Shwe Ma-Hmi Travels & Tours

Shwe Ma-Hmi Travels & Tours The time is the limit!

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ အပူကင်း၍ အားလုံးအေးချမ်းကြပါစေ။ 🙏🙏🙏
21/11/2018

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ အပူကင်း၍ အားလုံးအေးချမ်းကြပါစေ။ 🙏🙏🙏

လူတစ်​​ယောက်​ရဲ့ စိတ်​ထားဟာ ကံတရားပါ*******************************တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။ ခြံထဲက အိမ...
04/08/2018

လူတစ်​​ယောက်​ရဲ့ စိတ်​ထားဟာ ကံတရားပါ
*******************************
တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။ ခြံထဲက အိမ်ကိုပြင်လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။ ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။ အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ။

အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတချို့က ဖုန်းရွှေဆရာခေါ်ပြီး ဖုန်းရွှေကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။ သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့ ဖုန်းရွှေဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

ဖုန်းရွှေဆရာက နာမည်ကြီးတစ်ဦးပါ။ ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။ ဆရာကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။ ဒါကို ဖုန်းရွှေဆရာကတွေ့တော့ "ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ" လို့ဆိုတယ်။

သူဌေးက "ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။

ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။ သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။ ကလေးငယ် ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကိုနင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တစ်ခုခုကို စောင့်နေသလိုပါပဲ... ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

ဒါကို ဖုန်းရွှေဆရာက "နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ" လို့မေးပါတယ်။

သူဌေးက .. "ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ.." လို့ဆိုတယ်။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ "ဆရာ... ခဏလောက် စောင့်ပါနော်" လို့ဆိုတယ်။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက"အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေကျိုးမှာ စိုးတယ်။ သူတို့ကို ပေးခူးလိုက်မယ်... ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့" လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်ရဲ့ ဖုန်းရွှေကို ကျွန်တော်မကြည့်တော့ပါဘူး" လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက
"ဟုတ်ပါတယ်... ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ့်ဖုန်းရွှေကောင်းတဲ့နေရာမို့ပါ" လို့ရှင်းပြတယ်။

လူရဲ့အပြုအမူက ဖုန်းရွှေဖြစ်သလို ကံတရားလည်းဖြစ်ပါတယ်။
အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့အရပ်ဟာ ဖုန်းရွှေကောင်းတဲ့အရပ်ဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊ ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။

-------

wechat မှာ ဖတ်မိတဲ့စာတစ်ပုဒ် ဘာသာပြန်မျှဝေပါတယ်။
Credit:NineNineSaNay

မြွေတစ်ကောင်ဟာ လက်သမားအလုပ်ရုံတစ်ခုထဲက ချောင်လေးတစ်နေရာထဲဝင်သွားမိတဲ့အခိုက် လွှတစ်ခုကို ဖြတ်ပြေးသွားမိပြီး ဒဏ်ရာလေးနည်းနည...
03/08/2018

မြွေတစ်ကောင်ဟာ လက်သမားအလုပ်ရုံတစ်ခုထဲက ချောင်လေးတစ်နေရာထဲဝင်သွားမိတဲ့အခိုက် လွှတစ်ခုကို ဖြတ်ပြေးသွားမိပြီး ဒဏ်ရာလေးနည်းနည်းရသွားတယ် အဲ့အခိုက်အတန့်မှာပဲ မြွေလေးဟာ ဒေါသနဲ့ လွှကို ကိုက်ပြစ်လိုက်တော့ သူ့ပါးစပ်မှာ ဒဏ်ရာရသွားပြန်တယ် ဘာဖြစ်နေမှန်းမသိတော့တဲ့ မြွေလေးဟာ လွှက သူ့ကို တိုက်ခိုက်နေတယ် အထင်နဲ့ လွှကို သူ့ကိုယ်နဲ့ အစွမ်းကုန်ညှစ်သတ်ပစ်မယ်အကြံနဲ့ လွှကို သူပတ်ပြီးလှိမ့်ပြစ်လိုက်တယ် နောက်ဆုံးမှာ လွှက မြွေကို သတ်သလို ဖြစ်ပြီး မြွေလေးသေသွားပါလေရော

တစ်ခါတစ်လေ ဘဝမှာ လူတွေဟာ ကိုယ့်ကို နာကျင်စေတဲ့ လူတွေကို ပြန်နာကျင်စေလိုတဲ့ ဒေါသဆန္ဒနဲ့ ပြန်ပြီး နာကျင်အောင် ပြန်လုပ်ချင်တတ်ကြတယ် ဒါပေမဲ့ အဲ့လိုလုပ်ခြင်းဖြင့် နောက်ဆုံးမှာ ကိုယ်ပဲစိတ်ဒါဏ်ရာတွေရပြီးကျန်ခဲ့ကြတယ်

ဘဝမှာ တစ်ချို့အရာတွေ လူတွေ နဲ့ စိတ်ရှုပ်စရာတွေကို ဥပေက္ခာပြုလိုက်တာက ပိုကောင်းပါတယ် နို့မို့ရင် တန်ပြန်သက်ရောက်မှုတွေက ပြန်ပြင်ဖို့ခက်တယ် အဆုံးအရှုံးတွေလည်းများစေတယ်

အဲ့ဒါကြောင့် အမုန်းနဲ့ ခါးသီးတဲ့ ဆက်ဆံမှုတွေကို အခြေအနေအတော်များများမှာ ချစ်ခြင်းမေတ္တာနဲ့ ကျော်လွားကြဖို့လိုမယ် ကိုယ့်သစ္စာမှန်ရင်တော့ နောက်ဆုံးမှာ ကိုယ့်ရန်သူ ကိုယ့်ကို မလိုလားသူတွေဟာ သူတို့ရဲ့ အမုန်းစကားတွေကို သူတို့ ပြန်မျိုချသလို ဖြစ်သွားပါလိမ့်မယ်

(ကြိုက်လို့ ကိုယ်တိုင်ဘာသာပြန်သည်)

Original post’s text:

A snake entered a Carpentry Shop, and as it crawled to the corner, it went through a saw and hurt itself a little bit. At that time he turned and bit the saw, and biting the saw, he hurt himself badly in the mouth.
Then, not understanding what was happening to him and thinking that saw was attacking him, he decided to roll around the saw as if wanting to suffocate him with his whole body, and shaking with all his strength. It was so, unfortunately, the snake ended up being killed by the saw.
Sometimes we react in anger, thinking about hurting those who hurt us, but we are hurting ourselves.
In life, sometimes it is better to situations, and offenses. Because the consequences can be irreversible and catastrophic.
It is always better to act in love even if it cost a lot, in the face of hate or idle words! Why if God is on your side, you will see all your enemies fall and swallow their own words....

Be Positive Always ❤️

စေတနာဟူသည်​===========" ​ဝေယံ သူငယ်​ချင်း မင်းမှာ ဆပ်​ပြာမှုန့် နည်းနည်း​လောက်​ရှိ​သေးလား "သူရ၏ အ​မေး​ကြောင့်​ ​ဝေယ...
02/08/2018

စေတနာဟူသည်
===========

" ​ဝေယံ သူငယ်​ချင်း မင်းမှာ ဆပ်​ပြာမှုန့် နည်းနည်း​လောက်​ရှိ​သေးလား "

သူရ၏ အ​မေး​ကြောင့်​ ​ဝေယံ စိတ်​ပျက်​စွာ မျက်​ခုံး ရှုံ့လိုက်​သည်​။ ​ဝေယံသည်​ ပိုက်​ဆံရှိအသိုင်းဝိုင်းကဖြစ်​သည်​။ သူရက​တော့ ဆင်းရဲတဲ့ မိသားစုကပင်​ဖြစ်​သည်
အ၀တ်​​လျော်​ခါနီး ဆပ်​ပြာကုန်​​နေလို့ ​ဝေယံ့ဆီမှာ ဆပ်​ပြာမှုန့်​ ​လာတောင်း​နေ​ခြင်းဖြစ်​သည်​။
တစ်​​ဆောင်​တည်း ​နေသူချင်းဆို​တော့ မ​ပေးလို့လဲမ​ကောင်း။

" မင်းကလည်း ဆပ်​ပြာ​တောင်​မရှိဘူးလား ​ရော့ ဒါယူသွား ပြန်​မ​ပေးနဲ့​တော့ "

သူရ ​ဝေယံ ကမ်း​ပေး​သော ဆပ်​ပြာမှုန့်​ဗူးကို ယူပြီး
ရေချိုးခန်းဘက်​ ထွတ်​သွား​လေသည်​။ ဆပ်​ပြာမှုန့်​ကလည်း အနည်းငယ်​သာရှိ​တော့သည်​။ ​ဝေယံမ​ပေးချင်​မှန်းသိ​ပေမယ့်​ သူရ ယူလာခဲ့လိုက်​သည်​။

တကယ်​စိတ်​ပျက်​ဖို့ ​ကောင်းတယ်​ အဲ့ဒါ​ကြောင့်​ ဒီအ​ဆောင်​မှာ မ​နေချင်​တာ ငမွဲ င​တေ​တွေကများတယ်
ခုလည်း ကြည့်​​လေ အ၀တ်​​လျော်​ဖို့ ဆပ်​ပြာ​လေး​တောင်​ မ၀ယ်​နိုင်​တဲ့ဟာ​တွေ။ မပတ်​ချင်​လို့ ကိုယ့်​ဘာသာ​နေလဲ မရ ၊ လာလာ​ရော​နေတယ်​။ တကယ်​စိတ်​ပျက်​ဖို့​ကောင်းလိုက်​တာ။

ဝေယံ တစ်​​ယောက်​တည်း ကြိတ်​ကာ​ရေရွတ်​​နေ​လေသည်​။

" ​ဒေါက်​....​ဒေါက်​.....​ဒေါက်​ ​ဝေယံ...​ဝေယံ "

သူရ​ခေါ်သံဖြစ်​သည်​။ ပိုက်​ဆံရှိသူပီပီ နှစ်​​ယောက်​ခန်းကို တစ်​​ယောက်​တည်း ယူထားသည်​။ ဘယ်​သူနဲ့မှာ မ​ရော​ထွေးချင်​လို့လဲဖြစ်​သည်​။
သူရ​ခေါ်သံ​ကြောင့်​ စိတ်​ပျက်​​စွာနဲ့ ​ပြောလိုက်​သည်

" ဘာလဲကွာ..... ဘာ​တောင်းဦးမလို့လဲ မရှိ​တော့ဘူး ဒီမှာငါနား​နေတယ်​"

" ဘာမှ မဟုတ်​​တော့ပါဘူးကွာ အ​နှောက်​ယှက်​ဖြစ်​သွားရင်​ ​တောင်းပန်​ပါတယ်​ "

သူရ အခန်း​ရှေ့မှ လှည့်​ထွက်​လာခဲ့သည်​။
ထို​နေ့က မိုး​တွေ အချိန်​ခါမဟုတ်​ အရမ်းရွာ​နေသည်​။
မိုးရွာ​သော​ကြောင့်​ အ​ဆောင်​မှာရှိတဲ့ လူ​တော်​​တော်​များများ အပြင်​သိပ်​မထွတ်​ကြ ။ အတန်းပျက်​သူများသည်​။ ​ဝေယံတစ်​​ယောက်​လည်း အခန်းထဲမှာ ဖုန်းတစ်​လုံးနှင့်​သာ အချိန်​ကုန်​​နေ​လေသည်​။
ခနကြာ​တော့မှ သူလည်း အ၀တ်​​တွေစိမ်​ထားတာ သတိရမိပြီး ​လျော်​ရန်​ ​ရေချိုးခန်းဘက်​ ထွတ်​လာ​လေသည်​။ရေချိုးခန်းထဲ​ရောက်​​တော့ သူစိမ်​ထားတဲ့ အ၀တ်​​တွေ မ​တွေ့ရ​ပေ။ သူ​ဒေါသထွတ်​သွားသည်​။ သူ့အ၀တ်​စား​တွေက ​ဈေးကြီး​ပေးဝယ်​ထားရ​​သော​ကြောင့်​ နှ​မျော​နေသည်​။ ဘယ်​သူယူသလဲ မနက်​က သူရအ၀တ်​​လျော်​ဖို့ ဆပ်​ပြာလာ​တောင်းသည်​။
မဟုတ်​မှ လွဲ​ရော အဲ့​ကောင်​ခိုး​လေသလား ဟူ​သော
ဒေါသစိတ်​နဲ့ ​ရေချိုးခန်းမှ ထွတ်​လာ​လေသည်​။
မိုး​တွေရွာ​နေသဖြင့်​ မည်​သူမှ မ​တွေ့ ​သူရ​နေတဲ့အခန်းကိုကြည့်​​တော့လည်း သူရကိုမ​တွေ့ရ​တော့ ပို စိတ်​တို​နေသည်​။

သေချာတယ်​ အဲ့​ကောင်​ငါ့အ၀တ်​စား​တွေခိုးထားတာဖြစ်​မယ်​ဟူ​သော စိတ်​နဲ့ ​ပေါက်​ကွဲ​နေ​လေသည်​။
နောက်​ဆုံး မ​တွေ့တဲ့အဆုံး ဘယ်​သူ့ကိုမှမ​မေး​တော့ပဲ အခန်းထဲပြန်​၀င်​သွား​လေသည်​။

" ​တောက်​ကွာ သူရ မင်းပြန်​လာခဲ့​ပေါ့ကွာ ရုပ်​က​လေးကသနားကမားနဲ့ သူခိုးပဲ မင်းမခိုးလို့ ဘယ်​သူမှ ခိုးမယ့်​သူ မရှိဘူး "

ဝေယံ တစ်​ယာက်​တည်း မြည်​တွန်​​နေသည်​။
မိုးကလည်း ရွာလို့​ကောင်းဆဲပင်​။

" ​ဒေါက်​... ​ဝေယံ ​ဝေယံ မင်းဆီမှာ အ​ကြော်​​လှော်​ဗူးနဲ့စားစရာရှိ​သေးလား "

လာပြန်​ပြီဒီ​ကောင်​ မနက်​ကလည်း ဆပ်​ပြာလာ​တောင်းတယ်​။ ခုလည်း အ​ကြော်​​လှော်​ရှိ​သေးလားတဲ့ ​ပေးမှန်းသိ​တော့ ​ရောင့်​တက်​တယ်​ ​နောက်​ဆို လာပတ်​သက်​​နေဦးမှာပဲ ဆို​သော စိတ်​နဲ့ ​ဝေယံငြင်းလွှတ်​လိုက်​​လေသည်​။

" မရှိဘူးကွာ ဘာအ​ကြော်​​လှော်​မှ မရှိဘူး ငါ​တောင်​ မိုးရွာလို့ အပြင်​ထွတ်​ ထမင်းစားရမှာ ပျင်း​နေတာ မင်းကတစ်​​မှောက်​ မရှိဘူး"

" ငါထင်​​တော့ ထင်​သားကွ မင်းထမင်းမစားရ​လောက်​​သေးဘူးလို့ အဲ့ဒါ​ကြောင့်​ ငါ့အိမ်​က ပိုက်​ဆံပို့တုန်း ငါမင်းအတွက်​ ထမင်းဝယ်​လာတာ လာ​ပေးတာ ​ရော့ ဒီမှာ မနက်​က မင်းဆီက ယူတဲ့ဆပ်​ပြာ ငါတစ်​ဗူး အသစ်​၀ယ်​လာတယ်​ မင်းပဲယူထားလိုက်​ပါ မင်းက အသန့်​ကြိုက်​တယ်​​လေ "

သူရ အခန်းထဲဝင်​ပြီး ​ဝေယံ့ စားပွဲ​ပေါ်ကို ဆပ်​ပြာဗူးနဲ့ ထမင်းထုပ်​တင်​​ပေးလိုက်​သည်​။ သူ့တစ်​ကိုယ်​လုံးလဲ မိုး​ရေ​တွေ စိုရွဲ​နေသည်​။ ထိုမြင်​ကွင်းကိုကြည့်​ပြီး ​ဝေယံ ဆွံ့အသွားသည်​။ သူ့ကိုယ်​သူလဲ ရှက်​​နေမိသည်​။
သူထင်​ထားတာ သူ့ဆီကို အ​ကြော်​​လှော်​​တောင်းစားမည်​ဟု ထင်​ထားသည်​။ ခု​တော့ သူထင်​သလို မဟုတ်​ပဲ
သူ့အတွက်​ သူ့အိမ်​က ပို့​ပေး​သော ပိုက်​ဆံက​လေးနဲ့ ထမင်းဝယ်​လာ​သော သူရကိုကြည့်​ပြီး ရှက်​သလိုလို
စိတ်​ထဲတွင်​ ဆို့နစ်​​နေမိသည်​။

" ​ရော့ စားလိုက်​ ငါက စားလာပြီးပြီ.။ မင်းတစ်​​နေကုန်​ အခန်းမှာပဲ​နေ​တော့ ဗိုက်​ဆာ​နေမှာပဲဆိုပြီး ၀ယ်​လာတာ ​သြော်​ ဒါနဲ့ မနက်​က ငါအ၀တ်​​တွေ​လျော်​​တော့ မင်းအ၀တ်​​တွေ စိမ်​ထားတာ​တွေ့လို့ တစ်​ခါတည်း​လျော်​လိုက်​တယ်​​နော်​ မင်းကို​ပြောမို့တံခါး​ခေါက်​​တော့ မင်းစိတ်​မကြည်​ဘူးထင်​လို့ မ​ပြော​တော့တာ ​၀ရန်​တာမှာ လှမ်းထားတယ်​ "

ထိုစကားကိုကြား​တော့ ​ဝေယံ ကြက်​သီးများထတဲ့အထိ
ဖြစ်​သွားသည်​။ သူရကို သူခိုးဟု​တောင်​ သမုတ်​ခဲ့​သော
သူ့ကိုယ်​သူ ​နောင်​တရသလိုလို ရှက်​သလိုလို ဖြစ်​​နေမိသည်​။ အံ့သြ​သော ​ဝေယံ့အမူယာက ပါးစပ်​အ​ဟောင်းသားနှင့်​ပင်​။

" မင်း ဗိုက်​ဆာ​နေပြီမို့လား စားလိုက်​​တော့ ပူတုန်း​လေး ငါအ၀တ်​စားသွားလဲ လိုက်​ဦးမယ်​ "

ပြော​ပြောဆိုဆိုနဲ့ အထုပ်​​လေးချ​ပေးခဲ့ပြီး သူရလှည့်​ထွတ်​သွား​လေသည်​။
ဝေယံတစ်​​ယောက်​​တော့ မလုံမလဲစိတ်​ ရှက်​ရွံ့စိတ်​​တွေနဲ့ အခန်းထဲမှာ ကျန်​ခဲ့သည်​။ ​သူရကို​တောင်​ မ​တောင်းပန်​မိ။

သြော်​..... ငါ​တော်​​တော်​ အသုံးမကျတဲ့အ​ကောင်​ပဲ
ဟူ​သော ရှက်​စိတ်​တို့နဲ့ သူရကို ဘာပြန်​​ပြောရမှန်းပင်​မသိဖြစ်​​နေသည်​။ ၀ရန်​တာဘက်​ကို အ​ပြေးလွားကြည့်​လိုက်​​တော့ သူ့အ၀တ်​စား​တွေ ​ခြောက်​လုဆဲဆဲ အ​နေထားပင်​ဖြစ်​​နေသည်​။ ခုန ဘာလို့ မ​တွေ့တာပါလိမ့်​ဆို​သော အ​တွေးနဲ့ သူ့ကိုယ်​သူ အပြစ်​တင်​​နေမိသည်​။
ခု​တော့ သူ​ပေးလိုက်​တာ ဆပ်​ပြာမှုန့်​ အကပ်​​လေး
သူပြန်​ရလိုက်​တာက ​စေတနာအပြည့်​နဲ့ ​မေတ္တာ​တွေ။
အဲ့ဒီ​နေ့ကစပြီး ​ဝေယံတစ်​​ဆောင်​လုံးနဲ့ အဆင်​​ပြေ​အောင်​​နေသည်​။ အထူးသဖြင့်​ သူရအ​ပေါ်ကို ပို၍ လေးနက်မှုတွေ ပေးလေသည်။

မလှဆိုးနိုး မရှိခိုးနိုးဟု နိမ့်ပါးသူကို ထင်ခဲ့မိတဲ့ သူကိုယ်သူလဲ နောင်တကြီးစွာရနေမိလေသည်။

လေးစားစွာဖြင့်
သျှီ (တမာမြေ)

Credit to original uploader

မင်္ဂလာပါရှင်ရွှေမမှီ ခရီးသွားလုပ်ငန်းမှ ဝန်ဆောင်မှုများကို တစ်ခုပြီး တစ်ခု ထပ်တိုး ဝန်ဆောင်မှုပေးနိုင်ရန် အကောင်းဆုံးကြိုးစာ...
12/02/2018

မင်္ဂလာပါရှင်

ရွှေမမှီ ခရီးသွားလုပ်ငန်းမှ ဝန်ဆောင်မှုများကို တစ်ခုပြီး တစ်ခု ထပ်တိုး ဝန်ဆောင်မှုပေးနိုင်ရန် အကောင်းဆုံးကြိုးစားနေပါတယ်။

ယခုလည်းဘဲ ကလေးတွေ ကျောင်းပိတ်ရက်လေးတွေ လာပြီမို့ ဘယ်ကို ဘာလေးစီးပြီးသွားမလည်း ရွေးချယ် ဖုန်းလေးဆက်လိုက်ရုံနဲ့ အဆင်ပြေသွားအောင် 24 Hours Service Line များဖြင့် ကား/လေယာဉ်/ပာိုတယ်ဘိုကင် စသည့် ဝန်ဆောင်မှုများ ထပ်တိုးထားပါတယ်နော်။

1. အဝေးပြေးကားလက်မှတ်များ (၂၄နာရီ)
2. ပြည်တွင်းလေယာဉ်လက်မှတ်များ (၂၄နာရီ)
3. ပြည်ပ လေယာဉ်လက်မှတ်များ (ရုံးချိန်)
4. International Hotel Booking (၂၄နာရီ)
5. ပြည်တွင်း ပာိုတယ် ဘိုကင်

အတွင်း မိမိရဲ့ ဖုန်းအတွင်းမှာ Mobile Banking ရှိရုံဖြင့် ဝယ်ယူနိုင်ပါပြီ။

🚌🚌 အဝေးပြေးကားလိုင်းများ

1. ထွန်းဧရာ
2. ရွှေမန္တလာ
3. မန္တလာမင်း
4. လုမ္ပဏီ
5. ရွှေမန္တလေး
6. High Class
7. ရွှေစင်စကြာင်္
8. မြတ်မန္တလာထွန်း
9. GI
10. ခိုင်မန္တလေး
11. ရွှေတောင်ရိုး
12. ဇေယျာရွှေပြည်
13. မန်းရာဇာ
14. နယူးမန္တလာထွန်း
15. ပုဂံမင်းသား
16. ယောရှမ်းမြေ
17. နန်းထိုက်တော်ဝင်
18. မျိုးဆက်သစ်
19. ရွှေလားရှိုး
20. တက်လမ်း
21. မိုးထက်အာကာ
22. အန်တီဝင်း
23. တောင်ပြာတန်း
24. ရွှေလွန်းပျံ
25. ချင်းတောင်တန်း
26. ဇေယျာမြိုင်ကြီး
27. ငွေနှင်းမန္တလာ
28. Famous
29. ချောင်းသာ direct သီးသန့်ကားများ
30. ငွေဆောင် direct သီးသန့် ကားများ
31. ကျိုက်ထီးရိုး direct သီးသန့် ကားများ

🛫🛫 ပြည်တွင်းလေကြောင်းလိုင်း 🛫🛫

1. KBZ
2. MNA
3. GMA
4. FMI
5. YJ
6. MYP
7. YANGON AIRWAYS

✈️✈️ ပြည်ပလေကြောင်းလိုင်း
1. Emirates
2. China Eastern
3. Jetstar
4. Air Asia
5. Nok Air
6. Thai Lion
7. Viet Jet
8. Malindo Air
9. MAI
10. MNA
11. Thai Airways (TG)
12. Bangkok Airways (PG)
13. Singapore Airlines (SQ)

❤️ ဒီတော့ .. ဘယ်အချိန် ခရီးသွားချင်ချင် ရွှေမမှီကို သတိရလိုက်ပါ ❤️

ဖုန်းဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပေးပါရှင်။

ဆက်သွယ်ရန်
09-974898680/90, 095003514, 09-‭0949232017‬

ချစ်သော ဧည့်သည်တော်များအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင် 🙏🙏🙏

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း



Photo Credit

မင်္ဂလာပါရှင်ကျမတို့ တိုးခရီးစဉ်တွေမှာ လိုက်ပါတဲ့ ဧည့်သည်များရဲ့ ဓါတ်ပုံများကို ဧည့်သည်ရဲ့ Privacy ကို လေးစားသော အားဖြင့် ...
10/02/2018

မင်္ဂလာပါရှင်

ကျမတို့ တိုးခရီးစဉ်တွေမှာ လိုက်ပါတဲ့ ဧည့်သည်များရဲ့ ဓါတ်ပုံများကို ဧည့်သည်ရဲ့ Privacy ကို လေးစားသော အားဖြင့် တင်လေ့မရှိပါဘူး။

ဒီတကြိမ်မှာတော့ လေးစားမှုလေးကြောင့် မှတ်တမ်းတင်ခွင့်လေး ရချင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ခရီးစဉ်လေးမှာ လိုက်ပါခဲ့တဲ့ ဒီအမျိုးသမီး အဖွဲ့လေးကို Honor လုပ်ချင်ပါတယ်။

ဒီအမျိုးသမီးများပာာ လူမှုကူညီရေးအသင်း (သင်္ဃန်းကျွန်း) မှ ဖြစ်ပါတယ်။

Death Body များ သယ်ယူရာမှ Volunteer လုပ်နေကြသူများပါ။

ကိုယ်ပိုင် အလုပ်များ ကိုယ်စီရှိသော ဒီအမျိုးသမီးများပာာ သူတို့ရဲ့ နေ့ရက်များမှ တပတ် ၂/၃ရက် အသီးသီး စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ကြပါတယ်။

ရန်ကုန်မှာ ဆုံးပြီး နယ်ပြန်သယ်ချင်သော Death Body ပြန်သယ်ရာမှာ အမြန်လမ်း (Highway) ပေါ်ရောက်ချိန်ပာာ အမြဲလိုလို မိုးချုပ်ချိန်ဖြစ်နေတတ်ပါတယ်တဲ့။ ဒီလိုပို့ဆောင်ရာမှာလည်း အမျိုးသမီးဆို အမျိုးသမီးကြီးဘဲ သွားရတဲ့ လမ်းကြောင်းပါတဲ့။ Van ကားရဲ့ အတွင်းပိုင်းမှာ Death Body ရဲ့ နဘေးတင် ထိုင်ခုံလေးနဲ့ စောင့်ရင်း နယ်ပြန်ပို့ပေးရတာပါ။ ကားမောင်းသူ အမျိုးသမီးရဲ့ ထိုင်ခုံနောက်တင် Death Body ကို ထိပ်တိုက် placing နဲ့ မောင်းပါတယ်တဲ့။

ဒါအပြင် ရောက်ပြန်စနစ်ကို ကျင့်သုံးပါတယ်တဲ့။ ဒီတော့ နားချိန်မရှိ မောင်းပြန်ကြရပါတယ်။ Volunteers ဆိုပေမယ့် အသင်းရဲ့ စည်းကမ်းများကို လေးစားလိုက်နာကြသူများပါ။

သင်္ကြန်လို နှစ်ကူးချိန်မှာ ဆုံးတဲ့ နာရေးရှင်များအတွက် အတက်နေ့ဆို ည၁၂ နာရီအချိန်ထိ ဆောင်ရွက်ပေးရတာမို့ သင်္ကြန်ဆို ပိတ်ရက်တွေ ဆက်နေပေမယ့် ဘယ်မှခရီးမသွားတာ ၁၅နှစ်ရှိပြီဆိုတော့ ပရပာိတ ဆိုတာ အတ္တပာိရကို ဘေးဖယ်လုပ်ရတယ်ဆိုတာကို လက်တွေ့ကျင့်သုံးနေကြသူများမို့ လေးစားမိပါတယ်။

ကျမတို့ လူတိုင်း မဖြစ်မနေ ဖြတ်ကျော်ရမဲ့ နေ့ရက်တရက်မှာ ဒီအမျိုးသမီးတွေရဲ့ ရဲရင့်မှု စေတနာရှိမှု လေးစားမှု စိတ်စေနာများပာာ အရေးပါသော မှတ်ကျောက်တခုပါ။

လူတိုင်းဖြတ်ကျော်ရမယ့် နေ့ရက်ပေမယ့် လူတိုင်းမလုပ်နိုင်သော အလုပ်များကို ဆောင်ရွက်နေသော ဒီအမျိုးသမီးအဖွဲ့လေးကို လေးစားလို့ ပေခ်ျ့မှာ မှတ်တမ်းလေး တင်ပါရစေရှင့်။

သာဓု သာဓု သာဓုပါ လို့လည်း ခေါ်ဆိုပါရစေရှင့်။

လေးစားလျှက်

ရွှေမမှီ ခရီးသွားလုပ်ငန်း

PS: ယခုခရီးစဉ်ပာာလည်း ဒီအမျိုးသမီးများရဲ့ ကိုယ်ပိုင်ငွေကြေးဖြင့် သွားတဲ့ ခရီးစဉ်ပါရှင်။

✔️ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းနေပြည်တော်✔️မြန်မာဘုရင်တွေရဲ့ နောက်ဆုံးလက်ကျန် အငွေ့အသက်များရှိရာ✔️ကမ္ဘာကသိရလောက်တဲ့...
04/02/2018

✔️ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းနေပြည်တော်

✔️မြန်မာဘုရင်တွေရဲ့ နောက်ဆုံးလက်ကျန် အငွေ့အသက်များရှိရာ

✔️ကမ္ဘာကသိရလောက်တဲ့ သမိုင်းထဲကမင်းကွန်း ဘာကြောင့်လဲ?

✔️သီတာခုနစ်တန် တောင်စဉ်ခုနှစ်ထပ် တရွ့ရွေ့မြင့်ကာတပ်လျှက် မြင့်မိုရ်တောင်ထိပ် တသိန်းတန်မြရတနာ ဌာပနာသွင်းတဲ့ ထုံးဖြူဖြူ မြသိန်းတန်ပာာ အသက်ရှုမှားလောက်အောင်ဘဲဆိုတာ

✔️ပန်းချစ်သူဒို့လက်နဲ့ကွယ် ခူးဆွတ်ရန် စိုးရွံ့လှပေတယ်လို့ ခပ်ဖြေးဖြေးလေး ညည်းရလောက်တဲ့ မြန်မာပြည်မှ ပန်းတို့ရဲ့ ကမ္ဘာ

❤️❤️ ဒါတွေ ဒါတွေကို တခါလောက်တော့ လိုက်ခဲ့ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ.... မြန်မာပြည် အလယ်ပိုင်းရဲ့ လည်ပတ်ဖို့ အကောင်းဆုံး ရာသီချိန်လေး.... သားသားမီးမီးတွေစာမေးပွဲပြီး ပိတ်ရက်လေး အပြေးကလေး လည်ကြရအောင်နော့်

🌼🌼 ရန်ကုန်- မန္တလေး -မင်းကွန်း-ပြင်ဦးလွင်-ရန်ကုန် 🌼🌼

💃💃လည်ပတ်မည့်နေရာများ💃💃

🙏 မဟာမြတ်မုနိ ရုပ်ပွားတော်

🙏 ကမ္ဘာအကြီးဆုံးစာအုပ်ဟု အမည်တွင် သော ကုသိုလ်တော် ဘုရား

🙏 မန္တလေး တောင်တော်မြတ် နှင့် မြွေကြီးနှစ်ကောင်

🙏 မင်းကွန်းမြို့မှ ပုထိုးတော်ကြီး

🙏 မြသိန်းတန်စေတီ

🙏 မင်းကွန်းခေါင်းလောင်းတော်

🙏မင်းကွန်းဆရာတော်ဘုရားကြီးရုပ်ထုနှင့် ခြသေ့င်္ကြီး

🙏 သာယာအေးမြသောရေ နှင့် ပိတ်ချင်းမြှောင် နန္ဒာမူ လှိုဏ်ဂူတော်

🌼 အမျိုးသား ကန်တော်ကြီး

🏯 ကွမ်ရင်ဘုံကျောင်း

🧣🧣အလွန် ဈေး သက်သာ သော သိုးမွေးအနွေးထည်များ ကို လည်း သွားရောက်ဝယ်ယူနိုင်ရန် ဈေး

🙏 ပြည်ချစ် ဘုရားကြီးဟုခေါ်သည့် ဆုတောင်းပြည့်ဘုးရားကြီးမဟာအံ့ထူးကံသာ ဘုရား

⛲️ ပွဲကောက် BE ရေတံခွန်

🙏 ကျောက်စိမ်းဘုရား

❤️ ဧည့်သည် တစ်ဦးလျှင် ၁၄၀,၀၀၀ကျပ် (တစ်သိန်းလေးသောင်းကျပ်)❤️

ဝန်ဆောင်မှုတွေကတော့....
===========
🛌 အဆင့်မြင့်ပိာုတယ်မှာတည်းမယ်
🚙 Full Air Condition Car
🍛 နံနက်စာ/ နေ့လည်စာ/ ညစာ ( Restaurant )
💁‍♀️ ဧည့်လမ်းညွှန်
🚙 တဆင့်သွားကားခများ - ဝင်ကြေးများ

ကဲ...စိတ်ဝင်စားလို့ လက်မှတ်ဝယ်မယ်ဆိုရင်တော့ အခုကတည်းကသာ ဖုန်းခေါ်လိုက်မှစိတ်ချရမယ်နော်

အဖွဲ့လိုက်သွားချင်သူများ အထူးစီစဉ်ပေးပါတယ်။

ဆက်သွယ်ရန်
09-974898680/90, 095003514, 09-965003514

ချစ်သော ဧည့်သည်တော်များအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

✔️ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းနေပြည်တော်✔️မြန်မာဘုရင်တွေရဲ့ နောက်ဆုံးလက်ကျန် အငွေ့အသက်များရှိရာ✔️ကမ္ဘာကသိရလောက်တဲ့...
04/02/2018

✔️ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းနေပြည်တော်

✔️မြန်မာဘုရင်တွေရဲ့ နောက်ဆုံးလက်ကျန် အငွေ့အသက်များရှိရာ

✔️ကမ္ဘာကသိရလောက်တဲ့ သမိုင်းထဲကမင်းကွန်း ဘာကြောင့်လဲ?

✔️သီတာခုနစ်တန် တောင်စဉ်ခုနှစ်ထပ် တရွ့ရွေ့မြင့်ကာတပ်လျှက် မြင့်မိုရ်တောင်ထိပ် တသိန်းတန်မြရတနာ ဌာပနာသွင်းတဲ့ ထုံးဖြူဖြူ မြသိန်းတန်ပာာ အသက်ရှုမှားလောက်အောင်ဘဲဆိုတာ

✔️ပန်းချစ်သူဒို့လက်နဲ့ကွယ် ခူးဆွတ်ရန် စိုးရွံ့လှပေတယ်လို့ ခပ်ဖြေးဖြေးလေး ညည်းရလောက်တဲ့ မြန်မာပြည်မှ ပန်းတို့ရဲ့ ကမ္ဘာ

❤️❤️ ဒါတွေ ဒါတွေကို တခါလောက်တော့ လိုက်ခဲ့ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ.... မြန်မာပြည် အလယ်ပိုင်းရဲ့ လည်ပတ်ဖို့ အကောင်းဆုံး ရာသီချိန်လေး.... သားသားမီးမီးတွေစာမေးပွဲပြီး ပိတ်ရက်လေး အပြေးကလေး လည်ကြရအောင်နော့်

🌼🌼 မော်လမြိုင်- မန္တလေး -မင်းကွန်း-ပြင်ဦးလွင်-မော်လမြိုင် 🌼🌼
�💃💃လည်ပတ်မည့်နေရာများ💃💃

🙏 မဟာမြတ်မုနိ ရုပ်ပွားတော်

🙏 ကမ္ဘာအကြီးဆုံးစာအုပ်ဟု အမည်တွင် သော ကုသိုလ်တော် ဘုရား

🙏 မန္တလေး တောင်တော်မြတ် နှင့် မြွေကြီးနှစ်ကောင်

🙏 မင်းကွန်းမြို့မှ ပုထိုးတော်ကြီး

🙏 မြသိန်းတန်စေတီ

🙏 မင်းကွန်းခေါင်းလောင်းတော်

🙏မင်းကွန်းဆရာတော်ဘုရားကြီးရုပ်ထုနှင့် ခြသေ့င်္ကြီး

🙏 သာယာအေးမြသောရေ နှင့် ပိတ်ချင်းမြှောင် နန္ဒာမူ လှိုဏ်ဂူတော်

🌼 အမျိုးသား ကန်တော်ကြီး

🏯 ကွမ်ရင်ဘုံကျောင်း

🧣🧣အလွန် ဈေး သက်သာ သော သိုးမွေးအနွေးထည်များ ကို လည်း သွားရောက်ဝယ်ယူနိုင်ရန် ဈေး

🙏 ပြည်ချစ် ဘုရားကြီးဟုခေါ်သည့် ဆုတောင်းပြည့်ဘုးရားကြီးမဟာအံ့ထူးကံသာ ဘုရား

⛲️ ပွဲကောက် BE ရေတံခွန်

🙏 ကျောက်စိမ်းဘုရား

�ဧည့်သည် တစ်ဦးလျှင် ၁၅၀,၀၀၀ကျပ် (တစ်သိန်းငါးသောင်းကျပ်)��ဝန်ဆောင်မှုတွေကတော့....
===========
🛌 အဆင့်မြင့်ပိာုတယ်မှာတည်းမယ်
🚙 Full Air Condition Car
🍛 နံနက်စာ/ နေ့လည်စာ/ ညစာ ( Restaurant )
💁‍♀️ ဧည့်လမ်းညွှန်
🚙 တဆင့်သွားကားခများ - ဝင်ကြေးများ

ကဲ...စိတ်ဝင်စားလို့ လက်မှတ်ဝယ်မယ်ဆိုရင်တော့ အခုကတည်းကသာ ဖုန်းခေါ်လိုက်မှစိတ်ချရမယ်နော်

အဖွဲ့လိုက်သွားချင်သူများ အထူးစီစဉ်ပေးပါတယ်။

ဆက်သွယ်ရန်
09-974898680/90, 095003514, 09-965003514

ချစ်သော ဧည့်သည်တော်များအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

18/01/2018

မင်္ဂလာပါ

၁၉ရက် ခရီးစဉ်အတွက် စာရင်း၂ဦးစာ ပေးထားသော အမျိုးသမီးအား ခရီးစဉ်ကိစ္စအတွက် တောက်လျှောက်ဆက်သွယ်နေသော်လည်း ဆက်သွယ်မရဖြစ်နေပါသည်။ ဖုန်းနံပါတ်များ မှားပေးထား၍လားမသိပါ။ ရက်ကပ်နေ၍ ပါရှင်။

အကယ်၍ပေခ်ျ့မှ မြင်လျှင် ပြန်လည်ဆက်သွယ်ပေးပါရှင်။

ကျမတို့မှ ပျက်ကွယ်သည် ထင်မှားမည်စိုးရိမ်၍ပါရှင်။

ကျေးဇူးတင်ပါတယ်ရှင်။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေ။ 🙏🙏🙏

💃💃 သင်အသက်တွေမကြီးခင် ခရီးသွားကြရအောင်💃💃❤️ ရုံးခွင့်ယူလို့ မရဘူးလား❤️ ဒါပေမယ့် ခရီးလည်းသွားချင်တယ်❤️ လူလည်း သက်သောင့်သက်...
14/01/2018

💃💃 သင်အသက်တွေမကြီးခင် ခရီးသွားကြရအောင်💃💃

❤️ ရုံးခွင့်ယူလို့ မရဘူးလား
❤️ ဒါပေမယ့် ခရီးလည်းသွားချင်တယ်
❤️ လူလည်း သက်သောင့်သက်သာ အပန်းပြေဆိုလည်း ပာုတ်တာမှသွားချင်တယ်
❤️ အဆင့်မြင့်လေးလည်းနေချင်တယ်
❤️ နေရာ ဒေသ တခုခုရဲ့ လည်ပတ်စရာတွေလည်း စုံချင်တယ်ဆိုသူများအတွက်

ဖေဖော်ဝါရီလအတွက် ခရီးစဉ်လေးတွေလာပြီနော်

အပတ်စဉ်ရဲ့ သောကြာနေ့ရဲ့ ပိတ်ရက်တိုင်းမှာ သက်မှတ် လူဦးရေ ပြည့်တာနဲ့ ထွက်မယ့်ခရီးစဉ်လေး

🌼 မော်လမြိုင်-လွိုင်ကော်-ပန်ပက်- မော်လမြိုင် (၁၆၅၀၀၀ ကျပ်)

🌼 မော်လမြိုင်-ကလော-ပင်းတယ-အင်းလေး-မော်လမြိုင် (၁၆၅၀၀၀ ကျပ်)

🌼 မော်လမြိုင်-ခေါနူးသုမ်-မော်လမြိုင် (၁၈၀၀၀၀ ကျပ်)

🌼 မော်လမြိုင်-အလောင်းတော်ကဿပ - မုံရွာ - စစ်ကိုင်း - မင်းကွန်း-မန္တလေး-မော်လမြိုင် (၁၈၀၀၀၀ကျပ်)

ကြိုက်နှစ်သက်ရာ ခရီးစဉ်လေးအတွက် တဦးကျသင့်မှုပါ

အဓိက ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့

🚙 ကားခတွေအားလုံးပါပြီးသား
🍛 အစားအစာ
💁‍♀️ ဧည့်လမ်းညွှန်
🛌 တည်းခိုမည့် အဆင့်မြင့်ပာိုတယ်
🚙 တဆင့်သွား ကားခများ/လှေခများ

အသေးစိတ်ကိုလည်း မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်
E -18+19, မြေနီကုန်းကားဝင်း၊ မော်လမြိုင်မြို့။
09-974898680/90, 095003514, 09-965003514

ချစ်သော ဧည့်သည်များအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင် 🙏🙏🙏

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

🌨🌨 ချစ်သော ချင်းပြည်မှာ တိမ်တွေဘယ်လောက်လှနေလည်းသွားကြည့်ရအောင် 🌨🌨(မော်လမြိုင်မြို့မှ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ၄ညအိပ် ၅ရက...
06/01/2018

🌨🌨 ချစ်သော ချင်းပြည်မှာ တိမ်တွေဘယ်လောက်လှနေလည်းသွားကြည့်ရအောင် 🌨🌨

(မော်လမြိုင်မြို့မှ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ၄ညအိပ် ၅ရက် ခရီးစဉ်လေးပါ။)

ခေါနုသုမ် (ခ) နတ်မတောင် ဆိုတာလေးကလေ အမြင့်ပေ ၁၀၂၀၀ ရှိပါတယ်

🌼 မြေပြန့်နဲ့ မတူတဲ့ ချင်းတို့ဒေသပာာ သဘာာဝအလှတရားတွေနဲ့ ပြည့်စုံနေတဲ့အပြင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများက ယနေ့ထိတွေ့မြင်နေတဲ့ ချင်းတို့ရဲ့မြေ ချစ်သောချင်းပြည်နယ် လေးမှာဘဲ ခံစားနိုင်မှာပါ

🌼 ရိုးရာခေါင်ရည် ချင်းရိုးရာပြာရည်ပာင်း ဆိုတာတော့ တခါစား တသက်မမေ့နိုင် တသသ လွမ်းနေမှာပါ။ တချို့ရက်တွေမှာ ရတက်တဲ့ နွားနောက်သားနဲ့ အေးထွီးကတော့ ချင်းမြေရဲ့ ထူးခြားမှုတခုလည်း ဖြစ်ပါတယ်။

🌼 ဒီနေ့ မြေပြန့် ဒေသတွေ လည်ရတာ ငြီးငွေ့ပြီဆိုရင်တော့ ရွှေမမှီနဲ့ အတူ ချစ်သော ချင်းပြည်ကို အလည်သွားရအောင်လားနော်

🌼 အို .... ကျန်သေးတယ်နော် အပြန်လမ်းမှာ ပုဂံဘုရားဖူးလေးလည်း ဝင်လည်ရမှာဆိုတာလေးလည်း ပြောပြချင်ပါတယ်

ခရီးစဉ်လေးရဲ့ စီစဉ်လေးက ၄ညအိပ် ၅ ရက်

တဦး - ၂၃၅,၀၀၀ ကျပ် (ဇန်နဝါရီ ခရီးစဉ်လေးပါ)

Early Bird များနဲ့ Group Booking များ အတွက် Special Discount ရှိပါသောကြောင့် ခုဘဲ HELLO ☎️☎️ လုပ်လိုက်တော့နော်

အဓိက ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့

🚙 ကားခတွေအားလုံးပါပြီးသား
🍛 အစားအစာ
💁‍♀️ ဧည့်လမ်းညွှန်
🛌 တည်းခိုမည့် ပာိုတယ် (၂ ညအိပ်)
🚙 တဆင့်သွား ကားခများ

အသေးစိတ်ကိုလည်း မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်
E -18+19, မြေနီကုန်းကားဝင်း၊ မော်လမြိုင်မြို့။
09-974898680/90, 095003514, 09-965003514

ချစ်သော ဧည့်သည်များအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း



PS: ဓါတ်ပုံများသည် Edit လုပ်ထားခြင်းမရှိဘဲ သဘာဝကိုချစ်၍ သဘာဝပုံများကို Label သာ ဖြည့်စွက်ထားတာပါရှင်။

❤️❤️အလောင်းတော်ကဿပ - မုံရွာ - စစ်ကိုင်း - မင်းကွန်း-ပခုက္ကူ- ပုဂံခရီးစဉ် ❤️❤️(ရန်ကုန်မြို့မှ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ၄ညအ...
05/01/2018

❤️❤️အလောင်းတော်ကဿပ - မုံရွာ - စစ်ကိုင်း - မင်းကွန်း-ပခုက္ကူ- ပုဂံခရီးစဉ် ❤️❤️

(ရန်ကုန်မြို့မှ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ၄ညအိပ် ၅ရက် ခရီးစဉ်လေးပါ။)

တစ်နှစ်မှ ၃-၄ လတည်းသာဖူးမြှော်ခွင့်ရတဲ့ ဗျာဒိတ်တော်ရ အလောင်းတော်မထေရ်မြတ်စံမြန်းလျောင်းတော်မူရာ
ဒေသကိုခရီးထွက်ရင်းသဘာဝအလှအပလေးတွေခံစား
ကြည်နူးရအောင်.....

လည်ပတ်မယ့် နေရာတွေကတော့..

🌼 အလောင်းတော်မထေရ်လှဲလျောင်းရာ ထူးဆန်းဖွယ် ကျောက်လှိုဏ်ဂူ

🌼 မုံရွာမြို့တွင် ဗောဓိတစ်ထောင်စေတီ၊ ကမ္ဘာ့အကြီးဆုံး လေးကျွန်းစကြာရပ်တော်မူဘုရား ကြီး၊ မိုးညှင်းသမ္ဗုဒ္ဓေ

🌼 စစ်ကိုင်းမြို့တွင် ဆွမ်းဦးပုညရှင်၊ ဥမင်သုံးဆယ်၊ရာဇမဏိစူဠာကောင်းမှုတော်စေတီ

🌼 မင်းကွန်းမြို့တွင် ပုထိုးတော်ကြီး၊ မြသိန်းတန်စေတီ၊ မင်းကွန်းခေါင်းလောင်းတော်၊ မင်းကွန်းဆရာတော်ဘုရားကြီးရုပ်ထု

🌼ပခုက္ကူမြို့မှ တန်ခိုးကြီး သရက္ခန်ဘုရား

🌼 ပုဂံရဲ့ တန်ခိုးကြီး ဘုရားများထဲမှ
ထု ဓမ္မရံ၊ ဉာဏ် သဗ္ဗေညု ၊ အနု အာနန္တ ၊ တန်ခိုးမှာ ရွှေဆည်းခုံ ၊ ဆုပြည့်တဲ့ အလိုတော်ပြည့် စသည့် ဘုရားများ

ဇန်နဝါရီလရဲ့ ပိတ်ရက်တိုင်းအတွက် ခရီးစဉ်လေးတွေပါ

လမ်းခရီး ကြမ်းလှတဲ့ ခရီးစဉ်ကို သက်တောင့်သက်သာ သွားနိုင်ပါပြီ။

ခုံနေရာကောင်းများရရှိရန် အမြန်ဆုံးစာရင်းပေးသွင်းထားနိုင်ပါပြီ

တစ်ဦး - ၂၄၀၀၀၀ ကျပ် ကျသင့်မှာပါ။

Early Bird များနဲ့ Group Booking များ အတွက် Special Discount ရှိပါသောကြောင့် ခုဘဲ HELLO ☎️☎️ လုပ်လိုက်တော့နော့်

ဝန်ဆောင်မှုတွေကတော့....
===========
🛌 မုံရွာမြို့မှာရှိတဲ့ အဆင့်မြင့်ပိာုတယ်မှာတည်းမယ်
🚙 Full Air Condition Car
🍛 နံနက်စာ/ နေ့လည်စာ/ ညစာ ( Restaurant )
💁‍♀️ ဧည့်လမ်းညွှန်
🚙 တဆင့်သွားကားခများ - ဝင်ကြေးများ

ကဲ...စိတ်ဝင်စားလို့ လက်မှတ်ဝယ်မယ်ဆိုရင်တော့ အခုကတည်းကသာ ဖုန်းခေါ်လိုက်မှစိတ်ချရမယ်နော်

အဖွဲ့လိုက်သွားချင်သူများ အထူးစီစဉ်ပေးပါတယ်။

ဆက်သွယ်ရန်
09-974898680/90, 095003514, 09-965003514

ချစ်သော ဧည့်သည်တော်များအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

❤️❤️အလောင်းတော်ကဿပ - မုံရွာ - စစ်ကိုင်း - မင်းကွန်း-မန္တလေးခရီးစဉ် ❤️❤️(မော်လမြိုင်မြို့မှ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ၃ညအိပ...
05/01/2018

❤️❤️အလောင်းတော်ကဿပ - မုံရွာ - စစ်ကိုင်း - မင်းကွန်း-မန္တလေးခရီးစဉ် ❤️❤️

(မော်လမြိုင်မြို့မှ စတင်ထွက်ခွါမှာဖြစ်ပါတယ်။ ၃ညအိပ် ၄ရက် ခရီးစဉ်လေးပါ။)

တစ်နှစ်မှ ၃-၄ လတည်းသာဖူးမြှော်ခွင့်ရတဲ့ ဗျာဒိတ်တော်ရ အလောင်းတော်မထေရ်မြတ်စံမြန်းလျောင်းတော်မူရာ
ဒေသကိုခရီးထွက်ရင်းသဘာဝအလှအပလေးတွေခံစား
ကြည်နူးရအောင်.....

လည်ပတ်မယ့် နေရာတွေကတော့..

🌼 အလောင်းတော်မထေရ်လှဲလျောင်းရာ ထူးဆန်းဖွယ် ကျောက်လှိုဏ်ဂူ

🌼 မုံရွာမြို့တွင် ဗောဓိတစ်ထောင်စေတီ၊ ကမ္ဘာ့အကြီးဆုံး လေးကျွန်းစကြာရပ်တော်မူဘုရား ကြီး၊ မိုးညှင်းသမ္ဗုဒ္ဓေ

🌼 စစ်ကိုင်းမြို့တွင် ဆွမ်းဦးပုညရှင်၊ ဥမင်သုံးဆယ်၊ရာဇမဏိစူဠာကောင်းမှုတော်စေတီ

🌼 မင်းကွန်းမြို့တွင် ပုထိုးတော်ကြီး၊ မြသိန်းတန်စေတီ၊ မင်းကွန်းခေါင်းလောင်းတော်၊ မင်းကွန်းဆရာတော်ဘုရားကြီးရုပ်ထု

🌼 မန္တလေး မပာာမြတ်မုနိဘုရားကြီး၊ ဝေရောစနာကျောက်စိမ်းစေတီတော်

ဇန်နဝါရီလရဲ့ ပိတ်ရက်တိုင်းအတွက် ခရီးစဉ်လေးတွေပါ

လမ်းခရီး ကြမ်းလှတဲ့ ခရီးစဉ်ကို သက်တောင့်သက်သာ သွားနိုင်ပါပြီ။

ခုံနေရာကောင်းများရရှိရန် အမြန်ဆုံးစာရင်းပေးသွင်းထားနိုင်ပါပြီ

တစ်ဦး - ၁၈၀,၀၀၀ ကျပ် ကျသင့်မှာပါ။

Early Bird များနဲ့ Group Booking များ အတွက် Special Discount ရှိပါသောကြောင့် ခုဘဲ HELLO ☎️☎️ လုပ်လိုက်တော့နော့်

ဝန်ဆောင်မှုတွေကတော့....
===========
🛌 မုံရွာမြို့မှာရှိတဲ့ အဆင့်မြင့်ပိာုတယ်မှာတည်းမယ်
🚙 Full Air Condition Car
🍛 နံနက်စာ/ နေ့လည်စာ/ ညစာ ( Restaurant )
💁‍♀️ ဧည့်လမ်းညွှန်
🚙 กတဆင့်သွားကားခများ - ဝင်ကြေးများ

ကဲ...စိတ်ဝင်စားလို့ လက်မှတ်ဝယ်မယ်ဆိုရင်တော့ အခုကတည်းကသာ ဖုန်းခေါ်လိုက်မှစိတ်ချရမယ်နော်

အဖွဲ့လိုက်သွားချင်သူများ အထူးစီစဉ်ပေးပါတယ်။

ဆက်သွယ်ရန်
E -18+19, မြေနီကုန်းကားဝင်း၊ မော်လမြိုင်မြို့။
09-974898680/90, 095003514, 09-965003514

ချစ်သောမိတ်ဆွေများအားလုံး ခရီးသွားရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

💭💭ချစ်သော ချင်းပြည်မှာ တိမ်တွေဘယ်လောက်လှနေလည်းသွားကြည့်ရအောင်💭💭များသောအားဖြင့် ချင်းလူမျိုးများပာာ နေမကောင်းဖြစ်လျှင် သေ...
14/12/2017

💭💭ချစ်သော ချင်းပြည်မှာ တိမ်တွေဘယ်လောက်လှနေလည်းသွားကြည့်ရအောင်💭💭

များသောအားဖြင့် ချင်းလူမျိုးများပာာ နေမကောင်းဖြစ်လျှင် သွေးသားကြောင့်လို့ မယူဆဲ နတ်ဖမ်းစားလို့သာ နေမကောင်းဖြစ်ရတယ်လို့ အယူရှိကြတယ်။
ဒီတော့ ဆေးဝါး ကုသခြင်းလည်း နည်းပါးတယ်။

ချင်းတွေက ရှန်ပီလို့ခေါ်တဲ့ နတ်ဆရာများရှိတယ်လေ။ ရွာတိုင်းလိုလို နတ်ဆရာရှိတတ်ပြီး နေမကောင်းဖြစ်ရင် နတ်ဆရာကိုဘဲမေးလေ့ရှိတယ်။

နတ်ဆရာများက ကြက်ဥ ကြက်ရိုးဗေဒင်ကြည့်ပြီးဖြစ်ဖြစ်၊ အိမ်မက်တောင်းပြီးဖြစ်ဖြစ်၊ လူနာရဲ့ လက်ကို သွေးစမ်းပြီး ဖြစ်ဖြစ် ရောဂါ အရင်းမြစ်ကို ရှာတယ်တဲ့။

ရောဂါ အရင်းမြစ်ကို ရှာတယ်ဆိုတာကလည်း ဘယ်နတ်က ဖမ်းစားထားသလည်း ဆိုတာကို ရှာတာပါတဲ့လေ။

ပြီးရင် ကုသတယ်ဆိုတာကလည်း နတ်ပူဇော်ခြင်းပါဘဲ။
ပူဇော်တဲ့အခါမှာလည်း ဖမ်းစားတဲ့နတ်အလိုက် သားကောင်သတ်ပြီး ပူဇော်ရတာပါ။

စိတ်ဝင်စားစရာများစွာနဲ့ ချင်းပြည်ရယ်ပေါ့။ ချင်းတို့ရဲ့ မတူကွဲပြား တမူထူးခြားနေတဲ့ တခြားသော ရိုးရာ အစဉ်အလာများကို လေ့လာရင်း ချင်းတောင်တန်းရဲ့ တိမ်တွေ တောင်ဇလပ်ပန်းတွေ ဘယ်လောက်လှနေတယ်ဆိုတာ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ခဏတာ ပြေးထွက်ရင်း လိုက်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေရှင်။

ဒီတော့ ကြော်ငြာလေး ဝင်ပါရစေနော်။

ဇန်နဝါရီလ အတွက် လရီးစဉ် ရက်လေးတွေ ထွက်ပြီနော်။

ခရီးစဉ်ထွက်မယ့်ရက်လေးတွေပါနော်🗓🗓

January 12
January 19
January 26

ခရီးစဉ်လေးရဲ့ စီစဉ်လေးက ၄ညအိပ် ၅ ရက်

💸💸 တဦးကို ၂၁၀,၀၀၀ ကျပ်ပါနော် 💸💸
အဓိက ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့

ကားခတွေအားလုံးပါပြီးသား
အစားအစာ
မြန်မာ ဧည့်လမ်းညွှန်
တည်းခိုမည့် ပာိုတယ် (၂ ညအိပ်)
ကျန်သော ဝန်ဆောင်မှုသေးသေးများလည်း ပါသေးတာမို့ လက်တို့လိုက်ပါရစေနော်။

အသေးစိတ်ကိုလည်း မေးမြန်းနိုင်ပါတယ်။

ကျေးဇူး အထူးပင်တင်ရှိပါတယ်။

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော် 🙏🙏🙏

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
ဖုန်းနံပါတ် : 095003514, 09974898680/90, 09-49232017
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

💭💭ချစ်သော ချင်းပြည်မှာ တိမ်တွေဘယ်လောက်လှနေလည်းသွားကြည့်ရအောင်💭💭ချင်းလူမျိုးတွေမှာ နယ်မြေဒေသအလိုက် မတူကွဲပြားနေတဲ့ ဓလေ့မျ...
01/12/2017

💭💭ချစ်သော ချင်းပြည်မှာ တိမ်တွေဘယ်လောက်လှနေလည်းသွားကြည့်ရအောင်💭💭

ချင်းလူမျိုးတွေမှာ နယ်မြေဒေသအလိုက် မတူကွဲပြားနေတဲ့ ဓလေ့များစွာ ရှိပါတယ်။

💏 ဒီနေ့တော့ အပျို လူပျို ဘဝ ချစ်ခြင်းသင်္ကေတ (Symbols for Love)လို့ တင်စားချင်တာလေး ပြောပြမယ်နော်

ချင်းလူမျိုးကွဲဖြစ်တဲ့ ပွာာလ်ငိုချင်း အမျိုးသားတွေ လူပျိုလှည့် ချစ်ရေးဆိုတဲ့အခါ ချင်းအမျိုးသမီးပျိုလေးက သူ့ရဲ့ သဘောထားကို သင်္ကေတလေးနဲ့ ပြပါတယ်တဲ့လေ။

လူပျိုလှည့်လာတဲ့ အမျိုးသားတွေကို မိန်းကလေးတွေက ဆေးလိပ်နဲ့ ဧည့်ခံရင်း အဲ့ဒီ ဆေးလိပ်လေးနဲ့ဘဲ သူတို့ရဲ့ သဘောထားတွေကို ဖော်ပြပါတယ်။

ဘယ်လိုသင်္ကေတလည်း ဆိုတာက စိတ်ဝင်စားစရာပါနော်....

သာမန်ဧည့်ခံတဲ့ ဆေးလိပ်က အဖြူရောင် စက္ကူနဲ့ လိပ်ထားပြီး အဖြူရောင် ချည်ကြိုးနဲ့ နှစ်ပတ်ရစ်ထားပါတယ်တဲ့

ဒါပေမယ့်လေ

💚 ချည်အစိမ်း ပတ်ထားရင် ကျမ ရှင့်ကို ခင်စပြုနေပြီ။

💛 ချည်ဝါနဲ့ ပတ်ထားရင် ကျမရှင့်ကို လွမ်းဆွတ်အောက်မေ့နေပြီ။

❤️ ချည်နီရောင် ပတ်ထားရင် ကျမရှင့်ကိုမုန်းတယ်။

🖤 ချည်အမဲ ဆိုရင်တော့ ကျမကို ရှင် မချစ်လို့ ပူဆွေးနေရပြီ။

🚬🚬 ဆေးလိပ် ၂ လိပ်အတူပူးချည်ပေးရင် နှစ်ယောက်ထဲနေချင်ပြီ။

🚬🚬🚬 ဆေးလိပ် ၂ လိပ်အတူပူးချည်ထားတဲ့ ဆေးလိပ်ကို တခြားဆေးလိပ်တွေနဲ့ ရောပေးရင်တော့ ကျမကို ချစ်နေသူ အများကြီးရှိသော်လည်း ရှင့်ကိုဘဲ ကျမမေတ္တာရှိပါတယ်တဲ့

ဘယ်လိုများတောင် ချစ်ဖို့ကောင်းတဲ့ အစဉ်အလာလေးလဲနော်

🤔🤔 ကဲ ..... ရွှေမမှီရဲ့ ချစ်သော ဧည့်သည်များကရော ကိုယ့်ချစ်သူကို ဘယ်လို ချစ်ခြင်းသင်္ကေတလေးနဲ့ ပြခဲ့လည်းဆိုတာလေးကလည်း ပြန်ပြောင်းတွေးကြည့်ရင်း ရေးရေးလေး ပြုံးနေလောက်ပြီနော်

ဒီနေ့ ဖုန်ထူထူ ဒေသတွေ လည်ရတာ ငြီးငွေ့ပြီဆိုရင်တော့ ရွှေမမှီနဲ့ အတူ ချစ်သော ချင်းပြည်ကို အလည်သွားရအောင်လားနော်

အို .... ကျန်သေးတယ်နော် အပြန်လမ်းမှာ ပုဂံဘုရားဖူးလေးလည်း ဝင်လည်ရမှာဆိုတာလေးလည်း ပြောပြချင်ပါတယ်

ချင်းတို့ရဲ့ မတူကွဲပြား တမူထူးခြားနေတဲ့ တခြားသော ရိုးရာ အစဉ်အလာများကို လေ့လာဖို့ ခရစ္စမတ်ညလေးမှာ ချင်းတောင်တန်းရဲ့ တိမ်တွေလိုက်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေရှင်

ဇန်နဝါရီလမှာလည်း ခရီးစဉ်တွေ ဆက်တိုက်ရှိနေသေးတယ်နော်

ခရီးစဉ်လေးရဲ့ စီစဉ်လေးက ၄ညအိပ် ၅ ရက်

💸💸 တဦးကို ၂၁၀,၀၀၀ ကျပ်ပါနော် 💸💸
အဓိက ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့

ကားခတွေအားလုံးပါပြီးသား
အစားအစာ
မြန်မာ ဧည့်လမ်းညွှန်
တည်းခိုမည့် ပာိုတယ် (၂ ညအိပ်)
ကျန်သော ဝန်ဆောင်မှုသေးသေးများလည်း ပါသေးတာမို့ လက်တို့လိုက်ပါရစေနော်။

အသေးစိတ်ကိုလည်း မေးမြန်းနိုင်ပါတယ်။

ကျေးဇူး အထူးပင်တင်ရှိပါတယ်။

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော် 🙏🙏🙏

ရွှေမမှီ ခရီးသွားလုပ်ငန်း
လိုင်စင် အမှတ် : ခ-၂၇၁၀
ဖုန်းနံပါတ် : 095003514, 09974898680/90, 09-49232017
Email: [email protected]
Website : www.smhtravels.com





#ရွှေမမှီခရီးသွားလုပ်ငန်း

Address

Thingangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 13:00
18:00 - 19:00
Sunday 09:00 - 13:00

Telephone

09974898680

Alerts

Be the first to know and let us send you an email when Shwe Ma-Hmi Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Travel Companies in Yangon

Show All

You may also like