Myth Traveller Travel & Tours Company Limited

Myth Traveller Travel & Tours Company Limited 𝐓𝐚𝐤𝐞 𝐚 𝐭𝐫𝐢𝐩,𝐦𝐚𝐤𝐞 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬💭𝐋𝐄𝐀𝐕𝐄 𝐍𝐎𝐓𝐇𝐈𝐍𝐆 𝐁𝐔𝐓 𝐅𝐎𝐎𝐓𝐏𝐑𝐈𝐍𝐓👣

သွားလည်ချင်လိုက်တာ😍
21/11/2023

သွားလည်ချင်လိုက်တာ😍

Norway 🇳🇴
မြောက်ဝင်ရိုးစွန်းမှာ တည်ရှိနေသည့် နော်ဝေနိုင်ငံ
ည ဥတ္တရအလင်းတန်း ကောင်းကင်ယံ....

နော်ဝေးနိုင်ငံကို မွန်းတည့်နေအမြဲရှိတဲ့ နိုင်ငံတစ်ခုလို့ လူသိများပါတယ်။ နော်ဝေးနိုင်ငံမှာ မေလကနေစပြီး ဂျူလိုင်လနှောင်းပိုင်းလောက်အထိကို နေလုံးဝမဝင်ပါဘူး။

ထွန်းလင်းတောက် ပနေတဲ့ နေမင်းကြီးက တစ်ရက်မှာ နာရီ ၂၀ ကြာအောင်ကို နိုင်ငံတစ်ခုလုံးကို လွှမ်းမိုးထားတာပဲဖြစ်ပါတယ်။

နော်ဝေးနိုင်ငံ စဗဲဘတ်ဒ်မြို့လေးမှာဆိုရင်လည်း ဧပြီလ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ မရပ် မနား နေရဲ့အလင်းရောင်ကို ရလေ့ရှိတာဖြစ်ပြီး အဲဒီရက်တွေမှာတော့ ညဘက်တွေဆိုတာ လုံးဝမရှိပါဘူး။

ဒါကြောင့် ညဘက်မရှိတဲ့ နိုင်ငံဖြစ်လို့ နော်ဝေးကို သွားလည်မယ်ဆိုရင်တော့ အဲဒီရက်လေးတွေကို ရွေးချယ်ပြီး သွားလည်ကြည့်လိုက်ကြပါ။

ဒါကတော့ နော်ဝေး နိုင်ငံကနေ မြင်ရမယ့် Northern light မြင်ကွင်းလေးပါပဲ။ Northern light ဆိုတာ တစ်သတ်မှာ တစ်ခါတော့ ကြည့်သွားသင့်တဲ့ မြင်ကွင်းလေး ဖြစ်ပါတယ်..

နော်ဝေးကို ရောက်ပြီဆိုရင်လည်း နာမည်ကြီး Northern Lights ကို ကြည့်ဖို့ ကိုလည်း မမေ့ခဲ့နဲ့နော်။ Northern Lights ကို အပြင်မှာ တွေ့ရဖို့ဆိုတာ လူတိုင်းအတွက် အိမ်မက်တစ် ခုဖြစ်နေတာမို့ သင်သာသွားရောက်လည်ပတ်ခွင့်ရမယ်ဆိုရင် နော်ဝေကို ဦးစားပေး အနေနဲ့ သွားရောက် လည်ပတ်ဖို့ အကြုံပြုပါတယ်...

20/11/2023

🌍 ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံ ၆ နိုင်ငံ

အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံတွေအကြောင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နေ မဝင်တဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။ အဲဒီလို နေမဝင်တဲ့ နိုင်ငံတွေဆီ အလည်အပတ် ရောက်နိုင်သူတွေကတော့ ကံကောင်းသူတွေလို့ ဆိုနိုင်ပါတယ်။ နေ မဝင်တဲ့ အရပ်က လူတွေအတွက်တော့ ဘယ်အချိန်မှာ အိပ်ရမယ်ဆိုတာကို ကောင်းကောင်း မသိနိုင်ကြပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးရဲ့ မျက်လှည့်ပြမှု တခုလိုပါပဲ။

(၁) နော်ဝေနိုင်ငံ

အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နော်ဝေနိုင်ငံကို လူတွေက ညဉ့်သန်းခေါင်တိုင်အောင် နေထွက်နေတဲ့မြို့လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ နော်ဝေနိုင်ငံမှာ နေ မဝင်တဲ့ ရက်ပေါင်းက ၆၉ ရက် ရှိပါတယ်။ မေလကနေ ဇူလိုင်လအတွင်းဟာ နော်ဝေနိုင်ငံအတွက် နေမဝင်တဲ့ အချိန်တွေပါပဲ။

(၂) အိုက်စလန်နိုင်ငံ

အိုက်စလန်နိုင်ငံဟာ လှပတဲ့နိုင်ငံဖြစ်သလို ဥရောပနိုင်ငံတွေထဲမှာ ကြီးမားတဲ့ ကျွန်းစုတွေကို အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံကလည်း နော်ဝေနိုင်ငံလိုပဲ မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လအထိ နေ မဝင်ဘဲ ရှိနေတတ်ပါတယ်။ အိုက်စလန်နိုင်ငံဟာ သဘာဝ တောရိုင်း တိရစ္ဆာန်တွေပေါများတဲ့ နိုင်ငံဖြစ်သလို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသာဥယျာဉ်တွေဆီ လည်ပတ်လို့ကောင်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

(၃) ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သလို ကနေဒါ တနိုင်ငံလုံးကိုလည်း ဆီးနှင်းတွေက တနှစ်ပတ်လုံး ဖုံးလွှမ်းထားတတ်ပါတယ်။ နွေရာသီမှာဆိုရင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ Inuvik လို မြို့တွေဟာ ရက်ပေါင်း ၅၀ လောက်ကြာအောင် နေမဝင်ဘဲ ရှိနေတတ်ပါတယ်။

(၄) အလာစကာပြည်နယ်

အမေရိကန်ပြည်ထောင်စုက အလာစကာပြည်နယ်ဟာလည်း နှစ်စဉ် မေလနှောင်းပိုင်းကနေ ဇူလိုင်လ နှောင်းပိုင်းအထိ နေ ဝင်လေ့ မရှိပါဘူး။ ဆောင်းရာသီဆိုရင်လည်း အလာစကာ ပြည်နယ်ဟာ နေထွက်လေ့ မရှိဘဲ ညအချိန်တွေနဲ့သာ ရင်ဆိုင်ရလေ့ ရှိပါတယ်။

(၅) ဆွီဒင်နိုင်ငံ

နေ မဝင်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆွီဒင်နိုင်ငံဟာ ညဉ့်သန်းခေါင်အချိန်မှာ နေဝင်လေ့ ရှိ ပြီး မနက်စောစော ၄ နာရီခွဲလောက်ဆိုရင် နေပြန်ထွက်ပါပြီ။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ နေဝင်ချိန်က ၄ နာရီ၊ ၅ နာရီလောက်ပဲ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လေ့ရှိတဲ့ အချိန်ကတော့ မေလနဲ့ သြဂုတ်လအတွင်းပါ။ ဒီလိုအချိန်တွေမှာ ဆွီဒင်နိုင်ငံကို အလည်သွားသူတွေအနေနဲ့ ငါးမျှားခြင်း၊ ဂေါက်ရိုက်ခြင်းနဲ့ နှင်းလျှောစီးခြင်းတွေကို ရှည်လျားတဲ့ နေ့တာအောက်မှာ ပြုလုပ်နိုင်ပါတယ်။

(၆) ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံဟာ ထောင်ချီတဲ့ ရေကန်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်သလို နွေရာသီမှာဆိုရင် ၇၃ ရက်တိုင်တိုင် နေမဝင်တာကို ကြုံရလေ့ ရှိပါတယ်။
🙏🏿

😇ကိုယ်ဖြတ်​ပေးလိုက်တဲ့ Flight Ticket 🎫နဲ့ သူတို့တွေ ခရီးလမ်းချောမွေ့ အဆင်ပြေတယ်ဆိုရင် ဒီနှစ်တွေထဲဘယ်မှမရောက်တဲ့ကျမ အလိုလ...
16/11/2023

😇ကိုယ်ဖြတ်​ပေးလိုက်တဲ့ Flight Ticket 🎫နဲ့ သူတို့တွေ ခရီးလမ်းချောမွေ့ အဆင်ပြေတယ်ဆိုရင် ဒီနှစ်တွေထဲဘယ်မှမရောက်တဲ့ကျမ အလိုလိုကြည်နူးပျော်ရွှင်မိ😇

🙏ဝယ်ယူအားပေးတဲ့ customers များကို𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 မှအထူးကျေးဇူးတင်ပါတယ်🙏

🫠တခြားခရီးစဉ်များမှ customers များအား အဆင်မပြေ၍ဖော်ပြထားခြင်းမရှိပါ😊

✍️ပိုင်ရှင်ခွင့်ပြုချက်​ဖြင့် ပုံတင်ပါသည်

15/11/2023

ရထားလိုင်းနှစ်ခုဆုံတဲ့ Siam BTSမှာ ရထားပြောင်းစီးတတ်ဖို့ ဒီSignလေးတွေကိုကြည့်တတ်ရင်ရပါပြီ။

Siamက Silomနဲ့ Sukhumvit ရထားလိုင်းနှစ်ခုဆုံးတဲ့ဘူတာရုံဖြစ်ပြီးတော့ ရထားစီးရမယ့် အထပ်ကနှစ်ထပ်ရှိပါတယ်။

အပေါ်ဆုံးထပ်မှာဆိုက်တဲ့ရထားတွေက Silom လိုင်းဖြစ်တဲ့ National Stadiumနဲ့ Sukhumvitလိုင်းဖြစ်တဲ့ Khukhotမှာ ဂိတ်ဆုံးမယ့် ရထားတွေပါ။

အောက်ထပ်မှာ ဆိုက်ရောက်တဲ့ရထားတွေတော့

Silomလိုင်းဖြစ်တဲ့ Bangwaနဲ့ Sukhumvit လိုင်းဖြစ်တဲ့ Khehaမှာ ဂီတ်ဆုံးတဲ့ရထားဆိုက်ရောက်မှာပါ။

ဒီsignလေးတွေကိုကြည့်တတ်ရင် ဘယ်လိုင်းကနေပဲလာလာ Siam BTSမှာရထားပြောင်းစီးတတ်ပါပြီ။

🔰အပေါ်ကပုံနှစ်ခုကတော့ Siam BTS အပေါ်ဆုံးထပ်မှာ ဆိုက်ရောက်မယ့် ရထားလိုင်းတွေပါ။

Silomလိုင်းဖြစ်တဲ့ National Stadiumနဲ့ Sukumvit လိုင်းဖြစ်တဲ့ Khu Khotဘက်သွားမယ်ရထားတွေကိုစီးမယ်ဆို အပေါ်ဆုံးထပ်မှာ ရထားပြောင်းစီးရမှာပါ။

🔰အောက်ပုံက နှစ်ခုကတော့ Siam BTS ဒုတိယထပ်မှာ ဆိုက်ရောက်မယ့် ရထားလိုင်းတွေပါ။

Silomလိုင်းဖြစ်တဲ့ Bangwaနဲ့ Sukhumvitလိုင်းဖြစ်တဲ့ Khehaဘက်သွားမယ့်ရထားလိုင်းတွေကို ပြောင်းစီးရမယ်ဆို ဒုတိယထပ်မှာ ရထားပြောင်းစီးရမှာပါ။

😁တန်အောင် ဝေးဝေးသွာကြရအောင်လက်မှတ်လိုရင်တော့ ဒီမမဆီကို hi လိုက်နော်😘
01/11/2023

😁တန်အောင် ဝေးဝေးသွာကြရအောင်
လက်မှတ်လိုရင်တော့ ဒီမမဆီကို hi လိုက်နော်😘

24/10/2023

ဘယ်နိုင်ငံကနေပဲမဆို ထိုင်းကိုလည်ရောက်လည်ပတ်တဲ့အခါ Myanmar Passport ကိုင်ထားသူတစ်ယောက်အနေနဲ့ ဘာတွေလိုအပ်တာလဲ?

ထိုင်းက Japan ကနေလာမယ်ဘာလိုလဲ? SGကနေလာမယ်ဘာလိုလဲ? USကနေလာမယ်ဘာလိုလဲ? ခဏခဏမေးနေကြတာမို့ ပြန်တင်ပေးလိုက်ပါတယ်နော်။

ဘယ်နိုင်ငံကနေပဲလာလာ Myanmar Passport Holder တိုင်းဟာ 14days free Visaရပါတယ်။

PVနဲ့မို့ PJနဲ့မို့လာလို့ရလား?

PV, PJဆိုတာတွေက မြန်မာနိုင်ငံအထွက်မှာပဲ ပြသနာရှိတာဖြစ်တာမို့ ထိုင်းကိုလာမယ်ဆိုရင်တော့ ဘယ်Passport Typeမဆိုတာ Passportဖြစ်တာနဲ့လာလို့ရပါပြီ။

လိုအပ်တာတွေကတော့ ဘယ်နိုင်ငံကလာတဲ့ Myanmar Passport Holder တိုင်းမဆို

Air Ticket အသွားအပြန်လိုပါမယ်။
Hotel Booking လိုပါမယ်။
Show Money Baht 20,000လိုပါမယ်။

US $ နဲ့ဆို 500, SG $ နဲ့ဆို700လိုပါတယ်။

Show Moneyမယူလာလို့ကောရလား?
သူများတွေကိုမစစ်ဘူးတဲ့နော် မပါလည်းဘာမှမဖြစ်ဘူးတဲ့။

မယူလာလည်းရလားလို့ရင်တော့ ရတယ်လို့တော့ သေချာမပြောချင်ပါဘူး။

မသင်္ကာတဲ့သူဆိုမေးတတ်ပါတယ်။ အဓိကကတော့ ပြန်မယ်လို့မထင်ရတဲ့သူမျိုးကို မေးတတ်တာပါ။

မေးတတ်တာတွေကတော့ ဘယ်နှစ်ရက်နေမှာလဲ? ဘာလုပ်လာတာလဲ?

ဒီလောက်ထိပဲအမေးများတာဖြစ်ပြီးတော့ အဲ့လောက်မေးတဲ့အခါမှာ သွက်သွက်လက်လက်ပြန်ဖြေတတ်ရင် သိပ်မမေးတော့တာများပါတယ်။

Air Ticket အသွားအပြန်, Hotel Bookingလောက်ကိုပဲတောင်းကြည့်တတ်တာများပြီးတော့

Show Moneyပါလားဆိုတာကိုနောက်ဆုံး အခြေအနေမှပဲမေးတတ်တာပါ။

Show Moneyပါလားကို Immigration Counter မှာမေးလေ့မရှိဘဲ ဘေးကိုထုတ်ပြီးခေါ်စစ်တဲ့အခါ ဘာမှမဖြေတတ်မပြောတတ် Reasonမပြတတ်တဲ့တော့နောက်ဆုံးအခြေအနေမှာမှ Show Moneyကိုထုတ်ပြခိုင်းတတ်တာပါ။

နောက်ထပ်တစ်ခုမေးကြတာက ကျပ်ကို ဘန်ကောက်ရောက်မှလှဲလို့ရလားတဲ့။

Kyat က Baht Cashနဲ့လှဲချင်တယ်ဆိုရင်တော့ Mobile Banking ထဲကိုထည့်လာပြီးတော့ ဘန်ကောက်ရောက်မှ Face to Face လှဲတာဖြစ်ဖြစ်...
ယုံကြည်စိတ်ချရတဲ့ Exchange Page တွေကနေ ATMစက်ကနေဖြစ်ဖြစ်လွှဲခိုင်းပြီးထုတ်လို့ရပါတယ်။

တစ်ခါတည်းBaht ဝယ်လာတာမဟုတ်တဲ့အတွက် အနည်းငယ်အလုပ်ရှုပ်တာတော့ရှိနိုင်ပါတယ်။

ဒီမှာတစ်ခုပြောချင်တာကတော့ တစ်ခါမှBhat နဲ့ကျပ်မလှဲဖူးတဲ့သူတွေပါ။

Exchange Rate ကို Googleက Rate တွေကြည့်ပြီးတော့ ဒီမှာပေါက်ဈေးကဒီလိုရှိပြီး Exchange Page တွေက Rate တွေကဘာလို့ဒီလိုဖြစ်နေရတာလဲဆိုပြီး နားမလည်ဘဲသွားမေးတတ်တာပါ။

Exchange Page ကRateတွေGoogle ကRate တွေနဲ့ဘယ်လိုမှတူမှမဟုတ်သလို Google ကRate အတိုင်းရချင်ရင်လည်း ဘယ်Page ကမှငွေလှဲလှယ်ပေးမှာမဟုတ်ပါဘူး။

ဒါကြောင့် နားမလည်ဘဲ Complaint တက်တာမျိုးတွေမလုပ်မိဖို့တော့သတိထားပါ။

$ဝယ်လာရမလား၊ Baht ဝယ်လာရမလား?

Kyat ကိုင်ထားတဲ့သူဆိုရင်တော့ $အရင်ဝယ်လာပြီး ဘန်ကောက်ရောက်မှ Bahtပြန်လှဲမယ်ဆိုရင်တော့ နှစ်ခါနာနိုင်ပါတယ်။

ဒါကြောင့် ကျပ်ပဲကိုင်ထားတယ်ဆိုရင်တော့ မြန်မာကနေ ဘတ်ပဲတစ်ခါတည်းဝယ်လာပါ။

$ ကိုင်ထားတဲ့သူဆိုရင်တော့ $ယူလာပြီးတော့ Bangkok ရောက်တဲ့အခါမှာ Super Rich အစိမ်းရောင်မှာ လှဲပါက Rate ပိုကောင်းနိုင်ပါတယ်။

Super Rich အစိမ်းရောင်နဲ့ Orangeရောင်က Companyချင်းမတူပါဘူး။

အစိမ်းရောင်ကတော့လိမ္မော်ရောင်ထက်ပိုပြီးတော့ Rate ပိုကောင်းပါတယ်။

ဘတ်ရှစ်သိန်းထိလှဲလို့ရပါတယ်။

အဆင်ပြေကြပါစေ

ရန်ကုန် > မုံရွာ > ရန်ကုန်  အသွား အပြန် အဝေးပြေးကားလက်မှတ်များကို 𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 မှာ ဝယ်ယူနိုင်ပါပြီ၊......................
24/10/2023

ရန်ကုန် > မုံရွာ > ရန်ကုန် အသွား အပြန် အဝေးပြေးကားလက်မှတ်များကို
𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 မှာ ဝယ်ယူနိုင်ပါပြီ၊..................................................................................

ရန်ကုန် မှ မုံရွာ သို့...................

🚍 Famous Traveller Express
⏰ 07.30 AM (Std)...25000
⏰ 05:30 PM (Std)...25000
⏰ 06.00 PM (VIP)...32000

🚍 Moe Kaung Kin Express
⏰ 04.00 PM (Std)...25000(PALE)
⏰ 04.30 PM (Std)...25000(AYADAW)

🚍 Shwe Mandalar Express
⏰ 05.00 PM (Std)...25000

🚍 Shwe Sin Set Kyar-Shwe Sin Express
⏰ 07.00 AM (Std)...23000
⏰ 05.00 PM (Std)...25000

🚍 New Mandalar Tun Express
⏰ 05.00 PM (Std)...25000

🚍 Lumbini Express
⏰ 07.00 AM (VIP)... 30000
⏰ 06.00 PM (VIP)... 30000
⏰ 06:00 PM (std)....25000..............................................................

မုံရွာ မှ ရန်ကုန် သို့ ......................

🚍 Famous Express
⏰ 07:30 AM (Std)...25000
⏰ 03:30 PM (VIP)...32000
⏰ 03.30 PM (Std)...25000

🚍 Moe Kaung Kin Express
⏰ 02.00 PM (Std)...25000

🚍 Shwe Mandalar Express
⏰ 04:00 PM (Std)...25000

🚍 Shwe Sin Set Kyar Express
⏰08.00 AM (Std)...23000
⏰ 03.30 PM (Std)...23000
⏰ 04:00 PM (std)...23000

🚍 New Mandalar Tun Express
⏰ 03.30 PM (Std)..25000

🚍 Lumbini Express
⏰ 07.30 AM (VIP)...30000
⏰ 03.00 PM (Std)...25000
⏰ 03:30 PM (VIP)...30000......................................................

𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 ကိုသာ Hello လိုက်ပါ...📞📞
☎09 784 052 005 (Viber Available)
☎09 426 769 155 (Viber Available)

𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 မှာ ကားလက်မှတ်ဝယ်မယ်ဆိုရင်
❤ #ဂိတ်ရင်းဈေးအတိုင်းဝယ်လို့ရမယ်
❤ #စိတ်ကြိုက်ကားလိုင်းရွေးလို့ရမယ်
❤ #သွားချင်တဲ့အချိန်ရွေးလို့ရမယ်
❤ #ထိုင်ခုံနေရာလည်းရွေးလို့ရမယ်
❤ #ရောက်မယ့်အချိန်သိရမယ်
❤ #မြို့တွင်းကြိုပို့ရှိမရှိသိရမယ်ဆိုတော့ ဘာလိုသေးလဲရှင်😊✌️

👉 လက်မှတ်ဝယ်ယူရရှိနိုင်သော အဝေးပြေးယာဉ်လိုင်းများ
🚌 Traveller Express
🚌 Express
🚌 Express
🚌 Express
🚌 Boss Express
🚌 Group
🚌
🚌
🚌 #မန္တလာမင်း
🚌 #ခိုင်မန္တလေး
🚌 #ရွှေမန္တလာ
🚌 #ရွှေမန္တလေး
🚌 #လုမ္ဗနီ
🚌 #အန်တီဝင်း
🚌 #မြတ်မန္တလာထွန်း
🚌 #မိုးကောင်းကင်
🚌 #အကယ်ဒမီ
🚌 #တက်လမ်း
🚌 #တက်နေလင်း
🚌 #ရွှေစင်စင်္ကြာ
🚌 #ရွှေတောင်ရိုး
🚌 #ဒို့ညီနောင်
🚌 #ရွှေလားရှိုး
🚌 #ရွှေလွန်းပျံ
🚌 #ပုဂံမင်းသား
🚌 #ထွန်းဧရာ
🚌 #နယူးမန္တလာထွန်း
🚌 #မန်းရာဇာ
🚌 #ရာဇာထွန်း
🚌 #နန်းထိုက်တော်ဝင်
🚌 #မိုးထက်အာကာ
🚌 #ချင်းတောင်တန်း
🚌 #ရဲအောင်လံ
🚌 #ဇေယျာမြိုင်ကြီး
🚌 #တောင်ပြာတန်း
🚌 #တင့်တိုင်းအောင်
🚌 #ငွေနှင်းမန္တလာ
🚌 #စေတမန်
🚌 #မျိုးဆက်သစ်
🚌 #ဘုန်းမြတ်ပိုင်
🚌 #ဝေဖြိုးအောင်
🚌 #ရွှေရာဇာ
🚌 #လင်းမန္တလာ
🚌 #မြရတနာ
🚌 #အရိန္ဒမာ
🚌 #ဘုရင်
🚌 #မနောတံခွန်
🚌 #ရွှေကချင်
🚌 #ရွှေကယား
🚌 #ကြံတိုင်းအောင်
🚌 #ကစ္စပ
🚌 #ရွှေစင်ဝတီ
🚌 #ရွှေညီကို
🚌 #ရွှေပြည်တော်
🚌 #အောင်ကျော်မိုး
🚌 #အောင်သိမ်းပိုင်
🚌 #ရွှေရုပ်လေး
🚌 #တောင်ပေါ်သား
🚌
🚌 #ရာဇာမင်း
🚌 #ရွှေကျွန်းသစ်
🚌
🚌
🚌 #ဧရာသစ္စာ
🚌 #ရိုးမမန္တလာ

👉 ဘုရားဖူးနဲ့ အပန်းဖြေခရီးသွားလက်မှတ်များ
🚌 အာရှနဂါး
🚌 ရွှေနဂါး
🚌 Star Palace
🚌 ချစ်ပိုင်သစ္စာ

🚨 ဂိတ်ရင်းမဟုတ်ပါ
🚨 ဂိတ်ရင်းဈေးအတိုင်းသာရောင်းပါသည်
🚨 လက်မှတ်ဖိုးငွေကြိုလွှဲစနစ်ဖြင့်သာရောင်းပါသည်
🚨 e Ticket ကို Messenger/Viber မှ ပေးပို့ပေးပါသည်
🚨 ဂိတ်ရောက်မှ ငွေရှင်းလိုသူများ ဂိတ်ရင်းများသို့ ဆက်သွယ်ပါ

-----------[ 🗺 Our Services ]----------
✅ Domestic & International Air Ticketing
✅ Highway Express Bus Ticketing

📬🏠
𝐍𝐨 𝟏𝟖 𝐁𝐥𝐨𝐜𝐤 𝟐𝟒/𝐋
𝐓𝐡𝐮 𝐒𝐭𝐚𝐫 𝐬𝐭𝐫,𝐇𝐥𝐚𝐢𝐧𝐠 𝐌𝐲𝐢𝐧𝐭 𝐇𝐦𝐨 𝐚𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭,
𝐘𝐚𝐧𝐠𝐨𝐧-𝐈𝐧𝐬𝐞𝐢𝐧 𝐑𝐨𝐚𝐝.

22/10/2023
မှား လိုက်မသွားနဲ့နော်😂😅
22/10/2023

မှား လိုက်မသွားနဲ့နော်😂😅

😁😁😁

20/10/2023
ပုဂံဘုရားဖူးသွားမယ့် သူတွေအတွက် ဂျေဂျေက မန္တလေး-ပုဂံ ကြားခြားနေတဲ့တံခါးတစ်ချပ်ကိုဖွင့်လှစ်လိုက်ပြီနော် 😍🚍 မန္တလေး မှ ပုဂ...
20/10/2023

ပုဂံဘုရားဖူးသွားမယ့် သူတွေအတွက် ဂျေဂျေက မန္တလေး-ပုဂံ ကြားခြားနေတဲ့တံခါးတစ်ချပ်ကိုဖွင့်လှစ်လိုက်ပြီနော် 😍

🚍 မန္တလေး မှ ပုဂံ
07:00 AM (Std)
21800 ks

🚍 ပုဂံ မှ မန္တလေး
02:30 PM (Std)
21800 ks

++++++++++++++++++
✅ကြိုတင်လက်မှတ်များ ဝယ်ယူလိုပါက
☎09 456 769 155 (Viber Available)
☎09 784 052 005 (Viber Available)

🚨 ဂိတ်ရင်းမဟုတ်ပါ။ ဂိတ်ခွဲဖြစ်ပါသည်
🚨 ဂိတ်ရင်းဈေးအတိုင်းသာရောင်းပါသည်
🚨 လက်မှတ်ဖိုးငွေကြိုလွှဲစနစ်ဖြင့်သာရောင်းပါသည်
🚨 e Ticket ကို Messenger/Viber မှ ပေးပို့ပေးပါသည်
🚨 ဂိတ်ရောက်မှ ငွေရှင်းလိုသူများ ဂိတ်ရင်းများသို့ ဆက်သွယ်ပါ
👉 လက်မှတ်ဝယ်ယူရရှိနိုင်သော အဝေးပြေးယာဉ်လိုင်းများ
🚌 Traveller Express
🚌 Express
🚌 Express
🚌 Express
🚌 #မန္တလာမင်း
🚌 #ခိုင်မန္တလေး
🚌 #ရွှေမန္တလာ
🚌 #ရွှေမန္တလေး
🚌 Group
🚌 #လုမ္ဗနီ
🚌 #အန်တီဝင်း
🚌 #မြတ်မန္တလာထွန်း
🚌 #မိုးကောင်းကင်
🚌 #အကယ်ဒမီ
🚌 #တက်လမ်း
🚌 #တက်နေလင်း
🚌 #ရွှေစင်စင်္ကြာ
🚌 #ရွှေတောင်ရိုး
🚌 #ရွှေလားရှိုး
🚌 #ရွှေလွန်းပျံ
🚌 #ပုဂံမင်းသား
🚌 #ထွန်းဧရာ
🚌 #နယူးမန္တလာထွန်း
🚌 #မန်းရာဇာ
🚌 #ရာဇာထွန်း
🚌 #နန်းထိုက်တော်ဝင်
🚌 #မိုးထက်အာကာ
🚌 #ချင်းတောင်တန်း
🚌 #ရဲအောင်လံ
🚌 #ဇေယျာမြိုင်ကြီး
🚌 #တောင်ပြာတန်း
🚌 #တင့်တိုင်းအောင်
🚌 #ငွေနှင်းမန္တလာ
🚌 #ကျော်လွှား
🚌 #ရွှေဝယ်မင်း
🚌 #မျိုးဆက်သစ်
🚌 #အာရှ
🚌 #ဘုန်းမြတ်ပိုင်
🚌 #ရွှေရာဇာ
🚌 #သိန်းသန်းကုဋေ
🚌 #စွမ်း Group
🚌 #ဇေယျာရွှေပြည်
🚌 #မြရတနာ
🚌 #အရိန္ဒမာ
🚌 #ဘုရင်
🚌 #မနောတံခွန်
🚌 #ရွှေကချင်
🚌 #ကြံတိုင်းအောင်
🚌 #မန်းရွှေမြို့တော်
👉 ဘုရားဖူးနဲ့ အပန်းဖြေခရီးသွားလက်မှတ်များ
🚌 အာရှနဂါး
🚌 ရွှေနဂါး
🚌 Star Palace (ကြယ်နန်းတော်)

19/10/2023

Ywar Ngan Road

19/10/2023
18/10/2023

🌿လွမ်းစရာလေးနော်🍀

မကြာမှီ လာမည် 😮😮🚍JJ EXPRESS ဂျေဂျေဖြင့် မန်းလေး မှ ပုဂံ ခရီးစဉ် မကြာမှီ ပြေးဆွဲတော့မှာဖြစ်ပါတယ်ခင်ဗျ✌️စတင်ပြေးဆွဲမည့်ရက်...
15/10/2023

မကြာမှီ လာမည် 😮😮

🚍JJ EXPRESS ဂျေဂျေဖြင့် မန်းလေး မှ ပုဂံ ခရီးစဉ် မကြာမှီ ပြေးဆွဲတော့မှာဖြစ်ပါတယ်ခင်ဗျ

✌️စတင်ပြေးဆွဲမည့်ရက်နှင့် အချိန်စျေးနူန်းလေးတွေသိရရင် ထပ်ပြီးဖော်ပြပေးပါမယ်နော်

🤩စိတ်ချရဖို့ဆို ကားလက်မှတ်အ​ရောင်း တရားဝင် Agent ဆီမှ ဝယ်ယူပါရှင့်

💵သီတင်းကျွတ်ပိတ်ရက်လေးတွေရှိလို့ ခရီးသွားမယ်ဆို ✈️လေယာဉ်လက်မှတ်လေးတွေ ကားလက်မှတ်လေးတွေ အခက်အခဲဖြစ်နိုင်လို့ 💵ကြိုတင်ဝယ်ယ...
15/10/2023

💵သီတင်းကျွတ်ပိတ်ရက်လေးတွေရှိလို့ ခရီးသွားမယ်ဆို

✈️လေယာဉ်လက်မှတ်လေးတွေ

ကားလက်မှတ်လေးတွေ အခက်အခဲဖြစ်နိုင်လို့

💵ကြိုတင်ဝယ်ယူထားမှ စိတ်ချရမယ်နော်

13/10/2023
✌️လူကြီးမင်းတို့အတွက် လိုအပ်လာပါက🫶
13/10/2023

✌️လူကြီးမင်းတို့အတွက် လိုအပ်လာပါက🫶

ထိုင်းနိုင်ငံကို အလည်ဗီဇာနဲ့ လာမယ်ဆိုရင် ဘာတွေသိထားသင့်သလဲ ?

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီနေ့ကတော့ ထိုင်းနိုင်ငံကို အလည်ဗီဇာနဲ့ လာချင်သူတွေအတွက် သိထားသင့်တာလေးတွေကို ပြောပြပေးသွားပါမယ်ဗျ ၊

➤ ➤ထိုင်းကိုအလည်သွားဖို့အတွက် ဗီဇာဘယ်နှစ်မျိုးရှိသလဲ ?

ထိုင်းကို အလည်နဲ့သွားမယ်ဆိုရင် ၂ မျိုးရှိပါမယ် ၊ Visa Exemption (ဗီဇာကင်းလွတ်ခွင့်) နဲ့ Tourist Visa ဆိုပြီး ၂ မျိုးရှိပါမယ်ဗျ ။

➤➤ Visa Exemption (ဗီဇာကင်းလွတ်ခွင့် ) ဆိုတာဘာလဲ ?
Visa Exemption ဆိုတာကတော့ မြန်မာလိုဆိုရင်တော့ ဗီဇာကင်းလွတ်ခွင့် ပြုထားတယ်လို့ ဆိုလိုပါတယ် ၊ သဘောတရားအားဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်စရာမလိုပဲ အလည်သွားလို့ရမယ်လို့ ဆိုလိုပါတယ် ။ ထိုင်းနိုင်ငံကို ဗီဇာလျှောက်စရာမလိုပဲ အလည်သွားလို့ရတဲ့ နိုင်ငံတွေစာရင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်းပါပါတယ် ၊ မြန်မာ Passport ကိုင်ဆောင်ထားသူတွေဟာ ထိုင်းနိုင်ငံကိုသွားရင် ဗီဇာကင်းလွတ်ခွင့်နဲ့ ၁၄ ရက်နေထိုင်ခွင့်ရှိပါတယ် ၊ ဗီဇာကင်းလွတ်ခွင့်က ထိုင်းနိုင်ငံကို လေကြောင်းနဲ့ ဝင်ရောက်မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ် ၊ နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းနဲ့ ဝင်ရင်တော့ ဗီဇာကင်းလွတ်ခွင့် ရမှာမဟုတ်ပါဘူး ။

➤ Visa Exemption ရဖို့အတွက် ဘာလုပ်ရမလဲ ?

Visa Exemption ရဖို့အတွက် မြန်မာ Passport ကိုင်ဆောင်ထားသူဆိုရင်
- ထိုင်းနိုင်ငံကို သွားမယ့် လေယာဉ်လက်မှတ် ၊ ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် လေယာဉ်လက်မှတ်
- ထိုင်းနိုင်ငံမှာ နေထိုင်မယ့် Hotel Booking
- Show Money THB 20,000 သို့မဟုတ် USD 700 ခန့် (ငွေသား) လိုပါမယ်
ဒါတွေက အဓိက လိုအပ်ချက်တွေဖြစ်ပါတယ် ၊ ဗီဇာကင်းလွတ်ခွင့် ရထားတာ ဖြစ်တဲ့အတွက် ဘယ်မှာမှ သွားရောက် လျှောက်ထားစရာမလိုပဲနဲ့ လေယာဉ်လက်မှတ်ဝယ် ၊ လေယာဉ်တက်စီးပြီး ထိုင်းနိုင်ငံကိုရောက်တာနဲ့ လေဆိပ် လဝက (Immigration) က ထိုင်း အဝင်တုံး (Visa Stamp) ထုပေးပါလိမ့်မယ် ။

➤➤Tourist Visa ဆိုတာ ဘာလဲ ?
Tourist Visa ကတော့ ထိုင်းနိုင်ငံမှာ ၁၄ ရက်ထပ်ပိုပြီးတော့ လည်ပတ်ချင်သူတွေ ၊ ကျောင်းကိစ္စ ၊ အလုပ်ကိစ္စ နဲ့ အခြားအကြောင်း ကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာ ၁၄ ရက်ထက် ပိုပြီးနေထိုင်ဖို့ လိုအပ်သူတွေ အများစု လျှောက်ထားကြတဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။

➤Tourist Visa လျှောက်ဖို့ ဘာတွေလိုအပ်သလဲ ?

- သက်တမ်း ခြောက်လအနည်းဆုံးကျန်သေးတဲ့ Passport
- Passport Size ဓါတ်ပုံ ၂ ပုံ
- ထိုင်းနိုင်ငံကိုသွားမယ့် လေယာဉ်လက်မှတ်
- ထိုင်းနိုင်ငံကနေ ပြန်မယ့် လေယာဉ်လက်မှတ် (ငွေမချေရသေးလည်း Booking လုပ်ထားရုံနဲ့ရပါတယ်)
- Hotel Booking ( ငွေမချေရသေးလည်း ရပါတယ် ) (သို့မဟုတ်) အိမ်ဌားစာချုပ်
- Bank Statement သုံးလစာ (မြန်မာငွေ ၂၀ သိန်းခန်. )
- မှတ်ပုံတင် မိတ္ထူ
- သန်ခေါင်းစာရင်း မိတ္ထူ
- Visa Fees 40 USD
- Visa Form ဖြည့်ရပါမယ်

အခုဖော်ပြထားတဲ့အချက်အလက်တွေနဲ့ ရန်ကုန်က ထိုင်းသံရုံးမှာ လူကိုယ်တိုင် သွားရောက်လျှောက်ထားလို့ ရပါတယ် ၊ Form တင်ရချိန်ဟာ မနက်ခင်းပိုင်းဖြစ်ပြီးတော့ နောက်တစ်ရက် သို့မဟုတ် နှစ်ရက်လောက်နေရင် ကိုယ့် Passport မှာ Visa Sticker ကပ်ပေးလိုက်တာကို သွားပြန်ယူလို့ရပါတယ် ၊ ဒါဆိုရင်တော့ Tourist Visa လျှောက်ထားမှု ပြီးပါပြီ ။

အခုနောက်ပိုင်းမှာ အချို့သော Travel and Tour Company တွေက Passport စာအုပ် ၊ သန်ခေါင်းစာရင်း ၊ မှတ်ပုံတင်နဲ့ Bank Statement ပို့ပေးရုံနဲ့ သံရုံးကို လူကိုယ်တိုင်သွားစရာမလိုပဲ လျှောက်ထားလို့ရအောင် ဆောင်ရွက်ပေးနေတာမျိုးလည်းရှိပါတယ် ။ ဒီနည်းလမ်းက ရန်ကုန်ကို တက်မလာချင်တဲ့ နယ်ကသူတွေအတွက် အဆင်ပြေပါတယ်။

➤Tourist Visa ရပြီးရင် ထိုင်းကို ဘယ်လိုဝင်မလဲ ?
Tourist Visa ရတဲ့အခါမှာ ကိုယ့်ရဲ. Passport စာအုပ်မှာ ထိုင်းသံရုံးက ကပ်ပေးလိုက်တဲ့ Visa Sticker လေး ရလာပါမယ် ၊ အဲ့ဒီမှာ ရက်စွဲပါပါတယ် ၊ Visa Sticker ရဲ. သက်တမ်းက သုံးလရှိပါတယ် ၊ အဲ့ဒီ သုံးလအတွင်းမှာ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ လိုပါမယ် ၊ သုံးလအတွင်း မဝင်ခဲ့ရင်တော့ ရထားတဲ့ Tourist Visa ဟာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

➤Tourist Visa နဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဘာတွေလိုအပ်မလဲ ?

Tourist Visa ရပြီးလို့ ထိုင်းနိုင်ငံကို ဝင်ရောက်မယ်ဆိုရင်တော့ လေကြောင်းနဲ့ ဝင်ရောက်လို့ ရသလို ၊ နယ်စပ်ကနေလည်း ဝင်ရောက်လို့ရပါမယ် ၊ လေကြောင်းနဲ့ ဝင်ရောက်မယ်ဆိုရင်တော့
- Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရမယ်
- လေယာဉ်လက်မှတ် အသွား
- Hotel Booking or အိမ်ဌားစာချုပ် (နေထိုင်မယ့်ရက်အားလုံးအတွက် ပြရန်မလိုပါ ၊ ရက်အနည်းငယ်ပြရုံနှင့်ရပါတယ်)
- အပြန်လေယာဉ်လက်မှတ် (Booking Only နဲ့ ရပါတယ် ၊ ငွေချေထားဖို့ မလိုပါ)
- Show Money THB 20,000 သို့မဟုတ် USD 700 ခန့် (ငွေသား) လိုပါမယ်

➤Tourist Visa နဲ့ ထိုင်းမှာ ဘယ်လောက်ကြာကြာနေလို့ ရလဲ ?

Tourist Visa နဲ့ ထိုင်းနိုင်ငံမှာ ၂ လ နေထိုင်ခွင့်ရှိပါတယ် ၊ ထိုင်းကို စတင်ဝင်ရောက်တဲ့နေ့က စတင်ရေတွက်ပါတယ် ၊ Visa Sticker ကပ်ပေးလိုက်တဲ့ သက်တမ်းကို ကြည့်စရာမလိုပါ ။ တကယ်လို့ ၂ လသက်တမ်းကုန်လို့မှ ဆက်လက်နေထိုင်ချင်သေးရင် နောက်ထပ် ၁ လ သက်တမ်းတိုးပြီးတော့ နေထိုင်လို့ရပါတယ် ။ အားလုံးပေါင်းလိုက်ရင် ၃ လ နေထိုင်လို့ရပါမယ်။

Visa Exemption နဲ့ဖြစ်စေ ၊ Tourist Visa နဲ့ဖြစ်စေ ထိုင်းနိုင်ငံကို ဝင်ရောက်ချိန် လေဆိပ်မှာ ပြဖို့လိုတယ်လို့ ကျွန်တော်ရေးပေးထားတဲ့အချက်တွေက လူတိုင်းကို စစ်မေးလေ့ မရှိတာမို့ အချို့က ငါတို့တော့ အစစ်မခံရပါဘူး ၊ မလိုအပ်ဘူးလို့ ပြောကောင်းပြောနိုင်ပါတယ် ၊ ဒါပေမယ့် အစစ်ခံရပြီး အပြည့်အစုံမပါလို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံရသူတွေလည်း ရှိနေတာ အမှန်ပါပဲ ၊ ဒါကြောင့်မို့ ကိုယ့်ဖက်က လိုအပ်ချက်တွေကို တက်နိုင်သလောက် ပြည့်စုံအောင် ဆောင်ရွက်ပြီးတော့မှ လာရောက်ဖို့ ပြောပါရစေဗျ ။

11/10/2023

Thaiမှာ ရက်ကိုးဆယ်လောက်နေဖို့ Tourist Visa ဘယ်လိုလျှောက်မလဲ?

လူပေါင်းမြောက်များစွာ Adminရေးထားတဲ့အတိုင်း ကိုယ် Visaလျှောက်ပြီး ထိုင်းကိုရောက်လာခဲ့ပြီးပါပြီ။

Tourist Visa လျှောက်ဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

✅ Visa ကြေး $40

✅(3.5 * 3.4cm) အနည်းဆုံးခြောက်လအတွင်းရိုက်ထားတဲ့ passport photoနှစ်ပုံ( background white or blue)

✅ အနည်းဆုံးသက်တမ်းခြောက်လ နဲ့အထက်ကျန်တဲ့ Passport စာအုပ်

✅ Passport စာအုပ်မူရင်း / ရှေ့ဆုံးက လူပုံပါတဲ့စာမျက်နှာမိတ္တူ တစ်ရွက်

✅ အနည်းဆုံးသက်တမ်းသုံးလရှိပြီး 20000baht နဲ့
ညီမျှတဲ့ပမာဏရှိတဲ့ bank statement or bank book

✅ဘဏ်စာအုပ်ကို ဘဏ်ကိုသွားပြီး Update လုပ်ခိုင်းပါ။ ဘဏ်စာအုပ်မူရင်းလိုအပ်ပါတယ်။

✅ Hotel Booking, သို့မဟုတ် ဘန်ကောက်မှာနေမယ့်
လိပ်စာအပြည့်အစုံ။ အသိအိမ်တည်းမယ်ဆိုပါ အသိအိမ်ရဲ့အိမ်စာချုပ်ကို Emailနဲ့ပို့ခိုင်းပြီး Print ထုတ်ပါ။

✅ Visa Application Form

✅ Flight Ticket booking or E Ticket

✅ အိမ်ထောင်စုစာရင်းမူရင်း မိတ္တူ ( လိုအပ်ပါကအဆင်သင့်ဖြစ်အောင်လို့ပါ လာလျောက်တဲ့သူတိုင်းကိုတော့မတောင်းပါဘူး)

✅Tourist visa appointment ယူစရာလိုသေးလား?
Tourist visa ကို အရင်လို appointment ယူစရာမလိုဘဲ သံရုံးတိုက်ရိုက်သွားလျှောက်ရပါတယ်။

✅ဗီဇာလျှောက်လွှာလက်ခံချိန် (မနက် ၉နာရီမှ နေ့လည် ၁၁း၃၀ အထိ)

✅Visa Application Form ကိုဘယ်လိုရယူမလဲ?

Visa Application Form ကို သံရုံးကို Email ပို့ပြီးတောင်းလို့ရသလို သံရုံး website ကနေလည်း down လို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း သံရုံးရှေ့ရောက်မှတောင်းရင်လည်းအဆင်ပြေပါတယ်။

Email - [email protected]

Form မှာဓာတ်ပုံ နှစ်ပုံကိုတွဲပြီးကပ်ရပါတယ်။

Form ကိုအိမ်ကနေတစ်ခါတည်းဖြည့်သွားရင်ပိုပြီးတော့အဆင်ပြေပါတယ်။

✅Visa Application Formဘယ်လိုဖြည့်ရမလဲ?

✅သံရုံးကိုဘယ်လိုသွားရမလဲ?

ပြည်လမ်းရောက်တဲ့ ဘယ်ကားမဆိုတက်စီးသွားလို့ရပါတယ်။
ဟဲလပင်မှတ်တိုင်မှာဆင်းပါ။
မနော်ဟရီလမ်းထဲကိုဝင်သွားပါ။ လူတွေတန်းစီနေတာကိုတွေ့ရပါလိမ့်မယ်။

✅Bank Book ထဲမှာဒီနေ့မှထည့်ထားပြီး နောက်နေ့ bank statement ထုတ်သွားရင်ကောရစ်တတ်လား?
မရစ်ပါဘူး။ လိုအပ်တဲ့ပမာဏအပြည့်ကိုပဲသေချာထည့်သွားပါ

✅စာရွက်စာတမ်းအတုတွေနဲ့လျှောက်လို့ရလား?

ပွဲစားတွေနဲ့လျှောက်တဲ့အခါ airticket အတုတွေ bankstatement အတုတွေနဲ့ visa တင်ပေးကြတာတွေရှိပါတယ်။ သံရုံးကသေချာပြန်စစ်ပါတယ်။ စာရွက်စာတမ်းအတုတွေမှန်းသိရင် တစ်ခါတည်း ပယ်တယ်ဆိုတဲ့ တံဆိပ်တုံးထုပေးလိုက်ပါတယ်။ အဲ့လိုထုပေးလိုက်ရင် ဗီဇာလျှောက်ခွင့် သုံးလထပိတ်ခံရပါတယ်။ စာအုပ်လည်းအသစ်ပြန်လုပ်ရနိုင်ပါတယ်။ ဒါကြောင့် စာရွက်စာတမ်းအစစ်တွေနဲ့သွားပါ။ စာရွက်စာတမ်းအစစ်တွေနဲ့ သွားတဲ့အခါ လျှောက်တဲ့သူတိုင်းကို Visaပေးပါတယ်။

✅Visa ဘယ်လိုလျှောက်ရမလဲ?

လိုအပ်တဲ့စာရွက်စာတမ်းတွေကိုအိမ်ကနေတစ်ခါတည်းစုလာပါ။
သံရုံးရှေ့ရောက်ရင်တန်းစီပါ။
ငါးယောက်တစ်ခါအထဲသွင်းပါတယ်။
အထဲရောက်ရင် စာရွက်စာတမ်းစစ်တဲ့ ကောင်တာမှာ Passport စာအုပ်မူရင်းနဲ့ စာရွက်စာတမ်းတွေအစုံပေးရပါတယ်။
ဘဏ်စာအုပ်ကိုအရင်ကမစစ်ပါဘူး။ အခုစစ်ပါတယ်။ ဘဏ်စာအုပ်ကို ဘဏ်မှာသွားပြီး Updateလုပ်ခိုင်းပါ။ ဘဏ်စာအုပ်မူရင်းကိုယူသွားပါ။

စာရွက်စာတမ်းတွေစုံလို့ သေချာစစ်ပြီးရင် နောက်ကောင်တာတစ်ခုမှာ ဗီဇာကြေးသွင်းရပါတယ်။ $40 ပါ။ Visa ကြေးသွင်းပြီးသွားရင် ။ နောက်ကောင်တာတစ်ခုကနေ နောက်တစ်နေ့ ဗီဇာလာထုတ်ဖို့ အချိန်ရယ် ရက်ရယ်ပါတဲ့ ချလံစာရွက်လေးပေးလိုက်ပါတယ်။

နောက်တစ်နေ့ နေ့လည်တစ်နာရီခွဲကနေ သုံးနာရီအတွင်းသွားထုတ်လို့ရပါတယ်။

✅ဗီဇာရွေးရန်အချိန် - နေ့လည် ၁း၃၀ မှ နေ့လည်၃နာရီအထိ

လျှောက်ထားရန်ကြာချိန် - ၃ရက်ဖြစ်ပါသည်။

✅Visa ရလာပါကသေချာစစ်ပါ။ Passport ID တူမတူ။ နာမည်တူမတူ။ Birth Date တူမတူ။ အားလုံးကိုသေချာစစ်ပြီးမှ ထွက်လာပါ။

မှတ်ချက် - Visaစာမျက်နှာပေါ်ကDateသည် ထိုင်းမှာနေရမည့်ရက်မဟုတ်ပါ။

ထိုင်းသံရုံးက Visaစထုတ်ပေးလိုက်တဲ့ရက်ဖြစ်ပြီး သုံးလအတွင်း ကြိုက်တဲ့ရက် မြန်မာနိုင်ငံကနေထွက်ခွာလို့ရပါပြီလို့ဆိုလိုတာပါ။

Visaသက်တမ်းကိုတော့ ထိုင်းလေဆိပ်ရောက်မှ Immigrationကတုံးထုပေးလိုက်တဲ့ ရက်အတိုင်းရမှာပါ။

ပထမနှစ်လရမှာဖြစ်ပြီး နောက်ထပ်တစ်လကိုတော့ Immigration မှာသက်တမ်းပြန်သွားတိုးရမှာပါ။

Email - [email protected]
Vis information: www.thaiembassy.org/yangon/en/services
Website- www.thaiembassy.org/yangon

❌စာများအားတစ်ဆင့်ကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။❌





အမှန်တကယ်လိုအပ်သူတွေအတွက် အရေးကြီးသော🫶
10/10/2023

အမှန်တကယ်လိုအပ်သူတွေအတွက် အရေးကြီးသော🫶

ထိုင်းရောက်လာပြီး ရထားမစီးတက်သူတွေ အတွက်ဆောင်ထားသင့်တဲ့ App

ဒီ App နဲ့သာဆိုရင် မစီးတက်စရာအကြောင်း မရှိတော့ပါဘူး။ကိုယ်စီးချင်တဲ့ လမ်းကြောင်းအကုန်ပါတာကြောင့်ပါ။

ဒီappက တကယ်အဆင်ပြေတယ် ကိုယ်စီးမယ့် ရထား ဘယ်ထိရောက်လဲဘယ်ချိန်လာလဲ ဆိုတာသူပြတယ်။

MRT,BTS ကိုယ်သွားချင်တဲ့နေရာကနေ သွားမယ့်နေရာကို ထောက်လိုက်တာနဲ့ အကုန်ပြပေးပါလိမ့်မယ်။

ဆော့ဝဲလ်ဒေါင်းရန် - https://bit.ly/3JWgshp

Post တင်သူ Jame Smith

🍀အေးချမ်းလိုက်တာ🍀
05/10/2023

🍀အေးချမ်းလိုက်တာ🍀

05/10/2023
05/10/2023
စျေးအတန်ဆုံး  #ပြည်တွင်း  #ပြည်ပ  #လေယာဉ်လက်မှတ် တွေ 𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐬 မှာရပြီနော်။ အကောင်းဆုံးဝန်ဆောင်မှုနှင့် အသက်သာ...
05/10/2023

စျေးအတန်ဆုံး #ပြည်တွင်း #ပြည်ပ #လေယာဉ်လက်မှတ် တွေ 𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐬 မှာရပြီနော်။ အကောင်းဆုံးဝန်ဆောင်မှုနှင့် အသက်သာဆုံးစျေးနှုန်းက 𝐌𝐘𝐓𝐇 မှာပဲရမယ်နော် 😎

ကြိုဝယ်လေ ပိုတန်လေ #စျေးအသက်သာဆုံး #ပြည်တွင်း #ပြည်ပလေယာဉ်ခရီးစဥ်များ နှင့် ဈေးနှုန်းများ ✈️

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐢𝐠𝐡𝐭 ပြည်ပ လေယာဉ်ဈေးနှုန်းများ
•••••••••••••••••••••••••••••••••••••••••••••••••
Yangon ✅ Bangkok 61 USD
Yangon ✅ Don Mueang 54 USD
Yangon ✅ Phuket 107 USD
Yangon ✅ Chiang Mai 105 USD
Yangon ✅ Chiang Rai 85 USD
Yangon ✅ Kuala Lumpur 111 USD
Yangon ✅Macao 157 USD
Yangon ✅Tokyo 330 USD
Yangon ✅Brunei 177 USD
Yangon ✅ Deli 171 USD
Yangon ✅ Singapore 141 USD
Yangon ✅ Ho Chi Minh 125 USD
Yangon ✅ Hanoi 124 USD
Yangon ✅ Kolkata 110 USD
Yangon ✅ Bali 185 USD
Yangon ✅ Manila 165 USD
Yangon ✅ Incheon 274 USD
Yangon ✅ Phnom Penh 129 USD
Yangon ✅ Chennai 240 USD
Yangon ✅ Guangzhou 199 USD
Yangon ✅Xiamen 143 USD
Yangon ✅ Narita 470 USD
Yangon ✅ Dubai 419 USD
Yangon ✅ Doha 649 USD
Yangon ✅ Colombo 360 USD
Yangon ✅ Kathmandu 362 USD
Yangon ✅ Sydney 630 USD
Yangon ✅ Melbourne 623 USD
Yangon ✅ Perth 682 USD
Yangon ✅Brisbane 699 USD
Yangon ✅New Zealand 981 USD
Yangon ✅Istanbul 931 USD
Yangon ✅Rome 547 USD
Yangon ✅Milan 556 USD
Yangon ✅Paris 682 USD
Yangon ✅Zurich 565 USD
Yangon ✅Frankfurt 521 USD
Yangon ✅Berlin 572 USD
Yangon ✅Munich 545 USD
Yangon ✅Amsterdam 582 USD
Yangon ✅ Warsaw 785 USD
Yangon ✅ Oslo 677 USD
Yangon ✅ Sweden 637 USD
Yangon ✅ London 570 USD
Yangon ✅ Manchester 741 USD
Yangon ✅ Toronto 1161 USD
Yangon ✅ Vancouver 1034 USD
Yangon ✅ Los Angeles 663 USD
Yangon ✅ San Francisco 647 USD
Yangon ✅ New York 750 USD
Yangon ✅ CMN(Morocco) 745 USD
Yangon ✅ Copenhagen 640 USD

✅အနည်းဆုံးဈေးနှုန်းကို ဖော်ပြပေးထားသည့်အတွက် သွားမည့်ရက်ပေါ် မူတည်ပြီး ဈေးအနည်းငယ်ပြောင်းလဲနိုင်ပါသည်။

#ပြည်တွင်းလေယာဉ်လက်မှတ် #ပြည်ပလေယာဉ်လက်မှတ် #စျေးအသက်သာဆုံး


ဆက်သွယ်ရန်📲

𝐌𝐲𝐭𝐡 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫𝐬
☎️𝟎𝟗 𝟒𝟎𝟔𝟕𝟔𝟗𝟏𝟓𝟓
☎️𝟎𝟗 𝟕𝟖𝟒𝟎𝟓𝟐𝟎𝟎𝟓

02/10/2023

လေယာဥ်လက်မှတ်​စျေးသက်သာ​အောင်ဖြတ်နည်း✈️

​လေယာဥ်လက်မှတ်ကို ​စျေးသက်သာဖို့ အချက် (၅) ချက်​ပေါ်မူတည်ပြီးဖြတ်ပါ😍

(1) လေ​ကြောင်းလိုင်းတွေမှာ Low Cost Airlines နဲ့ Sevice Airlines ဆိုပြီး ၂ မျိုးရှိကြပါတယ် Low Cost Airlines ​တွေက ​လေ​ယာဥ်​ပေါ်မှာ ဘာမှမ​ကျွေးဘူး စားချင်ဝယ်စားရတယ် ( ဥပမာ - Air Asia / Nok Air ........)
Service Airlines ​တွေက​တော့​လေယာဥ်ပေါ်မှာ အစားအ​သောက်​တွေ​ကျွေးပါတယ် (ဥပမာ - MNA / MAI / Emirate / Qatar.......)
Low Cost ​လေ​ကြောင်းလိုင်း​ တွေက Service ​လေ​ကြောင်းလိုင်း​တွေထက် ၃ ပုံပုံ ၁ ပုံ ဒါမှ မဟုတ် ထက်ဝက် နီးပါး​စျေးသက်သာကြပါတယ် 🍀 အဲ့​တော့​စျေးသက်သာချင်ရင် Low Cost ​လေ​ကြောင်းလိုင်း​တွေကို​ရွေးစီးပါ✈️

(2) ​လေယာဥ်လက်မှတ်ကို ကြိုဖြတ်ပါ သွားမည့်ရက်ရဲ့ ၁ ရက် ၂ရက်​လောက်အလိုမှဖြတ်ရင် ​စျေးအမြင့်ဆုံးဖြစ်ပါလိမ့်မယ် တခါတ​လေ လက်မှတ်​တောင်ရမှာမဟုတ်ပါဘူးဗျ ၂ပတ်​ကျော် ၃ ​ပတ်​ကျော် ​လောက် ကြိုဖြတ်မယ်ဆို ​စျေးသက်သာပါတယ် 🍀 အဲ့​တော့ ​စျေးသက်သာချင်ရင် ကြိုဖြတ်ပါ✈️

(3) ခရီးသွားရာသီ ​ရှောင်သွားပါ / ခရီးသွားများတဲ့ရက် ​ရှောင်ပါ ခရီးသွားများတဲ့ ရက်​တွေဆို ​စျေးကြီးတက်ပါတယ် 🍀 အဲ့​တော့ ခရီးသွားနည်းတဲ့လ ခရီးသွားနည်းတဲ့ ရက်​တွေကို ​ရွေးသွားပါ✈️

(4) စီးလို့ရမည့် class ​ရွေးချယ်ဝယ်ပါ
​​လေယာဥ်မှာ Economy class / Bussiness class / First class ဆိုပြီးရှိပါတယ် Economy က ရိုးရိုးတန်းဖြစ်တဲ့အတွက် ​စျေးအသက်သာဆုံးဖြစ်ပါတယ် 🍀 အဲ့​တော့​စျေးသက်သာချင်ရင် Economy class ကပဲစီးပါ✈️

(5) ​လေယာဥ်​ပေါ်မှာ မူတည်ပြီး ​စျေးကွာတက်ပါတယ် ပြည်တွင်းခရီးစဥ်ဆိုသိသာပါတယ်
ATR ​လေယာဥ်အ​သေးနဲ့ဆို ​လေယာဥ်လက်မှတ် ​စျေးအနည်းငယ်သက်သာတက်ပါတယ်
Boeing ​ / Airbus / E-jet လေယာဥ်အကြီး​တွေဆို ​စျေးအနည်းငယ် မြင့်တက်ပါတယ် 🍀အဲ့​တော့ ​စျေးသက်သာချင်ရင် ​လေယာဥ်အ​သေးစီးပါ✈️

​ပျော်ရွှင်စွာ ခရီး​တွေသွားနိုင်ကြပါ​စေ။



🤑🤑🤑
29/09/2023

🤑🤑🤑

💰အကြွေးကျေစေတယ်၊ အကြွေးပြန်ရစေတယ်💰
ယုံကြည်သူများ မျှဝေပါ ၊ဒီ Star maker လို့ခေါ်တဲ့ပုံဟာ ငွေကြေးအခတ်အခဲပြေပြီးငွေကိုရေလို သုံးနိုင်စေမယ့် နည်းကို လမ်းပြပေးပါတယ်၊

Don’t ignore it :You will be rich ✨ချမ်းသာစေမည်✨

🫶ဗဟုသုတပေါ့နော့💯
28/09/2023

🫶ဗဟုသုတပေါ့နော့💯

လေယာဉ်တွေကိုဆေးသုတ်တဲ့အခါ အဖြူရောင်လို အရောင်ဖျော့ဖျော့ကိုသုံးကြတာများတယ်။ အရောင်ရင့်ရင့်ကို သုံးတဲ့အခါ လေယာဉ်ဟာ ဆေးကြောင့် ပိုပြီး အလေးချိန်တက်လာတယ်။ အနက်ရောင်သုတ်ထားတဲ့လေယာဉ်ဟာ လူ ၈ ယောက်တင်ထားရတာ နဲ့ ညီတယ်တဲ့။ ဒီတော့ ဆီပိုစားလာတယ်။ ဆီစားသက်သာဖို့အရောင်ဖျော့တာသုံးကြတယ်။ ဒါဆို ဆေးမသုတ်ပဲထားပါ့လားမေးစရာရှိတယ်။ ဆေးမသုတ်ထားရင် သန့်ရှင်းရေးစားရိတ်ပိုကုန်လို့တဲ့။

အမေရိကန်နိုင်ငံ United airline ဟာ လေယာဉ်ပေါ်မှာဝေတဲ့ မဂ္ဂဇင်း စာအုပ်တွေကို တအောင်စလောက် ပိုပေါ့တဲ့ အဂ္ဂဇင်း နဲ့ အစားထိုးတဲ့အခါ တနှစ်အတွင်း သူတို့လေယာဉ်တွေရဲ့ ဆီစားနှုံး ဒေါ်လာ ၂၉၀၀၀၀ ကျော်သက်သာသွားတယ်ဆိုပဲ၊ American Airlines ဟာ လေယာဉ်စီးခရီးသည်ကိုကျွေးတဲ့ အစားအသောက်ထဲက သံလွင်သီးတလုံးကို လျော့ပစ်လိုက်တာ ဘယ်သူမှ မသိလိုက်ပေမယ့် တနှစ်အတွင်း လေကြောင်းလိုင်းဟာ ဆီဖိုး ဒေါ်လာ လေးသောင်း သက်သာသွားတယ်ဆိုပဲ။ ဂျပန်က ANA လေကြောင်းလိုင်းဟာ လူတွေကို လေယာဉ်ပေါ်မတက်ခင် အိမ်သာသွားထားဖို့ တိုက်တွန်းတယ်။ Boeing 767 လေယာဉ်ပေါ်မှာ ခရီးသည်အပြည့် နဲ့ ပျံရင် ရှုရှုး ပေါင် ၂၄၀ လောက် ပိုသယ်လာတယ်တဲ့။ တကယ်လို့မြေပြင်မှာပဲ ရှုရှုးပေါက်ခဲ့ကြရင် တနှစ်ကို ဆီ အလေးချိန် ၅ တန် လောက်သက်သာသွားတယ်ဆိုတယ်။

စီးပွါးရေးမှာ အသေးစိတ်လိုက်ပြီး cost ဖြတ်ချဖို့စဉ်းစားကြပုံပြောပါတယ်။

Crd

🤩🤩🤩
27/09/2023

🤩🤩🤩

✈️လေယာဉ်လက်မှတ် 🎫 များကို ယုံကြည်စိတ်ချစွာ ဝယ်ယူတဲ့ customer အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🙏🫶𝐓𝐫𝐚𝐯𝐞𝐥 𝐰𝐢𝐭𝐡 𝐭𝐫𝐮𝐬𝐭☑️...
27/09/2023

✈️လေယာဉ်လက်မှတ် 🎫 များကို ယုံကြည်စိတ်ချစွာ ဝယ်ယူတဲ့ customer အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🙏

🫶𝐓𝐫𝐚𝐯𝐞𝐥 𝐰𝐢𝐭𝐡 𝐭𝐫𝐮𝐬𝐭
☑️𝐓𝐫𝐚𝐯𝐞𝐥 𝐰𝐢𝐭𝐡 𝐮𝐬
✈️𝐓𝐚𝐤𝐞 𝐚 𝐭𝐫𝐢𝐩, 𝐦𝐚𝐤𝐞 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬📝

🫶ဘယ်သွားချင်တာလဲ ပြော😍
26/09/2023

🫶ဘယ်သွားချင်တာလဲ ပြော😍

ခရီးတခုသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကို အရင်မေးပါ။ တောင်ပေါ်လား ပုဂံလား ပင်လယ်ကမ်းခြေကို သွာခြင်တာလား ???

တောင်ပေါ်မှာမှ လည်စရာများတဲ့ ဒေသလား ??? သဘာ၀အတိုင်းလှတဲ့ဒေသလား ??? ကွဲပါ​သေးတယ်။

လူ့တွေရဲ့ 80%က ကိုယ်ဘာကြိုက်မှန်း ကိုယ်တိုင်မသိကြပါဘူး social media ခေတ်ထဲမှာ FBကိုကြည့်ပြီး သူများသွားလို့ သွားချင်တာက % ပိုများပါတယ်။

ပင်လယ်စာ ကြိုက်တတ်တဲ့သူက ​တောင်တန်း​တွေဘက် မလာသင့်သလို ​​ဒေသစာ စားခြင်တဲ့သူ​တွေကလဲ ပင်လယ်ဘက်ကို မသွားသင့်ပါဘူး။

ပုဂံမှာ ချည်ထည်ဝတ်ပြီး Sunset ကြည့်ရတဲ့ Feeling နဲ့ ကမ်း​ခြေမှာ ဘစ်ကနီနဲ့ Sunset ကြည်တဲ့ Feeling ခြင်း မတူပါဘူး အ​​နွေးထည်အထူကြီး ဝတ်ပြီး မြူ​တွေဆိုင်း​နေတဲ့ ​တောင်တန်းကို ​ငေးကြည့်ရတဲ့ ခံစားမှုမျိုးကို ပုဂံနဲ့ ကမ်း​ခြေမှာ မရနိုင်တာကို သိထားရပါမယ်။

ပုဂံက​နေ ပြန်လာလို့ အိမ်မ​ရောက်​သေးဘူး သူများတွေကမ်း​ခြေမှာ ဘစ်ကနီနဲ့ လန်း​နေတဲ့ ပုံ​တွေမြင်မှ ငါ Beach ကို သွားခဲ့ရမှာဆိုတဲ့ အ​တွေးမျိုး ရတဲ့ ကိစ္စဟာ သူများ​ယောင်လို့ လိုက်​ယောင်မိတဲ့ အကျိုးဆက်ပဲဖြစ်ပါတယ်။

ပြန်ချုပ်ရရင် သူများ​ယောင်တိုင်း လိုက်​ယောင်ပြီး ခရီး​တွေသွားမယ် ဆိုရင် သွားသမျှ ခရီးတိုင်းက အလကား ဖြစ်​နေမှာပါ။

#သွားမယ်&တည်းမယ်

💯Be aware👇
26/09/2023

💯Be aware👇

မြန်မာအမျိုးသားလေကြောင်း (MNA) နှင့် စီးနင်းလိုက်ပါမည့်ခရီးသည်များအနေဖြင့် မိမိတို့၏တန်ဖိုးကြီးပစ္စည်း များကို Check Baggage ထဲတွင် သယ်ဆောင်ခြင်းမပြုဘဲ (7) KG ရရှိသော Hand Carry ထဲတွင်ထည့်ပြီး မိမိနှင့် တစ်ပါတည်းယူဆောင်သွားရန် အသိပေးပါရစေရှင်။

[English]

We would like to remind you not to pack any fragile articles, perishable items, or valuable and important personal effects into your checked baggage

ဓာတ်သွားဖမ်းကြရအောင် အသဲတို့ရေ❤️👇လက်မှတ်လေးကို မင်မင်တို့ဆီကဝယ်နော်
24/09/2023

ဓာတ်သွားဖမ်းကြရအောင် အသဲတို့ရေ❤️
👇လက်မှတ်လေးကို မင်မင်တို့ဆီကဝယ်နော်

💛အသစ် စတင်ခြင်းက အဝါရောင်တဲ့လား💛
22/09/2023

💛အသစ် စတင်ခြင်းက အဝါရောင်တဲ့လား💛

🐉 သိုက်ဆက်ရှိသူများ အတွက် 🐉
22/09/2023

🐉 သိုက်ဆက်ရှိသူများ အတွက် 🐉

Address

Bl-24L, 4th Floor, No(18), Thuzitar Street, Hlaing Myint Hmo Apartment, Hlaing Township
Yangon

Telephone

+959426769155

Website

Alerts

Be the first to know and let us send you an email when Myth Traveller Travel & Tours Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myth Traveller Travel & Tours Company Limited:

Videos

Share

Category


Other Travel Companies in Yangon

Show All