PlB Tour & Golden land

PlB Tour & Golden land Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PlB Tour & Golden land, Tour Agency, PLB tour services, Yangon.

22/07/2024

No matter how long the road is, there will be an end. No matter how long the night is, there will be an end. No matter how hard the rain falls, there will always be a time when it stops. Dark clouds can never cover the smiling sun.

22/07/2024

We walk bravely with good hope, get up again when we fall, try harder when we fail, always believe that tomorrow will be better, always believe that no matter how ordinary we are, we will have our own happiness, this is an ordinary life the most splendid landscape in

https://www.facebook.com/share/yiV23kvFqzB82qcF/?mibextid=oFDknk
17/03/2024

https://www.facebook.com/share/yiV23kvFqzB82qcF/?mibextid=oFDknk

"မင်းတုန်းဘုရင်ကြီး ၏ အထောက်တော်များ"

မင်းတုန်းဘုရင်သည် ကုန်းဘောင်နန်းဆက်၌ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ထီးနန်းစိုးစံသွားခဲ့ပြီး ဘိုးတော် ဗဒုံမင်းတြားပြီးလျှင် ဒုတိယနန်းသက်အရှည်ဆုံးမင်းအဖြစ်နှင့် ရတနာပုံခေတ် ကို တခေတ်ဆန်းနိုင်ခဲ့သူ ဖြစ်လေသည်။

မင်းတုန်းဘုရင်ကြီးသည် တိုင်းပြည်ကို အုပ်ချုပ်ရာ၌ မင်းနားတထောင်ဟု ဆိုအပ်သော အထောက်တော်များနှင့် မကွာလှမ်းစေပဲ အစဥ်သတိမပြတ် နေစေခြင်းကလည်း သူ၏နန်းစံသက်ကို ရှည်ကြာစေခြင်းဖြစ်ပေလိမ့်မည်။

မင်းနားတထောင် ဟုဆိုအပ်သော အထောက်တော်တို့တွင် ဘုန်းကြီးရဟန်းများ၊သီလရှင်များ၊ဖိုးသူတော်များ၊ အရွယ်မရောက်သေးသော ကလေးသူငယ်တော်များ ပါဝင်ခဲ့လေသည်။

ထိုအထောက်တော်များဖြင့် သူ၏ညီတော်ရင်း ကနောင်မင်းမှအစပြု၍ သူ၏ထံပါးအမြဲခစားနေသော အနောက်ဆောင်မှ အလယ်နန်းမိဖုရားကြီးတိုင် မခြွင်းချန်စေပဲ အစဥ်အမြဲထောက်လှမ်းသတိပြုနေခဲ့သည်။ အပါးတော်မှ ဝန်မှူးမတ်တို့အဖို့သော် ဆိုဖွယ်မရှိချေ။

မင်းတုန်းဘုရင် ၏ ထင်ရှား သော အထောက်တော်တို့တွင် သီလရှင်ဆရာကင်း၊ တောင်ထားဝယ်ဗိုလ်ဦးတိုး၊ မြတောင်မြို့စားထိပ်စုဖုရားလတ် တို့ပါဝင်လေသည်။

ထိုပုဂ္ဂိုလ်သုံးဦးတွင် ဆရာကင်းသည် မင်းတုန်းဘုရင် ၏ယုံကြည်ကိုးစားမှုနှင့် ဘိက္ခုနီသီလသယ် သာသနာကို အဦးအစပြုလေသည့်ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပြီး နောက်လိုက်အခြွေအရံတို့ လွန်စွာပေါများခဲ့သူဖြစ်သည်။

တောင်ထားဝယ်ဗိုလ်ဦးတိုးသည်လည်း အနောက်ဆောင်ရှိ နှမတော်သနဇရစ်မိဖုရားကြီး၏ ဘုန်းတန်ခိုးနှင့် ရတနာပုံနန်းတွင်း၌ တွင်ကျယ်သည့်ပုဂ္ဂိုလ်ကြီးဖြစ်လေသည်။

မြတောင်ထိပ်စုဖုရားမူကား ပြောဖွယ်ရာမရှိအောင်ပင် ခမည်းတော်၏ အသည်းဆိုင်ကိုကိုင်လှုပ်၍ မင်းသမီးအပေါင်းတွင်ထိပ်ဆုံးမှနေရာယူပစားခံခဲ့ရသော ရွှေနန်းထက်ဖွားမင်းသမီးကြီးဖြစ်လေသည်။

သို့ဖြင့် မင်းတုန်းဘုရင်ကြီးသည် သူ၏မင်းနားတထောင်ကို ဤသို့သော အခေါင်အဖျားပုဂ္ဂိုလ်ကြီးများအား အသုံးပြု၍ စေထားနိုင်ခဲ့သူဖြစ်လေရာ သူ၏နန်းသက်ရှည်ကြာခဲ့သည်မှာ ပြောဖွယ်မရှိပေ။

ဓာတ်ဆရာဦးပို သည် တခါသော် မြတ်စွာဘုရားထားခဲ့သည်ဆိုသော သာသနာတော်နှစ် ၅၀၀၀ အပိုင်းအခြားနဲ့ ပတ်သတ်၍ လူတို့အား အယူမှားဖွယ် ဟောပြောဆုံးမနေရာ ဤသည်ကိုဆရာကင်းကပင် မင်းတုန်းဘုရင်၏ နားသို့ပေါက်အောင်လျှောက်ထားသတင်းပေးခဲ့သည်။ ထိုအပြစ်ကြောင့်ပင် ဓာတ်ဆရာဦးပိုလည်း တံကျင်လျှိုကာ ကွပ်မျက်ခဲ့ရသည်။

ယောအတွင်းဝန် ဦးဖိုးလှိုင်သည်လည်း ထိုအထောက်တော် တန်ခိုးဖြင့်အရာကျခဲ့ရဖူးသည်။ စလေမြို့အရပ်ရှိ ရှေးဟောင်းစေတီတော်ဆူကို ပြုပြင်မွမ်းမံထီးတော်တင်ရန်သွားရောက်ခဲ့ရာ မြင်းခြံအရောက်၌ ဗျစ်ရစ်ကိုသောက်၍ ဗျစ်ရစ်သည် ကျန်းမာရေးနဲ့လျော်ညီပြီး ဘုရားဟော သူရာတွင်မပါဝင်ကြောင်း ပြောဆိုမိလေသည်။

ထိုအကြောင်းကို အပါးရှိအထောက်တော်တဦးဖြစ်သော တောင်ထားဝယ်ဗိုလ်ဦးတိုး ကြားသိလေသော် မင်းတုန်းဘုရင်ထံသို့ ဦးဖိုးလှိုင်၏ ပြောစကားနဲ့ပတ်သတ်၍ စေလွှတ်လျှောက်ထားစေရာ ဦးဖိုလှိုင်လည်း ရောက်ရာမြင်းခြံအရပ်ကပင် အရာကျဘဝနဲ့မင်းနေပြည်သို့ပြန်ခဲ့ရဖူးလေသည်။

မြတောင်မြို့စားထိပ်စုဖုရားသည်ကား မယ်တော်အလယ်နန်း၏အထံတော်၌ လျှို့ဝှက်အထောက်တော်ပြုကာ ဖခင်ဘုရင်ကြီးထံသို့ မယ်တော်ပြုသမျှ အစီအရင်ခံတင်လျှောက်ရကြောင်းသိရလေသည်။

မင်းတုန်းဘုရင်ကြီးသည် အိမ်ရှေ့စံကနောင်မင်း ထံ၌လည်း အထောက်တော်ထားကာ အမြဲစောင့်ကြည့်နေကြောင်းသိရသော်လည်း မည်သူကိုအထောက်တော်အဖြစ်ခန့်အပ်ကြောင်းမသိခဲ့ရပေ။

ကိုးကား
ဓလေ့သမိုင်းဆန်းများ
ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)

ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)

#မင်းနန်သူ

https://www.facebook.com/share/p/nmGvQeVyzrTbJbMQ/?mibextid=oFDknk
17/03/2024

https://www.facebook.com/share/p/nmGvQeVyzrTbJbMQ/?mibextid=oFDknk

"သီပေါနန်းဆောင်တော်ကြီး"

မင်းတုန်းဘုရင်ကြီး အထွတ်အမြတ်ရောက်၍ ဥကင်သ ဖွင့်တော်မူစဥ်ကပင် သီပေါဟော်နန်းတော်မှ ရောက်ရှိခဲ့သည်ဖြစ်သော သီပေါစော်ဘွား၏ သမီးတော် စဝ်ခင်သူဇာမှာ တပါး မင်္ဂလာအိမ်တော်ပါကိုယ်လုပ်တော်များနဲ့အတူ ရွှေတိုက်စာရင်းဝင် မိဖုရားကြီးအဖြစ် မြှောက်စားခံခဲ့ရလေသည်။

မိဖုရားကြီးသည် အစကနဦးတွင် ရုဇာ ဘွဲ့မည်ကိုသာ ခံရသော်လည်း နောင်အခါတွင် "ရုဇာမဟေ" ဘွဲ့မည်တော် နှင့်မဟေဘွဲ့ခံ မိဖုရားကြီးအရာရောက်ရှိခဲ့လေသည်။

မြနန်းစံကျော်ရွှေနန်းတော်ကြီးအတွင်းရှိ မိဖုရားအပေါင်း၏ စံရာနန်းဆောင်များကို တန်း ခြောက်တန်းမျှ ပိုင်းခြား သတ်မှတ်ပြီး ထားစေခဲ့သည်ဖြစ်ရာ သီပေါမိဖုရားကြီး၏ စံရာနန်းတော်မှာ ပဥ္စမမြောက်တန်းတွင်တည်ရှိပြီး အနောက်ဇေတဝန်ဆောင်တော်၏မြောက်ဘက်အပါး၌ ဖြစ်လေသည်။

မိဖုရားကြီး စံတော်မူရာ နန်းဆောင်တော်၏ မြောက်ဘက်ကပ်လျက်တွင် လဲချားစော်ဘွားကြီး၏သမီးတော်ဖြစ်သော လဲချားမိဖုရားကြီးစံရာ နန်းဆောင်တော်ရှိလေပြီး တောင်ဘက်ကပ်လျက်တွင်မူကား မင်းတုန်းဘုရင် ၏ မင်္ဂလာအိမ်တော်ပါ ရေပွဲတိုက်စားအရှင်မိဖုရားကြီးစံရာ နန်းဆောင်တော်ရှိလေသည်။

နန်းဆောင်တော်ကြီးကို ဟင်္သာပြဒါး နီသုတ်လိမ်းထားပြီး လေးထောင့်စပ်ဆောက်လုပ်ထားလေသည်။ နန်းဆောင်တော်ကြီးတွင် ဝဲဆောင်နှင့်တန်းလျားဆောင်ဟူ၍မပါဝင်ဘဲ အိမ်သာကိုသာ ထည့်သွင်းဆောက်လုပ်ထားသည်။

မိဖုရားကြီးသည် ထိုသည့်နန်းဆောင်တော်၌ လင်တော်မောင်မင်းတုန်းဘုရင် လက်ထက်မှသည် တူတော်သီပေါဘုရင် လက်ထက်တိုင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာမျှ နေထိုင်စံမြန်းသွားခဲ့လေသည်။

မိဖုရားကြီး ထိုနန်းဆောင်၌ စံတော်မူစဥ် အပါးတော်၌ ခစား အမှူတော်ထမ်းရွက်နေသည်ဖြစ်သော မိုင်းစိတ်မြို့စား ၏ သမီးတော် ရှင်နန်းယဥ်အား မက္ခရာမင်းသားကြိီးမှ မြင်တော်မူ၍ သီပေါဖျားထံ အခွင့်ပန်ကာ သိမ်းပိုက်သွားခဲ့ဖူးလေသည်။

လက်ထက်တော်ကြီးဟု ခေါ်ဆိုသည့် မင်းတုန်းဘုရင် လက်ထက်တော်တွင် လွန်စွာစည်းကားသိုက်မြိုက်ခဲ့သည်ဖြစ်သော အနောက်ဆောင်သည် လက်ထက်တော်လေးဟုခေါ်ဆိုကြသော သီပေါဘုရင်လက်ထက် ၌ မိဖုရားဟောင်းကြီးများ အရာကျလေခြင်း၊ နန်းမြို့ပြင်ပြောင်းရွှေ့ရခြင်း၊ ထောင်တန်းကျလေခြင်း တို့နဲ့အတူ လွန်စွာပင် တိတ်ဆိတ်ခြောက်သွေ့ခဲ့ရသည်။

သို့သော်လည်း သီပေါမိဖုရားကြီး စံရာနန်းဆောင်တော်မူကား မူလအခြေမပျက်ဘဲ ရှိနေခဲ့ရပြီး ထီးနန်းပျက်သုဥ်းသည့်အချိန်မှသာ နန်းဆောင်တော်ကြီးသည်လည်း တပါးနန်းဆောင်တော်များနည်းတူ စစ်ဖိနပ်သံ တညံညံအောက်သို့ ရောက်ရှိခဲ့ရလေသည်။

ထိုမှ ဒုတိယကမ္ဘာစစ်မီး လောင်မြိုက်သည်တွင် မဟာမိတ်တပ်တို့မှ နန်းမြို့တော်ကြီးအား ဗုံးကြဲဖျက်စီးလေခြင်းနှင့် အတူ သီပေါမိဖုရားကြီး၏ စံရာနန်းဆောင်တော်မှာလည်း ပြာကျပျက်စီးခဲ့ရရှာလေသည်။

မြှားပြထည့်သွင်းထားသော နန်းဆောင်တော်မှာ ယခုအခါပြန်လည်တည်ဆောက်ထားသည်ဖြစ်သော မြနန်းစံကျော်ရွှေနန်းတော်ကြီးအတွင်းမှ သီပေါမိဖုရား စံရာနန်းဆောင်တော် ပင်ဖြစ်လေသည်။

ကိုးကား
ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)

အနှစ်၁၀၀ရာပြည့်မန္တလေး
ရွှေကိုင်းသား

#မင်းနန်သူ

https://www.facebook.com/100066458743575/posts/734027215489230/?mibextid=Nif5oz
04/02/2024

https://www.facebook.com/100066458743575/posts/734027215489230/?mibextid=Nif5oz

🌼ဘုရားဖူးရင်း ရတနာပုံခေတ်ကျောက်စာများကို လေ့လာလို့ရတဲ့အပြင် အရမ်းလှတဲ့ ဓာတ်ပုံလေးတွေရိုက်လို့ရတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေအကြား လူသိများလှတဲ့ instgram spot တစ်ခု။

🌸ခရေပင်တွေ၊ ကျောက်စာရုံ စေတီတွေရဲ့ တမူထူးခြားလှတဲ့အလှ တွေကြောင့် မန္တလေးရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်ကြသောအထင်ကရနေရာတစ်ခု ဖြစ်တဲ့“ကုသိုလ်တော်ဘုရား”

🙏မွန်မြတ်သန့်စင်လှတဲ့ ရှေးမြန်မာတို့ရဲ့ ကုသိုလ်ကောင်းမှုများဖြင့် ထုံးမွှမ်းခြယ်သထားရာ ဘုရားရဲ့ အတိတ်သမိုင်းများကို လေ့လာရင်း မန္တလာမြို့တော်ရဲ့ အလှကလည်းခရီးသွားတွေအတွက် နှစ်သက်ကြည်နူးခံစားမိစေနိုင်မှာပဲဖြစ်ပါတယ်နော်😘။

.Travel #ကုသိုလ်တော်ဘုရား #စွဲမက်ဖွယ်ရာပြည်မြန်မာ

https://www.facebook.com/100066458743575/posts/687652010126751/?mibextid=Nif5oz
09/11/2023

https://www.facebook.com/100066458743575/posts/687652010126751/?mibextid=Nif5oz

ဘားအံမြို့ အနောက်မြောက်ဘက် ၁၅ မိုင်ကျော်အကွာတွင်ရှိပြီး သံလွင်မြစ်နှင့်ဒုံသမိမြစ် အကြားမြေပြန့်ဒေသတွင် ထိုးထွက်လျက်ရှိသည့် ကျောက်တောင်ကြီး၏ အတွင်းပိုင်းတွင်ရှိသော ဂူဖြစ်ပါသည်။
ဂူအတွင်းပိုင်းသည် အလျား ၁ဖာလုံခန့်ရှည်လျားပြီး ဂူအခြေတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ရေပူကန်ရှိလည်းရှိပါသည်။ ဘုရင့်ညီဂူသည် ကရင်ပြည်နယ်ရှိ သွားလာလည်ပတ်စရာနေရာများအနက် အထင်ကရနေရာတစ်ခုဖြစ်ပါသည်။
#စွဲမက်ဖွယ်ရာပြည်မြန်မာ #ဘုရင့်ညီဂူ

https://www.facebook.com/100066458743575/posts/671125471779405/?mibextid=Nif5oz
09/10/2023

https://www.facebook.com/100066458743575/posts/671125471779405/?mibextid=Nif5oz

☘️သဘာဝအတိုင်း လှပစွာတည်ရှိနေတဲ့ ကျောက်ဆောင်၊ ကျောက်တန်းအုန်းပင်တန်းများနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ လှပနေတဲ့အပြင် ရွှေဝါရောင်သဲသောင်ပြင် ၊ အရောင်အသွေးစုံ ကျောက်စရစ်ခဲလေးများရှိရာ ကမ်းခြေတစ်ခု။

💦လတ်ဆတ်လှတဲ့ ပင်လယ်လေပြေသန့်သန့်လေးတွေ ရှုရှိုက်ရင်း အပန်းဖြေအနားယူနိုင်တဲ့ “ဂွကမ်းခြေ (သို့) ကမ်းသာယာကမ်းခြေ”

#စွဲမက်ဖွယ်ရာပြည်မြန်မာ

https://www.facebook.com/100068680253806/posts/626266406339362/?mibextid=Nif5oz
03/10/2023

https://www.facebook.com/100068680253806/posts/626266406339362/?mibextid=Nif5oz

🙏The Phaung Daw Oo Pagoda is situated in Ywama Village, Inle Lake, one of the most dazzling and magical places in Asia. It is famous for its the shrine huge which features five ancient golden Buddhas. Surrounding the pagoda and in the basement, you can find shops, selling traditional Inle merchandise.✨✨✨

https://www.facebook.com/100066458743575/posts/664405142451438/?mibextid=Nif5oz
26/09/2023

https://www.facebook.com/100066458743575/posts/664405142451438/?mibextid=Nif5oz

✨ဘုရားဖူးရင်း ရတနာပုံခေတ်ကျောက်စာများကို လေ့လာလို့ရတဲ့အပြင် အရမ်းလှတဲ့ ဓာတ်ပုံလေးတွေရိုက်လို့ရတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေအကြား လူသိများလှတဲ့ instgram spot တစ်ခု။

🌸ခရေပင်တွေ၊ ကျောက်စာရုံ စေတီတွေရဲ့ တမူထူးခြားလှတဲ့အလှ တွေကြောင့် မန္တလေးရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်ကြသောအထင်ကရနေရာတစ်ခု ဖြစ်တဲ့“ကုသိုလ်တော်ဘုရား”

🙏မွန်မြတ်သန့်စင်လှတဲ့ ရှေးမြန်မာတို့ရဲ့ ကုသိုလ်ကောင်းမှုများဖြင့် ထုံးမွှမ်းခြယ်သထားရာ ဘုရားရဲ့ အတိတ်သမိုင်းများကို လေ့လာရင်း မန္တလာမြို့တော်ရဲ့ အလှကလည်းခရီးသွားတွေအတွက် နှစ်သက်ကြည်နူးခံစားမိစေနိုင်မှာပဲဖြစ်ပါတယ်နော်😘။

.Travel #ကုသိုလ်တော်ဘုရား #စွဲမက်ဖွယ်ရာပြည်မြန်မာ

https://www.facebook.com/100066458743575/posts/649130160645603/?mibextid=Nif5oz
28/08/2023

https://www.facebook.com/100066458743575/posts/649130160645603/?mibextid=Nif5oz

💦ကန်တော်ကြီးသည် ရန်ကုန်မြို့၏ ဒုတိယအကြီးဆုံးရေကန်ဖြစ်ပြီး ရွှေတိဂုံစေတီတော် အရှေ့ဘက်အရပ်မှာ တည်ရှိပါတယ်။ရှေးမူမပြယ်ခမ်းနားလှတဲ့ ကရဝိတ်ခန်းမသည် ကန်တော်ကြီးဥယျာဉ်အတွင်း ထင်ရှားသောအမှတ်အသားတစ်ခုဖြစ်ပြီး ကန်၏တောင်ဘက်နှင့် အနောက်ဘက်ခြမ်းများတွင် နံနက်ခင်း ကျန်းမာရေးလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။
🙏အရှေ့စူးစူးအရပ်ဆီမှ သပ္ပာယ်စွာ တည်ရှိနေသော ရွှေတိဂုံစေတီတော်ကို ဖူးမျှော်ရင်း 🏢ရန်ကုန်မြို့ပြရှုခင်းအလှအပများကို ကြည့်ရှုခံစားကာ စိတ်ကြည်နူးဖွယ် အမှတ်တရကောင်းလေးတွေကို ဖန်တီးလိုက်ပါနော်။☘️

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ရန်ကုန် #ကန်တော်ကြီး

https://www.facebook.com/100066458743575/posts/644197737805512/?mibextid=Nif5oz
18/08/2023

https://www.facebook.com/100066458743575/posts/644197737805512/?mibextid=Nif5oz

☘️ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ မိုင်းသောက်တံတားဟာ မန္တလေး အမရပူရရှိ ဦးပိန်တံတားနဲ့ အလားသဏ္ဌာန်တူလို့ ဦးပိန်တံတား အသေးစားလို့ တင်စားခေါ်ဝေါ်ကြပါတယ်။

⛰ရှမ်းတောင်တန်းကြီးတွေ နောက်ခံနဲ့ ရေပေါ်မှာ ဆောက်ထားတဲ့ ခြေတန်ရှည် အိမ်လေးတွေ ၊စိုက်ခင်းလေးတွေ၊ကန်ရေပြင်ထက်ခရမ်းရောင်ဗေဒါပင်ပျို တို့ကလည်း ဓာတ်ပုံဝါသနာရှင်တွေအတွက် ပြီးပြည့်စုံတဲ့ ရှုခင်းအလှတွေပဲ ဖြစ်ပါတယ်။

💦ကျယ်ပြောလှတဲ့အင်းလေးရေပြင် ရဲ့ ညနေခင်းဆည်းဆာအချိန်လေးမှာ လေပြေလေညှင်းတငြိမ့် ငြိမ့်နဲ့လွင့်မျောခံစားရင်း ဘဝအမောလေးတွေကို တခဏတာဖြေဖျောက်ထားနိုင်တာမို့ အင်းလေးရောက်ရင်မိုင်းသောက်တံတားဆီ ဝင်လည်ဖို့မေ့မနေနဲ့နော်😘။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #အင်းလေး #မိုင်းသောက်တံတား

https://m.facebook.com/story.php?story_fbid=1087461558579804&id=315368482455786&mibextid=Nif5oz
18/08/2023

https://m.facebook.com/story.php?story_fbid=1087461558579804&id=315368482455786&mibextid=Nif5oz

Bago Shwemawdaw Pagoda

Shwemawdaw Pagoda is a powerful pagoda that enshrined Buddha's teeth. It is located on the Shwemawdaw hill which is about 6 miles outside of Bago City. It is one of the tallest pagodas in Myanmar with a height of 374 meters.

The pagoda has been affected by earthquakes many times, but it was renovated and worshiped by the successive kings of the ancient Mon Myanmar, so it can still be seen today along with the 121 peripheral pagodas.

If you visit Shwemawdaw Pagoda, you will see the great banana bud that collapsed due to the Bago earthquake but did not break into pieces. The following items can be found in Shwemawdaw Pagoda. They are: the mantras and bell inscribed with mantras that are donated by Dhammasayti King, the figure of the Orge Mother that fell in northern Pisian due to the earthquake in 1292, and Buddha sculptures in Shwemawdaw museum that are excavated from Pre-Bagan, Bagan, Ava (Inwa), Hanthawaddy, Konbaung period and about 1,500 years old Burmese art like Shwe Nawzagone, iron bricks, bronze bricks and clay bricks and golden Kyauk Pyin that was donated by Princess Raja Datukalya.

Visitors can also study the ancient reliefs and Panywe art works outside the museum, as well as the Ngarsushin Zabuaye Pagoda which houses a variety of statues, Bodhi tree donated from India and the pillar inscribed with the word "Mind" in Shwedagon Pagoda Square. The Shwemawdaw Pagoda festival is held every year in the month of Tagu and is especially crowded with visitors.
Myanmar.Travel has described the Shwedagon Pagoda as it is a major religious legacy of the Bagu region.

Pagoda


.com.mm

https://www.facebook.com/100066458743575/posts/642226508002635/?mibextid=Nif5oz
14/08/2023

https://www.facebook.com/100066458743575/posts/642226508002635/?mibextid=Nif5oz

ကျွန်းပေါင်း (၈၀၀) ကျော်ရှိတဲ့မြိတ်ကျွန်းစုဆီမှ...🏝🏝🏝

ဒေသခံတွေရဲ့လူနေမှုဘဝ နှင့် ရေမြေသဘာဝအရင်းအမြစ်များကိုလေ့လာရင်း အပန်းဖြေနိုင်တဲ့ 💦"ဒုန်ညောင်မှိုင်းရွာ"💦

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ဒုန်ညောင်မှိုင်း

https://www.facebook.com/100066458743575/posts/639593298265956/?mibextid=Nif5oz
09/08/2023

https://www.facebook.com/100066458743575/posts/639593298265956/?mibextid=Nif5oz

⛰ဖားစည်တို့ဌာနေ ကရင်မြေရဲ့ အသည်းနှလုံးဟုပင် တင်စားရလောက်တဲ့ ဇွဲကပင်တောင်ခြေရင်းမှ............

အရွယ်အစားတူညီသော ဗုဒ္ဓရုပ်ပွားတော် တစ်ထောင်ကျော်ကို စီတန်းပူဇော်ထားတဲ့ 🙏လုမ္မီနီဗုဒ္ဓဥယျာဥ်🙏

🌿🌧🌿မိုးဦးကာလရဲ့စိမ်းစိုအေးမြလတ်ဆတ်နေတဲ့ ရေမြေတောတောင်အလှအပတွေနဲ့အတူ ကရင်ပြည်နယ်ကျေးလက်သဘာဝရှုခင်းတွေကလည်း လာရောက်လည်ပတ်ကြတဲ့ ခရီးချစ်သူတို့ကိုစိတ်ကြည်နူးအေးချမ်းစေမှာအမှန်ပဲဖြစ်တဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်နော်။😍
#စွဲမက်ဖွယ်ရာပြည်မြန်မာ #ကရင်ပြည်နယ်

https://www.facebook.com/100066458743575/posts/634886165403336/?mibextid=Nif5oz
31/07/2023

https://www.facebook.com/100066458743575/posts/634886165403336/?mibextid=Nif5oz

⏯ကချင်ပြည်နယ်၊ပူတာအိုခရိုင် ၊မချမ်းဘောအောက် ဘက်(၆) မိုင်ခန့်အကွာ...
🍀ကြည်လင်စိမ်းမြနေတဲ့ မလိခမြစ်ရေပြင်အလှပေါ်တွင် သဘာဝရှုခင်းများနှင့်......
ရင်သပ်ရှုမောဖွယ်ရာတည်ရှိနေတဲ့ ရေလည်နတ်ကျွန်း🏝🏝🏝

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ကချင်ပြည်နယ် #ရေလည်နတ်ကျွန်း

https://www.facebook.com/100066458743575/posts/624183223140297/?mibextid=Nif5oz
10/07/2023

https://www.facebook.com/100066458743575/posts/624183223140297/?mibextid=Nif5oz

😍"မန္တလေး"လို့ပြောလိုက်ရင် မန္တလေးကျုံးနဲ့နန်းမြို့ရိုးအလှကိုပြေးမြင်မိကြမယ်ထင်ပါတယ်နော်။

✨⛩️✨မန္တလေးကျုံးနဲ့ နန်းမြို့ရိုးဟာဆိုရင်မန္တလေးရဲ့ ကျက်သရေကိုဆောင်ကျဉ်းပေးနေတဲ့ပုံရိပ်ဖြစ်ရုံသာမက မြန်မာတို့ရဲ့ဂုဏ်ယူစရာတစ်ခုလည်းဖြစ်ပါတယ်။

🌧မန္တလာမိုးရဲ့အေးမြမြ ရာသီဥတုနဲ့ အတူ ကျုံးဘေးတလျှောက် သင်းပျံ့နေတဲ့ပန်းခရေရနံ့တို့ကလည်းလာရောက်အပန်းဖြေလည်ပတ်သူတို့ကိုစိတ်ကျေနပ်မှုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

🌸မန္တလာမြို့တော်ရဲ့ရှေးမူမပြယ်တဲ့ မန္တလေးကျုံးနဲ့နန်းမြို့ရိုးအလှကို ခံစားရင်းမန္တလေးမြို့အနှံ့လျှောက်လည်လိုက်တော့နော်😘။

#စွဲမက်ဖွယ်ရာပြည်မြန်မာ #မန္တလေးမြို့ #မန္တလေးကျုံး #မန္တလေးမြို့အလှ

https://www.facebook.com/100066458743575/posts/600951115463508/?mibextid=Nif5oz
31/05/2023

https://www.facebook.com/100066458743575/posts/600951115463508/?mibextid=Nif5oz

မြန်မာ့သမိုင်းမှာထင်ရှားလှသောဘုရင်တစ်ပါးဖြစ်တဲ့ ဘုရင်နောင်မင်းတရားကြီးထီးနန်းစိုက်စိုးစံခဲ့ရာ........🌟🌟🌟

သမိုင်းဝင်အမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ်ထင်ရှားသော......🌞

ပြည်တွင်းပြည်ပခရီးသွားများ ပဲခူးတိုင်းသို့သွားရောက်လေ့လာကြရတဲ့ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်သော ✨"ကမ္ဘာဇသာဒီနန်းတော်ရာ"✨

#စွဲမက်ဖွယ်ရာပြည်မြန်မာ #ကမ္ဘာဇသာဒီနန်းတော် .Travel

https://www.facebook.com/1083405341818214/posts/2512436485581752/?mibextid=Nif5oz
27/02/2023

https://www.facebook.com/1083405341818214/posts/2512436485581752/?mibextid=Nif5oz

🙏ဗောဓိတထောင်သာသနာ့နယ်မြေ🙏🙏

🎢🎢ကမ္ဘာကျော် မဟာဗောဓိတထောင် သာသနာ့နယ်မြေတော်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာမြို့၏အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာတွင်တည်ရှိပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး၊ လျောင်းတော်မူဘုရားကြီးနှင့် အောင်စင်္ကြာ အလံတစ်ရာစေတီတော်ကြီးသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအနှံ့သို့တိုင်မွှေးပျံ့ ကျော်စောလို့နေပါတယ်။

🏜🏜ဗောဓိတထောင်သာသနာ့နယ်မြေသည် ထောင်ပေါင်းများစွာသော ဗောဓိညောင်ပင်များကြောင့် ဗောဓိတထောင်ဟု ထင်ရှားခြင်းဖြစ်ပါတယ်။

🏡🏡ငြိမ်းအေးကြောင်းတရားကို ရှာလိုကြသူ ယောဂီသူတော်စင် လူပုဂ္ဂိုလ်တို့အတွက် တရားစခန်း၊ ဝိပဿနာစခန်းများလည်း မကြာခဏ ဖွင့်လှစ်လျက်ရှိတဲ့အတွက် ငြိမ်းအေးသော ဗုဒ္ဓအဆုံးအမတော်များနဲ့ ဝေနေယျသတ္တဝါတို့အတွက် မေတ္တာရေအေး ဝေငှတိုက်ကျွေးလျက်ရှိတဲ့ သာသနာ့နယ်မြေတော်ကြီး တစ်ခုပင်ဖြစ်ပါတယ်။ တိုင်းပြည်ဂုဏ်ဆောင်၊ သာသနာ့ကျက်သရေဆောင် ဘူမိနက်သန်အောင်မြေရတနာကြီးသည် ဘာသာသာသနာနှင့် နိုင်ငံ့ဂုဏ်သတင်းတို့ကို မွှေးပျံ့သင်းထုံလျက်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

#ဗောဓိတထောင်သာသနာ့နယ်မြ
#စွဲမက်ဖွယ်ရာပြည်မြန်မာ .Travel

https://www.facebook.com/1083405341818214/posts/2507635959395138/?mibextid=Nif5oz
21/02/2023

https://www.facebook.com/1083405341818214/posts/2507635959395138/?mibextid=Nif5oz

🙏မန်းရွှေစက်တော်🙏

🏞🏞မန်းရွှေစက်တော်သည် မကွေးတိုင်းမှ မိုင် (၄၀) ကွာဝေးပြီး တစ်နှစ်ပတ်လုံးကုန်းလမ်းဖြင့် သွားလာနို်င်သောနေရာတစ်ခုဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်၏ ခြေတော်ရာအစစ်များဖြစ်သည့် အထက်စက်တော်ရာနှင့်အောက်စက်တော်ရာတို့ကို ဘုရားဖူးများလာရောက်ဖူးမျှော်နိုင်ရန်အတွက် ပူဇော်ထားပါတယ်။

🏛🏛မန်းရွှေစက်တော်ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး ဒေသထွက်အမှတ်တရများဖြစ်တဲ့ မန်းချောင်းအတွင်းမှရတဲ့ ခရုလေးများနဲ့ ခရုပုတီး၊ ခရုလက်ကောက်၊ ခရုဆွဲကြိုး စသည့်ခရုဖြင့်ပြုလုပ်သည့် ပစ္စည်းများ၊ ဂျပ်ခုတ်စောင်များ၊ ဂျပ်ခုတ်အထည်များအပြင် ရွှေစက်တော် အမှတ်တရအင်္ကျီနှင့် ဒေသထွက်အစားအစာများကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ်။

⛪️⛪️ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မြန်မာပြည်တွင်သာရှင်သန်ကျက်စားနိုင်တဲ့ မြန်မာမျိုးရင်း ရွှေသမင်၊ ကြယ်လိပ်၊ နဖားကြူးငှက်နှင့် မြန်မာ့ဘီလုံးငှက်တို့ကိုလည်း စိတ်ဝင်စားဖွယ်မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် မန်ရွှေစက်တော်အနီးရှိ မန်းချောင်းဆင်စခန်းသို့လည်း သွားရောက်လည်ပတ်နိုင်သေးတာကြောင့် ဘုရားလဲဖူးရင်း အပန်းလဲဖြေရင်း ဒေသန္တရ ဗဟုသုတများစွာရရှိနိုင်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

#မန်းရွှေစက်တော်
#မကွေးတိုင်း
#စွဲမက်ဖွယ်ရာပြည်မြန်မာ
.Travel

Address

PLB Tour Services
Yangon
123

Alerts

Be the first to know and let us send you an email when PlB Tour & Golden land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby travel agencies


Other Tour Agencies in Yangon

Show All