Myanmar Golden Horizon Travel and Tours

Myanmar Golden Horizon Travel and Tours Travel Agent Welcome From Myanmar Golden Horizon Travels & Tours.
(11)

We established our company to fulfill the needs and enjoyments of our precious travelers around the world to experience and take part in the blooming tourism of Myanmar. We also wish to promote the exotic and not common destinations which are rare and unknown before. We are a group of young, experienced, entrepreneur, industrialized and innovative people who know exactly about the service and how

important all you, guests are, and our professional service will take part in to guarantee the safety, satisfaction, personalized service to all our valued guests. Then again, it is an honor to say “Warm Welcome to Myanmar from Myanmar Golden Horizon Travels & Tours”.

"မေတ္တာတွေအပြည့်နဲ့ ဗစ်တိုးရီးယားရဲ့  အစီစဉ်"🏝🏝🏝ညောင်ဦးဖီးကျွန်းမှာ ၂ ည အိပ် ၁၁၀၀၀၀၀ ကျပ်တန်  Package လေးဝယ်လိုက်တာနဲ့ ...
18/10/2022

"မေတ္တာတွေအပြည့်နဲ့ ဗစ်တိုးရီးယားရဲ့ အစီစဉ်"

🏝🏝🏝ညောင်ဦးဖီးကျွန်းမှာ ၂ ည အိပ် ၁၁၀၀၀၀၀ ကျပ်တန် Package လေးဝယ်လိုက်တာနဲ့ ကော့သောင်း Victoria Cliff Hotel မှာ
👉 အခမဲ့👈 တစ်ညတာ တည်းခိုခွင့်ရရှိမည့် Victoria's Myittar Promotion အစီစဥ်လေးနဲ့ မိတ်ဆက်ပေးပါရစေ...

🏝🏝ညောင်ဦးဖီးကျွန်းကို အရမ်းလာချင်တယ်...

🥰ပြီးတော့ တခမ်းတနားနဲ့ အကောင်းဆုံးတွေ မှ လိုချင်တယ် ဆိုနေသူများအတွက် VIP ခရီးစဥ်မျိုး...

🥰လိုတရ ဆိုတာကို ဝတ္ထုတွေ၊ ဇာတ်လမ်းတွေထဲမှာမဟုတ်ဘဲ တကယ့်လက်တွေ့မှာ တွေ့ကြုံဖူးချင်သူများအတွက် ...

🥰ပေးရတဲ့စျေးထက် ပြန်ရတဲ့ service, facility, satisfaction အစ ရှိတာတွေက အလေးသာနေတာကိုပဲ မျှော်လင့်သူများအတွက်...

ရွေးချယ်စရာတွေထဲက နံပါတ်တစ်ဖြစ်နေမှာပါနော်...

✨️✨️​ညောင်ဦးဖီးကျွန်း ၂ ည အိပ် ခရီးစဥ်​လေးနှင့် ​ကော့​သောင်း Victlria Cliff Hotel ၁ ညအိပ် ယခု Promotion လေးမှာ ဘာတွေ ပါမလဲဆိုတော့ ...

✅️ လေဆိပ်ကြို/ပို့
✅️ Victoria Cliff ရဲ့ Signature ချည်ပေါင်ဖူးဖျော်ရည်
✅️ညောင်ဦးဖီးကျွန်းပေါ်မှာ မနက်စာ၊ နေ့လည်စာ၊ ညစာ
✅️Speed Boat Transfer
✅️Kayaking
✅️Snorkeling to (Madam Beach, Me Tai Island, Yemat Island, Honeymoon Bay and Nemo Aww)
✅️ Marine Guide
✅️ ညဘက် မီးအကအလှများ
✅️​​ကော့​သောင်းမြို့ Victoria Cliff Hotel မှာ မနက်စာနှင့် ပင်လယ်ကြီးရဲ့အရသာကိုတဝကြီးခံစားအနားယူနိုင်မည့် Ocean View Wing အခန်းခများ...

အစရှိတဲ့ ဝန်ဆောင်မှုတွေ ပါဝင်မှာဖြစ်ပါတယ်.....

ကဲ အချိန်ရာသီတွေ ဘယ်လောက်ပြောင်းပြောင်း ရာသီအလိုက် အလှတရားတစ်မျိုးစီပြောင်းလဲတဲ့ ညောင်ဦးဖီးကျွန်းကို အခုလို အရမ်းတန်တဲ့အချိန်မှာ လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်...💕💕💕

ယခု Victoria's Myittar Promotion လေးက နို၀င်ဘာလ ၁၅ ရက်နေ့ထိဘဲ အကျုံး၀င်မှာဖြစ်လို့ အမြန်သာ Hello လိုက်တော့နော်...

&Tours

[TRAVEL ADVISORY]နိုင်ငံတကာလေကြောင်းခရီးစဉ်များ (Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက...
01/05/2022

[TRAVEL ADVISORY]

နိုင်ငံတကာလေကြောင်းခရီးစဉ်များ (Commercial Flight) ဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၉-၄-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်လာသော နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။

သတ်မှတ်ချက်များမှာ - ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင် သက်ရောက်မည် ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန် - https://bit.ly/3vv4ULv

PUBLIC HEALTH REQUIREMENTS FOR TRAVELLERS ENTERING MYANMAR THROUGH INTERNATIONAL COMMERCIAL FLIGHTS

The Ministry of Health has issued the Public Health Requirements for Travelers Entering Myanmar Through International Commercial Flight dated 29 April 2022, which will take effect from 1 May 2022-00:00 Hour Myanmar Standard Time.

Read on YIA Official Telegram Channel: https://bit.ly/3vv4ULv

FYI ပြည်ပမှ မြန်မာပြည်သို့အဝင် quarantine 5ရက်ပြောင်းသွားပါပီ။ Photo Credit to owner
27/03/2022

FYI

ပြည်ပမှ မြန်မာပြည်သို့အဝင် quarantine 5ရက်ပြောင်းသွားပါပီ။

Photo Credit to owner

April 1ရက်နေ့ကစပြီး Singapore Visit open ပါပီ *Vaccine ထိုးပီးသားဖြစ်ရမယ်*Insurance ရယ် *မသွားခင် ၂ ရက် အတွင်း Covid tes...
24/03/2022

April 1ရက်နေ့ကစပြီး Singapore Visit open ပါပီ
*Vaccine ထိုးပီးသားဖြစ်ရမယ်
*Insurance ရယ်
*မသွားခင် ၂ ရက် အတွင်း Covid test စစ်ဖို့တော့
လိုပါမယ်ရှင်
Quarantine Free Travel To Singapore 🇸🇬

17 April 2022 ( မြန်မာ့နှစ်ဆန်းတစ်ရက် ) နေ့မှစတင်၍ နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ( commercial flight ) ပျံသန်း ခြင်းအ...
18/03/2022

17 April 2022 ( မြန်မာ့နှစ်ဆန်းတစ်ရက် ) နေ့မှစတင်၍ နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ( commercial flight ) ပျံသန်း ခြင်းအား ပြန်လည်ပြေးဆွဲခွင့် ပြုမည်ဖြစ်ပါကြောင်းသိရှိရပါသည်။

Photo credit to original owner

It's summer now. Please don't forget to mergui archipelago which is one of the best summer destinations of ASEAN.
04/03/2022

It's summer now.
Please don't forget to mergui archipelago which is one of the best summer destinations of ASEAN.

01/03/2022
ခါကာဘိုရာဇီတောင်ခြေမှ တိဗက်ကျေးရွာများ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ #တိဗက်တို့မြေတိဗက်ဒေသဟုဆိုလျှင် ဂမ္ဘီရဆန်သော မဟာယာန ဗုဒ္ဓဘာသာ ထွန...
18/02/2022

ခါကာဘိုရာဇီတောင်ခြေမှ တိဗက်ကျေးရွာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

#တိဗက်တို့မြေ

တိဗက်ဒေသဟုဆိုလျှင် ဂမ္ဘီရဆန်သော မဟာယာန ဗုဒ္ဓဘာသာ ထွန်းကားရာ နယ်မြေအဖြစ် မြန်မာအများက နားလည်ကြပါသည်။ “လာဆာ” ဟူသော ကမ္ဘာ့ခေါင်မိုး တိဗက်မြို့တော်မှ တိဗက်ရဟန်းမင်းကြီးစိုးစံခဲ့ရာ ပိုတလာနန်းတော်ကြီး၏ ဓာတ်ပုံကိုလည်း မြင်ဖူးကြပါသည်။ တိဗက်ဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ထိပ် တည့်တည့်တွင်ရှိပြီး မြန်မာနိုင်ငံထဲတွင် မြန်မာနိုင်ငံသား တိဗက်လူမျိုးများ နေထိုင်သည့် တိဗက်တွင် ကျေးရွာများ ရှိသည်ကိုတော့ သိသူနည်းကြပါသည်။

မြန်မာနိုင်ငံ၏ မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်ဒင်မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကြီးထဲတွင် မေခမြစ်ဖြစ်လာမည့် ကဆန်ခချောင်းဘေး ဝဲ၊ ယာ၌ ရဝမ်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများရှိသည်။ ယင်းရဝမ်ရွာများကို ကျော်လွန်သွားပြီးနောက် ကဆန်ခချောင်း ဖြစ်လာမည့် စိန်ခူးဝမ်ချောင်းနှင့် အဒွန်ဝမ်ချောင်းတို့ဆုံရာ တဇုန်ဒမ်းရွာ(ရဝမ်ရွာ)သို့ ရောက်မည်။ တဇုန်ဒမ်းမှ အနောက်မြောက်ဘက် စိန်ခူးဝမ်ချောင်းအတိုင်း ဆက်သွားလျှင် တအွန်ဒမ်းရွာ၊ ဂူဘားရွာနှင့် မဒိန်းရွာဟူသော တိဗက်ရွာသို့ ရောက်မည်။ တဇုန်ဒမ်းမှ မြောက်ယွန်းယွန်း အဒွန်ဝမ်ချောင်းကြောအတိုင်းသွားလျှင် တဆူထုရွာ၊ တလားထုရွာ၊ လေးအိမ်တန်းရွာ၊ ခရောင်းရွာဟူသော တိဗက်ရွာသို့ ရောက်သွားမည်ဖြစ်သည်။

#မြန်မာ့မြောက်ဖျားမှနောက်ဆုံးလူနေရွာ

တဟွန်ဒမ်းရွာသည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးရှိ နောက်ဆုံးလူနေရွာ ဖြစ်သည်။ ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကြီး၏ အခြံအရံ ရေခဲတောင်များ ပတ်လည်ဝိုင်းလျက် ပေ ၆၀ဝ၀ အမြင့်တွင် တည်ထားသော မြန်မာနိုင်ငံသား တိဗက်တို့၏ ရွာဖြစ်သည်။ ရေခဲတောင်များမှ မြစ်ဖျားခံလာသော အဒွန်ဝမ်ချောင်းဘေးမှ သာယာအေးမြလှသော ရွာဖြစ်ပါသည်။ အအေးပိုသော ဆောင်းနှစ်များတွင် ရေခဲပြင်ဖွေးဖွေးဖြင့် ရှုမောစရာလည်း ဖြစ်ပါသည်။ တောင်ကြားချိုင့်ဝှမ်းရှိ မြေပြန့်တွင် ဂျုံခင်း၊ ပြောင်းခင်း၊ လူးခင်း၊ ဆပ်ခင်း၊ မုန်ညင်းခင်းတို့ အလယ်တွင် သစ်လုံးအိမ် ကိုယ်စီဖြင့် အိမ်ခြေ ၁၃ လုံးနှင့် ကျယ်ဝန်းသော တောင်ယာကွက် ၁၃ ကွက်၊ လူဦးရေ ၁၈၀ နီးပါး နေထိုင်လျက်ရှိသည်။ ရွာအဝင် တံတားထိပ် ရွာအလယ် သစ်ပင်များနှင့် ရွာဦးတိလောကမှန်ကူ စေတီတော် ပတ်ဝန်းကျင်၊ အိမ်တိုင်းရှိ ဘုရားဆောင်ဝန်းကျင်တို့တွင် တိဗက်ဘုရားရှိခိုးရောင်စုံအလံ (Prayer Flags) များ တလူလူလွှင့်ထူထားသော ရွာဖြစ်သည်။ ခါကာဘိုရာဇီ တောင်ခြေနှင့် ၃၇ မိုင် ကွာဝေးသည့်အတွက် တောင်တက်သမားနှင့် ရုက္ခဗေဒ၊ သတ္တဗေဒသုတေသီတို့ အခြေခံ စခန်းအဖြစ် စခန်းချသည့်ရွာလည်းဖြစ်သည်။

#ရောက်လာသောမြေ

ဤနေရာတွင် မြန်မာ့မြောက်ဖျား ဒေသတစ်ခုလုံး မြန်မာနယ်နိမိတ်အတွင်းသို့ ရောက်လာပုံကို အကျဉ်းမျှ တင်ပြလိုပါသည်။ ဗြိတိသျှတို့ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်သော်လည်း ပူတာအိုခရိုင် မြောက်ပိုင်းဒေသများသည် မည်သူ့အုပ်ချုပ်မှု အောက်တွင်မျှ မရှိသေးသည့် တောရိုင်းဒေသကြီး No Man's Land ဖြစ်ခဲ့သည်။ မြန်မာ့ရွှေနန်းတော်နန်းတွင်း ပုရပိုက်များတွင် ပူတာအိုတစ်ဝိုက်ရှိ ခနီးလောင်း (ခနီးလုံး) ရှမ်းစော်ဘွားတို့ နယ်မြေသည် မြန်မာဘုရင်ပိုင်နက်အဖြစ် ဖော်ပြထားသော်လည်း နယ်နိမိတ်မျဉ်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ယခု တိဗက်ရွာများ ရှိရာနေရာ မြန်မာ့မြောက်ဖျားပိုင်းသည် မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရ လက်အောက်တွင်မျှ မရှိသေးသည့် ဒေသဖြစ်သည်။

ဤအတောအတွင်း (၂၀ ရာစု အစောပိုင်းအတွင်း)က ကမ္ဘာကျော် ရုက္ခဗေဒသုတေသီ ကင်းဒမ်းဝါ့ဒ် (Kingdon Ward) သည် မြန်မာ့မြောက်ဖျား ဒေသများသို့ လှည့်လည် သုတေသနပြုခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ကင်းဒမ်းဝါ့ဒ်သည် ဧရာဝတီမြစ်ဖျားဒေသသို့ ရောက်သွားသောအခါ တရုတ်နိုင်ငံမှ ဝင်ရောက်စူးစမ်းလေ့လာနေကြောင်း တွေ့ရှိရသဖြင့် ဗြိတိသျှအစိုးရထံ သတင်းပို့လိုက်သည်။

ထို့ကြောင့် ဗြိတိသျှအစိုးရသည် မြေတိုင်းအဖွဲ့ အပါအဝင်ဖြစ်သော စစ်တံခွန်အဖွဲ့ကို စေလွှတ်ပြီး ပူတာအိုမြောက်ဘက် (ယခု ပူတာအိုခရိုင်) ဒေသကြီးသို့ ကွင်းဆင်းစစ်ဆေး လေ့လာသည်။ ၁၉၁၄ ခုနှစ်တွင် ပူတာအိုနယ်ခြားခရိုင်ဖွင့်၍ အုပ်ချုပ်ရေးကို အခိုင်အမာ စတင်ဆောင်ရွက်ပြီး ဧရာဝတီမြစ်ဖျားပိုင်း မြစ်လက်တက်၊ ချောင်းလက်တက်အားလုံး ပါဝင်သည့် ရေဝေရေလဲ ရေခဲတောင်ထိပ်များကို မြန်မာပြည်အတွင်း ထည့်သွင်းလျက် မြန်မာပြည်မြောက်ဖျား နယ်နိမိတ်မျဉ်းများကို ရေးဆွဲအတည်ပြုခဲ့သည်။

ဤနယ်နိမိတ်များကို မတ်မဟွန်းလိုင်းဟု ခေါ်တွင်ပြီး ၁၉၁၄ ခုနှစ်တွင်ပင် ဗြိတိသျှ အစိုးရနှင့် တိဗက်အစိုးရတို့ နယ်နိမိတ် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ (ထိုစဉ်က တိဗက်သည် ရဟန်းမင်းကြီး ဒလိုင်းလားမား အုပ်ချုပ်သည့် သီးခြားလွတ်လပ်သော နိုင်ငံ ဖြစ်ပါသည်။ ၁၉၅၉ ခုနှစ်တွင် တရုတ်တပ်နီများ ဝင်ရောက်သိမ်းပိုက်လိုက်ပြီးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်ဖြစ်သွားခြင်းဖြစ်သည်။)

ထိုသို့ နယ်နိမိတ်မျဉ်း ရေးဆွဲလိုက်ခြင်းကြောင့် ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ အပါအဝင် အရှေ့တောင်အာရှ၏ အမြင့်ဆုံး ရေခဲတောင်များတည်ရှိရာ မြန်မာ့မြောက်ဖျား ဒေသသည် မြန်မာ့ပိုင်နက်အတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သလို ဧရာဝတီမိခင် မြစ်မဟာကြီးကိုလည်း မြစ်အစမှ ပင်လယ်ဝအထိ မြန်မာတို့ လုံးလုံးလျားလျား ပိုင်စိုးခွင့်ရလိုက်ခြင်းလည်း ဖြစ်ပါသည်။

#ဝင်လာသောတိဗက်များ

ခရစ်နှစ် ၁၈၉၂ ခုနှစ်ခန့်တွင် တိဗက်မြန်မာနယ်စပ်အနီးမှ မိသားစုတစ်စု မြန်မာ့မြောက်ဖျားဒေသသို့ စတင်ရွှေ့ပြောင်းလာခဲ့သည်။ ဂွန်ဘို (Gunbo)ခေါ် အဘွားအိုတစ်ဦးနှင့် သားများဖြစ်ကြသော ဒေါဂျီ (Dawgyi) နှင့် စွမ်ချီ (Sumchi) တို့ပါဝင်ပြီး ယခုနယ်နိမိတ်ကျောက်တိုင် ၄၄ အနီးမှ ဝင်ရောက်လာခဲ့ကြသည်။ ယင်းတိဗက်မိသားစုတို့သည် ရဝမ်တိုင်းရင်းသားမျိုးနွယ်ခွဲ ထလု (ThaLa) တို့နေထိုင်ရာ အဒွန်ဝမ်ချောင်း၏ မြောက်ဘက်တွင် တဟွန်ဒမ်းရွာကို တည်ထောင်ခဲ့ကြသည်။

၁၉၀၄ ခုနှစ်ခန့်တွင် စာဂျေစာရီ (Sajay Sari) နှင့် ဟဲလု (He’ Lu) ဟူသော တိဗက်အမျိုးသား နှစ်ဦးသည် စိန်ခူးဝမ်မြစ်ဖျားပိုင်း တရူးလခါးတောင်ကြားမှလည်းကောင်း၊ နှစ်အနည်းငယ်အကြာတွင် တိဗက်ဒေသ ဂူဘားနယ်မှ ပဲမဆောင်းကြီးဆိုသူ ခေါင်းဆောင်သော တိဗက်လူမျိုးအုပ်စုကြီးသည် လား၊ သိုး၊ နွား စသော တိရစ္ဆာန်များကိုပါ မောင်းယူလာလျက် အထက်ပါတောင်ကြားမှ လည်းကောင်း ရေခဲတောင်ကြီးများကို ကျော်ဖြတ်၍ ဝင်ရောက်လာခဲ့ကြသည်။ မူလကနေရာ အမျိုးမျိုးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မိမိတို့နေရင်းဒေသ ဂူဘားနယ်နှင့်ဆင်တူသည့် နေရာတွင် အခြေချလိုက်ကြပြီး ရွာကိုလည်းဂူဘားရွာဟု အမည်တပ်ခဲ့ကြသည်။

#ယခုမြန်မာတိဗက်များ

ယခင်က မြန်မာပြည်တွင်းသို့ ရောက်ရှိနေသော တိဗက်များကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုခဲ့။ ထို့ကြောင့် လွတ်လပ်ရေး ခေတ်ဦးအထိ တိဗက်ရွာများမှ တိဗက်များ ပူတာအိုသို့လာလျှင် ခုနစ်ရက်ထက် ပိုနေခွင့်မရှိ။ ပိုနေလိုလျှင် သက်တမ်းတိုးလျှောက်ရသည်။

နောင်တွင် တိဗက်ရွာသားများကို မှတ်ပုံတင်များထုတ်ပေးသောအခါ တိုင်းရင်းသားဖြစ်စေရန် သဘောဖြင့် (ရဝမ်မျိုးနွယ်ခွဲ) ထလုတိုင်းရင်းသား အနေဖြင့် ထုတ်ပေးခဲ့သည်။ ယခုမူ မြန်မာတိဗက်ဟု အသိအမှတ်ပြုထားပြီဟု သိရပါသည်။ စင်စစ် ယခု မြန်မာတိဗက်တို့သည် မျိုးဆက် ငါးဆက်မျှ ဤမြေ ဤဒေသတွင် နေခဲ့ပြီးဖြစ်၍ မိမိတို့ကိုယ်မိမိတို့ မြန်မာနိုင်ငံသားဟု အသွေးထဲအသားထဲက ခံယူထားကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား တိဗက်တို့အနေဖြင့် ရဝမ်မျိုးနွယ်ခွဲ ထလုဟူသော အမည်ထက် တိဗက်-မြန်မာဟူသော နာမည်ကို ပိုမိုခုံမင် လိုလားကြပါသည်။

နိုင်ငံသားမှတ်ပုံတင်တွင် တိဗက်-မြန်မာ ဟု အသိအမှတ်ပြု ခံချင်ကြပါသည်။ ဖဆပလ အစိုးရခေတ် ၁၉၅၆ ခုနှစ်ခန့်က နယ်မြေမှားဝင်လာပါသည်ဟုဆိုပြီး တရုတ်တပ်များ တစ်နှစ်ခန့်တပ်စွဲခဲ့သည့် ဒေသတချို့မှာ တဟွန်ဒမ်းရွာ၏မြောက်ဘက် ဝမ်စီဝမ်တော အနီးအထိသို့ပင် ရောက်ရှိခဲ့သဖြင့် ထိုဖြစ်ရပ်မျိုး ထပ်ဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ အနေဖြင့် စိုးရိမ်ခဲ့ကြရသည်။ မကြာမီတွင် UNESCO အဖွဲ့က ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် စီစဉ်နေပြီဖြစ်သည်။ ရွာများကို ခါကာဘိုရာဇီဥယျာဉ်ကြီး အတွင်းတွင် စနစ်တကျ စီစဉ်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေး စီမံချက်များကိုတော့ ရွာသူ ရွာသားများ လိုက်နာရမည်ဖြစ်သည်။

#တိဗက်လူနေမှုဘဝနှင့်ဓလေ့ထုံးစံ

မြန်မာ့တိဗက်တို့သည် အလုပ်ကြိုးစား၍ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်၊ အာလူး၊ ဟင်းသီးဟင်းရွက်တို့ကို စနစ်တကျစိုက်ပျိုးကြသည်။ အခြားရွာများရှိ ဂျုံခင်းများမှာ နှစ်ပေ၊ သုံးပေခန့်ရှိသည့် အချိန်တွင် တိဗက်တို့၏ ဂျုံခင်းများမှာ လူတစ်ရပ်လောက်မြင့်၍ သန်မာလှသည်ကို တွေ့ရသည်။ တိဗက်တို့သည် နွား၊ သိုးစသည်တို့ကို မွေးမြူ၍ ထောပတ်၊ ဒိန်ခဲ၊ နို့ခဲများပြုလုပ်စားသုံးကြသည်။

တစ်ချိန်က စာမရိခေါ် Yark အမွေးရှည် နွားများကို မွေးမြူခဲ့ကြဖူးသည်။ အေးမြ၍ လေကောင်းလေသန့်ရသော ဒေသတွင် နေထိုင်ခြင်း၊ အလုပ်နှင့် လက်မပြတ် လုပ်ကိုင်ခြင်း၊ ဂျုံနှင့် နို့၊ ပြောင်း၊ ထောပတ်၊ ဒိန်ခဲနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၊ တိဗက်ထောပတ်နှင့် နို့ပါဝင်သော တိဗက်လက်ဖက်ရည် (လက်ချားခရော့)ကို မပြတ်သောက်သုံးခြင်းတို့ကြောင့် ကျား/မ မရွေး တိဗက်တိုင်းသည် အရပ်အမောင်းကောင်း၍ သန်မာထွားကြိုင်းကြသည်။ သာမန်အထမ်းဝန်ထမ်းများ သယ်ပိုးနိုင်သည့် အလေးချိန်ထက် နှစ်ဆအထိ ထမ်းပိုးသွားလာနိုင်ကြသည်။ ရုပ်ရည်လည်း ဖြူစင်တင့်တယ်ကြသည်။

တိဗက်တို့သည် ကလေးလူကြီးမရွေး၊ အပြုံးပန်း အမြဲဆင်မြန်းထားကြပြီး သူတို့ ဒေသသို့ ခက်ခက်ခဲခဲ ရောက်လာတတ်သော ဧည့်သည်များအပေါ် တာဝန်ကျေကြသည်။ မရှိ ရှိတာကို ကျွေးမွေးချင်တတ်ကြသည်။ မဟာယာန ဗုဒ္ဓဘာသာဝင်များဟု ဆိုသော်လည်း ယခု ထေရဝါဒ ဗုဒ္ဓသာသနာတော်ကိုပါ လေးလေးမြတ်မြတ် ယုံကြည်ကိုးကွယ်လျက်ရှိကြပါသည်။ တိဗက်တို့သည် ဘာသာစကား အုပ်စုအရ မြန်မာနှင့် အနီးစပ်ဆုံးဖြစ်ပြီး တိဗက်ရော မြန်မာပါ ဗုဒ္ဓဘာသာကိုအမှီပြု၍၊ အိန္ဒိယအက္ခရာတို့ကို အမှီပြု၍ စာပေတီထွင်နိုင်ခဲ့ခြင်းကြောင့် ယဉ်ကျေးမှုအရာ၌ ရှေ့တန်း ရောက်ခဲ့သည်ဟု ပညာရှင်တို့ ဆိုမိန့်ကြပါသည်။

ပူတာအိုမြောက်ဘက်ရှိ ကျေးရွာအားလုံးနီးပါးသည် ခရစ်ယာန် ကျေးရွာများဖြစ်၍ မြန်မာ့မြောက်ဖျားမှ တဟွန်ဒမ်း၊ တအွန်ဒမ်း၊ ဂူဘားနှင့် မဒိန်းရွာများတွင်သာလျှင် ဗုဒ္ဓဘာသာရွာများ ရှိတော့သဖြင့် ဤရွာများသည် မြန်မာ့မြောက်ဖျားမှ ဗုဒ္ဓဘာသာခံတပ်ရွာများ ဖြစ်သည်ဟု တင်စားခေါ်ဆိုနိုင်ပါသည်။ ယခုဘာသာခြား သာသနာပြုတို့ အလွယ်တကူ ထိုးဖောက်၍မရသေးသော ကျေးရွာများလည်း ဖြစ်ကြသည်။

တိဗက်ရွာ လေးရွာအနက် တဟွန်ဒမ်းရွာတွင်သာ စေတီတော်ရှိပြီး ကျန်သုံးရွာတွင် မရှိသေး။ ထို့ကြောင့် ထိုရွာသားတို့သည် စေတီတော်တစ်ဆူစီ တည်ထားလိုသော ဆန္ဒရှိနေကြသည်။ ၂၀၁၅ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း တက္ကသိုလ်ခြေလျင် တောင်တက်အသင်းနှင့် သဘာဝခေါ်သံ တောင်တက်အဖွဲ့တို့က လူမှုရေး၊ ကျန်းမာရေး အထောက်ကူပြု ခရီးစဉ်တွင် တိဗက်ရွာများသို့ ရောက်ခိုက် အထက်ပါကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ရွာသုံးရွာတွင် စေတီတစ်ဆူစီ တည်ထားပေးခဲ့ပါသည်။ ဝေးလံခေါင်ဖျားသော ဒေသသို့ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်၍ ဘုရားတည်နိုင်ခဲ့ခြင်းကြောင့် တိဗက်ဗုဒ္ဓဘာသာဝင်တို့မှာ အထူးဝမ်းမြောက် ကြည်နူးခဲ့ကြသည်။

တဟွန်ဒမ်း၊ တအွန်ဒမ်း၊ ဂူဘား၊ မဒိန်း၊ လေးအိမ်တန်းရွာများသည် ဗုဒ္ဓဘာသာဝင် တိဗက်တို့၏ ရိုးရာယုံကြည်မှုအတိုင်း ဘုရားရှိခိုးတံခွန်အလံများကို မြောက်ပြန်လေနှင့်အတူ တလွင့်လွင့် လွှင့်ထူလျက် မြန်မာ့မြောက်ဖျားဒေသတွင် ငြိမ်းချမ်းသာယာစွာ ရပ်တည်လျက်ရှိကြပေပြီ။

မြန်မာနိုင်ငံသားလည်းဖြစ်၍ မြန်မာတို့နှင့် ဘာသာစကားအရ တစ်မျိုးနွယ်တည်းဖြစ်သော တိဗက်တို့၏ ချစ်စရာ၊ ခင်မင်စရာ၊ မြတ်နိုးစရာ၊ ရိုးရာဓလေ့ထုံးစံတို့သည် ခါကာဘိုရာဇီ တောင်ကြီးနှင့်အတူ ထာဝရခိုင်မာစွာ တည်တံ့နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။

စာကိုး - ဘာသာလောကကျမ်း (ဦးဖေမောင်တင်)၊ ခါကာဘိုခရီးသည် (ယိမ်းနွဲ့ပါး)၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၆ ခါကာဘိုဒေသခရီးကြမ်းအတွင်း ဒေသခံတို့နှင့် ဆွေးနွေးမေးမြန်းချက်များ။

to Zaw Myint Htay
# Photo credit to original owner

We would like to share the following Clinic & Hospital Information (Yangon/Mandalay) for COVID-19 RDT Test from Air Than...
16/02/2022

We would like to share the following Clinic & Hospital Information (Yangon/Mandalay) for COVID-19 RDT Test from Air Thanlwin.

14/02/2022

ပြည်တွင်းခရီးစဉ်များအားလုံးအတွက် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOH) နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်အရ ခရီးသည်များအနေဖြင့် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း RDT test kit ဖြင့် စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

MOH မှထုတ်ပြန်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များများကို ပုံတွင်ပါသည့် ကြေညာစာများမှတဆင့် ကြည့်ရှုဆောင်ရွက်နိုင်ပါသည်။

ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

𝐀𝐏𝐏𝐋𝐈𝐂𝐀𝐁𝐋𝐄 𝐅𝐎𝐑 𝐀𝐋𝐋 𝐃𝐎𝐌𝐄𝐒𝐓𝐈𝐂 𝐑𝐎𝐔𝐓𝐄𝐒: 𝐀𝐥𝐥 𝐩𝐚𝐬𝐬𝐞𝐧𝐠𝐞𝐫𝐬 𝐚𝐫𝐞 𝐬𝐮𝐛𝐣𝐞𝐜𝐭 𝐭𝐨 𝐩𝐫𝐞𝐬𝐞𝐧𝐭 𝐭𝐡𝐞 𝐦𝐚𝐧𝐝𝐚𝐭𝐨𝐫𝐲 𝐂𝐎𝐕𝐈𝐃-𝟏𝟗 𝐑𝐃𝐓 𝐓𝐞𝐬𝐭 𝐧𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐬𝐬𝐮𝐞𝐝 𝐧𝐨 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝟒𝟖 𝐡𝐨𝐮𝐫𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐝𝐞𝐩𝐚𝐫𝐭𝐮𝐫𝐞 𝐚𝐭 𝐭𝐡𝐞 𝐜𝐡𝐞𝐜𝐤-𝐢𝐧 𝐜𝐨𝐮𝐧𝐭𝐞𝐫, 𝐚𝐧𝐝 𝐨𝐧 𝐚𝐫𝐫𝐢𝐯𝐚𝐥 𝐚𝐭 𝐭𝐡𝐞 𝐟𝐢𝐧𝐚𝐥 𝐝𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐚𝐬 𝐩𝐞𝐫 𝐭𝐡𝐞 𝐠𝐮𝐢𝐝𝐚𝐧𝐜𝐞 𝐨𝐟 𝐌𝐎𝐇 𝐚𝐧𝐝 𝐨𝐭𝐡𝐞𝐫 𝐫𝐞𝐥𝐞𝐯𝐚𝐧𝐭 𝐚𝐮𝐭𝐡𝐨𝐫𝐢𝐭𝐢𝐞𝐬.

We suggest referring to the Standard Operation Procedure (SOP) for domestic flights by MOH as illustrated.

We appreciate your kind understanding and cooperation with the health workers, authorities and the airline. Thank you.





  လေကြောင်းလိုင်းဖြင့် ထားဝယ် ၊ မြိတ် ၊ ကော့သောင်းမြို့ များသို့ သွားရောက်မည်ဆိုပါက72 နာရီအတွင်း RDTဖြင့် ဆေးစစ်ခဲ့သည့် ...
10/02/2022



လေကြောင်းလိုင်းဖြင့် ထားဝယ် ၊ မြိတ် ၊ ကော့သောင်းမြို့ များသို့ သွားရောက်မည်ဆိုပါက
72 နာရီအတွင်း RDTဖြင့် ဆေးစစ်ခဲ့သည့် လက်မှတ်ပါရမည်။

Photo credit to original owner

တိမ်ပင်လယ်တွေ လှလိုက်တာ 😍
22/01/2022

တိမ်ပင်လယ်တွေ လှလိုက်တာ 😍

မယ်နုအုတ်ကျောင်းမဟာအောင်မြေဘုံစံ(မယ်နုအုတ်ကျောင်း)သမိုင်းကြောင်းစုဖုရားလတ်၏အဖွားလည်းဖြစ် မင်းညီမင်းသားများအားအစုလိုက်သုတ...
20/01/2022

မယ်နုအုတ်ကျောင်း
မဟာအောင်မြေဘုံစံ(မယ်နုအုတ်ကျောင်း)သမိုင်းကြောင်း

စုဖုရားလတ်၏အဖွားလည်းဖြစ် မင်းညီမင်းသားများအားအစုလိုက်သုတ်သင်ခဲ့သောဆင်ဖြူမရှင်၏မိခင်လည်းဖြစ်သူ သာမန်ဘဝမှမိဖုရားကြီးဖြစ်လာသည်အထိဘုန်းတန်ခိုးတက်ခဲ့သူ စိတ်ဆတ်သူမိဖုရားကြီးမယ်နုကပင် စိတ်ဝင်စားဖွယ်။

မဟာအောင်မြေဘုံစံကျောင်းတော်ကြီးကို၁၈၁၈တွင်ဘိုးတော်ဘုရား၏မိဖုရားနန်းမတော်မယ်နုမှ ညောင်ကန်တိုက်အုပ်ဆရာတော််ပုညာဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု အတွက်ရည်စူးဆောက်လုပ်စေခဲ့ပြီး၁၈၂၂တွင်ရေစက်ချလှူတန်းခဲ့သည်။
အင်းဝခေတ်လက်ရာမွန်ဖြစ်သညှ့်ဇေတဝန်ဆောင်နှင့် ပြသာဒ်ဆောင်ပါဝင်သည့်သစ်သားဘုန်းကြီးကျောင်းများပုံစံအတိုင်းအုတ်အင်္ဂတေတို့ဖြင့်တည်ဆောက်စေခဲ့သည်။မီးဘေးကိုခံနိုင်ရန်အင်္ဂတေဖြင့်တည်ဆောက်ခဲ့သည်ဟုအဆိုရှိသည်။ထိုခေတ်အခါသစ်သားကျောင်းဆောင်အများစုမှာမီးဘေးသင့်ပျက်စီးသဖြင့်မိဘုရားကြီးကသူမ၏ကောင်းမှူအဓွန့်ရှည်စေရန်အင်္ဂတေဖြင့်တည်ဆောက်စေခဲ့ဟန်ရှိသည်။အုတ်ကျောင်း ကြီးတွင်ကုန်းဘောင်ခေတ်နှောင်းမြန်မာ့ဗိသုကာလက်ရာမွန်ကိုမြင်တွေ့နိုင်သည်။

၁၈၃၈တွင်ငလျင်ဒဏ်ကြောင့်အင်းဝမြို့အပျက်အစီးများခဲ့ရာအုတ်ကျောင်းကြီးမှာလည်းအတော်ပျက်စီးခဲ့သည်။နှစ်ပေါင်းအတော်ကြာမှမိဘုရားကြီး၏သမီးတော် ဆင်ဖြူမရှင်(စုဖုရားလတ်၏မိခင်)မှပြန်လည်ပြင်ဆင်ခဲ့သည်။
မိဘုရားကြီးမယ်နုမှာသာမန်တောသူဘဝမှမွေးဖွားခဲ့သော်လည်းကံတရားကြောင့်မိဖုရားကြီးအဖြစ်စံစားခွင့်ရခဲ့သည်။မိဖုရား မယ်နုမှာ အာဏာထက်လှသည်။မြန်မာမင်းတို့၏ဓလေ့ထုံးတမ်းကိုပထမဆုံးချိုးဖောက်ခဲ့သူမှာမိဖုရားမယ်နုပင်။ညီလာခံရွှေပလ္လင်ထက်ရှင်ဘုရင်ကိုလက်ချိတ်ပြီးဖူးမြှော်ခံသည့်မိဖုရားကြီးမယ်နု၏လုပ်ရပ်မှာအများကိုအံ့အားသင့်စေခဲ့သည်။ထို့အပြင်မိမိ၏ပြိုင်ဖက်ဖြစ်လာမည့် ပန်းတောင်းမင်းသမီးလေးအား ကျွန်းသေတ္တာအတွင်းပိတ်သတ်ခဲ့သည့်မိဘုရားကြီး၏လုပ်ရပ်မှာကြက်သီးထဖွယ်ပင်။မိဖုရားကြီးမယ်နုမှာမိမိ၏အာဏာကိုထိပါးလာမည့်သူမှန်သမျှကိုသုတ်သင်ခဲ့သည်။ထိုခေတ်အခါက မန်းကျည်းရွက်နုနုဟုပင်ခေါ်ခွင့်မရှိလောက်အောင်အာဏာထက်ခဲ့သည်။
မိဖုရားကြီးမယ်နုကြောင့်အင်္ဂလိပ်တို့နှင့်နယ်စပ်ပြသနာတက်ကာပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ခဲ့ရသည်။နောက်ဆုံးမိဖုရားကြီးမှစစ်လျော်ကြေးတစ်ကုဋေလျော်ခဲ့ရသည်။မိဖုရားကြီးမှာနာမည်ဆိုးနှင့်ကျော်ကြားခဲ့သော်လည်းလှူဒါန်းခဲ့သည့်ကောင်းမှူများကတော့မနည်းလှပါ။မိဘုရားကြီး၏ကောင်းမှူများမှာ
(၁) အမရပူရ ပုထိုးတော်ကြီး
(၂) အင်းဝ နန်းတွင်း မှ အုတ်ကျောင်း
(၃)မဟာ သကျသီဟ ရုပ်ပွါးတော်
(၄)စစ်ကိုင်းမှ ရှင်ဖြူ ရှင်လှ စေတီနှင့် စောင်းတန်း
(၅)အမရပူရမှ ကြေးချိန် တစ်သိန်း ခေါင်းလောင်း
(၆)ဖလံခုံ ရွာ အနောက်တိုက် ဘုရားကြီး
(၇) ဗုဒ္ဓဂယာမှ မြန်မာ ဇရပ်တို့ပင်ဖြစ်သည်။
သို့သော်မိဖုရားကြီး၏ဘဝဇာတ်သိမ်းကမလှပခဲ့ပေ။နိုင်ငံတော်ပုန်ကန်မှူဖြစ်အပြီးသာယာဝတီမင်းနန်းတက်ကာ ဘုရင်နှင့်မိဘုရားကိုနေအိမ်အကျယ်ချုပ်မိန့်ချလိုက်သည်။
ထို့တိုင်မိဘုရားကြီးမှာအင်္ဂလိပ်တို့အားတိတ်တဆိတ်ဆက်သွယ်ခဲ့ပြီးအင်္ဂလိပ်တို့အလိုရှိသမျှပေးပါ့မည် သာယာဝတီမင်းအားလုပ်ကြံ၍မိမိ၏ခင်ပွန်းအားနန်းပြန်တင်ပေးပါရန်ဆက်သွယ်ခဲ့သည်။သာယာဝတီမင်းသိသောအခါမိဖုရားမယ်နုအားအရှင်လတ်လတ်ရေချသတ်ရန်အမိန့်ထုတ်ခဲ့သည်။

မိဖုရားကြီးမယ်နုကို ရေချရန် ခေါ်လာရာ ငိုရှိုက် လိုက်ပါလာသော သမီးတော်လေး(နောင်တွင် ဆင်ဖြူမရှင်)အား လမ်းတွင် ပုဂံမင်း၏ နှမတော်၊ မင်းတုန်းမင်း၏ မိဘုရားခေါင်ကြီးဖြစ်လာမည့် စကြာဒေဝီ မိဘုရားမှဆွဲယူကာ မွေးစားခဲ့ရလေသည်။ နောက်ဆုံးအနေဖြင့် မိဖုရားကြီးက မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ကို မြို့ဝန်နှင့် အာဏာပါးကွက်သားတို့အား ခွင့်တောင်းရာ ခွင့်ပြုလေသည် ။မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော်မှာ စာကြည့်နေခိုက်ဖြစ်၏။မယ်နုမှ ဆရာတော် အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဒ်မှ

"ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်" ဟုတစ်ခွန်းတည်းပြောလေသည်။
မိဖုရားကြီးမှာဦးချ၍မတုန်မလှူပ်အာဏာပါးကွက်သားတို့ခေါ်ဆောင်ရာတောင်သမန်အင်းသို့တည်ငြိမ်စွာလိုက်ပါသွားခဲ့သည်။ နောက်ဆုံးတွင်
မိဖုရားကြီးမယ်နုကို တောင်သမန်အင်း မယ်ဘယက်ကုန်းတွင် ကတ္တီပါအိတ်နီတွင်ထည့်၍အရှင်လတ်လတ်ရေချအဆုံးစီရင်လေသည်။

Credit to original writer
Credit

တောင်ယာစိုက်ခင်းနဲ့ အသက်ကို မွေးတယ် သွေးချင်းတို့မြေ ဒို့ရဲ့ ဓနုဌာနေ ❣️❣️
29/11/2021

တောင်ယာစိုက်ခင်းနဲ့ အသက်ကို မွေးတယ်

သွေးချင်းတို့မြေ ဒို့ရဲ့ ဓနုဌာနေ ❣️❣️

တန်ဆောင်မုန်းလပြည့် "သာမညဖလ" အခါတော်နေ့မှာ ခုနှစ်ရက်သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စု...
18/11/2021

တန်ဆောင်မုန်းလပြည့် "သာမညဖလ" အခါတော်နေ့မှာ ခုနှစ်ရက်သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး
လိုအင်ဆန္ဒများပြည့်ဝပါစေ ကြောင်း MGH Travel & Tours မိသားစု မှဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။🙏🙏🙏

Dawei & Myeik Flight ✈️Air KBZ ​မှ ​နေ့စဥ်ပြေးဆွဲမည့် ထားဝယ်နှင့် မြိတ် ခရီးစဥ်များကို November 19& 20 မှစတင်ပီး မင်မင်တ...
17/11/2021

Dawei & Myeik Flight ✈️

Air KBZ ​မှ ​နေ့စဥ်ပြေးဆွဲမည့် ထားဝယ်နှင့် မြိတ် ခရီးစဥ်များကို November 19& 20 မှစတင်ပီး
မင်မင်တို့ဆီမှာ ဝယ်ယူနိုင်ပါပြီရှင်

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက messenger or ဖုန်း မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်😍

MGH Travel & Tours
=============
☎ 0943177525, 09421036010, 095051464, 095404491


ပြည်တွင်းလေယာဉ်စီးမယ့် ခရီးသည်များအတွက် COVID 19 အခမဲ့စစ်ဆေး နိုင်မယ့်နေရာများပါ✈️✈️✈️Photo credit to owner
12/11/2021

ပြည်တွင်းလေယာဉ်စီးမယ့် ခရီးသည်များအတွက် COVID 19 အခမဲ့စစ်ဆေး နိုင်မယ့်နေရာများပါ✈️✈️✈️

Photo credit to owner

FYIDomestic Flight စီးမယ့် ခရီးသည်များ အတွက်ပါ။ Photo credit
11/11/2021

FYI

Domestic Flight စီးမယ့် ခရီးသည်များ အတွက်ပါ။

Photo credit

ရှမ်းခေါက်ဆွဲဆိုတာ ရှမ်းရှေ့/မြောက်/တောင်၊ မန်းလေး၊ရန်ကုန် စသဖြင့် နေရာဒေသပေါ်မူတည်ပီး အရသာ အမျိုးမျိုးပြောင်းလဲသွားကြရေ...
10/11/2021

ရှမ်းခေါက်ဆွဲဆိုတာ ရှမ်းရှေ့/မြောက်/တောင်၊ မန်းလေး၊ရန်ကုန် စသဖြင့် နေရာဒေသပေါ်မူတည်ပီး အရသာ အမျိုးမျိုးပြောင်းလဲသွားကြရော။

သေချာတာကတော့ နေရာဒေသအသီးသီးမှာ
ရှမ်းခေါက်ဆွဲအရသာအမျိုးမျိုးရှိနေပေမယ့်
ရှမ်းပြည်မှာ စားရတဲ့ ရှမ်းခေါက်ဆွဲလေး ကတော့
အကောင်းဆုံးပါပဲနော်🤩

မင်မင်ကတော့ ရာသီဥတုအေးအေးလေးမှာ
ရှမ်းပြည်က ရှမ်းခေါက်ဆွဲပူပူလေးကို
တို့ဟူးကြော်လေးနဲ့ သွားစားချင်နေပါပီ😋😋

သီတင်းကျွတ် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံပီး ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျပါစေ ဟု MGH Trave...
19/10/2021

သီတင်းကျွတ် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံပီး ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျပါစေ ဟု MGH Travel & Tours မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ 🙏🙏🙏

ချစ်တို့ရေ . . . Stay at Home နေရတာကြာပြီဆိုတာ့ မွန်းကြပ်နေပြီလား။အခုဆိုရင် အဝေးပြေးယာဉ်လိုင်း၊ ဟိုတယ်နဲ့ လေကြောင်းလိုင်...
08/10/2021

ချစ်တို့ရေ . . .
Stay at Home နေရတာကြာပြီဆိုတာ့ မွန်းကြပ်နေပြီလား။

အခုဆိုရင် အဝေးပြေးယာဉ်လိုင်း၊ ဟိုတယ်နဲ့ လေကြောင်းလိုင်းတစ်ချို့လည်း ပြန်လည်ပတ်နေပြီဆိုတော့ အထုပ်အပိုးပြင်ပြီး ခရီးထွက်ဖို့ အချိန်ကျပြီနော်🤩🤩🤩

ဒီလိုခရီးတွေသွားဖို့အတွက် …
✅ လေယာဉ်လက်မှတ်လား ? ✈
✅ ကားလက်မှတ်လား ? 🚍
✅ ဟိုတယ်ဘိုကင်လား ? 🏨
✅ Private ကားလေးနဲ့မှ သွားချင်လား ? 🚘

ဒါတွေအားလုံးဝန်ဆောင်မှုပေးဖို့ MGH Travel & Tours က အသင့်ရှိနေလို့ ဖုန်းလေးတစ်ချက်သာ ဆက်လိုက်နော် 🤗😉

MGH Travel & Tours
=============
☎ 0943177525, 09421036010, 095051464, 095404491

မဖြစ်မနေခရီးသွားဖို့ လိုအပ်နေတဲ့ဧည့်သည်တော်များအတွက်လေယာဉ်လက်မှတ်များ ဝယ်ယူရရှိနိုင်ပါတယ်ရှင့် ✈️✈️✈️Banking နဲ့လည်းပေးခ...
03/10/2021

မဖြစ်မနေခရီးသွားဖို့ လိုအပ်နေတဲ့
ဧည့်သည်တော်များအတွက်လေယာဉ်လက်မှတ်များ ဝယ်ယူရရှိနိုင်ပါတယ်ရှင့် ✈️✈️✈️

Banking နဲ့လည်းပေးချေလို့ရပါတယ်။

ထုံးစံအတိုင်းပဲ ကိုယ်သွားမယ့်နေရာနဲ့ သွားချင်တဲ့နေ့ကို ပြောလိုက်တာနဲ့ အချိန်မကုန် အလုပ်မရှုပ်ပဲ မင်မင်တို့က အစအဆုံး Booking ပြုလုပ်ပေးမှာဖြစ်လို့ လေယာဉ်လက်မှတ်ဝယ်မယ်ဆို လွယ်ကူသက်သာတဲ့ MGH ကိုသာ ဆက်သွယ်လိုက်နော် ။

လေယာဉ်လက်မှတ်များ စုံစမ်းဝယ်ယူလိုပါက Chat Box (သို့) အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🙏🙏

MGH Travel & Tours
===============
☎ 0943177525
☎ 09421036010
☎ 095051464
☎ 095404491

ဂုတ်တွင်းရှုခင်း 🌳
02/10/2021

ဂုတ်တွင်းရှုခင်း 🌳

ပုဂံ ❤️
05/09/2021

ပုဂံ ❤️

လေကြောင်းနဲ့ ခရီးသွားကြမယ့် ဘော်ဘော်တို့အတွက် MGH မှာ ပြည်တွင်းလေယာဉ်လက်မှတ်တွေ ပြန်ဝယ်လို့ရနေပါပြီနော်။ ထုံးစံအတိုင်းပဲ...
29/01/2021

လေကြောင်းနဲ့ ခရီးသွားကြမယ့် ဘော်ဘော်တို့အတွက် MGH မှာ ပြည်တွင်းလေယာဉ်လက်မှတ်တွေ ပြန်ဝယ်လို့ရနေပါပြီနော်။ ထုံးစံအတိုင်းပဲ ကိုယ်သွားမယ့်နေရာနဲ့ သွားချင်တဲ့နေ့ကို ပြောလိုက်တာနဲ့ အချိန်မကုန် အလုပ်မရှုပ်ပဲ မင်မင်တို့က အစအဆုံး Booking ပြုလုပ်ပေးမှာဖြစ်လို့ လေယာဉ်လက်မှတ်ဝယ်မယ်ဆို လွယ်ကူသက်သာတဲ့ MGH ကိုသာ ဆက်သွယ်လိုက်နော် ။

** လေယာဉ်စီးဖို့အတွက် ၃၆ နာရီအတွင်း ကိုဗစ်မရှိကြောင်း RDT Test စစ်ထားတဲ့ ထောက်ခံချက် လိုပါမယ် **

လေယာဉ်လက်မှတ်များ စုံစမ်းဝယ်ယူလိုပါက Chat Box (သို့) အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🙏🙏

MGH Travel & Tours
===============
☎ 0943177525
☎ 09421036010
☎ 095051464
☎ 095404491

ပြာသိုလပြည့်နေ့ ဒီနေ့မှာကျရောက်တဲ့ "အမေများနေ့" မှာ ဆပ်လို့မကုန်နိုင်အောင် ကျေးဇူးကြီးမားလှတဲ့ မေမေများအားလုံး အသက်ရှည်က...
27/01/2021

ပြာသိုလပြည့်နေ့ ဒီနေ့မှာကျရောက်တဲ့ "အမေများနေ့" မှာ ဆပ်လို့မကုန်နိုင်အောင် ကျေးဇူးကြီးမားလှတဲ့ မေမေများအားလုံး အသက်ရှည်ကျန်းမာပြီး၊ ပျော်ရွှင်သော မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ MGH Travel & Tours မှ ဆုတောင်းပေးလိုက်ပါတယ်နော် 🥰

🤩🤩🤩
11/01/2021

🤩🤩🤩

73rd Independence Day 🇲🇲၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား MGH Travel & Tou...
04/01/2021

73rd Independence Day 🇲🇲

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား MGH Travel & Tours မှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည် 🥳

နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၂၁ နှစ်သစ်ကို ကူးပြောင်းမယ့်အချိန်မှာ MGH Travel & Tours နဲ့အတူ ယုံကြည်စွာခရီးသွားခဲ့ကြတဲ့ ချစ်...
31/12/2020

နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၂၁ နှစ်သစ်ကို ကူးပြောင်းမယ့်အချိန်မှာ MGH Travel & Tours နဲ့အတူ ယုံကြည်စွာခရီးသွားခဲ့ကြတဲ့ ချစ်မိတ်ဆွေများ၊ Corporate ကုမ္ပဏီများနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း လာမည့်နှစ်သစ်မှာ ရောဂါဘယတွေ အမြန်ဆုံးကင်းစင်ပြီး၊ ချစ်ခင်သူတွေနဲ့ ခရီးတွေတစ်ပျော်ကြီး ထွက်ရပါစေလို့ MGH မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 🙏


&Tours

Merry Christmas ! 🎅MGH wishes you a wonderful holiday sparkles with moment of love and goodwill.
25/12/2020

Merry Christmas ! 🎅
MGH wishes you a wonderful holiday sparkles with moment of love and goodwill.

Address

No. 143, 1st Floor, 47 Th Street, Botahtaung Township
Yangon

Alerts

Be the first to know and let us send you an email when Myanmar Golden Horizon Travel and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Golden Horizon Travel and Tours:

Videos

Share