BMH Myanmar Travel

BMH Myanmar Travel Smooth your way by BMH

15/03/2024

🏜️🔥🌱ရာသီ ပူလာတဲ့ အမျှ မွှားပင့်ကူနီ ဖျက်စီးမှု အထူးသတိပြု

♦️စုပ်စားပိုးတစ်မျိုးဖြစ်ပြီး အပင်ရည်များကို စုပ်စားသည်။
♦️ အရွက်နုများ၊ ထိပ်အညွှန့်၊ ပန်းခိုင်များနှင့် အသီးကင်းများပေါ်တွင် နေထိုင်ပြီး အပင်ဆဲလ်ထဲရှိ အရည်များကို စားသောက်ပါသည်။
♦️များသောအားဖြင့် အရွက်အောက်မျက်နှာပြင်တွင် နေထိုင်စားသောက်ပါသည်။
♦️တစ်ချို့မွှားများသည် ထိပ်ညွှန့်ကို တွန့်လိပ်ထွတ်ခြင်း ဖြစ်စေတတ်ပါသည်။ ဥပမာ- နှင်းဆီ၊ ခရမ်းချဥ်၊ ငရုတ်ပင်တို့တွင် တွေ့ရတတ်သည်။

⚡ဓါတုဆေးကို အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း⚡

✅အေပီ မှ မွှားအထူးသတ်ဆေးများ

♦️အေပီ-မိုက် (Pyridaben 15 % EC)
♦️ဂျက်ကော့ (Abamectin 1.8 % EC)
♦️အေပီ-ဂျိုကာ (Chlorfenapyr 240 g/l SC)

✅အသုံးပြုရန် ပုံစံ

✅ အေပီ-မိုက် - ရေ လီတာ (၂၀) ဝင် ဆေးဖျန်းပုံးတစ် ပုံး လျှင် (၃-၅) ဇွန်း ၊ တစ်ဧကလျှင် (၁၅-၂၅)ဇွန်းနှုန်းဖြင့် ဆေးဖျန်းပုံး(၅) ပုံးအသုံးပြုပါ။(သို့)

✅ ဂျက်ကော့(သို့) အေပီဂျိုကာ ရေ လီတာ (၂၀) ဝင် ဆေးဖျန်းပုံးတစ် ပုံး လျှင် (၂) ဇွန်း ၊ တစ်ဧကလျှင် (၁၀)ဇွန်းနှုန်းဖြင့် ဆေးဖျန်းပုံး(၅) ပုံးအသုံးပြုပါ။

🌱သဘာဝနည်းဖြင့်ကာကွယ်နှိမ်နင်းနည်း🌱

၁။ ပိုးကျထားသောအခင်း၏ လေအောက်ကျသောနေရာများတွင် သီးနှံအခင်းအသစ် စိုက်ပျိုးခြင်းကို ရှောင်ကြဥ်ပါ။
၂။ ပိုးကျထားသော အပင်များကို နှုတ်၍ မီးရှို့ဖျက်ဆီးပါ။
၃။စိုက်ခင်းနှင့် စိုက်ခင်းဘေးပတ်လည်တွင် ပေါင်း၊ မြက်များ ရှင်းလင်းပါ။

(အက်ဂရိုပါဝါကုမ္ပဏီလီမိတက်)
တောင်သူ့အားထားအက်ဂရိုပါဝါစွမ်းအား
#အေပီ မိုက်
#ဂျက်ကော့
#အေပီဂျိုကာ

FYI
30/07/2022

FYI

ဖတ်စရာ များ
13/07/2022

ဖတ်စရာ များ

🦜Singapore ကို သွားရင် ဘာတွေလိုမလဲQuarantine ဝင် ရန် မလို တော့ ပါကာကွယ်ဆေးအသက် 12 နှစ်အောက် ကလေးများ Covid 19 ကာကွယ်ဆေး(...
11/07/2022

🦜Singapore ကို သွားရင် ဘာတွေလိုမလဲ

Quarantine ဝင် ရန် မလို တော့ ပါ
ကာကွယ်ဆေး
အသက် 12 နှစ်အောက် ကလေးများ Covid 19 ကာကွယ်ဆေး( မည်သည့်ဆေးမဆို အဆင်ပြေ)ထိုးထားရန်လို
၁၃ နှစ် အထက် WHO အသိအမှတ်ပြု ကာကွယ်ဆေး ၂ ကြိမ် သို့ ၁ ကြိမ် ထိုးထားရန်လို
CanSinoBIO/Convidecia /Janssen/J&J AstraZeneca
AstraZeneca
Covexin
Moderna/Spikevax
Covishield
Novavax/Covovax/Nuvaxovid
Pfizer/BioNTech/COMIRNATY
Sinovac or Sinopharm
🦜Singapore နိုင်ငံသို့ ဝင်ရောက်ပြီး 30 ရက်ကျော်ပါက အရင်ထိုးထားသည့်ဆေးရက်ပေါင်း 270 ကျော်ပါက Booster ထိုးရန်လိုအပ်ပါသည်
🦜Singapore သို့ မဝင်မှီ 3 ရက်အတွင်း SG Arrival Card ဖြည့်ရန်
🦜အသက် 13 နှစ်နဲ့ အထက် ဆေးအပြည့်မထိုးရသေးသူများအတွက် လိုအပ်ချက် Covid 19 Medical Coverage အတွက် အနည်းဆုံး USD 30000 ပမာဏရှိသော Travel Insurance ဝယ်ယူရန် လို အပ်
🌻Transit ခရီးသည်များအတွက် ဆေးထိုးလက်မှတ်၊ COVID TEST၊ TRAVEL VISA မလိုအပ်ပါ။

22/06/2022
15/06/2022

♦ဒေးစွန်ပါ သို့ အလည်တခေါက်ဒေးစွန်ပါ လို့ ကြားတာနဲ့ လူတွေရဲ့ တဆင့်စကားနဲ့တင် စကားမှားရင် လမ်းမှား လမ်းပျောက်တာတွေ ဖြစ်တတ်...
14/06/2022

♦ဒေးစွန်ပါ သို့ အလည်တခေါက်

ဒေးစွန်ပါ လို့ ကြားတာနဲ့ လူတွေရဲ့ တဆင့်စကားနဲ့တင် စကားမှားရင် လမ်းမှား လမ်းပျောက်တာတွေ ဖြစ်တတ်တယ်၊ တောထဲ မျက်စိလည်တတ်တယ် ဆိုတာတွေပဲ​ ကြားခဲ့ဖူးလို့ စိတ်ထဲ ခပ်လန့်လန့်။ ဟိုတစ်ရက်က မှ သူငယ်ချင်းမိသားစု နဲ့ ပဲခူးရောက်လို့ အဖော်ကောင်းတုန်း ဒေးစွန်ပါကို ရောက်ဖြစ်တယ်။ ရန်ကုန်ကသွားရင် ဘုရားကြီးမြို့ အကျော် ရန်ကုန်မန္တလေး လမ်းဟောင်းကနေ ဘယ်ဘက် လမ်းကြားလေးအတိုင်း ဝင်သွားရတယ်။ အိမ်လေးတွေကိုဖြတ်ပြီး တောင်ခြေ နားနီးလာတာနဲ့ လမ်းရဲ့ဘယ်ညာမှာ ဘုန်းကြီးကျောင်းတွေ အပြည့်ပဲ သာယာတယ်။ သီလရှင်တွေ ရဲ့တစ်ပါးကျောင်းတွေလည်း အများကြီး ရှိတယ်လို့ တန်ဆောင်းမှာ တွေ့တဲ့ ဆရာလေးတွေက ပြောပြတယ်။

ကျွန်တော့်အတွက်တော့ ပုပ္ပါး နဲ့ အတော်ဆင်တူ လှတယ်။ တောင်ခြေ တန်ဆောင်းထိ ကားနဲ့ သွားလို့ရတယ်။ နယ်ခံမိတ်ဆွေ မိသားစု ပြောပြတာတော့ အရင်ကဆို ဝမ်းဘဲအင်း ထိပဲ ကားဝင်လို့ ရပြီး လယ်ကွင်းတွေကို ဖြတ်ပြီး လမ်းလျှောက်လာမှ တောင်ခြေရောက်သတဲ့။ တောင်ခြေ တန်ဆောင်းကနေ စပြီး တက်တာနဲ့ အသက်ကြီး သီလရှင်တွေ၊ ယောဂီတွေ၊ ရသေ့တွေ တန်ဆောင်း တလျှောက် ခုံအနိမ့်အမြင့်လေးတွေမှာ ထိုင်ပြီး အလှူခံနေတာ တွေ့ရတယ်။ ကျွန်တော်လဲ ပိုက်ဆံ ငါးရာတန် တထောင်တန် လေးတွေ လဲရင်း တောက်လျှောက် လှူခဲ့တာ အပါးသုံးဆယ်လောက် ရှိမယ် ခန့်မှန်းမိတယ်။ မျှော်လင့်ထားသလို တောကြီး တောင်ကြီး ရယ် မဟုတ်တော့ပေမယ့် တန်ဆောင်း တဘက်တချက် ဝါးရုံပင်တွေ၊ လမ်းလေးတွေ နဲ့ သဘာဝမပျက် ရှိနေသေးတယ်။ ကျွန်တော်တို့ ငယ်ငယ် ကျိုက်ထီးရိုး တောင်တက်လမ်းကလေးတွေ အတိုင်းပေါ့။ တောင်ထိပ် ဒေးစွန်ပါ စေတီဖူးပြီး အနီးအနား တောင်ကုန်းလေး တွေဆီက သိုက်နန်းတချို့မှာ ယုံကြည်သူတွေ ပူဇော်နေကြတာကို တောလမ်းလေးတွေ အတိုင်း ဆင်းတက်ကြည့်ရတာ လှတယ်။ ကျွန်တော်က တောင်ထိပ် မရောက်ခင်ကတည်းက ဆိုင်းသံကြားတော့ အဲ့ဘက် စိတ်ရောက်နေခဲ့တာ။ စိတ်မကောင်းစရာကတော့ ထုံးစံအတိုင်း အမှိုက်တွေ များလွန်းတယ်။ စနစ်တကျ အမှိုက်ပစ်တာကို ထိန်းသိမ်းနိုင်ရင် တော့ သဘာဝ မပျက်ဆီးသေးဘဲ ဒေသန္တရ ခရီးစဥ်လေးလဲဖြစ်၊ ယုံကြည်သူတွေ အတွက်လဲ နားခိုရာ နေရာလေးတစ်ခု အနေနဲ့ ပိုလှပသာယာနေမှာပါ။

ဒေးစွန်ပါ နဲ့ ပတ်သတ်လို့ စိတ်ဝင်စားစရာ တချို့ လိုင်းပေါ်မှာ တွေ့ပြီး ရေးသူလဲ မသိရတာမို့ မူရင်းရေးသူကို ကျေးဇူးတင်ရင်း ပြန်ဝေငှပေး လိုက်ပါတယ်။ ကျွန်တော် အကျွမ်းတဝင်မရှိတဲ့ အကြောင်းရေးရတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။

♦ဂန္ဓာရီ ဆိုတာ

ရှေးတုန်းက ဆင်တွေ ကျက်စားခဲ့ရာ ပဲခူးရိုးမ တောင်စပ်၊ ဒေးစွန်ပါ တောင်ခြေမှ ဆင်ပုန်းတောရ ဆရာတော် အလိုအရ ဂန္ဓရီ ဆိုတာဟာ ထူးခြားတဲ့ အတတ်ပညာရှိသူ၊ အသိပညာရှိသူ လို့ ဆိုတယ်။

♦ဂန္ဓာရီ ၂ မျိုး

ဂန္ဓာရီ မှာ စူဠ နဲ့ မဟာ နှစ်မျိုး ရှိပြီး ၃၇ မင်း စတာတွေ နဲ့ ယက္ခ၊ ဂုမ္ဘာန် အောက်နတ်များကို စူဠခေါ်ပြီး၊ သာသနာစောင့် အထက်နတ်များ နဲ့ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီများကို မဟာခေါ်တယ်။
မဟာ ဂန္ဓာရီဖြစ်ဖို့ ကျင့်ကြံသူတွေဟာ လူသူတိတ်ဆိတ်တဲ့ ထူးခြားဝိသေသရှိတဲ့ တောတောင်တွေဆီ ဧကစာ သွားရောက်ကာ မိမိတို့ သိဒ္ဓိ မဟိဒ္ဓိ ကိစ္စများ ပြီးမြောက်ရန် လပေါင်း နှစ်ပေါင်း များစွာ ကျင့်ကြံ အားထုတ်ကြရတယ်။ ဒေးစွန်ပါ ဟာ မဟာဂန္ဓာရီ ဖြစ်ဖို့ ကျင့်ကြံသူတွေဟာ လူသူတိတ်ဆိတ်တဲ့ ထူးခြား ဝိသေသရှိတဲ့ တောတောင်တွေထဲက ၁၂ ဌာနထဲက တစ်ခု အပါအ၀င်တဲ့။

♦ဒေးစွန်ပါ နဲ့ မြတ်စွာဘုရား ဗျာဒိတ်တော်

ဒေးစွန်ပါ ဟာ ပဲခူးရိုးမ တောင်တန်းကြီးရဲ့ တောင်ဆုံး အစွယ်အပွား တောင်ကုန်းငယ်လေး တစ်ခု အပေါ်မှာ တည်ရှိတာပါ။ မြတ်စွာ ဘုရားရှင်က “ဟံသာ၀တီပြည်ကြီး ပေါ်ထွန်းမည်။ အရှေ့အရပ်မှ မင်းညီနောင် နှစ်ပါး သာသနာ ပြုကြမည်၊ ရွှေမော်ကျောက်စွန်း ၀န်ဓောစေတီ တည်ရှိရာ ကျောက်စွန်း ၀န်းကျင်တွင် တောင်ကုန်းပေါင်း ၅၇ ကုန်း ပေါ်ပြီး လူအများက စေတီ တည်ထား ကိုးကွယ်လိမ့်မည်ဟု ဗျာဒိတ်ပေးခဲ့ကြောင်း ရှေးစာများအရ သိရတယ်။ ထို ဗျာဒိတ်ကုန်း များအနက် ဒေးစမ္ပာ မှာ ယနေ့ ဒေးစွန်ပါ ဖြစ်ပါတော့တယ်။

♦ဝိပဿနာ အားထုတ်သူများ နဲ့ တောဆင်ရိုင်း

ရှေးက တောတောင်ရိပ် နက်ရှိုင်းထူပြောမှု၊ တောင်တော်နဲ့ စေတီတော် တည်ရှိမှုတွေကြောင့် တရား အားထုတ်လိုသူ သူတော်စင် အများအပြားတို့ဟာ ဒေးစွန်ပါကို လာကြတယ်။ ဒီဒေသ၀န်းကျင်က တောအုပ် တောစွယ် တောင်ကြိုချပ်ကြားမှာ ခိုအောင်းပြီး တရားအားထုတ်လေ့ ရှိကြတယ်။

ရှေးက ဒေးစွန်ပါ တစ်ဝိုက် တောနက် တောင်နက်ထဲမှာ တောဆင်ရိုင်းတွေ ကျက်စား နေထိုင်ခဲ့ကြတယ်။ ဆင်ပုန်းတောရ ဘေးက ယခုအခါ တိမ်ကောစပြုနေတဲ့ စမ်းချောင်းရေထွက်မှာ ရှေးက ရေစီးသန်တဲ့ ချောင်းကျယ်ကြီး ဖြစ်ခဲ့ပုံပါ။ ကြီးမားတဲ့ ထိုချောင်းမှာ ရှေးက ရေစီးသန်လို့ ဆင်မကြီး တစ်ကောင် ပြုတ်ကျ သေဆုံးခဲ့ဖူးလို့ "ဆင်မ ကျ ချောင်း" လို့တောင် ခေါ်ခဲ့ကြတယ်တဲ့။

မာန်အောင်စည် ကျောင်းအစ်မကြီးရဲ့ ဆွေးမျိုးနီးစပ်ထဲက လယ်သမားဦးကြီး တစ်ယောက်ဆိုရင် တောသွားရင်းနဲ့ ဆင်ရိုင်း နဲ့ တိုးပြီး ဆင်နင်းခံ သတ်ခံခဲ့ ရဖူးတယ်တဲ့။ ဒါပင်လျှင် နှစ်ရာချီ ထိုရှေးက ဒီဒေသမှာ ဆင်တွေပေါများ ကျက်စားခဲ့ကြောင်း သာဓကပါ။

ဒီလို ဆင်ပေါ ကျားပေါ သားရဲပေါတဲ့ ရိုးမ အစွယ်တောဖြစ်တဲ့တိုင်း ရှေးက သူတော်စင်တွေဟာ ဒေးစွန်ပါ ဒေသတစ်ကြောမှာ တစ်တော၀င် တစ်တောင်တက်ပြီး တရားအားထုတ် ကျင့်ကြံခဲ့ကြတယ်။ လက်ရှိမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းက ပုံရိပ်တွေပင်လျှင် ပြောင်းလဲကာ ၀မ်းဘဲအင်း အထွက်မှ တောင်ခြေအထိတိုင် လမ်းဘေး တစ်လျှောက်မှာ လူနေအိမ်ခြေတွေ တိုးချဲ့တန်းစီ အဆက်မပြတ် ရှိနေပါပြီ။ တောင်ခြေ သွားလမ်းမှသည် တောင်တစ်ဝိုက်အထိ ဘုန်းတော်ကြီးကျောင်း ၁၀၀ ကျော် ရှိနေပါပြီ။

♦ဒေး စွန် ပါ

ဒေး ဆိုတာ မွန် ဘာသာလို တောင်ကုန်း၊ စမ္ပာ ဆိုတာ ကံ့ကော်ပင် "တောင်ကံ့ကော်ပင် တွေ ပေါက်ရာ တောင်တော်" လို့ အဓိပ္ပါယ် ရပါတယ်။ နောက်တနည်း ပအို့ဝ်လို ဒေး က ဖား၊ သွန် က သုံး ၊ ပါ (သို့) ဖရာ က ဘုရား လို့ မှတ်သားဖူးပါတယ် ။ အခုလမ်းဟာ နောက်မှ ဖောက်လုပ်ထားတာဖြစ်ပီး ပွဲတော် အခါရက်မှာ တော့ ဝိဇ္ဇာတွေ တက်တဲ့ လမ်းက ဆင်ဖြူ ရတနာဓမ္မရိပ်သာနဲ့ သီဟိုဠ်ခြံ အကြား
က လမ်းလေးလို့ သိရပါတယ် ။

ညောင်လေးပင်, ပြွန်တန်ဆာ, ဒိုက်ဦး သုံးပွင့်ဆိုင် ဘက်က လာရင် လမ်းမှာ ဖားသုံးကောင် တွေ့ရမယ်။ တစ်ကောင်က ရွှေစေတီ မှာပါ။ တစ်ကောင်က သုံးဆယ့်တစ်ဘုံနား နဲ့ နောက်တစ်ကောင် ကိုတော့ စရဏ ကောင်းရင် တွေ့ရလိမ့်မယ်လို့ ဆရာတစ်ပါး မိန့်ဆိုထားတာ မှတ်သားဖူးပါတယ်။

ဒေးစွန်ပါနယ်မြေဟာ သိုက်နန်းရှင်တွေအပြင် မမြင်အပ်တဲ့ ပရလောကသား တွေပါ ရှိနေတဲ့အတွက် သမာဓိအား စမ်းလိုသူများ နဲ့ သိုက် နဲ့ ဆက်နွယ်နေသူများအတွက် စိတ်ဝင်စားဖွယ် နေရာတစ်ခု ဖြစ်ပါတယ်။


#ဒေးစွန်ပါ
#ပဲခူး

Credit : Yangon Rangoon

သိပ်နှမျောစရာကောင်းလှသော
21/05/2022

သိပ်နှမျောစရာကောင်းလှသော

19/05/2022

#ရေတံခွန်တောင်

FYI
17/05/2022

FYI

 #ရမည်းသင်း
15/04/2022

#ရမည်းသင်း

05/04/2022

#တံခွန်တိုင်ပွဲတော်

30/03/2022

24/03/2022

#လူ

24/03/2022

 #အင်းလေးကန်  #ကျွန်းမျော နှင့်  #ရေခြံ  #ကျွန်းမျော  သည် အင်းလေးကန်အစပ်ရှိ  #မြက်ပင်ကြီးငယ်များနှင့်  #ကိုင်း  ပင်များပ...
21/03/2022

#အင်းလေးကန် #ကျွန်းမျော နှင့် #ရေခြံ

#ကျွန်းမျော သည် အင်းလေးကန်အစပ်ရှိ #မြက်ပင်ကြီးငယ်များနှင့် #ကိုင်း ပင်များပူးပေါင်းယှက်နွယ်ပေါက်ပွားလာကြရာမှ ဖြစ်ပေါ်လာသည်ဟု ယေဘုယျဆိုနိုင် သည်။ သို့သော် #အင်းရေပြင် ပေါ်တွင် ကျွန်းမျောတစ်ခုဖြစ်ပေါ်လာရန် အပင်ပေါင်းမြောက် များစွာ သန္ဓေတည်ပါဝင်ဆောက်ခဲ့ရသည်။

#ကြည်လင် ၍ စိမ်းပြာနေသော အင်းလေးကန်အတွင်းတွင် ရေအောက်၌ မှော်ပင်နှင့် ဒိုက်ပင် အမျိုးမျိုးပေါက်၍ ရေပေါ်တွင်မူ မြက်ပင်ငယ်အမျိုးမျိုးနှင့် ကိုင်းပင်နှင့် ဆင်တူသော တဖွတ်ပင်၊ တဖောင်းပင်၊ လက်ရှပင်၊ ရှားလုံးပင်၊ ရှားပြားပင်၊ ပဲပြားပင်၊ ပိတ်ဆည်းပင်များနှင့် ကျပင် စသည့်မြက်မျိုးနွယ်အပင်ကြီးများ ပေါက်လျက်ရှိနေကြသည်။ အလားတူ တောဖျက်ဆီးပင်၊ ဇရစ်ရိုးပင်၊ ငွေပန်းပင်နှင့် ပိန်းပင်များလည်း နေရာအနှံ့ ပေါက်လေ့ရှိကြလေသည်။

၎င်းတို့အထဲမှ အင်းရေပေါ်တွင်ပေါက်ရောက်ကြသော မြက်မျိုးနွယ်ဝင် #အပင် ကြီး ငယ်ဟူသမျှတို့သည် နှစ်ပေါင်းများစွာ ဟောင်းသေ၊ ပင်သစ်ထွက်သဘောဖြင့် စဉ်ဆက် မပြတ် ပေါက်ပွားရှင်သန်လာကြသောအခါ ရေအောက်နှင့် ရေပေါ်တွင် ယင်းအရွက်ဟောင်း အမြစ်ဟောင်းများ စုပေါင်းထူထပ်လာပြီး ထုထည်ရှိသော #အစိုင်အခဲ ကြီးတခုဖြစ်လာသည်။

ထိုအစိုင်အခဲကြီးများလည်း ရေပေါ်တွင် #သဘာဝ အလျှောက် ရွေ့လျားနေရခြင်းနှင့် အသစ် အသစ်ရှင်သန်ပေါက်ပွားနေကြသော အကိုင်းအခက်တို့ ဆက်နွယ်နေမှုကြောင့် ရေအောက် ရှိမြေသားနှင့်မထိပဲ ရေထဲတွင် မြုပ်တဝက် ပေါ်တဝက်ရွှေ့လျားနေသာ #ကျွန်း ငယ်သဖွယ် ဖြစ်ပေါ်လာကြလေသည်။ ထိုသို့ ကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာနေကြသော အစိုင်အခဲစုကို “ကျွန်းမျော”ဟုခေါ်ကြလေသည်။

ကျွန်းမျောရိုင်းများကို အလျားအနံသတ်မှတ်၍ဖြတ်တောက်လာပြီး စိုက်ပျိုးရန်သင့်လျော်သောနေရာသို့ ဆွဲယူလာရသည်။ ကျွန်းမျောပေါ်တွင် စိုက်ပျိုးနိုင်သော အနေအထားရရှိရန် ပထမဆုံးအနေဖြင့် ကျွန်းမျောပေါ်ရှိ ကျူပင်နှင့် မြက်ပင်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းရသည်။

ထို့နောက် #ရေမှော် များ နှုန်းမြေဆွေး ( အင်းလေးရေပြင် အောက်ခြေမှ ဆယ်ယူ) များဖြင့် မံလိုက်ရသည်။ စိုက်ပျိုးရန်အသင့်ဖြစ်သော ဤကျွန်းမျောများပေါ်တွင် ခရမ်းချဉ်သီးအစ ဂန္ဓမာပန်းအဆုံး သီးနှံပန်းမန်မျိုးစုံမှန်သမျှသည်စိုက်ပျိုးကြရာ အဓိကစိုက်ပျိုးရေးကတေ့ာ ခရမ်းချဥ်ပါပဲ။

နှစ်စဉ် အင်းလေးကန်အတွင်း ခရမ်းချဉ် စိုက်ဧက (၆၀၀၀)ခန့် စိုက်ပျိုးကြပြီး #ခရမ်းချဉ်သီး ကို ဧပြီလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးထွက်ရှိပါတယ်။ ခရမ်းချဉ်စိုက်ပျိုးသော ကျေးရွာပေါင်း(၁၅)ရွာခန့်ရှိပြီး အင်းလေးဒေသမှ ခရမ်းချဉ်ကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ လမ်းကြောင်းအသီးသီးက တင်ပို့လျက်ရှိပါသည်။

တဖက်မှာလည်း စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးကို မြေပြင်စိုက်ခင်းမှာထက် ပိုသုံးရတာကြောင့် အင်းလေးကန်ရဲ့ ရေထုအရည်အသွေး ကျဆင်းလာပြီး ကန်အတွင်းမှာရှိတဲ့ ရေနေသတ္တဝါအချို့ သေဆုံးတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။


#ကိုးကား

#ဒါရိုက်တာမြင့်မောင် ၊ အင်းလေး

#ရှမ်းပြည်နယ် (တောင်ကြီး)စားသုံးသူရေးရာဦးစီးဌာန

#ဓာတ်ပုံ ပိုင်ရှင်များအား ကျေးဇူးတင်ပါတယ်။

Address

No. 728, Bo Ohkar Street, 40 Ward, North Dagon Township
Yangon

Telephone

+959429249978

Website

Alerts

Be the first to know and let us send you an email when BMH Myanmar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BMH Myanmar Travel:

Videos

Share

Category


Other Travel Companies in Yangon

Show All