Sweet Memory Travel Co.Ltd / Outbound

Sweet Memory Travel Co.Ltd / Outbound ချို မြိန်အမှတ်ရဖွယ်ခရီးစဉ်ရယူဖို့ Sweet Memory Travel ကိုရွေးချယ်စို့
(9)

Sweet Memory Travel co.Ltd သည်2006ခုနှစ်မှစတင်ကာပြည်တွင်းခရီးသွားလုပ်ငန်းအဖြစ်ရပ်တည်လာခဲ့ရာဆယ်စုနှစ်နီးပါးအတွေ့အကြုံများဖြင့်ဖြတ်ကျော်ခဲ့ပြီးဆက်လက်ရပ်တည်နေသောCompanyကြီးတစ်ခုဖြစ်သည်။ ရှေ့ဆက်လျှောက်လှမ်းမည့်လမ်းသစ်အနေဖြင့်ပြည်ပခရီးသွားလုပ်ငန်းကို2016ခုနှစ်မှစတင်ကာပြည်ပမှယုံကြည်စိတ်ချရသောအတွေ့အကြုံရှိcompanyကြီးများနဲ့ဆက်သွယ်ကာအကောင်းဆုံးသော်ဝန်ဆောင်မှုနှင့်ဆက်ရွက်ပေးလျက်ရှိပါသည်။

ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်ကျင်းပရာချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🙏🙏
22/05/2024

ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်ကျင်းပရာချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🙏🙏

Happy Myanmar New Year 🙏🙏🙏Wishing you a happy and healthy new year & May all your dreams come true …. 😇
17/04/2024

Happy Myanmar New Year 🙏🙏🙏

Wishing you a happy and healthy new year &
May all your dreams come true …. 😇

လမြတ်ဝါဆိုတွင်ကျရောက်တဲ့ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကပ်ရောဂါအပေါင်းမှကင်းဝ...
12/07/2022

လမြတ်ဝါဆိုတွင်ကျရောက်တဲ့ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကပ်ရောဂါအပေါင်းမှကင်းဝေးကာ ချမ်းမြေ့သာယာကြပါစေကြောင်း Sweet Memory Travel မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🙏🙏🙏


ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ 🙏
14/05/2022

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ 🙏

နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း Sweet Mem...
13/04/2022

နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း Sweet Memory Travel မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Travel Information to Myanmar 🇲🇲
08/04/2022

Travel Information to Myanmar 🇲🇲

တပေါင်းလပြည့်နေ့ အခါသမယတွင် ၇ ရက်သားသမီးအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတော...
16/03/2022

တပေါင်းလပြည့်နေ့ အခါသမယတွင် ၇ ရက်သားသမီးအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏

May this new year be filled with happiness, prosperity, and many precious moments with your loved ones. Happy Chinese Ne...
01/02/2022

May this new year be filled with happiness, prosperity, and many precious moments with your loved ones. Happy Chinese New Year 2022! 💖🌟

🌻Benefits of Travelling 🌻1. Travel Makes You Happier. ...🏕️3. Travel Lets You Disconnect & Recharge. ...🤩5. Traveling Re...
12/01/2022

🌻Benefits of Travelling 🌻

1. Travel Makes You Happier. ...🏕️
3. Travel Lets You Disconnect & Recharge. ...🤩
5. Traveling Relieves Stress and Anxiety. ...🥳
6. Travel Exposes You to New Things. ...🥸
8. Travel Makes You Physically Healthier. ...💪
9. Traveling Can Boost Your Creativity🧚
Here are some benefits of travelling🥰
If you wanna plan a mermorable trip, do not hesitate to come and join with us.

Wishing you health, wealth, and happiness in the New Year ahead.🙏🙏🙏
31/12/2021

Wishing you health, wealth, and happiness in the New Year ahead.🙏🙏🙏

Let's get fresh your body and soul❄️🌊
30/12/2021

Let's get fresh your body and soul❄️🌊

We Wish You & Your Family A MERRY CHRISTMAS AND A HAPPY NEW YEAR 🥳🎄💥
24/12/2021

We Wish You & Your Family
A MERRY CHRISTMAS AND A HAPPY NEW YEAR 🥳🎄💥



အေးချမ်းတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု.တိမ်တိုက်တွေရွေ့လျားနေတဲ့ကြားမှာ စိမ်းမြတဲ့တောင်တန်းတွေနဲ့ အေးချမ်းလှတဲ့ နိဗ္ဗာန်ဘုံလေးအ...
30/11/2021

အေးချမ်းတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု.

တိမ်တိုက်တွေရွေ့လျားနေတဲ့ကြားမှာ စိမ်းမြတဲ့တောင်တန်းတွေနဲ့ အေးချမ်းလှတဲ့ နိဗ္ဗာန်ဘုံလေးအလား ထင်မှားလောက်တဲ့ ဇွဲကပင်တောင်ကြီးရှိရာ ဘားအံဒေသ ဆီသို့......

ဘားအံဒေသဆိုတာ ခုတလော ခရီးသွားချစ်သူတွေကြားထဲမှာ ရေပန်းစားနေတဲ့ နေရာလေးတစ်ခုပါပဲ

SMT မှ ဧည့်သည်တော်တို့ ဒုံယိမ်းတို့ဌာနေ ဘားအံဒေသဆီကိုသွားရင် ဘယ်နေရာတွေလည်ကြမယ် ဘယ်မှာတည်းကြမယ် ဘာတွေလုပ်လို့ရမယ် စတဲ့ information လေးတွေ share ပေးချင်ပါတယ်ရှင်

ဘားအံသွားရင် ဘယ်နေရာတွေလည်ကြမလဲ????

🏔️ငြိမ့်ညောင်းစွာ ဖြာကျနေတဲ့ တိမ်တံခွန်အထပ်ထပ်နဲ့ ခမ်းနားလှတဲ့ ဇွဲကပင်တောင်ကြီး

🏔️ဘုရင်ညီနောင်နှစ်ပါးတို့ ဘုရားတည်ထားခဲ့ရာ ဘုရင့်ညီဂူ

🏔️ဆဒ္ဒန်ဆင်မင်း ပျော်စံခဲ့ရာ လွမ်းမောဖွယ် ဆဒ္ဒန်ဂူ

🏔️ရှေးဟောင်းဘုရားများတည်ရှိရာ ကော့ဂွန်းဂူ

🏔️ကြည်လင်အေးမြလှတဲ့ လွန်းညရေပြာကန်

🏔️ ပြာလဲ့တဲ့ ရေပြင်နဲ့ စွဲဆောင်နေတဲ့ နောင်ခရိုင်ရေဂူ

🏔️ ပုန်းကွယ်နေတဲ့အလှတရားများနဲ့ ထွန့်ပတိုင်ရေကန်

🏔️ ဘားအံဒေသတဲ့ အရင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်ကလပ်

🏔️သာယာလှပ လှတဲ့ ရွှေယဉ်မျှော် ပြည်တော်အေးစေတီ

🏔️ နတ်ပြည်အလား ထင်မှတ်မှားရမဲ့ တောင်ဝိုင်းတောင်

🏔️ခမ်းနားတဲ့ viewpoint ကို ခံစားနိုင်မဲ့ ရသေ့ပျံဂူ

🏔️စိမ်းစိုနေသော စံပါးခင်းများကြားမှ ကော့ခမိတ်တံတား

🏔️သာယာလှပတဲ့ ကန်ရေပြင်မှာ တည်ရှိနေတဲ့ ကန်သာယာတံတား

🏔️တိမ်ပင်လယ်ကိုခံစားနိုင်မဲ့ ကြာအင်းတောင်

🏔️ထုံးစေတီဖြူဖြူလေးများတည်ရှိရာ အထင်ကရ ကျိုက်ကဝိကျေးရွာ စတဲ့ သဘာဝအလှတရားများနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတွေများစွာကို ဘားအံမှာသွားရောက်လည်ပတ်နိုင်ပါတယ်

ဘားအံမှာ ဘယ်လို activityတွေလုပ်ကြမလဲ?

🧎‍♀️သမိုင်းဝင်စေတီတွေ ဆန်းပြားတဲ့ဂူဘုရားတွေသွားဖူးကြမယ် ဘုရားသမိုင်းတွေလေ့လာကြမယ်

🚣‍♀️ ပြာလဲ့နေတဲ့ရေဂူတွေ, ရေကန်တွေမှာ ရေကူးကြမယ် Kayaking လုပ်ကြမယ်

🚴‍♂️ကရင်ဒေသရွာတန်းလေးတွေတလျောက်စက်ဘီးစီးကြမယ် လမ်းလျောက်ကြမယ်

🧗‍♀️ တိမ်တွေကာရံထားတဲ့တောင်တန်းတွေပေါ် trekking လုပ်ကြမယ်

🥙ဘားအံညဈေး၊ မော်လမြိုင်ဈေးတန်းတွေမှာ ပျော်ပျော်ပါးပါး ဒေသမုန့်မျိုးစုံလျောက်စားကြမယ်

ဒီလို စိတ်ကြိုက်အပန်းဖြေပျော်ပါးပြီးရင်တော့ နားခိုဖို့အတွက်လိုလာပြီဟုတ်

ဒါဆိုရင်ဘားအံရောက်ရင် ဘယ်မှာတည်းမလဲ? 🧐

အိမ်မက်ဆန်တဲ့ သဘာဝအလှကိုအခြေခံထားပြီး design လုပ်ထားတဲ့ Hotel လေးတွေဘားအံမှာ များစွာရှိပါတယ်

5🌟🌟🌟🌟🌟

🏨 Zwekapin Valley Resort & Spa

🏨 Keinnera Hpa - An

🏨 Hpa - An Lodge

🏨 Thiri Hpa-An Hotel

4🌟🌟🌟🌟

🏨 Golden Palace Hotel

🏨Taw Win Yadana Hotel

🏨Hotel Gabana

3🌟🌟🌟

🏨Little Hpa-An Hostel

🏨Galaxy Motel Hpa-An

🏨Hpa - An Boutique Inn

စတဲ့ ကိုယ့်ရဲ့ budget အလိုက် ရွေးချယ်နိုင်ပါတယ်

ကဲ ခုဆိုရင် စိတ်ကူးလေးနဲ့ ဘားအံတစ်ခေါက်ရောက်ပြီးကြပြီဟုတ်......🙉🙉

စာနဲ့တင်မဟုတ်ပဲ အောက်ကပုံလေးတွေမှာ ဘားအံရဲ့ သဘာဝအလှတွေကို စီးမြောခံစားကြည့်ကြရအောင်နော်

တကယ်ကို သဘာဝအလှတွေနဲ့ လှပလွန်းတဲ့ဒေသဖြစ်တာကြောင့် ဘားအံဒေသကိုတစ်ခေါက်လောက်တော့ အရောက်သွားဖို့တိုက်တွန်းချင်ပါတယ်ရှင်💞

တခြား travel tips လေးတွေကိုလဲ အပတ်စဉ်တင်ပေးမှာဖြစ်လို့ page လေးကို Like & Share လုပ်ပေးထားကြအုံးနော်

သာမညဖလအခါတော်နေ့  တန်ဆောင်မုန်းလပြည့်နေ့မှာ လိုအင်ဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံနိုင်ကြပါစေ🙏🙏
18/11/2021

သာမညဖလအခါတော်နေ့
တန်ဆောင်မုန်းလပြည့်နေ့မှာ လိုအင်ဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံနိုင်ကြပါစေ🙏🙏

ပွင့်လင်းရာသီရောက်ပြီဆိုတော့ ခရီးလဲသွားချင်တယ် ရောဂါတွေဘာတွေလဲကြောက်တယ်ဆိုတဲ့သူတွေအတွက် Private ကျွန်းလေးမှာ အနားယူဖို့ ...
09/11/2021

ပွင့်လင်းရာသီရောက်ပြီဆိုတော့ ခရီးလဲသွားချင်တယ် ရောဂါတွေဘာတွေလဲကြောက်တယ်ဆိုတဲ့သူတွေအတွက် Private ကျွန်းလေးမှာ အနားယူဖို့ အခွင့်အရေးလေးရောက်ရှိလာပါပြီ🤩🤩🤩🤩

ဇိမ်ကျကျနဲ့အေးဆေးလေး chill ချင်တယ်, မိသားစုနဲ့ လုံလုံခြုံခြုံအနားယူချင်တယ်, သဘာဝအလှအပတွေ ရေပေါ်ရေအောက်ရှုခင်းတွေခံစားချင်တယ်, ချစ်စရာငါးလေးတွေနဲ့တူတူရေကူးချင်တယ်ဆိုရင်တော့ သာယာလှပတဲ့ ညောင်ဦးဖိီးကျွန်းလေးက အသင့်တော်ဆုံးဖြစ်မှာပါပဲ⭐⭐⭐

ဒီအချိန် ညောင်ဦးဖီးကျွန်းသွားမယ်ဆိုရင်
♦️ရာသီဥတုသာယာပြီး ဆားနံ့သင်းတဲ့လေလေးနဲ့ လတ်ဆတ်တဲ့သဘာဝအလှအပတွေကို တဝကြီးခံစားရမယ်🌊🌊
♦️private ကျွန်းလေးဖြစ်တာမို့ခရီးသွားမများတဲ့အတွက် ရောဂါကိုလဲစိတ်ပူစရာမလိုဘူး💦
♦️မိသားစု သူငယ်ချင်းတွေနဲ့အတူ ရေပြာပြာလှိုင်းလုံးတွေကြားဆော့ကြမယ်,ဓာတ်ပုံရိုက်ကြမယ်🏊🏄‍♂️
♦️snorkelling လုပ်ရင်း သန္တာကျောက်တန်းတွေနဲ့ ရှားပါးငါးလေးတွေကိုတဝကြီးကြည့်ခွင့်ရမယ်🐟🐠🐬
♦️ကျွမ်းကျင်တဲ့ guide ပါမှာဆိုတော့ ​မမျှော်လင့်တဲ့အန္တရာယ်တွေအတွက်လဲစိတ်ပူစရာမလိုဘူး🧍‍♂️
♦️ပြာလဲ့တဲ့ရေကန်မှာcocktail လေးသောက်ရေကူးရင်းပင်လယ်ကြီးရဲ့ sunset ကို ခံစားကြမယ် 🏖️
♦️ရောက်တုန်းရောက်ခိုက် Seafood တွေတဝကြီးစားကြမယ်🦞🦐🦑

စိတ်ကူးလေးနဲ့တောင်ခုပဲရောက်သွားချင်နေပြီဟုတ်??😅😅

ချစ်မိတ်ဆွေတို့စိတ်ကူးနဲ့ လက်တွေ့ကျစေဖို့ Sweet Memory မှာ ရန်ကုန် - ကော့သောင်း - ညောင်ဦးဖီး အမိုက်စားpackage လေးတွေ အသင့်ရှိနေပါပြီ🤗

3D2N - start from 300 USD per pax
4D3N - start from 415 USD per pax
5D4N - start from 515 USD per pax

စသဖြင့် ကြိုက်ရာ ကိုယ့်အားလပ်ရက်နဲ့ကိုက်ပြီးရွေးချယ်လို့ရပါတယ်နော်🌻🌻

မနက်စာ,နေ့လည်စာ,ညစာ,ဟိုတယ်ခ, airport transfer, snorkelling ခ, guide ခ ပါပြီးသား package လေးတွေပါနော်💦🤗🌻

Air Ticket လေးတော့မပါသေးတာမို့
Air Ticket အနေနဲ့က ✈️
လက်ရှိ ရန်ကုန် - ကော့သောင်းကို MNA, Air KBZ flight များပြေးဆွဲလျက်ရှိပြီး
Yangon - Kawthaung (MNA Flight) - အသွားအပြန် 200000 mmk ဝန်းကျင်ကစ

Yangon - Kawthaung (Air KBZ Flight) -
အသွားအပြန် $ 100 ဝန်းကျင်ကစရှိပါတယ်

မန္တလေးကနေသွားချင်တဲ့ချစ်မိတ်ဆွေများအတွက်ကတော့ ကော့သောင်းကို တိုက်ရိုက်လေယာဉ်မရှိတာကြောင့်

Mandalay - Yangon (MNA Flight ) - တစ်ကြောင်း 55000 ဝန်းကျင် ထပ်မံပေါင်းထည့်ပေးရပါမယ်ရှင့်

ရက်အလိုက်ဈေးနှုန်းအပြောင်းအလဲရှိတာမို့
ချစ်မိတ်ဆွေတို့ booking တင်မဲ့ရက်အတိအကျသိရတာနဲ့ အသေးစိတ်ဆွေးနွေးပေးပါမယ်ရှင်🤩

အသေးစိတ်စုံစမ်းမေးမြန်းနိုင်ဖို့ chatbox ကဖြစ်စေ, 09790485111 ကဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်💕🌈

အခြားခရီးစဉ်များလဲ စီစဉ်ပေးတာမို့
လူကြီးမင်းတို့ရဲ့အားလပ်ရက်တွေကို စိတ်တိုင်းကျပုံဖော်နိုင်ဖို့ ခုပဲ Sweet Memory ကိုဆက်သွယ်လိုက်တော့နော်🥰🥰


Travel Information To Myanmar 🇲🇲Photo Credit to MOHS
05/11/2021

Travel Information To Myanmar 🇲🇲

Photo Credit to MOHS

Happy Diwali Festival of Lights😇😇
04/11/2021

Happy Diwali Festival of Lights😇😇

ဒီနေ့မှာတော့ Sweet Memory Travel ကနေ တစ်ကိုယ်တည်းခရီးထွက်ချင်တဲ့သူတွေအတွက် သိထားသင့်တဲ့လိုအပ်မဲ့ အချက်လေးတွေ ပြောပြပေးသွ...
28/10/2021

ဒီနေ့မှာတော့ Sweet Memory Travel ကနေ တစ်ကိုယ်တည်းခရီးထွက်ချင်တဲ့သူတွေအတွက် သိထားသင့်တဲ့လိုအပ်မဲ့ အချက်လေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်🌻🌻🌻

🏝️ ခရီးမထွက်ခင်ကိုယ်သွားမဲ့နေရာဒေသအကြောင်းကိုကြိုလေ့လာထားပါ

အရင်ဦးဆုံး ကိုယ်သွားမဲ့နေရာဒေသက ကိုယ့်အတွက်လုံခြုံမှုရှိမရှိကိုအရင်ဆုံးဆန်းစစ်သင့်ပါတယ်။ လုံခြုံမှုရှိတယ်သွားလို့လဲအဆင်ပြေတယ်ဆိုရင်ဒုတိယလုပ်ရမှာက transportation နဲ့ပတ်သတ်ပြီးလေ့လာထားသင့်ပါတယ်။ ဥပမာ-ကိုယ်သွားချင်တဲ့နေရာက်ို ဘယ်ဂူတာကနေ ဘယ်ရထားစီးရမယ်ဆိုတာမျိုးကိုကြိုတင်သိထားရမယ်နော်🍂

🏝️ပစ္စည်းအလွန်အကျွံမသယ်ပါနဲ့

တစ်ယောက်ထဲခရီးသွားမယ်ဆိုရင်ပစ္စည်းအလွန်အကျွံထည့်လာတာမျိုးမလုပ်သင့်ပါဘူး။ခရီူတစ်လျောက်လုံးကိုယ်တစ်ယောက်ထဲသယ်ရမှာဖြစ်တဲ့အတွက်မလိုအပ်ပဲ backpack ထဲပစ္စည်းတွေများနေခြင်းကသက်တောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူးနော်🍂

🏝️ ဟိုတယ်ရွေးချယ်မှု

တစ်ယောက်ထဲခရီးသွားမယ်ဆိုရင် ဟိုတယ်၊မိုတယ်၊တည်းခိုခန်းစတာတွေကိုလဲသေချာစွာရွေးချယ်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ သက်ဆိုင်ရာဟိုတယ်၊မိုတယ်တွေရဲ့ review တွေကိုရှာဖတ်တာပါပဲ။ဒါမှမဟုတ် တခြား solo traveller တွေရဲ့ recommendation ကိုယူတာလဲအကြံကောင်းတစ်ခုပါပဲ🍂

🏝️ အရေးပေါ်ဆေးသေတ္တာယူဆောင်ခြင်း

တစ်ယောက်ထဲခရီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မမျှော်လင့်တဲ့အရေးပေါ်အခြေအနေတွေအတွက်လဲကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။အရေးပေါ်ဆေးသတ္တာအသေးစားလေးဖြစ်ဖြစ်ယူလာတာကသင့်ရဲ့ခရီးစဉ်တစ်လျောက်လုံးအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်🍂

🏝️ ပြည်တွင်းခရီးမဟုတ်ပဲနိုင်ငံခြားခရီးထွက်မယ်ဆို သက်ဆိုင်ရာနိုင်ငံရဲ့ sim card ကို ဝယ်ထားသင့်ပါတယ်

နိုင်ငံတစ်ခုကိုရောက်ရောက်ခြင်းအဲ့နိုင်ငံရဲ့ sim card ကိုဝယ်ဖို့က တစ်ယောက်ထဲခရီးသွားမဲ့သူတွေအတွက်အရေးကြီးတဲ့အချက်တစ်ခုပါပဲ။ ခုခေတ်မှာ wifi က နေရာတိုင်းနီးပါးရပေမဲ့ sim card ဝယ်ထားခြင်းအားဖြင့် အ​ရေးပေါ်အခြေအနေကြုံလာရင်တောင်ဖုန်းချက်ချင်းဆက်လို့ရ အကူအညီတောင်းလို့ရတော့ ကိုယ့်ရဲ့လုံခြုံရေးအတွက်ပိုစိတ်ချရတာပေါ့နော်🍂

🏝️မှတ်ပုံတင်၊ passport စတဲ့ document များယူဆောင်ခြင်း

တစ်ခါတစ်လေခရီးသွားရင်တချို့က ကိုယ့်ရဲ့မှတ်ပုံတင်၊passport၊လေယာဉ်လက်မှတ်စတာတွေကို ဟိုတယ်ခန်းထဲမှာထားခဲ့တတ်ပါတယ်။ အဲ့တာကတစ်ကယ်ကိုမလုပ်သင့်ပါဘူးနော်။မတော်တဆပျောက်တာပျက်စီးတာမျိုးဖြစ်ရင်အဆင်မပြေဖြစ်မှာကကိုယ်ပဲမို့ ဘယ်နေရာသွားသွားကိုယ်နဲ့ဆိုင်တဲ့ကိုယ်နဲ့ဆိုင်တဲ့documentတွေကိုယူဆောင်သွားဖို့မမေ့ပါနဲ့နော်🍂

🏝️ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ

ဘယ်အချိန်မဆိုကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပဲနော်။ တစ်ယောက်ထဲသွားမယ်ဆုံးဖြတ်ပြီးတာနဲ့ငါလုပ်နိုင်တယ်လို့ယုံကြည်မှုရှိပါ။အစပိုင်းမှာတော့ ခက်ခဲနိုင်ပေမဲ့ နောက်ဆိုရင်ကိုယ်သွားခဲ့တဲ့ solo trip လေးဆွေပြန်တွေးတိုင်း ကိုယ့်ကိုကိုယ်ဂုဏ်ယူနေမိမှာပါနော်🍂

🏝️တန်ဖိုးကြီးပစ္စည်းတွေကိုအိမ်မှာထားခဲ့ပါ

မိမိရဲ့လုံခြုံရေးအတွက် တန်ဖိုးကြီးပစ္စည်းတွေကိုခရီးသွားရင်တတ်နိုင်သမျှအိမ်မှာပဲထားခဲ့ကြပါနော်🍂

🏝️ကိုယ်သွားမဲ့နေရာဒေသရဲ့ မြေပုံကိုကြိုတင်လေ့လာထားပါ

ခရီးစဉ်အစအဆုံးကိုယ့်ဘာကိုယ်တာဝန်ယူထားရတာမို့ အသေးစိတ်ကအစကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်။ အထူးသဖြင့် မြေပုံကို ကြိုတင်လေ့လာထားတာမျိုး ခရီးလမ်းကြောင်းကိုကြိုတင်လေ့လာထားတာမျိုးတွေလုပ်သင့်ပါတယ်နော်🍂

🏝️မိသားစုဝင်များနှင့် သူငယ်ချင်းများအား အဆက်အသွယ်အမြဲပြုလုပ်ပါ

တစ်ယောက်ထဲခရီးသွားနေတဲ့အချိန်မှာ အရေးအကြီးဆုံးကတော့ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ပါပဲနော်
ကိုယ်ဒီနေ့ ဘယ်နေရာသွားမယ် ဘယ်လိုသွားမယ်ဆိုတာမျိုးကို ကိုယ့်ရဲ့အသိမိတ်ဆွေတွေကို အသိပေးထားသင့်ပါတယ်နော်🍂

ကဲ............. ဒီအချက်လေးတွေကတော့ solo ခရီးသွားချင်သူတွေအတွက် သိရှိထားသင့်တဲ့ အချက်လေးတွေဖြစ်ပါတယ်နော်🌏
နောက်လဲခုလိုမျိုး ခရီးသွားခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေတင်ပေးမှာမို့ Page လေူကို Like လုပ်ထားပေးဖို့မမေ့ပါနဲ့နော်💕💕




ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ရောဂါဘယကင်းဝေးကြစေကြောင်း Sweet Me...
19/10/2021

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ရောဂါဘယကင်းဝေးကြစေကြောင်း Sweet Memory မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်


Happy Full Moon Day of Waso🙏
23/07/2021

Happy Full Moon Day of Waso🙏

🎄Merry Christmas & Happy New Year to you all 🎄🎅We hope all of you have safe and relaxing holiday season 🎁
25/12/2020

🎄Merry Christmas & Happy New Year to you all 🎄

🎅We hope all of you have safe and relaxing holiday season 🎁



🇲🇲ဒီဇင်ဘာလ ၉ ရက်နေ့ ၂၀၂၀ ခုနှစ်တွင်ကျရောက်သော နှစ် ၁၀၀ ပြည့် အမျိုးသားနေ့ကို Sweet Memory Travel မိသားစုမှ ဂုဏ်ပြုကြိုဆိ...
09/12/2020

🇲🇲ဒီဇင်ဘာလ ၉ ရက်နေ့ ၂၀၂၀ ခုနှစ်တွင်ကျရောက်သော နှစ် ၁၀၀ ပြည့် အမျိုးသားနေ့ကို Sweet Memory Travel မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် 🇲🇲



Golfers များ ၊ အေးအေးချမ်းချမ်းနေလိုသူများအတွက် အိမ်၊ ရုံး၊ Showroom၊ Private School အစရှိသည်များ ဖွင့်ရန် အထူးသင့်တော်ပ...
29/11/2020

Golfers များ ၊ အေးအေးချမ်းချမ်းနေလိုသူများအတွက် အိမ်၊ ရုံး၊ Showroom၊ Private School အစရှိသည်များ ဖွင့်ရန် အထူးသင့်တော်ပါသည်။

နေရာ - အင်းစိန် - ဂျပန် လမ်း၊ ရန်ကုန် မြို့တော်ဂေါက်ကွင်း အိမ်ရာ။
အကျယ်အဝန်း - ပေ ၁၁၀ x ၁၀၈ ပတ်လည်
နှစ် ၆၀ ဂရန်။

🏠 အဆောက် အဦး စုစုပေါင်း ၄ ခု

🏯အဆင့်မြင့် ပြင်ဆင်ပြီး ၂ ထပ် RC တလုံး
(Master Bedroom 3 ခန်း +
အပေါ်- အောက် ဧည့်ခန်း ၂ ခု +
ကိုယ်ပိုင် ရုံးခန်း (၂၀ ပေ x ၁၅ ပေခန့်) +
Guest Toilet + Maid Shower Toilet 1 ခု +
ဘုရားခန်း + မီးဖို + ထမင်းစားခန်း +
Centralized Aircon နှင့် ရေပူရေအေး စနစ် +
ပါဝါမီတာ + ရိုးရိုးမီတာ + ရေသန့်စင်စက် )

🏛မှန်အကြည်ကာ ပြင်ဆင်ပြီး ရုံးခန်း
( ၃၅ ပေ ပတ်လည်ခန့် + Meeting Room )

🚘၂ ထပ် Guest နားနေဆောင်
(အပေါ်ထပ် အဆင့်မြင့် ပြင်ဆင်ပြီး A/C ရေချိုးခန်း ပါ Master Bedroom ၂ ခန်း +
အောက်ထပ် အိပ်ခန်း ၃ ခန်း )

🏯 ၂ ထပ် အိပ်ဆောင် ၃ ခန်း +
ရေချိုးခန်း အိမ်သာ ၃ ခု

(အတွင်းခန်း Furniture များ မပါဝင်ပါ)

ဖော်ပြပါ အိမ်အား အလွန်တန်လွန်းတဲ့စျေး သိန်း ၁၅၀၀၀ ဖြင့် ပိုင်ရှင် ကိုယ်တိုင် ရောင်းမည်။ အငှါးစျေး တလ သိန်း ၅၀။

ဆက်သွယ်ရန် : ၀၉၄၃၂၀၂၁၀၂/ ၀၉၄၄၅၄၅၇၇၇၁-၃

ယနေ့ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေ့မှာစိတ်၏ကျန်းမာခြင်းကိုယ်၏ချမ်းသာခြင်းနဲ့ပြည့်စုံပြီးကုသိုလ်တရားများပွားများနိုင်ကျစ...
29/11/2020

ယနေ့ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေ့မှာစိတ်၏ကျန်းမာခြင်းကိုယ်၏ချမ်းသာခြင်းနဲ့ပြည့်စုံပြီးကုသိုလ်တရားများပွားများနိုင်ကျစေရန် Sweet Memory Travel မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်❤️


ပျော်ရွှင်စရာသီတင်းကျွတ် အချိန်သမယလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပါစေကြောင်း S...
30/10/2020

ပျော်ရွှင်စရာသီတင်းကျွတ် အချိန်သမယလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပါစေကြောင်း Sweet memory Travel မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်


28/08/2020

ဒီနေ့မှာတော့ Coronavirus (COVID-19) နှင့် လိုက်ရောညီထွေဖြစ်အောင် လူအများလိုက်နာကျင့်သုံးသင့်သော အချက်များထဲမှ ဆေးလိပ်သောက်ခြင်းကို အဘယ်ကြောင့် ရှောင်ကြဉ်သင့်လဲဆိုသော အချက်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

Coronavirus (COVID-19) ဖြစ်ပွားမှုသည်တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ပြောင်းလဲနေဆဲဖြစ်ပြီးပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) ဖြစ်နေဆဲဖြစ်သည်။ ကမ္ဘာတဝှမ်းရှိအခြားအဖွဲ့ဝင်နိုင်ငံများနည်းတူမြန်မာနိုင်ငံအနေဖြင့်ရောဂါထပ်မံဖြစ်ပွားမှုနှင့်ဖြစ်နိုင်ချေရှိသောရောဂါကူးစက်မှုကိုတုန့်ပြန်ရန်ပြင်ဆင်နေရပါသည်။

COVID-19 သည်အဆုတ်ကိုအဓိကတိုက်ခိုက်သည့်ကူးစက်ရောဂါဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည်အဆုတ်၏လုပ်ဆောင်မှုကိုအားနည်းစေပြီးခန္ဓာကိုယ်အတွက် coronaviruses နှင့်အခြားရောဂါများကိုကာကွယ်ရန်ခက်ခဲစေသည်။ဆေးလိပ်သောက်ခြင်း အလေ့အထရှိသူများသည်COVID-19 ကြောင့်ထိခိုက်သည့်အခါပြင်းထန်သောရောဂါဖြစ်ပွားမှုနှုန်းမြင့်မားစေသည်။ သုတေသနများအရဆေးလိပ်သောက်သူများသည်ပြင်းထန်သောရောဂါနှင့်သေဆုံးမှုကိုပိုမိုဖြစ်ပေါ်စေနိုင်သည်ဟုစစ်တမ်းကောက်ချက်များအရသိရှိရပါသည်။

ဒါ့အပြင်ဆေးရွက်ကြီးနှင့်နီကိုတင်းသည် COVID-19 ၏အန္တရာယ်ကိုလျှော့ချနိုင်သည်ဟုခန့်မှန်းနေကြသော်လည်းယနေ့အချိန်ထိတိကျသေချာမှုမရရှိသေးတာဖြစ်ပါတယ်။

19/07/2020

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်​နေ့တွင် ကျ​ရောက်သည့် ၇၃ ကြိမ်​မြောက် အာဇာနည်​နေ့အား Sweet Memory Travel မိသားစုမှ မ​မေ့မ​လျော့ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။


17/07/2020
5 Most Interesting Tourist Places to Visit in Myanmar

5 Most Interesting Tourist Places to visit in Myanmar 🇲🇲




#စွဲမက်ဖွယ်ရာပြည်မြန်မာ

in September 2014, Myanmar evisa from India launched. It permits travellers to get their visa within 28 days. Thus, to witness the best glimpses, no better tourist destination than Myanmar.

16/07/2020

🎪 မြန်မာအားလုံးရဲ့ပုဂံ 🎪 ပုဂံထဲမှOasisနေရာလေး #သရပါဂိတ်ဟိုတယ် 🏜

🌟မကြာမှီ ဇူလိုင်လရဲ့တတိယအပတ်မှာ ဒီOasis နေရာလေးကပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

🏜🏜🏜
ပုဂံရဲ့ Oasis နေရာလို့ဘာကြောင့်များတင်စားနေကြတာလဲဆိုတာ အကြောင်းပြချက်တွေတော့ရှိတာပေါ့နော်။

🏜ဘုရားဖူးရင်းအနားယူအပန်းဖြေမည့်သူများအတွက် ဥယျာဥ်နှင့်စိမ်းစိမ်းစိုစိုရှိခြင်း

🏜ပုဂံမြို့ရဲ့အငွေ့အသက်များရအောင်ဖန်တီးထားသော ရေကူးကန်မှာ အပန်းဖြေနိုင်ခြင်း

🏜တန်ခိုးကြီးဘုရားတွေပတ်လည်ဝန်းရံနေတဲ့နေရာမှာတည်ရှိခြင်း

🏜ပုဂံမြို့ရဲ့တစ်ခုတည်းကျန်ရှိသော ရှေးဟောင်းသရပါဂိတ်နားမှာရှိခြင်း

🏜မိသားစုလိုက်လာသောသူများအတွက် ကလေးများကို ပုဂံသမိုင်းကြောင်းရှင်းပြလို့အကောင်းဆုံး ပုဂံရွှေနန်းတော်နားမှာရှိခြင်း

🏜ပုဂံမြို့ရဲ့နာမည်ကြီး သရပါထမင်းဆိုင်နဲ့လဲအလှမ်းမဝေးခြင်း

🏜ဝန်ထမ်းများရဲ့ဝန်ဆောင်မှုကောင်းလွန်းသောကြောင့်နာမည်ကြီးခြင်း

🎟🥇ဒါ့အပြင် စစဖွင့်ချင်းမှာ အမိုက်ဆုံးအလန်းစားPromotion တွေပေးနေတာဖြစ်လို့ ဒီအချိန်မှ ခရီးမသွားရင်မတန်တော့ဘူးနော်။ ဒါဆို ဒီ Oasis နေရာလေးမှာရော ဘယ်လို promotion တွေရှိလဲကြည့်လိုက်ရအောင်​နော်။

Promotional Rates ( for July & August 2020 only )
Weekends (Friday, Saturday & Sunday) + Public Holidays
Deluxe room - 59,000 Ks (Excluding breakfast)
Deluxe room - 69,000 Ks (Including breakfast)
Weekdays
Deluxe room - 49,000 Ks (Excluding breakfast)
Deluxe room - 59,000 Ks (Including breakfast)
Extra bed - 20,000 Ks (Excluding breakfast)
Extra bed - 25,000 Ks (Including breakfast)
💡Weekdays များတွင် တစ်ညနှင့်အထက် တည်းခိုသူများအတွက် ......
ဒုတိယည = 5,000 Ks Off
တတိယည = 10,000 Ks Off

#ဖော်ပြပါစျေးများထက်ပိိုမုသက်သာသောစျေးနှုန်းများအတွက်Sweet_Memory_Travelကိုသတိရလိုက်ပါ။
ပုဂံသွားမယ်လို့ရည်ရွယ်ထားသူများရော မသွားရသေးသောသူများပါ Share ထားပြီး ဆက်သွယ်လိုက်တော့နော်။

😇Sweet Memory Travels Co.Ltd😇
Office Phone ☎️ : 09 445457771 ~4
Hot Line Phone ☎️: 09 250383843
Viber Phone ☎️ : 09 798477600
ကဲ Hello လိုက်တော့နော် 😘😘😘
Email 📧: [email protected],
Address ; No. 83 , 1st Floor , Dhammazedi Road , Sanchaung Township,Yangon.





14/07/2020

🎀 ပျော်ပွဲစားထွက်ရင်း ပုံပြင်ဆန်တဲ့ ဒဏ္ဍာရီလာရွာငံမြို့ထဲကိုတစ်ရက်တာလည်ပတ်ကြမယ်။ 🎀

က​လောမြို့ထဲမှာလဲလည်ပတ်စရာနေရာကုန်ပြီ ဆိုသောသူများအတွက် အနီးအနားက ရွာငံမြို့ထဲကိုလည်ပတ်လို့ရအောင် စီစဥ်ပေးထားသောခရီးစဥ်ဖြစ်ပါတယ်။

လည်ပတ်စရာတွေပေါများလှသောရွာငံမြို့ထဲမှာ ခရီးသွား​တွေအရမ်းမများဘဲအေးချမ်းမှု ပေးနိုင်တဲ့အပြင် သူမတူသောအလှအပများ ထူးခြားချက်များကိုပါခံစားနိုင်သော နေရာနှစ်ခုကိုခေါ်သွားမှာဖြစ်ပါတယ်။

🌟🌟🌟
ပြဒါလင်းဂူ🎇
🌟🌟🌟

ပြဒါလင်းဂူကတော့ ဟိုးနှစ်ပေါင်းသုံးသောင်းလောက်တည်းက ရှေးကျောက်ခေတ်လူသားတွေနေထိုင်ခဲ့သောနေရာဖြစ်ပါတယ်။ အရောက်အပေါက်နည်းသောနေရာမှာရှိတဲ့အတွက်ကြောင့် အလှအပတွေ ရှေးဟောင်းလက်ရာတွေကတော့ ပျက်စီးခြင်းမရှိသေးပဲ သဘာဝအတိုင်းကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်။

🌟🌟🌟
ရေဖြူအိုင်🏖
🌟🌟🌟

ရွာငံမြို့ရဲ့အေးချမ်းသာယာသော ရွာငယ်လေးမှာတည်ရှိသော ရေဖြူအိုင်ကိုတော့ လမ်းပြရွာသားကဦးဆောင်ပြီးခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာလဲ စမ်းချောင်းတွေ စိုက်ခင်းလေးတွေကိုဖြစ်ပြီးသွားရမှာဆိုတော့ စဥ်းစားလိုက်ရင်တောင်အေးချမ်းတဲ့နေရာလေးဖြစ်ပါတယ်။ ရွာသားတွေကတော့ ရေဖြူအိုင်ကို ဆေးရေကန်အနေနဲ့လဲတင်စားကြပါတယ်။ ခရီးပန်းလာသော ကိုယ့်ဧည့်သည်အတွက်ရေစိမ်ရင်းကိုယ်လက်အပန်းဖြေကြမယ်နော်။

🌟🌟🌟
မြင်းမူကုန်း🏞
🌟🌟🌟

အပြန်လမ်းမှာတော့ နာမည်ကျော်ကြားသော မြင်းမူကုန်း view point မှာ အလှအပများကိုခံစားရင်းဓာတ်ဖမ်းကြမှာဖြစ်ပါတယ်။

ကလောမြို့ကိုရောက်နေတယ်ဆိုရင်တော့ ကိုယ်တွေရဲ့စိတ်လက်ပေါ့ပေါးမှုပေးစွမ်းနိုင်မယ့်ခရီးစဥ်လေးကိုသတိရပေးနော်။ 😍

သိလိုသော သတင်းအချက်များကိုလည်း အချိန်မရွေးဖြေဆိုပေးနေမှာမလို့
CHAT BOX 💌📩 ကနေ တစ်ဆင့်ဆက်သွယ်မေးမြန်းလို့ရပါတယ်နော်။



#ရေဖြူကန်
#ပြဒါလင်းဂူ
#မြင်းမူကုန်း

Address

No. 83, (1st. , Floor), Dhamazedi Road, Sanchaung Tsp.
Yangon
11221

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 13:30

Telephone

+959445457771

Alerts

Be the first to know and let us send you an email when Sweet Memory Travel Co.Ltd / Outbound posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sweet Memory Travel Co.Ltd / Outbound:

Videos

Share

Category