Pattaya Firework Festival 2019!
Bajra Sandi Monument
💚💚💚💚💚💚💚💚
Bajra Sandi Monument သည် နယ်သာလန် နယ်ချဲ့ တွေ ကို ဆန့်ကျင်တိုက်ထုတ်ခဲ့သော ဘာလီလူမျိုး သူရဲကောင်များအား အမြဲတမ်း အမှတ်နေစေရန် တည်ဆာက်ခဲ့သော အထိမ်းအမှတ်နေရာလေးဖြစ်ပါသည်။
ဘာလီရောက်ရင် ဒီနေရာလေးကို သွားရောက်လေ့လာဖို့ မမေ့ခဲ့နဲ့နော် 😘
Video Credit: Bali Drone Production
ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ 2nd Tourism MSME Forum မှာ ပါဝင်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိ ပါသည်။
#Septembergoldtravel
#yourbesttravelpartner
"နားပန်းဆံ" (Na Pan San)
#MNSO_with_Japan_concert_2019
ငပလီခရီးစဉ်
🏊♀️🏊♂️ ရာသီဥတုသာယာလှပတဲ့ ဒီလိုအချိန် ငပလီသောင်ယံမှာ ကြည်နူးစရာကောင်းတဲ့ ခရီးစဉ်လေး ဖန်တီးကြဖို့ အချိန်အခါသင့်ပါပြီနော်
🏝🏖 ငပလီကို လေယာဉ်နဲ့ဖြစ်စေ၊ ကားနဲ့ဖြစ်စေ သွားကြမယ့် ချစ်မိတ်ဆွေများအတွက် လက်မှတ်များကို အဆင်ပြေစွာ ဝယ်ယူလို့ရနိုင်ရန် September Gold Travels မှ ကားလက်မှတ်၊ လေယာဉ်လက်မှတ်များ ရောင်းချပေးနေပါတယ်။
🚌 🚌 🚌 🚌 🚌 🚌 🚌
ငပလီ အသွားအပြန် ကားလက်မှတ် - ၁၆၀၀၀ ကျပ် (ရိုးရိုး လက်မှတ်)
- ၁၉၀၀၀ ကျပ် (VIP လက်မှတ်)
🚌🚌 ငပလီကမ်းခြေသို့ နေ့စဉ်ပြေးဆွဲပေးနေပါတယ်
🛩 🛩 🛩 🛩 🛩 🛩 🛩 🛩
ရန်ကုန်-ငပလီ လေယာဉ်လက်မှတ် - ၇၃၀၀၀ - ၇၈၀၀၀ ကျပ်
ငပလီ-ရန်ကုန် လေယာဉ်လက်မှတ် - ၇၁၀၀၀ - ၇၆၀၀၀ ကျပ်
🛏🚪 ငပလီကမ်းခြေမှာ တည်းခိုဖို့အတွက်
4 Stars Hotel
3 Stars Hotel
Guest House
🛌 လူကြီးမင်းသုံးစွဲမည့် Budget အလိုက် ဟိုတယ်များ၊ တည်းခိုခန်းများလဲ စီစဉ်ပေးနေပါတယ်။
📜 အသေးစိတ်စုံစမ်းချင်သူများ September Gold ရဲ့ Chat Box မှာ စာတိုပို့ပြီးမေးမြန်းနိုင်ပါတယ်။
🏡 September Gold Travels
📲Hot Line: 09772952400, 09761932609
🔭www.septembergoldtravels.com
📩[email protected]
🥁🎭 မန္တလေး - အိုးပုတ်ပွဲတော် - အင်းဝ (စရိတ်ငြိမ်း ခရီးစဉ်) 🚲🚲🏍🏍
🚐ခရီးစဉ် စထွက်မည့် နေ့ --- 17 August 2018
🐈မန္တလေးမြောက်ပြင် အိုးဘိုရပ်မှာ တစ်ရက်တည်းသာ ကျင်းပတဲ့ အိုးပုတ်ပွဲတော် ကို နှစ်စဉ် နှစ်တိုင်း ဝါခေါင်လဆန်း(၈)ရက်နေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။
🐖အရောင်စုံ အမျိုးအစား စုံလင်လှတဲ့ အိုးပုတ် ချိုးရုပ်လေးများကို ကြည့်ရင်း ကလေးအရွယ် ငယ်ဘဝတုန်းက ဆော့ကစားခဲ့တာကို ပြန်တမ်းတမိပါလိမ့်မယ်။
🐇ပွဲတော်မှာရောင်းတဲ့ အိုးပုတ်လေးများကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ရွှေခွန်ကျေးရွာနဲ့ နွယ်ငြိမ်းကျေးရွာတို့မှ အများဆုံးလာရောက် ရောင်းချကြပါတယ်။
👑လှပတဲ့ကျောက်ခတ်ပန်း သရဖူလေးများကို ခေါင်းမှာ ပန်ဆင်ပြီး ချစ်ဖို့ကောင်းတဲ့ပုံလှလှလေးတွေ ရိုက်လို့ရတယ်။
🍛လျှောက်သွားရင်းနဲ့ ဗိုက်ဆာလာရင်လည်း ပွဲဈေးတန်းတစ်လျှောက်မှာရှိတဲ့ ဌက်ပျောပေါင်း၊ ထန်းသီးမုန့်၊ ကန်စွန်းပူတင်း၊ ဆီထမင်း၊ ငချိတ်ပေါင်း၊ မုန့်ဆီကြော်၊ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်ပေါင်း အစရှိတဲ့ မြန်မာမုန့်မျိုးစုံကို ဝယ်စားကြတာပေါ့။
👫နောက်ပြီးတော့ မန္တလေးမြို့ရဲ့အထင်ကရနေရာတွေကို သွားလည်ကြစို့။
🎠ဘယ်နေရာတွေကို ပို့ပေးလဲ🎠
မဟာမြတ်မုနိဘုရား (မန္တလေးမြို့ ဂုဏ်ဆောင်ဘုရားကြီး)
ကျောက်စိမ်းဘုရား (မြန်မာ့ကျောက်စိမ်းများနဲ့ ဗိသုကာလက်ရာမြောက်စွာ တည်ထားသောဘုရား)
ဦးပိန်တံတား (နေဝင်ဆည်းဆာကြည့်ဖို့ အကောင်းဆုံးနေရာ)
နန်းတွင်း (မြနန်းစံကျော်ရွှေနန်းတော်)
ရွှေကျောင်း (မင်းတုန်းမင်းတရားကြီးနောက်ဆုံးစံမြန်းခဲ့)
စန္ဒာမုနိဘုရား-ကျောက်တော်ကြီးဘုရား
ကုသိုလ်တော်ဘုရား (ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်)
မန္တလေးမြောက်ပြင် အိုးဘိုရပ်ရှိ အိုးပုတ်ပွဲတော်
🌼 အင်းဝမြို့ဟောင်းမှာရှိတဲ့
လေးမျက်နှာဘုရား
ဗားကရာကျောင်းတိုက်
ရတနာဆီမီးဘုရားစု
မယ်နုအုတ်ကျောင်း
နန်းမြင့်မျှော်စင်
🌼ညောင်ရမ်းခေတ်ဘုရားများဖြစ်ကြတဲ့
မြင့်မိုရ်တောင်စေတီ
လောကဒုဿ မာန်အောင်စေတီ
ဝင်္ကပါစေတီ
ကြောင်လိမ်စေတီ အစရှိတဲ့နေရာတွေကို ပို့ပေးမှာပါ
🔮Package မှာ ဘယ်လိုဝန်ဆောင်မှုတွေပါလဲ
Alphard/ Anzartone (Air-con Private ကားကောင်းတွေနဲ့)
3 Stars Hotel မှာ တစ်ညအိပ်
မနက်စာ၊ နေ့လည်စာ၊ ညစာ
ခရီးစဉ်တစ်လျှောက် စောင့်ရှောက်ပေးမယ့် Tour Leader
မန္တလေးနန်းတွင်းဝင်ကြေးနဲ့ ခရီးသွားအာမခံ
အဆာပြေမုန့်နဲ့ရေသန့်
👇ခရီးစဉ်အသေးစိတ်ကို သိရှိလိုလျှင် ဖုန်းလေးတစ်ချက်သာဆက်လိုက်ပါ 👇
🏡September Gold Trave
📲E-Ticket ရဲ့ အားသာချက်များ📲
- ကားလက်မှတ်လေယာဉ် လက်မှတ်များ ကို အရင်လို အပြင် ထွက်ပြီး ဝယ်စရာမလိုတော့ဘူး 😊😊😊
-အလုပ်လုပ်ရင်း၊ အိမ်မှာနေရင်း ဖုန်းဆက်ပြီး Ticket မှာလို့ရတဲ့အတွက် အချိန်ကုန်သက်သာပြီး လူမပင်ပန်းတော့ တွက်ခြေကိုက်တာပေါ့နော်
- ဖုန်းထဲမှာ E-Ticket ရှိယုံနဲ့ ကိုယ်လိုရာခရီးကို သွားလို့ရပြီ အရင်လို Paper Ticket ပျောက်သွား၊ ပျက်စီးမှာစိတ်ပူစရာမလိုတော့ဘူး E-Ticket သာ ဝယ်ထားလိုက် အေးဆေးဖြစ်သွားမယ်
- မတော်တဆ ဖုန်းထဲက E-Ticket ကို ဖျက်လိုက်မိရင်လဲ စိတ်မပူနဲ့နော် ဖုန်းလေးသာ တစ်ချက်ဆက်လိုက် ဝယ်ပြီးသား E-Ticket ကို ပြန်ပို့ပေးတယ်
- လူကြီး မင်းတို့ ရဲ့ AYA, KBZ, CB bank, အစရှိသော mobile banking များမှတဆင့် ငွေ လွှဲရုံဖြင့် လူကြီးမင်းတို့ ဖုန်းထဲသို့ လက်မှတ်များရောက်ရှိလာမှာပါမြန်မှမြန်ပဲ
- အလုပ်ရှုပ်လိုက်တာ လို့တော့ မတွေးလိုက်ပါနဲ့နော် E-Ticket နဲ့သွားချင်းအားဖြင့် အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး ကိုယ်သွားလိုရာခရီးကို စိတ်ချမ်းသာစွာ သွားနိုင်မှာ ဖြစ်တဲ့အတွက်
ကဲ ဘာလိုသေးလဲ မိတ်ဆွေတို့!
၁၃၈၀ ပြည့်နှစ် နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...
👪👭👬နွေကျောင်းပိတ်ရက်မှာကမ်းခြေကို
အပန်းဖြေသွားမယ့်မောင်လေးညီမလေးတို့ရေ ငပလီ သွားရအောင်👪
👫ဟန်းနီးမွန်း ဘယ်သွားကြမလဲစဉ်းစားမနေပါနဲ့
ငပလီ သွားလည်ကြမယ်...👫
💦ငပလီမှာ သင်္ကြန်ကျလို့လဲ ရတယ်နော်💦
ငပလီကို ဘာလို့ညွှန်းလဲ?
• ကမ္ဘာ့အဆင့်Best 10 ဝင် အလှပဆုံးသောကမ်းခြေ
• တန်ခိုးကြီးတဲ့ အံတော်၊ နံတော်၊ ဆံတော်ဘုရားရှိတဲ့ နေရာ
• အဖြူရောင်သဲသောင်ပြင်၊ လှပတဲ့သန္တာကျောက်တန်းနဲ့ စိမ်းပြာရောင်သန်းနေသောပင်လယ်
• ဇလွန်မဒေးဆရာတော်ဘုရားရဲ့ မပုပ်မသိုးမပျက်စီးသေးတဲ့ ရုပ်ကလာပ်တော်ရှိတဲ့ ကျေးရွာ
• သန္တာကျောက်တန်းတွေနဲ့ ပင်လယ်သတ္တဝါလေးတွေကို ကိုယ်တိုင်ကြည့်ဖို့ ပုလဲကျွန်းမှာ ရေငုပ်ကြမယ်
• အနီးအနားမှာရှိတဲ့ တံငါရွာတွေကို လည်လည်သွားရင်း ရေလုပ်ငန်းအကြောင်း လေ့လာလို့ ရသေးတယ်
• လတ်ဆတ်တဲ့ ပင်လယ်စာ၊ အရသာရှိတဲ့ အသီးအနှံ၊ ရခိုင်ရိုးရာဝတ်စုံတွေဝယ်လို့တဲ့ သံတွဲဈေးကိုလဲသွားကြမယ်
• မဒေးတောင်ပေါ်ရှိ ရပ်တော်မူဘုရားဖူးရင်း ပင်လယ်ပြင်ကြီးရဲ့ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်တယ်
ဒီအချက်တွေအပြင် ကိုယ်တိုင်သွားကြည့်မှ သိနိုင်မယ့်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေ ရှိသေးတယ်နော်
ဘာနဲ့သွားပြီး ဘယ်နေရာမှာတည်းချင်လဲ ကြိုက်တာပြော
✈ လေယာဉ်နဲ့သွားချင်လား ရတယ်နော် လက်မှတ်မှာလို့ရတယ်
🚋ကားနဲ့ပဲသွားမယ်ဆိုလဲ စီစဉ်ပေးလို့ရတယ်
🏨အကောင်းစားဟိုတယ်တွေနဲ့တည်းချင်ရင်လဲ ဖြစ်တယ် Hotel ကို Booking တင်ပေးမယ်
ဈေးသက်သက်သာသာရှိတဲ့နေရာမှာပဲ နေချင်တယ်ဆိုလဲ အဆင်ပြေတယ်
🏠Guest House တွေနဲ့ချိတ်ပေးမယ်
ကဲ ဘာလိုသေးလဲ
ငပလီကို ချက်ချင်းသွားချင်စိတ်တွေပေါ်လာပြီဆိုရင်တော့
📞၀၉၇၇၂၉၅၂၄၀၀ ၀၉၇၆၁၉၃၂၆၀၉
ဒီဖုန်းတွေကို အမြန်ဆုံးသာဆက်လိုက်ပါတော့
🎉ပျော်ရွှင်စရာခရီးစဉ်လေးဖြစ်အောင်စီစဉ်ပေးချင်လို့ပါ🎉
🏠လိပ်စာ အမှတ် ၁၁၆၊ ပထမထပ်၊ မအူပင်လမ်းနှင့် ဗဟိုလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
(၇၁) တစ်ကြိမ်မြောက် ရှမ်းပြည့်နယ်နေ့အား ဂုဏ်ပြုအပ်ပါသည်။
Merry Christmas to you all!