ARKAR Travel

ARKAR Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ARKAR Travel, Travel Agency, 9B Thiri Mingalar Street, Sanchaung Township, Yangon.

ကတ္တရာ လမ်းဟောင်းကိုဖျက်ပြီးလမ်းသစ်ခင်းနေတာ။ အခုမြင်ရတဲ့ ယတ္တရားယာဉ်တန်းဖြတ်သွားပြီးတာနဲ့ လမ်းဟောင်းကိုခွါပြီး လမ်းသစ်ခင...
02/03/2024

ကတ္တရာ လမ်းဟောင်းကိုဖျက်ပြီးလမ်းသစ်ခင်းနေတာ။ အခုမြင်ရတဲ့ ယတ္တရားယာဉ်တန်းဖြတ်သွားပြီးတာနဲ့ လမ်းဟောင်းကိုခွါပြီး လမ်းသစ်ခင်းပြီးသားဖြစ်သွားတယ်။
လမ်းဟောင်းတူးဆွတဲ့ယာဉ်က ကတ္တရာလမ်းသားကိုခွါပြီးအရှေ့မှာရပ်ထားတဲ့ ကားပေါတင်တယ်။ ခွါပြီးသားအကျန်ကိုအနောက်မှာပါတဲ့စက်က ခြစ်ထုတ်ရှင်းတယ်။ ပြီးတာနဲ့ ကတ္တရာရည်ဖြန်းပြီး အနောက်ကလမ်းခင်းစက်က လမ်းအသစ်လွှာခင်းပေးတယ်။ အဲဒီနောက်က လမ်းကြိတ်စက်က မျက်နှာညီဖို့ အသားသေဖို့တက်ကြိတ်တယ်။
ဒါဆိုလမ်းသစ်ခင်းတာပြီးပြီ။
အဲဒီမှာမေးစရာရှိတယ်။ ဒီလိုလမ်းသစ်ခင်းပြီးရင် ဘယ်နှစ်ရက်စောင့်ရမလဲ။ လမ်းပေါ်ကားတက်မောင်းဖို့။ ဟုတ်ကဲ့။ ဘယ်နှစ်ရက် ၊ နာရီ မှမစောင့်ရပါဘူး။ လမ်းခင်းယာဉ်တန်းကြီးထွက်သွားတာနဲ့ အနောက်ကနေ လမ်းပေါ် အသင့်တက်မောင်းနိုင်ပါပြီ။ (တချို့နိုင်ငံမှာ လမ်းသစ်ခင်းပြီးရင် တစ်ပတ်လောက် ကြိုးတားပြီးပိတ်ထားတာထားတာ တွေ့ဖူးတယ်။ နည်းပညာကွာတာပေါ့)

20/02/2024

တရုပ် နဂါးနှစ် အထိမ်းအမှတ် ‌အနေနဲ့ Marina Bay area မှာ Drone ပေါင်း ၁၅၀၀ အသုံးပြုပြီး Drone Dragon Show ပြသွားတာဖြစ်ပါတယ်။

31/12/2023

New Year Countdown @ Marina Bay

သာမန် ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံထဲက ရှင်ပြု နားသ အခမ်းအနားလို့ထင်မိမှာပါ။ ဓာတ်တော်တိုက်ကျောင်း (စင်္ကာပူမြို့) က ဒီ...
03/12/2023

သာမန် ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံထဲက ရှင်ပြု နားသ အခမ်းအနားလို့ထင်မိမှာပါ။ ဓာတ်တော်တိုက်ကျောင်း (စင်္ကာပူမြို့) က ဒီနေ့ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။ 🙏🙏🙏

🙏🙏🙏ရေခြား မြေခြား တစ်တိုင်းတစ်ပြည်ရောက်နေသော်လည်း မိမိတို့ရဲ့ ဘာသာ ၊ ယဉ်ကျေးမှု ၊ လူမှုရေး ထုံးတမ်းစဉ်လာတွေကို ဆက်လက်ထိန...
02/12/2023

🙏🙏🙏ရေခြား မြေခြား တစ်တိုင်းတစ်ပြည်ရောက်နေသော်လည်း မိမိတို့ရဲ့ ဘာသာ ၊ ယဉ်ကျေးမှု ၊ လူမှုရေး ထုံးတမ်းစဉ်လာတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရပ်ခြားမှာ မွေးဖွားတဲ့ မျိုးဆက်သစ်အတွက်ပါ အတွေ့အကြုံ ဗဟုသုတ ရရှိစေပါတယ်။ (ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဓာတ်တော်တိုက်ကျောင်း (စင်္ကာပူ) ရဲ့ မဟာဘုံကထိန်ပွဲမှတ်တမ်းပါ)။ 🙏🙏🙏

ခရစ်စမတ်နေ့ နီးလာတော့ Marina Bay Sanda Shopping Centre ထဲမှာ မီးနဲ့ ပန်းအလှ ဆင်ထားတာ 🌲🛎️🎁🔔
01/12/2023

ခရစ်စမတ်နေ့ နီးလာတော့ Marina Bay Sanda Shopping Centre ထဲမှာ မီးနဲ့ ပန်းအလှ ဆင်ထားတာ 🌲🛎️🎁🔔

မြိုပြတွေမှာ အိမ် ရုံး စျေး ကျောင်း စက်ရုံ အလုပ်ရုံ တွေရှိရုံနဲ့ မပြည့်စုံပါ။ ကျန်းမာရေး ၊ ကိုယ်စိတ် အပန်းဖြေဖို့အတွက် လ...
03/10/2023

မြိုပြတွေမှာ အိမ် ရုံး စျေး ကျောင်း စက်ရုံ အလုပ်ရုံ တွေရှိရုံနဲ့ မပြည့်စုံပါ။ ကျန်းမာရေး ၊ ကိုယ်စိတ် အပန်းဖြေဖို့အတွက် လေကောင်းလေသန့်ရပြီး သဘာဝအလှတရားနဲ့ပြည့်စုံတဲ့ ပန်းခြံ ဥယျာဉ်တို့ရှိဖို့လဲ လိုပါတယ်။
လမ်းလျှောက်မယ် ၊ jogging ပြေးမယ်၊ ကလေးတွေဆော့ကစားမယ် ၊ အပေါင်းအသင်းတွေနဲ့တွေ့ကြပြောကြမယ်၊ စက်ဘီးစီးမယ်။ ဒါအပြင် အာဝုလေးတွေ လွတ်လွတ်လပ်လပ် ပြေးဆော့မယ်။ သဘာဝ အတိုင်းရှိနေတဲ့ ကြက် ဌက် ငါး သတ္တဝါလေးတွေလဲ တွေ့ရမယ်။ စားသောက်ဆိုင်တို့ ကျန်းမာရေးနဲ့အလှ ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေလဲရှိတယ်။
ကိုယ်စိတ် ကျန်းမာ ပျော်ရွင်ရေး လူမှုဘဝ မြင့်တင်ရေးအတွက် အထောက်အကူပြုတယ် ။

Go Kart တကယ်မောင်းကြည့်တော့ သာမန်ကားတွေမောင်းတာလိုမျိုး သက်တောင့်သက်သာတော့ မရှိဘူးပေါ့။ စိတ်ဓါတ် သန်မာဖို့၊ ဖြတ်လတ်ဖို့၊...
02/10/2023

Go Kart တကယ်မောင်းကြည့်တော့ သာမန်ကားတွေမောင်းတာလိုမျိုး သက်တောင့်သက်သာတော့ မရှိဘူးပေါ့။ စိတ်ဓါတ် သန်မာဖို့၊ ဖြတ်လတ်ဖို့၊ ဇွဲကောင်းဖို့ ၊ ရဲစွမ်းသတ္တိရှိဖို့ စတာတွေတော့လိုမယ်။

02/10/2023

Go-Karting လို့ခေါ်တဲ့ indoor ကားမောင်းပြိုင်ပွဲ ရုံပါ။

Night scenery around the marina bay area in Singapore. စင်ကာပူနိုင်ငံ Marina Bay ဒေသရဲ့ ညရှုခင်း
30/09/2023

Night scenery around the marina bay area in Singapore.

စင်ကာပူနိုင်ငံ Marina Bay ဒေသရဲ့ ညရှုခင်း

Virtual Reality (VR) လို့ခေါ်တဲ့ အရုပ်မြင် အသံကြားနိုင်တဲ့ မျက်မှန် Goggle တပ်ပြီး တကယ့် အထဲက အတိုင်း ရောက်ရှိခံစား လိုတ...
28/09/2023

Virtual Reality (VR) လို့ခေါ်တဲ့ အရုပ်မြင် အသံကြားနိုင်တဲ့ မျက်မှန် Goggle တပ်ပြီး တကယ့် အထဲက အတိုင်း ရောက်ရှိခံစား လိုတယ်ဆိုရင်တော့ Singapore က Sentosa ကျွန်းထဲက HeadRocknVR ကိုသာပြေးလာခဲ့ပါ။

လူကြီးတွေကစားဖို့ ၈ မျိုးရှိတယ်။ အသက် ၉ နှစ်အောက် ကလေးတွေအတွက်လဲ သီးသန့်ရှိတယ်။

Strom Blizzard ,ဆိုရင် ရေခဲပြင်ထဲမှာ ခွေးလှည်းစီးရင်း မြေခွေးရိုင်း တွေနဲ့တွေ့ ဆီးနှင်းမုန်တိုင်းတိုက် တဲ့ မြင်ကွင်း အသံ အအေးဓာတ် လေတိုက်နှုန်းတွေပါ ခံစားရတာမို့ အဲ့ဒီနေရာ တကယ့် ရောက်နေတဲ့အလား ခံစားရတယ်။

Skyscraper ဆိုရင်လဲ တိုက်အမြင့်ကြီးကို အပြင်ဖက်ကတပ်ထားတဲ့ ဆောက်လုပ်ရေးသုံး ဓါတ်လှေကားနဲ့တက်သွားပြီး ကောင်းကင်အမြင့်မှာ ရန်သူတွေကို laser gun နဲ့နှိမ်နင်းတာတွေ၊ ထုတ်တန်း လေးပေါ်လမ်းလျှောက်ပြီး အစွန်ဆုံးမှာထောင်ထားတဲ့ ဗုံးစနက်တံကို ဖြုတ်ရတာက ရင်ခုန် အသဲယားစရာ ခံစားရပါတယ်။

27/09/2023

Sky Helix ရှုခင်းကြည့် မျှော်စင်
စင်ကာပူနိုင်ငံ Sentosa အပန်းဖြေကျွန်း မှာရှိတယ်။ တခါစီးရင် ၁၅ မိနစ်လောက် ကြာတယ်။ ‌ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၈၀ (ပေ ၂၄၀) လောက်အထိ တက်သွားပြီး ပတ်ဝန်းကျင် ၃၆၀ ဒီဂရီ ပတ်လည် ရှုခင်းကို ကြည့်လို့ရတယ်။
အပေါ်ကို တက်သွားတဲ့အခါ ‌ခြေတောက်အောက်မှာဟင်းလင်းပြင်ကြီး၊ ဘာမှအောက်ခံမရှိပါ။ ‌ခြေညှပ်ဖိနပ်နဲ့ဆို ဖိနပ်အောက်ပြုတ်ကြနိုင်တယ်။
ရှုခင်းကြည့်ရင်းနဲ့ အအေးသောက်လို့ရတယ်။ လက်မှတ်ဝယ်ရင် အအေးဗူး လက်ဆောင် ပေးတယ်။ ဒီရောက်တဲ့အခါ စီးကြည့်သင့်တယ်။


ဒီတစ်ခေါက် တော့ စင်ကာပူကို လာလည်တဲ့အခါ နာမည်ကြီး Sentosa ကျွန်း မှာရှိတဲ့ Palawan beach အကြောင်းပြောချင်ပါတယ်။ ဒီ ကမ်းခြ...
25/09/2023

ဒီတစ်ခေါက် တော့ စင်ကာပူကို လာလည်တဲ့အခါ နာမည်ကြီး Sentosa ကျွန်း မှာရှိတဲ့ Palawan beach အကြောင်းပြောချင်ပါတယ်။ ဒီ ကမ်းခြေကတော့ ကျွန်းရဲ့ အလယ်ဖက် မှာရှိပါတယ်။ အထူးသဖြင့် အောက်မှာပြောပြထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။

* Splash tribe ( ကလေးများ လူကြီးများ ရေထဲမှာ ကစားနိုင်တဲ့ ကစားကွင်းလေး ၊ ရေပန်း ဥယာဥ်တစ်ခု ပေါ့။
* Ultra Golf (၁၈ ကျင်းပါတဲ့ ဂေါက်သီးရိုက်ကွင်းကလေးပေါ့။ ‌လူကြီးရော ကလေးကော ရိုက်လို့ရတယ်)
* + Twelve beach club (ဒီနေရာကတော့ ၁၆ နှစ်အထက် လူကြီးတွေ အပန်းဖြေတဲ့ beach club လေးပါ။ DJ music တွေနားထောင်ခံစားပြီး ၊ အသောက်အစားစုံလင်စွာနဲ့ ပင်လယ်ပြင်ကို မျက်နာမူပြီး သဘာဝ အလှကို ခံစားနိုင်ပါတယ်။ အထပ်မြှင့်ထားတဲ့ ကိုယ်ပိုင် ရေကူးကန်ကလေးပါတဲ့ Cabana အခန်းကိုဌားပြီး ကိုယ့်မိသားစုတွေ သူငယ်ချင်းတွေနဲ့ ကဲလို့ရတာ ပေါ့)
* HydroDash (ပင်လယ်ရေ ပေါ်မှာ လေထိုးထားတဲ့ အိတ်တွေ အများကြီးချိတ်ဆက်ထားတယ်။ အဲဒီအပေါ် မှာ လမ်းလျှောက်သွားပြီး ဆော့ ကစားလို့ရတယ်။ အုပ်စုလိုက် ပြိုင်လို့ရတယ်)

,ဒီနေရာကတော့ အာရှတိုက်ရဲ့ တောင်ဖက်အစွန်ဆုံး ကျတဲ့နေရာ Southern Most Point of Continental Asia ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမ...
23/09/2023

,ဒီနေရာကတော့ အာရှတိုက်ရဲ့ တောင်ဖက်အစွန်ဆုံး ကျတဲ့နေရာ Southern Most Point of Continental Asia ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ ဆန်တိုစာ ကျွန်း Sentosa Island ရဲ့ တောင်ဖက်က Palawan Island ကျွန်းသေးသေးလေးနေရာဖြစ်ပါတယ်။ ရှူခင်းကြည့်ဖို့ မျှော်စဉ် ၂ ခုရှိပါတယ်။ ပတ်ဝန်းကျင် အရမ်းသာယာပြီး၊ ရေကူးလို့ကောင်းပါတယ်။ တချို့အဖွဲ့တွေက အစားအသောက်တွေယူလာပြီး ပျော်ပွဲစားထွက်ကြပါတယ်။

22/09/2023

Light and music show at Gardens by the bay , Singapore.

👉Jewel @ Changi Airport Singapore👈စင်ကာပူနိုင်ငံ လေဆိပ်မှာရှိတဲ့ ဖန်လုံ အဆောက် အဦ ကြီးထဲက ဘက်စုံသုံးအဆောက်အအုံပေါ့။ Term...
17/09/2023

👉Jewel @ Changi Airport Singapore👈

စင်ကာပူနိုင်ငံ လေဆိပ်မှာရှိတဲ့ ဖန်လုံ အဆောက် အဦ ကြီးထဲက ဘက်စုံသုံးအဆောက်အအုံပေါ့။ Terminal 1 မှာရှိတယ်၊ Terminal 2 and 3 တို့နဲ့ တံတားနဲ့ဆက်ထားတယ်။ စင်္ကာပူဒေါ်လာ ၁.၇ ဘီလီယံ ကုန်ကျပြီး ဧရိယာ ၉ ဧက ကျယ်တယ်။ အိုအေစစ် မြို့ကလေးတခုလိုပဲ။ Flight check-in လုပ်တဲ့နေရာ၊ အနားယူခန်း၊ ဟိုတယ်၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ shopping centers ၊ ကလေးကစားကွင်းစတာတွေရှိတယ်။
အဓိက နေရာကတော့ မီတာ ၄၀ မြင့်တဲ့ ရေတံခွန်နဲ့ ရေဝဲကတော့ ဖြစ်တယ်။ အဆောက်အအုံထဲက ရေတံခွန်အနေနဲ့တော့ ကမ္ဘာ့အကြီးဆုံးဆိုပဲ။ ရေကျနေတာတွေ အရမ်းကြည့်လို့ကောင်းတယ်။ အဲဒီဘေးကနေပြီး မိုးပျံရထား Sky Train လည်းသွားနေတယ်။ ကျောက်တောင်တွေ၊ သစ်ခွပန်းမျိုးစုံ၊ သစ်ပင်ပန်းမာန်တွေနဲ့အရမ်းလှတယ်။ ကျောက်တောင်ဘေးကနေ တောင်ဆိပ်တွေသွားသလိုမျိုး သွားလို့ရအောင် လှေကားလမ်းရှိတယ်။ ဒါ့အပြင် canopy ကောင်းကင်ကြိုးတံတား (ကြမ်းခင်းကိုမှန်ခင်းထားတယ်) ၊ သစ်တာထဲမှာ လျှောက်လည်တဲ့အရသာမျိုးပေးတဲ့ပန်းခြံတွေ၊ ကလေးကစားကွင်းတွေ၊ မြူမှုန်ဖြန်းထွက်တဲ့မြက်ခင်း၊ ပိုက်ကွန်ပေါ်မှာလမ်းလျှောက်လို့ရတဲ့နေရာ၊ ဝင်္ကဘာလမ်းတွေ စတဲ့စိတ်ဝင်စားစရာနေရာတခုဖြစ်တယ်။ ဒီအထဲမှာ လျှောက် ကြည့်ဖို့ အနည်းဆုံး ၂ နာရီအချိန်ပေးရမယ်။
ဟိုးအရင်တုန်းက စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင်ကားတွေကလိုမျိုး အခုမြင်နေရတယ်။
👏အမြဲတမ်းဆန်းသစ်တီထွင်နေတဲ့ 👏“ 👍SINGAPORE”👍

16/09/2023

Formula 1 ကားမောင်းပြိုင်ပွဲက စင်ကာပူမှာ ညအချိန် မှာ ပြိုင်ပါတယ်

15/09/2023
ပြိုင်ကားကွင်းပတ်လည် မြင်ကွင်း
15/09/2023

ပြိုင်ကားကွင်းပတ်လည် မြင်ကွင်း

15/09/2023

Singapore Grand Prix Formula 1 ကားမောင်းပြိုင်ပွဲ Day 1 စတင်ပါပြီ။ ဒီနေ့က driver တွေ practise မောင်းတဲ့နေ့ပါ။

15/09/2023

Singapore နိုင်ငံမှာ ကျင်းပမယ့် Grand Prix Formula 1 ကားမောင်းပြိုင်ပွဲ ကို (၁၅ ရက်ကနေ ၁ရ ရက်နေ့ ) အထိကျင်းပမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြိုင်ပွဲဝင် ကားမောင်းသူများ စတင်လေ့ကျင့်မောင်းနှင်မှာဖြစ်ပါတယ်။

Shwe Dagon Pagoda is the most sacred and impressive Buddhist site in Myanmar, and it is a repository of the best in Myan...
15/09/2023

Shwe Dagon Pagoda is the most sacred and impressive Buddhist site in Myanmar, and it is a repository of the best in Myanmar heritage, architecture, sculpture and arts.
This pagoda has been constructed in more than 2500 years ago. It enshrines strands of Buddha's hair and other holy relics.
It is located in west of the Royal Lake on 114 -acre Singuttara Hill in Yangon.
From a humble beginning of 8.2 meters, the Shwe Dagon Pagoda today stands close to 110 meters.
Shwe Dagon Pagoda is covered with hundreds of gold plates and the top of the stupa is encrusted with 4531 diamonds; the largest of which is a 72 carat diamond.

Address

9B Thiri Mingalar Street, Sanchaung Township
Yangon

Alerts

Be the first to know and let us send you an email when ARKAR Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ARKAR Travel:

Videos

Share

Category


Other Travel Agencies in Yangon

Show All