Great Days Travel & Tours

Great Days Travel & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Great Days Travel & Tours, Travel Agency, No. 93, Baho Road, Kamaryut Township, Yangon.

🎇💥ဟာနွိုင်း+ဟာလောင်း+Sun World ကစားကွင်း (မြောက်ပိုင်း)💥🎇☃️🎄  (24 -27 December) 🎄🎅ဗီယက်နမ်ဆိုသည်မှာ ဈေးသက်သာပြီး UNESCO ...
02/12/2023

🎇💥ဟာနွိုင်း+ဟာလောင်း+Sun World ကစားကွင်း (မြောက်ပိုင်း)💥🎇
☃️🎄 (24 -27 December) 🎄🎅

ဗီယက်နမ်ဆိုသည်မှာ ဈေးသက်သာပြီး UNESCO စာရင်းဝင် ဟာလောင်းဘေးကြီးက အရမ်းလှ..သားသားမီးမီးတို့အကြိုက် ကစားကွင်းကြီးကလဲ ပျော်စရာကောင်းမှကောင်း..ဈေးဝယ်ဦးမလားတန်မှတန်..ဗီယက်နမ်မလေးတွေဆိုလဲချောမှချော(အဲလေ အမှန်တွေပြောမိကုန်ပြီ)😜

လူစည်ကားတဲ့ Old Quarter ကဟိုတယ်မှာတည်းခိုမှာဆိုတော့ ညမအိပ်ဘူး အမုန်းကဲမယ်ဆိုသူတွေအတွက်လည်း ပျော်စရာရွှင်စရာတွေက လက်တကမ်းမှာပဲပေါ့နော်😉
ကဲပါ..ဒါတွေဟုတ်မဟုတ်ဟိုကျမှကြည့် ..မပြန်ချင်တော့ဘူး ဖြစ်သွားလို့ကတော့ သဘောရှိပါပဲကွယ်

ဒီတော့ X'mas ပိတ်ရက်လေးမှာ ဗီယက်နမ်သွားမယ်လို့ စဉ်းစားထားရင်တော့ အမြန်စာရင်းပေးဖို့လိုနေပါပြီနော်..ဘာတွေသွားလည်မှာလဲဆို အောက်မှာဆက်ပြီးဖတ်ကြည့်ပေးပါဦးနော် 📩

**********************************
🎄 UNESCO စာရင်းဝင် ဟာလောင်းဘေးတစ်လျှောက် အပျော်စီးသင်္ဘော 🚢🚢 နဲ့လေညင်းခံရင်း အံ့ဖွယ်ပင်လယ်အော်ထဲက ကျောက်ဆောင်ကြီးတွေနဲ့ selfie တွေရိုက်မယ်

🎄 နှစ်သန်းပေါင်းများစွာ သက်တမ်းရှိပြီး မီးရောင်စုံတွေနဲ့ အရမ်းကိုလှတဲ့ ထုံးကျောက်လှိုဏ်ဂူကြီးကို သွားရောက်လေ့လာပြီးရင်တော့ အရသာရှိတဲ့ Seafood တွေစားမယ်

🎄 လူ၂၀၀ကျော်ဆန့်တဲ့ Guiness စာရင်းဝင် နှစ်ထပ် Cable Car ကြီးနဲ့ ပင်လယ်ကိုဖြတ်ပြီး Sun World ကစားကွင်းကြီးထဲမှာ မျိုးစုံအောင်လျှောက်ဆော့မယ်

🎄 Sun Wheel လို့ခေါ်တဲ့ရဟတ်ကြီးကိုစီးပြီး ဟာလောင်းဘေးရဲ့ စာနဲ့တင်စားလို့မရနိုင်တဲ့ အလှတွေကို ဝေဟင်ကနေခံစားမယ်

🎄 စိတ်လှုပ်ရှားစရာကောင်းတဲ့ Samurai Slide Roller Coaster ကိုကိုယ်တိုင်မောင်းမယ်

🎄 အရမ်းမိုက်တဲ့ 12D တွေကြည့်ရင်းရင်ခုန်မယ်

🎄ဗီယက်နမ်ရဲ့အကြီးဆုံး ဖယောင်းပြတိုက်မှာ ကမ္ဘာကျော်ရုပ်တုတွေနဲ့ selfie တွေဆွဲမယ်

🎄 အရမ်းလှတဲ့ Japanese Garden လေးမှာ ဓါတ်ပုံတွေရိုက်မယ်

🎄 စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီယက်နမ်ရိုးရာ ရေပေါ်ရုပ်သေးပြပွဲလေးကို ခံစားကြမယ်

🎄 ဟာနွိုင်းမြို့ရဲ့ နာမည်ကျော်ဓါးသိမ်းကန် Hoan Kiem Lake ကတံတားနီနီလေးမှာ အမှတ်တရဓါတ်ပုံရိုက်မယ်

🎄 ဗီယက်နမ် လွတ်လပ်ရေးဖခင်ကြီး ဟိုချီမင်းရဲ့ဂူဗိမာန်၊ သူနေထိုင်ခဲ့တဲ့မြေစိုက်အိမ်လေးနဲ့ အသုံးပြုခဲ့တဲ့ ကားတွေ ၊ ရုံးခန်းတွေကို
သွားလေ့လာကြမယ်။ ဒါ့အပြင် လွတ်လပ်ရေးကြေညာခဲ့ရာ Ba Dinh ရင်ပြင်၊ သမ္မတနေထိုင်ရာအိမ်တော်ရာနဲ့ တိုင်တစ်လုံးတည်းပေါ်မှာ အခြေပြုတည်ဆောက်ထားတဲ့သက်တမ်းရင့်ဆုတောင်းပြည့် One Pillar ဘုရားကိုဖူးမျှော်မယ်။

🎄 ဗီယက်နမ်နိုင်ငံရဲ့ရှေးအကျဆုံးတက္ကသိုလ် Temple of Literature ကိုသွားလေ့လာမယ်

🎄 ဈေးဝယ်လို့ကောင်းတဲ့ Aeon Mall ၊ ဟာလောင်းညဈေး၊ ဟနွိုင်းရဲ့နာမည်ကျော် Old Quarter တို့မှာ ဒေသထွက်ကော်ဖီတွေ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို တဝကြီးဝယ်ကြမယ်။
**********************************
🗓ခရီးစဉ်ရက်စွဲများ - ( 24 - 27 Dec )

💲ခရီးစဉ်ဈေးနှုန်း - USD625

🏨 4 Star Hotel

**********************************
ကဲဒီလိုစုံလင်လှတဲ့ ခရီးစဉ်လေးမှာ ဧည့်သည်တော်တွေ စိတ်တိုင်းကျဈေးဝယ်ယူနိုင်စေဖို့ လေယာဉ်အတွက်၃၀ကီလိုကလဲပါပြီးသားမို့ made in Vietnam ပစ္စည်းတွေကို အမုန်း၀ယ်မယ်။😍

အစားအသောက်အတွက်ကတော့ ဟနွိုင်းမြို့ရဲ့အကြီးဆုံး ဟင်းအမျိုးပေါင်း (၂၀၀)ကျော် တည်ခင်းထားတဲ့ Buffet ဆိုင်ကြီးနှင့်အတူ မြန်မာပြည်ကယူသွားမယ့် အစားအစာတွေအပြင် အခြားစားကောင်းတဲ့ဆိုင်တွေမှာ Set Menu အမယ်အစုံအလင်နဲ့ စီစဉ်ထားပါတယ်ရှင်။

ခရီးစဉ်အတွင်းအပိုကောက်ခံကြေးလုံးဝမပါရှိတာကို ၁၀၀% အာမခံပါတယ်ရှင်။
ဈေးနှုန်းလေးကလဲအရမ်းတန်✔🥰 ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ် ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ Booking တင်လိုက်ကြရအောင်လားရှင် ✍✍
**********************************
ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎ 09-26653 2019, ☎ 09-26653 2020 တို့ဖြစ်ပါတယ်
ခရီးစဉ်လေးကိုစိတ်ဝင်စားလို့ အသေးစိတ်ဖတ်ရှုချင်တယ်ဆိုရင်တော့ Viber/Facebook Messenger မှပို့ဆောင်ပေးပါတယ်ရှင် 🙆

Great Days Travel
အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 / ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" The World is Yours "


🇸🇬💥စုံစုံလင်လင်စင်္ကာပူတခွင် တန်ဆောင်တိုင် ခရီးစဉ် 💥🇸🇬 ( နို၀င်ဘာ ၂၄ - ၂၇ )သားသားမီးမီးတွေက တန်ဆောင်တိုင်ကျောင်းပိတ်ရက်မ...
06/11/2023

🇸🇬💥စုံစုံလင်လင်စင်္ကာပူတခွင် တန်ဆောင်တိုင် ခရီးစဉ် 💥🇸🇬 ( နို၀င်ဘာ ၂၄ - ၂၇ )

သားသားမီးမီးတွေက တန်ဆောင်တိုင်ကျောင်းပိတ်ရက်မှာ ခရီးထွက်ချင်တယ်ဆိုပြီး ပူဆာနေပြီလား❓

သူငယ်ချင်းတွေ နီးနီးနားနား ဘယ်သွားရင်ကောင်းမလဲဆိုပြီး တိုင်ပင်နေကြတုန်းလား ❓
လည်ရင်းပတ်ရင်း စျေး၀ယ်အုံးမလား❓

🌲စင်္ကာပူနိုင်ငံက City In a Garden ဆိုတဲ့ဆောင်ပုဒ်အတိုင်း မြို့တော်ကိုပြုပြင်မွန်းမံထားတာဆိုတော့နေရာအနှံ့ သစ်ပင်စိမ်းစိမ်းစိုစိုလေးတွေနဲ့ အပူချိန်လျော့ပြီး ကျွန်းနိုင်ငံဖြစ်တာနဲ့အညီ မိုးလဲနည်းတဲ့အတွက် ကမ္ဘာ့နေထိုင်လို့အကောင်းဆုံးမြို့တော်စာရင်းဝင် နိုင်ငံတစ်ခုအနေနဲ့လည်း အသိအမှတ်ပြုခြင်းခံရတာပေါ့။
***************************************

သွားရောက်လည်ပတ်မဲ့ နေရာလေးတွေကတော့

💟City Tour အနေနဲ့ ဒူးရင်းသီးပုံ အဆောက်အဦး Esplanade ၊ သင်္ဘောပုံ Marina Bay Sands Hotel ၊ ပါလီမန်အိမ်တော် ၊ ဖုန်းရွှေနည်းအရ ဆောက်လုပ်ထားတဲ့ လက်ငါးချောင်းပုံစံ ဆုတောင်းပြည့်ရေပန်း။

💟စင်္ကာပူနိုင်ငံရဲ့ Trademark ခြင်္သေ့ရုပ်ထုရှိရာ Merlion Park

💟 Instagram မှာနာမည်ကြီးတဲ့ ဓာတ်ပုံအမိုက်စားရိုက်လို့ရမဲ့ Fort Canning Tree Tunnel

💟ခေတ်မှီလေဆာမီးတွေ တီးလုံးသံစဉ်တွေနဲ့ ကပြဖျော်ဖြေမယ့် Super Trees Light Show

💟Mount Faber မှ Cable Car စီးရင်း Sentosa ကျွန်းအလှကိုဝေဟင်မှကြည့်ရှုခံစားမည်

💟အရှေ့တောင်အာရှရဲ့တစ်ခုထဲသော ကမ္ဘာကျော် Universal Studios ( အတည့် သို့မဟုတ် ပြောင်းပြန် ကြိုက်ရာလမ်းကြောင်း ရွေးစီးလို့ရတဲ့ Human vs Cyclon Roller Coaster , စက်ရုပ်၂ကောင်ရဲ့တိုက်ပွဲကို သူတို့ရဲ့လက်ဖဝါးပေါ်ကနေ လိုက်ပါကြည့်ရှုနေရသလို ခံစားရမယ့် Transformer Ride , ပိရမစ်ကြီးထဲက အမှောင်ထုတွေကြားထဲ မံမီရုပ်တွေနဲ့အတူစီးရမယ့် မြန်နှုန်းမြင့် Mummy Ride , ဟောလီးဝုဒ်ဇာတ်ကားထဲက ဇတ်၀င်ခန်းတွေအတိုင်း သရုပ်ဆောင်ပြတဲ့ Water World Show , ဒိုင်နိုဆောတွေကြားထဲမှာ စီးရမယ့် Jurassic World က Ride , Sherk 4D ) အပါအဝင် ကစားနည်း ၂၈ မျိုး

💟လေဆာမီးရောင်စုံတွေနဲ့အတူ စိတ်ကူးကောင်းကောင်း ဇာတ်လမ်းလေးနဲ့ တင်ဆက်ပြသတဲ့ Wings of Time ရေပန်း Show

💟ကမ္ဘာအနှံ့အပြားက ပန်းတွေကို ပြသထားတဲ့ ကမ္ဘာ့အကြီးဆုံး ဖန်လုံပန်းဥယျာဉ် Flower Dome နှင့် Super Tree Observatory

💟ဆုတောင်းပြည့် ဗုဒ္ဓစွယ်တော်မြတ်ကျောင်းတော်

💟Shooping အတွက်က စင်္ကာပူနိုင်ငံရဲ့မသွားမဖြစ် နာမည်ကြီး Orchard Road, Bugis Street, China Town

*******************************

ခရီးစဉ်ထွက်ခွာမယ့်ရက်လေးကတော့
🗓 24 - 27 November
✈ MAI Airline (30kg+meals)
🏨 3 star Hotel (city centre ရှိ shopping mall များသို့ walking distance )

**********************************************
🥢အစားအသောက်အနေနဲ့ အထူးလက်ရာကောင်းမွန်သော ဆိုင်များတွင် Set Menu / ဘူဖေးများနှင့်အတူ နာမည်ကျော် ကိုရီးယား BBQ ဘူဖေးဆိုင်များမှာ စီစဉ်ထားပါတယ်ရှင်။

လည်ပတ်သင့်တဲ့နေရာအားလုံးကို စုံလင်စွာလည်ပတ်နိုင်စေရန် စီစဉ်ပေးထားပြီး အပိုကောက်ခံခြင်းများ လုံး၀ရှိမှာမဟုတ်ကြောင်း လေးစားစွာဖြင့် အာမခံပါတယ်ရှင်။ 💯✅

စျေးနှုန်းလေးကလဲအရမ်းတန်၊ ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ် ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ Booking တင်လိုက်ကြရအောင်လားရှင်။ ✍️
*******************************
ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎ 09-26653 2019, ☎ 09-26653 2020 တို့ဖြစ်ပါတယ်

📌မိသားစု သီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့်🥰🥰

Great Days Travel
အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 / ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" The World is Yours "

🇸🇬 ကျွန်တော်တို့ဟာ ခရီးသွားကြရင် transit ချိန်အကြာကြီးစောင့်ရတာတွေ အစောကြီးကြိုသွားပြီးလေဆိပ်မှာ check in ဝင်ရတာတွေကိုအခ...
05/11/2023

🇸🇬 ကျွန်တော်တို့ဟာ ခရီးသွားကြရင် transit ချိန်အကြာကြီးစောင့်ရတာတွေ အစောကြီးကြိုသွားပြီးလေဆိပ်မှာ check in ဝင်ရတာတွေကိုအချိန်တွေအများကြီးအလကားကုန်တယ်လို့သတ်မှတ်ကြပြီး မကြိုက်ကြပါဘူး ။ ဒါပေမယ့် ဒါတွေနဲ့ဆန့်ကျင့်ဖက် transit ချိန်ကြာကြာလိုချင်တဲ့ လေဆိပ်တစ်ခုကျွန်တော်တို့အိမ်နီးချင်းနိုင်ငံမှာရှိလာပါပြီ 🤩

အရင်ကထဲက ဆန်းသစ်လှပတဲ့ လေဆိပ်လို့နာမည်ကြီးတဲ့ singapore လေဆိပ်ဟာ ပိုမိုဆွဲဆောင်မှုရှိတဲ့ Terminal 2 ကိုတိုးချဲ့ဖွင့်လှစ်လိုက်ပြီး ခရီးသွားတွေကို ထပ်မံဆွဲဆောင်လိုက်ပြီပဲဖြစ်ပါတယ် ။

အခုလောလောဆယ်မှာ လေကြောင်းလိုင်း၁၂ခုသာ Terminal 2 ကိုအသုံးပြုနေသေးပေမယ့် မကြာခင်နောက်ထပ် လေကြောင်းလိုင်းတွေ Terminal 2 ကိုထပ်မံရောက်ရှိလာဦးမှာပါ။

အဆောက်အဦးအသစ်ကြီးအကြောင်းပြောရမယ်ဆိုရင် ပထမဆုံးအနေနဲ့ check in ကောင်တာတွေမှာ တန်းစီစရာမလိုပဲ မြန်ဆန်သွက်လက်စွာခရီးသွားနိုင်မယ့်နေရာ Fast And Seamless Travel ( FAST ) zone အကြောင်းကနေစပြောရမယ်ထင်ပါတယ် ။ ကိုယ်တိုင် check in ဝင်လို့ရတဲ့ Kiosks စက်တွေနဲ့ check in ဝင်ရမှာ ဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့ ပိုမိုမြန်ဆန်ချောမွေ့မှာဖြစ်ပါတယ်။

🌲 သစ်ပင်တွေနဲ့အလှဆင်ဖန်တီးထားတဲ့ Gourmet Garden ထဲမှာ အေးအေးဆေးဆေး စားသောက်ရင်း လေယာဥ်မထွက်ခင် အနားယူလို့ရပါတယ် ။ Transit Area မှာဆိုရင် Dreamscape Garden လို့ခေါ်တဲ့ဥယျာဥ်ကြီးကိုဖန်တီးထားပြီး အပြင်မှာတကယ်ဖြစ်နေတဲ့ real-time weather အတိုင်းဖြစ်နေတဲ့ digital sky ကြီးနဲ့ အပင်ပေါင်း၂၀၀၀၀ကျော်နဲ့စိမ်းစိုနေတဲ့ သစ်တောတခုလို ဖြစ်အောင်အလှဆင်ထားပါတယ် ။

🌳သဘာဝအလှတရားကိုအပြည့်အဝခံစားနိုင်အောင် ကျေးငှက်သံတွေ သဘာဝတောကောင်အသံလေးတွေနဲ့လဲ အားဖြည့်ထားပါသေးတယ်။ Departure Hall မှာဆိုရင်လဲ ၁၄မီတာမြင့်တဲ့ Digital waterfall တစ်ခုကိုဖန်တီးထားပြီး ဓါတ်ပုံရိုက်ချင်စရာနေရာတစ်ခုဖြစ်ပါတယ် ။

👩‍👧‍👧ကလေးတွေအတွက်ဆိုရင် 2 Bears Hideout ဆိုတဲ့ ကစားကွင်းတခုပါရှိပါတယ် ။ ဘောလုံးပွဲတွေအားကစားပွဲတွေကိုကြည့်ရှုချင်သူတွေအတွက်လဲ TV Lounge တစ်ခုပါရှိပါသေးတယ် ။ ၂၄၅လက်မ တီဗီကြီးနဲ့ ပြသပေးထားတဲ့အတွက် ကောင်းကောင်းကြည့်ရှုခံစားနိုင်မှာပါ။

🛍️Duty-free ဆိုင်တွေမှာ Burberry , Hermes တို့လိုဘရန်းတွေကို ကြည့်ရှုဝယ်ယူနိုင်သလို ဝီစကီနှစ်သက်သူတွေအတွက်သတင်းကောင်းကတော့ ဝီစကီအမျိုးပေါင်း ၁၈မျိုးကို မြည်းစမ်းကြည့်လို့ရနိုင်တာပဲဖြစ်ပါတယ် ။

အခုပြောပြခဲ့တဲ့ အရာတွေအားလုံးပါဝင်တဲ့ Terminal 2 အသစ်ကြီးကို သတ်မှတ်ရက်ထက်စောပြီး ယခုလ နို၀င်ဘာ ၁ရက်နေ့မှာအပြည့်အဝဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ် ။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ Changi လေဆိပ်ကိုသာရောက်ရှိခဲ့မယ်ဆိုရင် Terminal 2 ကိုဝင်ရောက်လည်ပတ်ခဲ့ပြီး ခေတ်မှီလှပတဲ့ဖန်တီးမှုတွေကို ကြည့်ရှုခံစားခဲ့ဖို့တိုက်တွန်းချင်ပါတယ် ။

Great Days Travel နဲ့အတူ စင်္ကာပူခရီးစဉ်လေးကိုလည်ပတ်ပြီး Changi Terminal 2 လေဆိပ်အသစ်ကြီးကိုပါ၀င်လည်ချင်ရင်တော့ 24 - 27 November ခရီးစဉ်လေးမှာ လိုက်ပါခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ🥰

photo credit


🇦🇪💢 ကမ္ဘာ့အလန်းဆုံး (ဒူဘိုင်း-အဘူဒါဘီ) ခရီးစဉ် 💢🇦🇪❣️ ကမ္ဘာနဲ့ချီတဲ့ စကားတွေကို တဒင်္ဂလောက် ပြောခွင့်ပြုပါ ❣️************...
25/10/2023

🇦🇪💢 ကမ္ဘာ့အလန်းဆုံး (ဒူဘိုင်း-အဘူဒါဘီ) ခရီးစဉ် 💢🇦🇪

❣️ ကမ္ဘာနဲ့ချီတဲ့ စကားတွေကို တဒင်္ဂလောက် ပြောခွင့်ပြုပါ ❣️
**********************************************
ဒူဘိုင်းလို့ပြောလိုက်တာနဲ့လွင်တီးခေါင်ပြင် ဖုန်တထောင်းထောင်းနဲ့ ကန္တာရကြီးကို ပြေးမြင်မိကြမလားပဲနော်။

ဟုတ်ပါတယ်..လွန်ခဲ့တဲ့နှစ်၅ဝလောက်ကဆိုရင်ပေါ့။ ဒါဆိုခုရော??

ခုများတော့ ရွှေသားကိုတောင်ထုတ်ယူလို့ရတဲ့ ATM စက်တောင်ရှိတဲ့အပြင် Ferrari အများသုံး Taxi တွေနဲ့အတူ ကမ္ဘာမှာတတိယမြောက် အထပ်မြင့်မိုးမျှော်တိုက် (Skycrapers) အများဆုံးနိုင်ငံတောင် ဖြစ်နေပါရောလား။

**********************************************
အပေါ်ကခေါင်းစဉ်မှာ ကမ္ဘာ့အလန်းဆုံးဆိုပြီး ညွှန်းထားတာ ဟုတ်မဟုတ် အောက်ကအမိုက်စား လည်ပတ်စရာတွေကို တချက်လောက် ဖတ်ကြည့်လိုက်ပါဦး🤩

⚜️Emirates Palace Hotel (Gold cake & Gold coffee)
ရွှေရောက်တလက်လက်အခန်းတွေနဲ့ Emirates Palace Hotel ကြီးထဲမှာ ¬ကမ္ဘာပေါ်မှာဘယ်မှာမှမရနိုင်တဲ့ ၂၄ကာရတ် ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ရွှေကိတ်နဲ့ ရွှေကော်ဖီကို အဆင့်တန်းမြင့်မြင့် သုံးဆောင်မယ်

⚜️Museum Of The Future
2022 ခုနှစ်မှနောက်ဆုံးဖွင့်လှစ်ထား‌တဲ့
အနာဂတ်ကိုကြိုတင်မှန်းဆပြီး ပုံဖော်ထားသော
ကမ္ဘာ့ပထမဆုံး အနာဂတ်ပြတိုက်ကြီးကိုသွားရောက်လည်ပတ်မယ်

⚜️Burj Khalifa
ဟောလိဝုဒ်က မင်းသားတွမ်ခရုစ် Mission Impossible ရုပ်ရှင် လာရောက်ရိုက်ကူးရာ ၁၆၃ထပ်အမြင့်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးရဲ့ ၁၂၄ထပ် (View Deck) ကိုကမ္ဘာ့အမြန်ဆုံးဓါတ်လှေကားနဲ့တက်ပြီး တိမ်တွေကြားကနေ ရှုခင်းကြည့်ရင်း ဓါတ်ပုံရိုက်မယ်

⚜️Dubai Miracle Garden
ကမ္ဘာ့အကြီးဆုံးပန်းဥယျာဉ် ဖြစ်တဲ့ Miracle Graden ထဲမှာ ဓာတ်ပုံလှလှလေးတွေရိုက်မယ်

⚜️Ferrari World
ကမ္ဘာ့အမြန်ဆုံး Roller Coaster အပါအဝင်ကစားနည်းပေါင်း၃၇ မျိုးကိုကစားမယ်

⚜️Dubai Photo Frame
ကမ္ဘာ့အကြီးဆုံး ဖိုတိုဖရိမ်ရဲ့ မီတာ၁၅၀(သို့)အထပ်၅ဝစာ အမြင့်မှာရှိတဲ့ မှန်သားကြမ်းပြင်မှာ သည်းထိတ်ရင်ဖိုလမ်းလျှောက်ရင်း တဖက်တချက်ဆီက ခေတ်သစ်ဒူဘိုင်းနဲ့ ခေတ်ဟောင်းဒူဘိုင်း ကွာခြားချက်ကို ကိုယ်တိုင်မျက်ဝါးထင်ထင် ကြည့်ရှုခံစားမယ်။ အောက်ထပ်မှာရှိတဲ့ သရုပ်ပြခန်းမှာတော့ ၂၀၅၀ ခုနှစ် ဒူဘိုင်းရဲ့ တိုးတက်ပြောင်းလဲလာမယ့် အမိုက်စားအခြေအနေတွေကို သိပ္ပံကားဆန်ဆန် မြင်တွေ့ခွင့်ရမယ်။

⚜️Desert Safari
ကန္တာရအလယ်မှာရှိတဲ့ Oasis Camp ကိုအမိုက်စား 4WD ကားတွေနဲ့ adventure ဆန်ဆန် သဲသောင်ပြင်တွေကြားစီးပြီးသွားမယ်..ဟိုရောက်တာနဲ့ အာရတ်မလေးတွေရဲ့ ဆွဲဆောင်မှုရှိလှတဲ့ Belly Dance ကိုရှီရှားလေးသောက်ရင်း ရင်ခုန်မယ်..ကိုယ်တိုင်လဲအာရတ်လိုဝတ်ပြီး ဓါတ်ပုံတွေရိုက်မယ်..ကုလားအုတ်တွေစီးမယ်..BBQ Dinner နဲ့စားမယ်

⚜️Dubai Marina Dinner Cruise
ဒူဘိုင်းမြစ်ထဲမှာ သင်္ဘောစီးပြီး လေညင်းခံကာ အရမ်းလှတဲ့ ညရှုခင်းတွေကိုခံစားရင်း Dinner စားမယ်

⚜️Atlantis Hotel (Lost Chamber Aquarium)
ကမ္ဘာ့အကြီးဆုံး လူလုပ်ကျွန်းတုဖြစ်တဲ့ ထန်းပင်ပုံစံ 7-star Atlantis Hotel ကြီးကို မောင်းသူမဲ့ Monorail ရထားလေးစီးပြီးသွားမယ်..ပြီးရင် Lost Chamber လို့ခေါ်တဲ့ ငါးပြတိုက်ကြီးကိုသွားလည်မယ်

⚜️Gold Souk / Spice Souk
အာရတ်ရိုးရာလှေလေးကိုစီးပြီး ကမ္ဘာ့အကြီးဆုံးရွှေလက်စွပ်ရှိရာ Gold Souk နဲ့ နာမည်ကျော် ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းချပေးရာ Spice Souk တို့မှာစျေးဝယ်မယ်

⚜️Dubai Mall / Water Fountain Show
ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်တဲ့ Dubai Mall မှာ ကမ္ဘာကျော် Branded ပစ္စည်းတွေကိုဝယ်ယူပြီးရင် မီးရောင်စုံနဲ့ စည်းချက်ညီကနေမယ့် ကမ္ဘာ့အမြင့်ဆုံး ရေပန်း show ကိုခံစားကြမယ်

⚜️Sheik Zayeed Mosque
ကမ္ဘာ့အကြီးဆုံးကော်ဇော၊ ကမ္ဘာ့အကြီးဆုံးမီးဆိုင်း အလှတွှေနဲ့အတူ ခမ်းနားစွာတန်ဆာထားပြီး တစ်ချိန်တည်း လူပေါင်း ၄၀၀၀ ကျော်ဝတ်ပြုနိုင်မယ့် UAE နိုင်ငံတွင်း အကြီးမားဆုံးဗလီကို လေ့လာမယ်

⚜️Heritage Village
ရှေးယခင်အာရတ်တွေရဲ့ ရိုးရာနေထိုင်မှုအိမ်နဲ့ဝတ်စားဆင်ယင်ပုံတွေ၊ တံငါလုပ်ငန်းလုပ်ကိုင်စဉ် အသုံးပြုခဲ့ရာ ငါးဖမ်းလှေတွေနဲ့ ရိုးရာအသုံးအဆောင်ပစ္စည်းမျိုးစုံကို လေ့လာရင်း စျေးဝယ်နိုင်မယ်

⚜️Burj Al Arab Hotel
ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ရွက်လှေပုံစံတည်ဆောက်ထားတဲ့ 7-star Hotel နဲ့အတူ နောက်ခံထားပြီး အမှတ်တရဓါတ်ပုံရိုက်ကူးမယ်

⚜️Etihad Towers
ကမ္ဘာကျော် Fast & Furious 7 ဇာတ်ကားထဲက တိုက်နှစ်လုံးကြား ကားဖြတ်မောင်းတဲ့ ဇာတ်ဝင်ခန်းရိုက်ကူးခဲ့ရာ အဆောက်အဦးများနဲ့အတူ နောက်ခံထားပြီး အမှတ်တရဓါတ်ပုံရိုက်ကူးမယ်

**********************************************
" ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ "

🏨 တည််းခိုမှု - 4-Star ဟိုတယ်တွင် (၄) ညတာ တည်းခိုစရိတ်

✈လေကြောင်းလိုင်း - အသွားအပြန်တိုက်ရိုက် - MAI Airline (30kg) ပါဝင်ပြီး

🥢 အစားအသောက် - ဟိုတယ်များနှင့် အဆင့်အတန်းမြင့် စားသောက်ဆိုင်ကြီးများတွင် အရသာရှိသော Buffet ၊ Set Menu များဖြင့် စီစဉ်ထားခြင်း

🤵Great Days Travel မှနွေးထွေးပျူငှာပြီး အတွေ့အကြုံပြည့်ဝသော Tour Leader တစ်ဦးနှင့် Local Guide တစ်ဦးတို့၏လိုက်ပါဝန်ဆောင်မှု။

**********************************************
လူဦး‌ရေနည်းနည်းနဲ့သာစီစဉ်ထားပြီး ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ်🙆 ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ booking တင်လိုက်ကြရအောင်လားရှင်✍️

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎09-266532019, ☎09-266532020 တို့ဖြစ်ပါတယ်

📌မိသားစု သီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့်🥰🥰

Great Days Travel
🏢 အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 / ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" The World is Yours "

🏮🏮 မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ဆိုတဲ့အတိုင်း  တန်ဆောင်တိုင်မှာ ချစ်ရသူတွေနဲ့ခရီးသွားရတာက ဘဝအတွက်မမေ့နိုင်တဲ့ အ...
18/10/2023

🏮🏮 မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ဆိုတဲ့အတိုင်း တန်ဆောင်တိုင်မှာ ချစ်ရသူတွေနဲ့ခရီးသွားရတာက ဘဝအတွက်မမေ့နိုင်တဲ့ အမှတ်တရလေးတစ်ခုဖြစ်စေနိုင်ပါတယ်။🥰

ဒီလိုအမှတ်တရလေးတစ်ခုဖြစ်ပေါ်လာဖို့ Great Days Travel နှင့်အတူတူ 🇻🇳 ဗီယက်နမ်မြောက် အလည်ပိုင်းခရီးစဥ်လေးကိုလိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့် 🥰

သွားရောက်လည်ပတ်မည့်နေရာတွေကတော့ 📩
ရွှေရောင်လက်တံတားကြီးရှိရာ ဒါနန်းအပြင်.. ရှေးဟောင်းမြို့လေးဟွေအန်း..လှပျိုဖြူလေးတွေရှိရာ မြို့တော်ဟနွိုင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ Trademark လို့ပြောရမယ့် ကမ္ဘာကျော်ဟာလောင်းဘေးကို စုံစုံလင်လင်နဲ့ စားရိတ်ငြိမ်းသွားရအောင်🤩🤩

ဟနွိုင်း+ဟာလောင်း+ဒါနန်း+ဟွေအန်း (မြောက်ပိုင်း+အလယ်ပိုင်း) ၄ည၅ရက်
**********************************************
♦️ရောင်စုံမီးပုံးလေးတွေ ၊ ရှေးခေတ်ပုံစံအိမ်ကလေးတွေနဲ့ လှချင်တိုင်းကိုလှနေတဲ့ UNESCO စာရင်းဝင် ရှေးဟောင်းမြို့လေး ဟွေအန်းရဲ့ ညဈေးမှာဈေးဝယ်ရင်း Japanese Bridge မှာဓါတ်ပုံလှလှလေးတွေရိုက်မယ်

♦️ ဟွေအန်းမြို့ရဲ့ Cam Thanh Coconut Village မှာ စိတ်၀င်စားစရာ Basket Boat စီးရင်းလည်ပတ်ကြမယ်

♦️အရှေ့တောင်အာရှမှာအရှည်ဆုံး Cable Car လေးစီးရင်း ရေတံခွန်တွေ တိမ်ပင်လယ်တွေကို ဖြတ်ကျော်ပြီးတော့ ဥရောပရောက်နေသလားလို့ ထင်မှတ်မှားရမယ့် Ba Na Hill ကိုသွားမယ်

♦️ပေ၄၆ဝဝအမြင့်မှာရှိတဲ့ ရင်သက်ရှုမောဖွယ်လက်ရာနဲ့ ရွှေရောင်လက်တံတားကြီး Golden Bridge နဲ့ဓါတ်ပုံတွေရိုက်မယ်

♦️တောင်ပတ်လမ်းတွေတလျှောက် စိတ်လှုပ်ရှားဖွယ် ကိုယ်တိုင်မောင်းဆင်းရတဲ့ Alpine Coaster Ride ကိုစီးမယ်

♦️ဆေးရောင်စုံပန်းမျိုးစုံနဲ့ လှပစွာပုံဖော်ထားတဲ့ လွမ်းမောဆွတ်ပျံ့ကြည်နူးဖွယ် ပန်းဥယျာဉ်ကမ္ဘာ Le Jardin d' Amour မှာဓါတ်ပုံအမိုက်စားတွေရိုက်မယ်

♦️Linh Ung ဆုတောင်းပြည့် ထိုင်တော်မူဘုရားကြီးကို ဖူးမြော်ကြမယ်

♦️နှစ်၁ဝဝကျော်သက်တမ်းရှိ ဝိုင်တွေသိုလှောင်တဲ့ Cave Du Vin ထဲမှာဝိုင်မျိုးစုံကို လေ့လာမယ်

♦️Fantasy Amusement Park Indoor ကစားကွင်းမှာ 4D,5D အပါအဝင် ကစားနည်းမျိုးစုံ ကစားကြမယ်

♦️ဖယောင်းရုပ်တုပြတိုက်မှာ နာမည်ကျော်တွေနဲ့ အမိုက်စား selfie တွေရိုက်မယ်

♦️ညဖက်ဆိုအရမ်းလှတဲ့ Dragon Bridge အပြင် ချစ်သူစုံတွဲတွေ ချစ်သက်သေတည်တဲ့အနေနဲ့ Love Lock လေးတွေလာလုပ်လေ့ရှိရာ Love Bridge မှာ အမှတ်တရ ဓါတ်ပုံလေးတွေရိုက်မယ်

♦️ဒါနန်းမြို့မှာရှိတဲ့ အကြီးဆုံးမတ်တပ်ရပ် Linh Ung ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြော်ပြီး Danang မြို့နဲ့အတူ ပတ်လည်မှာရှိတဲ့ ကျွန်းဆွယ်တွေရဲ့အလှကိုခံစားမယ်

♦️အရမ်းလှတဲ့နာမည်ကျော် My Khe ကမ်းခြေလေးမှာ ဓါတ်ပုံလှလှလေးတွေရိုက်ပြီးအပန်းဖြေကြမယ်

♦️UNESCO စာရင်းဝင် ဟာလောင်းဘေးတစ်လျှောက် အပျော်စီးသဘောနဲ့ လေညင်းခံရင်း အံ့ဖွယ်ပင်လယ်အော်ထဲက ကျောက်ဆောင်ကြီးတွေနဲ့ selfie ရိုက်မယ်..သက်တမ်းရင့် Sun Sot ဂူအကြီးကြီးထဲ ဝင်လေ့လာမယ်

♦️Ti Top ကျွန်းလေးမှာအပန်းဖြေရေကူးမယ်..View Point အပေါ်ကနေ အမိုက်စားရှုခင်းတွေကို ခံစားမယ်

♦️ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဟိုချီမင်းရဲ့ဂူဗိမာန်ကို လေ့လာရင်း ဆုတောင်းပြည့် တိုင်တစ်လုံးဘုရားကျောင်းဆောင်မှာ လိုရာဆုတောင်းကြမယ်..

♦️ဟနွိုင်းမြို့ရဲ့အကြီးဆုံး Aeon Shopping Mall နဲ့ စျေးဆိုင်လမ်းကလေးတွေစုဝေးရာ Old quarter မှာ လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ကြမယ်

***********************************************
🗓ခရီးစဉ်ရက်စွဲများ - 22 -26 November

🏨 Hotel - 4 Star

💲ခရီးစဉ်ဈေးနှုန်း - USD 875 (All Inclusive)

***********************************************

✅ကဲဒီလိုစုံလင်လှတဲ့ ဗီယက်နမ် (Hanoi-Halong-Danang-Hoi An) ခရီးစဉ်လေးကို တိုက်ရိုက်လေကြောင်းလိုင်းဖြစ်တဲ့ MAI နဲ့ စီစဉ်ထားတာဖြစ်လို့ လေယာဉ်ပေါ်မှာလဲ အကျွေးအမွေးတွေပါတဲ့အပြင် 30ကီလိုကလဲ ပါပြီးသားဆိုတော့ စျေးဝယ်ဖို့ ကီလိုမလောက်မှာလဲ ပူစရာမလိုတော့ပါဘူးရှင်။

✅နေရာကောင်းကောင်းနဲ့ အဆင့်မြင့် 4 Star Hotel တွေမှာ တည်းခိုမှာဖြစ်ပြီး အစားအသောက်အတွက်ကတော့ Buffet ဆိုင်ကြီးတွေနှင့်အတူ မြန်မာပြည်ကယူသွားမယ့် အစားအစာတွေအပြင် အခြားအရသာရှိတဲ့ဆိုင်တွေမှာ Set Menu အမယ်အစုံအလင်နဲ့ စီစဉ်ထားပါတယ်ရှင်။
***********************************************
📌 အထူးအစီအစဉ်အနေဖြင့် 28 October မတိုင်ခင် Booking ပေးလိုက်ပါမည့် ဧည့်သည်များအတွက် တစ်ဦးလျှင် USD 25 discount ရရှိမှာဖြစ်ပါတယ်ရှင်

လူဦး‌ရေနည်းနည်းနဲ့သာစီစဉ်ထားပြီး ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ်🙆 ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ booking တင်လိုက်ကြရအောင်လားရှင်

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎09-777448182, ☎09-770490901 တို့ဖြစ်ပါတယ်

မိသားစု သီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့်🥰🥰

Great Days Travel
အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 / ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" The World is Yours "


⁉️ သင်သိပါသလား ⁉️☝ အပိုင်း (၂) ☝ 🇸🇩 ကမ္ဘာပေါ်ကဘယ်နိုင်ငံမှာ ပိရမစ်အများဆုံးရှိမယ်လို့ထင်ပါသလဲ? အီဂျစ်? သင်ထင်တာမှားပါတယ်...
27/09/2023

⁉️ သင်သိပါသလား ⁉️

☝ အပိုင်း (၂) ☝

🇸🇩 ကမ္ဘာပေါ်ကဘယ်နိုင်ငံမှာ ပိရမစ်အများဆုံးရှိမယ်လို့ထင်ပါသလဲ? အီဂျစ်?
သင်ထင်တာမှားပါတယ်။ တကယ်တော့ကမ္ဘာပေါ်မှာ ပိရမစ်တွေအများဆုံးရှိတဲ့နိုင်ငံဟာ ဆူဒန်နိုင်ငံပဲဖြစ်ပါတယ်။ သူ့မှာအရေအတွက် ၂၂၀လောက်ရှိပြီးတော့ အီဂျစ်မှာတောင် ၁၃၅ခုခန့်သာရှိပါတယ်။

🇧🇳 လက်ရှိဘရူနိုင်းဘုရင်ရဲ့နာမည်ဟာစာလုံးရေ ၂၂၃လုံး(Kebawah Duli Yang Maha Mulia Paduka Seri Baginda Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ibni Al-Marhum Sultan Haji Omar ‘Ali Saifuddien Sa’adul Khairi Waddien, Sultan dan Yang Di-Pertuan Negara Brunei Darussalam) ရှိပါတယ်။ ၁၉၉၆ခုနှစ်က သူ့ရဲ့အသက်၅၀ပြည့်မွေးနေ့ကို သူနေထိုင်ရာ အခန်းပေါင်း၁၅၀၀ကျော်ရှိတဲ့ နန်းတော်မှာ ၂ပတ်တိုင်တိုင်ကျင်းပခဲ့ပြီး ဝေလမင်းသားချားလ်စ်အပါအ၀င် နိုင်ငံ့ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြပြီး အထူးခြားဆုံးကတော့ မိုက်ကယ်ဂျက်ဆင်ကို ဒေါ်လာ၁၆သန်းနဲ့ငှားရမ်းပြီး ဖျော်ဖြေစေခဲ့မှုပဲဖြစ်ပါတယ်။

🇦🇫 အကယ်၍သင်ဟာ အာဖဂန်နစ္စတန်မှာနေထိုင်ပြီး သင့်ကားနံပါတ်မှာ '39' ဆိုတဲ့ဂဏန်းပါခဲ့ရင်တော့ ကံဆိုးပြီပဲမှတ်လိုက်ပါ! သင်ဘယ်သွားသွား သင်ဟာလူအများရဲ့မေးမြန်းမှု ၊ လှောင်ပြောင်မှုတွေကိုခံရပါလိမ့်မယ်။ အကြောင်းကတော့ ဒီနံပါတ်ဟာ ပြည့်တန်ဆာကိစ္စနဲ့ ဆက်နွယ်နေလို့ပါတဲ့။ ဒီနံပါတ်ပါတဲ့ကားကို၀ယ်မိလို့ ပြန်ရောင်းချင်ရင်တော့ ၀ယ်စျေးထက် အများကြီးလျော့ပြီး ရောင်းတာတောင်မှ ၀ယ်ချင်တဲ့လူမရှိပါဘူးတဲ့။ ကားနည်းတူ အိမ်နံပါတ်မှာလဲ ဒီဂဏန်းပါရင် တံခါးလာခေါက်ပြီး လာလာမေးကြလို့အရမ်းစိတ်ရှုပ်ရပါသတဲ့။

အပိုင်း(၃)လေးကိုလည်း ဆက်လက်ဖတ်ရှုပေးပါအုံးနော်။ 🤗😘


!

🇻🇳 🇻🇳 ဗီယက်နမ်ကို သွားလည်ဖို့စဉ်းစားနေလား⁉️ဗီယက်နမ်ရဲ့အလှဆုံးနေရာတွေကို အသက်သာဆုံးစျေးနှုန်းနဲ့သွားလည်ကြမယ် 😍ဟနွိုင်း+ဟာ...
25/09/2023

🇻🇳 🇻🇳 ဗီယက်နမ်ကို သွားလည်ဖို့စဉ်းစားနေလား⁉️
ဗီယက်နမ်ရဲ့အလှဆုံးနေရာတွေကို အသက်သာဆုံးစျေးနှုန်းနဲ့သွားလည်ကြမယ် 😍

ဟနွိုင်း+ဟာလောင်း+ဒါနန်း+ဟွေအန်း (မြောက်ပိုင်း+အလယ်ပိုင်း) ၄ည၅ရက်

ရွှေရောင်လက်တံတားကြီးရှိရာ ဒါနန်းအပြင်.. ရှေးဟောင်းမြို့လေးဟွေအန်း..လှပျိုဖြူလေးတွေရှိရာ မြို့တော်ဟနွိုင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ Trademark လို့ပြောရမယ့် ကမ္ဘာကျော်ဟာလောင်းဘေးကို စုံစုံလင်လင်နဲ့ စားရိတ်ငြိမ်းသွားရအောင် တချက်လောက်တူတူ ဘာတွေပါမလဲ ကြည့်လိုက်ရအောင် 🤩
**********************************************
♦️ရောင်စုံမီးပုံးလေးတွေ ၊ ရှေးခေတ်ပုံစံအိမ်ကလေးတွေနဲ့ လှချင်တိုင်းကိုလှနေတဲ့ UNESCO စာရင်းဝင် ရှေးဟောင်းမြို့လေး ဟွေအန်းရဲ့ ညဈေးမှာဈေးဝယ်ရင်း Japanese Bridge မှာဓါတ်ပုံလှလှလေးတွေရိုက်မယ်

♦️ ဟွေအန်းမြို့ရဲ့ Cam Thanh Coconut Village မှာ စိတ်၀င်စားစရာ Basket Boat စီးရင်းလည်ပတ်ကြမယ်

♦️အရှေ့တောင်အာရှမှာအရှည်ဆုံး Cable Car လေးစီးရင်း ရေတံခွန်တွေ တိမ်ပင်လယ်တွေကို ဖြတ်ကျော်ပြီးတော့ ဥရောပရောက်နေသလားလို့ ထင်မှတ်မှားရမယ့် Ba Na Hill ကိုသွားမယ်

♦️ပေ၄၆ဝဝအမြင့်မှာရှိတဲ့ ရင်သက်ရှုမောဖွယ်လက်ရာနဲ့ ရွှေရောင်လက်တံတားကြီး Golden Bridge နဲ့ဓါတ်ပုံတွေရိုက်မယ်

♦️တောင်ပတ်လမ်းတွေတလျှောက် စိတ်လှုပ်ရှားဖွယ် ကိုယ်တိုင်မောင်းဆင်းရတဲ့ Alpine Coaster Ride ကိုစီးမယ်

♦️ဆေးရောင်စုံပန်းမျိုးစုံနဲ့ လှပစွာပုံဖော်ထားတဲ့ လွမ်းမောဆွတ်ပျံ့ကြည်နူးဖွယ် ပန်းဥယျာဉ်ကမ္ဘာ Le Jardin d' Amour မှာဓါတ်ပုံအမိုက်စားတွေရိုက်မယ်

♦️Linh Ung ဆုတောင်းပြည့် ထိုင်တော်မူဘုရားကြီးကို ဖူးမြော်ကြမယ်

♦️နှစ်၁ဝဝကျော်သက်တမ်းရှိ ဝိုင်တွေသိုလှောင်တဲ့ Cave Du Vin ထဲမှာဝိုင်မျိုးစုံကို လေ့လာမယ်

♦️Fantasy Amusement Park Indoor ကစားကွင်းမှာ 4D,5D အပါအဝင် ကစားနည်းမျိုးစုံ ကစားကြမယ်

♦️ဖယောင်းရုပ်တုပြတိုက်မှာ နာမည်ကျော်တွေနဲ့ အမိုက်စား selfie တွေရိုက်မယ်

♦️ညဖက်ဆိုအရမ်းလှတဲ့ Dragon Bridge အပြင် ချစ်သူစုံတွဲတွေ ချစ်သက်သေတည်တဲ့အနေနဲ့ Love Lock လေးတွေလာလုပ်လေ့ရှိရာ Love Bridge မှာ အမှတ်တရ ဓါတ်ပုံလေးတွေရိုက်မယ်

♦️ဒါနန်းမြို့မှာရှိတဲ့ အကြီးဆုံးမတ်တပ်ရပ် Linh Ung ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြော်ပြီး Danang မြို့နဲ့အတူ ပတ်လည်မှာရှိတဲ့ ကျွန်းဆွယ်တွေရဲ့အလှကိုခံစားမယ်

♦️အရမ်းလှတဲ့နာမည်ကျော် My Khe ကမ်းခြေလေးမှာ ဓါတ်ပုံလှလှလေးတွေရိုက်ပြီးအပန်းဖြေကြမယ်

♦️UNESCO စာရင်းဝင် ဟာလောင်းဘေးတစ်လျှောက် အပျော်စီးသဘောနဲ့ လေညင်းခံရင်း အံ့ဖွယ်ပင်လယ်အော်ထဲက ကျောက်ဆောင်ကြီးတွေနဲ့ selfie ရိုက်မယ်..သက်တမ်းရင့် Sun Sot ဂူအကြီးကြီးထဲ ဝင်လေ့လာမယ်

♦️Ti Top ကျွန်းလေးမှာအပန်းဖြေရေကူးမယ်..View Point အပေါ်ကနေ အမိုက်စားရှုခင်းတွေကို ခံစားမယ်

♦️ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဟိုချီမင်းရဲ့ဂူဗိမာန်ကို လေ့လာရင်း ဆုတောင်းပြည့် တိုင်တစ်လုံးဘုရားကျောင်းဆောင်မှာ လိုရာဆုတောင်းကြမယ်..

♦️ဟနွိုင်းမြို့ရဲ့အကြီးဆုံး Aeon Shopping Mall နဲ့ စျေးဆိုင်လမ်းကလေးတွေစုဝေးရာ Old quarter မှာ လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ကြမယ်

***********************************************
🗓ခရီးစဉ်ရက်စွဲများ - 23 -27 October

💲ခရီးစဉ်ဈေးနှုန်း - USD 835 (All Inclusive)

***********************************************

✅ကဲဒီလိုစုံလင်လှတဲ့ ဗီယက်နမ် (Hanoi-Halong-Danang-Hoi An) ခရီးစဉ်လေးကို တိုက်ရိုက်လေကြောင်းလိုင်းဖြစ်တဲ့ MAI နဲ့ စီစဉ်ထားတာဖြစ်လို့ လေယာဉ်ပေါ်မှာလဲ အကျွေးအမွေးတွေပါတဲ့အပြင် 30ကီလိုကလဲ ပါပြီးသားဆိုတော့ စျေးဝယ်ဖို့ ကီလိုမလောက်မှာလဲ ပူစရာမလိုတော့ပါဘူးရှင်။

✅နေရာကောင်းကောင်းနဲ့ အဆင့်မြင့် 4 Star Hotel တွေမှာ တည်းခိုမှာဖြစ်ပြီး အစားအသောက်အတွက်ကတော့ Buffet ဆိုင်ကြီးတွေနှင့်အတူ မြန်မာပြည်ကယူသွားမယ့် အစားအစာတွေအပြင် အခြားအရသာရှိတဲ့ဆိုင်တွေမှာ Set Menu အမယ်အစုံအလင်နဲ့ စီစဉ်ထားပါတယ်ရှင်။

📌 အထူးအစီစဉ်အနေဖြင့် ၄ဦးနှင့်အထက်လိုက်ပါမည့်ဧည်သည်တော်များအတွက် တစ်ဦးလျှင် USD 25 Discount လည်းရဦးမှာနော် 😍😍
***********************************************
လူဦး‌ရေနည်းနည်းနဲ့သာစီစဉ်ထားပြီး ပျော်ရွှင်စရာအမှတ်တရလေးတွေကို အတူတကွဖန်တီးပေးမယ့် မိသားစုသဖွယ်🙆 ဝန်ဆောင်မှုကောင်းတွေနဲ့မို့ အမြန်သာ booking တင်လိုက်ကြရအောင်လားရှင်

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎09-777448182, ☎09-770490901 တို့ဖြစ်ပါတယ်

မိသားစု သီးသန့်နှင့် ကုမ္ပဏီအသင်းအဖွဲ့များအတွက်လည်း သင့်တင့်သောဈေးနှုန်းများဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးလျက်ရှိပါတယ်ရှင့်

Great Days Travel
အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 / ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740

" The World is Yours "


⁉️ သင်သိပါသလား? ⁉️☝ အပိုင်း (၁) ☝🇦🇱 တကမ္ဘာလုံးမှာရှိတဲ့ လူတွေအကုန်လုံးက နိုင်ငံချင်းမတူလူမျိုးချင်းကွာခြားပေမဲ့ ဟုတ်တယ်ဆ...
21/09/2023

⁉️ သင်သိပါသလား? ⁉️

☝ အပိုင်း (၁) ☝

🇦🇱 တကမ္ဘာလုံးမှာရှိတဲ့ လူတွေအကုန်လုံးက နိုင်ငံချင်းမတူလူမျိုးချင်းကွာခြားပေမဲ့ ဟုတ်တယ်ဆိုရင် မိမိခေါင်းကိုညိတ်ပြီး မဟုတ်ဘူးဆိုခေါင်းခါတတ်တဲ့ အမူအကျင့်ခြင်းတူတယ်ဆိုတာ အားလုံးအသိပါပဲနော်.. ဒါပေမဲ့ Albania နိုင်ငံကလူတွေကတော့ အဲဒါနဲ့ဆန့်ကျင်ဖက် အမူအကျင့်ရှိပါသတဲ့။

🇧🇩 Bangladesh နိုင်ငံမှာကျင်းပတဲ့ Final စာမေးပွဲတွေမှာ အကယ်၍ အသက်၁၅နှစ်အထက်ကျောင်းသားဟာ စာခိုးချလို့မိခဲ့မယ်ဆိုရင် ထောင်ကိုပို့ပါသတဲ့။
နောက်ပြီး Bangladesh နိုင်ငံမှာ ကမ္ဘာကျော် အိန္ဒိယနိုင်ငံမှာရှိတဲ့ Taj Mahal နဲ့ပုံစံတူ ဘုရားကျောင်းတခုလည်းရှိပါတယ်။ ပြည်တွင်းကသန်းကြွယ်သူဌေးဖြစ်တဲ့ Mr.Asanulla Moni က အိမ်နီးချင်းအိန္ဒိယနိုင်ငံကို ငွေကုန်ကြေးကျခံပြီး မသွားရောက်နိုင်တဲ့ ဆင်းရဲတဲ့ပြည်သူတွေအတွက် မျက်ဝါးထင်ထင် လည်ပတ်ကြည့်ရှုလို့ရအောင်ရည်ရွယ်ပြီး လှူဒါန်းတည်ဆောက်ထားတာပါ။

🇫🇷 အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ လေဘာတီရုပ်တုဟာ ကမ္ဘာမှာဒီတခုတည်းရှိတယ်လို့ သင်ယူဆခဲ့မယ်ဆိုရင်တော့မှားပါပြီ။ ပြင်သစ်ဆီကနေလက်ဆောင်ရခဲ့တဲ့ ဒီလိုရုပ်တုမျိုးဟာ ပဲရစ်မြို့မှာဆိုရင် ၅ရုပ်တောင်ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာ လူသေအလောင်းနဲ့ လက်ထပ်ထိမ်းမြားခြင်းဟာ ၂၀၁၇ ခုနှစ်ကစပြီး တရား၀င်ဖြစ်ခဲ့ပြီး တခြားထူးခြားတဲ့ သတင်းအနေနဲ့ကတော့ အမေရိကန်လူမျိုး Erika Eiffel ဆိုတဲ့အမျိုးသမီးဟာ ၂၀၀၇ခုနှစ်မှာ ကမ္ဘာကျော် အီဖဲမျှော်စင်နဲ့လက်ထပ်ခဲ့ပါသေးတယ်။ ပဲရစ်မြို့ရဲ့အောက်ဖက်မှာ မိုင်ပေါင်း၂၀၀ရှည်လျားပြီး လူအရိုးခေါင်း၆သန်းခန့် မြုပ်နှံထားတဲ့ Catacombs of Paris ဆိုတဲ့အရိုးစုသင်္ချိုင်းတခုရှိပါတယ်။

အပိုင်း(၂)လေးကိုလည်း ဆက်လက်ဖတ်ရှုပေးပါအုံးနော်။ 🤗😘


!

ရွှေငွေစိန်ကျောက် စသော လောကီ ရတနာများ၏ တန်ဖိုးကို သိရှိနားလည်သူတို့က ထိုရတနာများကို တန်ဖိုးထားကြသလို ထိုရတနာများ ထွက်ရှ်...
19/09/2023

ရွှေငွေစိန်ကျောက် စသော လောကီ ရတနာများ၏ တန်ဖိုးကို သိရှိနားလည်သူတို့က ထိုရတနာများကို တန်ဖိုးထားကြသလို ထိုရတနာများ ထွက်ရှ်ိသော နေရာတို့ကိုပါတန်ဖိုးထားကြသည်။ အကြောင်းမှာ ထိုရတနာများကို ရရှိပိုင်ဆိုင်နိုင်သူများသည် လောကတွင် ကြီးပွားချမ်းသာနိုင်သောကြောင့်ပင်ဖြစ်သည်။

အလားတူ ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၏ အနှိုင်းမဲ့ဂုဏ်ကျေးဇူးကို သိတတ်သော ဗုဒ္ဓဘာသာဝင်တို့ကလည်း ထိုရတနာများကို တန်ဖိုးထား မြတ်နိုးကြသလို ထိုရတနာသုံးပါး စတင်ပေါ်ထွန်းခဲ့သော မဇ္စျိမဒေသကိုလည်း တန်ဖိုးထားမြတ်နိုးကြသည်။ အကြောင်းကတော့ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူတို့အတွက် ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းမှုကို ရရှိနိုင်သလို သံသရာဝဋ်ဒုက္ခမှ အပြီးတိုင် လွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်။
ထို့အတွက်ကြောင့် ဂေါတမမြတ်စွာဘုရားရှင်သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ရာမြေမြတ်မဟာဗုဒ္ဓဂယာ သံဝေဇနိယ (၄) ဌာန /
အဝိဇဟိတ (၃) ဌာန ခရီးစဉ်လေးကို အတူလိုက်ပါခဲ့ဖို့ နိဗ္ဗာန်အကျိုးမျှော်ကာနှိုးဆော်ပါရစေရှင် 🙏

🔹ဘုရားအလောင်းတော် ဖွါးမြင်တော်မူရာ #လုမ္ဗိနီ
🔹ဘုရားရှင်အဖြစ်သို့ ရောက်တော်မူရာ #ဗုဒ္ဓဂယာ
🔹တရားဦးဓမ္မစင်္ကြာ ဟောတော်မူရာ #မိဂဒါဝုန်
🔹မြတ်ဘုရား ပရိနိဗ္ဗာန်စံတော်မူရာ #ကုသိနာရုံ
🔹ဘုရားရှင်တိုင်း အမြဲသီတင်းသုံးတော်မူရာ #သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော် စသည့်ဌာနတော်များသို့ ဧည့်သည်တော်များ စိတ်အေးချမ်းသာစွာ ကုသိုလ်တော်ယူနိုင်ရန်နှင့် သံဝေဂတရားရယူနိုင်ရန်အတွက် ဝန်ဆောင်မှုကို အထူးအလေးထား၍ စီစဉ်ထားသော
ဂယာခရီးစဉ်လေးဖြစ်ပါတယ်ရှင်

ပါဝင်သောဝန်ဆောင်မှုများ
⭐️ရေပူ ရေအေး / အခန်းတွင်း အပူ အအေး စနစ်ပါဝင်သည့် Hotel တည်းခိုသောခရီးစဉ်လေးဖြစ်ပြီး အစားအသောက်များကိုလည်း မိမိနှစ်သက်ရာ ရွေးချယ်သုံးဆောင်နိုင်ရန် (နံနက်စာ၊နေ့လည်စာ၊ညစာ) အတွက် Hotel များတွင်ဘူဖေးဖြင့် တည့်ခင်းဧည့်ခံပါမည်။

⭐️ဂယာသို့တိုက်ရိုက်လေကြောင်းလိုင်း

⭐️တရားစာအုပ်၊ တရားထိုင်ရန်အခင်း၊ ယောဂီတဘက် တို့အားမေတ္တာလက်ဆောင်ပေးအပ်ခြင်းနှင့် ခရီးစဉ်တလျှောက် ( ဒေသထွက်အစားအစာများ ၊ လဘက်ရည် ၊ ကော်ဖီ ၊ အအေး၊ဒိန်ချဉ်၊ ရာသီပေါ်အသီးအနှံများ၊ မြန်မာနိုင်ငံမှယူဆောင်လာသော အစားအစာများ) အစရှိသည်ဖြင့် တည်ခင်း ဧည့်ခံသွားပါမည်။

⭐️ကုသိနာရုံတွင် Great Days Travel မှ ဧည့်သည်တော်များနှင့်အတူ ကုသိုလ်ယူနိုင်ရန် ကြာသင်္ကန်းကပ်လှူပူဇော်ပါမည်။

⭐️ခရီးစဉ်တစ်လျှောက်ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရန် Great Days Travel မှ ဂယာခရီးစဉ်အတွေ့အကြုံရှိ နွေးထွေးပျူငှာသော Tour Leader မှလိုက်ပါ၀န်ဆောင်မှုပေးမည်ဖြစ်ပါသည်။

စျေးနှုန်းလေးကတော့တစ်ဦးကို USD 1010 (အပြီးအစီး) ကျသင့်မှာဖြစ်ပြီး ၃ည ၄ရက်ခရီးစဥ်လေးကတော့ USD 660 ကျသင့်မှာဖြစ်ပါတယ်ရှင့်

📌ခရီးစဉ်ရက်စွဲများ - Oct 18 - 21 (3N/4D)
Oct 27 - 3 Nov (7N/8D)
Nov 16 - 23 (7N/8D)
Dec 6 - 9 (3N/4D)

ဧည့်သည်တော်များ စိတ်ကြည်နူးစွာ ကုသိုလ်ယူနိုင်ရန်အတွက် လူဦးရေအနည်းငယ်ဖြင့်သာ စီစဉ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးနိုင်ပါပြီရှင်✍️✍️
ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎️ 09-770490901, 09-777448182 တို့ဖြစ်ပါတယ်

Great Days Travel
အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊
မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 /
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740



#ဗုဒ္ဓဂယာ

သီတင်းကျွတ်ပိတ်ရက်မှာ ဘယ်ကိုခရီးထွက်ရမလဲစဥ်းစားနေပြီလား❓ပြန်စဉ်းစားကြည့်လိုက်တိုင်း ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရဖြစ်စေမယ...
31/08/2023

သီတင်းကျွတ်ပိတ်ရက်မှာ ဘယ်ကိုခရီးထွက်ရမလဲစဥ်းစားနေပြီလား❓

ပြန်စဉ်းစားကြည့်လိုက်တိုင်း ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရဖြစ်စေမယ့် Great Days Travel ရဲ့သီတင်းကျွတ်ခရီးစဥ်လေးတွေလာပါပြီနော်🥰🥰

🇹🇼🇹🇼တောတောင်ရေမြေသဘာဝနဲ့ ခေတ်မှီမြို့ပြအရသာကိုတပြိုင်နက်ပူးတွဲခံစားရမယ့် ထိုင်ဝမ်
ခရီးစဉ် ( 26 ~ 31 October )

https://m.facebook.com/story.php?story_fbid=817317900397336&id=100063574016469&mibextid=Nif5oz

🇻🇳🇰🇭 တစ်နိုင်ငံထဲအားမရလို့ နှစ်နိုင်ငံလည်ပတ်ချင်သူများ ၊ ဗီဇာလျှောက်ဖို့အတွက်ခရီးသွားရာဇဝင်လိုအပ်သူများအတွက် ဗီယက်နမ်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ ဖူးကွာကျွန်းနဲ့ ကမ္ဘောဒီးယားရဲ့မြို့‌တော်ဖြစ်သော ဖနွမ်းပင် ခရီးစဥ် ( 25 ~29 October )

https://m.facebook.com/story.php?story_fbid=836904038438722&id=100063574016469&mibextid=Nif5oz

🇻🇳🇻🇳Popular အရမ်းဖြစ်တဲ့ ဗီယက်နမ်မြောက်ပိုင်းနဲ့အလယ်ပိုင်း ရွှေလက်တံတားကြီးနဲ့ ဟာလောင်းဘေး တို့ကို သွားရောက်လည်ပတ်မယ့်
ဟနွိုင်း - ဟာလောင်း - ဒါနန်း - ဟွေ့အန်း ခရီးစဥ် ( 23~27 October )

https://m.facebook.com/story.php?story_fbid=838351038294022&id=100063574016469&mibextid=Nif5oz

🌟လည်ပတ်စရာတွေကလည်းစုံစုံလင်လင်ပါ၀င်ပြီး ဈေးနှုန်းကလည်းအရမ်းတန်

🌟ခရီးစဉ်တိုင်းကို လူဦးရေနည်းနည်းနဲ့သာ စီစဉ်ထားတာမို့ အေးအေးဆေးဆေးလည်ပတ်နိုင်မဲ့အပြင်

🌟လိုက်ပါ၀န်ဆောင်မဲ့ အတွေ့အကြုံရှိ Tour Leader ကလည်းမိသားစုသဖွယ် ဂရုစိုက်၀န်ဆောင်မှုပေးဦးမှာမို့ စိတ်‌၀င်စားတဲ့ခရီးစဉ်လေးကို ခုပဲဖုန်းဆက်စုံးစမ်းလိုက်တော့နော် 🥰

🌟 ခရီးစဉ်အတွင်း အပိုကောက်ခံကြေး လုံး၀မပါရှိတာကိုလည်း 💯 % အာမခံပါတယ်ရှင့်

ခရီးစဉ်လေးအတွက် စုံစမ်းလို့ရမယ့် ဖုန်းလေးတွေကတော့..☎ 09 777448182, 09-770490901 တို့ဖြစ်ပါတယ်

Great Days Travel
အမှတ် 312/319 ၊ ပေါက်စေတီလမ်းသွယ် (2) ၊
မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
ကုမ္ပဏီလိုင်စင်အမှတ် - 118551532 /
ပြည်ပခရီးသွားလိုင်စင်အမှတ် - T/O (YGN) 0740





Address

No. 93, Baho Road, Kamaryut Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959777448182

Website

Alerts

Be the first to know and let us send you an email when Great Days Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Great Days Travel & Tours:

Share

Category