Nang Thit Sar Travel

Nang Thit Sar Travel တိကျမြန်ဆန်​မှန်ကန်တာ စိတ်ချယုံကြည်လိုက်ပါ …..Nang Thit Sar....
(1)

“May this Eid bring happiness, joy, and Allah's blessings to your life. Eid Mubarak!"🎊
18/06/2024

“May this Eid bring happiness, joy, and Allah's blessings to your life. Eid Mubarak!"
🎊

ဖော်ပြပါ tour package လေးများကို Nang Thit Sar Travel နှင့် ချိတ်ဆက် ဝယ်ယူနိုင်သလိုTour De Myanmar Travels & Tour Co. Lt...
03/06/2024

ဖော်ပြပါ tour package လေးများကို Nang Thit Sar Travel နှင့် ချိတ်ဆက် ဝယ်ယူနိုင်သလို
Tour De Myanmar Travels & Tour Co. Ltd. သို့တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်ကြပါတယ်ရှင်

💯 recommend
With the best customer services
💕💕💕💕

Italy, Venice မြို့ပုံစံ ဖန်တီးထားတဲ့ ထိုင်းနိုင်ငံ ဟွာဟင်းမြို့က Siam VeneziaSiam Venezia ကတော့ Venice မြို့က အဆောက်အဦး...
26/05/2024

Italy, Venice မြို့ပုံစံ ဖန်တီးထားတဲ့ ထိုင်းနိုင်ငံ ဟွာဟင်းမြို့က Siam Venezia

Siam Venezia ကတော့ Venice မြို့က အဆောက်အဦးပုံစံတွေ ပန်းခြံငယ်လေးတွေအပြင် 3D Art Gallery, Mini Train Ride, King and Queen Photo စတဲ့ activity မျိုးစုံရှိတဲ့နေရာလေးပါ

Venice မြို့မှာလို တူးမြောင်းလေးရှ်ိပြီးတော့ ဂွန်ဒိုလာလှေ(Gondala)လေး စီးပြီး ဓာတ်ပုံရိုက်လို့ရပါတယ်နော်

နေ့လည်ဘက်သွားရင် နေနည်းနည်းပူတာမို့ ညနေစောင်းလေးသွားရင်ပိုအဆင်ပြေမယ် ထင်ပါတယ်

ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည၇နာရီထိပါ






သူများချွေးနဲစာလိမ်ယူဖို့ကြိုးစားနေတဲ့သူတွေရဲ့သားကောင်  မဖြစ်ဖို့သတိရှိကြပါနော်
23/05/2024

သူများချွေးနဲစာလိမ်ယူဖို့ကြိုးစားနေတဲ့သူတွေရဲ့
သားကောင် မဖြစ်ဖို့သတိရှိကြပါနော်

ခရီးတွေထွက်ကြမယ်လို့အားတက်သရော်တိုင်ပင်ပီးမှတကယ်ခရီးထွက်ချိန်ကျမှ ကပ်ပီးမလိုက်တော့ဘူးပြောတတ်တဲ့ ဘော်ဒါတွေကြုံဖူးလား🤓ဝုကတ...
13/05/2024

ခရီးတွေထွက်ကြမယ်လို့အားတက်သရော်တိုင်ပင်ပီးမှ
တကယ်ခရီးထွက်ချိန်ကျမှ ကပ်ပီးမလိုက်တော့ဘူးပြောတတ်တဲ့
ဘော်ဒါတွေကြုံဖူးလား🤓
ဝုကတော့သစ္စာရှိတယ်နော်
အမြဲလိုက်မှာ🐶

Brand လဲကြိုက်တယ် မင်မင့်လို D တာလဲအမြဲရှာနေတယ်ဆိုတဲ့ သည်းကျော်တို့ သွားလေ့လာသင့်တဲ့နေရာလေးတခုပါဒါပေမယ့် ရွှေတို့အနေများ...
17/04/2024

Brand လဲကြိုက်တယ် မင်မင့်လို D တာလဲအမြဲရှာနေတယ်ဆိုတဲ့ သည်းကျော်တို့ သွားလေ့လာသင့်တဲ့နေရာလေးတခုပါ

ဒါပေမယ့် ရွှေတို့အနေများကြတဲ့ ပက်တူနမ် Bangkok မြို့ထဲနဲ့တော့ ဝေးပါတယ်နော်

သုဝဏဘူမိလေဆိပ်နားက Central Village outlet နဲ့ ယှဉ်ရင်တော့ မင်မင်က ဒီ outlet ကိုပိုကြိုက်ပါတယ်




မင်မင် ဒီနေ့သွားခဲ့တဲ့ တူမြောင်းတလျှောက်ဘေးမှာရှိတဲ့ စျေးလေးပါစိတ်ဝင်စားဖို့ကောင်းတဲ့ တကယ့်ကိုရှေးဟောင်းစျေးလေးပါပုံလေးတ...
17/04/2024

မင်မင် ဒီနေ့သွားခဲ့တဲ့ တူမြောင်းတလျှောက်ဘေးမှာရှိတဲ့ စျေးလေးပါ
စိတ်ဝင်စားဖို့ကောင်းတဲ့ တကယ့်ကိုရှေးဟောင်းစျေးလေးပါ
ပုံလေးတွေရဲ့အောက်မှာ ထပ်ရှင်းပြထားပါသေးတယ်နော်

Suan 100 years market


နှစ်သစ်မှာအားလုံးကျန်းမာချမ်းသာရှိကြပါစေရှင်
💦💦💦💦💦

💦💦💦💦💦💦💦💦အတာကူးတဲ့နှစ်ဦးသကြင်္န်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း နန်းသစ္စာမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏နန်းသ...
13/04/2024

💦💦💦💦💦💦💦💦

အတာကူးတဲ့နှစ်ဦးသကြင်္န်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း နန်းသစ္စာမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်
ပါသည်🙏🙏🙏

နန်းသစ္စာကို အစဉ်အမြဲအားပေးနေကြသော မိတ်ဟောင်းမိတ်သစ် များကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

နန်းသစ္စာမှ

- ပြည်တွင်း၊ပြည်ပလေယာဉ်လက်မှတ်များ
- ပြည်တွင်းကားလက်မှတ်များ
- ထိုင်းနိုင်ငံတွင်းရထားလက်မှတ်
- ပြည်တွင်း၊ပြည်ပ ဟိုတယ် ဘိုကင်များ

အောက်ပါ contact များမှ ၄င်း၊ page messenger မှ ၄င်း ဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင်

🛜 09401875567 (phone/Viber/Signal/Line)
🛜 09772698150 (phone/Viber)

☎️ +66 6 23233024 (phone)

Explore the world with Nang Thit Sar!
T/I(YGN)-3184
T/O(YGN)-1013

Office address
Room(1), Building 4/4, Shwe Ohn Pin Housing (4), Yankin township, Yangon, Myanmar.

Happy birthday donation to followers🎁🎁🎁အယောက် 50 ကံထူးပါလိမ့်ရှင်💰PW comment မှာချပေးမယ်နော် ဒီမနက် 10 နာရီနော်အချစ်တို့...
10/04/2024

Happy birthday donation to followers🎁🎁🎁

အယောက် 50 ကံထူးပါလိမ့်ရှင်💰

PW comment မှာချပေးမယ်နော် ဒီမနက် 10 နာရီနော်အချစ်တို့ရေ

and booking services

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Today Nang Thit Sar အက်မင်လေးရဲ့ trip လေးပါ📍Amphawa
27/03/2024

Today Nang Thit Sar အက်မင်လေးရဲ့ trip လေးပါ
📍Amphawa

တပေါင်းလပြည့်နေ့အမှတ်တရအမှန်တကယ်ရွတ်ဖတ်သူသို့ ပဌာန်းကျမ်းကြီးအလှူရွတ်ဖတ်ပူဇော်မည့်အမလဲ ကျန်းမာချမ်းသာစိတ်ချမ်းသာလို့ စီး...
24/03/2024

တပေါင်းလပြည့်နေ့
အမှတ်တရ
အမှန်တကယ်ရွတ်ဖတ်သူသို့ ပဌာန်းကျမ်းကြီးအလှူ

ရွတ်ဖတ်ပူဇော်မည့်အမလဲ ကျန်းမာချမ်းသာစိတ်ချမ်းသာလို့ စီးပွါးတွေလဲဒီရေအလားတိုးတက်ပါစေရှင်🙏

🚫Restricted item on MNA flight!Cr.MNA
09/03/2024

🚫Restricted item on MNA flight!
Cr.MNA

Nang Thit Sar မှ Bangkok-Chiang Mai Train Tickets များကိုယုံကြည်စိတ်ချစွာဖြင့်အားပေးခဲ့ကြတဲ့ ချစ်တီတီ တို့မိသားစု ချင်းမ...
03/03/2024

Nang Thit Sar မှ Bangkok-Chiang Mai Train Tickets များကိုယုံကြည်စိတ်ချစွာဖြင့်အားပေးခဲ့ကြတဲ့ ချစ်တီတီ တို့မိသားစု ချင်းမိုင်ခရီးစဉ်လေးရဲ့အမှတ်တရ လေးများကို ဂုဏ်ယူစွာဖြင့်မျှဝေပါတယ်ရှင်

တီတီတို့မိသားစုလဲကျန်းမာရွှင်လန်းလို့ စီးပွါးလဘ်လာဘတွေ ဒီရေအလား တိုးရတက်ကြပါစေရှင်🙏🙏🙏

2024 Happy Chinese New Year to you allနန်းသစ္စာရဲ့ 🧧🧧🧧🧧🧧🧧ညနေ ၆ နာရီ pw လေး comment ထဲမှာချပေးထားပါမယ်ရှင်
10/02/2024

2024 Happy Chinese New Year to you all
နန်းသစ္စာရဲ့ 🧧🧧🧧🧧🧧🧧
ညနေ ၆ နာရီ pw လေး comment ထဲမှာချပေးထားပါမယ်ရှင်

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

💐Gong Xi Fa Cai Xin Nian Kuai Le💐''Happy Chinese New Year 2024 "Wishing you good Health and great luck with full of happ...
09/02/2024

💐Gong Xi Fa Cai Xin Nian Kuai Le💐

''Happy Chinese New Year 2024 "

Wishing you good Health and great luck with full of happiness.

Singapore ကခဏပြန်လာတဲ့ customer ချောချောလေးရဲ့ မိသားစုငွေဆောင်ခရီးစဉ်လေးပါ🏝🏝🏝နန်းသစ္စာဝန်ဆောင်မှုများကို One stop အားလုံ...
08/02/2024

Singapore ကခဏပြန်လာတဲ့ customer ချောချောလေးရဲ့ မိသားစုငွေဆောင်ခရီးစဉ်လေးပါ🏝🏝🏝

နန်းသစ္စာဝန်ဆောင်မှုများကို One stop အားလုံးယုံကြည်စွာ အားပေးခဲ့တဲ့ ကာကာလေး ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်💐🥰

ကာကာလေးလှသထက်ပိုလှလို့ စီးပွါးဥစ္စာများဒီရေအလားတိုးတက်ပါစေ နန်းသစ္စာမှလည်းအကောင်းဆုံးဝန်ဆောင်မှူတွေပေးဖို့ မျှော်နေပါမယ်နော်🥰🥰🥰
ခရီးတွေလဲအများကြီးသွားနိုင်ပါစေရှင်🏖🏖🏖

Doi Suthep 🇹🇭ချင်းမိုင်တောင်ပေါ်ဘုရားသို့ချင်းမိုင်မြို့လေးဟာတောင်တွေ အများကြီးရှိတဲ့မြို့လေးပါDoi Suthep ကနာမည်ကြီးတောင...
25/01/2024

Doi Suthep 🇹🇭
ချင်းမိုင်တောင်ပေါ်ဘုရားသို့

ချင်းမိုင်မြို့လေးဟာတောင်တွေ အများကြီးရှိတဲ့မြို့လေးပါ

Doi Suthep ကနာမည်ကြီးတောင်ပေါ်ဘုရားပါ၊ သူ့အပေါ်ကနေလှမ်းကြည့်ရင် ချင်းမိုင်မြို့မြင်ရပါတယ်။ ဆုတောင်းပြည့်တယ်လို့လဲကြားဖူးပါတယ်

နိုင်ငံခြားသားတက်ဖူးရင် တယောက် ဘတ် ၃၀ ပေးရပါတယ်
မြင်ရတဲ့လှေကားကြီးကတော့ မနည်းတက်ခဲ့ရပါတယ် အပေါ်လဲရောက်ရော ဘာမှတော့မကြည့်နိုင်ခဲ့😁

Doi အမည်တွေနဲ့စရင်တောင်ပေါ်ဘုရား
Wat အမည်တွေနဲ့ဆို Temple တွေ မင်မင်ကတော့ အဲ့လိုမှတ်ထားပါတယ်

တခါတလေ မိမိက မြန်မာနိုင်ငံကလာတဲ့သူဖြစ်လို့ ဘုရားကျောင်းတွေ ကအရမ်းမထူးဆန်းဘူးလို့ခံစားရရင် အခြား နေရာ နဲ့ activities ဥပမာ zip line စီးတာတို့၊ Mon jam မှာ camping တို့၊Queen SiriKit တောထဲက သံတံတားပေါ်လျှောက်တာတို့၊ waterfall တို့၊ စမ်းချောင်းဘေးကဆိုင်မှာ ကြာကြာလေးထိုင်စားတာတို့၊
သာဖဲဂိတ်မှာ ထိုင်းဝတ်စုံလေးနဲ့ အမှတ်တရ photo ရိုက်တာတို့ ကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ things to do တွေကအများကြီးမလို့ ကြိုရွေးထားလိုက်ရင်ပိုကောင်းပါတယ်
(မိမိက ရက်လဲသိပ်မရဘူးဆိုရင်ပေါ့)

၃ ည ၄ ရက် ခရီးနဲ့ plan ထားမယ်ဆိုရင် တကယ်တော့အချိန်မလောက်ပါဘူး သေသေချချာစုံအောင်လည်မယ် ။ ချင်းရိုင်ကိုလဲ တစ်ညအိပ်လောက်သွားအုံးမယ်ဆိုရင်၊လူလဲသက်သာအောင် ကားလဲသက်သာအောင် ခရီးစဉ်ကိုဆွဲမယ်ဆိုရင်တော့ ရက်ပိုနေဖို့လိုပါတယ်။

တောင်ပေါ်တက်ရတဲ့နေရာများတာကြောင့် ကားငှါးရင်လဲ အမြင့်ကားမှ ပိုအဆင်ပြေပါတယ်။

ဘာမှကြိုစဉ်းစားဖို့အချိန်မရဘူးဆိုရင်တော့ မင်မင်တို့နဲ့ဆက်သွယ်လိုက်ပါ ။ ရတံ့ရက်ပေါ်မှာ အကောင်းဆုံးဖြစ်အောင် မင်မင်တို့ဝိုင်းစဉ်းစားပေးမယ်

ပြည်တွင်းခရီးသွားလုပ်ငန်းလိုင်စင် အမှတ်

T/l(RGN)-3184

ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် အမှတ်

T/O(RGN)-1013

Office🏣
Room(1), Building 4/4, Shwe Ohn Pin Housing
Yankin township

Mobile:
Viber:
09772698159
09401875567

#ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်
#မြနိမာပြည်တွင်းကားလက်မှတ်
#ထိုင်း နိုင်ငံတွင်း ကား၊ ရထား လက်မှတ်
#ချင်းမိုင်၊ ချင်းရိုင်၊ ရွှေတြိဂံ ကားအငှါးဝန်ဆောင်မှု
#ဟိုတယ်ဘိုကင်







💐💐💐💐💐💐💐💐

Nang Thit Sar Travel  - နန်းသစ္စာ ခရီးသွားဝန်ဆောင်မှု မှ ✈️ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ်များ🚍ပြည်တွင်းကားလက်မှတ်များ 🏨ပြ...
24/01/2024

Nang Thit Sar Travel - နန်းသစ္စာ ခရီးသွားဝန်ဆောင်မှု မှ

✈️ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ်များ

🚍ပြည်တွင်းကားလက်မှတ်များ

🏨ပြည်တွင်း၊ပြည်ပ ဟိုတယ် bookings
စီစဉ်ပေးခြင်းနှင့်

🇹🇭 ထိုင်းနိုင်ငံတွင်း ရထား၊ကားလက်မှတ်များ၊ ဟိုတယ် booking များ

🚘 ချင်းမိုင်၊ ချင်းရိုင်၊ ရွှေတြိဂံ၊ မယ်ဆိုင် Car rental services

📍Tour package

တို့အတွက်

ဆက်သွယ်အားပေးနိုင်ပါတယ်ရှင်

💯Agoda, Cheap flight.com, trip.com မှ flight tickets များ ကိုလည်း website မှ​စျေးနှုန်းများအတိုင်း agent fee အနည်းငယ်​ဖြင့် ticket ဖြတ်​ပေးပါသည်

💯ဝယ်ယူလိုပါက Departure and Return date ​လေးများ ​ပေးပို့ခြင်းဖြင့်စုံစမ်းနိုင်ပါတယ်ရှင်

Call
Viber
Signal
FB messenger

တို့မှဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

👉​ငွေ​ပေး​ချေမှုကိုလည်းလူကိုယ်တိုင်လာစရာမလိုဘဲ KBZ, CB, AYA and YOMA Bank accounts, Kpay, AYApay နှင့် WAVE account များမှ လည်း cash/bank transfer ဖြင့်လည်း ယုံကြည်စိတ်ချစွာ အောက်ပါ phone များသို့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

👉Nang Thit Sar company bank accountsများဖြင့်လည်းလွှဲနိုင်ပါတယ်ရှင်

💜Company Registration No. 137461757

💜ပြည်တွင်းခရီးလှည့်လည်​ရေးလုပ်ငန်းလိုင်စင်အမှတ်
T/I (Ygn) - 3184

💜ပြည်ပခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အမှတ်
T/O (Ygn) - 1013

💜viber & mobile number
+95 9 772698159 (viber / call)
+95 9 401875567 ( viber / Signal/ call)

🏣Office address
Room(1), Building 4/4, Shwe Ohn Pin Housing 4,
Yankin township

ယုံကြည်စိတ်ချစွာဖြင့် Nang Thit Sar အား အားပေးလျက်ရှိကြသော customer မိတ်ဟောင်းမိတ်သစ် တစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်😍

NTS ရဲ့ချစ်ကာကာတို့လည်း ကျန်းမာရွှင်လန်းပီးစီးပွားတွေဒီ​ရေအလားတိုးတက်ကြပါ​စေရှင်🫶







Chatuchak experience🛒🛒🛒🛍🛍🛍မင်မင်ဒီနေ့သွားလေ့လာခဲ့တဲ့ whole sale weekend market, JJ market လို့လဲလူသိများကြပါတယ်တဲ့Friday...
20/01/2024

Chatuchak experience🛒🛒🛒🛍🛍🛍

မင်မင်ဒီနေ့သွားလေ့လာခဲ့တဲ့ whole sale weekend market, JJ market လို့လဲလူသိများကြပါတယ်တဲ့

Friday ည 6 နာရီ ကနေ ည ၁၂ နာရီ ဆို Whole Sale only ရောင်းပါတယ်

Sat & Sun မှာတော့ မနက် ၉ ည ၆ ဖွင့်ပါတယ်

ဆိုင်ခန်းပါင်း ၁၅၀၀၀ ကျော်ရှိပီး အကြီးဆုံးစျေးကြီးတခုပါ the biggest market in the world လို့တောင် google မှာရေးထားကြတာတွေ့ရပါတယ်

မင်မင်နေတဲ့နေရာနဲ့ဝေးလို့ BTS နဲ့လာလိုက်တယ်
မိုချစ်ဘူတာမှာဆင်းပါတယ်

စျေးရုံလိုမျိုးမလို့ ပူတယ် ရေဘူးဆောင်သွားပါ စျေးအိမ်သာကတော့သန့်မယ့်ပုံတော့မပေါ်လို့မဝင်ခဲ့ပါဘူး ဒီလောက်ကြီးတဲ့စျေးမှာ အချို့နေရာတွေဆိုလူကြိတ်ကြိတ်တိုးနေပါတယ်
မင်မင်ကတော့ feeling tired ပါ😅
Item တွေများလွန်းလို့မဝယ်တတ်ပါ

မြန်မာပြည်မှာ လက်လီပြန်ရောင်းချမယ့်သူတွေ၊ စျေးကိုစိတ်ရှည်ရှည်ပတ်နိုင်မယ်ဆိုရင်တော့ တော်တော်အဆင်ပြေမယ့်စျေးတခုလို့မြင်ပါတယ်

မင်မင်ရိုက်ခဲ့တဲ့ပုံတွေ ထည့်ထားပေးပါတယ် အချို့ပစ္စည်းလေးတွေ လှတာလေးတွေရိုက်ယူလာခဲ့တာပါ

Bkk ပစ္စည်းတွေရောင်းတဲ့ သူတွေနဲ့ကတော့ရင်းနှီးပီးသားဖြစ်မှာပါ။ Shopping သွားရင်ပင်ပန်းတတ်တဲ့ မင်မင်ကတော့ ခုမှကိုရောက်ဖူးတာမလို့ မင်မင့်လိုမရောက်သေးတဲ့သူများ မင်မင်ပို့စ်မှ အထောက်အကူအနည်းငယ်ဖြစ်ဖို့ရည်ရွယ်မျှဝေခြင်းဖြစ်ပါတယ်ရှင်




အေးချမ်းသာယာရှိကြပါစေရှင်

📍Mon Jam Chaing Mai 🇹🇭🏕🏕🏕ချင်းမိုင်နဲ့ ချင်းမိုင်မြို့ပတ်ဝန်းကျင်ဟာ တော်တော်လည်ပတ်စရာ များလှတဲ့မြို့လေးဖြစ်ပါတယ်တောင်ပေါ...
19/01/2024

📍Mon Jam Chaing Mai 🇹🇭🏕🏕🏕

ချင်းမိုင်နဲ့ ချင်းမိုင်မြို့ပတ်ဝန်းကျင်ဟာ တော်တော်လည်ပတ်စရာ များလှတဲ့မြို့လေးဖြစ်ပါတယ်

တောင်ပေါ် ဥယျာဉ်၊ ဘုရားတို့ကလည်းများပြားလှပါတယ်

ချင်းမိုင်ရဲ့ တနေ့တာလည်ပတ်မယ့် plan မှာ နေရာတွေများနေမယ်ဆိုရင် လူတော်တော်ပင်ပန်းမှာပါ

ဒီနေ့ကတော့ မင်မင်သွားပီးလည်ပတ်လေ့လာခဲ့တဲ့ Mon Jan ဆိုတဲ့ တောင်ပေါ်က ရွာလေး အကြောင်း ဝေမျှသွားမှာဖြစ်ပါတယ်

Mom Jam ဟာ လူမျိုးစုမတူတာတွေစုပေါင်းနေထိုင်ကြပီး အေးမြတဲ့ရာသီဥတုရှိတဲ့ အလွန်လှပလူသိများသောနေရာလေးပါ

ချင်းမိုင်မြို့ရဲ့မြောက်ဖက် မြို့ပြင်37 km ခန့် တနာရီလောက်ကားမောင်းသွားလိုက်ရင် မယ်ရင်ဆိုတဲ့မြို့နယ်လေးထဲမှာပါ

တောင်ပေါ်ကိုတက်ရတာဖြစ်လို့ 4 wheel drive ကားနဲ့ဆိုပိုအဆင်ပြေပါတယ် တောင်ကနည်းနည်းမတ်စောက်ပါတယ် တောင်ပေါ်တက်တဲ့လမ်းကလမ်းကောင်းပါတယ် ဒါပေမဲ့ ရောက်ခါနီး မီတာ ၁၀၀ လောက်ကတော့ တော်တော်ကြီးမတ်ပီးလမ်းကျဉ်းတယ်

Mon Jam မှာဘာတွေလုပ်လို့ရလဲ?

Camping
Mon Jam ကို Day trip နဲ့ခနတဖြုတ်ဝင်လည် photo လှလှလေးတွေရိုက် အဲ့လောက်ဘဲလုပ်လဲ ရပါတယ် ဒါပေမယ့် ⛺️ camp လိုမျိုး တညလောက်တည်းခိုပီးနားနားနေနေ မနက်အစောတိမ်ပင်လယ် နဲ့ ပန်းခင်းတွေရဲ့အလှကို တဝကြီးကြည့်ဖို့အချိန်ရမယ်ဆိုရင်တော့ ပိုကောင်းပါတယ်

Mon Jam မှာတည်းခိုရင်းအနီးပတ်ဝန်းကျင်မှာဘာလေးတွေလည်လို့ရသေးလဲ အောက်မှာ ပုံတေနဲ့ ထည့်ပေးထားပါတယ်👇

သွားရောက်လည်ပတ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် မင်မင်ရဲ့review လေးအရင်ဖတ်သွားရင် ပိုပီး effective and happy ဖြစ်တဲ့ trip လေးကိုစီစဉ်နိုင်တာပေါ့

နောက်ထပ်လည်ပတ်လို့ကောင်းတဲ့နေရာလေးတွေအများကြီးဝေမျှသွားမှာမလို့ မင်မင့် page ကို Like and follow လုပ်ထားဖို့တော့လိုမယ်နော်😻




မင်မင်လေ့လာထားသလောက်ပြန်လည်မျှဝေတာမလို့အမှားပါရင်လဲ ဖြည့်စွက်နားလည်ပေးကြဖို့မေတ္တာရပ်ခံပါတယ်ရှင်

ကာကာတို့အားလုံးအေးချမ်းသာယာရှိကြပါစေရှင်

Photo and data cr for some.google

ချင်းရိုင်မြို့ကိုအလည်တခေါက်ရောက်ခဲ့မယ်ဆိုရင် မသွားမဖြစ်သွားကိုသွားရမဲ့ နတ်ပြည်နဲ့တူတယ်လို့တင်စားကြတဲ့ နေရာလေးတစ်ခု ဖြစ်...
18/01/2024

ချင်းရိုင်မြို့ကိုအလည်တခေါက်ရောက်ခဲ့မယ်ဆိုရင် မသွားမဖြစ်သွားကိုသွားရမဲ့ နတ်ပြည်နဲ့တူတယ်လို့တင်စားကြတဲ့ နေရာလေးတစ်ခု ဖြစ်တဲ့ LaLitta Cafe ပါဘဲ

🚪ဝင်ကြေးက “၆၀” ဘတ် ပေးရပါတယ်

🎟အဲ့ လက်မှတ်နဲ့ coffee အအေး အစားအသောက် ပြန်လဲသောက်လို့ရပါတယ် မိမိက ၁၀၀ တန်သောက်ရင် ၄၀ ဘဲထပ်ပေးရပါတယ်

💐ပန်းချစ်သူတွေ ရောက်ပီး မပြန်နိုင်လောက်အောင် ဖြစ်ကြရမှာပါ

🤳photo ရိုက်ရမလား အလှအပတွေ ခံစားရမလား ဘာလုပ်ရမှန်းမသိ လမ်းတေပါပျောက်သွားအောင်လှလွန်းတဲ့ နေရာလေးတစ်ခု

နေ့လည်ခင်း lunch စားပီးတဲ့အချိန်ရာသီဥတုအနည်းငယ်ပူလာတဲ့အချိန်ဝင်လည်ရင်အတော်ပါဘဲ အေးအေးဆေးဆေး နားနားနေနေ ထိုင်သင့်တဲ့နေရာမလို့ အချိန်တော့ယူသင့်ပါတယ် တနေ့ထဲနေရာစုံအောင်သွားမယ်ဆိုတဲ့ plan နဲ့ဆို လူလဲပင်ပန်းပါတယ်

မင်မင်ကတော့ photo တွေရိုက်နေရင် ကြည့်စရာတွေလွတ်ကုန်မှာဆိုးလို့များများစားစား မရိုက်လာခဲ့ပါဘူး
ရိုက်လာခဲ့တဲ့တစ်ပုံလောက်တော့အမှတ်တရထည့်ခွင့်ပြုပါ🥰

ရိုတာကြိုက်တဲ့ချစ်ညလေးတို့က ကို့ရဲ့ချစ်ချစ်ကို အဲ့လိုနေရာမျိုးလေးမှာ လက်ထပ်ခွင့်တောင်းပါလားလို့သာ ပူဆာလိုက်တော့😁

ဖိုတိုခရက်ဒစ်: LaLitta Cafe

သွားရောက်လည်ပတ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ Onestop service ရှိတဲ့
မင်မင်တို့နန်းသစ္စာကိုဆက်သွယ်လို့ရပါတယ်ရှင်

🛩 ပြည်တွင်း၊ ပြည်ပလေယဉ်လက်မှတ်
🚌 ပြည်တွင်းကားလက်မှတ်
🚌 🚂ထိုင်းနိုင်းငံတွင်း ကားရထား လက်မှတ်
🏩 ဟိုတယ်ဘိုကင်
🚘 ချင်းမိုင် ချင်းရိုင် ရွှေတြိဂံ မယ်ဆိုင် ကားအငှါးဝန်ဆောင်မှု
📍Tour package

Phone and Viber
09401875567
09772698159

Office address:
Room (1), Building 4/4, Shwe Ohn Pin Housing, Yankin township

́

Pha Ngao Skywalkတောင်ပါ်ကနေ ၃၆၀ ဒီဂရီ မြန်မာ၊ထိုင်း၊လာအို နယ်စပ်စုံရာ မဲခေါင်မြစ်ကြီး စီးဆင်းနေတာကိုလှပစွာ မြင်နိုင်တဲ့ ...
17/01/2024

Pha Ngao Skywalk

တောင်ပါ်ကနေ ၃၆၀ ဒီဂရီ မြန်မာ၊ထိုင်း၊လာအို နယ်စပ်စုံရာ မဲခေါင်မြစ်ကြီး စီးဆင်းနေတာကိုလှပစွာ မြင်နိုင်တဲ့ မှန်တံတားလေး

9.9 m အရှည်ရှိပီး မြေပြင်အထက် 25 m အမြင့်မှာ
တည်ရှိပါတယ်

2020 လောက်မှ စတင်တည်ဆောက်ပီး 35 million baht အသုံးပြုတည်ဆောက်ခဲ့တယ်။ 2022 အောက်တိုဘာမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ လေ့လာခဲ့ရပါတယ်

မနက် 7:30 ကနေ ညနေ 6:00 ထိ နေ့စဉ်ဖွင့်ပါတယ်

ကိုယ်ကားနဲ့ တောင်ပေါ်ကိုတက်လို့မရပါဘူး ကားပါကင်မှာရပ်ခဲ့ရတယ်
တောင်ပေါ်တက်တဲ့ကားလက်မှတ် က ၃၀ ဘတ်
မှန်တံတားလျှောက်ဖို့ဝင်ကြေး က ၄၀ ဘတ်

တပြိုင်နက်တည်း လူ ၁၀၀ ခံနိုင်ရည်ရှိပါတယ်တဲ့။ အဝင်မှာ ခြေအိပ် လေးတွေစွပ်ရတယ်။

အမြင့်ကြောက်ရင်တော့ ဘတ် ၄၀ မပေးတော့ဘဲ အဝေးကနေသာကြည့်လိုက်ဖို့အကြံပေးချင်တယ် ဝင်ပေါက်ကတဘက် ထွက်ပေါက်ကတဘက်မလို့ ဝင်ပီးရင်တော့ ဆုံးအောင် ဆက်သွားရပါမယ်

မင်မင်ကတော့ဝင်ပီးမှ မဲခေါင်မြစ်နဲ့ ရွှေတြိဂံဒေသကို ၃၆၀ view ခံစားဖို့နေနေသာသာ ခေါင်တေမူး ရင်တေတုန် ဆက်မလျှောက်ရဲဘဲ အကြာကြီးလျှောက်ခဲ့ရပါတယ် ဘာမှလဲမမြင်တော့ပါဘူး😬😱

တက်ရဲတယ်ကြည့်ရဲတယ်ဆိုရင်တော့ မနက်ပိုင်းနဲ့ ညနေပိုင်းလေးကောင်းပါတယ် နေအရမ်းမပူရင်ကြာကြာ view ကြည့်နိုင်တာပေါ့

ဖဲကြိုလေးတွေလဲဝယ်ပီး ဆုတောင်းပီး ဘေးမှာချည်လို့ရတယ် အသေးစိတ်တော့မင်မင်သေချာမကြည့်ခဲ့ရပါဘူး ကြောက်နေတာနဲ့ဘဲ တကယ်😅😅😅

မနက် ၇:၃၀ စဖွင့်တာမလို့ ချင်းရိုင် ဟိုတယ်တည်းပီး မနက်လာကြည့်ရင်တော့ အေးအေးချမ်းချမ်း အလှအပတွေ အကြာကြီးကြည့်ပေါ့

ဒီနေရာမှာတော့ မင်မင်ပဲမပေးနိုင်တော့ပါဘူး မင်မင့်လိုမဖြစ်အောင် ကြောက်တာတောင့်ခံပီး ပုံလှလှလေးရိုက်နိုင်ကြပါစေ မင်မင့်ပုံကတော့ ကြည့်သာကြည့်လိုက်တော့😅

မင်မင်လေ့လာခဲ့သလောက်သာပြန်လည််မျှဝေတာဖြစ်လို့ အမှားပါရင်ဖြည့်တွေးပေးကြပါရှင်🙏

Photo cr. Google
Data cr. Nation group








Review 📍Coming soon!!!
17/01/2024

Review 📍
Coming soon!!!

Check out Nann's video.

ဒီနေ့ကတော့ မင်မင်က ရွှေတြိဂံ နဲ့ တဘက်ကမ်းလာအိုကစျေးတန်းလေးနဲ့ပန်းခြံလေး ကို လှေနဲ့သွားလည်တဲ့ အတွေ့အကြုံလေးကို မျှဝေပါရစေ...
16/01/2024

ဒီနေ့ကတော့ မင်မင်က ရွှေတြိဂံ နဲ့ တဘက်ကမ်းလာအိုကစျေးတန်းလေးနဲ့ပန်းခြံလေး ကို လှေနဲ့သွားလည်တဲ့ အတွေ့အကြုံလေးကို မျှဝေပါရစေရှင်

ရွှေတြိဂံ မြန်မာ၊လာအို၊ထိုင်း ၃ နိုင်ငံ မဲခေါင်မြစ်ပေါ်မှာထိစပ်နေတဲ့ ဒီနေရာလေးကတော့
ချင်းမိုင်မြို့ကနေလာရင် ကားပေါ်မူတည်ပီး မောင်းချိန် ၅ နာရီကျော်
တာချိီလိတ်တဘက်ကမ်းမယ်ဆိုင် ကနေလာရင်တော့
မောင်းချိန် နာရီဝက်ကျော် တနာရီ အတွင်း
လောက်နဲ့ရောက်ရှိမှာဖြစ်ပါတယ်

ထူးထူးခြားခြားလည်ပတ်စရာများများမရှိပါဘူး။ ဒါပေမဲ့ လဲ ဒေသန္တရဗဟုသုတ တွေအများကြီးရနိုင်တဲ့ အနည်းဆုံးတခေါက်လောက်တော့ ရောက်အောင်သွားလည်သင့်တဲ့ဒေသလေးတစ်ခုပါဘဲ

ရောက်ပီးရင်တော့ ဟယ်…ဘာမှလဲမရှိပါဘူး ပျင်းစရာကြီးလို့ဖြစ်သွားနိုင်ပါတယ် အာ့ကြောင့်တခေါက်ဘဲလို့ ပြောတာပါ ဘာဘဲဖြစ်ဖြစ် အနောက်နိုင်ငံသားတွေကတော့ သွားစပ်စုကြပါတယ် လှေပေါမှာသူတို့ကတော့အပြည့်ပါဘဲ

ဒီနေရာလေးဟာ ချင်းရိုင်ဒေသတွင်းရှိတာမလို့ တခြားလည်ပတ်စရာနေရာတွေအများကြီးရှိသေးတဲ့အတွက် ချင်းရိုင်ကိုလည်ပတ်ရင်း တဆက်တည်းသွားလည်လို့လဲရပါတယ်

ဒီ review မှာတော့ မင်မင်က Goldern Triangle နယ်စပ်လေးအကြောင်းကိုဘဲ ဇောင်းပေး မျှဝေသွားမှာဖြစ်ပါတယ် တခြားနေရာတွေကို နောက်review တွေမှာ ဖြေးဖြေးဖော်ပြသွားမှာပါ

လာအိုဘက်ကိုကူးရင်လှေငှါးခက တယောက်ကို ဘတ် ၃၀၀ နဲ့ အနည်းဆုံး ၅ ယောက်ဆို စီးလုံးလွှတ်ပေးပါတယ်
လှေက လာအိုဘက်ကမ်းကို တန်းမမောင်းဘဲမဲခေါင်မြစ်ထဲကိုပတ်မောင်းပြပါသေးတယ် မင်မင်တို့လှေမောင်းတဲ့လှေဆရာကြီးကတော့ရှမ်းလူမျိုးတဲ့ မောင်းတာ အနှစ်၂၀ လောက်ရှိပါဘီတဲ့။ ဟိုဘက်ကမ်းကိုတက်လည်ဖို့ အချိန်အားဖြင့် ၁ နာရီလောက်ဆိုလုံလောက်ပါတယ် ဘာမှထူးထူးခြားခြားမရှိလို့ပါ

စျေးလေးတစ်ခု၊ ပန်းခြံလေး ပါဘဲ

လာအိုစကားပြောသံလုံးဝမကြာခဲ့ရဘဲရှိသမျှလူတွေမြန်မာတွေဖြစ်နေလို့တာချီလိပ်ဘက်ကမ်းများမှားရောက်သလားထင်ခဲ့ရတယ်😅
ဝယ်ချင်စရာပစ္စည်းသိပ်မတွေ့ခဲ့ပါဘူးအောက်မှာပုံလေးတွေထည့်ပေးထားတယ်ဘာလေးတွေရောင်းတာလဲကြည့်လို့ရအောင်ပါ

ကဲ….ပန်းခြံ

ဘာမှရှိဘူး😁
ပန်းခြံထဲမှာ sound box လေးတွေကနေသီချင်းဖွင့်ထားတယ် နေရာအနှံ့ဘဲ
မြန်မာသီချင်းဘဲ😅
အိမ်သာ….မြန်မာထိုင် (ဘလိုခေါ်တယ်တော့မသိဘူး ဘိုထိုင်မဟုတ်ဘူးပေါ့)
သိပ်မသန့်ဘူး
ပန်းခြံအဝင်မှာ မစုံမလင်ခပ်ခြောက်၂စတိုးဆိုင်လေးတဆိုင်တွေ့ ရေဝယ်သောက်
Currency က ဘတ်နဲ့

နေ့လည်စာထိုင်းဘက်ခြမ်းပြန်ရောက်တော့စား တစ်ယောက်ပျမ်းမျှဘတ် ၁၅၀ လောက်တော့ရှိ ကိုယ်မှာတာများရင်များသလိုပါ
လည်ရင်ကားခတန်အောင် တနေ့တည်းနဲ့နေရာတွေအများကြီးရောက်အောင်ခရီးစဉ်မဆွဲပါနဲ့ လူအရမ်းပင်ပန်းပါတယ်။ ဖြစ်နိုင်ရင်ချင်းရိုင်မှာတစ်ညတည်းခို အနည်းဆုံး၂ ရက်အချိန်ယူလည်ပတ်ရင်လူသက်သာပါတယ်။ အေးအေးဆေးဆေးနားနားနေနေ လေ့လာ၊ ဓာတ်ပုံရိုက်ဆိုပိုကောင်းပါတယ်

အဲ့လိုလေးသွားလည်ချင်တယ်ဆိုရင်တော့နန်းသစ္စာကိုဆက်သွယ်လိုက်ပါ 📞
One stop service နဲ့ အားလုံးအဆင်ပြေအောင်စိတ်တိုင်းကျစီစဉ်ပေးမှာနော်🤓

📍Package နဲ့သွားချင်လား?

📍သက်သာအောင်လက်မှတ်တွေကိုယ့်ဘာသာဝယ် ကားငှါးပီးသွားချင်လား?

📍တာချီလိပ်ဘက်ကသွားချင်လား (passport မလို မှတ်ပုံတင်နဲ့)

📍ချင်းမိုင်ကနေသွားချင်လား?

📍Bangkok ကိုလည်ပီးမှချင်းမိုင်ဘက်ကနေတဆင့်သွားချင်လား?

စျေးအသက်သာဆုံး နဲ့ အဆင်ပြေဆုံး ဖြစ်အောင်ခရီးစဉ်ဆွဲပေးဖို့မင်မင်ကတာဝန်ယူပေးမယ်
ချစ်ကာကာတို့ကြိုက်တာပြောလိုက်တော့







Bangkok to Chiang Mai by 🚊 ဘန်ကောက်ကနေချင်းမိုင်လမ်းတလျှောက် ဘယ်မြို့တွေကိုဖြတ်သွားလဲ ရှုခင်းတွေက ရောလှလားသိချင်လို့ မင်...
15/01/2024

Bangkok to Chiang Mai by 🚊

ဘန်ကောက်ကနေချင်းမိုင်လမ်းတလျှောက် ဘယ်မြို့တွေကိုဖြတ်သွားလဲ ရှုခင်းတွေက ရောလှလားသိချင်လို့ မင်မင်က နေ့ရထားကိုစီးခဲ့ပါတယ်
လက်မှတ်ခတွေကတော့အစားစားရှိပါတယ် ဘတ် ၃၀၀ ဝန်းကျင်ကနေ တစ်ထောင်ကျော် နှစ်ထောင်နားအထိပေါ့

- ရိုးရိုးထိုင်ခုံမျက်နှာချင်းဆိုင်
- အထက်တန်းထိုင်ခုံ
- အထက်တန်းအိပ်စင်
Fan နဲ့ Aircon နဲ့ ဆိုပီးလဲစျေးကွာပါသေးတယ်

မင်မင်က အသွားကို 2nd class aircon ထိုင်ခုံနဲ့နေ့ရထားလေးစီးပီး၊ အပြန်ကိုတော့ 2nd class အိပ်စင် aircon နဲ့စီးလာခဲ့လိုက်တယ်

အသွားမှာ…..
1st impression ကရထားကအရမ်းမသစ်ပေမယ့်သန့်ရှင်းတယ်။ အရမ်းမခုန်ဘူး။
အိမ်သာ ရေ/tissue လုံလုံလောက်လောက်ရှိတယ်
မင်မင်တို့စီးတဲ့တွဲမှာစျေးတက်ရောင်းတာမရှိသလို စားသောက်တွဲမပါဘူး။ မုန့်ရေဝယ်ထည့်လာဖို့မမေ့နဲ့
ရထားထွက်ထွက်ချင်း ဦးရဲကြီးက လက်မှတ်စစ်တော့တာဘဲ
လက်မှတ်ကို pdf သို့ print လဲပြလို့ရတယ်။ ကိုက online ကဝယ်ထားလို့ soft copy နဲ့လဲပြလို့ရတယ်။
နေ့လည်စာအတွက်သူဘဲစာရင်းလိုက်ကောက်တယ် ပိုက်ဆံကောက်သွားတယ်
ရှေ့ဘူတာကနေကြိုမှာပေးထားပုံရတယ် ထမင်းဘူးရေပါအပါ ဘတ် ၆၀ ။ သက်သာသား။ ထမင်းဘူးကတော့နေ့လည် ၂ နာရီကျော်မှရတယ်။
ရထားပေါ်မှာ aircon ကနည်းနည်းအေးတော့ အအေးကြောက်ရင် ပုဝါ သို့ အနွေးထည်လေးတော့ ဆောင်ထားဖို့လိုမယ်

🚧

အပြန်

မင်မင်တို့ အိပ်စင် 2nd class aircon နဲ့ပြန်လာတယ်
စားသောက်တွဲပါတယ်
ဘယ်ရမလဲ မင်မင်တယောက်စပ်စုပီလေ….စားသောက်တွဲကိုတွဲတွေအများကြီးဖြတ်ပီးရောက်အောင်သွားတယ်
Coffee မှာသောက်တယ် ဘတ် ၄၀ ။ နည်းနည်းစျေးကြီးတယ်လို့ထင်တယ် ကော်ဖီက အမှုန့်ရိုးရိုးနှပ်
အာလူးကြော် ဘတ် ၃၀ စျေးကြီး
ရေကတော့ ၁၀ ဘတ်

သက်သာတာကတော့ ခေါက်ဆွဲဘူးလေးတွေ ဘတ် ၃၀ ဘဲ
သူတို့ menu card မှာတော့မပါဘူးကိုက ဟိုအရောက်သွားစပ်စုထားလို့
စားသောက်တွဲကခုံတွေကတော့တော်တော်စုပ်တယ်
အိပ်စင်ရဲ့ခုံတွေက မအိပ်ခင်အောက်မှာ ၂ ယောက်ထိုင် မျက်နှာချင်းဆိုင် ( 2nd class sleeping seat ကိုပြောတာနော်)
ည၈နာရီလောက်ကြတော့ အိပ်ယာလိုက်ခင်းပေးတယ် အပေါ်ခုံဝယ်ထားတဲ့သူက အပေါ်တက်တော့ပေါ့ တမိသားစုတည်းမဟုတ်ကြဘူးဆိုရင်လေ
အိပ်ယာလေးတွေကသန့်ပီးဆပ်ပြာနံ့မွှေးနေတယ်။
ဇိမ်ဘဲ😇
ဖုန်းလေးပွတ်၊ လှုပ်တုပ်လှုပ်တုပ် နဲ့ ခနနေအိပ်ပျော်ပီး အိပ်ယာသိမ်းမယ့် staff က မနည်းလိုက်နှိုးရတယ်😋

Thailand domestic flight တွေစျေးကြီးရင် လမ်းခရီးမှာ ဟိုကြည့်ဒီကြည့်လဲကြည့်ချင်တယ်ဆိုရင်တော့ စျေးသက်သာ၊ ပျော်ဖို့လဲကောင်းပီးအရမ်းလဲမပင်ပန်းတဲ့ ရထားစီးဖို့အားပေးပါတယ်

မင်မင့် review လေး ကလုံးဝမစီးဘူးသေးတဲ့သူတွေအတွက် ဗဟုသုတရအချို့ရခဲ့မယ်လို့မျှော်လင့်ပါတယ်ရှင်



မင်မင့်ပုံလေးကတော့ ရူပါဒါနပါတခါတည်းပြုတာပါ🤭

🇹🇭ထိုင်းနိုင်ငံအတွင်း🇹🇭🚂ရထားလက်မှတ်🚌ကားလက်မှတ်🏩ဟိုတယ်ဘိုကင်တို့ကို လူကြီးမင်းတို့စိတ်တိုင်းကျ နန်းသစ္စာမှာယူရရှိနိုင်ပါပ...
15/01/2024

🇹🇭ထိုင်းနိုင်ငံအတွင်း🇹🇭

🚂ရထားလက်မှတ်
🚌ကားလက်မှတ်
🏩ဟိုတယ်ဘိုကင်

တို့ကို လူကြီးမင်းတို့စိတ်တိုင်းကျ နန်းသစ္စာမှာယူရရှိနိုင်ပါပြီရှင်

🚘 car rental service (ချင်းမိုင်၊ ချင်းရိုင်၊ ရွှေတြိဂံ၊ မယ်ဆိုင်) တို့အတွက်လဲရရှိနိုင်ပါပြီရှင်








Nang Thit Sar Travel
Room(1), Building (4/4), Shwe Ohn Pin Housing (4), Yankin township
09401875567
09772698159

Train to Chaing Mai🚂🚂🚂ချင်းမိုင်မှာခုချိန် ဆို Sakura လေးတွေပွင့်နေပီလားသွားကြည့်ရအောင်ခရီးသွားချစ်သူလေးများ အတွက်Admin ...
09/01/2024

Train to Chaing Mai
🚂🚂🚂
ချင်းမိုင်မှာခုချိန် ဆို Sakura လေးတွေပွင့်နေပီလား
သွားကြည့်ရအောင်
ခရီးသွားချစ်သူလေးများ အတွက်
Admin ရဲ့ budget trip experience လေးကို review လေးနဲ့တကွ မကြာခင်တင်ပေးမှာမလို့
စောင့်မျော်အားပေးကြပါအုံးရှင်🫶



Nang Thit Sar ရဲ့ 4D/3N ချင်းမိုင်၊ ချင်းရိုင် ၊ ရွှေတြိဂံ Tour package လေးကိုယုံကြည်စွာဖြင့် ဝယ်ယူအားပေးခဲ့သော ဆရာ Dr Y...
04/01/2024

Nang Thit Sar ရဲ့ 4D/3N ချင်းမိုင်၊ ချင်းရိုင် ၊ ရွှေတြိဂံ Tour package လေးကိုယုံကြည်စွာဖြင့် ဝယ်ယူအားပေးခဲ့သော ဆရာ Dr Ye Naing Oo မိသားစုရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ဂုဏ်ယူစွာဖြင့် ပြန်လည်မျှဝေပါရစေရှင်🥰🥰🥰

ဆက်သွယ်အားပေးခဲ့ကြသော မယဉ်၊ ဆရာနဲ့ မငြိမ်း တို့မိသားစုအားလုံးလဲ ဒီထက်မကအောင်မြင်ပျော်ရွှင်ပါစေ၊ စီးပွါးလဘ်လာဘများလဲဒီရေအလားတိုးတက်ပါစေလို့ Nang Thit Sar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်
🙏

နန်းသစ္စာမိသားစုမှ

👩‍💻ပြည်တွင်းပြည်ပ ​လေယာဥ်လက်မှတ်များ
👩‍💻ပြည်တွင်းပြည်ပ ဟိုတယ်ဘိုကင်ဝန်​ဆောင်မှု
👩‍💻ပြည်တွင်းကားလက်မှတ်များ online မှဝယ်ယူခြင်း
👩‍💻Tour packages များ

အတွက်
Phone, Viber, Line, Signal
📌09772698159
📌09401875567

နှင့် page messenger

တို့သို့ဆက်သွယ်​အား​ပေးဝယ်ယူနိုင်ကြပါတယ်ရှင်💝







Address

Yangon

Telephone

+959772698159

Website

Alerts

Be the first to know and let us send you an email when Nang Thit Sar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nang Thit Sar Travel:

Videos

Share

Category

Nearby travel agencies


Other Travel Companies in Yangon

Show All