18/09/2016
ထိုင်းနိုင်ငံသို့ သွားလည်မဲ့ မြန်မာတွေ သိထားသင့်တဲ့ အချက်လေးတွေပါ ။
ထိုင်းနိုင်ငံသို့သွားလည်ရာတွင် ဆောင်ရန်/ရှောင်ရန်
===========================
✔ Taxi စီးတဲ့အခါ မှာ မီတာမဖွင့်ပဲ ဈေးပြောလျှင် မစီးပါနဲ့ ။ Tuk Tuk စီးလျင်လည်း ဈေးမေးပြီးမှစီးပါ ။ တချို့ Tuk Tuk များသည် သွားချင်သောနေရာသို့မရောက်မှီ လက်ဝတ်ရတနာဆိုင်တချို့ကို Free လိုက်ပို့ပေးမည် ။ ခဏပဲဝင်ကြည့်ပါ။ ပြီးလျှင် သွားလိုသောနေရာကိုလိုက်ပို့ပေးမည်ဆိုရင်မယုံပါနှင့်။ ဝင်ကြည့်ပြီးလို့ ဆိုင်မှ ထွက်တာ နှင့် အဲဒီငှါးလာတဲ့ Tuk Tuk သမားမရှိတော့ဘူး။ သူတို့ကို အဲလိုဆိုင်တစ်ချို့က ဝယ်သူရအောင် ကော်မရှင်ပေးပြီး လူခေါ်ခိုင်းတာဖြစ်လို့ပါ။
✔ ထိုင်းလူမျိုးများသည် သူတို့အချင်းချင်းရော နိုင်ငံခြားသားပါ တစ်ဦးနှင့် တစ်ဦးတွေ့လို့ နှုတ်ဆက်ရင် လက်အုပ်ချီပြီး "ဆဝါဒီခပ်" လို့ နှုတ်ဆက်ကြပါတယ် ။ (ခပ်အသံထွက်ကို အမျိုးသာ/း အမျိုးသမီး အလိုက် ပါးစပ် ဟ/ ပိတ် လုပ်ပြီးပြောရပါတယ် ) ဒါပေမဲ့ကိုယ်က မကျိန်းသေလို့ မသိရင်လဲ " ဆဝါဒီ " လို့ပဲ ပြန်နှုတ်ဆက်စကား ပြန်ပြောလို့ရပါတယ် ။
✔ မသွားဘူသောဆိုင်သို့သွားစားမိလျင် Menu တွင် ဈေးမရေးထားပါက ဈေးမေးဖို့ မရှက်ပါနဲ့။ တချို့ဆိုင်များတွင် အစားအသောက်မီနူးဘေးမှာ နံပါတ်တွေကို ဈေးနှုန်းလိုလို ထင်ယောင်ထင်မှား ရေးထားပြီး စားသောက်ပြီးပါက အဆမတန်ရှင်းရလေ့ရှိတတ်ပါတယ်။
✔ ထိုင်းမှာ နံနက်ပိုင်းနှင့် ညနေ အချိန်များတွင် လူစည်ကားရာ ဈေးများ ၊ ကျောင်းများ အစိုးရအဆောက်အဦးများ နှင့် အများသုံးနေရာ အချို့နှင့်အနီးအနားတွင်တွင် နိုင်ငံတော် သီချင်းဖွင့်၍ ထိုင်းအလံတော်အတင်အချလုပ်ချိန် နှင့်ကြုံပါက လူတိုင်း ရောက်သည့်နေရာ မှာငြိမ်ငြိမ်လေးရပ်ပြီး နေကြပါတယ်။ အကယ်လို့သီချင်းဖွင့်ချိန်တွင် သင်ရောက်နေခဲ့သော် မှတ်တပ်ရပ်ပြီးသာ နေလိုက်ပါ ။ ရုပ်ရှင်ရုံများတွင်လည်း သီချင်းဖွင့်ချိန်တွင် မတ်တပ်ရပ်ပေးလိုက်ပါ ။
✔ ထိုင်းဘုရင်နှင့် တော်ဝင်မိသားစုအကြောင်းကို သွားမပြော၊မမေးမိပါစေနှင့် ။ ထိုင်းနိုင်ငံတွင် သူတို့၏ ဘုရင်ကို တလေးတစား ကိုးကွယ်ရိုသေကြသည်။ ထိုင်းတွင် နိုင်ငံခြားသား နှင့် ထိုင်းအချို့ ဘုရင်ကို စော်ကားမိသော အပြုအမူ စကားပြောမိ၍ အကျဉ်းစခန်းများတွင် နှစ်ရှည်ထောင်ကျနေသူများရှိသည်။ ထိုင်းဥပဒေမှာလဲ ထိုပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ပြဌန်းချမှတ်ထားသည်။ ဖြစ်နိုင်ရင် ထိုင်းနိုင်ငံရေးနှင့် ပတ်သက်ပြီး မဆွေးနွေးပါနှင့် ။ သူတို့နိုင်ငံရေးမှာ နှစ်ဖက်အမြင်မတူကြတဲ့ အဝါ အနီ လူအုပ်စု၂ မျိုး ပြသနာရှိပါတယ် ။ မိသားစုထဲမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူကြပါဘူး။
✔ လမ်းလျှောက်နေရင်း တခါတလေ လမ်းမကြီးတွေမှာ VIP( Royal Family) ကား လမ်းကြောင်းဖြတ်သွားလေ့ရှိပါတယ် ။ သူတို့မလာခင်စပ်ကြားမှာ မတ်တပ်ရပ်ပြီး သူတို့ကားဖြတ်သွားချိန်ထိနေပေးပါ ။ အကယ်၍ ဒါကိုသတိမထားမိပဲ လမ်းလျှောက်မိပြီဆိုလျင် သင့်အနီးအနားက လမ်းပေါ်တာဝန်ကျ ရဲ သို့မဟုတ် အနီးအနားမှ ထိုင်းလူမျိုးများက သင့်ကို လမ်းလျှောက်တာရပ်ဖို့ သတိပေးပါလိမ့်မယ် ။
✔ လူစုလူဝေး အများသုံး ဘတ်စ်ကား ရထားပေါ်များတွင် အချင်းချင်းစကားပြောရာ နှင့် ဖုန်းပြောရာတို့တွင် စကားကျယ်ကျယ်မပြောမိပါစေါနှင့် ။ ထိုင်းလူမျိုးအများစုသည် လူစုလူဝေးနေရာများတွင် အချင်းချင်း စကားပြောချိန် ဖုန်းပြောချိန်တွင် တိုးတိုးသာသာပဲ ပြောလေ့ရှိလို့ပါ ။
✔ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများသည် သူတို့၏ ခေါင်းနှင့် ဆံပင်ကို ခွင့်မတောင်းပဲ ထိတာကိုင်တာမကြိုက်ပါ ။
✔ ထိုင်းနိုင်ငံမှာ လူအများထိုင်နေသော ရှေ့မှဖြတ်သွားလျင် ခါးလေးကိုင်းပြီး သွားတဲ့ ဓလေ့ရှိပါတယ်။
✔ ဘုန်းကြီးကျောင်း ဘုရားသို့သွားရာတွင် အမျိုးသမီးများ ဒူးအထက်ပေါ်သော စကတ် ဘောင်းဘီ ဝတ်မသွားပါနဲ့ ။
✔ လမ်းတွင်ဆွမ်းခံကြွနေသော ဘုန်းကြီးတွေ့လို့ ဆွမ်း၊မုန့် တစ်ခုခုကပ်ပြီးရင် ရောက်နေတဲ့နေရာမှာပဲ ဖိနပ်ချွတ် ဒူးထောက်ရှိခိုးတဲ့ ဓလေ့ရှိပြီး ဘုန်းကြီးမှ သာဓုခေါ်ဆုပေးပြီးမှ ထရပါတယ် ။
✔ ထိုင်းလူမျိုးအများစုသည် (Sabai Sabai) အေးအေးသက်သက်သာသာ နေတတ်သောဓလေ့ရှိသည့်အလျောက် သူတို့နှင့် အလုပ်လုပ်လျင် အလျင်စလို အတင်းအကျပ်ပြောဆိုခိုင်းလို့မရတတ်ပါဘူး ။ ဒါကသူတို့တွေ အကျင့်လိုဖြစ်နေလို့ပါ ။
✔ ကမ်းခြေရောက်လျင် (ပတ္တရားလို ကမ်းခြေမျိုး) မှာ jet ski ငှါးစီးတာလုပ်တော့မယ်ဆိုရင် သတိထားပါ ။ မစီခင် ငှါးစားတဲ့လူရှေ့မှာ ပဲ ဆေးမပွန်း မပျက်စီးဘူးဆိုတာ စစ်ပါ ။ ဖြစ်နိုင်လျင် အပြစ်အနာအဆာ တွေ့ရင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားပါ ။ သင်သတိမထားမိရင်တော့ ကမ်းပေါ်ရောက်တာနဲ့ သူတို့ jet ski နဂိုတည်းက ပွန်းပဲ့နေတာကို ပျက်စီးသွားတယ် ပြန်လျော်ဆိုပြီး လိမ်ပြီးပိုက်ဆံတောင်းတတ်ပါတယ် ။ ဒီလိုပြသနာမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။ သတိထားပါ
✔ အပြင်ထွက်လည်လို့ ပတ်စပို့စ် စာအုပ်မယူသွားချင်ရင် မိမိပုံပါတဲ့ ရှေ့မျက်နှာစာနှင့် ဗီဇာပါသော စာမျက်နှာကို မိတ္တူကူးပြီး ဆောင်သွားပါ ။ ထိုင်းမှာ ရဲတွေ နိုင်ငံခြားသားတွေကို ဗီဇာနဲ့ပတ်သက်ပြီး ခဏခဏစစ်ဆေးလေ့ရှိပါတယ်
✔ Pat Pong (ပတ်ပုံး)လိုနေရာမျိုး သို့မသွားပါနှင့်။ တားမရလို့သွားခဲ့ရင်လဲ ပင်ပေါင်ရှိုးတွေ တခြားရှိုးတွေဝင်မကြည့်ပါနှင့် အပြင်မှာပြောရင် တစ်ဈေး အထဲ ရောက်လျင် တစ်ဈေး အဆမတန်ပေးရတတ်သည်။
✔ နိုက်ကလပ် ဘားများသို့သွားလည်လို့ ထိုင်းအမျိုးသမီးများနှင့် မိတ်ဖွဲ့ပြောဆိုရင်းနှီးခဲ့ရင်လဲ သူတို့ခွင့်မပြုဘူးဆို ရင်လက်ကိုင်ခါးဖက်အတင်းသွားမလုပ်ပါနဲ့ ပြသာနာဖြစ်လေ့ဖြစ်ထရှိပါတယ် ။
✔ ပြသာနာ တစ်ခုခုဖြစ်လာလျင်လဲ မှားမှားမှန်မှန် ဒေါသရှေ့ထားပြီး ဝုန်းဒိုင်းမရှင်းပါနဲ့ ။ စိတ်အေးအေးထားပြီး ဖြေရှင်းပါ။ သူတို့နိုင်ငံမှာ ပြသာနာ တစ်ခုဖြစ် ရန်ဖြစ်ရင် စကားနဲ ရန်ဆဲဆိုသလို ကြီးတဲ့အမှုငယ်အောင် အတတ်နိုင်ဆုံးလုပ်ကြပါတယ် ။ ။စိတ်အရမ်းပူမိမှာစိုးလို့ပါ ။ဘယ်လိုမှရှင်းမရရင်တော့ ထိုင်း Tourist Police နံပတ် ၁၁၅၅ ကိုလှမ်းခေါ်ပြီး အကူအညီတောင်းနိုင်ပါတယ်
✔ မြန်မာ သံရုံး နှင့်ပတ်သက်သော ဖုန်းနံပတ် နဲ့ အသိထိုင်းမိတ်ဆွေ သို့မဟုတ် ထိုင်းစကား ပြောတက်သော မြန်မာတစ်ချို့ ဖုန်းနံပါတ်ကို သင့်ဖုန်းထဲတွင် မှတ်ထားပါ ။ အရေးအကြောင်း ကြုံ လျင် ဖုန်းခေါ်ပြီး အကူအညီတောင်းခံနိုင်ပါလိမ့်မယ်။
-----------------------------------------------------------------
✔ ✔ ✔ အထက်ပါ ဆောင်ရန် / ရှောင် ရန်များမှာ ကိုယ်တိုင်ကြုံတွေ့ ကြားခဲ့ မြင်ခဲ့ ရသော အကြောင်းများဖြစ်ပြီး လည်ပတ်သွားရောက်ဘူးသော မိတ်ဆွေ အချို့မှလဲ မိမိတို့ကြုံခဲ့သော ဆောင်ရန်/ရှောင် ရန် သတိထားရမဲ့ အကြောင်းအရာများရှိလျင်လဲ ကွန်မန့်မှာ ဝေမျှ ရေးသားပေးပါလို့ ဒါမှလဲ ကိုယ်တို့မြန်မာတွေ သွားလည်တဲ့ အချိန် သတိထားရအောင်လို့ပါ ။ ကျေးဇူးတင်ပါတယ် ခင်ဗျ ✔ ✔ ✔
***လေယာဉ်လက်မှတ်..ကစားကွင်းလက်မှတ်..ထိုင်း/ကမ္ဘောဒီးယား/ဗီယက်နမ်/ဘာလီ နှင့် အာဆီယံဒေသတွင်း ခရီးစဉ်များနှင့် ပတ်သက်၍ ဝန်ဆောင်မှုနှင့် ပေးလျက်ရှိပါသည်***
ဆက်သွယ်ရန်
=========
Happy Holidays Travel & Tours
#251, 37 လမ်း၊ အပေါ်ဆုံးဘလောက်၊ Ruby Market အနောက်ဘက် ကပ်လျက် မြေညီထပ်၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်။
Hotlines : 09 79 231 9930, 09 79 231 9931, 09 79 231 9932, 09 975 175 450
Viber : +959975175450
WeChat/LINE/Whatsapp/Skype : easyticketingmyanmar
အီးမေး : [email protected]