Twin Lotus Online Shop

Twin Lotus Online Shop Our service include

-Air ticket
-express ticket
-domestic hotel booking
-tour package sevice
-local
(1)

10/10/2021

ကဲ live လေးစပြီနော်

မင်မင်တို့ဆီကဝယ်ကြနော်- Photo credit
09/10/2021

မင်မင်တို့ဆီကဝယ်ကြနော်

- Photo credit

ချစ်တို့ရေ သီတင်းကျွတ်အကြိုပရိုမိုးရှင်းအနေနဲ့  casual wear လေးတွေကို ၈၅၀၀ ထက်မကျော်တဲ့စျေးလေးတွေနဲ့ တနင်္ဂနွေနေ့ နေ့လည်...
08/10/2021

ချစ်တို့ရေ သီတင်းကျွတ်အကြိုပရိုမိုးရှင်းအနေနဲ့ casual wear လေးတွေကို ၈၅၀၀ ထက်မကျော်တဲ့စျေးလေးတွေနဲ့ တနင်္ဂနွေနေ့ နေ့လည် (၂:၀၀)ကျရင် Live Sale လေးရောင်းပေးမယ်နော် အားပေးကြပါဦးနော် ဒီပို့စ်လေးကိုလည်း Like & Share လေးလုပ်ပေးကြပါဦး ❤️🙏

17/12/2020
သီတင်းကျွတ်အခါသမယလေးမှာ မြန်မာနိုင်ငံသူ/သား အပေါင်းတို့ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေကပ်ေ...
31/10/2020

သီတင်းကျွတ်အခါသမယလေးမှာ မြန်မာနိုင်ငံသူ/သား အပေါင်းတို့ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ
ကပ်ရောဂါဆိုးကြီးမှလည်း အမြန်ဆုံးကင်းဝေးနိုင်ကြပါစေလို့ Twin Lotus Travel & Tours မိသားစုမွ ဆုမွန်ကောင်းပို့သလိုက်ရပါတယ်🙏🙏🙏

🥭စိန်ထက်ပိုတန်ဖိုးရှိတဲ့ Export စိန်တစ်လုံးတွေနော်🥭🤤သူ့ရာသီမှစားရတာ စားရတုန်းလေး အပီဆွဲထားလိုက်ကြနော် 🤤 အရသာကတော့ ချိုအီ...
12/06/2020

🥭စိန်ထက်ပိုတန်ဖိုးရှိတဲ့ Export စိန်တစ်လုံးတွေနော်🥭
🤤သူ့ရာသီမှစားရတာ စားရတုန်းလေး အပီဆွဲထားလိုက်ကြနော် 🤤 အရသာကတော့ ချိုအီမွှေးရှယ်မှရှယ်နော်❤️
📣မနက်ဖြန်ထက်ရောက်ဖို့ရှိပါတယ်

အလုံးကြီး( တစ်လုံး ၃၀ သားခန့်) - ၇၀၀၀/၁၀လုံး
အလုံးသေး - ၄၅၀၀/ ၁၀ လုံး

ရောက်တာနဲ့ကုန်တာမြန်တတ်လို့ မြန်မြန်မှာထားမှ စိတ်ချရမယ်နော်

🤩မြောက်ဒဂုံ/ အရှေ့ဒဂုံ/ တောင်ဒဂုံ/ မ/ဥက္ကလာမြို့နယ်များဆိုရင်တော့ free delivery ပို့ပေးမှာပါနော်
🚚အခြားမြို့နယ်များကတော့ မြို့နယ်အလိုက် အသက်သာဆုံး delivery charges လေးများကောက်ခံပါတယ်ရှင့်
📲အော်ဒါတင်မယ်ဆိုရင်တော့ cb or ph-09455518251 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

🥭သရက်သီးတွေရောက်ပြီနော် 🥭🚚အော်ဒါသမားတွေအတွက်လည်း အမြန်ဆုံးပို့ပေးနေပါတယ်လို့ 🚚😋organic သီး စစ်စစ်ဖြစ်လို့ ချိုအီနေတာကတော...
13/05/2020

🥭သရက်သီးတွေရောက်ပြီနော် 🥭
🚚အော်ဒါသမားတွေအတွက်လည်း အမြန်ဆုံးပို့ပေးနေပါတယ်လို့ 🚚
😋organic သီး စစ်စစ်ဖြစ်လို့ ချိုအီနေတာကတော့ ပြောစရာကိုမလိုဘူးနော့် 😋
🥰မမှာရသေးတဲ့လူတွေလည်း အကုန်မြန်တတ်လို့ အမြန်အော်ဒါတင်လိုက်တော့နော်🥰

🥭စိန်တစ်လုံးသီး ဆိုဒ်အကြီးတွေ မနက်ဖြန်ထပ်ရောက်မယ်နော် ၄ လုံးကို ၁ပိဿာဆိုဒ် တစ်လုံး ၂၅ ကျပ်သားနီးပါးရှယ်ဆိုဒ်ကြီးတွေနော် ...
12/05/2020

🥭စိန်တစ်လုံးသီး ဆိုဒ်အကြီးတွေ မနက်ဖြန်ထပ်ရောက်မယ်နော် ၄ လုံးကို ၁ပိဿာဆိုဒ် တစ်လုံး ၂၅ ကျပ်သားနီးပါးရှယ်ဆိုဒ်ကြီးတွေနော် 🥭
💯ပင်မှည့်သီးစစ်တွေမို့ အရသာကတော့မချိုမှာမပူနဲ့တော့နော် 💯

💵၁၀ လုံး - ၆၅၀၀

🚚အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ အစရှိတဲ့မြို့နယ်တွေကို အလုံး ၂၀ ကစယူရင် Free Delivery ပို့ပေးမှာဖြစ်ပြီး အခြားမြို့နယ်များကိုလည်း မြို့နယ်အလိုက်အသက်သာဆုံးပို့ခယူပြီး လိုက်လံပို့ဆောင်ပေးနေပါတယ် 🚚

📞ဆက်သွယ်မှာယူရန် -09455518251 or Cb

📣အရမ်းအကုန်မြန်လို့ မြန်မြန်လေးအော်ဒါတင်လိုက် ကြနော် 📣

ခုတလော fb ပေါ်မှာ စိန်တစ်လုံးသရက်သီးစားရင် နှလုံးရောဂါသမား သွေးတိုးဆီးချို ရောဂါသမားတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ ရူးကြေ...
12/05/2020

ခုတလော fb ပေါ်မှာ စိန်တစ်လုံးသရက်သီးစားရင် နှလုံးရောဂါသမား သွေးတိုးဆီးချို ရောဂါသမားတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ ရူးကြောင်ကြောင် post ကြောင့် လူတွေထင်ယောင်ထင်မှား ဖြစ်နေကြတာကိုတွေ့ပြီး သရက်သီးရဲ့ ကျန်းမာရေးကောင်းကျိုးများကို လိုရင်းတိုရှင်း ဖော်ပြလိုက်ပါတယ်...
၁။ Beta-carotene နဲ့ polyphenols လို ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants တွေ ကြွယ်ဝလို့ cancer မဖြစ်အောင် ကာကွယ်နိုင်တယ်။

၂။ High concentration of polyphenols (primary mangiferin, quercetin, gallotannins, gallic acid) တို့လို ဓာတ်ပစ္စည်းတွေပါတဲ့အတွက် နှလုံးရဲ့ကျန်းမာရေးကို အထောက်အကူပြုတယ်။

၃။ အမျှင်ဓာတ်၊ pectin နဲ့ Vit C ကြွယ်ဝလို့ သွေးတွင်းကော်လက်စတောကို လျှော့ကျစေလို့ ကျန်းမာစေတယ် ..
သွေးတိုးတာကို လျှော့ချနိုင်တယ်

၄။ သရက်သီး မှာ ဂလူးကို့စ်များပေမယ့် သူ့ကိုစားပြီးတက်လာတဲ့ glycemic load လို့ ခေါ်တဲ့ သွေးတွင်းအချိုဓာတ်ပမာဏက နည်းတာကြောင့်နဲ့ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဆီးချို ရောဂါကိုတားဆီးနိုင်တယ်လို့ အချို့သုတေသနတွေကဆိုထားပါတယ်။ ဆီးချို သမားတွေ သင့်တင့်မျှတရုံလောက်စားရင် ရပါတယ် ။

၅။ Vitamin E ကြွယ်ဝလို့ ဟော်မုန်းတွေကိုစေ့ဆော်ပေးတဲ့အတွက် လိင်ကျန်းမာရေးကိုကောင်းစေတယ်။

၆။ သရက်သီး မှာ အစာခြေဖျက်တဲ့ enzymes တွေ များစွာ ပါဝင်တာကြောင့် အစာကြေညက်မှုကိုအားပေးလို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၇။ သရက်သီးမှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့အတွက် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်။

၈။ Beta- Carotene ပါဝင်မှုများလို့ Asthma လို့ခေါ်တဲ့ ပန်းနာရင်ကြပ်ရောဂါကို ကာကွယ်နိုင်တယ်။

ကလေးတွေမှာဆိုရင်
၁။ Vitamin ကြွယ်ဝတဲ့အတွက် အမြင်အာရုံကိုကောင်းမွန်စေတယ်
၂။ အစာကြေညက်လွယ်စေတယ်
၃။ အူလမ်းကြောင်းအတွက် ရောဂါပိုးတွေဝင်ရောက်မှုကိုနည်းစေတယ်
၄။ ခွန်အားဖြစ်စေပါတယ်
၅။ အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်မှုကို ကာကွယ်ပေးနိုင်တယ်။
၆။ မှတ်ဥာဏ်တွေ ကို ကောင်းမွန်စေတယ်။

ကဲ ဒါကြောင့် ခါတိုင်း ပြည်ပကိုတင်ပို့ရလို့ စျေးကြီးလွန်းတဲ့ စိန်တစ်လုံးသရက်သီးတို့လို အရသာရှိတဲ့သရက်သီးများ ဒီနှစ်လို စျေးနှုန်းချိုသာခိုက်မှာ မြိန်မြိန်ကြီးသာ စားသုံးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

SMT ( Indaw)

မှတ်ချက်။ ဤ post ကို နိုင်ငံတကာ မှ ရေးသားဖော်ပြထားသော mango health benefits research pdf, များကို ကြည့်ရှုရေးသားခြင်းဖြစ်ပါသည်။

Crd # to original uploader

🥭စိန်တစ်လုံး သရက်သီးလေးတွေစျေးချိုချိုနဲ့ရောင်းပေးမယ်နော် အလုံးလေးတွေလည်းလှ အရသာကလည်းချိုပြီးမွှေးနေတာပဲနော်🤩💯😋အလတ်ဆိုဒ်...
07/05/2020

🥭စိန်တစ်လုံး သရက်သီးလေးတွေစျေးချိုချိုနဲ့ရောင်းပေးမယ်နော် အလုံးလေးတွေလည်းလှ အရသာကလည်းချိုပြီးမွှေးနေတာပဲနော်🤩💯😋

အလတ်ဆိုဒ် (200g) - 10 လုံး 4500
အကြီးဆိုဒ် (350 g) - 10 လုံး 6500

🚚အလုံး ၂၀ အထက်ယူပါကအရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာဆို ပို့ခအခမဲ့ပါ
အခြားမြို့နယ်များကိုတော့ မြို့နယ်အလိုက်ပို့ခလေးယူပါတယ်

📣အော်ဒါတွေအတက်များပြီး အကုန်မြန်လို့ မြန်မြန်မှာထားမှစိတ်ချရမယ်နော်📣

Happy Myanmar New Year.ပျော်ရွင်စရာ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။ထားဝယ်ရှင်ကိုးရှင်သင်္ကြန် အထူခရီးစဉ်။12 April to 17 A...
18/04/2018

Happy Myanmar New Year.
ပျော်ရွင်စရာ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။

ထားဝယ်ရှင်ကိုးရှင်သင်္ကြန် အထူခရီးစဉ်။12 April to 17 April 2018.ခရီးစဉ် အစ အဆုံး အဆင်ပြေအောင်ကူညီပေးကြသော် ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ။

ပိတ်ရက်မှာ ခရီးရှည်ထွက်မယ်ဆိုရင်…
22/03/2018

ပိတ်ရက်မှာ ခရီးရှည်ထွက်မယ်ဆိုရင်…

ခေါ်နုးစုမ်(သို့) ဝိတိုရိယတောင်၊ ငွေဆောင်ငှက်ကျွန်းနဲ့ ကလော Trekking ၃ ခုမှာ ဒီသီတင်းကျွတ်ရက်ရှည်ပိတ်ရက်အတွက် ဘယ...

ကလောသို့သွားရောက်လည်ပတ်မည်ဆိုပါက သိထားသင့်သော ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း ဖုန်းနံပါတ်များမှာTaxi ph , 09450767564Amara...
26/02/2018

ကလောသို့သွားရောက်လည်ပတ်မည်ဆိုပါက သိထားသင့်သော ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း ဖုန်းနံပါတ်များမှာ
Taxi ph , 09450767564

Amara Hotel - 081-50470, 50415
Central Motel - 081-50270
Country Inn - 081-50390
Dream Villa Motel - 081-50144, 50447
Dream Mountain - 081-50844
Eastern Paradise - 081-50087, 50315
Essence Motel - 09770492997
Golden Kalaw Inn - 081-50311
Golden Lily Inn - 081-50108
Golden Heaven - 081-50639, 50187
Hill Top Villa Hotel , 081-50347
Honey Moon Villa - 081-50468
Honey Pine - 081-50643, 50711
Hill Lock - 081-50282
Junction Rose - 081-50084, 50572
Kalaw Hotel - 081-50039, 50191
Kalaw Princess - 081-50872, 50873
Mya Sabai - 081-50072
New Shine Hotel - 081-50028, 50118
Nature Land - 081-50243
Pine Hill Resort - 081-50079, 50303 , 50304
Pine View - 081-50185
Parami Motel - 081-50027
Pine Land - 081-50020
Pine Breeze Hotel - 081-50459, 50166 , 09 250629197
Pine Wood - 081-50832 , 50833
Royal Kalaw Hill Resort - 081-50851, 50852
Seint Motel - 081-50752, 50696
The Hotel Kalaw Hill - 081-50865, 50866
Winner Hotel - 081-50025, 50279
Richard Inn - 081-50417

🏝🏊🏻ငပလီကမ်းခြေ ကိုဈေးနှုန်းသက်သာစွာဖြင့်ခရီးသွားကြရအောင်။🏖နွေရာသီကျောင်းပိတ်ရက်လေးမှာ သားသားမီးမီးတွေနဲ့ မြန်မာနိုင်ငံရဲ...
20/02/2018

🏝🏊🏻ငပလီကမ်းခြေ ကိုဈေးနှုန်းသက်သာစွာဖြင့်ခရီးသွားကြရအောင်။

🏖နွေရာသီကျောင်းပိတ်ရက်လေးမှာ သားသားမီးမီးတွေနဲ့ မြန်မာနိုင်ငံရဲ့အလှအပဆုံးသော်ကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေကိုကုန်ကျစရိတ်သက်သာစွာဖြင့်Diamond hotel(3Stars)မှာ ၂ညအိပ်သွားရောက်အနားယူနိုင်ပါပီ။

👨‍💼တစ်ယောက်ဈေးနှုန်းများ
Weekday(MON to THU)-95,000 ks
Weekend day(FRI to SUN)-115,000 ks

👫အနည်းဆုံး၂ယောက်ကစပီသွားရောက်နိုင်ပါတယ်။
promotion ကာလကတော့-Feb 20 မှ April 10ရက်အထိပဲဖြစ်ပါတယ်။

✅ပါဝင်တဲ့ဝင်ဆောင်မှုများကတော့

1️⃣ရန်ကုန်-ငပလီ/ငပလီ-ရန်ကုန် အသွားအပြန် မျိုးဆက်သစ်Expressကားလက်မှတ်။
2️⃣Diamond Hotel (superior room)မှာ ၂ညတည်းခိုခွင့်(ဟော်တယ်မနက်စာပါဝင်သည်)။

🤝ရန်ကုန်-ငပလီ/ငပလီ-ရန်ကုန် လေယဉ်လက်မှတ်များလည်းဝယ်ယူရှိနိုင်ပါသည်။အသွားအပြန်-130,000 ks(MNA airline)
🤝အသင်းအဖွဲအလိုက်ကားစီးလုံးဌားပီးသွားချင်ပါကလည်း ဈေးနှုန်းချိုသာစွာစီစဉ်ပေးပါသည်။
👍ဟော်တယ်သီသန့်ဌားရန် နိုင်အောင်လည်းစီစဉ်ပေးပါသည်။

အသေးစိတ်သိရှိလိုပါက-Chat box,Viber(09 974926448)
Wechat ID-twinlotustravel,[email protected] မှာစာပို့ပီးမေးနိုင်ပါတယ်။

Hot line -09 974926449/09 451116246/09 961592704/09 425657044.

မသိဘူး ~ ညောင်ရွှေမြို့လေးကို အရမ်းကြိုက်နေပြီ 🍇🍷လူငယ်ဆန်တဲ့ အငွေ့အသက်တွေ အများကြီးရှိတဲ့ ရှမ်းပြည်တောင်ပိုင်းက ညောင်ရွြှေ...
11/02/2018

မသိဘူး ~ ညောင်ရွှေမြို့လေးကို အရမ်းကြိုက်နေပြီ 🍇🍷

လူငယ်ဆန်တဲ့ အငွေ့အသက်တွေ အများကြီးရှိတဲ့ ရှမ်းပြည်တောင်ပိုင်းက ညောင်ရွှေမြို့လေးကို ကိုယ်အရင်အပတ်က သွားဖြစ်ခဲ့တယ်...။ ကျွန်တော်ရေးတဲ့စာတွေ တော်တော်များများမှာ လူငယ်တွေ ခရီးသွားဖို့ကို အသားပေးရေးဖြစ်တယ်... အခုလည်း ကိုယ်တွေလို လူငယ်တွေအတွက် သိပ်ကိုပျော်စရာကောင်းမယ့် လူငယ်ဆန်ဆန်မြို့လေးအကြောင်း ပြောပြပေးမလို့ပါ...။ ညောင်ရွှေက ခရီးသွား အလာများတဲ့အတွက် သွားရလာရအဆင်ပြေတယ်... ကလောရောက်လို့ အချိန်တွေပိုနေသေးရင် ညောင်ရွှေကိုတက်... ဒါမှမဟုတ် တောင်ကြီးမသွားခင် ညောင်ရွှေမှာ တစ်ရက်လောက်အချိန်ပေးပြီးနေ... အများကြီးအချိန်ပေးစရာ မလိုဘူးနော်... တစ်ရက်ဆိုလုံလောက်ပြီ (အင်းလေးကန်ထဲပါ လည်မယ်ဆိုရင်တော့ နှစ်ရက်လောက်မှ အဆင်ပြေမယ်နော်... ကိုယ်ကတော့ ညောင်ရွှေမြို့ထဲမှာတစ်ရက် အင်းလေးခေါင်တိုင်မှာ တစ်ရက်နေခဲ့တာ...) မြို့လေးအကြောင်း ဘယ်ကနေစပြောရမလဲဆိုတော့ကာ... တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးချမ်းတယ်... ခရီးသွားလုပ်ငန်းအပေါ်မှာ အကျွမ်းတဝင်ရှိပြီးသားဖြစ်လို့ ဝန်ဆောင်မှုနဲ့ သွားရေးလာရေးက အကုန်အဆင်ပြေပြီးသား... ဒီမှာက နိုင်ငံခြားသားအဝင်များတော့ ဆိုင်တွေတော်တော်များများကလည်း အိုင်ဒီယာလေးတွေဆန်းသစ်ပြီး အပီအပြင် ဆွဲဆောင်ကြတာပေါ့...။

ညောင်ရွှေမြို့ထဲမှာ ဘယ်တွေလည်ကြမလဲ? 🚗

ညောင်ရွှေဟော် 🏡

ညောင်ရွှေစော်ဘွားတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးပေါ့... အခုတော့ ညောင်ရွှေယဉ်ကျေးမှုပြတိုက်ပေါ့လေ... ဝင်ကြေးက 200 Ks ပါ... အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး... မျက်လုံးနဲ့ အဝကြည့်ပေါ့နော်... တနင်္လာ၊ အင်္ဂါဆိုပိတ်ပါတယ်... ဒီအဆောက်အဦးကြီးကို 1913 ခုနှစ်ကနေစပြီး ဆယ်နှစ်ကြာအောင် ဆောက်ထားရတာတဲ့လေ... တကယ်ကို သူတို့ခေတ်အခါက ဘယ်လိုတွေဝတ်စားဆင်ယင်လဲ၊ ဘာပစ္စည်းတွေအသုံးပြုလဲ၊ ဘယ်လိုအယူတွေရှိလဲ စသဖြင့် အများကြီး လေ့လာလို့ရမှာပါ...။ အပြင်ဘက်မှာတော့ ဓာတ်ပုံရှယ်ရိုက်လို့ရတယ်... အဟောင်းပုံစံဖြစ်နေတဲ့အတွက် လူငယ်တွေ ဓာတ်ပုံရိုက်ရတာ သိပ်ပျော်မှာအမှန်ပဲ...။

Chillax Bistro မှာ နေ့လည်စာဝင်စားမယ် 🍔

နေ့လည်စာ စားချိန်ဆိုတော့ ဟိုတယ်နဲ့လည်းနီးတဲ့ ဒီ Chillax ဆိုတဲ့ ဆိုင်လေးမှာ ဝင်စားဖြစ်ကြတယ်... ရှမ်းစာကို ဟိုတယ်မှာစားခဲ့တာဆိုတော့ နေ့လည်စာကတော့ ဘိုစာလေးပေါ့...။ ဆိုင်အပြင်အဆင်လေးက အထဲမှာ Bar လေးနဲ့ အပြင်မှာတော့ သစ်သားခုံလေးတွေနဲ့ ထိုင်ချင်စရာလေး လုပ်ထားတယ်... ကိုယ်ကတော့ Beef Steak ရယ် အမဲသားဘာဂါလေးရယ်နဲ့ ဇိမ်ကျလို့... Cocktail လေးပါသောက်လိုက်တော့ တစ်နေကုန်လည်ပတ်ဖို့ လန်းသွားတယ်ဆိုပါတော့... ဒီဆိုင်ကို နိုင်ငံခြားသားတွေ အလာများတာလည်း တွေ့ရတယ်...။

အရမ်းလှတဲ့ တောင်ပေါ်က ကော်ဖီဆိုင်လေး ☕

နာမည်က Coffee House တဲ့... အစက မြင်းစီးကလပ်သွားမယ်ဆိုပြီး ဒီဘက်ကိုရောက်ချလာတာ... နောက်တော့ နေလည်းပူ မြင်းလည်းမစီးတတ်ဆိုတော့ ကော်ဖီသောက်ပြီး ပြန်တာပေါ့လို့...။ ဆိုင်အပြင်အဆင်လေးကတော့ အင်္ဂလန်ကဘုရင်မကြီးတောင် ကြွေသွားမယ်... ဟီး... တကယ်မိုက်တာ ပြောင်ဖူးတွေ မျက်နှာကျက်မှာ စီတန်းထားတာတို့ အဝင်ဝမှာ ဘာအမျိုးအစားမှန်းမသိတဲ့ နွယ်ပန်းလေးတွေ ပွင့်နေတာတို့ပေါ့... ဘေးပတ်ဝန်းကျင်ရှုခင်းကလည်း ရေထိန်းဆည်ကြီးရယ် စိုက်ခင်းတွေရယ် တောင်တန်းကြီးရယ်နဲ့ ဘဝအမောတွေပြေသွားမှာပါ... ကော်ဖီဆိုင်ဆိုတော့ ကော်ဖီသောက်တာပေါ့နော်... တစ် Set 2,000 Ks ကို နှစ်ယောက်သောက်ခဲ့တယ်... တခြားပေါ့ပေါ့ပါးပါး ပြောင်းဖူးကြော်တို့ ဘာတို့လည်းရတယ်... အောက်ထပ်မှာလည်း ထောပတ်သီးတွေ ရောင်းနေသေးတာ...။

အလှဆုံး နေဝင်ဆည်းဆာနဲ့ Red Mountain 🍷

ကော်ဖီလေးသောက်ပြီး ညောင်ရွှေမှာနာမည်ကြီးတဲ့ Red Mountain Vineyard & Winery ကို သွားဖြစ်ခဲ့တယ်... ရောက်သွားတာ နေ့လည် 3:00 နာရီလောက်ဆိုပေမယ့် အဲ့အချိန်က အတော်ပဲလို့ ပြောပါရစေ... နေဝင်ခါနီးလေ လူများလေ နေရာမရလေမို့ စောစောသွားတာ အကောင်းဆုံးပါပဲ...။ ဝိုင်က တစ်ခွက်ချင်းရော ပုလင်းလိုက်ရော ရတယ်... တစ်ပုလင်းကို 15,000 Ks ဝန်းကျင်က စပါတယ်... တန်တယ်နော်...။ နိုင်ငံခြားသား အလာများတယ်... နေရာမရှိလို့ ပေါင်းထိုင်ရတာတွေလည်းရှိတယ်...။ နေဝင်ချိန်ကတော့ အရမ်းမြန်တယ်... တကယ်လည်းလှတယ်... ဝိုင်လေးသောက်ပြီး ရီဝေဝေဆိုတော့ နေဝင်တာ ထိုင်ကြည့်ရတဲ့ အရသာက သိပ်ကောင်းပဲဗျို့...။ အချိန်စောစောရောက်သွားရင် ဘေးမှာရှိတဲ့ စပျစ်ခြံထဲမှာလည်း ဓာတ်ပုံရိုက်လို့ရသေးတာ... တောင်တန်းကြီးတွေနဲ့ဆိုတော့ လှမှလှပဲ...။

ညောင်ရွှေမြို့လေးရဲ့ Night Market 🌃

ဝိုင်ခြံကအပြန် မှောင်ပြီဆိုပေမယ့် လည်စရာတစ်ခုကျန်နေသေးတယ်... လူငယ်တွေအကြိုက် Night Market တဲ့လေ... သန့်သန့်ရှင်းရှင်းနဲ့ အစားအသောက်တွေ၊ လက်ဆောင်ပစ္စည်း ဆိုင်တွေကို တစ်နေရာတည်း အများကြီးတွေ့ရမှာပါ...။ ကိုယ်တွေကတော့ စားစရာဆိုင်တွေ အများကြီးပဲမို့ တော်တော်လေး ရွေးလိုက်ရတယ်... အကင်ဆိုင်တွေများတယ်... Bar တွေလည်းရှိတယ်... ဆိုင်လေးတွေက ချစ်စရာကောင်းပြီး သန့်ပြန့်နေရော...။

နှစ် 100 နီးပါးရှိပြီဖြစ်တဲ့ ဟူပင်စားသောက်ဆိုင် 🏠

ကျွန်တော်တို့တည်းဖြစ်ခဲ့တဲ့ ဟူပင်ဟိုတယ်ကို တည်ထောင်ခဲ့တဲ့ အဘိုးအဘွားတွေရဲ့ သက်တမ်း နှစ် 100 နီးပါးရှိပြီဖြစ်တဲ့ စားသောက်ဆိုင်လေးပါ...။ ဟိုတယ်ရဲ့ မျက်စောင်းထိုးမှာပဲရှိတာ... ဒီဆိုင်မှာ နာမည်ကြီးတာက လက်လုပ်ဆီချက်ခေါက်ဆွဲနဲ့ အခေါက်ကင်တဲ့လေ... ကိုယ်လည်း မြည်းကြည့်ခဲ့တာပေါ့... မွှေးမွှေးလေးနဲ့ စားလို့အရမ်းကောင်းပဲ...။

ညောင်ရွှေကို သွားမယ်ဆိုရင် ခရီးလမ်းကြောင်း 🚘

ရန်ကုန်ကနေ ညောင်ရွှေကို တိုက်ရိုက်ဆွဲတဲ့ကားတွေ ရှိပေမယ့်လည်း ကိုယ်စီးချင်တဲ့ Boss Express က ရန်ကုန် - တောင်ကြီး ဆွဲတယ်ဆိုတော့ အဲ့ဒါပဲစီးပြီး ရွှေညောင်လမ်းဆုံမှာဆင်းရပါတယ်... ရန်ကုန်ကနေ ညနေ 7:00 ထွက်လာတာ ရွှေညောင်ကို မနက် 6:45 လောက်ရောက်ပါတယ်... ကားကို 2 + 1 ရွေးစီးရတာ အကြောင်းရှိတယ်လေ... အဲ့ဒီ ရွှေညောင်လမ်းဆုံကနေ ညောင်ရွှေထိကို 15 မိနစ်လောက် ဖယ်ရီထပ်စီးရဦးမှာကိုး... ကားခထဲတစ်ခါတည်း ပါပြီးသားဆိုတော့ အလုပ်မရှုပ်တော့ဘူး... ကိုယ်တည်းမယ့် ဟိုတယ်ထိ လိုက်ပို့ပေးတယ်... အပြန်ကားလက်မှတ် ဖြတ်ထားတယ်ဆိုရင်လည်း ပြန်လာကြိုပေးလိမ့်မယ်... အဆင်ပြေတာပေါ့... ကားလက်မှတ်က အသွားအပြန်ကို 46,000 Ks ကျပါတယ်...။

ကိုယ်တည်းခဲ့တဲ့ ဟူပင်ဟိုတယ် 🏘

ဟူပင်ဟော်တယ်က ဒီဘက်မှာဆို နှစ်ခုရှိတာ... ဒီ ဟူပင်ဟိုတယ် (ညောင်ရွှေ) ရယ်... အင်းလေးကန်ထဲမှာရှိတဲ့ ဟူပင်ဟိုတယ် (ခေါင်တိုင်) ရယ်ပေါ့...။ အခုကတော့ ညောင်ရွှေက ဟူပင်ဟိုတယ်အကြောင်းပေါ့... အခန်းဈေးနှုန်းကို ပြောရမယ်ဆိုရင် အနည်းဆုံးနှစ်ယောက်ခန်း 40,000 Ks ကနေ စရှိပါတယ်...။ ကျွန်တော်တို့နေခဲ့တဲ့ 3 ယောက်ခန်းကတော့ 60,000 Ks ပါ အောက်မှာ ပုံထည့်ပေးထားတယ်နော်... ကိုယ်ကတော့ ဒီဟိုတယ်လေးကို အေးအေးချမ်းချမ်းနဲ့ သပ်သပ်ရပ်ရပ်လေးရှိလို့ သဘောကျမိတယ်... ဟိုတယ်ဝန်ထမ်းတွေကလည်း တိုင်းရင်းသားပီပီအရမ်း ချစ်စရာကောင်းနေရော...။ တည်းမယ်ဆိုရင် ဟိုတယ်ဖုန်းနံပါတ်တွေက - 09 5052706, 09 5146630 အဲ့ဒါအပြင် အခန်းပုံနဲ့ ဟိုတယ်အကြောင်း လေ့လာချင်တယ်ဆို www.hupinhotelmyanmar.com မှာ ရှာကြည့်နော်...။

ခရီးတွေအများကြီးထွက်ပြီး ဘဝရဲ့ အတွေ့အကြုံသစ်တွေ အများကြီး ရနိုင်ကြပါစေ...။

With Love... 💛💙💚
Kyaw Lay (I Like That)

အကုန်အကျသက်သက်သာသာနဲ့ ခရီးဘယ်လိုသွားကြမလဲ---------------------------------------------------------------------ခရီးသွားနေ...
07/02/2018

အကုန်အကျသက်သက်သာသာနဲ့ ခရီးဘယ်လိုသွားကြမလဲ
---------------------------------------------------------------------
ခရီးသွားနေတုန်း ပိုက်ဆံကို ချွေတာပြီး စုဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်နေပြီလား။ ခရီးသွားတယ်ဆိုတာ အိတ်ထဲက ပိုက်ဆံတွေ ခုန်ထွက်တတ်တဲ့ အရာဖြစ်ပေမယ့် အခုပြောပြမယ့်အချက်တွေကတော့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ချွေတာစုဆောင်းမိစေမှာပါ။

-သက်သာမယ့် နည်းလမ်းတွေကို ရနိုင်သမျှရှာပါ
ခရီးမသွားခင် သွားမယ့်နေရာကို သေချာလေ့လာထားရင် ဒီလို လုပ်ဖို့က မခက်ပါဘူး။ ကိုယ်သွားမယ့်မြို့မှာ ဘာပွဲတော်ရှိလဲ၊ ဘယ်နေရာတွေက ဈေးချပေးနေလဲ အရင်သေချာလေ့လာပါ။ Guide မငှားဘဲ ကိုယ့်ဘာသာသွားတာမျိုးလည်း လုပ်ကြည့်ပါ၊ ခရီးသွားတယ်ဆိုတာ ဒီလို စွန့်စွန့်စားစားလုပ်ကြည့်မှလည်း တန်မှာမလား။ ပြတိုက်တွေဆို တချို့နေ့ထူးနေ့မြတ်တွေမှာ တစ်ဝက်ဈေးနဲ့ ဝင်လို့ ရတာတို့၊ အခမဲ့ဝင်ခွင့်ရတာမျိုးတွေ ရှိတတ်ပါတယ်။

-ဟင်းချက်ဖို့ နေရာ ဒါမှမဟုတ် Microwave ပါတဲ့ ဟိုတယ်ခန်းမျိုးရွေးငှားပါ
တချို့လူတွေက ခရီးသွားရင် ချက်မစားချင်ဘူးဆိုပေမယ့် သက်သာဖို့အတွက်ဆိုရင်တော့ သာမန်ဗိုက်ဆာတာလောက်ဆိုရင် ခေါက်ဆွဲပြုတ် ကိုယ့်ဘာသာ ပြုတ်စားတာလောက်တော့ လုပ်ရမှာပါ

-ဒေသခံတွေရောင်းတဲ့ဈေးမှာ ဝယ်တတ်ပါစေ
ကိုယ်မရောက်ဖူးတဲ့ ဒေသကိုရောက်မှတော့ နာမည်ကြီး Stores တွေမှာ အသီးအနှံတွေဝယ်မယ့်အစား ဒေသခံတွေရဲ့ ငါးရက်တစ်ဈေးတို့၊ အင်းလေးဆိုလည်း ရေပေါ်ဈေးတို့မှာ ဝယ်မယ်ဆိုရင် နယ်မြေအတွေ့အကြုံလည်းရ၊ ပျော်စရာလည်းကောင်း၊ ငွေလည်း ချွေတာနိုင်မှာပါ။

-တည်းမယ့်နေရာနဲ့ ကားဂိတ်၊ ရထားဂိတ်နီးပါစေ
ကျွန်တော်တို့ ပုဂံသွားတုန်းက အတော်ခေါင်တဲ့နေရာမှာ တည်းမိလို့ ဟိုတယ်ခသက်သာပေမယ့် ကားဂိတ်ကအလာနဲ့ ကားဂိတ်ကို အပြန်တင် ခရီးစရိတ်တော်တော်ထိပါတယ်။ ဒါတင်မဟုတ်ဘဲ အချိန်လည်း ကုန်သေးတဲ့အတွက် တည်းမယ်ဆိုရင် ဘူတာ၊ ကားဂိတ်စတဲ့ ခရီးသွားလာရေးစုရပ်တွေနဲ့ နီးတဲ့နေရာမှာ တည်းတာ အကောင်းဆုံးပါပဲ။

-အပြင်သွားရင်၊ Activities တွေလုပ်ရင် မုန့်တွေ ဝယ်သွားပါ
ပန်းခြံတွေ ဥယျာဉ်တွေထဲက မုန့်တွေဟာ ပြောစရာမလို ဈေးကြီးပြီးသားမို့ သွားမယ်ဆို အဆာပြေမုန့်လေး ကျောပိုးအိတ်ထဲ ထည့်သွားစေချင်ပါတယ်။ ရေဆိုလည်း တွေ့ရာနေရာ ဝယ်သောက်တာထက် ရေတစ်ဘူးလောက် အိတ်ထဲဆောင်သွားရင် သန့်ရှင်းရေးအတွက်လည်း မပူရ၊ ချွေလည်း ချွေတာပြီးသားဖြစ်မှာပါ။

-အကောင်းဆုံးအခန်းမှာ တည်းတာမျိုး ရှောင်ပါ
ခရီးသွားရင် အခန်းထဲ နေတဲ့ အချိန်က နည်းတဲ့အတွက်၊ တစ်ခါတလေဆို အိပ်ချိန်ပဲ ပြန်ရောက်တာဖြစ်တဲ့အတွက် အခန်းအတွက် ပိုက်ဆံအများကြီး သုံးတာမျိုးရှောင်ပါ။

-ဖြစ်နိုင်ရင် ခရီးသွားရာသီမှာ သွားတာမျိုးကို ရှောင်ပါ
ကိုယ်က အဲ့ဒီနေရာကို အရမ်းလည်းရောက်ဖူးချင်တယ်၊ ပိုက်ဆံလည်း သိပ်မကုန်ချင်ဘူးဆိုရင် အဲ့ဒီဒေသရဲ့ ခရီးသွားရာသီကို ရှောင်ပါ၊ ခရီးသွားရာသီကို ရှောင်လိုက်ရင် လေယာဉ်လက်မှတ်ခ၊ ကားခက အစ၊ ဟိုတယ်အခန်းခနဲ့ အစားအသောက်စရိတ်အဆုံး အကုန်သက်သာနေမှာပါ။ ပြီးတော့ ပြည့်ကျပ်ရှုပ်ရှက်ခတ်နေတဲ့ လူအုပ်ကြီးနဲ့လည်း တွေ့ရမှာမဟုတ်ဘဲ စိတ်ကြိုက်ဓာတ်ပုံကောင်းကောင်းရိုက်နိုင်တဲ့ အပိုဆုပါ ရနိုင်မှာပါ။

-ဆိုင်သေချာရွေးစားပါ
Tourist attractions တွေ၊ လူသွားလူလာများတဲ့ နေရာတွေက ထမင်းဆိုင်နဲ့ Restaurant တွေဟာ အများအားဖြင့် ဈေးကြီးတတ်ပါတယ်။ ဒီတော့ နည်းနည်းလျှောက်ရင် လျှောက်ရပါစေ ထုံးနှလုံးမူပြီး တန်ကောင်းသက်သာဆိုင်လေးတွေ ရွေးစားပါ။

-ဘတ်ဂျက်သတ်မှတ်ပါ
ခရီးကပြန်လာပြီး ငမွဲဖြစ်မယ့်အစား ခရီးမှာ သုံးမယ့် ငွေကြေးဘတ်ဂျတ်ချထားပြီး အဲ့ဒီအတိုင်းဝင်အောင် သုံးတာ အကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းပင်ပန်းဆင်းရဲအောင်တော့ မလုပ်ပဲ ဘတ်ဂျတ်ငွေကို လုံလုံလောက်လောက်ချထားပြီးတော့ ပျော်လည်းပျော်ရ၊ ငွေလည်းချွေတာမိတဲ့ ခရီးစဉ်ကောင်းတစ်ခု ဖန်တီးနိုင်ကြပါစေ။

ရိုးလူ (အခရာ)

Akhayar - Lifestyle

ခရီးသွားတယ်ဆိုတာ အိတ်ထဲက ပိုက်ဆံတွေ ခုန်ထွက်တတ်တဲ့ အရာဖြစ်ပေမယ့် အခုပြောပြမယ့်အချက်တွေကတော့ ကုန်ကျစရိတ်က...

09/01/2018
09/01/2018
တောင်ငူ-သံတောင်ကြီး-နော်ဘူဘောတောင် သို့ ခရီးတစ်ခေါက်ရောက်ခဲ့သည်.. ရူခင်းတွေကတော်တော်လှတယ် ကားမောင်းသွားမယ်ဆိုရင်တော့ သတိ...
24/12/2017

တောင်ငူ-သံတောင်ကြီး-နော်ဘူဘောတောင် သို့ ခရီးတစ်ခေါက်ရောက်ခဲ့သည်.. ရူခင်းတွေကတော်တော်လှတယ် ကားမောင်းသွားမယ်ဆိုရင်တော့ သတိနဲ့မောင်းဖို့ မှာချင်တယ် ဆိုယ်ကယ်အရမ်းများတယ် အထူးသဖြင့် တောင်ငူကနေပြီးတော့ သံတောင်ကြီး/လွိုင်ကော် လမ်းခွဲထိ လမ်းတော်တော်ကျဉ်းတယ် ဆိုင်ကယ်များတယ် နှစ်လမ်းမောင်းဖြစ်တဲ့အတွက် တော်တော်ဂရုစိုက်မောင်းရတယ် လမ်းခွဲရောက်ရင် ပသိချောင်းလေးရှိတယ်ရေဝင်ဆော့လို့ရတယ် လမ်းခွဲလေးရောက်ရင်တော့ တစ်လမ်းမောင်း ဖြစ်သွားပြီ ကီလို ၂၀ လောက်ဆက်မောင်းရင်တော့ သံတောင်ကြီးရောက်ပါပြီခင်ဗျာရုံးပိတ်ရက်နဲ့ တိုက်ရင်တော့ ဟိုတယ်ကြိုမှာထားပေါ့ နောက်မို့ဆိုရင်အခန်းမရဘူး ဒါမှမဟုတ်ရင် နေ့လယ်လောက်ရောက်အောင်သွား ဒါဆို ရနိုင်တယ် နောက်မို့ဆိုရင်တော့ တည်းဖို့တော်တော်ခေါင်းခဲသွားမယ် လိုက်ရှာရတာ အမော။
တောင်ပေါ်ရောက်ရင် ရှုခင်းကတော့ တော်တော်လှတယ် အထူးသဖြင့်မနက်ခင်း နေမထွက်မီ မလင်းတစ်လင်းနဲ့နေထွက်ခါစ အချိန်လေးပေါ့ ၆နာရီ ကနေ ၈နာရီ ကြားပေါ့ အအေးပိုင်းကတော့ မနက်/ညနေ/ည မှာတော့အေးတယ် ၉ နာရီကျော်ရင်မအေးတော့ဘူး။ ဒီတော့သွားဖို့ အစီအစဉ် ရှိရင်ဒါလေးတွေ သိထားဖို့သင့်တယ်ထင်လို့ပါခင်ဗျား။မိမိကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတွေကို အခြားသူများသွားလာရင်သိထားသင့်တယ်လို့ထင်လို့ စေတနာနဲ့ပြောပြတာဖြစ်ပါတယ် ဒါကြောင့် အသေးစိတ်မပြည့်စုံခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျား။သိချင်တာများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဖုန်း ၀၉ ၄၅၁၁၁၆၂၄၆
ပျော်ရွှင်သော ခရီးလေးဖြစ်ပါစေလို့Twin Lotus Travel & Tours မှဆုတောင်းပေးပါတယ်ခင်ဗျား။

ခရီးသွားခြင်းသည် အသက်ပိုရှည်တယ်ဆိုတာသင်သိပါသလား?ခရီးသွားခြင်းကို နှစ်သက်သူတွေအဖို့ အသက်ရှည်မှာက ဧကန်မလွဲပါ။ ပြည်တွင်း ခရ...
08/12/2017

ခရီးသွားခြင်းသည် အသက်ပိုရှည်တယ်ဆိုတာသင်သိပါသလား?
ခရီးသွားခြင်းကို နှစ်သက်သူတွေအဖို့ အသက်ရှည်မှာက ဧကန်မလွဲပါ။ ပြည်တွင်း ခရီးစဉ်ပဲဖြစ်ဖြစ် ပြည်ပကိုပဲသွားသွား ခရီးသွားခြင်းက သင့်ရဲ့ အသက်ကိုပိုရှည်စေပါတယ်။ သုတေသနစာတမ်းများအရ ခရီးသွားခြင်းသည် စိတ်ဖိစီးမှုအား လျော့ချပေးခြင်း၊ စိတ်ရောကိုယ်ပါကျန်းမာစေပါတယ်၊ မှတ်ဥာဏ်အားကိုလည်းကောင်းမွန်လာအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီအချက်တွေက သင့်ကိုပိုမိုအသက်ရှည် ကျန်းမာစေမယ့် အကြောင်းပြချက်တွေပါပဲ။ ပိုမိုပျော်ရွှင်ပြီး အသက်ရှည်ဖို့ ခရီးများများထွက်ကြရအောင်နော်
Check out our weekly schedule which is effective from 8th December, 2017 to 15th December,2017. Let's Fly High Together.
For your reservation
☎️09 974926449/09 962602593/09 425657044
📧 [email protected]
🏠 Bldg(175/177),4th floor,33rd street(upper),kyaunktada township,Yangon

2018 Calendar
08/11/2017

2018 Calendar

Dedicated to the art of travel to
လေးတွေရတော့မယ်နော်

Twin Lotus Travel & Tour ရဲ့ October လနဲ့ November လ အတွက် Free & Easy packages ခရီစဉ်တွေလာပီနော်။👫အနည်းဆုံး၂ယောက်ရှိရုံ...
20/10/2017

Twin Lotus Travel & Tour ရဲ့ October လနဲ့ November လ အတွက် Free & Easy packages ခရီစဉ်တွေလာပီနော်။
👫အနည်းဆုံး၂ယောက်ရှိရုံနဲ့ သီသန့် သွားနိုင်ပီနော်။👭👬

🙏Bagan🙏

🏨Myanmar Treasure Hotel(5 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန် VIP ကားလက်မှတ်+စွယ်တော်လေးဆူအပါအဝင်တစ်ရက်လည်ပတ်ခွင့်(Private car).
💰တစ်ယောက်ဈေးနှုန်း140,000MMK

🏨Anata Bagan Resort (4 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန် VIP ကားလက်မှတ်+စွယ်တော်လေးဆူအပါအဝင်တစ်ရက်လည်ပတ်ခွင့်(Private car).
💰တစ်ယောက်ဈေးနှုန်း120,000MMK

🏨Amazing Bagan Resort(4 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန်Expressကားလက်မှတ်+စွယ်တော်လေးဆူအပါအဝင်တစ်ရက်လည်ပတ်ခွင့်(Private car).
💰တစ်ယောက်ဈေးနှုန်း 90,000MMK

🏨Famous Hotel Bagan(3 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန် Express ကားလက်မှတ်+စွယ်တော်လေးဆူအပါအဝင်တစ်ရက်လည်ပတ်ခွင့်(Private car).
💰တစ်ယောက်ဈေးနှုန်း 70,000MMK

🏨Regency Hotel(3 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန် Expressကားလက်မှတ်+စွယ်တော်လေးဆူအပါအဝင်တစ်ရက်လည်ပတ်ခွင့်(Private car).
💰တစ်ယောက်ဈေးနှုန်း 65,000MMK

🙏Kyaik htee yoe 🙏

🏨Kyaik Hto hotel(ကျိုက်ထိုဟော်တယ်)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန် Expressကားလက်မှတ်။
💰တစ်ယောက်ဈေးနှုန်း 70,000MMK
(Deluxe building Room)

🏨Bawgatheddhi Hotel
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန်Expressကားလက်မှတ်။
💰တစ်ယောက်ဈေးနှုန်း 35,000MMK

🏊🏻Chaungtha beach🏊🏻‍♀️

🏨Amazing Chaungtha Resort(4 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန်Expressကားလက်မှတ်။
💰တစ်ယောက်ဈေးနှုန်း 65,000MMK

🏨Akariz Resort(4 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန်Expressကားလက်မှတ်။
💰တစ်ယောက်ဈေးနှုန်း 45,000MMK

🏨Azura beach resort(3 Stars)
✅၁ညအိပ်(မနက်စာပါ)+အသွားအပြန်Expressကားလက်မှတ်။
💰တစ်ယောက်ဈေးနှုန်း 43,000MMK

🤓တဆောင်တိုင်ရုံးပိတ်ရက်အတွက်booking တင်မယ်ဆိုအမြန်ဆုံးbookingတင်ကြပါနော်။

📞Hot line Phone-09 974926449,09 425657044
📪Email-twinlotus.traveltours@
gmail.com

🛄ငပလီ၊အင်းလေး၊ငွေဆောင်၊မန္တလေး သွားမယ့်ခရီးသွားများအတွက်လည်းဟော်တယ်သီသန့် ဝင်ဆောင်မှုအတွက်အောက်ကlink တွင်ဝင်ရောက်ကြည်ရှု့ လေ့လာနိုင်ပါတယ်။
https://www.facebook.com/story.php?story_fbid=1489281621106901&id=1256373597731039

✈️🏨🛄ခရီးသွားတဲ့အခါဟော်တယ်ခန်းရွှေးမယ်ဆိုရင်......
17/10/2017

✈️🏨🛄ခရီးသွားတဲ့အခါဟော်တယ်ခန်းရွှေးမယ်ဆိုရင်......

အခုနောက်ပိုင်း ခရီးသွားတာက ခေတ်စားလာတဲ့အခါ ရောက်တဲ့အရပ်မှာ ကိုယ်နဲ့ သင့်တော်အဆင်ပြေတဲ့ အခန်းတွေ ဘယ်လိုရွေးရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

🙂🤓🤗မိတ်ဆွေ🤝ဘာကြောင့်ပဲခရီးသွားသွား HOTEL လိုအပ်ခဲ့ရင် Twin Lotus travel & tour ကိုသတိရလိုက်ပါ။ဈေးနှုန်းသက်သာပီး၊Hotel bo...
15/10/2017

🙂🤓🤗မိတ်ဆွေ🤝ဘာကြောင့်ပဲခရီးသွားသွား HOTEL လိုအပ်ခဲ့ရင် Twin Lotus travel & tour ကိုသတိရလိုက်ပါ။
ဈေးနှုန်းသက်သာပီး၊Hotel booking comfirmation ဘောင်ချာကိုအိမ်တိုင်ရာရောက်ပိုဆောင်ပေးမှာဖြစ်သည့်အတွက်အချိန်ကုန်ငွေကုန်သက်သာစေမှာဖြစ်ပါတယ်။
AYA/KBZ Mobile banking ဖြင့်လည်းငွေပေးခြေ၍ဝယ်ယူနိုင်ပါတယ်။

🎈🎉အောက်တိုဘာ၊နိုဝင်ဘာလအတွက်ဟော်တယ် ဈေးနှုန်းတွေဖြစ်ပါတယ်ခင်ဗျာ။၁ခန်းbooking လုပ်ရင်⛱ထီးတစ်ချောင်းလက်ဆောင်ရရှိအုန်းမှာဖြစ်ပါတယ်။🎊

♻️အောက်ပါဈေးနှုန်းများအားလုံးသည် ၁ညအိပ်(မနက်စာပါ)ဈေးနှုန်းများသာဖြစ်ပါသည်။Check in time မှာနေ့ခင်း၂:၀၀ မှ Check Out time မှာ နေ့လည်၁၂:၀၀အထိဖြစ်ပါသည်။

✅Bagan(ပုဂံ)

🏨Myanmar Treasure Resort(⭐️⭐️⭐️⭐️⭐️)-105$
🏨Aureum Palace Hotel & Resort(⭐️⭐️⭐️⭐️⭐️)-195$
🏨Amazing Bagan Resort(⭐️⭐️⭐️⭐️)-(Oct )70,000ks/(Nov)90,000ks
🏨Ananta Bagan Resort(⭐️⭐️⭐️⭐️)-(Oct)90,000ks/(Nov)110,000ks
🏨Bawgatheiddhi Hotel(⭐️⭐️⭐️)- 70,000ks
🏨Famous Hotel(⭐️⭐️⭐️)-55,000ks
🏨The Regency Hotel(⭐️⭐️⭐️)-45,000ks

✅ChaungTha beach(ချောင်းသာကမ်းခြေ)

🏨Akariz Resort(⭐️⭐️⭐️⭐️)-50,000ks
🏨Azura beach resort(⭐️⭐️⭐️)-45,000ks
🏨Amazing ChaungTha Resort(⭐️⭐️⭐️⭐️)-90,000ks

✅Ngapali beach(ငပလီကမ်းခြေ)

🏨Aureum Resort & Spa(⭐️⭐️⭐️⭐️⭐️)-(Oct)155$/(Nov)205$
🏨Amazing Ngapali Resort(⭐️⭐️⭐️⭐️)-135,000ks

✅Ngwe Saung beach(ငွေဆောင်ကမ်းခြေ)

🏨Aureum Palace Resort & Spa⭐️⭐️⭐️⭐️⭐️)-(Oct)105$/(Nov)115$
🏨Myanmar Treasure Resort(⭐️⭐️⭐️⭐️⭐️)-(Oct)90$/(Nov)100$
🏨Eskala Hotel & Resort(⭐️⭐️⭐️⭐️)-105$
🏨Ngwe Saung Yacht Club(⭐️⭐️⭐️⭐️⭐️)-115$

✅Mandalay(မန္တလေး)

🏨Oway Grand hotel(⭐️⭐️⭐️)-40,000ks
🏨Hotel Hazel(⭐️⭐️⭐️⭐️)-50,000ks
🏨Hotel Marvel(⭐️⭐️⭐️⭐️)-50,000ks
🏨Hotel Amazing Mandalay(⭐️⭐️⭐️⭐️)-50,000ks

✅Inle lake(အင်းလေး)

🏨Myanmar Treasure Resort(⭐️⭐️⭐️⭐️⭐️)-155$
🏨Aureum Inle Resort & spa(⭐️⭐️⭐️⭐️⭐️)-225$
🏨Ananta Inle Resort(⭐️⭐️⭐️⭐️)-90,000ks/(oct 29 to Nov 4)-115,000ks
🏨Paramount Inle Resort(⭐️⭐️⭐️⭐️)-70,000ks/(Oct 29 to Nov 4)-90,000ks
🏨Hotel Amazing N-shwe(⭐️⭐️⭐️)-60,000ks/(Oct 29 to Nov 4)-90,000ks

✅NayPyiTaw(နေပြည်တော်)

🏨Aureum Hotel & Resort(⭐️⭐️⭐️⭐️⭐️)-50$
🏨Famous Hotel Naypyitaw(⭐️⭐️⭐️)-30,000ks
🏨Rose Land Apartment Hotel(⭐️⭐️⭐️⭐️)-45,000ks
🏨Junction Hotel Naypyitaw(⭐️⭐️⭐️)-35,000ks

✅Kyaik Hti Yo(ကျိုက်ထီးရိုး)

🏨Kyaik Hto Hotel(⭐️⭐️⭐️)-90,000ks
🏨Bawgatheddhi Hotel(⭐️⭐️⭐️)-35,000ks

🏨Famous Hotel-55,000ks(Kalaw)ကလော
🏨Famous Hotel-40,000ks(Loikaw)လွိင်ကော်
🏨Famous Hotel-30,000ks(Pyin Oo Lwin)ပြင်ဦးလွင်
🏨Famous Hotel-35,000ks(Bago)ပဲခူး
🏨Hotel Amazing kaytu-25,000ks(Taungoo)တောင်ငူ
🏨Amazing Kyaing Tong Resort-50,000ks(Kyaing Tong)ကျိုင်းထုံ

📪အသေးစိတ်သိလိုပါက 📩ချက်ဘောက်မှဖြစ်စေ 📞ဖုန်းဆက်၍ဖြစ်စေမေးမြန်းနိုင်ပါတယ်။

🔹Twin Lotus travel & tour Co.,Ltd🔹
☎️09974926449,09425657044
📧[email protected]
📍bldg(175/177),4th floor(R),33rd street,kyauktada township,Yangon

အောက်တိုဘာလ၇ရက်နေ့တွင်စတင်ပြေးစွဲသော်Yangon Water Bus အချိန်ဇယားနှင့်မြေပုံ။
09/10/2017

အောက်တိုဘာလ၇ရက်နေ့တွင်စတင်ပြေးစွဲသော်Yangon Water Bus အချိန်ဇယားနှင့်မြေပုံ။

28/09/2017

Myanmar Cinematic

🎭သိုက်ကလာတယ်🎭 🎭ခရီးလည်းသွားမယ်🎭🎭Hotel bookingတင်မယ်🎭🎈🎉စက်တင်ဘာလအတွက်ဟော်တယ်အခန်းခ promotion ဈေးနှုန်းတွေဖြစ်ပါတယ်ခင်ဗျာ။...
09/09/2017

🎭သိုက်ကလာတယ်🎭
🎭ခရီးလည်းသွားမယ်🎭
🎭Hotel bookingတင်မယ်🎭

🎈🎉စက်တင်ဘာလအတွက်ဟော်တယ်အခန်းခ promotion ဈေးနှုန်းတွေဖြစ်ပါတယ်ခင်ဗျာ။စက်တင်ဘာလအတွင်း ၁ခန်းbooking လုပ်ရင်⛱ထီး🌂တစ်ချောင်းလက်ဆောင်ရရှိအုန်းမှာဖြစ်ပါတယ်။🎊

♻️၁လတစ်ခါ ဟိုတယ်အခန်းခဈေးနှုန်းလေးတွေတင်ပေးမှာမို့လို့ ခရီးသွားမိတ်ဆွေများအနေနဲ့ကြိုက်နှစ်သက်ရာရွှေးချယ်တည်းခိုနိုင်ပါတယ်။

✅Bagan(ပုဂံ)

🏨Amazing Bagan Resort(4star)-60,000ks
🏨Ananta Bagan Resort(4star)-85,000ks
🏨Bawgatheiddhi Hotel(3star)-40,000ks
🏨Famous Hotel(3star)-45,000ks
🏨Kaytumadi Dynasty Hotel(3star)-45,000ks
🏨Bagan Hotel River View(3star)-68,000ks
🏨The Regency Hotel(3star)-45,000ks

✅ChaungTha beach(ချောင်းသာကမ်းခြေ)

🏨Akariz Resort(4star)-50,000ks
🏨Azura beach resort(3star)-45,000ks
🏛Amazing ChaungTha Resort(4star)-80,000ks

✅Ngapali beach(ငပလီကမ်းခြေ)

🏨Amazing Ngapali Resort(4star)-90,000ks
🏨Amata Resort & spa-75$

✅Ngwe Saung beach(ငွေဆောင်ကမ်းခြေ)

🏨Eskala Hotel & Resort(4star)-110$(for 2 Night)

✅Mandalay(မန္တလေး)

🏨Oway Grand hotel(3star)-35,000ks
🏨Hotel Hazel(4star)-50,000ks
🏨Hotel Marvel(4star)-50,000ks

✅Inle lake(အင်းလေး)

🏨Ananta Inle Resort(4star)-85,000ks
🏨Paramount Inle Resort(4star)-60,000ks
🏨Hotel Amazing N-shwe(3star)-50,000ks

✅NayPyiTaw(နေပြည်တော်)

🏨Famous Hotel Naypyitaw(3star)-25,000ks
🏨Royal Naypyitaw Hotel(3star)-45,000ks
🏨Rose Land Apartment Hotel(4star)-45,000ks
🏨Junction Hotel Naypyitaw(3star)-35,000ks

✅Kyaik Hti Yo(ကျိုက်ထီးရိုး)

🏨Kyaik Hto Hotel(3star)-65,000ks
🏨Bawgatheddhi Hotel(3star)-30,000ks

🏨Famous Hotel-45,000ks(Kalaw)က
လော
🏨Famous Hotel-35,000ks(Loikaw)လွိင်ကော်
🏨Famous Hotel-30,000ks(Pyin Oo Lwin)ပြင်ဦးလွင်
🏨Famous Hotel-35,000ks(Bago)ပဲခူး
🏨Hotel Amazing kaytu-25,000ks(Taungoo)တောင်ငူ
🏨Amazing Kyaing Tong Resort-45,000ks(Kyaing Tong)
ကျိုင်းထုံ

🔹Twin Lotus travel & tour🔹
☎️09974926449,09425657044
📧[email protected]
📍bldg(175/177),4th floor(R),33rd street,kyauktada township,Yangon

သတိပေးကြေငြာချက်
04/09/2017

သတိပေးကြေငြာချက်

Air tickets promotion. Travel to singapore. 📞09974926449,09425657044,098600229
08/08/2017

Air tickets promotion. Travel to singapore.

📞09974926449,09425657044,
098600229

ချစ်ခင်ရတဲ့ခရီးသည်တွေအဆင်ပြေစေဖို့ ၂၀၁၇ စက်တင်ဘာလ (၁) ရက်နေ့ကစပြီး Yangon - Singapore -Yangon ခရီးစဉ် ကို Fri/Sat/Sun တွေမှာ ရန်ကုန် မှ အသွား နေ့ခင်း/ စင်္ကာပူမှအပြန်ည flight တွေထပ်တိုးထားပြီ!!!
Promotion လဲရှိတယ်နော်:) ရန်ကုန်-စင်္ကာပူ-ရန်ကုန် အသွားအပြန် US$ 165( အသွားအပြန်(၁၄) ရက်လက်မှတ်+ surcharges/tax အားလုံး + လေယာဉ်ပေါ်တွင် အစားအသောက်တည်ခင်းဧည့်ခံခြင်း+(၂၀) ကီလို free baggage+ ၇ကီလို hand luggage တို့ပါဝင်ပြီး)ခရီးသွားကာလ/လက်မှတ်အရောင်းကာလက ဒီနေ့ ကနေ ၂၀၁၇ စက်တင်ဘာလ (၃၀) ရက်နေ့ အထိပါ မှတ်ချက် - tax အပြောင်းအလဲရှိနိုင်ပါသဖြင့် 1$ မှ 5 $ အပိုထပ်ပေးဆောင်ရခြင်းများလည်းရှိနိုင်ပါသည် MAI လက်မှတ်အမြန်ဝယ်ထားဖို့ ဖုန်း : (၀၁) ၉၆၇၀၀၂၂လိုင်းခွဲ ၄၅၂ မှ ၄၅၄, (၀၁) ၉၆၇၀၀၂၂ လိုင်: ခွဲ ၈၀၁ မှ ၈၀၅သို့ခေါ်ဆိုကာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ် ချစ်ခင်ရသောခရီးသည်များအားလုံးကျန်းမာရွှင်လန်းကြပါစေ 

8Days/7Nights Trip.(12 July 2017-19 July 2017)Thanks Mr.WEN JIAN Group.See u next time.🙋🏻🙋🏻‍♂️Bye Bye.
19/07/2017

8Days/7Nights Trip.(12 July 2017-19 July 2017)
Thanks Mr.WEN JIAN Group.
See u next time.🙋🏻🙋🏻‍♂️Bye Bye.

10/07/2017
07/07/2017
Welcome to Myanmar.CAEXPO Secretariat(Nanning,China).5 July 2017
05/07/2017

Welcome to Myanmar.
CAEXPO Secretariat(Nanning,China).
5 July 2017

Address

Bldg(175/177), 4th Floor(R), 33rd Street(Upper), Kyauktada Township
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

09974926449

Alerts

Be the first to know and let us send you an email when Twin Lotus Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Twin Lotus Online Shop:

Videos

Share

TWIN LOTUS TRAVEL & TOURS

ဈေးနှုန်းချိုသာပီး ဝန်ဆောင်မှုကောင်းဖို့ကျွန်တော်တိုဘက်ကတာဝန်ယူပါရစေ။မိတ်ဆွေကပျော်ရွင်စာခရီးသွားဖို့သာတာဝန်ယူပါ။

Nearby travel agencies



You may also like