28/03/2022
အပြန်အလှန်လေးစားခြင်း🤝
ထူးချွန်တဲ့သူများဟာ လူတိုင်းကို
လေးစားဖို့ နားလည်ကြပါတယ်။
လုပ်ဖေါ်ကိုင်ဘက်ကိုလေးစားခြင်းဟာ
အလုပ်ကို ပိုမို အဆင်ပြေစေပါတယ်။
အောက်လက်ငယ်သားကို လေးစားခြင်းဟာ စီမံခန့်ခွဲမှုမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။
စားသုံးသူ ကိုလေးစားခြင်းဟာ အလုပ်ကို
ပိုမိုအောင်မြင်စေနိုင်ပါတယ်။
ပြိုင်ဘက်ကို လေးစားခြင်းဟာ သဘောထားကြီးခြင်းကို ပြသနိုင်ပါတယ်။
တော်တဲ့လူကို လေးစားခြင်းဟာ အသိအမှတ်ပြုခြင်းကြောင့်ဖြစ်တယ်။
အားနည်းသူကို လေးစားခြင်းဟာ
စိတ်ရင်းစေတနာကြောင့်ဖြစ်တယ်။
ဆရာသမားကို လေးစားခြင်းဟာ
ပညာတန်ဖိုးကြောင့်ဖြစ်တယ်။
နောင်မျိုးဆက်ကိုလေးစားခြင်းဟာ
လောကကို ပိုမိုကောင်းမွန်
စေချင်တာကြောင့်ဖြစ်တယ်။
မိသားစု၀င်ကို လေးစားခြင်းဟာ သာယာတဲ့ မိသားစုကို ပိုင်ဆိုင်လိုတာကြောင့် ဖြစ်တယ်။
ကျောင်းနေဘက်ကို လေးစားခြင်းဟာ ရေစက်ကို တန်ဖိုးထားလိုခြင်းကြောင့်
ဖြစ်တယ်။
လူတိုင်းကို လေးစားခြင်းဟာ
လူ့ကျင့်၀တ်ကြောင့်ဖြစ်ပါတယ်။
လူတိုင်း တဦးနှင့်တဦး
အပြန်အလှန်လေးစားနိုင်ကြပါစေ။
Credit