Marcopolo Travels & Tours

Marcopolo Travels & Tours A locally- owned excellent travel agency and tour operator in Myanmar that excels in providing sustainable unique travel services for our travellers .
(12)

Services Available:
* Package/FIT Tours
* Special Interest Tours
* Eco & Trekking Tours
* Wild Bird Watching Tours
* Bike Tours
* Hotel Reservation
* Air Ticketing (Domestic & International)
* Boat & Cruise Tickets
* Car Rental Service
* Tour Guide Service

26/02/2019
08/03/2016

Happy Women's Day..

ကရင်ပြည်နယ်ရှိ ဆဒ္ဒန်ဂူသို့ အလည်တစ်ခေါက်
08/03/2016

ကရင်ပြည်နယ်ရှိ ဆဒ္ဒန်ဂူသို့ အလည်တစ်ခေါက်

03/03/2016

Greetings from Marco Polo Travels and Tours!!
Being selected among the tour operators in Myanmar in the frame of the Netherlands government supported CBI program, we will be presenting “ecological tour programs and community-based tour programs.”
Come and visit us at ITB Berlin Trade Fair to explore more about Myanmar!
We will be at ***Hall 26.B, stand 230 ***from March 9-13.
Feel Free To Call!! “0049-173-8454-794”

Khin Ni Ni Soe @ Flora
Managing Director
MARCOPOLO TRAVELS & TOURS
Ph: +95-9-975550539
Fax: +951532467
Email: [email protected]
[email protected]
www.marcopolotoursmyanmar.com

ပျော်ရွှင်ဖွယ်ကော့သောင်းခရီးစဉ် (၃ည၊၄ရက်)Day 1) Yangon-Kawthaungရန်ကုန်မှမနက် ၇း၃၀လေယာဉ်ဖြင့် ထွက်ခွာပြီး ကော့သောင်းမြို့...
14/01/2016

ပျော်ရွှင်ဖွယ်ကော့သောင်းခရီးစဉ် (၃ည၊၄ရက်)

Day 1) Yangon-Kawthaung

ရန်ကုန်မှမနက် ၇း၃၀လေယာဉ်ဖြင့် ထွက်ခွာပြီး ကော့သောင်းမြို့သို့ မနက် ၁၀း၄၀တွင် ရောက်ရှိပါမည်။4*အဆင့်ရှိ Victoria Cliff Hotel တွင် Check in ၀င်ပါမည်။ကော့သောင်းမြို့ရှိ မလိဝမ်းရေတံခွန်တွင် နေ့လည်စာသုံးဆောင်ပြီး ပျော်ရွှင်စွာရေကစားကြပါမည်။ထို့နောက် Sightseeingအနေဖြင့် (ရေပူစမ်း၊ရွှေတောင်ဦးမိဘမဲ့ကျောင်း၊ရှမ်းကျောင်း၊နှီးဘုရားကြီး၊၅၅၅လုံးတောင်၊ဘုရင့်နောင်ကုန်းမြေ၊ပြည်တော်အေးစေတီတော်၊၀ီတိုရိယပွိုင့်၊ဆိပ်ကမ်းသာပန်းခြံ)စသည်ဖြင့် လည်ပတ်ပါမည်။Hotelတွင် ညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။

Day 2) Nyaun Oo Phee Island

Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် ညောင်ဦးဖီကျောင်းသို့ Sစeed boat ဖြင့် သွားရောက်ပါမည်။ပင်လယ်ရေအောက်ရှိ သဘာဝအလှအပများကို ခံစားနိုင်ရန် Snorkeling လုပ်ပါမည်။ညောင်ဦးဖီးကျောင်းပေါ်တွင် ပင်လယ်၏သဘာဝရှုခင်းများကို ခံစားရင်း နေ့လည်စာသုံးဆောင်ကြပါမည်။ညနေတွင် Hotelသို့ပြန်ကာ ညစာသုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။

Day 3) Yadana -Salone-Rich Man Island

Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် ရတနာကျွန်း၊ဆလုံကျွန်း၊သူဌေးကျွန်းများသို့ Speed boatများဖြင့် သွားရောက်လည်ပတ်ပါမည်။ကျွန်းပေါ်ရှိ တောတောင်ရေမြေသဘာဝလှအပ ရှုခင်းများကို တောလမ်းများအတိုင်း ကြည့်ရှုခံစားပါမည်။ထိုနောက် သူဌေးကျွန်းရှိ Grand Andaman Club Hotelတွင် လှည့်လည်ကြည့်ရှုပြီးနောက် ညစာသုံးဆောင်ကြပါမည်။ထို့နောက် Victoria Cliff Hotelသို့ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 4) Ranaung-Kawthaung-Yangon
Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် ရနောင်းမြို့သို့ထွက်ခွာပါမည်။ရနောင်းမြို့တွင် Sightseeingအနေဖြင့် (ရေပူစမ်း၊မီးမလောင်ကျောင်း၊ဘုရင့်နန်းတော်ဟောင်း၊ဘေးမဲ့ငါးကန်)သို့ လည်ပတ်ကြပါမည်။နေ့လည်စာကို ရနောင်းမြို့ရှိ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Tesco Shopping Mallတွင် ဈေးဝယ်ထွက်ပါမည်။ညနေတွင်ကော့သောင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ညနေ၄း၅၅တွင် ကော့သောင်းမြို့မှ လေယာဉ်ဖြင့် ထွက်ခွာပြီး ရန်ကုန်သို့ ည၇း၃၀တွင် ရောက်ရှိကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

18/09/2015
အောက်တိုဘာ အထူး ခရီးစဉ်
15/09/2015

အောက်တိုဘာ အထူး ခရီးစဉ်

Japan for October beautiful holiday!!!
09/09/2015

Japan for October beautiful holiday!!!

"Yoke-Sone-Kyaung" (Salay Monastery) : A cultural heritage site in Salay
07/09/2015

"Yoke-Sone-Kyaung" (Salay Monastery) : A cultural heritage site in Salay

Cambodia Trip (3N/4D)Day  1 ) Yangon Interneational Airport မှတဆင့် Cambodiaနိုင်ငံ Siem Reap လေဆိပ်သို့ ထွက်ခွါ      ပါ...
29/08/2015

Cambodia Trip (3N/4D)

Day 1 ) Yangon Interneational Airport မှတဆင့် Cambodiaနိုင်ငံ Siem Reap လေဆိပ်သို့ ထွက်ခွါ ပါမည်။Airport တွင် ဒေသခံဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီးHotel သို့ပို့ဆောင်ပေးကာhotel တွင် တစ်ညတာအိပ်စက်အနားယူပါမည်။

Day 2) Siem Reap – Angkor Thom – Ta Prohm – Angkor Wat (B,L,D)
Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သော AngkorThom သို့သွားရောက်ကာထင်ရှားကျော်ကြားသည့်နေရာ များဖြစ်သောSouth Gate of Angkor Thom ၊ Bayon Temple Complex ၊ Terraces of Elephants ၊ Terrace of L***r King and Former Royal Palace စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။နေ့လည်ပိုင်းတွင် Ta Prohm Temple သို့ဆက် လက်ထွက်ခွါပါ မည်။ထိုမှတဆင့်Angkor Wat Temple နှင့်Angkor Wat Area အတွင်းရှိBakeng Hall သို့သွားရောက်ကာနေဝင်ချိန် Angkor Wat အလှကို ကြည့်ရှုခံစားနိုင်ပါသည်။ညစာသုံးဆောင်ပြီးနောက် Cambodia ၏ ယဉ်ကျေးမှုပဒေသာ အကပြပကိုကြည့်ရှု ပါမည်။Hotel တွင်အိပ်စက်အနားယူပါမည်။



Day3) Siem Reap (B,L,D)
Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် Siem Reap ၏တောင်ပိုင်း 12km ခန့်ဝေးသော ရေပေါ်ရွာသို့ သွားရောက်လည်ပတ်ကြပါမည်။ထို့နောက်Cambodia ၏လှပသာယာသော Tonle Sap Lake တွင်လှေစီးကာ သဘာဝရှုခင်းများကို ကြည့်ရှုခံစားကြပါမည်။ထို့နောက် မြို့လယ်ခေါင်ရှိ Artisans Dangkor သို့ဆက်လက် လည်ပတ်ပါမည်။နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တစ်ခုတွင်သုံးဆောင်ပါမည်။ပြီးလျှင်Cabodia Culture Village သို့သွားရေက်လည်ပတ်ပါမည်။ညစာကိုဒေသခံစားသောက်ဆိုင်တစ်ခုတွင်သုံးဆောင်ပြီး hotel တွင် အိပ်စက်အနားယူပါမည်။

Day 4)Siem Reap Departure (B)
Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် မိမိတို့စိတ်ကြိုက်ကိုယ်ပိုင်ချိန်ဈေးဝယ်ထွက်နိုင်ပါမည်။ထို့နောက် Flight Time ပေါ်မူတည်၍ Airport သို့ပို့ဆောင်ကာYangon သို့ပြန်လည်ထွက်ခွါပါမည်။

ပျော်ရွှင်ဖွယ် အီတလီ - ပြင်သစ်အထူးခရီးစဉ်(၁၁ည/၁၂ရက်)Day 1 )  Departure From Yangon                ရန်ကုန်မြို့ မင်္ဂလာဒုံအြ...
22/08/2015

ပျော်ရွှင်ဖွယ် အီတလီ - ပြင်သစ်အထူးခရီးစဉ်(၁၁ည/၁၂ရက်)

Day 1 ) Departure From Yangon ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွါပြီး ပျော်ရွှင်ဖွယ် အီတလီအထူးခရီးစဉ်ကို အစပြုပါမည်။
Day 2) Milan (Half day Visit)
နံနက်အချိန်တွင်ကမ္ဘာ့Fashion မြို့တော်များတွင်တစ်ခုအပါအဝင် ဖြစ်သော Milanဖက်ရှင်မြို့တော်ကို ရောက်ရှိမည်ဖြစ်ပါသည်။Hotel တွင် Check in ပြုလုပ်ပြီးခဏတာအနားယူပါမည်။နေ့လည်ပိုင်းတွင် လှပသောမီလန်မြို့၏ အထင်ကရနေရာများသို့လှည့်လည်ကြည့်ရှုကြရင်း ဥရောပတွင်စတုတ္ထ အကြီးဆုံးဖြစ်သော Milan မီလန်မြို့၏ ကျက်သရေဆောင် Duomo Cathedral ဘုရားကျောင်းကြီး ကို လေ့လာ ရှုစားရင်း ၁၂ရာစု အတွင်းအလွန်ခေတ်စားကျော်ကြားခဲ့သောGothic Architecture (Gothic ဗိသုကာ လက်ရာများ) ကိုပါ လေ့လာနိုင်ကြ ပါမည်။ လှည့်လည်ကြည့်ရှူပြီးလျင် ဟိုတယ်သို့ ပြန်ကာအနားယူကြပါမည် ။

Day 3) Milan – Bologna
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Bologna မြို့ သို့သွားရောက် လည်ပတ်ကြပါမည်။ Bologna မြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများ၊ Piazza Maggiore ၊ Piazza del Nettuno ရှိ Neptune Fountain ၊ San Petronio , Santo Stefano စသည့် သမိုင်းဝင်ခရစ်ယာန် ဘုရာကျောင်းများ၊ Archeological Museum နှင့် Due Torri (မျှော်စင်ညီနောင်) စသည့် စိတ်ဝင်စားဖွယ် နေရာများကို လေ့လာကြပါမည်။ညနေပိုင်းတွင်Milan မြို့သို့ပြန်လာပါမည်။ညစာစားပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 4) Milan – Verona – Milan
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာကျော်အချစ်သူရဲကောင်း ရိုမီရို နှင့် ဂျူးလီးယက် တို့၏ အထင်ကရမြို့တော် Verona သို့သွားရောက် လည်ပတ်ကြပါမည်။ထို့နောက်ဆက်လက်ထွက်ခွါကာဂျူးလီးယက်၏ သချိုင်္င်း နှင့် ရိုမီယို၏နေအိမ် သို့ သွားရောက်လည်ပတ်ပါမည်။ ပြီးလျင်ပြဇာတ် အဆောက်အအုံသို့ ဝင်ရောက် ကြည့်ရှုပြီး Milan သို့ပြန်ကာ Hotel တွင်အနားယူ အိပ်စက်ပါမည်။

Day 5 ) Milan – Venice – Florance
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဥရောပတို့ ၏ အလှတကာ ထွတ်ခေါင်ဟုတင်စားခြင်းခံရသောဗင်းနစ်မြို့ သို့ပျော်ပျော်ပါးပါးလည်ပတ် ကြပါမည်။ဗင်းနစ်မြို့၏ Gondola ဟု ခေါ်သောအီတလီရိုးရာလှေဖြင့် ဗင်းနစ်တူးမြောင်းထဲတွင်လှည့်ပတ်စီးနင်းပြီး ဗင်းနစ်မြို့ အလှကိုခံစား ကြည့်ရှူကြပါမည်။ထို့နောက်အလယ်ခေတ်ဥရောပတိုက်၏ကုန်သွယ်ရေး နှင့်ကူသန်းရောင်းဝယ်ရေး၏အချက်အချာဒေသတစ်ခုသာမကစီးပွားရေးအရ ထိုခေတ်အချိန်အခါကချမ်းသာကြွယ်ဝဆုံးသော ထင်ရှား ကျော်ကြား လှသည့် Florance မြို့သို့ သွားရောက်လည်ပတ်ကြပါမည်။Florance မြို့၏အလှအပများကိုလှည့်လည်ရှုစားကြပြီးနောက် Florance ရှိ ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 6) Florance – San Marino – Perugia – Roma

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်Florance မြို့မှ ခရီးဆက်လက် ထွက်ခွါလာပြီး အီတလီကျွန်းဆွယ်ရှိSan Marino ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံ လေးသို့ရောက်ရှိပါမည်။San Marino ရှိထင်ရှားလှပသောသမိုင်းဝင်ခရစ်ယာန် ဘုရားကျောင်းများနှင့်အခြားသမိုင်းဝင်နေရာများသို့သွားရောက်လည်ပတ်ြက ပြီးထိုမှတဆင့် အီတလီနိုင်ငံအလယ်ပိုင်းရှိ Perugia တောင်ပေါ်မြို့သို့ ခရီးဆက်ကြပါမည်။ Perugia တောင်ပေါ်မြို့ရှိ ၁၃၀၈ ခုနှစ်တွင်စတင် တည်ထောင်ထားသည့် နာမည်ကျော်ကြားလှသော University of Perugia နှင့် ရှေးဟောင်းသမိုင်ဝင် အဆောက်


အဦးများ၊ ၄င်းတို့၏ စိတ်ဝင်စားဖွယ် ဗိသုကာလက်ရာများကို လေ့လာကြပါမည်။ထို့နောက်Rome မြို့သို့ခရီးဆက်ကာ Hotel တွင် Check in ပြုလုပ်ပြီးအိပ်စက်အနားယူပါမည်။

Day 7) Rome
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ရှူမဆုံးသောရောမမြို့ အနှံ့ လည်ပတ်ကြပါမည်။
ရောမမြို့၏အထင်ကရနေရာများဖြစ်သော Rome မြိှု့၌ အကြီးဆုံးဖြစ်ရုံသာမက ကမ္ဘာပေါ်ရှိ အထင်ပေါ် ကျော်ကြားဆုံးရေပန်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်သောTreviFountain ( Fontana di Trevi) ၊ ရောမမြို့လယ်ရှိ Colosseum ရှေးဟောင်းလူသတ်ကွင်း ၊ ရေပန်းများ၊ ရှေးဟောင်းအီဂျစ်ကျောက်တိုင်ကြီးများ နှင့် တန်ဆာဆင်ထားပြီး ကမ္ဘာလှည့်ခရီးသွားများ၏ အသည်းစွဲရာPiazza Navona ၊Trinità dei Monti ရှိ သမိုင်း ဝင် ခရစ်ယာန် ဘုရားကျောင်းများနှင့် Spanish Steps ကိုလေ့လာရင်း ဥရောပ၏အနုပညာ လက်ရာ များကို ရင်သပ်ရှူမောစရာတွေ့ မြင်ကြရမှာဖြစ်ပါတယ်။ညနေစောင်းအချိန်တွင်ရောမမြို ၏လွမ်းမောစရာနေဝင်ချိန်အလှကိုခံစားရင်းဈေးဝယ်ထွက်ကြပါမည်။
ပြီးလျှင်ဟိုတယ်သို့ ပြန်ကာအိပ်စက်အနားယူပါမည် ။

Day 8) Vatican City ( General Audience of Pope)
နံနက်စောစောဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျင်မာကိုပိုလိုခရီးသွားချစ်သူများခရစ်ယာန်သာသနာ၏ အထွဋ်အခေါင် ဖြစ်သော ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဥရောပ၏ အသေးဆုံးနိုင်ငံဖြစ်သောဗာတီကန်မြို့တော်သို့ သွားရောက်လည်ပတ်ကြပါမည် ။ ဥရောပ၏အကျော်ကြားဆုံးပန်းပုပညာရှင်များဧ။်အနုပညာလက်ရာများကို ကြည့် ရှူပြီး စိန့် ပီတာရင်ပြင်သို့ သွားရောက် လေ့လာကာ ပုပ်ရဟန်းမင်းကြီး၏ သြဝါဒ မိန့်ခွန်း မြွက်ကြားသည့် General Audience of Pope ကိုပါဝင်ဆင်နွှဲကြပါမည်။ ပြီးလျှင်ဟိုတယ်သို့ပြန်ကာ ခေတ္တခဏအနားယူပြီး ပြင်သစ်နိုင်ငံ Paris မြို့သို့ခရီးဆက်ရန်ပြင်ဆင်ကြပါမည်။ Romeမြို့ တော်ကြီးမှ ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ် သို့ တဆင့် ထွက်ခွာမည်ဖြစ်သည် ။


Day 9 ) Paris Arrival & Half Day Visit

ကမ္ဘာ့နာမည်ကြီးFashion မြို့တော်တစ်ခုဖြစ်သော ပြင်သစ်နိုင်ငံ Paris မြို့သို့ ရောက်ရှိပါမည်။Hotel တွင် Check in လုပ်ကာ ခေတ္တ ခဏ အနားယူကြပါမည်။ ညနေပိုင်းတွင် Fashionမြို့တော်Paris မြို့၏ အလှအပများကို လှည့်လည်ကြည့်ရှု ကြပါမည်။ ဟိုတယ်သို့ ပြန်ကာအိပ်စက်အနားယူပါမည် ။

Day 10 ) Paris
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ရှူမဆုံးပဲရစ်မြို့ အနှံ့ သွားရောက် လည်ပတ်ပါမည်။ပဲရစ်မြို့တော်၏ကမ္ဘာကျော်ပြတိုက်တခုဖြစ်သောLouvre ပြတိုက်သို့သွား ရောက်လည်ပတ်ပါမည် ။ ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူ ပါမည် ။

Day 11 ) Paris – Yangon ( Departure )
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်ကြပါမည်။

Day 12) Yangon ခရီးသွားချစ်သူများရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိပြီးပျော်ရွှင်ဖွယ် အီတလီ - ပြင်သစ် အထူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးမည်ဖြစ်ပါသည်။။

Tokyo – Fuji – Disneyland ( 3N/5D)Day 1) ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Nội Bài Intern...
19/08/2015

Tokyo – Fuji – Disneyland ( 3N/5D)
Day 1) ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Nội Bài International Airport in Hanoi သို့ထွက်ခွါပါမည်။ ထိုမှတဆင့် ဂျပန်နိုင်ငံ Narita International Airportသို့ ဆက်လက် ထွက်ခွါပါမည်။

Day 2) နံနက်စောစောအချိန်တွင်ဂျပန်နိုင်ငံNarita International Airport သို့ ရောက်ရှိ ပါမည်။ ထိုမှတဆင့် Kamakura မြို့သို့ ကားဖြင့် ခရီးဆက်ကြ ပါမည်။နေ့လည်စာကိုဒေသခံစားသောက် ဆိုင်တစ်ခုတွင် သုံးဆောင်ကြပါမည်။ ထို့နောက်Kamakura ၏ အထင်ကရ နေရာ များကိုသွားရောက်လေ့လာလည်ပတ်ကြပါ မည်။ ညစာကို ဒေသခံ စားသောက်ဆိုင်တစ်ခုတွင်သုံးဆောင် ပြီး Kamakura ရှိ Hotel တွင် တစ်ညတာ အိပ်စက်အနားယူကြ ပါမည်။

Day 3) ဟိုတယ် တွင်နံနက်စာသုံးဆောင်ပြီး နောက် ဂျပန်နိုင်ငံ၏အမြင့်ဆုံးတောင်ဖြစ်သော အလွန်လှပကျော်ကြားလှသော ဖူဂျီတောင် (Mt.Fuji) သို့လည်ပတ်ရန် ထွက်ခွါကြပါမည်။ Mt.Fuji ၏ 5th Station အထိလည်ပတ်ကြပြီး နေ့လည်စာသုံးဆောင်ရန်အတွက် ဒေသခံ စားသောက်ဆိုင် သို့သွားရောက်ကြပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် Gotemba Outlet Shopping Center သို့ပျော်ရွှင်စွာ ဈေးဝယ် ထွက်ကြပါမည်။ ဈေးဝယ်ပြီးလျှင် Kawaguchi Lake သို့လည်ပတ်ကြပါမည်။ထို့နောက် Oshino Hakkai Sea Village သို့ဆက်လက်လည်ပတ်ကြပါမည်။ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 4) ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tokyo မြို့၏ နာမည်ကျော် အထင်ကရနေရာများသို့ တစ်နေ့တာ အချိန်ယူကာ တပျော်တပါး လည်ပတ် ကြပါမည်။Tokyo မြို့၏ နာမည်ကျော် Disneyland တွင် သွားရောက်လည်ပတ် ကြပါမည်။ညစာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး hotel တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 5 ) ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် မြန်မာပြည်သို့ပြန်လာရန်အတွက် Narita International Airport သို့ပို့ဆောင်ပေးပါမည်။ Narita International Airport မှတဆင့် Nội Bài International Airport in Hanoi သို့ ထွက်ခွါ ပါမည်။ထိုမှတဆင့်ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကာ ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။

ဈေးနှုန်းတစ်ဦးလျှင် USD 1,960 ( ၁၅ယောက်နှင့်အထက်)
ထွက်ခွါမည့်နေ့ရက်များ
၂၈အောက်တိုဘာ ၂၀၁၅
( ၃၀ သြဂုတ် ၂၀၁၅ ရက်နေ့မတိုင်မီစာရင်းပေးသွင်းပါက အထူးဈေးနှုန်း များရှိပါသည်)
၂၅ နိုဝင်ဘာ ၂၀၁၅
(၃၀ စက်တင်ဘာ၂၀၁၅ ရက်နေ့မတိုင်မီစာရင်းပေးသွင်းပါက အထူးဈေးနှုန်း များရှိပါသည်)

ခရီးစဉ်တွင်ပါဝင်သည့်ဝန်ဆောင်မှုများ
ဟိုဟယ်နှင့်တည်းခိုစားရိတ်များ ( 3*** Hotel ) နှစ်ယောက်လျှင်တစ်ခန်းနှုန်းဖြစ်ပါသည်။
ခရီးစဉ်တွင်ပါဝင်သည့် အစားအသောက်များ ( မနက်စာ၊နေ့လည်စာ၊ညစာ)
ခရီးစဉ်တွင် ပါဝင်သည့်လည်ပတ်မှုများ၊ အကြိုအပို့များနှင့်ဝင်ကြေးများ
Visa
အသွားအပြန်လေယာဉ်လက်မှတ်များ ( Return Ticket)
English Speaking Guide
မြန်မာ Tour Leader

ခရီးစဉ်တွင်မပါဝင်သည့်ဝန်ဆောင်မှုများ
ကိုယ်ရေးကိုယ်တာအသုံးစားရိတ်များနှင့် အစားအသောက်များ ( personal expense and drink)
ခရီးစဉ်တွင် မပါဝင်သည့်လည်ပတ်မှုများ၊ အကြိုအပို့များနှင့်ဝင်ကြေးများ

For more information:
MARCOPOLO TRAVELS & TOURS CO., LTD.
အမှတ်(၈၇)၊တတိယထပ်(ဘယ်)၊အင်းစိန်လမ်းမကြီး၊စံရိပ်ငြိမ်၊ကမာရွတ်မြို့ နယ်၊ရန်ကုန်။
Ph/ Fax: 532467, 09 73037255, 09 73097578, 09 5019735, 09 420061500, 09 49240231
E-mail: [email protected]

သီတင်းကျွတ်ကျောင်းပိတ်ရက် Singapore ခရီးစဉ် ၄ ရက်/၃ ညDay 1 ) Yangon –Singapore (D)ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့်စက...
15/08/2015

သီတင်းကျွတ်ကျောင်းပိတ်ရက် Singapore ခရီးစဉ် ၄ ရက်/၃ ည

Day 1 ) Yangon –Singapore (D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့်စင်္ကာပူနိုင်ငံသို့ထွက်ခွာပါမည်။ဒေသခံဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီးဟိုတယ်သို့ပို့ဆောင်ကာ ခဏတာအနားယူပါမည်။Gardens by the bay နှင့်MBS Sky Park သို့ သွားရောက်လည်ပတ်ပါမည်။ညစာကိုဒေသစားသောက်ဆိုင်တွင် တည်းခင်းဧည့်ခံပါမည်။ထို့နောက်ဟိုတယ်သို့ ပြန်ကာတစ်ညတာ အိပ်စက်အနားယူပါမည်။

Day 2 ) Singapore (B,L,D)
ဟိုတယ်တွင်မနက်စာသုံးဆောင်ပါမည်။ပြီးနောက်Universal Stuido သို့သွားရောက်လည်ပတ်ကာ ခေတ်မှီသောကစားစရာမျိုးစုံတို့ဖြင့် သင့်စိတ်ကြိုက်တနေ့တာကစားနိုင်ပါသည်။ ထို့နောက်ညစာကိုဒေသခံစားသောက်ဆိုင်တွင်တည်းခင်းဧည့်ခံပါမည်။ ထို့နောက်ဟိုတယ်သို့ ပြန်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။

Day 3 ) Singapore (B,L,D)
ဟိုတယ်တွင်မနက်စာစားသုံးပြီးနောက်ဟိုတယ်မှတဆင့် Jurong Park သို့သွားရောက်လည်ပတ်ကာ အရောင်အသွေးစုံလင်သောငှက်များကို သွားရောက်ကြည့်ရှုနိုင်ပါသည်။Hotel သို့ပို့ဆောင်ကာခဏတာအနားယူ ပါမည်။ ဟိုတယ်မှတဆင့်SANTOSAသို့သွား ရောက်လည်ပတ်ကာ UnderWorldနှင့်Songs Of The Sea Show စသည့်နေရာများသို့ လည်ပတ်ပါမည်။ညစာကိုSantosa ရှိLocalRestaurantတစ်ခုတွင် တည့်ခင်းဧည့်ခံပါမည်။ ထို့နောက်ဟိုတယ်သို့ပြန်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။

Day 4 ) Singapore – Yangon (B/ L)
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက်စင်္ကာပူနိုင်ငံ၏လှပသောBotanicalGardenသို့သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် Padang သို့ထွက်ခွာကာလမ်းတလျှောက်ရှိ Cricket Club, Parliament House နှင့် Supreme Cort သို.ထွက်ခွာကာ Thian Hock Keng Temple, Qualitas Factory နှင့် MtFabex,Marlion တို့ကိုသွားရောက်လည်ပတ်ကာအမှတ်တရဓါတ်ပုံများရိုက်ယူနိုင်ပါသည်။
နေ့လည်စာကိုဒေသခံ စားသောက်ဆိုင်တစ်ခုခုတွင်စားသုံးပါမည်။ ထို့နောက်စင်္ကာပူ လေဆိပ်သို့ပို့ဆောင်ကာ ထိုမှတဆင့်ရန်ကုန်သို့ပြန်လည်ရောက်ရှိပြီးပျော်ရွှင်ဖွယ်ရာစင်္ကာပူခရီးစဉ်ပြီးဆုံးပါမည်။

ဈေးနှုန်းတစ်ဦးလျှင် USD 770 ( လူဦးရေ ၁၅ယောက်)
*၁၅ယောက်ပြည့်လျှင်တစ်ဦး အခမဲ့(၁၅+၁=၁၆ )

အထက်ပါဈေးနှုန်းမှာ အောက်တိုဘာ ၂၀၁၅ အထိသာဖြစ်ပါသည်

ခရီးစဉ်တွင်ပါဝင်သောအရာများ
3 Star Hotel ( twin sharing room )
AirPort-Hotel- AirPort သို.ပို.ဆောင်မှုစရိတ်
ခရီးစဉ်တွင်ပါဝင်သည့်အတိုင်း (B,L,D)
ခရီးစဉ်တွင်ပါဝင်သည့်အတိုင်းဝင်ကြေးများ -English Speaking Guide
အသွားအပြန်လေယာဉ်လက်မှတ်/Visa
ခရီးစဉ်တွင်မပါဝင်သောအရာများ

ခရီးစဉ်တွင်မပါဝင်သောလည်ပတ်မှုများ
အချိုရည်နှင့်ခရီးစဉ်တွင်မပါဝင်သောအစားအသောက်များ
ကိုယ်ရေးကိုယ်တာအသုံးစရိတ်များ

Osaka – Kyoto – Fuji – Tokyo  (4Nights/6Days)Day 1) ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Nội...
13/08/2015

Osaka – Kyoto – Fuji – Tokyo (4Nights/6Days)

Day 1) ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Nội Bài International Airport in Hanoi သို့ထွက်ခွါပါမည်။ ထိုမှတဆင့် ဂျပန်နိုင်ငံ Kansai International Airport သို့ ဆက်လက် ထွက်ခွါပါမည်။

Day 2) နံနက်စောစောအချိန်တွင်ဂျပန်နိုင်ငံ Kansai International Airport သို့ ရောက်ရှိ ပါမည်။ ထိုမှတဆင့် Kyoto မြို့သို့ ကားဖြင့် ခရီးဆက်ကြ ပါမည်။Kyoto ၏ အထင်ကရ နေရာများဖြစ်သော Kiyomizu temple နှင့် Kinkaku temple များကိုသွားရောက်လေ့လာ လည်ပတ်ကြပါမည်။ နေ့လည်စာကို ဒေသခံစား သောက်ဆိုင်တစ်ခုတွင် သုံးဆောင်ကြပါမည်။ ထို့နောက် Hamamatsu မြို့ သို့ သွားရောက် လည်ပတ်ကြပါမည်။ညစာကို ဒေသခံ စားသောက်ဆိုင်တစ်ခုတွင်သုံးဆောင်ပြီး Hamamatsu ရှိ Hotel တွင် တစ်ညတာ အိပ်စက် အနားယူကြပါမည်။

Day 3) ဟိုတယ် တွင်နံနက်စာသုံးဆောင်ပြီး နောက် ဂျပန်နိုင်ငံ၏အမြင့်ဆုံးတောင်ဖြစ်သော အလွန်လှပကျော်ကြား လှသော ဖူဂျီတောင် (Mt.Fuji) သို့လည်ပတ်ရန် ထွက်ခွါကြ ပါမည်။ Mt.Fuji ၏ 5th Station အထိလည်ပတ်ကြပြီး နေ့လည်စာသုံးဆောင်ရန်အတွက် ဒေသခံစားသောက်ဆိုင် (Local restaurant) သို့သွားရောက်ကြပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် Gotemba Outlet Shopping Center သို့ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ဈေးဝယ်ပြီးလျှင် Ashino Lake သို့ ဆက်လက် လည်ပတ်ကြပါမည်။ထို့နောက်
Hotelတွင်Check in ပြုလုပ်ပါမည်။ပြီးလျှင် Onsen ဟု ဂျပန်လိုခေါ်ဆိုသည့် ရေပူစမ်းသို့သွားရောက်ကာ တစ်နေ့တာပင်ပန်းမှုများကို အပန်းဖြေကြပါမည်။ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 4) ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tokyo မြို့ သို့လည်ပတ်ရန်ထွက်ခွါကြပါမည်။Kamakura မြို့သို့ ဦးစွာ လည်ပတ်ပြီး ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် Kamakura မြို့၏ အထင်ကရနေရာများကို လေ့လာကြပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ရန်အတွက် ဒေသခံစားသောက်ဆိုင် တစ်ခုသို့သွားရောက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် Asakusa ရှိ အလွန်ထင်ရှားလှပသော Kaminarimon နှင့် Sensouji temple များသို့သွားရောက် လည်ပတ်ကြပါမည်။ ပြီးလျှင် Tokyo Sky Tree သို့ လည်ပတ်ရင်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူး ကြ ပါမည်။ပြီးလျှင် Akihabara သို့ဆက်လက်လည်ပတ်ကြပါမည်။ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး hotel တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 5) ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tokyo မြို့၏ နာမည်ကျော် အထင်ကရနေရာများသို့ တစ်နေ့တာ အချိန်ယူကာ တပျော်တပါး လည်ပတ်ကြ ပါမည်။Tokyo မြို့၏ နာမည်ကျော် Disneyland တွင် သွားရောက်လည်ပတ် ကြပါမည်။ညစာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး hotel တွင် တစ်ညတာ အိပ်စက်အနားယူကြပါမည်။

Day 6 ) ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် မြန်မာပြည်သို့ပြန်လာရန်အတွက် Narita International Airport သို့ပို့ဆောင်ပေးပါမည်။ Narita International Airport မှတဆင့် Nội Bài International Airport in Hanoi သို့ ထွက်ခွါ ပါမည်။ထိုမှတဆင့်ညနေပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကာ ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။

ဈေးနှုန်းတစ်ဦးလျှင် USD 2,146 ( ၁၅ယောက်နှင့်အထက်)
ထွက်ခွါမည့်နေ့ရက်များ
၂၆ အောက်တိုဘာ ၂၀၁၅
( ၃၀ သြဂုတ် ၂၀၁၅ ရက်နေ့မတိုင်မီစာရင်းပေးသွင်းပါက အထူးဈေးနှုန်း များရှိပါသည်)
၂၅ နိုဝင်ဘာ ၂၀၁၅
(၃၀ စက်တင်ဘာ၂၀၁၅ ရက်နေ့မတိုင်မီစာရင်းပေးသွင်းပါက အထူးဈေးနှုန်း များရှိပါသည်)

ခရီးစဉ်တွင်ပါဝင်သည့်ဝန်ဆောင်မှုများ
ဟိုဟယ်နှင့်တည်းခိုစားရိတ်များ ( 3*** Hotel ) နှစ်ယောက်လျှင်တစ်ခန်းနှုန်းဖြစ်ပါသည်။
ခရီးစဉ်တွင်ပါဝင်သည့် အစားအသောက်များ ( မနက်စာ၊နေ့လည်စာ၊ညစာ)
ခရီးစဉ်တွင် ပါဝင်သည့်လည်ပတ်မှုများ၊ အကြိုအပို့များနှင့်ဝင်ကြေးများ
Visa
အသွားအပြန်လေယာဉ်လက်မှတ်များ ( Return Ticket)
English Speaking Guide
မြန်မာ Tour Leader

ခရီးစဉ်တွင်မပါဝင်သည့်ဝန်ဆောင်မှုများ
ကိုယ်ရေးကိုယ်တာအသုံးစားရိတ်များနှင့် အစားအသောက်များ ( personal expense and drink)
ခရီးစဉ်တွင် မပါဝင်သည့်လည်ပတ်မှုများ၊ အကြိုအပို့များနှင့်ဝင်ကြေးများ

For more information:
MARCOPOLO TRAVELS & TOURS CO., LTD.
အမှတ်(၈၇)၊တတိယထပ်(ဘယ်)၊အင်းစိန်လမ်းမကြီး၊စံရိပ်ငြိမ်၊ကမာရွတ်မြို့ နယ်၊ရန်ကုန်။
Ph/ Fax: 532467, 09 73037255, 09 73097578, 09 5019735, 09 420061500, 09 49240231
E-mail: [email protected]
www.marcopolotoursmyanmar.com

ပတ္တရား-ဘန်ကောက် ခရီးစဉ် (4Days/3Nights)    >>Day-1ရန်ကုန်-ပတ္တရား  (L/D)ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ကြိုဆိုပြီး မင်္ဂလ...
07/08/2015

ပတ္တရား-ဘန်ကောက် ခရီးစဉ် (4Days/3Nights)

>>Day-1ရန်ကုန်-ပတ္တရား (L/D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ကြိုဆိုပြီး မင်္ဂလာဒုံလေဆိပ်မှတဆင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိပါမည်။လေဆိပ်မှတဆင့်ပတ္တရားသို့သွားရာလမ်းတလျှောက်တွင်ပထမဦးစွာအပူပိုင်းဇုံအပင်ပုလေးများရှိရာ NoognoochGarden သို့သွား ရောက်ပြီးထိုင်းရိုးရာအကများ၊ ပြဇာတ်တိုများ၊ချစ်စရာဆင်လေးများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုခံစားပြီးဥယျာဉ်အတွင်းအမှတ်တရဓါတ်ပုံများရိုက်ကြပါမည်။ ထို့နောက်နေ့လည်စာစားသောက်ကြပါမည်။နေ့လည်စာ စားပြီး နောက်Stone Factory သို့သွားရောက်လည်ပတ်လေ့လာပါမည်။ထိုမျတဆင့်ထိုင်းနိုင်ငံ၏နာမည်ကျော်ကြားလှသောAlcazas Show သို့သွားရောက်ကြာ့်ရှုပါမည်။ညစာကို Local Restaurant တစ်ခုတွင်စားသုံးပါမည်။ထို့နောက် Pattaya ရှိ Hotel သို့ပြန်ကာအိပ်စက်အနးယူပါမည်။

>>Day-2 ပတ္တရား-ဘန်ကောက် (B/L/D)
ပတ္တရားHotelတွင်နံနက်စာသုံးဆောင်ပြီးနောက်ဘန်ကောက်သွားရာလမ်းတွင်အီတလီဗိသုကာနှင့်ထိုင်းဗိသုကာလက်ရာများဖြင့်ပေါင်းစပ် ကာဆောက်လုပ်ထားသည့်တော်ဝင်အဆောက်အဦးတစ်ခုဖြစ်သည့်GrandPalace(ဘုရင့်နန်းတော်)သို့သွားရောက်လည်ပတ်ပြီ့း
နောက်နေ့လည်စာသုံးဆောင်ပါမည်။မြဘုရားသို့ဘုရားဖူးသွားပါမည်။ထိုနောက်SiamOceanWorldကိုလည်ပတ်ပါမည်။ညနေပိုင်းတွင်ဘန်ကောက်မြို့သို့ဈေးဝယ်ထွက်ကြပါမည်။ထို့ နောက် Local စားသောက်ဆိုင်တွင်ညစာသုံးဆောင်ပါမည်။ပြီနောက်ဘန်ကောက်ရှိ Hotel..သို့ပြန်ကာအိပ်စက်အနားယူပါမည်။

>>Day-3 ဘန်ကောက်(B/L/D)
ဘန်ကောက်Hotelတွင်နံနက်စာစားပြီးနောက်DreamWorld(အိမ်မက်ကမ္ဘာ)သို့သွားရောက်လည်ပတ်ပြီးမိမိတို့စိတ်ကြိုက်ကစားနည်းများကိုကစားကြပါမည်။နေလည်စာသုံးဆောင်ပြီးနောက်ခဏအနားယူပါမည်။ပြီနောက် ညနေပိုင်းတွင်ဘန်ကောက်မြို့သို့ဈေးဝယ်ထွက်ကြ
ပါမည်။ထို့ နောက် Local စားသောက်ဆိုင်တွင်ညစာသုံးဆောင်ပါမည်။ပြီနောက်ဘန်ကောက်ရှိ Hotel..သို့ပြန်ကာအိပ်စက်အနား
ယူပါမည်။

>>Day-4 ဘန်ကောက်-ရန်ကုန်(B)
Hotelတွင်နံနက်စာသုံးဆောင်ပြီးနောက် Hotel မှcheck-out လုပ်ကာ လေဆိပ်သို့ ကားဖြင့်ပို့ ဆောင်ပေးပြီး ရန်ကုန်မြို ပြန်လည်ရောက်ရှိပါမည်။

ဈေးနှုန်းတစ်ဦးလျှင် $ 360 (လူဦးရေ 10ယောက်)
Single Supplement : + $122
Note : မိမိသွားချင်သော လူဦးရေအပေါ်တွင်မူတည်၍လည်းကောင်း ၊ Hotel အပေါ်တွင် မူတည်၍ လည်းကောင်း ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိပါသည်။

Price Valid : 1st Sep 2015 - 31st Oct 2015

ဝန်ဆောင်မှုတွင်ပါဝင်သောအရာများ
- ခရီးစဉ်တလျှောက်ကားအကြိုအပို့ များ၊့ခရီးစဉ်တွင်ပါဝင်သောနေရာများ၏ ၀င်ကြေးများ
- ခရီးစဉ်တွင်ပါဝင်သည့်အတိုင်း(နံနက်စာ/နေ့ လည်စာ/ညစာ)Full Board
- ဟိုတယ်(3***) ၃ ညအိပ်
- အင်္ဂလိပ်Tour Guide

ဝန်ဆောင်မှုတွင်မပါဝင်သောအရာများ

- Visa on arrival ($40) ထိုင်း airport immigration တွင်ပေးရမည်။
- ခရီးစဉ်တွင်မပါဝင်သောလည်ပတ်မှုများ
- Air ticket (international ) Ygn-Bkk-Ygn
- ရေသန့်ဘူးနှင့်အချိုရည်များ
- ကိုယ်ရေးကိုတာအသုံးစရိတ်များ
-

" ခရီးသွားချစ်သူတို့တစ်မေးတည်းမေးနေကြတဲ့  .... #.MARCOPOLO ရဲ့ ရက်သတ္တပတ်အကုန်ပျော်ရွှင်ကြည်နူးဖွယ် WEEKENDS ခရီးစဉ်    (တ...
14/07/2015

" ခရီးသွားချစ်သူတို့တစ်မေးတည်းမေးနေကြတဲ့ .... #.MARCOPOLO ရဲ့ ရက်သတ္တပတ်အကုန်ပျော်ရွှင်ကြည်နူးဖွယ် WEEKENDS ခရီးစဉ် (တစ်ညအိပ်/နှစ်ရက်) # လာပြီနော်........"

တောင်ငူ - သံတောင်ကြီး - ဖိုးကျားဆင်စခန်း

( ၂၅.၇.၂၀၁၅ စနေ - ၂၆.၇.၂၀၁၅ တနင်္ဂနွေ )


MARCOPOLOခရီးသွားချစ်သူများစနေနေ့မနက်(၄)နာရီတွင်စတင်ထွက်ခွါပါမည်။
ဖိုးကျားဆင်စခန်းရှိဆင်များရေချိုးပုံ၊သရုပ်ပြပုံများကိုကြည့်ရှုလေ့လာကြပါမယ်..............
တောင်ငူမြို့မှာဆက်ပြီးလည်ပတ်ကြမယ်......
တောင်ငူမြို့ရှိရွှေဆံတော်ဘုရားကိုဖူးမျှော်ပြီးကန်တော်ကြီးတွင် အမှတ်တရဓာတ်ပုံများရိုက်ကြပါမယ်.....
နေ့လည်စာကိုဒေသခံစားသောက်ဆိုင်တွင်သုံးဆောင်ကြမယ်.....ထို့နောက်တောင်ငူမြို့အရှေ့ဘက်ရှိမြတ်စောညီနောင်ဘုရားသို့သွားရောက်ဖူးမျှော်ပါမယ်................
သံတောင်မြို့ရှိ ပသိချောင်းတွင်ရေကစားကြပါမယ်....
သံတောင်မြို့ရှိ..အပန်းဖြေစခန်းတွင်တစ်ညတာအိပ်စက်အနားယူကြပါမယ်....
ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၅၀၀၀)နီးပါးရှိသော သံတောင်ကြီး(တောင်စခန်းမြို့) လေးသို့ သွားရောက်ပြီးမင်းသမီးလေးနော်ဘူဘော၏လွမ်းမောဖွယ်ကောင်းသော နော်ဘူဘောတောင် ပေါ်တွင် အနားယူပြီးအမှတ်တရဓာတ်ပုံများရိုက်ပါမယ်......
ဒါ့အပြင်......အခြားအခြားသော.......အထင်ကရနေရာအများကြီးကိုလည်းသွားလည်ကြ အုံးမှာနော်.....
တနင်္ဂနွေညပိုင်းတွင်ရန်ကုန်သို့ပြန်လည်ရောက်ရှိကာMARCOPOL၏ ရက်သတ္တပတ်အကုန်ပျော်ရွှင်ကြည်နူးဖွယ် WEEKENDS ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

ကဲ....ခရီးသွားချစ်သူတို့........READY လား.....
လူပြည့်သွားလို့မလိုက်ရဘူးဆိုတာလေးတွေမဖြစ်ရအောင်.......
ခုပဲဆက်သွယ်လိုက်ကြနော်..........

For more information
MARCOPOLO TRAVELS & TOURS CO., LTD.
အမှတ်(၈၇)၊တတိယထပ်(ဘယ်)၊အင်းစိန်လမ်းမကြီး၊စံရိပ်ငြိမ်၊ကမာရွတ်မြို့ နယ်၊ရန်ကုန်။
Ph/ Fax: 532467, 09 73037255, 09 73097578, 09 5019735, 09 420061500, 09 49240231
E-mail: [email protected]

www.marcopolotoursmyanmar.com

သွေးချင်းတို့ပျော်ရာကယားငွေတောင်ပြည်မှာ လွိုင်ကော် ခရီးစဉ် ( 3 Night / 4 Day )Day:1)ရန်ကုန်မြို့မှနေ့လည်ပိုင်းတွင်စတင်၍m...
13/07/2015

သွေးချင်းတို့ပျော်ရာကယားငွေတောင်ပြည်မှာ

လွိုင်ကော် ခရီးစဉ် ( 3 Night / 4 Day )

Day:1)ရန်ကုန်မြို့မှနေ့လည်ပိုင်းတွင်စတင်၍marcopolotourleaderမှဦးဆောင်၍စတင်ထွက်ခွာပါမည်။ရန်ကုန်မန္တလေးအမြန်ကားလမ်းမ အတိုင်းသွားရောက်ပြီး(၁၁၅)မိုင်ရှိစားသောက်ဆိုင်တွင်မော်တော်ယာဉ်ခေတ္တရပ်နားအနားယူပါမည်။ထို့နောက်လွိုင်ကော်သို့ဆက်လက် ထွက်ခွာပါမည်။

Day:2)မနက်စောစောပိုင်းတွင်လွိုင်ကော်မြို့သို့ရောက်ရှိကာဟိုတယ်တွင်ခဏတာဝင်ရောက်အနားယူပါမည်။ထို့နောက် လွိုင်ကော်မြို့ရှိ ရေတံခွန်၊ ကြတ်ဂူ၊ တောင်ကွဲစေတီ၊ စသည့် လွိုင်ကော်မြို့ရှိစေတီပုထိုးများအားသွားရောက်လည်ပတ်ဖူးမျှော်ပါမည်။ပြီးနောက်ကယားစော်ဘွားများနေထိုင်ခဲ့သော ဟော်နန်း နေရာကိုသွားရောက်လေ့လာပြီးဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာစားကာခေတ္တခဏအပန်းဖြေပါမည်။ဆက်လက်၍ ကယားလူမျိုးတို့၏ရိုးရာတံခွန်တိုင်ရှိသည့်နေရာသို့သွားရောက် လေ့လာပါမည်။ပြီးနောက်ရိုးရာချည်ယက်လုပ်သောယက်ကန်းလုပ်ငန်းရုံသို့သွားရောက်လေ့လာ၍ဈေးဝယ်ထွက်ပါမည်။ ထို့နောက်မြကလပ်တောင်ဘုရားသို့သွားရောက်ဖူးမျှော်ရင်း ကယားမြို့၏နေ၀င်ဆည်းဆာအလှကိုရှုမျှော်ခံစားကြပါမည်။ညပိုင်းတွင်ဒေသခံစားသောက်ဆိုင်တွင်ဝင်ရောက်သုံးဆောင်ပြီးအပန်းဖြေအနားယူကာဟိုတယ်တွင်အိပ်စက်၍တနေ့တာကုန်ဆုံးစေပါမည်။

Day:3)ဟိုတယ်တွင်မနက်စာသုံးဆောင်ပါမည်။ပြီးနောက်ပန်ပတ်ရွာသို့ထွက်ခွာပါမည်။ပန်ပတ်ရွာရှိကယန်း(ပဒေါင်း)လူမျိုးများ၏နေထိုင်မှုဓလေ့စရိုက်များနှင့်၎င်းတို့၏၀တ်စားဆင်ယင်ထုံးဖွဲ့မှုများကိုသွားရောက်လေ့လာပါမည်။ပြီး နောက်ဒေသခံစားသောက်ဆိုင်တွင်နေ့လည်စာဝင်ရောက်သုံးဆောင်ပြီးခဏတာအပန်းဖြေပါမည်။ပြီးနောက်လွိုင်ကော်မြို့ရှိသဘာဝအလျှောက်ဖြစ်ပေနေ သောထီးပွင့်ကန်၊ကန်ခုနှစ်ဆင့်၊ငွေတောင်ဆည်တို့ကိုသွားရောက်လည်ပတ် လေ့လာပါမည်။ညနေပိုင်းတွင်ဒေသခံစားသောက်ဆိုင်တွင်ညစာသုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။

Day:4)ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက်လွိုင်ကော်ဈေးသို့ သွားရောက်လည်ပတ်ပါမည်။လွိုင်ကော်ဈေးရှိဒေသထွက်ရိုးရာလက် ဆောင်များကိုစိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။ထို့နောက်ခရီးစဉ်တလျှောက်ရှိစိတ်ကြည်နူးဖွယ်၊ရင်သက်ရှုမောဖွယ်ရာကောင်းသောရှမ်းတောင်တန်း များနှင့်တောင်ပေါ်မြို့များ၏သာယာလှပသောနေရာများကိုကြည့်ရှုခံစား ရင်းရန်ကုန်သို့ပြန်လည်ထွက်ခွာကာပျော်ရွှင်ဖွယ်ရာလွိုင်ကော်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

For more information
MARCOPOLO TRAVELS & TOURS CO., LTD.
အမှတ်(၈၇)၊တတိယထပ်(ဘယ်)၊အင်းစိန်လမ်းမကြီး၊စံရိပ်ငြိမ်၊ကမာရွတ်မြို့ နယ်၊ရန်ကုန်။
Ph/ Fax: 532467, 09 73037255, 09 73097578, 09 5019735, 09 420061500, 09 49240231
E-mail: [email protected]

www.marcopolotoursmyanmar.com

ပျော်ရွှင်ဖွယ် အီတလီအထူးခရီးစဉ်(၈ည/၉ရက်):D ကမ္ဘာ့Fashion မြို့တော်များတွင်တစ်ခုအပါအဝင် ဖြစ်သော Milanဖက်ရှင်မြို့တော်ရဲ့အလှ...
02/07/2015

ပျော်ရွှင်ဖွယ် အီတလီအထူးခရီးစဉ်(၈ည/၉ရက်)

:D ကမ္ဘာ့Fashion မြို့တော်များတွင်တစ်ခုအပါအဝင် ဖြစ်သော Milanဖက်ရှင်မြို့တော်ရဲ့အလှအပများကိုရှုစားရင်းဥရောပတွင်စတုတ္ထ အကြီးဆုံးဖြစ်သော Milan မီလန်မြို့၏ ကျက်သရေဆောင် Duomo Cathedral ဘုရားကျောင်းကြီးကိုသွားလည်ကြမယ်.........၁၂ရာစု အတွင်းအလွန်ခေတ်စားကျော်ကြားခဲ့သောGothic Architecture (Gothic ဗိသုကာ လက်ရာများ) ကိုပါ လေ့လာကြမယ်.................

:D Bologna မြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများ၊ Piazza Maggiore ၊ Piazza del Nettuno ရှိ Neptune Fountain ၊ San Petronio , Santo Stefano စသည့် သမိုင်းဝင်ခရစ်ယာန် ဘုရာကျောင်းများ၊ Archeological Museum နှင့် Due Torri (မျှော်စင်ညီနောင်) စသည့် စိတ်ဝင်စားဖွယ် နေရာများကို လေ့လာကြမယ်......................

:D ကမ္ဘာကျော်အချစ်သူရဲကောင်း ရိုမီရို နှင့် ဂျူးလီးယက် တို့၏ အထင်ကရမြို့တော် Verona သို့သွားရောက် လည်ပတ်ကြပါမယ်...
ဂျူးလီးယက်၏ သချိုင်္င်း နှင့် ရိုမီယို၏နေအိမ် သို့ သွားရောက်လည်ပတ်ပါမယ်..........

:D ဥရောပတို့ ၏ အလှတကာ ထွတ်ခေါင်ဟုတင်စားခြင်းခံရသောဗင်းနစ်မြို့ သို့ပျော်ပျော်ပါးပါးလည်ပတ် ရင်းGondola ဟု ခေါ်သောအီတလီရိုးရာလှေဖြင့် ဗင်းနစ်တူးမြောင်းထဲတွင်လှည့်ပတ်စီးနင်းပြီး ဗင်းနစ်မြို့ အလှကိုခံစား ကြည့်ရှူကြပါမယ်....................

:D အလယ်ခေတ်ဥရောပတိုက်၏ကုန်သွယ်ရေး နှင့်ကူသန်းရောင်းဝယ်ရေး ၏အချက်အချာဒေသတစ်ခုသာမကစီးပွားရေးအရ ထိုခေတ်အချိန်အခါကချမ်းသာကြွယ်ဝဆုံးသော ထင်ရှား ကျော်ကြား လှသည့် Florance မြို့သို့ သွားရောက်လည်ပတ်ပြီးFlorance မြို့၏အလှအပများကိုလှည့်လည်ရှုစားကြပါမယ်.......................

:D အီတလီကျွန်းဆွယ်ရှိ San Marino ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံလေးရှိထင်ရှားလှပသောသမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းများနှင့်အခြား သမိုင်းဝင်နေရာများသို့သွားရောက်လည်ပတ်ကြမယ်..........

:D အီတလီနိုင်ငံအလယ်ပိုင်းရှိ Perugia တောင်ပေါ်မြို့သို့သွားရောက်လည်ပတ်ကြပါမယ်.....Perugia တောင်ပေါ်မြို့ရှိ ၁၃၀၈ ခုနှစ်တွင်စတင်တည်ထောင်ထားသည့် နာမည်ကျော်ကြားလှသော University of Perugia နှင့် ရှေးဟောင်းသမိုင်ဝင် အဆောက်အဦးများ၊ ၄င်းတို့၏ စိတ်ဝင်စားဖွယ် ဗိသုကာလက်ရာများကို လေ့လာကြပါမယ်..........

:D ရှူမဆုံးသောရောမမြို့ အနှံ့ လည်ပတ်ကြပါမယ်.........
ရောမမြို့၏အထင်ကရနေရာများဖြစ်သော Rome မြိှု့၌ အကြီးဆုံးဖြစ်ရုံသာမက ကမ္ဘာပေါ်ရှိ အထင်ပေါ် ကျော်ကြားဆုံးရေပန်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်သောTreviFountain ( Fontana di Trevi) ၊ ရောမမြို့လယ်ရှိ Colosseum ရှေးဟောင်းလူသတ်ကွင်း ၊ ရေပန်းများ၊ ရှေးဟောင်းအီဂျစ်ကျောက်တိုင်ကြီးများ နှင့် တန်ဆာဆင်ထားပြီး ကမ္ဘာလှည့်ခရီးသွားများ၏ အသည်းစွဲရာPiazza Navona ၊Trinità dei Monti ရှိ သမိုင်း ဝင် ခရစ်ယာန် ဘုရားကျောင်းများနှင့် Spanish Steps ကိုလေ့လာရင်း ဥရောပ၏အနုပညာ လက်ရာ များကို ရင်သပ်ရှူမောစရာတွေ့ မြင်ကြရမှာဖြစ်ပါတယ်။ညနေစောင်းအချိန်တွင်ရောမမြို ၏လွမ်းမောစရာနေဝင်ချိန်အလှကိုခံစားရင်းဈေးဝယ်ထွက်ကြပါမယ်..........

:D ခရစ်ယာန်သာသနာ၏ အထွဋ်အခေါင် ဖြစ်သော ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဥရောပ၏ အသေးဆုံးနိုင်ငံဖြစ်သောဗာတီကန်မြို့တော်သို့ သွားရောက်လည်ပတ်ကြပါမယ်.....ဥရောပ၏အကျော်ကြားဆုံးပန်းပုပညာရှင်များဧ။်အနုပညာလက်ရာများကို ကြည့် ရှူပြီး စိန့် ပီတာရင်ပြင်သို့ သွားရောက် လေ့လာကာ ပုပ်ရဟန်းမင်းကြီး၏ သြဝါဒ မိန့်ခွန်း မြွက်ကြားသည့် General Audience of Pope ကိုပါဝင်ဆင်နွှဲကြပါမယ်.............

For more information
MARCOPOLO TRAVELS & TOURS CO., LTD.
အမှတ်(၈၇)၊တတိယထပ်(ဘယ်)၊အင်းစိန်လမ်းမကြီး၊စံရိပ်ငြိမ်၊ကမာရွတ်မြို့ နယ်၊ရန်ကုန်။
Ph/ Fax: 532467, 09 73037255, 09 73097578, 09 5019735, 09 420061500, 09 49240231
E-mail: [email protected]

www.marcopolotoursmyanmar.com

A Special thanks to all our beloved Friends who are the participants of the Fantastic Weekend Special trip  of MARCOPOLO...
29/06/2015

A Special thanks to all our beloved Friends who are the participants of the Fantastic Weekend Special trip of MARCOPOLO TRAVELS & TOURS .

# # other remain photos will be uploaded soon # # #

Vorrei ringraziarvi con tutto il cuore che ci fanno felici,  ma per voi, nostri  cari amici, il nostro cuore non ha fine...
16/06/2015

Vorrei ringraziarvi con tutto il cuore che ci fanno felici, ma per voi, nostri cari amici, il nostro cuore non ha fine.
"Siete i fantastici giardinieri che fanno fiorire il nostro spirito."

MARCOPOLO ရဲ့ EUROPE SPECIAL ခရီးစဉ်အား လိုက်ပါခဲ့ကြသောဦးကျော်ကျော်နှင့်အဖွဲ့အား MARCOPOLO Travels & Tours မှကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

MARCOPOLO မိသားစုရဲ့........ မွန် -  ကရင် ခရီးစဉ်လေးပါ..........
28/05/2015

MARCOPOLO မိသားစုရဲ့........ မွန် - ကရင် ခရီးစဉ်လေးပါ..........

"MARCOPOLO  ၏ ရက်သတ္တပတ်အကုန်ပျော်ရွှင်ကြည်နူးဖွယ် WEEKENDS ခရီးစဉ်   "       တောင်ငူ - သံတောင်ကြီး - ဖိုးကျားဆင်စခန်း    ...
21/05/2015

"MARCOPOLO ၏ ရက်သတ္တပတ်အကုန်ပျော်ရွှင်ကြည်နူးဖွယ် WEEKENDS ခရီးစဉ် "

တောင်ငူ - သံတောင်ကြီး - ဖိုးကျားဆင်စခန်း
( စနေ ၊ တနင်္ဂနွေ )

MARCOPOLOခရီးသွားချစ်သူများည(၁၁)နာရီတွင်စတင်ထွက်ခွါပါမည်။

နံနက်စောစောတွင် ဖိုးကျားဆင်စခန်းသို့ရောက်ရှိပြီး နံနက်စာဖြင့်တည်ခင်းဧည့်ခံပါမည်။

နံနက်စာသုံးဆောင်အပြီးတွင် ဖိုးကျားဆင်စခန်းရှိ ဆင်များရေချိုးပုံ၊သရုပ်ပြပုံများကိုကြည့်ရှုလေ့လာပြီး တောင်ငူမြို့သို့ဆက်လက်ထွက်ခွါပါမည်။

တောင်ငူမြို့ရှိရွှေဆံတော်ဘုရားကိုဖူးမျှော်ပြီးကန်တော်ကြီးတွင် အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။

နေ့လည်စာကိုတောင်ငူမြို့ရှိစားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးပါမည်။

ထို့နောက်တောင်ငူမြို့အရှေ့ဘက်ရှိမြတ်စောညီနောင်ဘုရားသို့သွားရောက်ဖူးမျှော်ပါမည်။

ပြီးလျှင်သံတောင်မြို့ရှိ ပသိချောင်းတွင်ရေကစားကြပါမည်။

ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၅၀၀၀)နီးပါးရှိသော သံတောင်ကြီး(တောင်စခန်းမြို့) လေးသို့ သွားရောက်ပြီးမင်းသမီးလေးနော်ဘူဘော၏လွမ်းမောဖွယ်ကောင်းသော နော်ဘူဘောတောင် ပေါ်တွင် အနားယူပြီးအမှတ်တရဓာတ်ပုံများရိုက်ပါမည်။

ညပိုင်းတွင်ရန်ကုန်သို့ပြန်လည်ထွက်ခွါကာMARCOPOL၏ ရက်သတ္တပတ်အကုန်ပျော်ရွှင်ကြည်နူးဖွယ် WEEKENDS ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

For more information
MARCOPOLO TRAVELS & TOURS CO., LTD.
အမှတ်(၈၇)၊တတိယထပ်(ဘယ်)၊အင်းစိန်လမ်းမကြီး၊စံရိပ်ငြိမ်၊ကမာရွတ်မြို့ နယ်၊ရန်ကုန်။
Ph/ Fax: 532467, 09 73037255, 09 73097578, 09 5019735, 09 420061500, 09 49240231
E-mail: [email protected] www.marcopolotoursmyanmar.com

Address

No (87) , Insein Road , Sanyeiknyein, Kamaryut Township
Yangon
11040

Alerts

Be the first to know and let us send you an email when Marcopolo Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marcopolo Travels & Tours:

Share

Category