Wings&Wheels Travels and Tours

Wings&Wheels Travels and Tours MAKING PEOPLE TRAVEL MORE FOR KNOWLEDGE AND CULTURE EXCHANGES
(2)

မြန်မာ့နှစ်သစ်ကူးမှာ တရားထူးရှာလို့ “ ဗုဒ္ဓမြတ်စွာပွင့်ထွန်းတော်မူရာ မြေမြတ်မဟာဗုဒ္ဓဂယာ” သို့ ရွှေဘီးပျံ ဗုဒ္ဓဂယာဘုရားဖူ...
15/02/2023

မြန်မာ့နှစ်သစ်ကူးမှာ တရားထူးရှာလို့ “ ဗုဒ္ဓမြတ်စွာပွင့်ထွန်းတော်မူရာ မြေမြတ်မဟာဗုဒ္ဓဂယာ” သို့ ရွှေဘီးပျံ ဗုဒ္ဓဂယာဘုရားဖူးဝန်ဆောင်မှုအဖွဲ့မှ ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလသင်္ကြန်တွင်းထွက်ရှိမည့် ဗုဒ္ဓဂယာခရီးစဉ် (ဘုန်းကြီးကျောင်းတည်း ၊ ဟိုတယ်တည်း) နှင့် မိတ်ဆက်ပေးပါရစေ ခင်ဗျာ 🙏🙏🙏

ဧပြီလမှာ ၇ညအိပ် ၈ရက် (11.4.2023 - 18.4.2023 ) ဟိုတည်တည်း နှင့် ဘုန်းကြီးကျောင်းတည်း ခရီးစဉ် နှစ်ခုရှိပါတယ်။

၇ ညအိပ်၊၈ရက် ခရီးစဉ်မှာ (ဖွား ပွင့် ဟော စံ) ၊ သတ္တဌာန (၇) ဌာန အပြင် ဗုဒ္ဓဖြစ်စဉ်တော်ထဲမှာ အမြဲပါဝင်နေတဲ့ ဇေတ၀န်ကျောင်းတော်ရာ၊ နာလန္ဒာတက္ကသိုလ် နဲ့ အခြားသောစိတ်ဝင်စားဖွယ်ရာနေရာများ ဖူးမျှော်လေ့လာကြရမှာဖြစ်ပါတယ်။

✅ဗုဒ္ဓမြတ်စွာဘုရား ဖွား ပွင့် ဟော စံရာ လေးဌာန (သံဝေဇနိယဌာန၊အဝိဇနိယဌာန)
၁။ ဂေါတမမြတ်စွာဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗနီဥယျာဉ်
၂။ သဗ္ဗညုတဥာဏ်တော် ရရှိတော်မူရာ မဟာဗောဓိအရပ်
၃။ ဓမ္မစကြာတရားဦး ဟောကြားရာ မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်စံ၀င်တော်မူရာ ကုသိနာရုံ အင်းကြင်းတော
✅ မြတ်စွာဘုရား (၄၉) ရက်တိုင်တိုင် သီတင်းသုံးတော်မူရာ သတ္တဌာန (၇) ဌာန
✅မူလဂန္ဓကုဋိတိုက် နှင့် နန္ဒိယကျောင်းတော်ရာ
✅မြတ်ဗုဒ္ဓအား ပဉ္စ၀ဂ္ဂီငါးဦး ခရီးဦးပြုရာ ဓမ္မရာဇိကကုန်းတော် (သံဝေဇနိယဌာန၊အ၀ိဇနိယဌာန)
✅ ချောက်ခဏ္ဍီစေတီ
✅ဗုဒ္ဓမြတ်စွာ (၂၅) ၀ါပတ်လုံး သီတင်းသုံးတရားပြတော်မူရာ ဇေတ၀န်ကျောင်းတော်ရာ (အ၀ိဇနိယဌာန)
✅အာနန္ဒာဗောဓိပင် နှင့် ရှင်သီဝလိကျောင်းတော်၊ အဂုင်္လိမာလစေတီတော်
✅သုဒတ္တစေတီ နှင့် သာဝတ္ထိမြို့ဟောင်း၊ တာဝတိံသာနတ်ပြည်သို့ ကြွလှမ်းတော်မူရာ သရက်ဖြူကုန်း
✅ဗုဒ္ဓမြတ်စွာဖွားမြင်တော်မူရာ မယ်တော်အုတ်ကျောင်း (သံဝေဇနိယဌာန) ၊ အသောကကျောက်တိုင်
✅မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူရာနေရာတွင် တည်ထားသည့် မဟာပရိနိဗ္ဗာနစေတီတော် (သံဝေဇနိယဌာန) ၊ အင်္ဂါရစေတီ၊ နောက်ဆုံးရေကြည်သုံးသပ်ရာနေရာ နှင့် အစရှိသည့် အထင်ကရနေရာများစွာပါဝင်မှာဖြစ်ပါတယ် ခင်ဗျာ ……… ။

ဈေးနှုန်းကတော့
၇ညအိပ် ၈ရက်ခရီးစဉ်(ဟိုတည်တည်း) အတွက် တစ်ဦးလျှင် USD 850+ 3သိန်းကျပ် ကျသင့်မှာဖြစ်ပြီး ၇ညအိပ် ၈ရက် (ဘုန်းကြီးကျောင်းတည်း) ခရီးစဉ်အတွက် တစ်ဦးလျှင် USD 670+ 3သိန်းကျပ် ဖြစ်ပါတယ်။

ဝန်ဆောင်မူများ 🤗

☕ ခရီးစဉ်တလျှောက် (နံနက်စာ၊နေ့လည်စာ၊ညစာ၊ ဒေသထွက်အစားအစာများ ၊ လဘက်ရည်၊ကော်ဖီ၊ အအေး၊ရာသီပေါ်အသီးအနှံများ မြန်မာနိုင်ငံမှယူဆောင်လာသော အစားအစာများ အစရှိသည်ဖြင့် တည်ခင်း ဧည့်ခံသွားပါမည်။

🎤 ခရီးစဉ်တလျှောက် လှည့်လည်ပူဇော်နေစဉ်အတွင်း ဆရာတော်တစ်ပါးမှ လိုက်လံပို့ဆောင်ရှင်းလင်းမူပေးခြင်း ခရီးစဉ်အစအဆုံး ရွှေဘီးပျံခရီးသွားကုမ္ပဏီမှ ယဉ်ကျေးပျူငှာသော TOUR LEADER တို့ဖြင့် လိုက်ပါကူညီဝန်ဆောင်မူ ပေးခြင်း။

💉 ကျန်းမာရေးဝန်ဆောင်မူအနေဖြင့် လိုအပ်ပါက ဘီးတပ်ကုလားထိုင် (WHEEL CHAIR) ♿ စီစဉ်ပေးခြင်း၊ လိုအပ်ပါက ဆေးခန်းပြပေးခြင်း၊ မြန်မာနိုင်ငံမှ အသင့်ယူဆောင်လာသည့် ဆေးသေတ္တာအိတ်ဖြင့် ကူညီစောင့်ရှောက်ပေးခြင်း။

🏨 ခရီးစဉ်တလျှောက်တည်းခို နေထိုင်နိုင်ရန် ဟိုတယ်တွင်တည်းခိုကြပါမည်။ (ဟိုတယ်တည်း)

📌 အိန္ဒိယနှင့်နီပေါ ဗီဇာ
📌 ဝင်ကြေးများအားလုံးပါဝင်ပြီးဖြစ်ပါတယ်။
📌 ခရီးစဉ်တလျောက် လေအေးပေးစက်ပါ Air-Con ကားများဖြင့်
📌 ခရီးဆောင်အိတ် (၂)လုံး၊ ယောဂီလုံချည် (သို့မဟုတ်) ယောဂီပုဆိုး၊ ဦးထုပ်၊ ဗုဒ္ဓဂယာလမ်းညွှန်စာအုပ်၊ ဝတ်ရွတ်စဉ်စာအုပ်၊ ယောဂီတဘက်
📌 လေယာဉ်ပေါ်တွင် အသွား ၊အပြန်(Tour Leader) အဖွဲ့ခေါင်းဆောင်ပါရှိခြင်း
📌 သောက်ရေသန့်များလည်းလိုအပ်သလိုပေးပါသည်။
📌 ခရီးဆောင်အိတ်များတင်/ချ ရန်အကူအလုပ်သမား (၂) ဦး ပါရှိ ပါသည်။
❌[ကားပေါ်တွင် ညအိပ်/ ညမောင်းခရီးစဉ်(လုံးဝ)မပါဝင်ပါ]
👌စရိတ်ငြိမ်းခရီးစဉ်ဖြစ်သည့် အတွက် ဘုရားဖူးများသည်လှူဒါန်းရန် နှင့် ဈေးဝယ်ရန် သာ ကုန်ကျပါမည်။
❌မည်သည့်အကြောင်းနှင့်မျှငွေကြေးထပ်မံကောက်ခံခြင်းမရှိပါ။

*** ပတ်စ်ပို့မရှိသူများနှင့် ပတ်စ်ပို့သက်တမ်းကုန်နေသူများ ခရီးစဉ်ရက်မတိုင်မီ တစ်လကျော်နောက်ဆုံးထား၍ စာရင်းပေးသွင်း ဝန်ဆောင်မူရယူရမည်ဖြစ်ပါသည်။

ဆက်သွယ်ရမယ့် လိပ်စာနဲ့ဖုန်းနံပါတ်ကတော့ Wings & Wheels Travels and Tours Page Chat Box မှတစ်ဆင့်လည်းကောင်း ဖုန်းနံပါတ် 09 444379637 သို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

ရွှေဘီးပျံခရီးသွားလုပ်ငန်းမှ မြန်မာ့နှစ်သစ်ကူး နှစ်ဦးသကြ်န်အခါသမယမှာ ဗုဒ္ဓဂယာခရီးစဉ်ကိုပြန်လည်သယ်ဆောင်လာခဲ့ပါပီ 🙏🏻“ အရဟံ...
09/02/2023

ရွှေဘီးပျံခရီးသွားလုပ်ငန်းမှ မြန်မာ့နှစ်သစ်ကူး နှစ်ဦးသကြ်န်အခါသမယမှာ ဗုဒ္ဓဂယာခရီးစဉ်ကိုပြန်လည်သယ်ဆောင်လာခဲ့ပါပီ 🙏🏻

“ အရဟံ - လူနတ်ဗြမ္မာတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား … … … ……”

သဗ္ဗညုတရွှေဥာဏ်တော်ရရှိရန် လေးအသင်္ချေ ကမ္ဘာတစ်သိန်း ဒုက္ကရစရိယာ (၆) နှစ်ကျင့်ကြံကာ ပါရမီဖြည့်ကျင့်ခဲ့တော်မူသော ဂေါတမမြတ်စွာဘုရား ဖွားမြင်တော်မူရာဒေသဖြစ်သည့် ဗုဒ္ဓဂယာခရီးစဉ်သို့ ရွှေဘီးပျံဘုရားဖူးခရီးသွား ၀န်ဆောင်မှုမှ ဟိုတယ်တည်းစဉ်များ စီစဉ်ပေးလျက်ရှိပါသည်။

မြန်မာ့နှစ်ဦးကို ကုသိုလ်ပြုရင်း ဗုဒ္ဓယာမြေမြတ်မဟာတွင် ကုန်ဆုံးလို၍ဖြစ်စေ မိမိ၏မိဘ၊ဘိုးဘွားကျေးဇူးရှင်များကို ကုသိုလ်ပြုကျေးဇူးဆပ်ပို့ဆောင်ပေးလို၍ဖြစ်စေ ဓမ္မမိတ်ဆွေများနှင့် အတူခရီးသွားလို၍ဖြစ်စေ ရွှေဘီးပျံသို့ဆက်သွယ်နိုင်ပါသည်

နှစ်ဦးကုသိုလ်ပြုခရီးစဉ်တွက် အသက်သာဆုံးစျေးနူန်းအပြင် သက်ရွယ်ကြီးရင့်သူတို့တွက် သက်သောင့်သက်သာနှင့် ပြည့်စုံစွာ လိုအပ်ချက်မရှိစေရန် 4* plus ဟိုတယ်ဝန်ဆောင်မူများ အဆင့်မီလေအိပ်ကားများဖြင့်ခရီးသွားလာမူများ၊ ဧည့်ဝတ်ကျေပွန်သော တိုးဂိုက် ၊ ခရီးစဉ်တွင်းလိုက်ပါပို့ဆောင်ရှင်းလင်းပေးမည့် ဆရာတော် နှင့် wheel chair service အပါ ဝန်ဆောင်မှူများပေးအပ်ရန် အသင့်ရှိနေပါသည် ။

ခရီးစဉ်ရက် - ဧပြီ လ ၁၁ရက်နေ့ထွက်ပြီး ၁၈ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်

ခရီးစဉ်တစ်လျောက်ပါဝင်မည့် ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက 𝐖𝐢𝐧𝐠𝐬 & 𝐖𝐡𝐞𝐞𝐥𝐬 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬 𝑪𝒉𝒂𝒕 𝑩𝒐𝒙 မှတစ်ဆင့် ပေးပို့မေးမြန်းနိုင်ပြီး လူကြီးမင်း၏ အမည် နှင့် ဖုန်းနံပါတ်ကို စာပို့ထားရုံဖြင့် 𝐖𝐢𝐧𝐠𝐬 & 𝐖𝐡𝐞𝐞𝐥𝐬 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬 မှ ပြန်လည်ဆက်သွယ် ဖြေကြားပေးပါမည်ခင်ဗျာ။

(သို့မဟုတ်)

ဆက်သွယ်ရန် ဖုန်းနံပါတ် - 09444379637 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်း နိုင်ပါတယ်ခင်ဗျာ။သာယာလှပသောနေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း ရွှေဘီးပျံခရီးသွား၀န်ဆောင်မှု မိသားစုမှ ဆုမွန်ကောင်းတောင်းလျက်ပါ ခင်ဗျာ။ ။

မိတ်ဆွေတို့ရဲ့ 2022 မှ နှစ်သစ်ကိုဘယ်လိုကုန်ဆုံးပစ်မလဲ ဆိုတာစဉ်းစားပြီးကြပြီလား?? ဘယ်လိုကုန်ဆုံးရမလဲ ဝေခွဲမရသေးတဲ့ မိတ်ဆွ...
16/10/2022

မိတ်ဆွေတို့ရဲ့ 2022 မှ နှစ်သစ်ကိုဘယ်လိုကုန်ဆုံးပစ်မလဲ ဆိုတာစဉ်းစားပြီးကြပြီလား?? ဘယ်လိုကုန်ဆုံးရမလဲ ဝေခွဲမရသေးတဲ့ မိတ်ဆွေတို့အတွက် ကျွန်တော်တို့ Wings & Wheels ကနေ New Year Countdown အစီအစဉ်တစ်ခု ယူဆောင်လာပါပြီ ✨

🎆 🇦🇪 "New Year Countdown in Dubai" 🇦🇪🎆

ဒီ Dubai City Tour မှာဆိုရင်

အမြင့်အားဖြင့် ၈၂၉.၈ မီတာရှိတဲ့ Burj Khalifa မိုး‌မျှော်တိုက် နဲ့ ရေပန်းပြပွဲတွေ

သဘာ၀ရေငန်ချောင်းဖြစ်တဲ့ Dubai Creek, သဲဖြူခင်းတဲ့ Jumeirah Beach အပြင် ခမ်းနားလှပတဲ့ Jumeirah Mosque, Atlantis The Palm Jumeirah Hotel

ဒါ့အပြင် သဲလျောစီးခြင်း၊ ကုလားအုတ်စီးခြင်း စတဲ့ activity တွေနဲ့အတူ ကန္တရတွင်း Buffet Dinner စားရင်း ရင်သတ်ရူမောဖွယ် အကအလှများကို ခံစားနိုင်မယ့် Desert Safari

မျက်စိပဒသာဖြစ်ပြီး ပြောင်မြောက်လှပတဲ့ Tanura Show နဲ့ မျက်လှည့်ပြပွဲတွေကို ခံစားရင်း နိုင်ငံတကာညစာဘူဖေးကို သုံးဆောင်ခံစားကြမယ့် Marina dhow Cruise

ကမ္ဘာ့အကျယ်‌ဆုံး ရေအောက်ကမ္ဘာ Aquarium နဲ့ Underwater Zoo

အစရှိတဲ့ အထင်ကရဖြစ်တဲ့ နေရာတွေအပြင် ရိုးရာ ဖျော်ဖြေမှုတွေကိုခံစားရမှာဖြစ်ပါတယ်။
ဒါ့အပြင် 5 Star Hotel ကြီးမှာ တည်းစက်အနားယူဖြစ်မှာဖြစ်လို့ Luxury Trip တစ်ခုရဲ့ အရသာကို အပြည့်အ၀ခံစားနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခရီးစဉ်၀န်ဆောင်မှုတွေထဲမှာ
လေဆိပ်အကြိုအပို့
၄ညအိပ် ၅ရက် 5 Star Hotel တည်းခိုခွင့်
လိုင်စင်ရ Tour Guide အပြင်
Visa and Travel Insurance
အစရှိသဖြင့်လည်း ပါ၀င်တာကြောင့် မိတ်ဆွေတို့ ခရီးသွားအတွေ့အကြုံ အဆင်ပြေချောမွေ့ဖို့အတွက် လုံး၀ အာမခံ ပါတယ်။

*လေယာဉ်လက်မှတ်ခ မပါ၀င်ပါ*

ဒီလို၀န်ဆောင်မှုတွေ အားလုံးအပါအ၀င်ကို ခရီးသည် တစ်ဦးလျှင် USD $1,200 ကျသင့်မှာဖြစ်ပါတယ်။
B2B Corporate တွေအတွက်ဆိုရင် special rate တွေနဲ့လည်း စီစဉ်ပေးနေပါတယ် ခင်ဗျ။
❗လေယာဉ်လက်မှတ်ခ မပါ၀င်ပါ❗

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ နှစ်သစ်ကို အမှတ်တရအသစ်တွေနဲ့ အပေါ့ပါးဆုံးဖြတ်သန်းချင်တယ်ဆိုရင် ကျွန်တော်တို့ Wings & Wheels ကိုလာရောက် ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙆🏻❤️

မဂ်လာရှိသော အခါသမယလေးဖြစ်ပါစကြောင်း ဆုမွန်ကောင်းပါးလျက် Wings and wheels Travels
09/10/2022

မဂ်လာရှိသော အခါသမယလေးဖြစ်ပါစကြောင်း ဆုမွန်ကောင်းပါးလျက်

Wings and wheels Travels

04/11/2021

Travel and tour လုပ်ငန်း ကို သေချာဦးစီး လုပ် ကိုင် နိုင်မည့် Manager တစ်ဦး လိုအပ်ပါသည်။
စိတ်ဝင်စားပါက CB သို့ ဆက်သွယ် နိုင်ပါသည်

မင်္ဂလာပါ ... 🙏🏼 Air KBZ ရဲ့ TAWATPAY promotion လေးနဲ့မိတ်ဆက်ပေးပါရစေ ...✅တစ်ဝက်ခ ဘဲပေးပြီး အသွားအပြန်လေယာဉ်စီးခွင့်ရမှာဆိ...
24/08/2020

မင်္ဂလာပါ ... 🙏🏼

Air KBZ ရဲ့ TAWATPAY promotion လေးနဲ့မိတ်ဆက်ပေးပါရစေ ...✅

တစ်ဝက်ခ ဘဲပေးပြီး အသွားအပြန်လေယာဉ်စီးခွင့်ရမှာဆိုတော့... ရှယ်ဘဲနော်..😇

Promotion ကာလက 27 August ထိဘဲဆိုတော့ အခုချိန် Booking တင်ထားလိုက်မယ်ဆိုရင် အရမ်းအဆင်ပြေနေပါပြီ ✅✅

ခရီးသွားကာလကတော့ 21 August ကနေ 31 October အထိပါနော် 🧚🏾‍♀️

အခုဘဲ Wings and Wheels Travels and Tours ရဲ့ chat box ကနေ အသေးစိတ်စုံစမ်းမေးမြန်းဝယ်ယူလို့ရပါပြီ ခင်ဗျာ .. 🤩

ကိုဗစ်ကြီးအလွန်မှာ သူများတွေနဲ့မရောဘဲ ကိုယ်ပိုင်သီးသန့်လေးခရီးသွားချင်တဲ့ စုံတွဲလေးတွေ၊သူငယ်ချင်းတွေ၊မိသားစုတွေအတွက် Win...
14/08/2020

ကိုဗစ်ကြီးအလွန်မှာ သူများတွေနဲ့မရောဘဲ ကိုယ်ပိုင်သီးသန့်လေးခရီးသွားချင်တဲ့ စုံတွဲလေးတွေ၊သူငယ်ချင်းတွေ၊မိသားစုတွေအတွက် Wings and Wheels Travels ကနေ Private package လေးလာပါပြီနော်... 😍 👫👨‍👩‍👧

ပြင်ဦးလွင်ဆိုတဲ့ပန်းမြို့တော်ကို ပုံမှန်လည်ပတ်နေကျပုံစံမျိုးမဟုတ်ဘဲ....သဘာဝဆန်ဆန်လေးလည်ပတ်ဖို့ကောင်းတဲ့အချိန်အခါလေးမို့ 🧚🏾‍♀️

အင်္ဂလိပ်ရုပ်ရှင်ကားတွေထဲက ရောင်စုံအိမ်ပိစိလေးတွေလိုမျိုး.... အရမ်းချစ်စရာကောင်းတဲ့ မြန်မာပြည်က ထင်းရှုးအိမ်ကလေးမှာတည်းမယ်... 🌲🏡

ရထားလုံးလေး (သို့မဟုတ်) air corn ကားလေးနဲ့နေရာအနှံ့လည်ကြမယ် 🌲🧚🏾‍♀️

ဘယ်တွေသွားလို့ရနေပြီလဲဆိုတော့...
ရွှေပြင်ဦးလွင်စပျစ်ခြံ 🍇
ဒီဇင်ဘာခြံ (စားသောက်ဆိုင်ဘက်) ☘️
ဓာတ်တော်ချိုင့်ရေတံခွန်ရဲ့အလှကိုခံစားနိုင်မယ့်The View Resort 🌲
Governor’s House 🏠
တရုတ်ဘုံကျောင်း
ထင်းရှူးတန်း၊ထင်းရှူးတော 🌲🌲 လည်လို့ရတဲ့နေရာတွေအကုန်လည်ကြမယ် 🥰

ဈေးနှုန်းလေးက တစ်ဦးကို မြန်မာငွေ 150,000 ကျပ်တည်း... 🥰 (၄ယောက်ကစပြီးလည်ပတ်လို့ရပြီနော်..)

ပါဝင်တဲ့ဝန်ဆောင်မှုတွေက ... 🧚🏾‍♀️
ရန်ကုန် - ပြင်ဦးလွင်အသွားအပြန် VIP အထူးကားလက်မှတ် ✅
Agga Tiny House အိမ်ကလေးမှာ တစ်ညတာတည်းခိုခွင့် (ရေပူ၊ရေအေး၊aircorn အစုံပါပြီး )✅
Agga Tiny House တွင် ဘူဖေးမနက်စာ ✅
နေ့လည်စာ ၂ ၊ ညစာ ၁ ✅
၂ရက်စာ မြို့အနှံ့မိမိစိတ်ကြိုက်လျှောက်လည်ဖို့ Private air corn ကားဝန်ဆောင်မှု ✅
ကားဂိတ်အကြိုအပို့ ✅

အရမ်းအဆင်ပြေနေပြီမို့ ... Wings and Wheels Travels နဲ့အတူ လူကြီးမင်းတို့ရဲ့ ပျော်ရွှင်ဖွယ် Private ခရီးစဉ်လေးကို အခုဘဲဖန်တီးလိုက်ပါတော့နော် ... ☺️

Photo crd - Agga Tiny House 🏡

တိမ်ပင်လယ်ကြီးတွေပြန်ကြည့်လို့ရနေပြီသိလား..😇ဒီရက်ပိုင်း လမ်းကြောင်းတွေလည်းပြန်ကောင်းလာပြီ ... သွားရလာရလည်းအေးဆေးဖြစ်နေပြ...
10/08/2020

တိမ်ပင်လယ်ကြီးတွေပြန်ကြည့်လို့ရနေပြီသိလား..😇

ဒီရက်ပိုင်း လမ်းကြောင်းတွေလည်းပြန်ကောင်းလာပြီ ... သွားရလာရလည်းအေးဆေးဖြစ်နေပြီမို့.. ခရီးသွားချစ်သူတွေအတွက် သီတင်းကောင်းလေးတစ်ခုပေါ့နော် ... 😍

ပြင်ဦးလွင်ကနေဆက်သွားရင် ၁နာရီခွဲဝန်းကျင်လောက်နဲ့ အရမ်းလှပြီး အေးချမ်းတဲ့ နောင်ချိုကြီး တိမ်ပင်လယ် Sky Resort မှာ Wings and Wheels Travels နဲ့အတူအပန်းဖြေအနားယူကြမယ်လေ ... 🥰

Wings and Wheels Travels ကနေ booking တင်မယ်ဆိုရင်တော့ ဈေးနှုန်းလေးတွေက...

Tent လေးနဲ့ဆို ၁ညအိပ်... 🏕 ⛺️
၂ယောက်အိပ် Tent - 25,000 ကျပ်
၃ယောက်အိပ် Tent - 38,000 ကျပ်
၎ယောက်အိပ် Tent - 50,000 ကျပ်
ဝါးဘန်ဂလိုလေးဆို ၇ယောက်အိပ် - 85,000 ကျပ် ဘဲကျသင့်မှာဖြစ်ပါတယ် ...

အပေါ်ကဈေးနှုန်းလေးတွေမှာ ပါဝင်တဲ့ဝန်ဆောင်မှုတွေက...

မနက်စာ ✅
ညစာ ✅
သွားတိုက်ဆေး/တံ ✅
အိပ်ရာခင်း၊ခေါင်းအုံး၊စောင် ✅ အကုန်ပါပြီးသားမို့ အရမ်းအဆင်ပြေနေပါပြီ ...

ပွဲတော်ရက်တွေ .. ပိတ်ရက်ရှည်တွေဆို အကုန်မြန်လို့ အခုတည်းက ကြိုတင်ဘိုကင်တင်ထားမှ စိတ်ချရပါမယ်နော် ... 😇

အော်.. ပြီးတော့ ခရီးသွားဖို့ လူကြီးမင်းတို့ မိသားစု၊သူငယ်ချင်းတွေအတွက် private car (ကားအငှားဝန်ဆောင်မှု) လေးတွေလည်းစီစဉ်ပေးပါတယ် ..

လူကြီးမင်းတို့ ခရီးစဉ်အတွက်လိုအပ်သည်များကိုလည်း Chat box ကနေမေးမြန်ပြီး ပြန်လည်ဖြေကြားပေးပါမယ်ခင်ဗျ ...

Rain makes everything beautiful 💦🍀🌸🌲🌳Pyin Oo Lwin
04/08/2020

Rain makes everything beautiful 💦🍀🌸🌲🌳

Pyin Oo Lwin

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထိစပ်နေတဲ့ နယ်နိမိတ်စည်းတွေ ကူးလူးဆက်နွယ်မူတွေက အရမ်းစိတ်၀င်စားဖို့ ကောင်းတာမို့ Stay Ho...
07/05/2020

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထိစပ်နေတဲ့ နယ်နိမိတ်စည်းတွေ ကူးလူးဆက်နွယ်မူတွေက အရမ်းစိတ်၀င်စားဖို့ ကောင်းတာမို့ Stay Home ကာလလေးမှာ Wings & Wheels ကနေ " Crossing the Border Program " လေး ရေးပေးပါမယ်နော်

ဒီနေ့ကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ဖြတ်ကူးမူ ၄ မျိုးနဲ့ အရင်စရအောင် ......

1. မဲဆိုင် - တာချီလိတ် နယ်စပ်
2. မြ၀တီ - မဲဆောက် နယ်စပ်
3. ကော့သောင်း - ရနောင်း နယ်စပ်
4. နန့်ဖုရွန့် - ထီးခီး ( ကန်ချနာပူရီ - ထား၀ယ် လို့ လူသိများ )

တွေဟာ မြန်မာ-ထိုင်း ဖြတ်သန်းကူးနိုင်ရာ နေရာတွေပဲဖြစ်ပါတယ်
😊😊😊😊😊

နောက်ရက်တွေမှာလဲ အခြား border crossing တွေကို ဗဟုသုတ ပြောပြပေးသွားမှာမို့ Wings & Wheels Page ကို အားပေးဦးနော် 🥰🥰🥰

Covid-19ကာလပြီးမှပဲ ခရီးတွေ အတူသွားကြမယ်နော်

Stay Home Stay Safe ☺️☺️☺️

ဒီကာလကြီးကျော်ဖြတ်ပြီးသွားခဲ့ရင် ငါတို့ အတူသွားချင်တယ်  ❤️❤️❤️
03/05/2020

ဒီကာလကြီးကျော်ဖြတ်ပြီးသွားခဲ့ရင် ငါတို့ အတူသွားချင်တယ် ❤️❤️❤️


Happy Labour Day 👩‍💼👨‍💼ယနေ့ မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို Wings & Wheels Travels and Tour...
01/05/2020

Happy Labour Day 👩‍💼👨‍💼

ယနေ့ မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို Wings & Wheels Travels and Tours မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ အများအကျိုးအတွက် ရှေ့တန်းမှသက်စွန့်ဆံဖျား ကပ်ရောဂါက်ို ကာကွယ် တ်ိုက်ထုတ်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် ရှေ့တန်းမှ တာ၀န်ထမ်းဆောင်နေကြသော ကာယ၊ဉာဏလုပ်သားကြီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေကြောင်း Wings & Wheels Travels မှ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ် 🙏🙏🙏

Covid-19 ကြောင့် ခရီးမသွားရသော်လည်း လေယာဥ်ခရီးစဥ်ပုံ တင်ချင်သောအခါ  .........🤨🤨🤨
29/04/2020

Covid-19 ကြောင့် ခရီးမသွားရသော်လည်း
လေယာဥ်ခရီးစဥ်ပုံ တင်ချင်သောအခါ .........
🤨🤨🤨


ကဲ ..... Covid-19 ကြောင့် ခရီးတွေ မသွားရတော့ အားလုံးလွမ်းနေကြမယ်ထင်လို့ Wings & Wheels Travels ကနေ "Travel the world wit...
27/04/2020

ကဲ ..... Covid-19 ကြောင့် ခရီးတွေ မသွားရတော့ အားလုံးလွမ်းနေကြမယ်ထင်လို့ Wings & Wheels Travels ကနေ "Travel the world with W&W Program" လေးတစ်ခု စီစဥ်ထားပါတယ် 🥰🥰🥰

ဒါကတော့ အပတ်စဥ်တိုင်း ကမ္ဘာ့နေရာအသီးသီးက Attraction place တွေကို ဒီ page ကနေ ခေါ်ဆောင်သွားပေးမှာ ဖြစ်ပါတယ် 💃

ဒီတပတ်ကတော့ ရွေးချယ်ထားတာကတော့ Kra isthmus ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ထိုင်ပင်လယ်ကွေ့မှာ ရှိတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးကျွန်းဖြစ်တဲ့ ကော့စမွီ Koh Samui ကျွန်းပဲ ဖြစ်ပါတယ်......😍😍😍

👉"Let's go to Koh Samui island with W&W "👈

လာ တူတူ...... ကော့စမွီကျွန်း ရဲ့ အထင်ကရ (၈) နေရာကိုအတူတူသွား လေ့လာရအောင်......

🙏 နှစ်သစ်ဆုမွန်ကောင်း 🙏၁၃၈၂ ခု၊ မြန်မာ့နှစ်သစ်တွင်အားလုံး ဘေးဘယာကင်းဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း Wings & W...
17/04/2020

🙏 နှစ်သစ်ဆုမွန်ကောင်း 🙏

၁၃၈၂ ခု၊ မြန်မာ့နှစ်သစ်တွင်အားလုံး ဘေးဘယာကင်းဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း Wings & Wheels Travels မိသားစုမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ 😍


ယခုအခါ ၂၃.၃.၂၀၂၀ မှ ၈.၄.၂၀၂၀ အထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂ ဦးထိ ရှိခဲ့ပီး ဖြစ်ပီး ၄င်းအနက...
08/04/2020

ယခုအခါ ၂၃.၃.၂၀၂၀ မှ ၈.၄.၂၀၂၀ အထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂ ဦးထိ ရှိခဲ့ပီး ဖြစ်ပီး ၄င်းအနက် သေဆုံး လူနာ ၃ ဦး ( case 5, 16,17 )ရှိလာခဲ့ပီး ပိုးမတွေ့ရတော့သဖြင့် ဆေးရုံမှပြန်ဆင်း လူနာ ၁ဦး ( Case 7 ) ရှိခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်

ကမ္ဘာအနှံ့ Covid-19 ရောဂါ ကူးစက်ဦးရေ တစ်သန်းကျော်သွားခဲ့ပီ ဖြစ်ပီး သေဆုံးသူမှာ ၈သောင်းကျော်ထိ မြင့်တက်လာခဲ့ပီ ဖြစ်ပါတယ်

ထို့တွက် အားလုံး ဒီ ရောဂါ ကပ်ဆိုးကြီးမှ အမြန်ဆုံးကျော်လွှားနိုင်ပီး ကမ္ဘာကြီးအမြန်ဆုံးကျန်းမာလာစေဖို့ တစ်ဦးတစ်ယောက်စီတိုင်း မိမိနှင့် မိမိ မိသားစု ပတ်၀န်းကျင်ကို ကာကွယ်စောင့်ရှောက်ကြရအောင်နော် 🙏🙏🙏

၁။ တတ်နိုင်သမျှ အိမ်ထဲမှာနေပေးကြပါ

၂။ အပြင်မှ ပြန်လာတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ

၃။ အပြင်သွားလျှင် Mask တပ်သည့် အလေ့ကျင့်ပြုမူကြပါ

၄။ လူစုလူဝေး ကို ရှောင်ကြဥ်ပါ

၅။ တတ်နိုင်သမျှ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ပေ အကွာတွင် နေထိုင်ပြောဆ်ို ဆက်ဆံပါ

၆။ ကိုယ်ခံအားကောင်းစေရန် အာဟာရပြည့်မီစွာ စားသုံးပါ အိပ်ရေး၀၀အိပ်ပါ

၇။ ချောင်းဆိုး၊ နှာချေပါက မဖြစ်မနေ mask တပ်ပါ၊ လူတွေနှင့်ပြောဆိုဆက်ဆံမူတွေရှောင်ပါ တစ်ယောက်တည်း self quarantine နေပါ
အသုံးပြုပီး Mask ကို သေချာစွာစွန့်ပစ်ပါ
အခြား လက္ခဏါများထပ်မံပြသပါက ဆေးရုံသွားပါ မိမိ၏ ဖြစ်နိုင်သော လက္ခဏါများ၊ History များကို သေချာ ပြောပြ၍ စစ်ဆေးမူခံယူပါ

၈။ ယုံကြည် စိတ်ချရသော သတင်းအချက်အလက်များကိုသာ လေ့လာပါ၊ပြောဆိုပါ၊ ဆောင်ရန်ရှောင်ရန်များကို မှတ်သားပါ

သတိရှိပါ (အကြောက်မလွန်ပါနှင့် )

အမြန်ဆုံး ဒီကပ်ရောဂါဆိုးကြီး ပြီးဆုံးပါစေလို့ ဆုတောင်မေတ္တာပို့သပါတယ် 😔😔😔

photo source: Ministry of Health and Sport, Myanmar



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မ...
06/04/2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ
သတင်းထုတ်ပြန်ချက်

Source: Myanmar State Counsellor Office

👏👏👏
ဒီ Crisis ကြီးမှာ ရောဂါတွေ့ရှိတာတွေ၊အသက်ဆုံးရှူံးမူတွေ၊မကောင်းသတင်းတွေ ကြားမှာမှ လူသားအချင်းချင်းရိုင်းပင်းမူတွေ ကူညီမူတွေ ဖေးမမူတွေ နိုင်ငံတော်ရဲ့ ထောက်ပံ့ကူညီမူတွေ နဲ့ အတူကျော်ဖြတ်ကြမယ်နော်

အားလုံး ဒီ ကပ်ရောဂါဆိုးကြီးကို အကောင်းဆုံးကျော်လွှားနိုင်ပြီး ကမ္ဘာကြီးအမြန်ဆုံးကျန်းမာလာပါစေလို့ Wings&wheels Travels မှ ဆုတောင်းမေတ္တာပို့သပါတယ် 🙏🙏🙏



👉 သင်္ကြန်အထူး ပြည်တွင်းခရီးစဥ်များ 👈သင်္ကြန်ပိတ်ရက်ရှည် ဆိုတာ မိမိရဲ့မိသားစု ချစ်ခင်ရတဲ့သူတွေနဲ့ အမှတ်တရတွေဖန်တီးဖို့၊ ...
16/03/2020

👉 သင်္ကြန်အထူး ပြည်တွင်းခရီးစဥ်များ 👈

သင်္ကြန်ပိတ်ရက်ရှည် ဆိုတာ မိမိရဲ့မိသားစု ချစ်ခင်ရတဲ့သူတွေနဲ့ အမှတ်တရတွေဖန်တီးဖို့၊ စိတ်အေးလက်အေး အနားယူဖို့တွက် အချိန်ကောင်းပဲနော်
😍😍😍

ကဲ ဒီနှစ်သင်္ကြန်တွင်းမှာ Corona Virus အခြေနေတွေကြောင့် ပြည်ပခရီးတွေလဲ မသွားချင် ပွဲအခမ်းနားတွေလဲ မရှိလို့ မိသားစုလိုက် သူငယ်ချင်းအဖွဲ့လိုက် မြန်မာနိုင်ငံတွင်း တောတောင်သဘာ၀အလှတရားတွေ ခံစားရင်း ခရီးထွက်ကျရအောင်လေ
🥰🥰🥰

Wings & Wheels Travels ကနေ သင်္ကြန်ကာလ ထွက်ရှိမယ့် ခရီးစဥ်တွေကတော့ ..........

1. ပုဂံ - ပုပ်ပါး ( 4Day/3Night )
အညာဒေသရဲ့ လတ်ဆတ်တဲ့ မြေသင်းနံ့လေးကို ရူရှိုက်ရင်း တန်ခိုးကြီးဘုရားများစွာနှင့် အနုပညာလက်ရာများစွာရှိတဲ့ ရာဇဝင်ထဲက ကြီးမြတ်လှတဲ့ မြန်မာတို့ရဲ့ပုဂံ နဲ့ စိမ်းလန်းတဲ့ပုပ္ပါးတောင် ကိုသွားကြမလား

2. ငွေဆောင်/ချောင်းသာ ( 4Day/3Night )
ကမ်းခြေမှာပဲ အေးအေးလူလူအနားယူပီး ပင်လယ်စာတွေတ၀ကြီးစားရင်း သဲသောင်ပြင်ပေါ် စက်ဘီးစီးမယ်၊ ဘောလုံးကန်မယ်၊ ရေလောင်းမယ်၊ မီးပုံပွဲကျင်းပမယ်နဲ့ အမှတ်တရအပြည့်သင်္ကြန်ကာလကို ကမ်းခြေမှာ ဖြတ်သန်းမလား

3. လွိုင်ကော် ခရီးစဥ် ( 4Day/3Night )
ဆုတောင်းပြည့်တောင်ကွဲစေတီ၊ ထီးပွင့်ကန်၊ဒဏ္ဍါရီတွေထဲက ကိန္နရီကိန္နရာမောင်နှံတို့ချစ်ဇာတ်လမ်းတွေ ခံစားရင်းနဲ့ ကန် ၇ဆင့် ရေတံခွန်မှာရေဆော့ရင်း တန်ဖိုးရှိလှတဲ့အချိန်တွေကို လှပတဲ့လွိုင်ကော်မှာ ချစ်ရသူတွေနဲ့ ကုန်ဆုံးမလား

4. မြိတ် ခရီးစဥ် ( 4Day/3Night )
ရူးလောက်အောင် လှပတဲ့ရူခင်းတွေလဲ ခံစားချင်တယ် ကမ်းနားလမ်းညစျေးနဲ့မြို့အလှကိုလဲခံစားမယ် ဆလုံရွာကိုလဲ လေ့လာပြီး ကျွန်းစုအရသာကိုလဲခံစားချင်တယ် လူမျိုးစုတွေရဲ့ဓလေ့ကိုလဲ လေ့လာချင်တယ် ဆိုသူတွေတွက် အသင့်တော်ဆုံး မြိတ်ခရီးစဥ်ရွေးချယ်မလား

5. မိုးကုတ် ( 5Day/4Night )
သဘာ၀လိူဏ်ဂူတွေ ၊ တိမ်စိုင်ခဲတွေနှင့်တောင်တန်းတွေက်ုအနီးကပ်မြင်တွေ့ရမယ့် View point အလှ၊ ရင်သပ်ရူမောဖွယ် မြို့အလှ တွေကိုခံစားရမယ့် မိုးကုတ်မြို့ ခရီးစဥ်လား

6. မြစ်ကြီးနား ဇလုံတောင် မြစ်ဆုံ ဆဒုံးရေတံခွန် အင်းတော်ကြီး ခရီးစဥ် ( 6Day/5Night )
မေခ နဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံရဲ့အလှ ၊ အင်းတော်ကြီးအိုင် နဲ့ ဇလုံတောင် တို့ကိုမှရောက်ဖူးချင်ပါတယ်ဆိုသူတွေတွက် မြစ်ကြီးနား ဇလုံတောင် မြစ်ဆုံ ဆဒုံးရေတံခွန် အင်းတော်ကြီး ခရီးစဥ်လား

(ခရီးစဥ်များ စထွက်မည့်နေ့ - 12/4/2020)

ကဲ ....... ဘယ်သွားချင်လဲ 😃😃😃

ခရီးစဥ်သာ ရွေးချယ်လိုက်ပါ ခရီးစဥ်တစ်လျောက် အကောင်းဆုံးဝန်ဆောင်မူအပြည့်ပေးဖို့ Wings & Wheels မှ တာ၀န်ယူပါရစေ
🤗🤗🤗

ခရီးစဥ်အသေးစိတ် သိရှိလိုပါက ........

အမှတ် ၁၁၂၊ ပြည်လမ်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
Contact Us : 09977280220



" ကျွန်တော်တို့ကလေး ကျွန်တော်တို့မိသားစုအတွက် အကောင်းဆုံးသော အမွေအနှစ်မှာ ပျော်စရာအမှတ်တရများစွာဖန်တီးပေးခြင်းပါ "ခရီးသွ...
22/02/2020

" ကျွန်တော်တို့ကလေး ကျွန်တော်တို့မိသားစုအတွက် အကောင်းဆုံးသော အမွေအနှစ်မှာ ပျော်စရာအမှတ်တရများစွာဖန်တီးပေးခြင်းပါ "

ခရီးသွားဖို့သာဆုံးဖြတ်လိုက်ပါ ပျော်စရာ အမှတ်တရများစွာဖန်တီးပေးဖို့အတွက် ကျွန်တော်တို့ wings and wheels travels မှအသင့်ရှိနေပါတယ်
🤗🤗🤗

☎️: 09977280220, 09977280210

www.wingsnwheelstours.com

🤗 Announcement 🤗Area Sale Partner (A.S.P) for RAKHAING State Congratulations for collaboration with our Wings&Wheels Tra...
22/02/2020

🤗 Announcement 🤗

Area Sale Partner (A.S.P) for RAKHAING State

Congratulations for collaboration with our Wings&Wheels Travels and Tours!

အတူပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပါတယ်
ဆုံးဖြတ်ရွေးချယ်မှူ အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်
ခိုင်ခိုင်မာမာလုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက် အင်အားဖြစ်စေပါတယ်ခင်ဗျာ...

Making people travel more !!!



ဖေဖော်ဝါရီလ ( ၂၀.၂.၂၀၂၀) တွင်ထွက်ရှိသည့် ဗုဒ္ဓဂယာမြေမြတ်မဟာ private ခရီးစဉ်တွင် အားလုံးသောဘုရားဖူးရွှေဧည့်သည်အပေါင်း ကို...
21/02/2020

ဖေဖော်ဝါရီလ ( ၂၀.၂.၂၀၂၀) တွင်ထွက်ရှိသည့် ဗုဒ္ဓဂယာမြေမြတ်မဟာ private ခရီးစဉ်တွင် အားလုံးသောဘုရားဖူးရွှေဧည့်သည်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းသာစွာ ကုသိုလ်သဒ္ဒါပွားများနိုင်ပါစေကြောင်း ရွှေဘီးပျံဘုရားဖူးဝန်ဆောင်မှုမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ ......

ဤမြေမြတ်မဟာ private ခရီးစဉ် စီစဥ်ပေးရန်အတွက် ရွှေဘီးပျံဘုရားဖူးဝန်ဆောင်မှုကို ယုံကြည်စွာဖြင့် ရွေးချယ်ပေးသည့်အတွက်လည်း ဒုတိယမ္ပိ ထပ်မံကျေးဇူးတင်ရှိပါတယ် 🙏🙏🙏 . ... .......။

ဘုရားဖူးဧည့်သည်များ လိုလေသေးမရှိ စိတ်အေးချမ်းသာစွာ ကုသိုလ်ပွါးများနိုင်ရန် နှင့် ခရီးစဥ်တစ်လျောက် အမှတ်တရများ အပြုံးများအမြဲဝေဆာဆင်မြဲနိုင်ရန် ရွှေဘီးပျံဗုဒ္ဓဂယာဘုရားဖူးမှ အကောင်းဆုံး၀န်ဆောင်မူများဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါတယ်နော် ။

☎️ : 09977280220, 09977280210

#ရွှေဘီးပျံ

ကျွန်တော်တို့ နိုင်ငံကလူငယ်အများစုက  ဘာလို့ခရီး သိပ်မသွားကြတာလဲ။ အနောက်နိုင်ငံတွေဆို အသက် ၁၈ ပြည့်ပြီးတာနဲ့ အထုပ်ဆွဲပြီး...
21/02/2020

ကျွန်တော်တို့ နိုင်ငံကလူငယ်အများစုက ဘာလို့ခရီး သိပ်မသွားကြတာလဲ။ အနောက်နိုင်ငံတွေဆို အသက် ၁၈ ပြည့်ပြီးတာနဲ့ အထုပ်ဆွဲပြီး ကမ္ဘာပတ်နေကြပြီ။

ကျွန်တော်တို့လည်း လူ့သက်တမ်းအားဖြင့် ပျှမ်းမျှ ၇၃ နှစ်ရှိတဲ့အတွက် သေချာပြန်စဉ်းစားကြည့်မယ်ဆို အနည်းဆုံးတစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ခရီးသွားသင့်ပါတယ်။

ခရီးသွားတာ ဘယ်လောက်အကျိုးများလဲဆိုတာ သင်သိပါသလား ???

တချို့အချက်တွေက သင်မထင်မှတ်ထားလောက်အောင်ပါပဲနော်...

1. ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

ခရီးသွားခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတယ်၊ နှလုံးရောဂါဖြစ်နိုင်ချေကို ကျဆင်းစေတယ်။ တစ်နေ့လုံး ထိုင်ခုံမှာထိုင် အလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်ကို ခဏတာကျောခိုင်းပြီး ခရီးလေးတခု ထွက်ကြည့်ပါ။
စိတ်ဖိစီးမှုတွေနဲ့ စိတ်ပူပန်မှုတွေကနေ ကင်းပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာမှာ ပိုမိုတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

2. သင့်ရဲ့နေ့စဉ်ဘဝကနေ ခဏကင်းဝေးခွင့်ရစေပါတယ်။

တစ်ခါတလေ ကျွန်တော်တို့က နေ့စဉ်တစ်နေ့တာကို ပုံမှန်လုပ်နေကျအတိုင်း ဖြတ်သန်းရုန်းကန်နေရင်းနဲ့ ဘဝအချိန်တွေကို ကုန်ဆုံးမှန်းမသိကုန်ဆုံးနေလေ့ရှိပါတယ်။ အနည်းဆုံး တစ်နှစ်ကိုတစ်ခါလောက်တော့ နေ့စဉ်ဘ၀ကနေ ရုန်းထွက်ပြီး ခရီးလေးသွားရင်း ဘဝရဲ့ရည်မှန်းချက်တွေ၊ရှေ့ဆက်လုပ်ရမှာတွေ၊ လုပ်ခဲ့ပြီးတာတွေကို ပြန်သုံးသပ်ဖို့ အချိန်လေးယူကြည့်ဖို့ အကြံပြုချင်တယ်။

3. သင့်ကိုလည်း ပိုစမတ်ကျစေတယ်။

ခရီးသွားတိုင်း မတူညီတဲ့ဘာသာစကားသစ်တွေ လေ့လာနိုင်ခြင်းက သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်စေတဲ့အပြင် မတူညီတဲ့နေရာ၊ အရပ်ဒေသ နေရာစိမ်းကသင့်ကို အတွေးမြင်သစ်တွေကို တိုးတက်စေပါတယ်။ပြောပြစရာအကြောင်းအရာ အတွေ့အကြုံတွေ၊ ဓလေ့ထုံးစံနှင့်မတူညီတဲ့ ယဉ်ကျေးမှု အကြောင်းအရာတွေ အကုန်သိနေမှတော့ လူအများကြား ယုံကြည်မူအပြည့်နဲ့ ၀င်ဆန့် ထင်ပေါ်နေမှာ အသေအချာပါပဲနော်။

4. အခြားသောယဉ်ကျေးမှုတွေကိုလည်း ပိုမိုနားလည်လာစေပါတယ်။

မတူညီတဲ့ ဓလေ့ထုံးတမ်း၊ ယဥ်ကျေးမှူ၊ ဘာသာရေး တွေကိုပိုမိုလေ့လာနိုင်ပြီး လူအချင်းချင်းကြား နားလည်မူ စာနာမူတွေကိုလဲ ပိုမိုတိုးတက်စေပါတယ်။ ယဉ်ကျေးမှုတွေလည်း ဖလှယ်နိုင်ပြီး ကမ္ဘာအနှံ့မိတ်ဆွေဖွဲ့လို့ရပါတယ်။

5. အမိုက်စားဒေသအစားစာတွေကို မြည်းစမ်းခွင့်လည်းရပါမယ်။

နိုင်ငံတစ်ခု၊ အရပ်ဒေသတစ်ခုစီတိုင်းမှာ ထူးခြားတဲ့ ရိုးရာအစားစာတွေရှိစမြဲမို့ အရသာအသစ်စမ်းတွေ မြည်းစမ်းကြည့်ဖို့ကလည်း အရေးကြီးတယ်နော်။

6. မိမိကိုယ်ကို ယုံကြည်မှု တိုးစေပါတယ်။

ဒေသစိမ်း၊ လူစိမ်းတွေနှင့် ပေါင်းသင်းဆက်ဆံကြည့်ပြီး မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်ပါသေးတယ်။

7. ဘဝတစ်လျောက်လုံးစာ အမှတ်တရတွေလည်း ဖန်တီးနိုင်ပါတယ်။

ဘ၀ရဲ့အကောင်းဆုံးအမှတ်တရတွေကို ပြန်စဉ်းစားတာဖြစ်ဖြစ် ပြန်ပြောပြတာဖြစ်ဖြစ်နဲ့ ဘဝတစ်လျောက်လုံး လန်းဆန်းနေမယ့်အမှတ်တရ တွေကို ဖန်တီးနိုင်ပါတယ်။

8. သင့်ရဲ့အိမ်ကို ပိုမိုချစ်ခင်လာစေပါတယ်။

အိမ်ကနေခဏခွဲပြီး ခရီးသွားရတာလည်း ပျော်စရာကောင်းသလို ခရီးကနေအိမ်ပြန်လာရတာကလည်း ပိုပျော်စရာကောင်းတဲ့အရာဖြစ်နေပြန်ပါရော... ပြန်လာတဲ့အချိန်မှာ အိမ်ရဲ့နွေးထွေးမှုကို ခံစားနိုင်တဲ့အပြင် အရင်နဲ့မတူတော့တဲ့ သင့်ရဲ့စိတ်သစ် လူသစ် အတွေးမြင်သစ် စိတ်ကူးအသစ်များကြောင့် ပိုပျော်စရာလည်းကောင်းပါတယ်။

ဒီစာတွေ ခရီးအရမ်းသွားချင်နေကြပြီလားဟင်။ အမြဲတမ်းခရီးတွေ သွားဖို့အတွက် အခုပဲ Go Beyond Trips Travel Club မှာ Member ဝင်လိုက်တော့နော်။

Visit Our Website -> www.wingsnwheelstours.com



ကျွန်တော်တို့ နိုင်ငံကလူငယ်အများစုက ဘာလို့ခရီး သိပ်မသွားကြတာလဲ။ အနောက်နိုင်ငံတွေဆို အသက် ၁၈ ပြည့်ပြီးတာနဲ့ အထုပ်ဆွဲပြီး ကမ္ဘာပတ်နေကြပြီ။

ကျွန်တော်တို့လည်း လူ့သက်တမ်းအားဖြင့် ပျှမ်းမျှ ၇၃ နှစ်ရှိတဲ့အတွက် သေချာပြန်စဉ်းစားကြည့်မယ်ဆို အနည်းဆုံးတစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ခရီးသွားသင့်ပါတယ်။

ခရီးသွားတာ ဘယ်လောက်အကျိုးများလဲဆိုတာ သင်သိပါသလား ???

တချို့အချက်တွေက သင်မထင်မှတ်ထားလောက်အောင်ပါပဲနော်...

1. ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

ခရီးသွားခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတယ်၊ နှလုံးရောဂါဖြစ်နိုင်ချေကို ကျဆင်းစေတယ်။ တစ်နေ့လုံး ထိုင်ခုံမှာထိုင် အလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်ကို ခဏတာကျောခိုင်းပြီး ခရီးလေးတခု ထွက်ကြည့်ပါ။
စိတ်ဖိစီးမှုတွေနဲ့ စိတ်ပူပန်မှုတွေကနေ ကင်းပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာမှာ ပိုမိုတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။

2. သင့်ရဲ့နေ့စဉ်ဘဝကနေ ခဏကင်းဝေးခွင့်ရစေပါတယ်။

တစ်ခါတလေ ကျွန်တော်တို့က နေ့စဉ်တစ်နေ့တာကို ပုံမှန်လုပ်နေကျအတိုင်း ဖြတ်သန်းရုန်းကန်နေရင်းနဲ့ ဘဝအချိန်တွေကို ကုန်ဆုံးမှန်းမသိကုန်ဆုံးနေလေ့ရှိပါတယ်။ အနည်းဆုံး တစ်နှစ်ကိုတစ်ခါလောက်တော့ နေ့စဉ်ဘ၀ကနေ ရုန်းထွက်ပြီး ခရီးလေးသွားရင်း ဘဝရဲ့ရည်မှန်းချက်တွေ၊ရှေ့ဆက်လုပ်ရမှာတွေ၊ လုပ်ခဲ့ပြီးတာတွေကို ပြန်သုံးသပ်ဖို့ အချိန်လေးယူကြည့်ဖို့ အကြံပြုချင်တယ်။

3. သင့်ကိုလည်း ပိုစမတ်ကျစေတယ်။

ခရီးသွားတိုင်း မတူညီတဲ့ဘာသာစကားသစ်တွေ လေ့လာနိုင်ခြင်းက သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်စေတဲ့အပြင် မတူညီတဲ့နေရာ၊ အရပ်ဒေသ နေရာစိမ်းကသင့်ကို အတွေးမြင်သစ်တွေကို တိုးတက်စေပါတယ်။ပြောပြစရာအကြောင်းအရာ အတွေ့အကြုံတွေ၊ ဓလေ့ထုံးစံနှင့်မတူညီတဲ့ ယဉ်ကျေးမှု အကြောင်းအရာတွေ အကုန်သိနေမှတော့ လူအများကြား ယုံကြည်မူအပြည့်နဲ့ ၀င်ဆန့် ထင်ပေါ်နေမှာ အသေအချာပါပဲနော်။

4. အခြားသောယဉ်ကျေးမှုတွေကိုလည်း ပိုမိုနားလည်လာစေပါတယ်။

မတူညီတဲ့ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှူ၊ ဘာသာရေး တွေကိုပိုမိုလေ့လာနိုင်ပြီး လူအချင်းချင်းကြား နားလည်မူ စာနာမူတွေကိုလဲ ပိုမိုတိုးတက်စေပါတယ်။ ယဉ်ကျေးမှုတွေလည်း ဖလှယ်နိုင်ပြီး ကမ္ဘာအနှံ့မိတ်ဆွေဖွဲ့လို့ရပါတယ်။

5. အမိုက်စားဒေသအစားစာတွေကို မြည်းစမ်းခွင့်လည်းရပါမယ်။

နိုင်ငံတစ်ခု၊ အရပ်ဒေသတစ်ခုစီတိုင်းမှာ ထူးခြားတဲ့ ရိုးရာအစားစာတွေရှိစမြဲမို့ အရသာအသစ်စမ်းတွေ မြည်းစမ်းကြည့်ဖို့ကလည်း အရေးကြီးတယ်နော်။

6. မိမိကိုယ်ကို ယုံကြည်မှု တိုးစေပါတယ်။

ဒေသစိမ်း၊ လူစိမ်းတွေနှင့် ပေါင်းသင်းဆက်ဆံကြည့်ပြီး မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်ပါသေးတယ်။

7. ဘဝတစ်လျောက်လုံးစာ အမှတ်တရတွေလည်း ဖန်တီးနိုင်ပါတယ်။

ဘ၀ရဲ့အကောင်းဆုံးအမှတ်တရတွေကို ပြန်စဉ်းစားတာဖြစ်ဖြစ် ပြန်ပြောပြတာဖြစ်ဖြစ်နဲ့ ဘဝတစ်လျောက်လုံး လန်းဆန်းနေမယ့်အမှတ်တရ တွေကို ဖန်တီးနိုင်ပါတယ်။

8. သင့်ရဲ့အိမ်ကို ပိုမိုချစ်ခင်လာစေပါတယ်။

အိမ်ကနေခဏခွဲပြီး ခရီးသွားရတာလည်း ပျော်စရာကောင်းသလို ခရီးကနေအိမ်ပြန်လာရတာကလည်း ပိုပျော်စရာကောင်းတဲ့အရာဖြစ်နေပြန်ပါရော... ပြန်လာတဲ့အချိန်မှာ အိမ်ရဲ့နွေးထွေးမှုကို ခံစားနိုင်တဲ့အပြင် အရင်နဲ့မတူတော့တဲ့ သင့်ရဲ့စိတ်သစ် လူသစ် အတွေးမြင်သစ် စိတ်ကူးအသစ်များကြောင့် ပိုပျော်စရာလည်းကောင်းပါတယ်။

ဒီစာတွေ ခရီးအရမ်းသွားချင်နေကြပြီလားဟင်။ အမြဲတမ်းခရီးတွေ သွားဖို့အတွက် အခုပဲ Go Beyond Trips Travel Club မှာ Member ဝင်လိုက်တော့်နော်။



ဥရောပရဲ့ ❤️အချစ်မြို့တော်ဖြစ်တဲ့ 🗼Paris ကိုရောက်ရင်ပဲ ဘယ်တွေသွား ဘာတွေလုပ်သင့်လဲ ❓✅ Arc de Triomphe သို့သွားရောက်ပါ✅ Lid...
19/02/2020

ဥရောပရဲ့ ❤️အချစ်မြို့တော်ဖြစ်တဲ့ 🗼Paris ကိုရောက်ရင်ပဲ ဘယ်တွေသွား ဘာတွေလုပ်သင့်လဲ ❓

✅ Arc de Triomphe သို့သွားရောက်ပါ
✅ Lido’s Paris Merveilles မှာပြသသော အက အလှပဒေသာ Show ပွဲများကြည့်ပါ
✅ Place de la Concorde အနီးသွားရောက်လည်ပတ်ပါ
✅ လျှို့ဝှက်ဆန်းကြယ် ပဟေဠိများဖြင့် Luxor Obelisk
✅ မြို့တွင်းရှိစျေးဆိုင်လေးများသို့ စျေး၀ယ်ထွက်ကြမယ်


The History of LOUVRE  ( Part 2 ) ... ... .......၁၆၈၂ ခုနှစ်အရောက်မှာတော့ Louis 14 ဗာဆိုင်းသို့ ပြောင်းရွှေ့ခံရပြီး တော်...
18/02/2020

The History of LOUVRE ( Part 2 ) ... ... .......

၁၆၈၂ ခုနှစ်အရောက်မှာတော့ Louis 14 ဗာဆိုင်းသို့ ပြောင်းရွှေ့ခံရပြီး တော်၀င်နေရာမှ ရပ်စဲခံရပြီးနောက် ၁၈ရာစုတွင် Louvreကို လူထုပြတိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည် ။ ၁၇၉၃ ခုနှစ်မှာ တော်လှန်ရေးအစိုးရဟာ Grande Galerie ရှိ Musée Central des Arts ကိုအများပြည်သူအတွက် ဖွင့်လှစ်ပြသခဲ့သည် ။ နပိုလီယံလက်ထက်မှာတော့ Cour Carre နှင့် မြောက်ဘက်ရှိ Rivoli de Rivoli တစ်လျှောက် တောင်ပံများစတင်တည်ဆောက်ခဲ့သည် ။ ၁၉ရာစုမှာ အဓိကတောင်ပံနှစ်ခု သူတို့ရဲ့ ပြခန်းတွေ ဆောက်လုပ်ပြီးစီးခဲ့ပြီး ပြပွဲဖွင့်ပွဲကိုတော့ နပိုလီယံ ၃က တာ၀န်ယူခဲ့ပါတယ် ။ ဒီ Louvre ဟာဆိုရင်ဖြင့် ကြီးမားသောအဆောက်အုံတစ်ခုဖြစ်ပြီး အဓိက quadrilaterals နှစ်ခုကို ဖွဲ့စည်းထားပြီး ကြီးမားသောရင်ပြင်နှစ်ခုလည်း ပါရှိသေးသည် ။



The History of LOUVRE  (Part 1) ... ... .......၁၂ ရာစုခံတပ်ရဲ့ ညာဘက်ကမ်းခြေမှာ တည်ဆောက်ခဲ့ပြီး ပါရီရှိကြီးမားတဲ့နန်းတော်...
18/02/2020

The History of LOUVRE (Part 1) ... ... .......

၁၂ ရာစုခံတပ်ရဲ့ ညာဘက်ကမ်းခြေမှာ တည်ဆောက်ခဲ့ပြီး ပါရီရှိကြီးမားတဲ့နန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြင်သစ်အမျိုးသားပြတိုက် နှင့် ပန်းချီပြခန်းဖြစ်သည့် Louvre ပြတိုက်ရဲ့ အမည်ရင်းကတော့ Great Louvre ဖြစ်ပါတယ် ။
ရှေးဟောင်းယဉ်ကျေးမှုမှစလို့ ၁၉ရာစုအလယ်ပိုင်း ယဉ်ကျေးမှုထိရှိသော အနုပညာပြတိုက်ဖြစ်ပြီး ခရီးသွားအများစု လာရောက်လည်ပတ်သောနေရာလည်း ဖြစ်ပေသည် ။ ၁၅၄၆ ခုနှစ်တွင် အနုပညာလက်ရာများကို စုဆောင်းသူဖြစ်သည့် Francis 1 သည် ရဲတိုက်ဟောင်းကိုဖြိုဖျက်ကာ ထိုနေရာတွင် တော်၀င်နေအိမ်ဖြစ်သော Louvre ကိုစတင်တည်ဆောက်ခဲ့လေသည် ။ Francis 1 လက်အောက်မှာတော့ Louvre ရဲ့ အချို့သောအစိတ်အပိုင်းကို ဗိသုကာ Pierre Lescot လက်အောက်တွင် ပြီးစီးခဲ့ပြီး မူလအပိုင်းကတော့ဖြင့် ဒီနေ့ Cour Carree ၏အနောက်တောင်ပိုင်းဖြစ်သည် ။

၁၇ ရာစုမှာတော့ Louis 13 နှင့် Louis 14 တို့က အဆောက်အဦးနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက်မှုများပြုလုပ်ခဲ့သည် ။ ထို့အပြင် Louis 13 ရဲ့ ၀န်ကြီးချုပ် Cardinal de Richelieu က အခြားသောအနုပညာလက်ရာများကို လည်းကောင်း ၊ Louis 14 နှင့် ၀န်ကြီး Cardinal Mazarin တို့က အင်္ဂလန်မှ Charles 1 အပါအ၀င် ထူးချွန်သည့် အနုပညာလက်ရာများ စုဆောင်းရရှိခဲ့သည် ။ ဗိသုကာလက်ရာများအတွက် Calude Perrault နှင့် Louis Le Vauတို့ ပါ၀င်သောအဖွဲ့ နှင့် ပန်းချီဆရာဖြစ်သော Charles Le Burn တို့က Colonnade ဟုလူသိများသော Louvre ၏အစိတ်အပိုင်းကို စီစဉ်ခဲ့ခြင်းဖြစ်သည် ။


ဥရောပရဲ့ 🗼အချစ်မြို့တော်လို့ တင်စားရတဲ့ ❤️Paris မြို့ကိုရောက်ရင် ဘယ်နေရာတွေကို အဓိကထား လည်ပတ်သင့်သလဲ 😉😉😉 … … ……❤️ The Ei...
17/02/2020

ဥရောပရဲ့ 🗼အချစ်မြို့တော်လို့ တင်စားရတဲ့ ❤️Paris မြို့ကိုရောက်ရင် ဘယ်နေရာတွေကို အဓိကထား လည်ပတ်သင့်သလဲ 😉😉😉 … … ……

❤️ The Eiffel Tower

❤️ The Arc de Triomphe

❤️ The Champs-Elysees

❤️ The Louvre

❤️ Sacre-Coeur

❤️ The Moulin Rouge

❤️ Centre Pompidou

❤️ Galeries Lafayette

❤️ Jardin de Tuileries & Jardin de Luxembourg

❤️ Café de Flore & La Marais




Busan ဆိုတာနဲ့ သွေးစုပ်ဖုတ်ကောင်တွေအပြည့်ရှိတဲ့ Train to Busan ထဲကလိုမျိုးလို့တော့ မထင်နဲ့နော် တောင်ကိုရီးယားရဲ့ ဒုတိယအက...
15/02/2020

Busan ဆိုတာနဲ့ သွေးစုပ်ဖုတ်ကောင်တွေအပြည့်ရှိတဲ့ Train to Busan ထဲကလိုမျိုးလို့တော့ မထင်နဲ့နော် တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး Busan မှာရှိတဲ့ Haeundae သဲသောင်ပြင်ဟာ ပြည်တွင်းသာမက ပြည်ပခရီးသွားကြားမှာပါ ရေပန်းစားလှပါတယ် ။ ခေတ်သစ်ရိုးရာ နဲ့ ဖက်ရှင်ပေါင်းစပ်ထားတဲ့ ဒီမြို့လေးမှာ ကမ္ဘာ့အကြီးဆုံးစတိုးဆိုင်၊ ရိုးရာစျေးကွက်တွေ နဲ့ ခေတ်မှီဆန်းပြားပြီး အရသာရှိလှတဲ့ စားသောက်ဆိုင်များဖြင့် စည်ကားလှပါတယ် ။



သွားကြရအောင် Damyang ဆီ Korea တွင်ရှိပါသည် 😉😉😉ကိုရီးယားရဲ့ တောင်ပိုင်းမှာရှိပြီး မြို့ငယ် ရွာငယ်လေးတွေနဲ့ ဖွဲ့စည်ထားတဲ့ ...
13/02/2020

သွားကြရအောင် Damyang ဆီ Korea တွင်ရှိပါသည် 😉😉😉

ကိုရီးယားရဲ့ တောင်ပိုင်းမှာရှိပြီး မြို့ငယ် ရွာငယ်လေးတွေနဲ့ ဖွဲ့စည်ထားတဲ့ ဒီမြို့လေးကို ဝါးမြို့တော်လို့တောင် တင်စားခေါ်ဆိုနိုင်ပါတယ် ။ ဒါ့အပြင် ဝါးမျိုးစိတ်ဥယျာဉ် နဲ့ ဝါးပြတိုက်က ခရီးသွားတွေကို အဓိကဆွဲဆောင်နိ်ုင်သလို ဝါးနဲ့ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေ အခြားသောလက်ဆောင်ပစ္စည်းတွေကို လေ့လာနိုင်ပါတယ် ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော် ဝါးနဲ့လုပ်ထားတဲ့ ဝိုင် သို့ဟုတ် ရေခဲမုန့်ကိုလည်း မြည်းစမ်းခွင့်ရနိုင်မှာဖြစ်ပါတယ်ဗျ ….. ။ Trekking စိတ်၀င်စားသူတွေဆိုရင်တော့ Byeongungsan နဲ့ Chuwolsan အနီးအနားမှာရှိတဲ့ တောင်တက်အခွင့်အလမ်းအချို့ ရနိုင်မှာဖြစ်ပါတယ် ။



13/02/2020

Let's Go with Go Beyond Trips ... ... .......



အာရှရဲ့အချစ်မြို့တော် အိုပါးတို့နေထိုင်ရာ ကိုရီးယားနိုင်ငံကို ကိုရီးယားကျွန်းဆွယ်၊ ဂျေဂျူးကျွန်းဆွယ် အပါအ၀င် အနီးအနားကျွ...
13/02/2020

အာရှရဲ့အချစ်မြို့တော် အိုပါးတို့နေထိုင်ရာ ကိုရီးယားနိုင်ငံကို ကိုရီးယားကျွန်းဆွယ်၊ ဂျေဂျူးကျွန်းဆွယ် အပါအ၀င် အနီးအနားကျွန်းဆွယ် အသေးအဖွဲများဖြင့် ဖွဲ့စည်းထားတာဖြစ်ပြီး ၁၉၄၈ခုကနေစပြီး တောင်နဲ့မြောက် နှစ်ပိုင်းကွဲပြားကာ အချုပ်အခြာအာဏာပါ ကွဲပြားပြီး တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားဆိုပြီး နိုင်ငံနှစ်ခုဖြစ်လာပါတယ် ။ ကိုရီးယားရဲ့ အရှေ့မြောက်ဘက်မှာ ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်မှာတော့ တရုတ်နိုင်ငံ နဲ့ အရှေ့ဘက်မှာ ကိုရီးယားရေလက်ကြား နှင့် ဂျပန်ပင်လယ် (အရှေ့ပင်လယ်) တို့ဖြင့် နယ်နိမိတ်ချင်းလည်း ထိစပ်နေပါတယ် ။

ရှေးယခင် ပထမထောင်စုနှစ်၏ ပထမတ၀က်တွင် ကိုရီးယားနိုင်ငံသုံးနိုင်ငံဟုခေါ်တွင်တဲ့ Goguryeo၊ Baekje နှင့် Silla ဆိုပြီးပြည်နယ်သုံးခုခွဲခြား အုပ်ချုပ်ခဲ့ကြပါတယ် ။ ပထမထောင်စုနှစ်ကုန်ခါနီးမှာတော့ Goguryeo ဟာ Goryeo အဖြစ်ပြန်လည်မွေးဖွားလာပြီး အခြားပြည်နယ်နှစ်ခုကိုပါ အနိုင်ယူပြီး ကိုရီးယားကျွန်းဆွယ်နိုင်ငံအဖြစ် ပေါင်းစည်းစေခဲ့သည် ။ Goryeo ကိုအဓိပ္ပါယ်အားဖြင့် ခေတ်သစ်ကိုရီးယားဟုခေါ်သည် ။ ၁၂၃၄ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး သတ္တုရွေ့လျားနိုင်သော အမျိုးအစားတီထွင်ခဲ့တဲ့ တိုင်းပြည်တခုလည်းဖြစ်ပါတယ် ။ ၁၃ရာစုအတွင်းမှာတော့ မွန်ဂိုတို့ရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် တိုင်းပြည်အထိနာခဲ့ပြီး နောက်ဆုံး လက်အောက်ခံပြည်နယ်ဖြစ်လာဖို့ သဘောတူညီခဲ့ကြပါတယ် ။ ထို့နောက် Goryeo တွင် ဘုရင် Gongmin လက်ထက် စစ်သူကြီး Yi Seong-gye ဦးဆောင်မှုဖြင့် အာဏာသိမ်းယူပြီး ၁၃၉၂ ဇူလိုင် ၁၇မှာ Joseon ကို စတင်တည်ထောင်ခဲ့သည် ။

Joseon ခေတ် ၁၅ရာစုမှာ Sejong the Great က ကိုရီးယားအက္ခရာကို စတင်တီထွင်ခဲ့ပြီး ကွန်ဖြူးရှပ်ဝါဒလည်း လွှမ်းမိုးလာခဲ့သည် ။ ထို့နောက် နောက်ပိုင်းမင်းဆက်တွင် ပေါ်လစီသစ်ပေါ်ထွန်းလာပြီး “Hermit Kingdom” ဟု အမည်ပေးသည် ။ ပထမ တရုတ်-ဂျပန်စစ်ပွဲအပြီးမှာ ကိုရီးယားအင်ပါယာကို ပိုမိုတိုးတက်အောင် ကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံး ၁၉၁၀ အရောက်မှာတော့ ဂျပန်ကသိမ်းပိုက်အုပ်ချုပ်ခဲ့သည် ။ နောက်ပိုင်းမှာတော့ ကိုရီးယားစစ်ပွဲဖြစ်ပွားပြီး တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားဆိုပြီး ခွဲထွက်ခဲ့သည် ။


Address

No. 112, Pyay Road, Near 8 Miles Junction, Mayangone Township. Yangon
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 14:00

Telephone

+959979716524

Alerts

Be the first to know and let us send you an email when Wings&Wheels Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Welcome To Myanmar

We make people to travel more for the Knowledge and Respect through better understanding in their irreplaceable Memories!

- We have details to Plan for your Interest!

- We have the Animation to create your Dream!

- We have Professional Action for Satisfied Result!

Nearby travel agencies