Aung Si Taw-2 Travel and Tour

Aung Si Taw-2 Travel and Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Si Taw-2 Travel and Tour, Travel Company, No(16)3Floor(A), Bo Tayza Street, Bo Tun Zan Quarter, Daw Pon Township, Yangon.

03/05/2024

၁.၅.၂၀၂၄ကသွားခဲ့သော Day Trip
ဇလွန်ပြည်တော်ပြန် ခရီးစဥ် ...အမှတ်တရ

#ခရီးသွာကြမယ်



#ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

🌼တစ်ရက်တည်းပိတ်တဲ့ရက်လေးတွေမှာ အပန်းဖြေ ချင်တဲ့သူလေးတွေအတွက် နေ့ချင်းပြန်ခရီးတိုလေး (၂)ခုနဲ့ မိတ်ဆက်ပေးပါရစေ....🌼ခရီးအဝေ...
23/04/2024

🌼တစ်ရက်တည်းပိတ်တဲ့ရက်လေးတွေမှာ အပန်းဖြေ ချင်တဲ့သူလေးတွေအတွက် နေ့ချင်းပြန်ခရီးတိုလေး (၂)ခုနဲ့ မိတ်ဆက်ပေးပါရစေ....

🌼ခရီးအဝေးကြီးလည်း မသွားချင်ဘူး ...
ညအိပ်ခရီးလည်းအဆင်မပြေဘူးဆိုတဲ့ သူလေးတွေအတွက် နေ့ချင်းပြန်သွားလို့ရတဲ့

🌼ခရီးစဥ်(၁)
🌼ဇလွန်ပြည်တော်ပြန်ဘုရား
🌼ကျိုက္ကလွန်ပွန်းဘုရား
🌼ညောင်တုန်း ကြေးသွန်းဘုရား
🌼ဥမ္မာဒန္တီကမ်းခြေ

🌼ခရီးစဥ်(၂)
🌼ဆယ်အိမ်တန်းကမ်းခြေ
🌼တွံတေးပေါင်းတော်ချုပ်
🌼တွံတေးရွှေဆံတော်
🌼ကျိုက်ဖူး၊ကျိုက်ပါ

🌼ခရီးစဥ်တစ်ခုကို တစ်ဦးကိုမှ ၂၅၀၀၀ကျပ်ထဲမို့ လိုက်ချင်တဲ့သူလေးတွေစရင်းပေးလို့ရပါပြီခင်ဗျ...

🌼လက်မှတ်ဖြတ်လျှင် (50%)Depositကြိုပေးရပါမယ်ခင်ဗျ
🌼(5)နှစ်အောက်ကလေးများအတွက် FREE
လက်မှတ်ဝယ်စရာမလိုပါဘူးခင်ဗျ

🌼ခရီးစဥ်တွေ ပါဝင်သော ဝန်ဆောင်မှုများကတော့
👉 ခရီးသွားအာမခံ
👉👉စနိုးတာဝါ ၊ရေသန့်
👉👉👉 ဝန်ဆောင်မှုကောင်းသော ကားဆရာများ နှင့် tour guide
👉👉👉👉ကျန်းမာရေး အတွက် ဆေးဝါးများ..

🌼ခရီးစဥ်တွင် လိုက်ပါ့မည့် ခရီးသွားမိဘပြည်သူများ
မှတ်ပုံတင် ယူလာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ.....🤗

🌼လူဦးရေ အနည်းအများပေါ်မူတည်ပြီး ကား​အပြောင်းအလဲလေးရှိပါမယ်ခင်ဗျ....

🌼လက်မှတ်များမှာယူလိုပါက
☎️09-781406604(ဒေါပုံရုံး)
📍အမှတ်(၁၆)၃လွှာ(က)၊ဗိုလ်တေဇလမ်း၊ဗိုလ်ထွန်းဇံရပ်ကွက်၊ဒေါပုံမြို့နယ်

🌼ခရီးသွားမိဘပြည်သူများ စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏

#ဇလွန်ပြည်တော်ပြန်ဘုရား
#ဆယ်အိမ်တန်းကမ်းခြေ

#ခရီးသွားကြမယ်



သင်္ကြန်ကာလအတွင်း Royal Aung Si Tawကို ယုံယုံကြည်ကြည်နဲ့ ကားငှားကြသော မိတ်ဆွေများHotel Booking လုပ်ပေးရသော မိတ်ဆွေများ အ...
20/04/2024

သင်္ကြန်ကာလအတွင်း Royal Aung Si Tawကို ယုံယုံကြည်ကြည်နဲ့ ကားငှားကြသော မိတ်ဆွေများ
Hotel Booking လုပ်ပေးရသော မိတ်ဆွေများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်....

Royal Aung Si Tawမှာ ပြည်တွင်းခရီးသွားဝန်ဆောင်မှုများအပြင် ကားစီးလုံးငှားခြင်း၊Hotel Bookingလုပ်ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်ခင်ဗျ .....

မိတ်ဆွေတို့ ခရီးသွားဖို့အတွက် အဆင်ပြေချောမွေ့စွာသွားနိုင်ဖို့အတွက် Royal Aung Si Taw နဲ့ ဆက်သွယ်လိုက်ပါခင်ဗျ.....

🏡လိပ်စာ-အမှတ်(၁၆)ဒုတိယထပ်-က,ဗိုလ်တေဇလမ်း,ဗိုလ်ထွန်းဇံရပ်ကွက်,ဒေါပုံမြို့
☎️၀၉ ၇၈၁၄၀၆၆၀၄


#ခရီးသွားကြမယ်

တပေါင်းလပြည့်နေ့  အဖေများနေ့မှာ ကမ္ဘာပေါ်ရှိသော အဖေများအားလုံး ကျန်းမာချမ်းသာကြပါစေ...🙏🙏🙏
24/03/2024

တပေါင်းလပြည့်နေ့
အဖေများနေ့မှာ ကမ္ဘာပေါ်ရှိသော
အဖေများအားလုံး ကျန်းမာချမ်းသာကြပါစေ...🙏🙏🙏

05/03/2024

သွားတော့မယ်.....ရောက်ပြီ ...🥰🥰🥰


#ခရီးသွားကြမယ်


#အောင်စည်တော်

Royal Aung Si Tawနဲ့လိုက်ခဲ့ကြတဲ့ အချောလေးတွေ တယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ 🥰🥰🥰အဆင်မပြေမှုတွေ လိုအပ်ချက်တွ...
13/02/2024

Royal Aung Si Tawနဲ့လိုက်ခဲ့ကြတဲ့ အချောလေးတွေ

တယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ 🥰🥰🥰

အဆင်မပြေမှုတွေ လိုအပ်ချက်တွေများရှိရင်လည်း တောင်းပန်ပါတယ်ခင်ဗျ....🙏🙏🙏

နောက်ထပ်ခရီးတွေမှာ ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပြီး အတူခရီးတွေထပ်သွားချင်ပါတယ်ခင်ဗျ....

မိတ်ဆွေများအားလုံးကိုဖိတ်ခေါ်ပါတယ်....

ခုနစ်ရက်သားသမီးများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ 🥰🥰🥰

အပြန်ဝင်ဖူးခဲ့တဲ့နေရာလေးတွေ....🥰🥰🥰
12/02/2024

အပြန်ဝင်ဖူးခဲ့တဲ့နေရာလေးတွေ....
🥰🥰🥰

ပိတ်ရက်တာ Royal Aung Si Taw ကျိုက်ထီးရိုးဘုရား ရောက် အမှတ်တရ 🥰🥰🥰
11/02/2024

ပိတ်ရက်တာ Royal Aung Si Taw ကျိုက်ထီးရိုးဘုရား ရောက် အမှတ်တရ 🥰🥰🥰

10/02/2024

အမောတွေပြေသွားရအောင် Royal Aung Si Tawနဲ့ အတူသွားကြမယ်လေ....🥰🥰🥰

🌼စာမေးပွဲတွေလည်း ပြီးလို့ ကလေးတွေနဲ့ အပန်းဖြေရမလား🤔 ဘုရားလည်းဖူးရမလား🤔 ရွေးရခက်နေတဲ့ မင်မင်ရဲ့ ချစ်မိတ်ဆွေတွေအတွက် ဘုရား...
04/02/2024

🌼စာမေးပွဲတွေလည်း ပြီးလို့ ကလေးတွေနဲ့ အပန်းဖြေရမလား🤔 ဘုရားလည်းဖူးရမလား🤔 ရွေးရခက်နေတဲ့ မင်မင်ရဲ့ ချစ်မိတ်ဆွေတွေအတွက်
ဘုရားလည်းဖူးရ အပန်းလည်းဖြေလို့ရမယ့်နေရာမျိုးနဲ့မိတ်ဆက်ပေးချင်ပါခင်ဗျာ...🤗🤗🤗

🌼ရေကစားလို့လည်းရမယ် ...ဘုရားလည်းဖူးလို့ရမယ်....မန်းရွှေစက်တော်ဘုရားပွဲတော်ကို အတန်ဆုံးစျေးနှုန်းလေးနဲ့ သွားချင်တယ်ဆိုရင် 👉Royal Aung Si Taw👈ကို သတိရလိုက်ပါ😍😍😍

🌼ခရီးစဥ် [၁]မန်းရွှေစက်တော်ဘုရားသီးသန့်
🌼[၂ညအိပ် ၃ရက်ခရီး]
🌼 ထမင်း{၃}နပ်ကျွေး
🌼(၁ဦး)ကို [၁၀၀၀၀၀ကျပ်]

🌼(22.3.2024)ညနေ(၇)နာရီတွင် ရန်ကုန်ရွှေမြို့တော်မှထွက်ခွာပြီး လမ်းတွင် ညအိပ်ပါမည်..
🌼(23.3.2024)တွင် လမ်းဘုရားများဖူးမျှော်ပြီး မန်းရွှေစက်တော်တွင် ညအိပ်ပါမည်...
🌼(24.3.2024)တွင်လည်း မန်းရွှေတော်နေ၍ ညအိပ်ပါမည်...
🌼(25.3.2024)တွင် ရန်ကုန်ရွှေမြို့တော်သို့ ပြန်ရောက်ပါမည်ခင်ဗျာ ....

🌼ခရီးစဥ် [၂]မန်းရွှေစက်တော်ဘုရားနှင့်ပုဂံဘုရားအစုံ
🌼[၃ညအိပ် ၄ရက်ခရီး]
🌼 ထမင်း{၅}နပ်ကျွေး
🌼(၁ဦး)ကို [၁၃၀၀၀၀ကျပ်]

🌼(22.3.2024)ညနေ(၇)နာရီတွင် ရန်ကုန်ရွှေမြို့တော်မှထွက်ခွာပြီး လမ်းတွင် ညအိပ်ပါမည်..
🌼(23.3.2024)တွင် လမ်းဘုရားများဖူးမျှော်ပြီး မန်းရွှေစက်တော်တွင် ညအိပ်ပါမည်...
🌼(24.3.2024)တွင်လည်း ပုဂံတွင် ညအိပ်ပါမည်...
🌼(25.3.2024)တွင် ပုဂံဘုရားဘုရားဖူးရင်း ပုဂံတွင် ညအိပ်ပါမည်....
🌼(26.3.2024)တွင် ရန်ကုန်ရွှေမြို့တော်သို့ ပြန်ရောက်ပါမည်ခင်ဗျာ ....

🌼လက်မှတ်ဖြတ်လျှင် (50%)Depositကြိုပေးရပါမယ်ခင်ဗျ
🌼(5)နှစ်အောက်ကလေးများအတွက် FREE
လက်မှတ်ဝယ်စရာမလိုပါဘူးခင်ဗျ

🌼ခရီးစဥ်တွင် ပါဝင်သော ဝန်ဆောင်မှုများကတော့
👉 ခရီးသွားအာမခံ
👉👉စနိုးတာဝါ ၊ရေသန့် ၊ တစ်ခါသုံး သွားပွတ်တံ နှင့် သွားတိုက်ဆေး
👉👉👉 ဝန်ဆောင်မှုကောင်းသော ကားဆရာများ နှင့် tour guide
👉👉👉👉ကျန်းမာရေး အတွက် ဆေးဝါးများ..

🌼ခရီးစဥ်တွင် လိုက်ပါ့မည့် ခရီးသွားမိဘပြည်သူများ
မှတ်ပုံတင် ယူလာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ.....🤗

🌼လက်မှတ်များမှာယူလိုပါက
☎️09-781406604(ဒေါပုံရုံး)
☎️09-250027884(ဂွတ္တလစ်ရုံး)

🌼ခရီးသွားမိဘပြည်သူများ စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏

''မန်းရွှေစက်တော်ဘုရားသမိုင်း''  မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချထားပေးတော် မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထား...
03/02/2024

''မန်းရွှေစက်တော်ဘုရားသမိုင်း''

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချထားပေးတော် မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထားကိုးကွယ်လာခဲ့သော မန်းရွှေစက်တော် ဘုရားများသည် ယနေ့ထက်တိုင် တည်ရှိနေလျှက် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် ရက်ပေါင်းအများဆုံးကျင်းပသော အညာဒေသပွဲတော်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ပြည်သူအများ ကြည်ညိုသဒ္ဓါပွားနိုင်ရန်အလို့ငှာ မန်းရွှေစက်တော်ဘုရားသမိုင်းကို ထပ်မံတင်ပြလိုက် ပါသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ၊ သာ၀တ္ထိမြို့၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်း သုံးနေတော်မူပါတယ်။
ထိုအချိန်မှာ သုနာပရန္တတိုင်း၊ ဝါဏိစ္စဂါမရွာ(ယခု မြန်မာနိုင်ငံ၊ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့) တွင် မဟာပုဏ္ဏနဲ့ စူဠပုဏ္ဏဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ၎င်းညီ အစ်ကိုနှစ်ယောက်ဟာ ကုန်သည်များဖြစ်ကြပြီး၊ တစ်လှည့်စီ လှည်းငါးရာနှင့်အတူ အိန္ဒိယနိုင်ငံသို့ ကူးသန်းရောင်း၀ယ်နေကြပါတယ်။

အကိုဖြစ်သူ မဟာပုဏ္ဏဟာ ကူးသန်းရောင်း၀ယ်သွားရင်း သာ၀တ္ထိမြို့၊ ဇေတ၀န်ကျောင်းတော် အနီးမှာ ခေတ္တရပ်နားတည်းခိုနေစဉ်၊ မြို့သူမြို့သားများဟာ လှူဘွယ်ပစ္စည်းများနှင့်အတူ နေ့စဉ်နံနက် တစ်ကြိမ် ညနေတစ်ကြိမ် ဖြတ်သွားနေကြတာကို မဟာပုဏ္ဏကမြင်တွေ့နေရလို့ မေးမြန်းကြည့်တော့ “မြတ်စွာဘုရားရှင်ပွင့်တော်မူနေပြီဖြစ်ကြောင်း၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပြီး၊ တရားဒေသနာတော်များ ဟောကြားနေကြောင်း၊ ယခု မြတ်စွာဘုရားရှင်အား လှူဒါန်းရင်းနဲ့တရားနာရန် သွားရောက်မည်ဖြစ်ကြောင်း”ဖြေကြားသဖြင့် မဟာပုဏ္ဏလည်း စိတ်၀င်စားကာ အတူလိုက်ပါသွားခဲ့ ပါတယ်။

မဟာပုဏ္ဏဟာ ဘုရားရှင်ရဲ့ တရားတော်ကိုနာယူပြီးတဲ့နောက် ဗုဒ္ဓဘာသာ၀င်ဖြစ်ကာ၊ နောက်တစ်နေ့မှာ ဘုရားရှင်နှင့် နောက်ပါသံဃာငါးရာတို့ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ပြီးလို့ တရားတော်များကိုနာယူပြီးနောက် မဟာပုဏ္ဏဟာ ရဟန်းပြုခွင့်ပေးပါရန် ခွင့်ပန်သဖြင့် ဇေတ၀န်ကျောင်း သို့ခေါ်ပြီး ရဟန်းပြုပေးလိုက်ပါတယ်။ ရဟန်းဖြစ်လာတဲ့ မဟာပုဏ္ဏဟာ အတူလိုက်ပါလာတဲ့ ကုန်သည်များ ကို ဌာနေသို့ပြန်လွှတ်ပြီး ကုန်ပစ္စည်းအားလုံးကိုလည်း ညီငယ်အားအပ်နှံကာ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေ၍ တရားဘာ၀နာများ အားထုတ်နေပါတော့တယ်။

တစ်နေ့မှာ မဟာပုဏ္ဏရဟန်းဟာ သာ၀တ္ထိမြို့ရဲ့ ချမ်းအေးလှတဲ့ ရာသီဥတုဒဏ်ကြောင့် ကောင်းစွာတရားအားမထုတ်နိုင်ဖြစ်သဖြင့် ဌာနေ ဖြစ်တဲ့ ဝါဏိစ္စဂါမရွာသို့ပြန်၍ တရားအားထုတ်ခွင့်ပြုပါရန် ဘုရားရှင်ထံခွင့်တောင်းပါတယ်။ မဟာပုဏ္ဏ ရဟန်းဟာ မြတ်စွာဘုရားရှင်ထံမှ တရားတော်များကို နာယူပြီး၊ ဝါဏိစ္စဂါမရွာသို့ပြန်ကာ ကောင်းစွာ တရားအားထုတ်နိုင်သဖြင့် ထိုနှစ်ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (မြန်မာပြည်ရဲ့ ပထမဦးဆုံးရဟန္တာဖြစ်ပါတယ်။)

ညီဖြစ်သူ စူဠပုဏ္ဏဟာ ကုန်သည်လုပ်ငန်းတွေကို ဆက်လက်တာ၀န်ယူရပါတယ်။ တစ်နေ့မှာ ကုန်ရောင်း၀ယ်အတွက် ခရီးမထွက်မီ အကိုကြီးမဟာပုဏ္ဏရဟန္တာအား ဆွမ်းကပ်လှူခြင်း၊ သီလခံယူ ဆောက်တည်ခြင်းကိုပြုပြီး၊ ယခုထွက်ခွာမည့် ရေလမ်းခရီးကိုစောင့်ရှောက်ပေးပါရန်ပြောကာ သင်္ဘော ခရီးစဉ် စတင်ခဲ့ပါတယ်။

စူဠပုဏ္ဏတို့ ကုန်သည်အဖွဲ့ဟာ ရေလမ်းခရီးသွားနေစဉ်လမ်းမှာ မာလာယုကျွန်းသိ့ုရောက်ရှိကြပြီး ကျွန်းပေါ်တက်ခဲ့ကြပါတယ်။ စားသောက်ရန် ချက်ပြုတ်ဖို့အတွက် ထင်းရှာထွက်ခဲ့ကြပြီး၊ သစ်ပင်များကို ခုတ်လှဲမီးရှို့ကြတဲ့အခါ အလွန်မွှေးကြိုင်လှတဲ့ ရနံ့များရရှိကြသဖြင့် သေချာစစ်ဆေးကြည့်ရှုလိုက်တော့ အလွန်တန်ဖိုးကြီးလှတဲ့ စန္ဒကူး (နံ့သာဖြူ) ပင်တွေဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပါလာတဲ့ ကုန်ပစ္စည်းအားလုံးကို စွန့်ပစ်ပြီး စန္ဒကူးပင်တွေကို ရသလောက်ခုတ်ကာ သင်္ဘောပေါ်တင်ကြတယ်။

အဲဒီအခါ စန္ဒကူးတောဟာ ကုန်လုနီးပါးအထိဖြစ်သွားတော့ အဲဒီစန္ဒကူးတောမှာ နေထိုင်တဲ့ဘီလူးတွေဟာ ဒေါသအမျက်ချောင်းချောင်းထွက်နေကြတယ်။ “ဒီလူသားတွေကို ဒီကျွန်းပေါ်မှာ သတ်ပစ်လိုက်ရင် ပုတ်စော်နံကုန်မှာစိုးလို့ သင်္ဘောထွက်ပြီးမှ နောက်ကနေလိုက်သတ်ပစ်မယ်” လို့လဲ ကြံစည်ကြိမ်းဝါး ထားကြတယ်။

သဘောင်္ထွက်ပြီး မကြာမီမှာပင် မုန်တိုင်းကြီး ရုတ်တရက် စတင်လာပြီး၊ အဲဒီနောက် လေကြမ်း၊ မိုးကြမ်းကျလာကာ ဧရာမလှိုင်းလုံးကြီးတွေ ထောင်တက်လာလိုက်တာ မိုးသက်မုန်တိုင်းကြားမှာ သင်္ဘော ဟာ နစ်တော့မလိုဖြစ်လို့ သဘောင်္သားအားလုံး “ကယ်တော်မူပါ၊ ကယ်တော်မူပါ”လို့ အော်ဟစ်ပြီး ဟိုပြေးဒီလွှာနဲ့ ပြာယာခတ်ကုန်ကြတယ်။ ဘီလူများ စတင်တိုက်ခိုက်နေကြပြီ။ စူဠပုဏ္ဏဟာ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးမှာ သဘောင်္ဦးမှာမတ်တက်ရပ်ပြီး “နောင်တော်ကြီးကယ်တော်မူပါ” လို့ သုံးကြိမ်အော် ၍ အကူအညီတောင်းလိုက်တယ်။

နောင်တော် မဟာပုဏ္ဏရဟန္တာလည်း ကြားရသည့်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ ကြွလာကာ သဘောင်္ဦးမှာရပ်တော်မူပြီး မိုးသက်မုန်တိုင်းကို တန်ခိုးတော်ဖြင့် ရပ်စဲပစ်လိုက်ပါတယ်။ ဒီလိုနဲ့ မဟာပုဏ္ဏရဟန္တာရဲ့ ကျေးဇူးတော်ကြောင့် သင်္ဘောဟာ ဝါဏိစ္စဂါမရွာကို အန္တရာယ်ကင်းဘေးရှင်းစွာ ပြန်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စန္ဒကူးအချို့ကို လှူဒါန်းလာသဖြင့် ၎င်းတို့ကိုကျောင်းတော်ကြီးဆောက်လုပ်ကာ၊ ၎င်းစန္ဒကူးကျောင်းတော်ကြီးကို ဆက်၍လှူဒါန်းမယ်လို့ စိတ်ကူးကာ မဟာပုဏ္ဏရဟန္တာကြီးဟာ မြတ်စွာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ သာ၀တ္ထိပြည်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားပါတယ်။

မြတ်စွာဘုရားရှင်ဟာ မဟာပုဏ္ဏရဲ့အလှူကိုလက်ခံတော်မူပြီး၊ ရှင်အာနန္ဒာအပါအ၀င် အတူ လိုက်ပါမည့် ရဟန္တာ (၄၉၉) တို့ကို စီစဉ်နေတော်မူချိန်မှာ၊ တာ၀တိ`ံသာနတ်ပြည်က သိကြားမင်းရဲ့ (ပန္တုကဗလာမြကျောက်ဖျာ) ကလှုပ်တော်မူတယ်။ အကြောင်းရင်းကို သိကြားမင်းကြည့်လေသော်၊ မြတ်စွာဘုရားရှင် ဝါဏိစ္စဂါမရွာကို ကြွချီဖို့အတွက် ရထားပျံလိုအပ်နေကြောင်း သိရသဖြင့်၊ ရထားပျံ (၅၀၀) ကိုစီမံပြင်ဆင်ပေးတော်မူပါတယ်။ ဘုရားရှင်ဟာ ရဟန္တာ (၄၉၉) ပါးကိုရထားပျံ (၅၀၀)ဖြင့် နောက်ဆုံး ရထားပျံတွင် ရဟန္တာမပါပဲ သုနာမရန္တတိုင်းသို့ ကြွတော်မူပါတယ်။ သုနာပရန္တတိုင်း (မကွေး) သို့မရောက်မီ လမ်းခုလပ် သစ္စာဗန္ဓတောင် အရောက်မှာ ဘုရားရှင်ဟာ ရထားပျံများကို ကောင်းကင်ယံထက်ရပ်တန့်စေပြီး ထိုတောင်ပေါ်သို့ တစ်ပါးတည်းကြွတော် မူပါတယ်။

သစ္စာဗန္ဓတောင်မှာတော့ ယခင်က သစ္စာဗန္ဓမုဆိုးအဖြစ် နေခဲ့ရာမှ ကျွတ်တမ်း၀င်ပြီး ရသေ့၀တ် ကာ ယခု သစ္စာဗန္ဓရသေ့တစ်ပါးနေထိုင်နေပါတယ်။
သစ္စာဗန္ဓမုဆိုးဟာ အရင်ဘ၀က ရွာတစ်ရွာမှာအလွန်ဆိုးသွမ်းတဲ့ နွားလားဥဿဖကြီးဖြစ်ခဲ့ဖူးပြီး၊ ရွာသူရွာသားတွေ ဝိုင်းသတ်ကြလို့ သေဆုံးကာ ယခုဘ၀မှာ “မကုလ”လို့ခေါ်တဲ့ တောင်မှာ ခွန်အားဗလ နဲ့ပြည့်၀တဲ့ မုဆိုးကြီးဘ၀ရခဲ့တယ်။ အရင်ဘ၀က နွားလားဥဿဖကြီးကို သတ်ခဲ့တဲ့ ရွာသူရွာသားတွေ ကတော့ ယခုဘ၀မှာ သမင်၊ ဒရယ်စတဲ့ အဲဒီမုဆိုးကြီးရဲ့ သားကောင်များဖြစ်လို့ နေပါတယ်။
အမဲလိုက်ခြင်းနဲ့အသက်မွေးနေတဲ့ မုဆိုးကြီးဟာ အကုသိုလ်တွေများလွန်းနေတာကို သိလိုက် ရတဲ့ သိကြားမင်းက ဒီဘ၀ကနေကယ်ချွတ်ဖို့ မုဆိုးအသွင်ဖန်ဆင်းပြီး မုဆိုးကြီးလာမည့် လမ်းကနေ စောင့်နေပါတယ်။

မုဆိုးနှစ်ယောက်တွေ့ကြတော့ ဒေသခံမုဆိုးက “ဟေ့ မုဆိုး၊ င့ါပိုင်နက်တောထဲကို ဘာလာလုပ်တာလဲ၊ ခုထွက်သွားစမ်း”လို့ပြောတော့၊ သိကြားမင်းမုဆိုးက “အေနီ ဆိုတဲ့သားကောင် တစ်ကောင်ပျောက်သွားလို့ လိုက်ရှာရင်းနဲ့ ဒီတောထဲထိရောက်လာခဲ့တာ၊ မင်းတွေ့အောင်ရှာပေးရမယ်။ မတွေ့ရင် လျော်ကြေးပေးရမယ်။ မပေးနိုင်ရင် ဒီတောထဲက ထွက်ပေးရမယ်”လို့ပြောပြီး လေးနှင့်မြှား အစုံပေးကာ တောင်ကုန်းတစ်နေရာမှာ ပုန်းကွယ်ပြီး စောင့်ကြည့်နေတယ်။ ၎င်းတောင်ကို “သိကြားပုန်း တောင်” လို့ ယနေ့တိုင် အမည်တွင်ပါတယ်။

ဒေသခံ မုဆိုးဟာ ခွန်အားဗလကြီးမားသော်လည်း လေးနှင့်မြှားကို အကြိမ်ကြိမ်တင်ပါ သော်လည်း ဘယ်လိုမှ တင်မရဖြစ်နေတယ်။ အဲဒီလို ဒုက္ခရောက်နေစဉ်မှာပဲ သိကြားမင်းက ပုန်းကွယ်ရာမှ ထွက်လာပြီး“သင်ဒီဒုက္ခက လွတ်ချင်သလား၊ လွတ်ချင်ရင်ငါ့ရဲ့သစ္စာစကားကို ခံယူရလိမ့်မယ်”“သင်က ဘာမို့လို့ သစ္စာစကားခံယူရမှာလဲ” လို့မေးတော့
“ငါဟာ သိကြားမင်းပဲ”ဟု သိကြားမင်းဟာ မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းပြီး ပြောလိုက်တယ်။
“ဘာသစ္စာခံယူရမလဲ”
“ခုအချိန်ကစပြီး တောလိုက်ထွက်ရင် အထီးသတ္တဝါကိုသာ ပစ်ပါမယ်လို့သစ္စာဆိုပြီး ထွက်ပါ။ အဲဒီနေ့မှာ အထီးသတ္တဝါကိုသာ ပစ်ရမယ်။ နောက်တစ်ရက်ကျရင် အမသတ္တဝါတွေကိုသာ ပစ်ပါ့မယ်လို့ သစ္စာဆိုပြီးထွက်ပါ။ အဲဒီနေ့မှာ အမသတ္တဝါကိုသာပစ်ရမယ်။ လွဲမှားခဲ့ရင် သင်သစ္စာပျက်ပြီ” လို့ သိကြားမင်းကပြောတော့-
“ကောင်းပါပြီ”လို့ မုဆိုးကြီးက သစ္စာပြုလိုက်တယ်။ ဒါကြောင့် သိကြားမင်းက မုဆိုးကြီး အကုသိုလ်တွေမလုပ်ဖြစ်အောင် သစ္စာပြုခဲ့လို့ သစ္စာဗန္ဓမုဆိုးလိ့ုအမည် တွင်ပါတယ်။ “သစ္စာ” ဆိုတာ ကတိသစ္စာ၊ “ဗန္ဓ” ဆိုတာကတော့ နှောင်ဖွဲ့ခြင်း၊ တုတ်နှောင်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ သစ္စာဗန္ဓမုဆိုးကြီးနေတဲ့ တောင်ကိုလည်း “သစ္စာဗန္ဓတောင်” လို့ခေါ်ကြတယ်။

အဲဒီလိုနဲ့ မုဆိုးကြီးဟာ တောလိုက်ထွက်တဲ့အခါ အထီးတွေချည်းပစ်မယ်ဆိုတဲ့နေ့မှာ အမတွေချည်းသာတွေ့ရပြီး၊ အမတွေချည်း ပစ်မယ်ဆိုတဲ့နေ့မှာ အထီးတွေနဲ့ချည်းတွေ့ရတယ်။ အဲဒီရက်တွေမှာ မုဆိုးကြီးဟာ သတ်သတ်လွတ်စားပြီး အချိန်တွေကုန်ခဲ့ရတယ်။ (ဒီလိုဖြစ်အောင်လည်း သိကြားမင်းက တမင်တကာဖန်တီးထားတာလို့ ဆိုပါတယ်) အဲဒီနောက် သစ္စာဗန္ဓမုဆိုးကြီးဟာ စိတ်ပျက်လာပြီး လေးမြှားတွေကို တောင်ပေါ်ကပစ်ချစွန့်ပစ်ကာ အဲဒီတောင်ပေါ်မှာပဲ ရသေ့၀တ်နေ လိုက်တယ်။ သစ္စာဗန္ဓရသေ့လို့ အမည်တွင်ပါတယ်။ အဲဒီ သစ္စာဗန္ဓရသေ့ကြီးကို တရားဟောဖို့ ဘုရားရှင် ဟာ ခေတ္တခဏ သစ္စာဗန္ဓတောင်ပေါ်ကို ကြွရောက်ဆင်းသက်တော် မူလာခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က သစ္စာလေးပါးတရားကို ဟောကြားတော်မူပြီးသည့်အဆုံးမှာတော့ သစ္စာဗန္ဓရသေ့ကြီးဟာ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (သစ္စာဗန္ဓရဟန္တာဟာ မြန်မာပြည်ရဲ့ ဒုတိယမြောက်ရဟန္တာဖြစ်ပါတယ်။ ) အဲဒီနောက် ဘုရားရှင်ဟာ ရထားပျံ (၅၀၀) အနက် လွတ်နေတဲ့ နောက်ဆုံး ရထားပျံမှာ သစ္စာဗန္ဓရဟန္တာကို စီးစေပြီး ဝါဏိစ္စဂါမရွာသို့ ဆက်လက်ကြွမြန်းတော်မူပါတယ်။

ဘုရားရှင်ဟာ မဟာပုဏ္ဏရဟန္တာလှူဒါန်းတဲ့ စန္ဒကူးနံ့သာကျောင်းတော်မှာ (၇)ရက်တိုင် သီတင်း သုံးပြီး နေ့ညမပြတ် တရားဒေသနာများ ဟောကြားတော်မူရာ တစ်ရက်လျှင် လူပေါင်းရှစ်သောင်း လေးထောင် ကျွတ်တန်း၀င်ကြပါတယ်။
ဘုရားရှင်ဟာ (၇)ရက်ပြည့်ပြီးနောက် မဟာပုဏ္ဏရဟန္တာအား ဒီစန္ဒကူးနံ့သာကျောင်းမှာနေ၍ သာသနာပြုပါဟု တာ၀န်ပေးကာ သာ၀တ္ထိပြည်သို့ ပြန်ကြွပါတယ်။ ယခုအခါ စန္ဒကူးနံ့သာကျောင်းဟာ မီးလောင်သွားပြီးဖြစ်လို့ ၎င်းကျောင်းတော်နေရာမှာ စေတီတည်ထားပါတယ်။ ဝါဆိုလ ၄င်းဘုရားပွဲကာ လမှာဆိုလျှင် များစွာသောငါးတွေ ဘုရားဖူးလာကြလို့ ကုသိုလ်ရေးအတွက် ငါးစာကျွေးရတာဟာ စိတ်၀င်စားစရာတစ်ခုပါ။ (အဲဒီငါးတွေဟာ မာလာယုကျွန်းရဲ့ စန္ဒကူးနံ့သာတောက ဘီလူးတွေကနေ ဖြစ်လာတာလို့ ဆိုကြပါတယ်။)

မြတ်စွာဘုရားရှင်ဟာ ဝါဏိစ္စဂါမရွာမှအပြန်တွင် နမ္ပဒါမြစ် (ယခုမန်းချောင်း)မှ ဖြတ်သွားရာ နဂါးမင်းကထွက်၍ ပင့်ဆောင်သဖြင့် နဂါးပြည်ထိကြွကာ တရားဒေသနာဟောကြားတော်မူခဲ့ပါတယ်။ နဂါးမင်းက နောင်အခါ ကိုးကွယ်ပူဇော်ရန် ဘုရားရှင်၏ကိုယ်စား တစ်ခုခုပေးခဲ့ပါရန် တောင်းပန်သဖြင့် မြစ်ကမ်းစပ်တွင် ခြေတော်ရာတစ်ဆူကို ချထားပေးတော်မူခဲ့ပါတယ်။ ၎င်းပါဒစေတီဟာ ယခုအခါ “အောက်စက်တော်ရာဘုရား”လို့ အမည်တွင်ပြီး၊ မန်းချောင်းအနီးတွင်တည်ရှိသောကြောင့် “မန်းစက်တော်ရာဘုရား”“မန်းရွှေစက်တော်ဘုရား”လို့လည်း ခေါ်ဆိုကြပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ သစ္စာဗန္ဓတောင်ဘက်ဆီသို့ ဆက်၍ကြွသွားပြီ သစ္စာဗန္ဓရ သေ့ကြီးအား ဒီတောင်မှာနေရစ်ပြီး သာသနာပြုရန်တာ၀န်ပေးတော်မူပါတယ်။ သစ္စာဗန္ဓရသေ့ကြီးဟာ လည်း ၀တ်ပြုကိုးကွယ်ရန် ဘုရားရှင်၏ကိုယ်စား တစ်ခုခုပေးသနားတော်မူပါရန်တောင်းပန်သဖြင့် ဘုရားရှင်ဟာ တောင်ပေါ်မှာ ခြေတော်ရာတစ်ဆူကို ချထားပေးပြီး သာ၀တ္ထိပြည်သို့ ပြန်လည်ကြွသွားတော် မူပါတယ်။ ၎င်းပါဒစေတီကို ယခုအခါ “အထက်စက်တော်ရာဘုရား”လို့ အမည်တွင်ပါတယ်။

စက်တော်ရာတည်ရှိရာဒေသများမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှ မော်တော်ကားဖြင့် မိုင် (၃၀) ကျော် အကွာတွင်တည်ရှိသည်။ ရန်ကုန်နှင့်မန္တလေးတို့မှ ရွှေစက်တော်ဘုရားအထိ မော်တော်ကား ဖြင့်သွားလျှင် (၁၀)နာရီကျော် ကြာပါမည်။ ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၅)ရက်မှ တန်ခူးလနှစ်ဆန်း တစ်ရက်နေ့အထိ (၂)လကျော်ကြာ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။




🌼၂လပိုင်းရဲ့ ပိတ်ရက် ၃ရက်တာမှာ ဘယ်သွားရမလဲ မသိတဲ့ မင်မင်ရဲ့ ချစ်လေးတွေအတွက် ခရီးလေးတခုဖန်တီးပေးမယ်.....🌼အေးချမ်းလှတဲ့ တေ...
29/01/2024

🌼၂လပိုင်းရဲ့ ပိတ်ရက် ၃ရက်တာမှာ ဘယ်သွားရမလဲ မသိတဲ့ မင်မင်ရဲ့ ချစ်လေးတွေအတွက် ခရီးလေးတခုဖန်တီးပေးမယ်.....

🌼အေးချမ်းလှတဲ့ တောတောင်ရေမြေတွေကို ဖြတ်သန်းပြီး မွန်တို့ဌာနေ ရာမည တိုင်းဆီ အလည်သွားရင်း ကျိုက်ထီးရိုးဆံတော်ရှင်မြတ် ကို ဖူးမျှော်ကြမယ်.....🙏🙏🙏

👉👉(၁)ဦးကို (30000ks )ဖြစ်ပါတယ်...
🌼လက်မှတ်ဖြတ်လျှင် (50%)Depositကြိုပေးရပါမယ်ခင်ဗျ
🌼(5)နှစ်အောက်ကလေးများအတွက် FREE
လက်မှတ်ဝယ်စရာမလိုပါဘူးခင်ဗျ

🌼(10.2.2024 )မနက် (၅)နာရီတွင် ရန်ကုန်ရွှေမြို့တော်မှ ထွက်ပြီး
ကျိုက်ထီးရိုးတောင်ပေါ်တွင် ၂ည အိပ်ပါမည်ခင်ဗျာ....
🌼(12.2.2024)နံနက် (၇)နာရီတွင် ကျိုက်ထီးရိုး မှလမ်းဘုရားတွေ ဝင်ဖူးပြီး ရန်ကုန်ရွှေမြို့တော်သို့ ပြန်လာပါမည်ခင်ဗျာ..

🌼ခရီးစဥ်တွင် ပါဝင်သော ဝန်ဆောင်မှုများကတော့
👉 ခရီးသွားအာမခံ
👉👉စနိုးတာဝါ ၊ရေသန့် ၊ တစ်ခါသုံး သွားပွတ်တံ နှင့် သွားတိုက်ဆေး
👉👉👉 ဝန်ဆောင်မှုကောင်းသော ကားဆရာများ နှင့် tour guide
👉👉👉👉ကျန်းမာရေး အတွက် ဆေးဝါးများ..

🌼ခရီးစဥ်တွင် လိုက်ပါ့မည့် ခရီးသွားမိဘပြည်သူများ
မှတ်ပုံတင် ယူလာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ.....🤗

🌼လက်မှတ်များမှာယူလိုပါက
☎️09-781406604(ဒေါပုံရုံး)
☎️09-250027884(ဂွတ္တလစ်ရုံး)

🌼ခရီးသွားမိဘပြည်သူများ စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏

Royal Aung Si Taw မိသားစု နှင့်အတူ ခုနစ် ရက် သားသမီးအလှူ 🥰🥰🥰နတ်လူသာဓုခေါ်စေသော်    🙏🙏🙏
28/01/2024

Royal Aung Si Taw မိသားစု နှင့်အတူ
ခုနစ် ရက် သားသမီးအလှူ 🥰🥰🥰
နတ်လူသာဓုခေါ်စေသော် 🙏🙏🙏

Happy Mother Day🥰🥰🥰ကမ္ဘာပေါ်မှာရှိသော မေမေ အားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏အသက်ရာကျော် ရှည်ပါစေ🙏🙏🙏ချစ်တယ် မေမေ 🥰🥰🥰
25/01/2024

Happy Mother Day🥰🥰🥰

ကမ္ဘာပေါ်မှာရှိသော မေမေ အားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏
အသက်ရာကျော် ရှည်ပါစေ🙏🙏🙏

ချစ်တယ် မေမေ 🥰🥰🥰

🌼အကောက်တောင် ဘုရား နှင့် ပြည်ဘုရားစုံ ၁ညအိပ်ခရီးစဥ်🌼၁ဦးကို ၄သောင်းကျပ်နဲ့ အတန်ဆုံး ၁ညအိပ်ခရီးစဥ်🌼(3.2.2024)မနက်၅နာရီတွင...
22/01/2024

🌼အကောက်တောင် ဘုရား နှင့် ပြည်ဘုရားစုံ ၁ညအိပ်ခရီးစဥ်

🌼၁ဦးကို ၄သောင်းကျပ်နဲ့ အတန်ဆုံး ၁ညအိပ်ခရီးစဥ်

🌼(3.2.2024)မနက်၅နာရီတွင် ရန်ကုန်ရွှေမြို့တော်မှထွက်ခွာပြီး
🌼(4.2.2024)တွင် ရန်ကုန်ရွှေမြို့တော်သို့ ပြန်ရောက်ပါမည်ခင်ဗျာ ....

🌼ခရီးစဥ်တွင် ပါဝင်သော ဝန်ဆောင်မှုများကတော့
👉 ခရီးသွားအာမခံ
👉👉စနိုးတာဝါ ၊ရေသန့် ၊ တစ်ခါသုံး သွားပွတ်တံ နှင့် သွားတိုက်ဆေး
👉👉👉 ဝန်ဆောင်မှုကောင်းသော ကားဆရာများ နှင့် tour guide
👉👉👉👉ကျန်းမာရေး အတွက် ဆေးဝါးများ..

🌼ခရီးစဥ်တွင် လိုက်ပါ့မည့် ခရီးသွားမိဘပြည်သူများ
မှတ်ပုံတင် ယူလာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ.....🤗

🌼လက်မှတ်များမှာယူလိုပါက
☎️09-781406604(ဒေါပုံရုံး)
☎️09-250027884(ဂွတ္တလစ်ရုံး)

🌼ခရီးသွားမိဘပြည်သူများ စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏

မင်မင်တို့ ဘဝက အဲ့လို....🤓
15/01/2024

မင်မင်တို့ ဘဝက အဲ့လို....🤓




🥳ပျော်ရွှင်စရာ 🥳ကရင်နှစ်သစ်ကူးနေ့🥳2024🎉
11/01/2024

🥳ပျော်ရွှင်စရာ 🥳ကရင်နှစ်သစ်ကူးနေ့🥳2024🎉

ပြည် - အကောက်တောင် ဘုရားသမိုင်းကြောင်း .....  သမိုင်းကြောင်းအစ…                  အကောက်တောင် သမိုင်းအဆိုအရ အကောက်တောင်ကိ...
09/01/2024

ပြည် - အကောက်တောင် ဘုရားသမိုင်းကြောင်း .....


သမိုင်းကြောင်းအစ…

အကောက်တောင် သမိုင်းအဆိုအရ အကောက်တောင်ကို ရှေးအခါက “ရတနာပုဉ္စတောင်တော်မြတ်”ဟုခေါ်ဆိုကြောင်း သိရပါတယ်။ အကောက်တောင်သမိုင်းအကြောင်းကို ရှာဖွေလေ့လာမူများအရ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကျော်က ထုံးဘိုမြို့တည်ရှိရာ ဧရာ၀တီမြစ် အနောက်ဘက်ကမ်းခြေတွင်သီရိဘင်္ဂလွန်အမည်ရှိသော မြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်။ ထိုမြို့တွင် သီရိဘင်္ဂလွန်မင်းကြီး ထီးနန်းစိုးစံခဲ့သည်ဟု သိရှိရပါတယ်။ သီရိဘင်္ဂလွန်မင်းကြီး ၏ တော်နန်းစံမိဖုရားမှ သားတော်(၃)ပါး ထွန်းကားခဲ့ပါတယ်။ သားတော်ကြီးမှာ “မဟာပုဉ္စမင်းသား” ၊ သားတော်လတ်မှာ “စူဠပုဉ္စမင်းသား” နှင့် သားတော်ငယ်မှာ “သံပုဉ္စမင်းသား”ဟူ၍ သိရှိရပါတယ်။ မင်းကြီးသည် သားတော်ကြီး “မဟာပုဉ္စမင်းသား”ကို အိမ်ရှေ့မင်းသားရားထူးပေးသနားပြီး သိဒ္ဓ္ဓ၀နမြင်းကို ပေးတော်မူ၏။ မြတ်စွာဘုရား၏ သရီယဓါတ်တော်(၃)ဆူကို သိရီဘင်္ဂလွန်မင်းကြီး ကိုးကွယ်ရန်ဟူ၍ ထူဆန်းစွာ ဆက်သရောက်ရှိလာသောအခါတွင် သားတော်(၃)ပါးတို့ကို တစ်ဆူစီပေးအပ်၍ အကောက်တောင်ပေါ်တွင် စေတီသုံးဆူ တည်စေတယ်။ ထိုအခါ တောင်တော်ေါ်တွင်ရှိနေသော ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတို့သည် မင်းသား(၃)ပါးဘုရားတည်ရန် လိုအပ်သော ရွှေငွေရတနာများကို ပြည့်စုံလု့လောက်အောင် ပြုပြင်စီမံ ဖန်တီးပေးကြပါတယ်။ သားတော်ကြီး “မဟာပုဉ္စ” မင်းသားသည် ရွှေ ၊ငွေ ၊ ရတနာတို့ကို “သိဒ္ဇ္ဓ္ဓ၀”နတ်မြင်းနှင့် တင်၍ ရတနာများကို ဌာပနာကာ တောင်စွန်းတွင် စေတီတည်ထားသောကြောင့် “ရတနာပုဉ္စစေတီ” ဟု ဘွဲ့တော်ချီခဲ့ပါတယ်။ ရတနာပစ္စည်းများကို သိဒ္ဓ၀နတ်မြင်းဖြင့် တင်ဆောင်ယူခဲ့ပြီး ဌာပနာသည်ကို အကြောင်းပြု၍ ရွှေမြင်းတင်စေတီတော်ဟုလည်း ခေါ်ဆိုကြပါတယ်။
သားတော်လတ် “စူဠပဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ တောင်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာပစ္စည်းများကို ရထားနှင့် သယ်ဆောင်ယူကာ စေတီတည်ထားသဖြင့် “ရထာပုဉ္စစေတီ” ဟူသော ဘွဲ့တော်ချီခဲ့သည်။ သားတော်အငယ်ဆုံး “သံပုဉ္စမင်းသား” သည် “ရတနာပုဉ္စစေတီ” မှ မြောက်ဘက်တစ်ဖာလုံခန့်အကွာ တောင်စွန်းပေါ်တွင် ဌာပနာပစ္စည်းများကို လှည်းဖြင့် တင်ဆောင်ယူကာ စေတီတည်ထားသဖြင့် “သက္ကဋာပုဉ္စစေတီ”ဟု ဘွဲ့တော်ချီသည်၊၊ ယခုအခါ ရွှေလှည်းတင်စေတီဟု ခေါ်ဆိုကြပါတယ်။ ယခင်က စေတီတော် (၃) ဆူလုံးမှာ သပ္ပါယ်စွာ စံပယ်ခဲ့ကြသော်လည်း ညီတော်နှစ်ပါး၏ စေတီနှစ်ဆူကို မသူတော်သိုက်ဆရာများ သိုက်တူးယူခြင်းကြောင့် ပြိုကျပျက်စီးခဲ့ရပါတယ်။ ပြီးတော့ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင်လာခဲ့သော နောင်တော်ကြီး၏ ရွှေမြင်းတင်စေတီတော်သာ ကျန်ရှိနေပါတော့တယ်။
တဖန် “အကောက်တောင်” ဟူသော အမည်ပေးထားရခြင်းမှာ စာတမ်းရှင် လေ့လာတွေ့ရှိချက်အရ အကြောင်းအရာ (၂)ရပ်ရှိပါတယ် ။ပထမအကြောင်းအရင်းမှာကုန်းဘောင်ခေတ်နှောင်းပိုင်းကာလတွင် မင်းတုန်မင်းတရားကြီးလက်ထက်တွင် မြို့၀န် “ဦးကောက်ရ” အား “ရတနာပုဉ္စတောင်ခြေ” ကို အခြေပြု၍ ရေလမ်းခရီး ၊ အစုန် ၊အဆန် သမ္ဗာန်၊ သဘောင်္များကို အခွန်ကောက်ခံ၍ နေပြည်တော်သို့ ဆက်သရန် အမိန့်တော်မှတ် တာ၀န်ပေးအပ်ခဲ့ပါတယ်။ မြို့၀န် “ဦးကောက်ရ”သည် တောင်စွန်းအခြေမှ အကောက်ရုံးဆောက်လုပ်၍ အခွန်ကောက်ခံသည်မှစ၍ “ရတနာပုဉ္စတောင်ကို “အကောက်တောင်” ဟု ခေါ်စမှတ်ပြုကြောင်း တွေ့ရှိရပါတယ်။ ဒုတိယအချက်မှာ မြတ်စွာဘုရားကျီးမင်း ဖြစ်စဉ်အခါက ၄င်းတောင်ပေါ်ရှိ သစ်သီးသစ်ဥများ ၊ ကောက်ပဲသီးနှံများသည် ချိုမြိန်လှသောကြောင့် ကျီးတောင်ထိပ်မှ ပျံသန်းပြီး ၊ အစာကောက်ယူသောကြောင့် အစာကောက်တောင်(သို့) အကောက်တောင် ဟု ခေါ်စမှတ်ပြုကြောင်း လေ့လာတွေ့ရှိရပါတယ် ။
နောက်ဆုံး “အကောက်တောင်” သမိုင်းကြောင်း၏ လေ့လာတွေ့ရှိချက်များအရ အကောက်တောင်မှာ ဗုဒ္ဓဆင်းတုတော်များလဲ ရှိပါတယ်။ အကောက်တောင်ရှိ ဗုဒ္ဓဆင်းတုတော်ပေါင်း (၃၇၀)ခန့်ကို ဖူးမျှော်တွေ့ရှိနိုင်ပါတယ်။ ဆင်းတုတော်အားလုံးဟာ ကျောက်သားနံရံပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်လက်ရာများ ဖြစ်ပါတယ်။ ဆင်းတုတော်များတွင် ထိုင်တော်မူဆင်းတု (၂၄၆)ဆူ၊ ရပ်တော်မူဆင်းတု (၁၀၉)ဆူနှင့် လျောင်းတော်မူဆင်းတု(၁၅) ဆူခန့်ကို တွေ့ရှိရပါတယ် ။
…………………………အားလုံးကို ကျေးဇူးတင်လျှက် ….Eastern Princess……(Myint Myat)




🎉Happy New Year🎉
31/12/2023

🎉Happy New Year🎉

🌼နှစ်သစ်မှာ ခရီးထွက်ဖို့စဥ်းစားနေသူတွေ.. ခရီးရက်ရှည်မသွားချင်သူတွေ..အတွက်..၂ ညအိပ်၃ ရက်ခရီးစဥ်လေးလာပါပြီ.......🤗🤗🤗🌼အေးချ...
22/12/2023

🌼နှစ်သစ်မှာ ခရီးထွက်ဖို့စဥ်းစားနေသူတွေ.. ခရီးရက်ရှည်မသွားချင်သူတွေ..အတွက်..၂ ညအိပ်၃ ရက်ခရီးစဥ်လေးလာပါပြီ.......🤗🤗🤗

🌼အေးချမ်းလှတဲ့ တောတောင်ရေမြေတွေကို ဖြတ်သန်းပြီး မွန်တို့ဌာနေ ရာမည တိုင်းဆီ အလည်သွားရင်း ကျိုက်ထီးရိုးဆံတော်ရှင်မြတ် ကို ဖူးမျှော်ကြမယ်.....🙏🙏🙏

👉👉(၁)ဦးကို (40000ks )ဖြစ်ပြီး
နှစ်သစ် promotion အနေနဲ့ လက်မှတ် ကြိုဖြတ်သူတိုင်းကို👉 {10% Disc} 👈ပေးမှာဖြစ်ပါတယ်ခင်ဗျာ.....

🌼(4.1.2024 )မနက် (၅)နာရီတွင် ရန်ကုန်ရွှေမြို့တော်မှ ထွက်ပြီး
ကျိုက်ထီးရိုးတောင်ပေါ်တွင် ၂ည အိပ်ပါမည်ခင်ဗျာ....
🌼(6.1.2024)နံနက် (၈)နာရီတွင် ကျိုက်ထီးရိုးမှ ရန်ကုန်ရွှေမြို့တော်သို့ ပြန်လာပါမည်ခင်ဗျာ..

🌼ခရီးစဥ်တွင် ပါဝင်သော ဝန်ဆောင်မှုများကတော့
👉 ခရီးသွားအာမခံ
👉👉စနိုးတာဝါ ၊ရေသန့် ၊ တစ်ခါသုံး သွားပွတ်တံ နှင့် သွားတိုက်ဆေး
👉👉👉 ဝန်ဆောင်မှုကောင်းသော ကားဆရာများ နှင့် tour guide
👉👉👉👉ကျန်းမာရေး အတွက် ဆေးဝါးများ..

🌼ခရီးစဥ်တွင် လိုက်ပါ့မည့် ခရီးသွားမိဘပြည်သူများ
မှတ်ပုံတင် ယူလာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ.....🤗

🌼လက်မှတ်များမှာယူလိုပါက
☎️09-781406604(ဒေါပုံရုံး)
☎️09-250027884(ဂွတ္တလစ်ရုံး)

🌼ခရီးသွားမိဘပြည်သူများ စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ🙏🙏🙏

ခရီးသွားခြင်းက စိတ်ပင်ပန်းဖြေဖို့တစ်ခုမဟုတ်ဘူး ဆိုတာ Sharing လုပ်ပေးခြင်းပါ......🚗ခရီးသွားခြင်းက လူရောစိတ်ပါ လန်းဆန်းစေန...
20/12/2023

ခရီးသွားခြင်းက စိတ်ပင်ပန်းဖြေဖို့တစ်ခုမဟုတ်ဘူး ဆိုတာ Sharing လုပ်ပေးခြင်းပါ......

🚗ခရီးသွားခြင်းက လူရောစိတ်ပါ လန်းဆန်းစေနိုင်တဲ့အပြင် အခြားသော ဘယ်အရာတွေကိုသင်ယူလို့ရနိုင်ဦးမလဲ⁉️

🌄ဒေသန္တရ ဗဟုသုတ
ကိုယ်ရောက်ရှိနေတဲ့ဒေသရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစကို မြင်တွေ့နိုင်တဲ့အတွက် အသိပညာအသစ်တွေကိုလေ့လာသင်ယူနိုင်ပါတယ်

📜သမိုင်းကြောင်းဗဟုသုတ
သမိုင်းကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှိတဲ့ နေရာမျိုးကို သွားလာခြင်းကြောင့် သမိုင်းဝင်အချက်အလက်တွေ ပြန်လည်မှတ်မိလာနိုင်သလို၊ မသိရသေးရင်လည်း မှတ်သားသိရှိနိုင်ပါတယ်

💬 အတွေးသစ် ၊ အမြင်သစ်
ခရီးမထွက်ခင်က အလုပ်ပုံကြားမှာ ပိတ်မိနေတာမျိုး၊ အိမ်ကိစ္စ၊ လူမှုရေးကိစ္စ၊ ငွေကြေးအပူအပင်တွေကြောင့် ဦးနှောက်တွေ လေးလံထိုင်းမှိုင်းနေနိုင်ပါတယ်။ အကြံသစ်တွေလည်း ထွက်ပေါ်လာနိုင်မှာမဟုတ်ပါဘူး။ အဲလိုအခြေအနေမျိုးမှာ ခရီးထွက်လိုက်ခြင်းကြောင့် ပိတ်ဆို့နေတဲ့အကြံဉာဏ်တွေ ပွင့်လာသလို ခံစားရပါလိမ့်မယ်။

💁🏻‍♀️လူမှုဘ၀ အတွေ့အကြုံအသစ်
ကိုယ်သွားရောက်လည်ပတ်တဲ့နေရာရဲ့ လူနေမှုအဆင့်အတန်းကနေ ဘဝအတွက် ပညာတွေ သင်ယူနိုင်ပါတယ်။ သင်ခန်းစာတွေ ရနိုင်ပါတယ်။ ဘဝရဲ့အခက်အခဲကို ရင်ဆိုင်နေကြပုံတွေ၊ ဘဝကို အရှုံးမပေးပုံတွေ၊ ဘဝမှာ လွယ်လွယ်နဲ့လဲပြိုသွားသူတွေ စသည်ဖြင့် ဘဝသင်ခန်းစာတွေ မျိုးစုံယူတတ်ရင် ရနိုင်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ဘဝကို ပိုပြီး တန်ဖိုးထားတတ်လာမှာပါ။

💪🏻ကိုယ့်အားကိုယ်ကိုးတတ်လာခြင်း
တစ်ယောက်တည်းခရီးထွက်ခြင်းက ဘယ်အရာမဆို သင့်ကိုယ်တိုင်ပြုလုပ်ရခြင်းကြောင့် သင့်ကိုသင်ပိုပြီး ရဲဝင့်လာသလို ခံစားရစေနိုင်ပါတယ်။ ပိုပြီးရဲဝင့်လာခြင်းကြောင့် ကိုယ့်ကိုကိုယ်လည်း ပိုပြီး ယုံကြည်မှုတိုးနိုင်တာပေါ့။ အထူးသဖြင့် ကိုယ့်အားကိုယ်ကိုးတတ်ခြင်းက အမြတ်ပါပဲ။

❤️‍🩹ကျန်းမာဖို့ သင်ယူနိုင်လာခြင်း
ခရီးသွားခြင်းက ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်သလို၊ မိမိကိုယ်ကို ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်သင့်တယ်ဆိုတာကို သတိပေးပြီးသားဖြစ်သွားစေပါတယ်။ ခရီးသွားခြင်းကို နှစ်ခြိုက်လာတဲ့အခါ နောက်ထပ်ခရီးတွေ အများကြီးသွားနိုင်ဖို့ အတွက် ကိုယ့်ကိုကိုယ် ကျန်းမာအောင်ဘယ်လိုနေမလဲဆိုတာ သိလာရမှာပဲဖြစ်ပါတယ်ရှင်....


ဆိပ်ကမ်းကနေ ထွက်ခွါလာပါပြီဟေးးးးးဆီရတော့မယ်ဟေ့😅😅😅  photo
08/12/2023

ဆိပ်ကမ်းကနေ ထွက်ခွါလာပါပြီ

ဟေးးးးးဆီရတော့မယ်ဟေ့😅😅😅

photo

27/11/2023

Royal Aung Si Tawမှ ပံ့သကူပြစ်
ကုသိုလ်ယူ...🙏🙏🙏

ဆွမ်းဦးပုညရှင်ဘုရားသမိုင်း        ပုညရှင်စေတီတော်ကြီး၏ သမိုင်းအလာကား သာသနာသက္ကရာဇ် ၁၇၈၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၆၇၄ခု တပေါင...
23/11/2023

ဆွမ်းဦးပုညရှင်ဘုရားသမိုင်း

ပုညရှင်စေတီတော်ကြီး၏ သမိုင်းအလာကား သာသနာသက္ကရာဇ် ၁၇၈၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၆၇၄ခု တပေါင်းလပြည့်နေ့တွင် ဝိဇယပူရ ပင်းယမြို့နန်းကို စိုးစံတော်မူသော ဆင်ဖြူတစ်စီးရှင် သီဟသူမင်းကြီး၏ သေနာပတိဖြစ်သော မဟာပုည အမတ်ကြီးသည် နော်ရထာမင်းစော၏ ကွမ်းခွက်တော်နှိုက် ရွှေမှိုခုနှစ်ချက်စွဲ၍ဌာပနာတော်မူသော မွေတော်ခုနှစ်ဆူ တို့အနက် နှစ်ဆူသော ဓာတ်တော် မွေတော်တို့ကို ပန်းတိမ် ငစိန်သင်၏ လက်မှ တရားသဖြင့်ရခြင်းနှင့် များစွာသောဓာတ်တော် မွေတော်တို့ကို နတ်တို့့ဆောင်ပို့့၍ ရခြင်းများကြောင့် ကြည်ညိုစွာရကား စေတီတည်ရန် မြေအရပ်ကို ဓိဌာန်ရွေးချယ်သောအခါ ဇေယျာပူရ စစ်ကိုင်းမြို့၏ ဥပစာ ငဖားမည်သော တောင်ထိပ်၌ ၊ဗုဒ္ဓကုင်္ရဘုရားအလောင်း ယုန်မင်းဖြစ်စဉ်က ကျင်လည်တော်မူဘူးသောအရပ်သို့ ဓာတ်မွေတော်တို့ အစဉ်သဖြင့်ကြွ၍ ကိန်း၀ပ်ရာဖြစ်သော ထိုအရပ်၀ယ် ခမ်းနားကြီးကျယ်စွာ ဌာပနာ၍ ပုညအမတ်စေတီ တည်ထားကိုးကွယ်သည်ကို ပုညစေတီဟုတွင်သတည်းဟု စေတီယပကာသနီ ကျမ်းတွင် ဖော်ပြထားခဲ့ပါသည်။ ။

ဘိုး၀ဇီယမှတ်တမ်းတွင် ပုညအမတ်သည် မွေတော်နှစ်ဆူကို ပတ္တမြားကြုတ်နှင့်တကွ ရွှေလင်ပန်းထက်တင်၍ သင်ပုတ်ပြင်ပြိးလျှင် ဆီမီးတန်ဆောင် ပန်းပေါက်ပေါက်တို့ဖြင့် ထက်၀န်းကျင် ပူဇော် ပသကာပြု၍ "ရှင်တော်ဘုရား..လူနတ်ဗြဟ္မာ ရဟန်းသံဃာတို့ ပူဇော်ပသကာ ပြုအံ့သောအရပ်တွင် သင်ပုတ်တင်အံ့။ ရွှေလင်ပန်းနှင့်တကွ တည်မိသော "ဟု သစ္စာအဓိဌာန်ပြုပြီး ခြေမြန်ကုလားတစ်ယောက်ကို ခေါ်၍ ခေါင်းထက်တင်ရွက်စေပြီးသော် "အမောင်..တောင်ဖီလာ၊လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင်တွင် တင်ချင်စိတ်ရှိသည့် အရပ်၌ ဤရွှေလင်ပန်းနှင့် သင်ပုတ်ကို မသွန်ဘဲ ထားခဲ့တော့"ဟုမှာထား၍ ပို့စေခဲ့သည်။

ခြေမြန်ကုလားလည်း အမတ်ပုညမှာသည့်အတိုင်း တောင်ဖီလာ၊ လေးကျွန်းဆီမီးတောင်ကတက်၍ တောင်ရိုးတောင်စဉ်တလျှောက် လျှောက် ၍ သွားသော် မည်သည့်ဌာနတွင်မှ မတင်ချင် ၊ယခုပုညရှင် စေတီမြတ်တည်ရာ ငဖားတောင်ထိပ်ရောက်မှ သီရိဓမ္မာ သောက
စေတီဟောင်းတစ်ဆူနှင့် ပတူးသင်္ဃရာဇာတည်ထားသော စေတီတစ်ဆူ ၄င်းနှစ်ဆူကြားတွင် ရွှေလင်ပန်းတင်ထားပြီး ပြန်လာခဲံ့လေသည့် ။

အမတ်ပုညလည်း သီရိဓမ္မာသောကစေတီတော်နှင့် ပတူသင်္ဃရာဇာကောင်းမှုစေတီဟောင်း နှစ်ဆူ ကို ငုံပြီးလျှင် စေတီတည်လေ၏ဟု ဖော်ပြထားပါသည်..။

မိုးတား၀န်ထောက်မင်း၏ စစ်ကိုင်းဘုရားစဉ် သမိုင်းချုပ်တွင် ပုညရှင်စေတီတော်၏ အတိုင်းတာဖော်ပြရာ၌ ဖိနက်တော် (၄၂)တောင်(၂)မိုက်၊ဥာဏ်တော်အတောင်(၄၀)နှင့် (၁)မိုက်ဟုဖော်ပြထားပါသည်။ ယခုတိုင်းတာရရှ်ိသည့် ပုညရှင်စေတိတော်အတိုင်းတာမှာ ဖိနက်ခင်း(၆၂)ပေ(၄၁)တောင်တစ်မိုက်၊ုဥာဏ်တော်(၁၃၃)ပေ(၈၈တောင်၂မိုက်)ထီးတော်အမြင့်မှာ (၂၅ပေ ၁၀လက္မ)ရှိပါသည်ဟု ၁၃၂၂-ခုကရွှေကိုင်းသားရေးသားပြုစုသည့် ဆွမ်းဦးပုညရှင်စေတီတော် သမိုင်းစာမျက်နှာ ၅၉တွင် ရေးသားဖော်ပြထားပါသည်။

မူလရှိနှင့်ပြီးသော သီရိဓမ္မာသောကမင်း၏ စေတီဟောင်းဆိုသည်မှာ ဥတ္တမစက္ကန္ဒဓဇမဟာဓမ္မရာဇာဂုရုဘွဲ့ရ မိတ္ထီလာဆရာတော်က ယောမြို့ရှိ ရွှေမုဌောစေတီကို ထောက်ထားပြု၍ ဥာဏ်တော် (၂)တောင် တစ်ထွာခန့်မျှ ဂွမ်းဝါဖတ်သော ဝါးဖက်ခြင်းလုံးခန့်သာရှိပြီး အထုးသင်္ဃရာဇာကောင်းမှု စေတီဟောင်းကလည်း များစွာ မကြီးတန်ရာ၊ သို့မှသာ ပုညအမတ်က ထိုစေတီ ဟောင်းနှစ်ခုလုံးကို ငုံမိအောင် စေတီတည်နိုင်ပေမည်ဟု ရေးသားထားကြောင်းတွေ့ရှိရပါသည်။

စေတီယကထာ..စာ၈၄တွင်"စစ်ကိုင်းဂန္ဓမာဒနတောင်ထိပ်၌ သီရိဓမ္မာသောကစေတီတစ်ဆူ
ပုညအမတ်ကောင်းမှုတစ်ဆူ ပတူသင်္ဃရာဇာကောင်းမှုတစ်ဆူ
ဤသုံးဆူသောစေတီကို
တစ်ဆူထဲပု၍ အနုရုဒ္ဓါမဟာဓိပတိခံသော
အသင်္ခယာစောယွန်းတည်သော စေတီတော်၌ "ဟုရေးသားထားချက်အရ အသင်္ခယာစောယွန်းမင်းကစေတီငယ်သုံးဆူကိုငုံ၍ #ပုညရှင်စေတီကြီးကိုတည်ခဲ့သည်ဆိုခြင်းကပိုမိုလျှော်ကန်လှသည်ဟု ထင်မြင်မိပါသည်။

ဤစေတီတော်ကြီးကို သက္ကရာဇ် ၉၂၀ ပြည့်နှစ်တွင် ဟံသာဝတီဆင်ဖြူရှင် မင်းကလည်းကောင်း မင်းရဲကျော်စွာ
လက်ထက်သက္ကရာဇ် ၉၄၉ခုနှစ် ၊ ပုညရှင်စေတီကို ရွှေထီးတင်၍ ရွှေဇရက်ဆောက်၏။
ကျွန်၂၅၀လူပြီး ကျောက်စာစိုက်ခဲ့၏။ ဗဟိုစည် ခေါင်းလောင်းစသည်တို့လှူဒါန်း၏။

သက္ကရာဇ် ၉၆၄ခုနှစ် ဟံသာဝတီဆင်ဖြူရှင်သားတော်
ဥတ္တမရာဇ်သည် ပုညရှင်စေတီ ရှေးကောင်းမှု ပြိုပျက်သမျှ
ပြင်ဆင်၍ ရွှေထီးတင်လှူခဲ့၏။

ရွှေချ၏ ဇရက်ဆောက်၏ သက္ကရာဇ်၉၆၇ခုနှစ် အနောက်ဘက်လွန်မင်း ပုညရှင်အနောက်ထောင့် တောင်ရံခြေရင်း၌ လှိုဏ် ၂ ဆင့် ၊စင်္ကြန်နှင့်တကွသော ရွှေဥမင်ကျေင်းတော်ကိုပြု၏။ ပုညရှင်ဘုရားကိုလဲ ရွှေလုံးတော်ပြည့်ထည့်တော်မူ၏။ (စေတီယကထာမှ)၊သက္ကရာဇ် ၁၀၀၂ခုနှစ်တွင် သာလွန်မင်းကလည်းကောင်း၊ သက္ကရာဇ်
၁၁၃၅ခုနှစ်တွင် ကုန်းဘောင်ဆင်ဖြူရှင်မင်းကလည်းကောင်း သက္ကရာဇ် ၁၁၄၇ခုနှစ်တွင် ဘိုးတော်ဘုရားကလည်းကောင်း
အသီးသီးပြင်ဆင်ပူဇော်ခဲ့ကြသည်။သက္ကရာဇ်၁၃၁၈ခုနှစ် ဝါဆိုလဆန်း ၉ရက်နေ့ ငလျင်ဒဏ်ကြောင့် ပျက်ဆီးမှုများကို ငလျင်ဘေးလှူဒါန်းငွေကို မ တည်၍ အများပြည်သူတို့ ထည့်ဝင်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်ခဲ့ရပါသည်။

ယခုအခါ အများပြည်သူတို့၏ ထည့်ဝင်လှူဒါန်းငွေများဖြင့်
ဂေါပကအဖွဲ့မှ ဦးစီးဆောင်ရွက်ခဲ့ကြရာ ထူးခြားစွာတိုးတက်လာပြီး ပြည်တွင်းဘုရားဖူးဧည့်သည်များ အပြင်ကမ္ဘာလှည့်ဘုရားဖူးအဖွဲ့များဖြင့် အမြဲမပျက်စည်ကားလျှက်ရှိပေသည်။
စေတီတော်ကြီး၏ ပွဲတော်ရက်မှာ နှစ်စဉ် ဝါဆိုလပြည့်နေ့ဖြစ်ပြီး
ဝါဆိုလဆန်း ၁၄ရက်မှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများသည် မိမိနှင့်ပက်သက်ရာ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခို၍ ချိုချဉ်ရသာများ ဆက်ကပ်ကြပြီး
စစ်ကိုင်းတောင်ရိုးတစ်လျောက် ဘုရားဖူးလည်ပက်ကြသူများဖြင့်
စည်ကားလှပါသည်။

စစ်ကိုင်းမြို့တွင့်မှ ဆွမ်းတော်ကြီးအဖွဲ့များကလည်း ပုညရှင်ဘုရားကြီးသို့ လ္ဆန်း၁၄ရက်နေ့ ညနေအရောက်လာကြပြီး လပြည့်နေ့နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူဒါန်းပြီး မဂ်လမ်းကိုဆုပန်နေကြသော တရားဓမ္မသံများကလည်း စစ်ကိုင်းတောင်တစ်ခုလုံး ဖုံးအုပ်သာယာ ကြည်နူးစရာကောင်းလှပါသည်။

ဤယဉ်ကျေးမှုအစဉ်လာကို နှစ်ပေါင်းနှစ်ရာကျော်အောင် စဉ်ဆက်မပျက် ထိန်းသိမ်းခဲ့ကြသော ဇေယျာသူ ဇေယျာသားတို့၏ သဒ္ဓါတရားကိုလည်း လေးစားထိုက်လှပါပေသည်။

****ထိုကဲ့သို့သော ဝါတွင်းကာလ၏ အစဦးဆုံးဥပုဓ်နေ့ဖြစ်သည့်ဝါဆိုလပြည့်နေ့တွင် ပထမဦးဆုံး ဆွမ်းကပ်လှူရသော ဘုရားဖြစ်၍ #ဆွမ်းဦးပုညရှင်စေတီ ဟုခေါ်ဆိုကြပေသည်ဟု
သဗြူးမြသောင်း၏ စစ်ကိုင်းတောင်၊ မင်းဝံတောင်ဘုရားများစာမျက်နှာ
၄၆တွင်ဖော်ပြထားပါသည်။****

ရှေးယခင် အင်းဝခေတ် အင်းဝမင်းများလက်ထက်တွင် သီတင်းကျွတ်လ္ဆန်း ၁၄ရက် ၁၅ ရက် ၊လဆုတ်၁ရက်၊ပေါင်းသုံးရက်တွင်
ပုညရှင်စေတီတော်၌ ဆီမီးခွပ်ထွန်း ပြသာဒ်မီးခွပ်၁၀၀
မီးဇာစုံနှင့် ဆီ ၃ ပိဿာ ၊မီးထွန်းကြပ် သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်၂ယောက်ဆီခန့်၍ ဆီမီးပူဇော်ပွဲကျင်းပပြီး ရဟန်းသံဃာများအား ကန်တော့ပူဇော်ခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်းများကျင်းပမြဲဖြစ်သည်ဟု အင်းဝသာသနာဝင်စာ..၂၂၈တွင်ဖော်ပြထားပါသည်။

ဤစေတီတော်သို့ သွားရာလမ်းမှာ ကနီကွေ့မှ သီတဂူဆေးရုံရှေ့ရှိ စစ်ကိုင်းတောင်အတက်လမ်းတိုင်းသွား၍ ဥမင်သုံးဆယ်ကွေ့ ရွှေရင်မျှော် အထက်နေရာတွင် ညာဘက်သို့ ချိုးကွေ့ပြီး တည့်တည့်ဆက်သွားပါက
ဆွမ်းဦးပုညရှင်မုဒ်ဝသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ။

#ညမဖတ်ရ



Royal Aung Si Taw မှ ချစ်မိတ်ဆွေ ခရီးသည်များအပေါ်ထားသော မေတ္တာဖြင့် အလေးထား စိတ်ပူပန်ခြင်း.....အပျော်ခရီး မထွက်သင့်သေးသည...
15/11/2023

Royal Aung Si Taw မှ ချစ်မိတ်ဆွေ ခရီးသည်များအပေါ်ထားသော မေတ္တာဖြင့် အလေးထား စိတ်ပူပန်ခြင်း.....

အပျော်ခရီး မထွက်သင့်သေးသည့် ကာလ မို့..Royal AungSi Taw မှ ခရီးသည်များလုံခြုံရေးအတွက် မေတ္တာများစွာဖြင့် ကြေငြာစရာရှိပါတယ်ခင်ဗျ ..🙏🙏🙏

ခုလက်ရှိအခြေအနေအရ အပျော်ခရီးသွားဖို့ သင့်တော်တဲ့ အခြေအနေမဟုတ်သည့်အတွက် ခရီးသည်များ၏လုံခြုံမှု အလေးထားသည့်အတွက် နိုဝင်ဘာလတွင် ထွက်မည့်
တောင်ကြီး(တန်ဆောင်တိုင်မီးပုံးပျံပွဲ)-ကလော-အင်းလေး-ရွာငံ
ထိုခရီးစဥ်ကို Royal Aung Si Taw Travel & Tour မှ ဖျက်သိမ်းလိုက်ပါတယ်ခင်ဗျ 🙏🙏🙏

စီးပွါးရေးအကျိုးအမြတ်ထက် Royal Aung Si Tawနှင့်အတူ ခရီးသွားမည့်မိတ်ဆွေများ ဘေးကင်းလုံခြုံရေးကို အလေးပေး တန်ဖိုးထားသောကြောင့် ထိုခရီးစဉ်တွေဖျက်သိမ်းရလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ....ထိုသို့ဖျက်သိမ်းခြင်းကို နားလည်ပေးဖို့လည်းတောင်းဆိုပါတယ် ....နားလည်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျာ🙏🙏🙏

ထိုခရီးစဥ်တွင် လိုက်ရန်အတွက်ငွေကြိုတင်ပေးသွင်းထားသော ခရီးသည်များကို Refund ပြန်လုပ်ပေးခြင်း (သို့မဟုတ်) နောက်ခရီးစဥ်များ အတွက် ကြိုတင် လက်မှတ်ဖြတ်ထားခြင်း/ ကြိုတင် Booking တင်ခြင်းများကို ဆောင်ရွက်နိုင်ပေးပါမယ်ခင်ဗျ🙏🙏🙏

စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင်နေထိုင်ပြီး
ဘေးကင်းလုံခြုံသော ပျော်ရွှင်စရာ နောင်ခရီးစဥ်များကို လိုက်ပါနိုင်ရန်အတွက် Royal Aung Si Taw က ဆုမွန်ကောင်းတောင်းပေးပြီး ဖိတ်ခေါ်ပါတယ်ခင်ဗျ 🙏🙏🙏

ခုနစ်ရက်သားသမီး ဘေးကင်းလုံခြုံပြီး ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်းများကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ🙏🙏🙏

Address

No(16)3Floor(A), Bo Tayza Street, Bo Tun Zan Quarter, Daw Pon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959781406604

Website

Alerts

Be the first to know and let us send you an email when Aung Si Taw-2 Travel and Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Si Taw-2 Travel and Tour:

Videos

Share

Category


Other Travel Companies in Yangon

Show All