Golden Dawei Travel Service

Golden Dawei  Travel Service ခရီးသွားလာ မိတ်သဟာ ကျန်းမာကိုယ်စိတ် မြဲပါစေ
(6)

👫 ချစ်သူ နဲ့ နှစ်ယောက်👫 ထဲ ဘဲ သွားမလား 👭👬 သူငယ်ချင်းအပေါင်းအဖော်တွေ👬 နဲ့ ဘဲ သွားမလား 👨‍👩‍👧‍👦 မိသားစုလိုက်ဘဲ👨‍👩‍👧‍👦  သွား...
05/12/2023

👫 ချစ်သူ နဲ့ နှစ်ယောက်👫 ထဲ ဘဲ သွားမလား
👭👬 သူငယ်ချင်းအပေါင်းအဖော်တွေ👬 နဲ့ ဘဲ သွားမလား
👨‍👩‍👧‍👦 မိသားစုလိုက်ဘဲ👨‍👩‍👧‍👦 သွားကြမလား
🤔🤔 သက်သောက်သက်သာနဲ့🤔🤔 စျေးချိုချို့လေးနဲ့ သွားလို ရနေပြီနော် 🚌🚌

🚣 လှေစီးကြမယ်🚣‍♀️ (🌄 နေဝင်ဆည်းဆာခံစားရင်း
နတ်သမီးကမ်းပါးမှာ📸 ဓါတ်ပုံရိုက်မယ်
မြင်းလှည်းစီးပြီး ပုဂံရွာတွေ လျှောက်လည်မယ်..
နန်းတော်ထဲမှာ လည်မယ် /ဓါတ်ပုံရိုက်မယ်

ပုဂံ-ညောင်ဦး-ပုပ္ပါး(ပြည် ၅ ပြည်)

(၂ ညအိပ်၃ ရက်)....(ပုဂံ၂ညအိပ်)

ဓမ္မာရုံတည်း(စား+တည်း=ငြိမ်း)- 100000 /- ကျပ်
(🏔 တူရင်တောင်🏔 တတ်ကားခ🚐 အပါနော်)
(၅ ဦးဝယ် + ၁ ဦး အခမဲ့) 🤗 ဆိုတော့ တန်မှတန်နော်🤗🤗

(စက်လှေခ၊မြင်းလှည်းခ နှင့် ဘုန်းတော်ကြီးကျောင်းတည်းခများ ကို အချိုးကျ ကျခံရမည်)

ထွက်မည်ရက်များ 👉👉👉 ဒီဇင်ဘာလ 8 / 15 / 22 / 29

ရောက်ရှိမယ်နေရာ တွေ ကတော့
👇👇👇👇👇👇👇👇👇

🙏 အံဖွယ်ကိုးဂုဏ် ရွှေစည်းခုံဘုရား
🙏 တုတ်ဝပ်သော တုရင်းတောင်
🙏 စွယ်တော်စတင်တာ လောကနန္ဒာဘုရား
🙏 ပြစ်မှားမိလိုဝန်ချတောင်းပန်သည်
ကန်တော့ပလ္လင်
🙏 ရှုခင်းကောင်းတာ ဗူးဘုရား
🙏 ပုဂံ နန်းတော်ဟောင်း
(ပြည့်ငါးပြည့် နှင့် ကမ္ဘာ့သမိုင်းဝင်အမွေ
အနှစ်များရှိရာ ထူးခြားသော နေရာများ)
🙏 ရှင်အဇ္ဇျဂေါဏဘုရား
🙏 ရှင်အရဟံ အုတ်ကျောင်း
🙏 ရှင်ဖြူရှင်ကျောင်း...
🙏 ဓမ္မရံကြီးစေတီ
🙏 ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရား
🙏 ဆုတောင်းပြည့်တာ အလိုတော်ပြည့်
🙏 ဓမရာဇကဘုရား
🙏 တာမဏီသိမ်တော်
🙏 ကျောက်စာစုံညီ မြစေတီ
🙏 ဝါတော်ကြီးတာ ငှက်ပစ်တောင်
🙏 ဆံတော်ပွားကိုတည်ထားခဲ့သော
ရွှေဆံတော်ဘုရား
🙏 နံရံဆေးရေးပန်းချီတွေ ထင်ကျန်နေတဲ့
စူဌာမဏိ
🙏 ပန်းပု၊ပန်းရံ၊ပန်းတဉ်း၊ပန်းတမော့၊ပန်းချီ၊
အစရှိတဲ့အနုပညာပြောင်မြောက်ဆုံး
ဖြစ်တဲ့အာနန္ဒာဘုရား
🙏 ထီးလဲလိုမင်းဖြစ်လို့ ထီးလိုမင်းလိုစေတီ
🙏 စိတ်မွန်းကြပ်တာ မနူဟာဘုရား
🙏 ပြစ်မှားမိလိုဝန်ချတောင်းပန်သည်
ကန်တော့ပလ္လင်
🙏 ရှုခင်းကောင်းတာ ဗူးဘုရား
🙏 အပယ်ရတနာဘုရား
🙏 နဂါးရုံဘုရား
🙏 ပုဂံရွာ
🙏 ပုဂံ နန်းတော်ဟောင်း
🙏 ဆုတောင်းပြည့်တာ အလိုတော်ပြည့်
🙏 တ၀ဂူဘုရား
🙏 စိမ့်ညှက်ညီမဘုရား

🙆ဟုတ်ကဲ့ရှင့်

ဒီလိုဈေးနှုန်းလည်းချိုသာ ကားတွေကလည်းကောင်း နေတဲ့ ကျွန်မတို့ရဲ့

Golden Dawei အဆင့်မြင့်ခရီးသွားလုပ်ငန်း ကို
အခုပဲအမြန်လေး ဖုန်းဆက်ပြီးမှာယူလိုက်ပါနော်
#လက်မှတ်များကိုအိမ်တိုင်ရာရောက်အခမဲ့လာပို့ပေးမှာပါရှင့်😍

ဆက်သွယ်ရမည့်ဖုန်းနံပါတ်

09 402303919
09 402303920

ရုံးမှာလက်မှတ်လာဖြတ်လည်းရပါတယ်ရှင့်😍

OFFICE ရဲ့လိပ်စာ
- အမှတ် ( 56) / (မြေညီထပ်)/ ဘုရားလမ်းမှတ်တိုင်အနီး / လေးထောင့်ကန်လမ်းမကြီး / သဃ်န်းကျွန်းမြို့နယ် /ရန်ကုန်

ဒီအပြန် အခြားသောဝန်ဆောင်မှုတွေလည်း
ရှိပါသေးတယ်ရှင့်
ဖော်ရွေပြုငှာပြီး သမိုင်းကြောင်းများကိုချိုသာစွာ
ရှင်းပြပေးသောလမ်းကြောင်းတာဝန်ခံ

အဆင့်မြင့်Air Con /Expressလေအိတ်ကားများ
/ /
45,49,51 ယောက်စီး ကား
အမျိုးအစားတွေပါရှငျ့

ရေသန့်ဗူး

စနိုးတာဝါ

သွားတိုက်/သွားတိုက်ဆေး

အခြေခံအိမ်သုံးဆေးဝါးများ

အိမ်တိုင်ရာရောက်လက်မှတ်ပို့စနစ်(အခမဲ့)😊

၅ဦးဝယ်သူတိုင်း၁ဦးအခမဲ့😗

အပြန်ဂိမ်းအစီအစဉ်များပါရှိခြင်း

လက်ဆောင်များမဲဖောက်ပေးခြင်း

နွေးထွေးတဲ့မိသားစုဆက်ဆံရေးစတဲ့ဝန်ဆောင်မှု
ကောင်းတွေအပြင်အခြားအခြားသောဝန်ဆောင်မှု
များစွာကိုလည်းဆောင်ရွက်ပေးသွားမှာပါရှင်😍

ဒါကြောင့်မို့ ကားအစီးရေလူဦးရေမပြည့်မီ
မကြာချက်ချင်းယခုလက်ငင်း လက်မှတ်များကို
ဖုန်းဆက်မှာယူလိုက်ပါရှင်

အသင်း- အဖွဲအစည်း - မိသားစု လိုက် ကားစီးငှား
လျှင့် 4ယောက်စီးကားမှ 51ယောက်စီး ကားအထိ
အမျိုးစုံရှိပါတယ်ရှင့် 😘😘😘

မကြာခင် လာ တော့မယ်နော် တောင်ကြီးတန်ဆောင်တိုင်ခရီးစဥ်လေတွေ
08/11/2023

မကြာခင် လာ တော့မယ်နော် တောင်ကြီးတန်ဆောင်တိုင်ခရီးစဥ်လေတွေ

 #ကလောမြို့ အလှ
22/04/2023

#ကလောမြို့ အလှ

မြန်မာပြည်ရဲ့ ဆွတ်ဇာလန်လို့တင်စားလို့ရတဲ့ကလောမြို့အလှ💚💚💚  #ကလော
22/04/2023

မြန်မာပြည်ရဲ့ ဆွတ်ဇာလန်လို့တင်စားလို့ရတဲ့
ကလောမြို့အလှ💚💚💚


#ကလော

ယနေ့ ကလော‌ ငါးရက်တစ်ဈေးဈေးနေ့    📷Zin Min Htet
22/04/2023

ယနေ့ ကလော‌ ငါးရက်တစ်ဈေး
ဈေးနေ့



📷Zin Min Htet

HAPPY NEW YEAR 2023 🎆🎆နှစ်သစ်မှာပျော်ရွှင်ကြပါသော် နှစ်တစ်နှစ် ဖြစ်ပါစေလို   Dawei Travel Service မိသားစုမှ ပျော်ရွှင်ကြ...
31/12/2022

HAPPY NEW YEAR 2023 🎆🎆
နှစ်သစ်မှာပျော်ရွှင်ကြပါသော် နှစ်တစ်နှစ် ဖြစ်ပါစေလို
Dawei Travel Service
မိသားစုမှ ပျော်ရွှင်ကြပါစေလို
ဆုတောင်းပေးအပ်ပါတယ်ရှင်။

Dawei Travel Service

 #လောင်းလုံးမြို့........................မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ထာဝယ်ခရိုင် #လောင်းလုံးမြို့ မ...
04/11/2022

#လောင်းလုံးမြို့........................

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထာဝယ်ခရိုင်
#လောင်းလုံးမြို့ မှ ကြိုဆိုပါ၏
#𝕎𝔼𝕃ℂ𝕆𝕄𝔼 𝕋𝕆 𝕃𝔸𝕌ℕ𝔾 𝕃𝕆ℕ𝔼

 #ထား၀ယ်မြို့ထားဝယ်သူ/ထားဝယ်သား တို့ရဲ့ အကြီးကျယ်ဆုံးသော တညလုံးပေါက် မအိပ်ကြပဲ စီကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိတဲ့ တန်ဆ...
04/11/2022

#ထား၀ယ်မြို့
ထားဝယ်သူ/ထားဝယ်သား တို့ရဲ့ အကြီးကျယ်ဆုံးသော တညလုံးပေါက် မအိပ်ကြပဲ စီကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိတဲ့ တန်ဆောင်တိုင်ဆင်နွှဲလျှက်ရှိသော
#နှစ်ကျိုပ့်ရှစ်ဆူဘုရားပွဲတော်🙏🏻🙏🏻🙏🏻

နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ
ထားဝယ်အခေါ်- နှေ့ဆယ့်ရှစ်ဆူ ဖျားလှည့်ပွဲ

နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား၏ ရုပ်ပွားတော်များ ဒေသစာရီလှည့်လည် ပူဇော်ခံပွဲ သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်ပြီး နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပပြုလုပ်သည်။ ဘုရားလှည့်လည်ပွဲသည် ဒေသတွင်း အစည်ကားဆုံးဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများစွာ လာရောက်ဖူးမြော်ကြသည်။ အဆိုပါပွဲတော်ကို ၂၀၁၂ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးအဆင့် အခမ်းအနားဖြင့် ကျင်းပခဲ့သည်။ နှစ်တစ်ရာကျော်တိုင် ကျင်းပလာခဲ့သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ယူနက်စကိုသို့ တင်သွင်းထားကြောင်းလည်း သိရှိရပါသည်။

ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား၏ ရုပ်ပွားတော်များ ဒေသစာရီလှည့်လည် ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၂ ခုနှစ်မှတင်ကာ ကျင်းပလာခဲ့သည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပွဲတော်အတွက် နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့တွင် မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသည် ဘုရားတစ်ဆူစီကို ကြိုတင်ပင့်ဆောင်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများ၏ အဓိကကျသည့်နေရာများတွင် ကိန်းဝပ်စံပယ်တော်မူရန် ယာယီမဏ္ဍပ်များ ဆောက်လုပ်ကာ ပူဇော်ခံလေ့ရှိသည်။

ယင်းကဲ့သို့ မိမိဒေသအတွင်း ကိန်းဝပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများအား တန်ဆောင်မုန်း လဆန်း ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ရွှေတောင်စားဘုရားကြီးဝင်းအတွင်းရှိ ယာယီစံပယ်ရန် ရပ်ကွက်နှင့် ကျေးရွာများသည် မိမိတို့ပင့်ဆောင်ထားကြသော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကို အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ပြန်လည်ပင့်ဆောင်ကြသည်။ ဘုရားကြီးဝင်းအတွင်း၌ နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၁ ရက်နေ့ထိ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ရဟန်းရှင်ပြည်သူများ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များကို ပူဇော်ကန်တော့ရန် ယာယီစံကျောင်းတော်ဖြင့် ထားရှိပေးခြင်း ဖြစ်သည်။

ဘုရားများ အပူဇော်ခံရာ ဘုရားကြီးဝင်းအတွင်းနှင့် အပြင်တွင်လည်း ဘုရားဖူးလာသူများနှင့် ကျက်ပျံမကျ စည်ကားလှပေသည်။ ပွဲဈေးတစ်လျှောက်တွင် အငြိမ့်ပွဲများ၊ ဇာတ်သဘင်ပွဲများ၊ ချားရဟတ်များအပြင် ထားဝယ်ရိုးရာနှင့် ဒေသအစားအစာများကိုလည်း တစ်နေရာတည်းတွင် မြည်းစမ်းသုံးဆောင်နိုင်ပါသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ကိန်းဝပ်စံပယ်ရာ ရွှေတောင်စား ဘုရားကြီးဝင်းအတွင်းမှ ထားဝယ်မြို့ပေါ် ရပ်ကွက်အနှံ့သို့ ညလုံးပေါက်မှသည် မနက်မိုးသောက်ယံအထိ လှည့်လည် အပူဇော်ခံလေ့ ရှိပါသည်။ လူငယ်လူရွယ်များကလည်း အဝတ်ဖြူစင်ကြယ်များ၊ ယောဂီဝတ်များ ဝတ်ဆင်၍ ငွေဖလားများ၊ အလှူခံပုံးများကို ပိုက်ကာ ဥပသာကာအဖြစ် ပါဝင်ကူညီလေ့ရှိကြပါသည်။

ဘုရားလှည့်လည်ရာ လမ်းတစ်လျှောက်တွင်လည်း ဘုရားဖူးများ၊ မုန့်အအေးစသည့် စတုဒီသာ ကျွေးသူများနှင့် စည်ကားသိုက်မြိုက်လှပေသည်။ လမ်းတစ်လျှောက်ရှိ အိမ်များတွင် မီးသီးမီးဆိုင်းများ၊ မီးပုံးများ၊ ဆီမီးများပူဇော်ထားသည်မှာ တကယ့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ပင်။ ဘုရားများတွင် ပူဇော်ထားသည့် မီးသီးများ၊ မီးဆိုင်းများ၊ မီးစကြာများ၏ ဖန်တီးမှုများအား အမှတ်ပေး၍ ဆုများလည်း ပေးလေ့ရှိပါသည်။ ဘုရားများအားပင့်ဆောင်ရင်း ညလုံးပေါက် လှည့်လည်အပူဇော်ခံကြသည်မို့ ထားဝယ်သူ/ ထားဝယ်သားများ ညလုံးပေါက် မအိပ်ကြသည့် ပွဲတော်များထဲမှ တစ်ခုအပါအဝင် ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။

(နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ထားဝယ်မြို့နယ်အပြင် ထားဝယ်ခရိုင်အတွင်းမှ မြို့နယ်များဖြစ်သည့် ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံ မြို့နယ်တို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်)

နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ကို ဆိုလိုသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း နှင့် စေတီတော် များတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော် များရှိကြသည်။

ပွင့်တော်မူရာ အစဉ်လိုက် ဘုရားရှင်များမှာ

(၁)တဏှင်္ကရာ
(၂)မေဓင်္ကရာ
(၃)သရဏင်္ကရာ
(၄)ဒီပင်္ကရာ
(၅)ကောဏ္ဍည
(၆)မင်္ဂလ
(၇)သုမန
(၈)ရေဝတ
(၉)သောဘိတ
(၁၀)အနောမဒဿီ
(၁၁)ပဒုမ
(၁၂)နာရဒ
(၁၃)ပဒုမုတ္တရ
(၁၄)သုမေဓ
(၁၅)သုဇာတ
(၁၆)ပီယဒဿီ
(၁၇)အတ်ထဒဿီ
(၁၈)ဓမ္မဒဿီ
(၁၉)သိဒ်ဓတ်ထ
(၂၀)တိဿ
(၂၁)ဖုဿ
(၂၂)ဝိပဿီ
(၂၃)သိခီ
(၂၄)ဝေဿဘူ
(၂၅)ကကုသန်
(၂၆)ကောဏဂုံ
(၂၇)ကဿပ
(၂၈)ဂေါတမ
တို့ဖြစ်ပါသည်။


04/11/2022


#ထား၀ယ်လူမျိုး
page မှ ကူးယူဖော်ပြသည်။

https://www.facebook.com/daweiluumyo

သုခုမအကယ်ဒမီ လူငယ်အနုပညာရှင်များမှ ထားဝယ်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းအား ထားဝယ်လူမျိုးစုစည်းမှုဗဟိုကော်မတီမှ များစွာဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
12.11.2020
ထားဝယ်လုမျိုးစုစည်းမှုကော်မတီ(ဗဟို)

မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊  #ထားဝယ်လေးမြို့နယ်အတွင်းမှာရှိတဲ့ကမ်းခြေများထားဝယ်မြို့ထဲမှာပါတဲ့မြို...
02/11/2022

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ #ထားဝယ်လေးမြို့နယ်အတွင်းမှာရှိတဲ့ကမ်းခြေများ

ထားဝယ်မြို့ထဲမှာပါတဲ့မြို့နယ်( ၄)မြို့နယ်
( ၁) ထားဝယ်မြို့နယ်
( ၂) ရေဖြူ မြို့နယ်
( ၃) လောင်းလုံးမြို့နယ်
( ၄) သရက်ချောင်းမြို့နယ် တို့ပဲဖြစ်ပါတယ်။
.လေးမြို့နယ်အတွင်းရှိသောကမ်းခြေများ..
💦💦💦💦💦🏊🏊🏊💦💦💦💦💦💦
(၁) မောင်းမကန် ကမ်းခြေ
(၂)မျော်နဘေးက ကမ်းခြေလေး
(၃) အငူမျော်ရစ် ကမ်းခြေ
(၄)ပညစ် ကမ်းခြေ
(၅)ရေနက်ဆိပ်ကမ်း ကမ်းခြေ
(၆)ညောင်ပင်ရှိုင် ကမ်းခြေ
(၇)သဘော့ဆိပ် ကမ်းခြေ
(၈)ရှူပင်း ကမ်းခြေ
(၉)ကပနီ ကမ်းခြေ
(၁၀)စမ်းလှမ်းရွာရဲ ကမ်းတန်းအလှကမ်းခြေ
(၁၁)ပါရာဒို ဘေးနားကမ်းခြေ
(၁၂)ကျောက်ပတောင်းကမ်းခြေ
(၁၃) ဆင်ထောက် ကမ်းခြေ
(၁၄) ကျောက်ထွင်း ကမ်းခြေ
(၁၅)ဖိုးဖိုးကျောက် ကမ်းခြေ
(၁၆)ဆပ်ဆော်အော် ကမ်းခြေ
(၁၇)ထောင့်နတ် ကမ်းခြေ
(၁၈)မြင်းခွာအော်ကမ်းခြေ
(၁၉)ပါရာဒိုက်ကမ်းခြေ
(၂၀)တီစစ်ကမ်းခြေ
( ၂၁) ကျုံးဂဏ္ဏန်းကမ်းခြေ
(၂၂)မယင်းကြီးကမ်းတန်းတောက်လျောက်ကမ်းခြေ
(၂၃)မယင်းကြီး ကမ်းခြေ
(၂၄)ထွက်ဝ ကမ်းခြေ
(၂၅)ဘဝါ ကမ်းခြေ
(၂၆)ဖားချောင်းအင်း ကမ်းခြေ
(၂၇)ထွက်ဝ ကမ်းတန်း အလှကမ်းခြေ
(၂၈)ဘုတ်(ကတွဲ)ကမ်ခြေ
(၂၉)ကနက်သီရိ ဘဲစားတန်းကမ်းခြေ
(၃၀)ကျွဲမင်းကုန်းကမ်းခြေ
(၃၁)ကျောက်ခမောက် ကမ်းခြေ
(၃၂)ကညင်ချောင်းကမ်းခြေ
(၃၃)သရက်တောင်ကြီးကမ်းခြေ
(၃၄)ပဲဝ ကမ်းခြေ
(၃၅)ကင်းပွန်းခြုံ ကမ်းခြေ
(၃၆)မော်ဖျား ကမ်းခြေ
(၃၇)ကျောက်တခွကမ်းခြေ
( ၃၈) ကျောက်ထရံကမ်းခြေ
တို့ပဲဖြစ်ပါတယ်။

မပါရှ်ိသေးတဲ့ ကမ်းခြေများ
ကျန်ရှိနေခဲ့ရင် comments မှာ ဖြည့်သွင်းပေးဖို့ တောင်းဆိုပါတယ်။
#မြန်မာအလှ မြန်မာသဘာဝ

ဖီးနော်တောင်(ခေါ်) ဖီးနော်မလော်တောင်........................................................တနင်္သာရီတိုင်းဒေသကြီး ၊ထားဝ...
02/11/2022

ဖီးနော်တောင်(ခေါ်) ဖီးနော်မလော်တောင်........................................................

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
သရက်​ချောင်းမြို့နယ် ၊ ပဲဒက်အုပ်စု
တံခွန်တိုင်ရွာ ၊ ပဲဒက်ရေပူစမ်း အနီး
တွင် တည်ရှိတဲ့
#ဖီးနော်တောင် 🏞️⛰️🏔️ ( ခေါ်)
#ဖီးနော်မလော်တောင် 𝕍𝕚𝕖𝕨 ℙ𝕠𝕚𝕟𝕥 🏞⛰️🏔️

#မြန်မာအလှ မြန်မာသဘာဝ

ဘဝါကမ်းခြေ💦🏞🏊🌅.....................................မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် #နဘုလ...
30/10/2022

ဘဝါကမ်းခြေ💦🏞🏊🌅.....................................
မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ်
#နဘုလယ်ဒေသ ၊ ဘဝါရွာ
#ဘဝါကမ်းခြေ💦🏞🏊🌅

#မြန်မာအလှ မြန်မာသဘာဝ

 #ပညစ်ကမ်းခြေ 💦🏄‍♀️🏞....................................မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်လော...
30/10/2022

#ပညစ်ကမ်းခြေ 💦🏄‍♀️🏞....................................
မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ် ၊ ပညစ်ရွာ
#ပညစ်ကမ်းခြေ 💦🏄‍♀️🏞

#မြန်မာအလှ မြန်မာသဘာဝ

 #မြင်းခွာအော်ကမ်းခြေ🏞💦🌎🏄‍♀️.................................................မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသ...
30/10/2022

#မြင်းခွာအော်ကမ်းခြေ🏞💦🌎🏄‍♀️.................................................
မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ်၊ ကြက်လွတ်ရွာ
#မြင်းခွာအော်ကမ်းခြေ🏞💦🌎🏄‍♀️

#မြန်မာအလှ မြန်မာသဘာဝ

🖼🏞 ကျောက်သေတ္တာတောင်🖼🏞🖼မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ၊ ဘဝပင်ကျေးရွာ #ကျော...
30/10/2022

🖼🏞 ကျောက်သေတ္တာတောင်🖼🏞🖼

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
ထားဝယ်မြို့နယ် ၊ ဘဝပင်ကျေးရွာ
#ကျောက်သေတ္တာတောင် 🏞🖼🛡
အမြင့်ပေ ၃၅၇၃ ပေ🌄


#မြန်မာအလှ မြန်မာသဘာဝ

👉 ထား၀ယ်မြို့ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင်အစဉ်အလာမပျက်ကျင်းပလာခဲ့တဲ့ ထားဝယ်ဒေသရဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့မိတ်ဆက်ပေးပါရ...
30/10/2022

👉 ထား၀ယ်မြို့
နှစ်ပေါင်းတစ်ရာကျော်တိုင်အောင်
အစဉ်အလာမပျက်ကျင်းပလာခဲ့တဲ့ ထားဝယ်ဒေသရဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့
မိတ်ဆက်ပေးပါရစေ...

ပွဲတော်ရဲ့ထုံးတမ်းအစဉ်လာအရ
နှစ်ကျိတ်ရှစ်ဆူသောဘုရားများကို ထားဝယ်မြို့ရှိ
ကျေးရွာ ရပ်ကွက်များမှ ဘုရားပွဲမကျင်းပမီတစ်လခန့်အလိုကတည်းက
လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းမှ ပင့်ဆောင်အပူဇော်ခံကြပြီး
ရပ်ကွက်တစ်ခုနှင့်တစ်ခု အပြိုင်ဆိုင်
ဘုရားတွင် ရောင်စုံမီးများကိုတပ်ဆင်ကြပြီး
ဘုရားပွဲမတိုင်မှီ သုံးရက်အလိုတွင် မိမိတို့ ရပ်ကွက်ကျေးရွာများ အတွင်း
ဇာက်ပွဲများ အိုးစည်ဒိုးပတ်ဝိုင်းများ ကား‌ဖောင်များဖြင့် ညဘက်တွင်
လှည့်လည်အပူဇော်ခံကြပြီး လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့
ပို့ဆောင်ကြပါတယ်
ဘုရားကြီးဝင်းအတွင်းတွင် ၂ ရက်တာအပူဇော်ခံထားရှိပြီး
လပြည့်နေ့မတိုင်မှီညတွင် နှစ်ကျိတ်ရှစ်ဆူသောဘုရားများ
ည ၇ နာရီအချိန်မှစ၍
ထားဝယ်မြို့အတွင်း ဒေသစာရီကြွချီကာလှည့်လည်အပူဇော်ခံပါတယ်
အပူဇော်ခံရာလမ်းတစ်လျှောက်မှာ ဆီမီးများထွန်းညှိပူဇော်ကြပြီး
ရပ်နီးရပ်ဝေးမှဘုရားဖူးများ ဒေသခံဘုရားဖူးများဖြင့်
ညလုံးပေါက်စည်ကားသိုက်မြိုက်စွာ
ဘုရားပွဲတော်ကိုကျင်းပကြပါတယ်
လှည့်လည်ရာတွင်ဒေသခံများမှလူတစ်ထောင်ခန့်
အင်းကျီလုံချည်အဖြူ ဝတ်ဆင်၍ ဖိနပ်မစီးပဲလိုက်ပါကြပါတယ်
မြို့ပေါ်မှအလှူရှင်များ လူငယ်များကလည်းစုပေါင်း၍ မိမိတို့နေရာအလိုက်
အစားအသောက်များကျွေးမွေးလှူဒါန်းခြင်း ပန်းဆီမီးဆွမ်းများဆက်ကပ်ခြင်း
ပဒေသာပင်များစုပေါင်း လှူဒါန်းခြင်းဖြင့်ကုသိုလ်ပြုကြပါတယ်
လမ်းဘေးဝဲယာတစ်လျှောက်ပလက်ဖောင်းများပေါ်တွင် ဖျာများခင်း၍
ဘုရားများကြွချီလာစဉ် ကန်တော့နေကြတဲ့
ဘုရားဖူးများကိုလည်း ထားဝယ်မြို့လမ်းတစ်လျှောက်
မှာတွေ့မြင်နိုင်ပါတယ်
ညလုံးပေါက်လှည့်လည်ပူဇော်ခံပြီးနောက် မနက် ၆ နာရီခန့်အချိန်တွင်
လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ပြန်လည်ရောက်ရှိပြီဖြစ်ပါတယ်
ထိုနောက်ဘုရားဝင်းအတွင်းတစ်ညတာထပ်မံအပူဇော်ခံကာ
ဘုရားပွဲပြီးဆုံးပြီဖြစ်ပါတယ်
ချမ်းအေးလှတဲ့ တန်ဆောင်တိုင်ညရဲ့အငွေ့အသက်နဲ့အတူ ပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း..........
ထားဝယ်ကို တစ်ခါတစ်ခေါက် အလည်လာရင်းနဲ့ နောင်နှစ်များမှာအတူတူနွဲကြပါစိုလို့
ဖိတ်ခေါ်လိုက်ရပါတယ်....


Photo: 2019 Tazaungtai

ထားဝယ်မြို့  မြန်မာနိုင်ငံအသန့်ရှင်းဆုံး မြို့တွေထဲက တစ်မြို့တောင်တန်း၊ သစ်ပင် လယ်ကွင်းတွနဲ့ အမြဲစိမ်းလန်းစိုပြည်သာယာနေသ...
30/10/2022

ထားဝယ်မြို့

မြန်မာနိုင်ငံအသန့်ရှင်းဆုံး မြို့တွေထဲက တစ်မြို့

တောင်တန်း၊ သစ်ပင် လယ်ကွင်းတွနဲ့ အမြဲစိမ်းလန်းစိုပြည်သာယာနေသောမြို့

တနသ်ာရီတောင်တန်းတွေဝိုင်းရံထားသောမြို့

သတ္တု၊ သဘာဝဓာတ်ငွေ့ စတဲ့ သယံဇာတနှင့်ပင်လယ်စာ တွေပေါကြွယ်သောမြို့

ရှေးဟောင်းသမိုင်းဝင်ဘုရားတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ များစွာရှိသောမြို့

ကျွန်းတွေ၊ပင်လယ်ကမ်းခြေတွေပေါများပြီးအေးချမ်းလှသောမြို့

🚂🚆🚞 ခရီးထွက်ခြင်း အနုပညာ 🚖🛬⛴.......................................................👉 ခရီးထွက်တယ်ဆိုတာ👈 🙅‍♂️ အပြေးအလွှားသ...
30/10/2022

🚂🚆🚞 ခရီးထွက်ခြင်း အနုပညာ 🚖🛬⛴.......................................................
👉 ခရီးထွက်တယ်ဆိုတာ👈
🙅‍♂️ အပြေးအလွှားသွား၊🙅
🙅‍♂️ ဓါတ်ပုံအပြေးအလွှားရိုက်၊ 🙅
🙅‍♂️ အပြေးအလွှားပြန်တက်၊ 🙅
🙅‍♂️ အပြေးအလွှားစား၊ 🙅
🙅‍♂️ အပြေးအလွှားပြန်လာ🙅
🤷‍♂️ ဒါမျိုးမဟုတ်ပါဘူး 🤷‍♀️

Relax ( အနားယူခြင်းတစ်မျိုးပါ)

ခရီးထွက်တဲ့အတွက် ကိုယ့်စိတ်ညစ်ညူးမှုတွေ💆‍♂️ ၊ ဖိအားတွေ💆 ၊ လျော့ကျသွားပြီး🤦‍♂️
🤗 နေရာအသစ်ရဲ့ အရသာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ထိတွေ့ခံစားစေရတာမျိုးပါ 🤔

🎎 ခရီးသွားတာတော့ အကြိမ်ရေများနေပြီ🎎

🙏 တန်ခိုးကြီး လှတတ် သမိုင်းဝင်ရှင်ကိုးရှင်ဘုရာတွေဖူး ချင်တယ် 🙏

🏄‍♀️ ပင်လယ်ကမ်းခြေ တစ်ခါမှ မရောက်ဖူးဘူး🏊‍♀️ ၊ ရောက်ဖူးချင်တယ်

သဘာဝရဲ့ အလှအပတွေ🖼 ၊ ကမ်းခြေများရဲ သဘာဝရှုခင်းတွေ 🖼

ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကိုမှ🏊 🍤🥓🥗
ကြိုက်နှစ်သက်တဲ့ ခရီးသွားတွေအတွက် တမူထူးခြားတဲ့ ခရီးစဉ်လေးတစ်ခု ပြောပြပေးချင်ပါတယ်

တန်ခိုးကြီးဘုရားတွေဖူးမယ် အပြင်၊ ကမ်း​ခြေများရဲ သဘာဝအလှအပ တွေ ကိုပါ ခံစားနိုင်မယ့် Golden Dawei Travel Service ရဲ့ ထားဝယ်ခရီးစဉ်လေးပါ

ရန်ကုန်မှ
ထားဝယ်ကို ကားနဲ့သွားရင် ၁၁ နာရီဝန်းကျင်ခန့်သာမောင်းရပြီး၊ ထားဝယ်ကို ရောက် ရှိ၍
ထားဝယ် ရှိ Hotel တွင် ဝင်ရောက်အနားယူကြမယ်

ရှင်ကိုးရှင် ဘုရားများ ၊ ပင်လယ်ကမ်းခြေများ၊ မြိုပေါ် ရှိလည်ပတ် စရာ နေရာ များ နှင့် ဓာတ်ပုံ လေးတွေ ရိုက်ရန် အလှပဆုံး တောင်ပေါ်နေရာများ လည်ပတ် ၍ ထားဝယ်ရှိ သန့်ရှင်းတဲ့ ပင်လယ်လေကို ဝအောင်ရှူမယ်

မွန်းကျပ်တဲ့ မြို့ပြလူနေမှုကနေ ကိုယ့်ကိုယ်ကို(ခေတ္တ)ရုန်းထွက်ပြီး
အနားယူပါ
ကျန်တာတွေမေ့ထားပြီး

ထားဝယ်ရဲ ရိုးရာ အစာ အသောက် မုန့် များ သုံးဆောင်ကြမယ်

ကမ်းခြေတွေ မှ အလှပုံ လေ တွေ မှတ်တန်တင်ကြမယ်

မောင်းမကန်တွင် ညနေဆည်းဆာကို ပင်လယ်နောက်ခံထားပြီး
အလှဆုံးဓါတ်ပုံများကို မှတ်တမ်းတင်ကြမယ်

ဒါလို Relax (အနားယူမှု) လုပ်၊ ခရီးသွားခြင်းမျိုးကမှ သင့်အတွက် စိတ်ဖိအားတွေကို လျော့ကျနိုင်ပြီး
အလုပ်ခွင် ပြန်ဝင်ရင် Idea အသစ်တွေ ထပ်တိုးရရှိမှာပါ

ဒါကြောင့် ခရီးထွက်ပါ ၊ အနုပညာဆန်စွာ ခရီးထွက်ပါ

ခရီးထွက်လို့ ပင်ပန်းတာမျိုး မဟုတ်ဘဲ အနားယူခြင်းမျိုးဖြစ်အောင်ခရီးထွက်ပါ

သင့် အတွက် စိတ်တိုင်းကျ ဆက်သွယ်မေးမြန်းလို့ ရသလို၊ သင် အနုပညာဆန်စွာခရီးထွက်နိုင်ဖို့
ကျွန်တော်တို 🤗 GoldenDawei Travel Service 🤗ကဝန်ဆောင်မှု ပေးရန် အဆင်သင့် ရှိနေကြောင်း သတင်းကောင်းပေးလိုက်ပါတယ်ခဗျာ 🥰🥰🥰🥰🥰

🙏ထားဝယ်သူ ထားဝယ်သားတို့ ညလုံးပေါက်ကုသိုလ်     ယူကြသည့် ထားဝယ်မြို့ရဲ့အထင်ရှားဆုံးပွဲတော်     ၁ခုဖြစ်သော တန်ဆောင်တိုင် ၂၈...
30/10/2022

🙏ထားဝယ်သူ ထားဝယ်သားတို့ ညလုံးပေါက်ကုသိုလ်
ယူကြသည့် ထားဝယ်မြို့ရဲ့အထင်ရှားဆုံးပွဲတော်
၁ခုဖြစ်သော တန်ဆောင်တိုင် ၂၈ကျိပ်ရှစ်ဆူ
ဒေသစာရီ လှည့်လည်ပူဇောပွံ 🙏

⬇ပုံဟောင်းများ စုစည်းဖော်ပြပေးခြင်းပါ⬇
💥Photo🔹Credit💥

12/10/2022
🌕  #သီတင်းကျွတ်လပြည့်နေ့ 🌕         🎈     🎉      🎊        🎈 သီတင်းကျွတ်လပြည့်နေ့ •••သည်  ဗုဒ္ဓဝါဒီတို့အတွက် နေ့ထူးနေ့မြတ်...
09/10/2022

🌕 #သီတင်းကျွတ်လပြည့်နေ့ 🌕
🎈 🎉 🎊 🎈

သီတင်းကျွတ်လပြည့်နေ့ •••သည် ဗုဒ္ဓဝါဒီတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။
ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ တို့ကဲ့သို့ပင် သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရား သခင်
တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့
ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားသခင် ဆင်းသက်ကြွမန်း လာသည်ကို ရည်၍ ဘုရားသခင်အား ပူဇော်သည့် အနေဖြင့်
ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။

#အဘိဓမ္မာပူဇော်ပွဲ

မြတ်စွာဘုရားသခင်သည်
တာဝတိံသာ နတ်ပြည်၌
မယ်တော်ဖြစ်ဘူးသော
သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍
“ကုသလာဓမ်မာ၊ အကုသလာဓမ်မာ၊
အဗျာကတာဓမ္မာ” အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို
အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ
အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။

#ဘုရားဆုပန်နေ့

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့.ဟု ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည်
တာဝတိံသာမှ ဆင်းသက်လာသောအခါ
ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်း ဖြင့် ဆင်း၍ လက်ျာဖက် ရွှေစောင်းတန်းဖြင့် နတ်တို့ ခြံရံလိုက်ပါကာ လက်ဝဲဖက် ငွေစောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။

ထိုသို့ နတ် ဗြဟ္မာမင်းတို့
ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို
ဖူးမြင်ကြရသောအခါ ( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။ တစ်ယောက်သောသူမျှ ဘုရားဆုကို
မတောင်းသူဟူ၍ မရှိချေ ။
ဤသည်ကို ရည်၍
ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။

#ဥပုသ်သီတင်းဆောက်တည်ကြခြင်း

မြတ်စွာဘုရား
သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမေဂ္ဂလာန်က ဘုရားသခင်အား
မည်သည့်အခါ မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားသခင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့်
ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။

လူ နတ် ဗြဟ္မာ ငရဲသား အားလုံး
တစ်ဦးကို တစ်ဦး မြင်တွေ့ခြင်း
🔹 🔸 🔹 🔸 🔹 🔸
မြတ်စွာဘုရားသခင်သည်
လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏ လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။

အချုပ်အချယ်တို့မှ
လွတ်ကျွတ်စေသောနေ့
🔹 🔸 🔹 🔸
သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော
သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။
ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။
လောကီတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---

🔹 ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊

🔸 ပဝါရဏာပြုကြသောနေ့၊

-မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး
ဟောကြားတော်မူသည်မှာ
အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊

-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊

-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊

-လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး
တိုးယိုပေါက်မြင်ကြသောနေ့

စသောဂုဏ်ထူး ဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။

➖ 🔹 ➖ ♦️ ➖ 🔸 ➖

(မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)
Crd-Khin Htun

👉👉 မနက်ဖြန် ဆို ရောက်ရှိတော့မယ် ထား၀ယ်ရိုးရာသပိတ်မျှောပွဲ 👬👬
08/10/2022

👉👉 မနက်ဖြန် ဆို
ရောက်ရှိတော့မယ်
ထား၀ယ်ရိုးရာသပိတ်မျှောပွဲ 👬👬

သပိတ်မျှောပွဲရှိရာ ဒို့ထား၀ယ်မြေမိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် ကာလ အထူးသဖြင့် အခုလိုနေ့တွေဆို ကျနော်တို့ပျော်နေကြတာပါပဲ။စ...
06/10/2022

သပိတ်မျှောပွဲရှိရာ ဒို့ထား၀ယ်မြေ

မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် ကာလ အထူးသဖြင့် အခုလိုနေ့တွေဆို ကျနော်တို့ပျော်နေကြတာပါပဲ။စိတ်ထဲ အလိုလိုကြည်လင်ပြီး ပျော်ခဲ့ရတဲ့ နေ့ရက်တွေပေါ့။

အခုနေ့မျိုးဆို အဲ့လိုနေ့ရက်တွေကို ပိုတောင်လွမ်းမိတယ်ဗျာ။

မိုးလေကင်းလွတ်ပြီး ကြည်နူးစရာ မြင်ကွင်းတွေနဲ့
ပြည့်နှက်နေတဲ့ သီတင်းကျွတ်ကာလဟာ ကလေးဘ၀ကတည်းကအခုချိန်ထိ ရင်ခုန်စရာ ပျော်စရာကောင်းတဲ့ လလေးတစ်လဖြစ်တယ်။ High season လို့ တင်စားရတဲ့ ခရီးသွားရာသီရဲ့ အစ လို့တောင် ခေါ်ကြတယ်။ အထက်မြန်မာပြည်၊ မြန်မာပြည် အောက်ဘက်အနှံ့ခရီးတွေထွက်ကြ ဘုရားဖူးတွေဖူးကြနဲ့ စည်ကားလှတဲ့ ကာလ တစ်ခုလည်းဖြစ်တယ်။သီတင်းကျွတ်ကျောင်းပိတ်ရက်ဆို ကလေးတွေပျော်ကြသလို ၀န်ထမ်းတွေအတွက်ပိတ်ရက်များများရတဲ့ အခုလို သီတင်းကျွတ်မှာတော့ အဖိုးတန်လှတဲ့ အမှတ်တရလေးတွေပေါ့။ ကာလဒေသအလိုက် ရိုးရာဓလေ့ ယဉ်ကျေးမှု အတိုင်း ပွဲလမ်းသဘင်အခမ်းအနားတွေ ပွဲတော်တွေလည်း ကွဲပြားကြသလို တရွာတစ်ပုဒ်ဆန်းထူးခြားလှပေတယ်။

သပိတ်မျှောပွဲ ဆိုတာကတော့ ထား၀ယ်မြို့တစ်မြို့တည်းမှာသာ တွေ့နိုင်မယ့် တစ်ခုတည်းသော ပွင့်လင်းရာသီလအစရဲ့ ပျော်ရွှင်ကြည်နူးစရာ ရိုးရာ ပွဲလေးတခုဖြစ်တယ်။ထား၀ယ်သားတွေမအိပ်တဲ့ ည လို့လည်း လူငယ်တွေကြားမှာ ခေတ်စားတတ်သေးတာ..။

သီတင်းကျွတ်လပြည့်ည မတိုင်ခင်တရက်... ပြင်ဆင်အလှူခံထားတဲ့ သပိတ်အိုးကြီးတွေ ကို မြို့ထဲကိုလှည့်လည် အလှူခံပူဇော်ထွက်ကြတယ်။ သရုပ်ဖော် အက အလှယဉ်တွေနဲ့လည်း တညလုံးစည်ကား သိုက်မြိုက်စွာ တစ်မြို့လုံး ခြိမ့်ခြိမ့်သဲ ရှိကြတယ်။ လူငယ်လူရွယ်တွေကတော့ ညလုံးပေါက် လျှောက်လည်ပြီး မနက်အာရုဏ်တက် ဆွမ်းကပ်ချိန်ရောက်တဲ့အထိ ပျော်ကြရတဲ့ ညပါဘဲ။

သီတင်းကျွတ်လပြည့်မနက် အာရုဏ်ချိန် ရောက်တဲ့ အခါမှာတော့ အသင့်ယူဆောင်လာတဲ့ သပိတ် အိုးလေးတွေကိုယ်စီနဲ့ သတ်မှတ်ထားတဲ့ သပိတ်မျှော ကျင်းပရာနေရာမှာ ဒါမှမဟုတ် နီးစပ်ရာ မြစ်ချောင်းအတွင်းကနေ မျှောကြတာဖြစ်ပါတယ်။ အသင့်ပြင်ဆင်ထားတဲ့ သပိတ်အိုး တွေကို အလွယ်လင့်၀ယ်ယူလို့လည်းရပါတယ်။ သပိတ်အိုး ထဲက ဆွမ်း၊ခဲဖွယ်တွေကတော့ အခြေခံအားဖြင့် ဆွမ်း၊ အသီးအနှံ ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင်း.. အစရှိတဲ့ ဆွမ်းကပ်တဲ့ ပုံစံမျိုးကို မိမိကြိုက်နှစ်သက်တဲ့အရာလေးတွေထည့်ပြီး မြစ်ထဲမျှောကြတာပါ။ တောင်သမုဒ္ဒရာမှာ စံမြန်းနေတဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီးအာရုဏ်ဆွမ်းဆက်ကပ်လှူကြတဲ့ အဓိပ္ပါယ်ပါ။

post

မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်လောင်းလုံးမြို့နယ် ၊ ကမ်းပနီရွာ #မျှော်ရစ်ဆံတော်ရှင်ဘုရား #...
23/09/2022

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ် ၊ ကမ်းပနီရွာ
#မျှော်ရစ်ဆံတော်ရှင်ဘုရား

#မျှော်ရစ်ဘုရားသမိုင်း ...................................
ဆံတော်အစစ် ကိန်းဝပ်တည်ထားသော နဂါးရစ်
(ယခုအခေါ် မျှော်ရစ်ဘုရားစေတီ) ဘုရားသမိုင်းမဟာသက္ကရာဇ် (၁၀၃) ခုနှစ်ကဆုန်လပြည့်နေ့၌ မဇ္ဇျိမတိုင်းတွင် အရှင်ဂေါတမမြတ်စွာဘုရားသည် ဗောဓိပင်နှင့်ရွှေပလ္လင်ကိုအောင်မြင်ကာ သဗ္ဗညုတရွှေဥာဏ်တော်ရရှိလျက်ဘုရားအဖြစ်သို့ ရှောက်ရှိတော်မူပါသည်။ဗုဒ္ဓမြတ်စွာသည် သတ္တာဟလင်းလွန်းပင်ရင်းတွင်သမာပတ်ဝင်စားပြီးသမာပတ်မှထတော်မူစဉ် ရာမညတိုင်းဥက္ကာလာပပြည် တောင်ဘက် ပေါက္ခရဝတီမြို့မှ တဖုသနှင့်ဘလ္လိကညီနောင်နှစ်ဦးတို့ကုန်စည်ကူးသန်းသွားစဉ် ဘုရားရှင်ထံဆိုက်ရောက်လျက် သဒ်ဒါကွညျညို၍ပျားရည်ဆမ်းသောမုန့်ဆွမ်းများကိုလှူဒါန်းပြီး ဒွေဝါဓိကသရဏဂုံတည်ကြကုန်၏။

ဘုရားရှင်သည်အနာဂတ်သာသနာထွန်းလင်းမည်ကိုမြင်၍ကုန်သည်ညီနောင်အား ဇီဝကေ သဓာတု သက်ရှိဆံတော် ဓာတ်တော် (၈)ဆူကိုပေးသနားလိုက်ပါသည်။ညီနောင်တို့အပြန်ခရီးတွင် မဇ္ဇျိမတိုင်း အဇတ္တနာဂရပြည့်ရှင်မင်းက တဖုသနှင့်ဘလ္လိကတို့အားတောင်းပန်၍။ ဆံတော်(၂)ဆူကိုပူဇော်ခဲ့ပါသည်။ကျန်ဆံတော်(၆)ဆူကိုပင့်ဆောင်ကာ ရာမညတိုင်းသို့သဘောင်္လွှင့်ခဲ့ကြပါတယ်။အစဉ်တစိုက်သဘောင်္လွှင်ခဲ့ရာသမုဒ္ဒရာ၌လှိုင်လေအဆင်မသင့်၍နဂါးရစ်မော်သို့ သဘောင်္ဆိုက်ပြီးတစ်ညတာမျှရပ်နားခဲ့ကြပါတယ်။ထိုစဉ် တောင်စောင့်နတ်နဂါးတို့ကဆံတော်(၂)ဆူကိုပင့်ယူပူဇော်ခဲ့ကြပါသည်။ဆံတော်မြတ်ကို နတ်နဂါးများကရစ်ပတ်စောင့်ရှောက်ကိုးကွယ်ပူဇော်ထားကြလို့ နဂါးရစ်မော်ဟုခေါ်တွင်ခဲ့ကြသည်။

နဂါးရစ်မော်ရှိ နတ်နဂါးတို့ကိုးကွယ်ထားသော ဆံတော်(၂)အားအလောင်းစည်သူဘုရင် ဖောင်စကြာဖြင့် လှည့်လည်လာစဉ် သိကြားမင်းက ညွှန်ကြားသဖြင့်သိရှိ၍ တက်ရောက်ဖူးမျော်လျက် ဆံတော်ဌာပနာတိုက်ပေါ်တွင် စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ပါတယ်။ ထိုနေရာ၌ ဘုရင့်နောက်ပါအချို့ကတိုင်းပြည်ကိုလွမ်းဆွတ် ညည်းညူသံကိုဘုရင်ကြားပြီး ထိုသူတို့အား ရာဇဒဏ်ချထားခဲ့ပါတယ်။ဖောင်စကြာထွက်သွား၍ ငေးမျှော်လျက်ကျန်ရစ်ကြသောကြောင့် မျှော်ရစ်ဟုပြန်တွင်ခဲ့တာပါ။ မျှော်ရစ်နှင့်မလှမ်းမကမ်းရှိ မောင်းမကန်ရေချိုးဆိပ်က အလောင်းစည်သူမင်း ဖောင်စကြာဆိုက်ရောက်ခိုက် မောင်းမမိသျံများသွားရောက်ရေကစားခဲ့သည်ကိုအစွဲပြုပြီး မောင်းမကန်လို့ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။

ကျန်တဲ့ဆံတော်(၄)ဆူကတော့ ရာမညတိုင်းသို့ရောက်တဲ့အခါမှာ ဥက္ကလာပမင်းကြီးက သိဂုင်္တ္တရကုန်း၍ထာပနာလျက် ရွှေတိဂုံစေတီတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ပါသည်။

..မူရင်းရိုက်ကူးထားသူအားCreditပေးပါသည်။
Credit #မြန်မာအလှ မြန်မာသဘာဝ✍🏻

မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်လောင်းလုံးမြို့နယ် ၊ တီဇစ်ရွာ #တီဇစ်ကမ်းခြေ နှင့် ငါးခြောက်...
23/09/2022

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ် ၊ တီဇစ်ရွာ
#တီဇစ်ကမ်းခြေ နှင့် ငါးခြောက်လုပ်ငန်း💦
မူရင်းရိုက်ကူးထားသူအားCreditပေးပါသည်။
Credit #မြန်မာအလှ မြန်မာသဘာဝ✍🏻

မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်  #ဗဲ့မဲ့တတ်တောင် 🏔⛰🌴🌳💦💧📷သက်န်းတုန်းကျေးရွာ ၊ ထားဝယ်မြို့ န...
22/09/2022

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်
#ဗဲ့မဲ့တတ်တောင် 🏔⛰🌴🌳💦💧📷
သက်န်းတုန်းကျေးရွာ ၊ ထားဝယ်မြို့ နယ်
တနသာ်ရီတိုင်း
********************************************

👉👉👉
#ဘယ်လိုသွားမှာလဲ 🚌🚗🏍🛵🚲
ထားဝယ် - မေတ္တာ/ ထီးခီးကားလမ်းမဘေးကပ်ရပ်မှာတည်ရှိတဲ့ ဗဲ့မဲ့တတ်တောင်ပါ.......
ထားဝယ်ကနေ ၁၉မိုင် ၃ဖာလုံကျော်လောက် သက်န်းတုံး ရွာအကျော်မှာရှိတာပါ...

လမ်းဘေးဝဲယာလဲ ရာဘာတောတွေ တောတန်းလေးတွေနဲ့သာသာယာယာလေး သွားရတာ...လမ်းဘေးညာဘက်ခြမ်းကဆိုင်းပုတ်လေးတွေ့တာနဲ့ လမ်းခွဲလေးအတိုင်းမီတာ ၂၀၀ လောက်ဆင်းသွားရုံပဲ......

ဘုရားတွေဖူးပီးသွားရင် အပေါ်တောင်စောင်းလေးပေါ်မှာ ဂူလေးတခုတွေ့ရမယ် .....
ဂူထဲမှာလဲ အပေါ်ကရေစက်ကလေးတွေ
တတောက်တောက်ကျနေတော့ အထဲမှာအေးနေတာပဲ.....အထဲကအခုမှပြုပြင်ဆဲကာလဆိုတော့ဂူကဘာမှမရှိသေးဘူး.......

ဘေးနားကချောင်းဆိုတာကလဲ ဓါတ်ပုံရိုက်ချင်သူတွေအတွက်ပုံလှလှလေးတွေအများကြီးထွက်လာမယ့်နေရာလေးပါ.......

အချုပ်အားဖြင့်ပြောရရင်တော့ ဗဲ့မဲ့တတ်တောင်ဆိုတာ ထားဝယ်ကိုရောက်ရင် သွားသင့်တဲ့နေရာထဲကတခုပါ......


မူရင်းရိုက်ကူးထားသူအားCreditပေးပါသည်။
Credit
#မြန်မာအလှ မြန်မာသဘာဝ

ထားဝယ္သူ ထားဝယ်သားတွေ မအိပ်တဲ့    🙏 ထားဝယ်ရိုးရာ သီတင်းကျွတ် သပိတ်မျှောပွဲ 🙏      🙏 ပုံဟောင်းများစုစည်းတင်ပြပေးခြင်းပါ 🙏...
20/09/2022

ထားဝယ္သူ ထားဝယ်သားတွေ မအိပ်တဲ့
🙏 ထားဝယ်ရိုးရာ သီတင်းကျွတ် သပိတ်မျှောပွဲ 🙏
🙏 ပုံဟောင်းများစုစည်းတင်ပြပေးခြင်းပါ 🙏

🙏🙏သပိတ်မျှောပွဲရှိရာ ဒို့ထား၀ယ်မြေ🙏🙏.................................................................မိုးလေကင်းလွတ်ပြီး ...
19/09/2022

🙏🙏သပိတ်မျှောပွဲရှိရာ ဒို့ထား၀ယ်မြေ🙏🙏.................................................................

မိုးလေကင်းလွတ်ပြီး ကြည်နူးစရာ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့ သီတင်းကျွတ်ကာလဟာ ကလေးဘ၀ကတည်းကအခုချိန်ထိ ရင်ခုန်စရာ ပျော်စရာကောင်းတဲ့လလေး တလဖြစ်တယ်။high season လို့တင်စားရတဲ့ ခရီးသွားရာသီရဲ့ အစ လို့တောင် ခေါ်ကြတယ်။အထက်မြန်မာပြည်အနှံ့မြန်မာပြည် အောက် ဘက်အနှံခရီးတွေထွက်ကြ ဘုရားဖူးတေသွားကြနဲ့ စည်ကားလှတဲ့ ကာလ တစ်ခုလည်းဖြစ်တယ်။သီတင်းကျွတ်ကျောင်းပိတ်ရက်ဆို ကလေးတွေပျော်ကြသလို ၀န်ထမ်းတွေအတွက်ပိတ်ရက်များများရတဲ့ အခုလို သီတင်းကျွတ်မှာတော့ အဖိုးတန်လှတဲ့ အမှတ်တရလေးတွေပေါ့။ကာလဒေသအလိုက် ရိုးရာဓလေ့ ယဉ်ကျေးမှု အတိုင်း ပွဲလမ်းသဘင်အခမ်းအနားတွေ ပွဲတော်တွေလည်း ကွဲပြားကြသလို တရွာတစ်ပုဒ်ဆန်းထူးခြားလှပေတယ်။
🙏🙏🙏

သပိတ်မျှောပွဲ ဆိုတာကတော့ ထား၀ယ်မြို့တစ်မြို့တည်းမှာသာတွေ့နိုင်မယ့် တစ်ခုတည်းသော ပွင့်လင်းရာသီလအစရဲ့ ပျော်ရွှင်ကြည်နူးစရာ ရိုးရာ ပွဲလေးတခုဖြစ်တယ်။ထား၀ယ်သားတွေမအိပ်တဲ့ ည လို့လည်း လူငယ်တွေကြားမှာ ခေတ်စားတတ်သေးတာ..။😁😁😁
သီတင်းကျွတ်လပြည့်ည မတိုင်ခင်တရက်... ပြင်ဆင်အလှူခံထားတဲ့ သပိတ်အိုးကြီးတွေ ကို မြို့ထဲကိုလှည့်လည် အလှူခံပူဇော်ထွက်ကြတယ်။ သရုပ်ဖော် အက အလှယဉ်တွေနဲ့ လည်း တညလုံးစည်ကား သိုက်မြိုက်စွာ တမြို့လုံး ခြိမ့်ခြိမ့်သဲ ရှိကြတယ်။ လူငယ်လူရွယ်တွေကတော့ ညလုံးပေါက် လျှောက်လည်ပြီး မနက်အာရုဏ်တက် ဆွမ်းကပ်ချိန်ရောက်တဲ့အထိ ပျော်ကြရတဲ့ ညပါဘဲ။
သီတင်းကျွတ်လပြည့်မနက်အာရုဏ်ချိန် ရောက်တဲ့ အခါမှာတော့ အသင့်ယူဆောင်လာတဲ့ သပိတ် အိုးလေးတွေကိုယ်စီနဲ့ သတ်မှတ်ထားတဲ့ သပိတ်မျှော ကျင်းပရာနေရာမှာ ဒါမှမဟုတ် နီးစပ်ရာ မြစ်ချောင်းအတွင်းကနေ မျှောကြတာဖြစ်ပါတယ်။ အသင့်ပြင်ဆင်ထားတဲ့ သပိတ်အိုး တွေကို အလွယ်လင့်၀ယ်ယူလို့လည်းရပါတယ်။ သပိတ်အိုး ထဲက ဆွမ်းခဲဖွယ်တွေကတော့ အခြေခံအားဖြင့် ဆွမ်း၊ အသီးအနှံ ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင်း.. အစရှိတဲ့ ဆွမ်းကပ်တဲ့ ပုံစံမျိုးကို မိမိကြိုက်နှစ်သက်တဲ့အရာလေးတွေထည့်ပြီး မြစ်ထဲမျှောကြတာပါ။ တောင်သမုဒ္ဒရာမှာ စံမြန်းနေတဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီးအာရုဏ်ဆွမ်းဆက်ကပ်လှူကြတဲ့ အဓိပ္ပါယ်ပါ။
post photo

ရှင်ကိုးရှင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ရှိတဲ့ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် စေတီပုထိုးတော်များ အောင် ...
19/09/2022

ရှင်ကိုးရှင်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ရှိတဲ့
ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် စေတီပုထိုးတော်များ

အောင် - တော် - မူ - ဖို့
ဓာတ် - ပေါင်း - စုံ - မှ
ဆု - တောင်း - ပြည့် ဆိုသည်နှင့်အညီ

မြေပြင်မှာ ဖူးမျှော်နိူင်မည့် ပြင် (၃) ပြင်ဘုရား
၁ .( အောင် ) ရှင်ဥသြ ထားဝယ်မြို့
၂ .( တော် ) ရှင်ဓာတ်ဝဲ . ထားဝယ်မြို့
၃ .( မူ ) ဆိုတဲ့ ရှင်ပင်ခရု ထားဝယ်မြု့

ကုန်းပေါ်မှာဖူးမျှော်နိူင်မည့်ကုန်း (၃) ကုန်းဘုရားများ
၄ .( ဓာတ် ) ရှင်တောက်ထိန် . လောင်းလုံးမြို့
၅ .(ပေါင်း ) ရှင်မုတ္ထီး . ထားဝယ်မြို့
၆ .( စုံ ) ရှင်ဇလွန် . လောင်းလုံးမြို့

တောင်ပေါ်မှာဖူးမျှော်နိူင်မည့်တောင် (၃) တောင်
ဘုရား

၇ .( ဆု ) ဆံတော်ရှင် . ရေဖြူမြို့
၈ .(တောင်း ) ရှင်တောင်ပုံ သရက်ချောင်းမြို့
၉ .(ပြည် ) ရှင်မော် . လောင်းလုံးမြို့ ဖြစ်ပါသည်။



မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး  #ထား၀ယ်ခရိုင်မောင်မယ်ရှောင်ရွာ ၊  #ကူးတို့ဆိပ်ဘုရား🛡 #ကူးတို့ဆိပ်ဘုရား🙏...
19/09/2022

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး #ထား၀ယ်ခရိုင်
မောင်မယ်ရှောင်ရွာ ၊ #ကူးတို့ဆိပ်ဘုရား🛡

#ကူးတို့ဆိပ်ဘုရား🙏🙏🙏

ထားဝယ်မြို့နှင့်မနီးမဝေးမှာရှိတဲ့ မောင်မယ်ရှောင်ရွာ ကူးတို့ဆိပ်ဘုရားဖူးကုသိုလ်လည်းယူကြမယ်၊ ထားဝယ်မြစ်နဲ့ညနေဆည်းဆာပုံလှလှရိုက်ကြမယ် မြို့ပြနှင့်ဝေးတဲ့အတွက်သဘာဝလေကောင်းလေသန့်လည်းရပြီးတိတ်ဆိတ်​အေးချမ်းစွာအနားယူနိုင်မယ်၊ ဘုရားထဲကသိမ်တော်မှာအေးဆေးစွာကုသိုလ်ဘာဝနာလည်းပွားနိုင်တယ်၊ ခပ်ဝေးဝေးမသွားချင်ဘူး ကုသိုလ်ဘာဝနာလည်းပွားရင်း သဘာဝတရားနဲ့လည်းထိတွေ့ရင်း သမိုင်းဝင်ရှင်ဓာတ်ဝဲဘုရားလည်းဖူးမျှော်နိုင်ပါသေးတယ်။

#လမ်းညွှန်-ရှင်ဓာတ်ဝဲဘုရားလမ်းတိုင်းဝင်သွားပြီးရှင်ဓာတ်ဝဲဘုရားအနောက်က သင်္ချိုင်းကုန်းလမ်းအတိုင်းဆက်သွားရင်ကူးတို့ဆိပ်သို့ရောက်ပါပြီ။
အမှိုက်များကိုလည်းစနစ်တကျစွန့်ပစ်ခဲ့ကြပါနော်
မိမိကြောင့်သဘာဝပတ်ဝန်းကျင်မပျက်စီးပါစေနဲ့။


မူရင်းရိုက်ကူးထားသူအားCreditပေးပါသည်။
Credit #မြန်မာအလှ မြန်မာသဘာဝ

မြန်မာနိုင်ငံ၏တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီး  #ဘိတ်လူမျိုးနှင့်ထားဝယ်လူမျိုးဘာကွာလဲ?​🇲 ​🇾 ​🇪 ​🇮 ​🇰  🆚 🇩 🇦 ​🇼 ​🇪 ​🇮 .....
19/09/2022

မြန်မာနိုင်ငံ၏တောင်ပိုင်း
တနင်္သာရီတိုင်းဒေသကြီး
#ဘိတ်လူမျိုးနှင့်ထားဝယ်လူမျိုးဘာကွာလဲ?
​🇲 ​🇾 ​🇪 ​🇮 ​🇰 🆚 🇩 🇦 ​🇼 ​🇪 ​🇮 ...............................................................

#ဘိတ်နှင့်ထားဝယ်ကနေရာခြင်းတူသလား?
တနင်္သာရီတိုင်းထဲဆိုပေမဲ့🙅🙅🙅
-ဘိတ်(မြိတ်)မြို့က သပ်သပ်
-ထားဝယ်မြို့က သပ်သပ်ပါ။
အနည်းဆုံးမိုင် ၁၅၀ ဝန်းကျင်ခန့်ဝေးပါတယ်ခင်ဗျာ။

#ဘိတ်နှင့်ထားဝယ်ကတိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲပါပါသလား?
ပါဝင်ပါသည်။
-ဘိတ်နှင့်ထားဝယ်တို့သည်ဗမာတိုင်းရင်းသားအုပ်စုထဲကတစ်ခုဖြစ်ပါသည်။
-ဘိတ်နှင့်ထားဝယ်လူမျိူးတို့သည် တိုင်းရင်းသားမျိုးနွယ်စု (၁၃၅)မျိုးထဲတွင်ပါဝင်ပါသည်။

#ဘိတ်နှင့်ထားဝယ်ကကိုယ်ပိုင်ဘာသာစကားရှိပါသလား?
ရှိပါသည်။
-ဘိတ်စကားဟူ၍ သပ်သပ်ရှိပြီး မြန်မာစကားကိုအခြေခံပါသည်။ရခိုင်ဝဲတာနှင့်နီးစပ်မှူရှိပြီး ရခိုင်စကားနှင့်လုံးဝမတူညီပါ။ဘိတ်စာဟူ၍လည်းမရှိပါ။
-ထားဝယ်စကားဟူ၍လည်းသီးသန့်ရှိပါသည်။ဘိတ်စကားနှင့်လုံးဝ မတူညီပါ။ထားဝယ်စာဟူ၍လည်းရှိပါသည်။

#ဘိတ်နှင့်ထားဝယ်သည်တစ်ဦးနှင့်တစ်ဦးစကားပြောရင် နားလည်နိုင်ပါသလား?
အချင်းချင်းနားလည်နိုင်ပါသည်။
-ဘိတ်လူမျိူးများသည် ထားဝယ်လူမျိူးများနှင့်တွေ့ပါက မိခင်ဘာသာစကားဖြစ်သည့် မြန်မာဘာသာစကားကို လုံးဝ မသုံးပါ။ဘိတ်သည်လည်း ဘိတ်စကားပြော၍ ထားဝယ်သည်လည်း ထားဝယ်စကားဖြင့်အပြန်အလှန်ပြောဆိုကြပါသည်။

#ဘိတ်နှင့်ထားဝယ်မြိုများရဲ့အထင်ကရအစားအသောက်သည်မည်သည့်အရာများနည်း။
-ဘိတ်မြို့တွင် မြိတ်ကိုက်ကြေးကိုက်နှင့်
-ထားဝယ်မြို့တွင် ထားဝယ်မုန့်လက်သုပ်ဖြစ်ပါသည်။

#ဘိတ်နှင့်ထားဝယ်မြို့များရဲ့အထင်ကနေရာမှာမည့်သည့်နေရာများဖြစ်သနည်း။
-ဘိတ်မြို့တွင် မြိတ်ကျွန်းစုနှင့်
-ထားဝယ်မြို့တွင် ရှင်ကိုးရှင် ဘုရားများဖြစ်သည်။

#တနင်္သာရီတိုင်းရဲ့မြို့တော်မှာမည်သည့်မြို့ဖြစ်သနည်း။
-ထားဝယ်မြို့ဖြစ်ပါသည်။သို့သော်
-ဘိတ်ခရိုင်သည် တနင်္သာရီတိုင်းတွင် လူဦးရေ ၇ သိန်းကျော်ဝန်းကျင်ဖြင့်အများဆုံးနေထိုင်ရာမြို့ဖြစ်သောကြောင့် စီးပွားရေးအရ အဖွံ့ဖြိုးသောမြို့ဖြစ်သည်။

#တနင်္သာရီတိုင်းတွင်မည်သည့်ဘာသာစကားသုံးသနည်။
-ထားဝယ်မြို့ နှင့် မြို့နယ် တချို့ပြောဆိုကြသည်။

ထားဝယ်မြို့..
ထားဝယ်စကားသီးသန့်ပြောဆိုကြပြီး🙋
သို့ဖြစ်ပါ၍ ထားဝယ်ဟူ၍စကားကို
အစသုံးတဲ့ မြို့အမည်များ မြို့နယ်
အောက်ပါတိုင်းဖြစ်၍...

ထားဝယ်မြို့ /နယ်
လောင်းလုံးမြို့/နယ်
သရက်ချောင်းမြို့ /နယ်
ရေဖြူမြို့ /နယ်
မေတ္တာမြို့/ နယ်

ပုလောမြို့သို့ ရောက်ခဲ့ရင်
ထားဝယ်စကားကိုမူ သိပ်သုံးပြုမှု
နည်းလာကြတယ်။ ထိုရောက်ရင်
ဘိတ်စကားကို စတင် သုံးပြုပြောဆိုကြတာကို တွေ့မြင်ကြရမှာပါ။

ဘိတ်နှင့်ကော့သောင်း
ခရိုင်နှစ်ခုစလုံး အထိပါပဲ။

နောက်တနေရာက ဘိတ်စကား နဲ့ ထားဝယ်စကား မတူညီပေမယ့်

ထားဝယ်စကားနဲ့ဘိတ်စကားအထက်
နက်နယ်တဲ့ စကားသုံးတနေရာရှိပါသေးတယ် ထိုနေရာက ( နဘုလယ်) ဒေသ စကားသုံး ပြောဆိုခြင်းပဲ
ဖြစ်ပါတယ်။

တခါတလေ
ထားဝယ်ချင်းချင်းတောင်
သူတို့ပြောတဲ့ စကားကို နားထောင်ရင်
နားမလည်းကြတာ များပါတယ်။😜
တစိမ့်စိမ့်နားထောင်မှသာလျင် တစ်လုံးကွဲချင်း မှတ်ယူကြရပါတယ်

ဘာဖြစ်လို့လဲ ဆိုရင်
စကားပြော မြန်လွန်းလို့ပါ

ဒါ...ထားဝယ်ဒေသက
ထားဝယ်စကားပြောဆိုခြင်း
ချင်းချင်းနော်။

မြန်မာဘာသာဖြစ် ပြောပြီး
သွားတော့ နားမထောင်လိုက်လေနဲ့
ခေါင်းစပင်ဆွဲ ခေါင်းခါပြီး...
ပြန်လာရမှာ သေချာတယ်။😛😝.အဲဒါ ( နဘုလယ်ဒေသ) 😘

ဥပမာ။.... ။ အားဖြစ်
ထားဝယ်စကား နဲ့ ဘိတ်စကား
မြန်မာလို ပြောခြင်း နားလည်းပါသလား။

အမေး။ မြန်မာလိုပြောရင် ထားဝယ်လူမျိုးများ နားလည်းနိုင်ပါသလား။

အဖြေ။
မြန်မာလိုပြောရင် ထားဝယ်လူမျိုးများ ​မြန်မာ
စကား ကို ရှင်းလင်းစွာနားလည်းကြပါသည်။

အမေး ။... ။ထားဝယ်စကားကို မိမြေမြန်မာများသို့ ပြောဆိုလျင် နားလည်းနိုင်ပါသလား

အဖြေ။....။ ဟုတ်ကဲ့ အရင်ခေတ်စကားပုံအရ ပြောရလျင် ထားဝယ်စကား မြန်မာစကားသို့ တစ်ဦးနှင့်တစ်ဦး ပြောဆိုလျင် မိမြေ မြန်မာများ နားမလည်းနိုင်ပါ။

အဓိပ်ပါယျအရ အပြန်လှန်သုံးနူန်းမှာ
ဘိတ်နှင့်ထားဝယ် ချင်းချင်း နားလည်းကြပေမယ့် ...ထိုနည်းတူ မြန်မာများစုက နားလည်းဖို့ မလွယ်ကူကြပါဘူး။

-ဘိတ်မြို့မှစ၍ (ဘိတ်/ဘုတ်ပြင်း/ကော့သောင်း)အထိ ဘိတ်စကားပြောကြပါသည်။

#ယေဘုယျအားဖြင့်ဘာသာစကားကွဲပြားမှူများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဥပမာ_မြန်မာ အခေါ်
#မေမေ
ဘိတ်-မယ်မယ်
ထားဝယ်-မိ

#ဖေဖေ
ဘိတ်-ဘဘ
ထားဝယ်-ဖ

#ပိုက်ဆံ
ဘိတ်-ကြေးပြား
ထားဝယ်-ကတ်

#ထမင်း
ဘိတ်-မင်း
ထားဝယ်-မန်း

#ယောင်္ကျားလေး🙍
ဘိတ်-ကောင်ငယ်
ထားဝယ်-သားဂန်း

#မိန်းမလေး🙍
ဘိတ်-ကောင်မငယ်
ထားဝယ်-မီးဂန်း/မီးမသား

#မနက်ဖန်
ဘိတ်-မိုးလင်းတန်
ထားဝယ်-နပ်ခီးတန်

#တံတား
ဘိတ်-တံတား
ထားဝယ်-ခါး
စသဖြင့်များစွာရှိပါသည်။

#အခြေခံအားဖြင့် ထိုနှစ်ခုသည် မြန်မာစကား အခြေခံသေည်လည်း လေယူလေသိမ်းနှင့်စကားအတက်အကျအသံတို့မှာလုံးဝကွဲပြားပါသည်။
***************
မှတ်ချက်။ ။ထိုအကြောင်းအရာများကိုရေးရသည့်အကြောင်းရင်းမှာ ကျတော်တို့တနင်္သာရီ တိုင်းသားများဖြစ်သည့် မြိတ်(ဘိတ်)နှင့်ထားဝယ်လူမျိူးများသည် မိမိဒေသမဟုတ်သည့် တချို့သော တိုင်းဒေသများရောက်လျှင် မြန်မာလေသံဖြင့်ပြောယူရာ၌ စကားဝဲသဖြင့် "ဘာလူမျိုးလဲမေးလျှင်" ဥပမာ-ကျတော်သည် ဘိတ်လူမျိူးပါလို့ဖြေလျှင် "အော်သိပြီ #ဘိတ်ထားဝယ်လူမျိူး" လို့သာ သိကြပါတယ်။

#ဘိတ်လူမျိူးသီးသန်း နှင့် #ထားဝယ်လူမျိူးသီးသန့်
ရှိမှန်းသူတို့မသိကြပါခင်ဗျား။ကျတော်တို့အနေဖြင့်လည်း တနင်္သာရီ တိုင်းသားတွေပါလို့ပြောလျှင် လက်ခံလို့ရပေမဲ့ အခုလို ရောနှောပြောတာတော့ သိပ်ဘဝင်မကျပါ။အမြဲရှင်းပြရပါတယ်။ဘိတ်ကထားဝယ်နှင့်ဘယ်လောက်ဝေးကြောင်းဘိတ်နှင့်ထားဝယ်က စကားမတူကြောင်းဘိတ်နှင့်ထားဝယ်က မြို့ခြင်းမတူကြောင်း စသဖြင့်ပေါ့ဗျာ ရှင်းပြရတယ်။

ဗဟုသုတများတိုးပွားနိုင်ပါစေ🙏😁🙏

- ဝေယံ ( မြိတ်)
မူရင်းရိုက်ကူးထားသူအားCreditပေးပါသည်။
Credit #မြန်မာအလှ မြန်မာသဘာဝ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Golden Dawei Travel Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share