာရတဲ့အထိ
ကိုယ်တွေကို ပဲ ဒီလို ဂရုစိုက်ပေးတာလားဆိုတော့
တည်းခိုတဲ့ ဧည့်သည်တွေပိုလဲ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတာပါရှင်
Vacation Homeကိုမှ မနက်စာကောင်းကောင်း စား ချင်ရင်တော့ Kalaw White Cottageကို recommend ပေးပါတယ်ရှင်
ပုံမှာ ပါတဲ့ တို့ဟူးကြော် တစ်ဗန်းကို တစ်ယောက်တစ်လက်နဲ့ ခဏအတွင်း ဖြိုခဲ့တာပါရှင့်
ခရီးက ပြန်ရောက်ပေမဲ့ ခုထိ ကလောကနေ ဖော်ရွေ မှုတွေ လက်ခံ ရရှိနေသလိုခံစား​နေရသေးလို့ ကျေးဇူးတင်စကားက နောက်မကျသေးဖူးလို့ထင်ပါတယ်ရှင့်…..
ချစ်သော ဧည့်သည်တွေရော Let’s Journey ကိုပါ ဂရုတစိုက်ရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ရှင့်😍😍😍

☁️တိမ်တွေ ရှိရာ အရပ်ဒေသနဲ့ အနီးဆုံးမှာ နေချင်တယ်….🏕️စိမ်းစိုနေသော ပတ်ဝန်းကျင်လေးမှာလဲနေချင်တယ်….👨‍👩‍👧‍👦ခြံကျယ်ကျယ်ဝန်းဝန...
12/11/2023

☁️တိမ်တွေ ရှိရာ အရပ်ဒေသနဲ့ အနီးဆုံးမှာ နေချင်တယ်….
🏕️စိမ်းစိုနေသော ပတ်ဝန်းကျင်လေးမှာလဲနေချင်တယ်….
👨‍👩‍👧‍👦ခြံကျယ်ကျယ်ဝန်းဝန်းမှာ မိသားစု ၊သူငယ်ချင်းတွေ နဲ့ အေးဆေးအနားယူဖို့ စိတ်ကူးထားတယ် ဆိုရင်တော့
"Peaceful Cabin Kalaw "ဆိုတဲ့ ချစ်စရာCabinလေးနဲ့မိတ်ဆက် ပေးပါရစေရှင်………

နာမည်နဲ့လိုက်အောင် ငြိမ်းချမ်းပြီး တိတ်ဆိတ်သော Cabinလေး…..
အိုးစည်တောင်တိမ်ပင်လယ် သွားဖို့ ၃မိနစ်ခန့် ပဲ အချိန်ပေးရသည့် အိုးစည် တောင်ပတ်လမ်း ရှိ
ချစ်စရာ Cabinလှလှလေး…….

တစ်အိမ်ကို လူဦးရေ (၅)ယောက် သက်တောင့် သက်သာ တည်းခို လို့ ရပြီး
Cabin နှစ်လုံးတောင်ရှိတာမလို့
အုပ်စုတောင့်လို့ (၁၀)ယောက်ထိဖြစ်သွားလဲ အေးဆေးတည်းခိုလို့ရပါတယ်ရှင်…..

မီးဆိုလဲ ၂၄ နာရီ
ရေပူ၊ရေအေးလဲရ
WiFiပါ ရတယ်ဆိုတော့

ကိုယ့်ဘော်ဒါတွေနဲ့ ပဲ သီးသန့် chillချင်တာ
က်ုယ့်မိသားစုနဲ့ပဲ သီးသန့်တည်းခိုချင်တာ ဆိုတဲ့ သူတွေ အတွက်ရွေးချယ်ဖို့ သင့်တော်တယ်နော်…..

မနက်ဆို တိမ်ပင်လယ် ရှိရာသို့ချီတက်
ညပိုင်းဆို ဘော်ဒါတသိုက် ၊မိသားစု တွေနဲ့
ကြယ်တွေ ကြည့်ရင်း စကားထိုင်ပြောကြမလား???
ဂီတာ တီးရင်း မီးပုံပွဲမှာ သီချင်း အော်ဟစ်ဆိုအုံးမလားး???
Peaceful Cabin Kalawမှာ တည်းခိုရင်း စိတ်ပင်ပန်းမှုတွေကို အဝေးမှာ ခဏတာ ထားခဲ့လို့ရပြီနော်…..

Vacation Homeဖြစ်တာမလို့ Hotel တွေလိုတော့ Daily Room Service တို့၊ Breakfastတို့ ပါဝင်မှာ
မဟုတ်သော်လည်း
မီးဖိုချောင်သုံး အခြေခံလိုအပ်ချက်တွေဖြစ်သော
ဆန်၊ ဆီ၊ဆား၊ဟင်းခတ်မှုန့် တို့အပြင် ကြက်ဥ ၊ကော်ဖီ ၊ခေါက်ဆွဲ ခြောက် တွေပါထည့်ပေးထားမှာဆိုတော့ ကိုယ့်အိမ်မှာ နေရင်း ခရီး အေးဆေးထွက်ရသလို ခံစားချက်လေး ရမှာနော်…..

ဒီလောက်ပြည့်စုံနေတာ တည်းခို စရိတ် စျေးကြီး မှာပေါ့….
တစ်ယောက်ကိုမှ ၂၅၀၀၀ ကျပ် လောက်ပဲ ကျသင့်အောင် သတ်မှတ်ထားတဲ့ စျေးနှုန်းက အစ အဆင်ပြေပါတယ်ရှင်……

ငြိမ်းချမ်းပြီး ပျော်ရွှင်ချင်တယ်
တိတ်ဆိတ်ပြီး စိတ်ချမ်းသာချင်တယ် ဆိုရင်တော့
Peaceful Cabin Kalawမှာ လာရောက်တည်းခိုပါရှင်…..

Peaceful Cabin Kalaw မှာ Booking
တင်မယ်ဆိုရင်တော့
Page messenger ကနေလည်ကောင်း
09446232905ကိုဖုန်းဆက်၍သော်လည်ကောင်း
စုံစမ်းမေးမြန်းပြီး
Deposits 50%ပေးချေပြီး ရယူနိုင်ပါပြီရှင့်…..

နွေးထွေးပြီးငြိမ်းချမ်းတဲ့ အိမ်လေးက စောင့်ကြိုနေမှာမလို့ Booking တင်လို့ရပါပြီရှင့်…….






ချစ်သော ကလော မြို့လေးသို့ ရောက်ခဲ့ကြောင်းလဲ သက်သေ ပြရအုံးမယ်ရှင်😂😍😍😍
10/11/2023

ချစ်သော ကလော မြို့လေးသို့ ရောက်ခဲ့ကြောင်းလဲ သက်သေ ပြရအုံးမယ်ရှင်😂😍😍😍

မြို့ထဲ လမ်းမတွေ ပေါ် လျှောက်သွားကြမယ်အချစ်တို့…….ဗိုလ်တထောင် ကမ်းနားမှာလဲ အလွမ်းများနဲ့ …..ဆူးလေ လမ်းမထက်မှာလဲ ဒဏ်ရာဒဏ်...
07/11/2023

မြို့ထဲ လမ်းမတွေ ပေါ် လျှောက်သွားကြမယ်အချစ်တို့…….
ဗိုလ်တထောင် ကမ်းနားမှာလဲ အလွမ်းများနဲ့ …..
ဆူးလေ လမ်းမထက်မှာလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့……..

ကော်ဖီဆိုင် ထိုင်ရတာ ရိုးတယ်
ပန်းခြံထဲ မှာ ဒိတ်ရတာ ရိုးတယ် ဆိုတဲ့ coupleလေးတေါအတွက်…..

ဗိုလ်တထောင်မှာ ငှက်​တွေအစာကျွေးမယ်…..
ရေမကြောက်တတ်ရင် လှေပါစီးလို့ရတယ်
ရဲစားလေးနဲ့ ဒိတ်ဖို့ နေရာအသစ်😁😁😁

မြို့ထဲလမ်းမပေါ် ကားရောင်စုံများစွာဆိုပြီး
ဆူးလေ လမ်းမတွေထက် ဒိတ်အုံးမလား…….

ဒီလိုဒိတ်ဖို့က စိတ်တူကိုယ်တူ သွားနိုင်လာနိုင် ပုံလိုက်ရိုက်ပေးနိုင်တဲ့သူပါဖို့လိုပါတယ်😁

တခါလောက်တော့ အချစ်နဲ့အတူ ဗိုလ်တထောင်ကမ်းနား ၊ဆူးလေ လမ်းမတွေ ထက် လျှောက်သွားကြည့်ပါ😘😘😘

Cabin type တော့ cabin typeပဲ ပိစိကွေး သေးသေးလေးတော့မတည်း ချင်ဘူး ကိုယ်တွေက အုပ်စုတောင့်လို့ဆိုတဲ့သူတွေအတွက် Nature Parad...
07/11/2023

Cabin type တော့ cabin typeပဲ ပိစိကွေး သေးသေးလေးတော့မတည်း ချင်ဘူး ကိုယ်တွေက အုပ်စုတောင့်လို့ဆိုတဲ့သူတွေအတွက် Nature Paradise Cabin လေကို ရွေးချယ်သင့်ပါတယ်…….
သီတင်းကျွတ် ကာလ Let’s Journey မှာ Booking လာတင်တဲ့ အဖွဲ့လေးကတော့ သဘောကျပါတယ်တဲ့ရှင်……..
ချစ်သောတို့ပျော်ရင် ကိုယ်လဲ ကျေနပ်တာမလို့
များများပျော်စေချင်ပါတယ်ရှင့်😘
အဲ့တော့ ရှင်းတယ်
09446232905 ကိုသာ Helloလုပ်ပြီး
Bookingယူချပလိုက် 😁😁😁

သဲလေးတို့ရေ ကိုယ့်အတွက် ပျော်ရွှင်စရာဆိုလို့ ခရီးသွားတာရယ်စာအုပ်တွေကြားထဲ နေတာရယ်ကော်ဖီဆိုင်ထိုင်တာရယ် ပဲ ရှိတာပါ…….ကလော...
06/11/2023

သဲလေးတို့ရေ ကိုယ့်အတွက် ပျော်ရွှင်စရာဆိုလို့
ခရီးသွားတာရယ်
စာအုပ်တွေကြားထဲ နေတာရယ်
ကော်ဖီဆိုင်ထိုင်တာရယ် ပဲ ရှိတာပါ…….
ကလော ကနေလဲ ပြန်လာတာ ကြာပြီဆိုတော့
၃၇ လမ်းစာအုပ်အဟောင်းတန်းလေးရယ်
၃၉လမ်းထဲ က မှော်ရုံ ကော်ဖီဆိုင်လေးရယ် လိုက်လည်ကြရအောင်…….

ဆန်း​ဒေးတစ်ရက်တော့ စာအုပ်တွေ မွှေမယ်
ကော်ဖီသောက်မယ်ဆို အဆင်ပြေတယ်မလား…..

၃၉လမ်းထဲကမှော်ရုံကတော့ အရင်ခေတ်က ပျော်ပွဲစားရုံရောက်သွားသလို ဒီဇိုင်းကာလာပါရှင်…….

တကယ်လဲ ကော်ဖီပဲသောက်ခဲ့တာမလို့
တခြားဘာစားလို့ကောင်းလဲမသိပါဘူးရှင်……

စျေးကတော့ တခြား လူငယ်ကြိုက် ပေါပေါ့ပါးပါးဆိုင်လေးတွေထက်စာရင် အနည်းငယ် လောက်များတယ်လို့ခံစားရပြီး ကျန်တာအကုန်အဆင်ပြေပါတယ်ရှင်……

ပွဲတစ်ခုမဟုတ်တစ်ခု active ဖြစ်အောင်စီစဉ်နေတဲ့
ဆိုင်ဆိုတော့ လမ်းကြုံဝင်ရင်တောင်ပျင်းဖို့မကောင်းတဲ့ ဆိုင်လေးပါရှင်….

ဆိုင်ကိုသွားမယ်ဆိုရင် ၃၇လမ်းမှာ စာအုပ်ဝင်ရွေးပါ
၃၉လမ်း အောက်ဆုံး ဘလောက်ကိုသာ ဆက်သွားပါ မှော်ရုံဆိုတာလေးတွေ့ရင် ဆိုင်ထဲတင်လို့ရပါပြီရှင်…….

ပျော်ရွှင်ချင်းတွေ က" Helloအမ ကလောမှာ vacation home လှလှလေးတွေ ရှိအုံးမလား ခင်ဗျာ/ရှင် "ဆိုတဲ့ ဖုန်ခေါ်ဆိုမှုလေးတွေက လာတ...
06/11/2023

ပျော်ရွှင်ချင်းတွေ က" Helloအမ ကလောမှာ vacation home လှလှလေးတွေ ရှိအုံးမလား ခင်ဗျာ/ရှင် "ဆိုတဲ့ ဖုန်ခေါ်ဆိုမှုလေးတွေက လာတယ်……
အိမ်မရရင် Campစီစဉ်ပေးတဲ့ ဒီ အမကြီးကိုလဲ ချစ်ပေးကြပါအုံး……
ပျော်ရွှင်ဖို့ကို တာဝန်ယူပြီးစီစဉ်ပေးတယ်….
လာရောက် bookingတင်ဖိို့ တာဝန်ယူပါနော်😍😍😍
09446232905 ကိုုသာ Helloလိုက် စိတ်ချမ်းသာစေရမယ်ရှင်☺️☺️☺️

Address

Yangon

Telephone

+959446232905

Website

Alerts

Be the first to know and let us send you an email when Let's Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category