Asia Blossom Travels & Tours

Asia Blossom Travels & Tours Chill out our service

Lethwei is one of the Myanmar's ancient combat sports and is known as the art of 9 limbs. Lethwei involves strikes using...
05/01/2024

Lethwei is one of the Myanmar's ancient combat sports and is known as the art of 9 limbs. Lethwei involves strikes using fists, elbows, knees, feet, and even headbutts. Additionally, it includes various clinch and throw-down techniques.
Myanmar is one of the fascinating countries in Asia where various ethnicities and diverse religions coexist in harmony. Many interesting places to visit and different cultures await a warm welcome to you.
We aim to provide you with a two-in-one experience.
There are two options to choose from your itinerary: Ngwe Saung Beach and Bagan Ancient City. You can choose to either train on the silvery sand beach and enjoy some seafood or train in the midst of ancient pagodas. Both itineraries offer a well-rounded balance between Lethwei training, Yangon sightseeing, and either a beach or ancient city vacation for relaxation.
Our training program is designed not only for beginners and amateurs but also for professional fighters interested in studying Lethwei techniques, gaining knowledge, and experiencing the beautiful Lethwei Yay (Lethwei dance). Our professional Lethwei trainers will share their wealth of experience, as they were once professional fighters themselves. You will also have the opportunity to train alongside professional Lethwei fighters.
Don't miss out on this once-in-a-lifetime experience with our special offer. Please contact us for detailed information on the itinerary.
Contact us:
+959 255 488 835 (viber, whatsapp), 09 88 000 5250
[email protected], [email protected]
page messenger
www.myanmarblossom.com
1st Floor, Above KBZ Bank, Yadanar Mini Condo, Yadanar Road, Ward 11, South Okkalapa Township, Yangon, Myanmar
ラウェイはミャンマーの古代の格闘技であり、9つの肢体の芸術として知られています。ラウェイは、拳、肘、膝、足、そして頭突きを使った打撃を含みます。さらに、クリンチや投げ技も含まれています。
ミャンマーは、アジアで多様な民族と異なる宗教が調和して共存する魅力的な国の一つです。多くの興味深い場所が訪れる価値があり、異なる文化があなたを温かく歓迎しています。
私たちは2つの経験を提供することを目指しています。あなたの旅程で選択できる2つのオプションがあります:Ngwe Saung BeachとBagan Ancient City。あなたは、銀の砂浜でトレーニングをしたり、海産物を楽しむこともできますし、古代の仏塔の中でトレーニングを行うこともできます。両方の旅程は、ラウェイのトレーニング、ヤンゴンの観光、ビーチまたは古代の都市でのバケーションとリラクゼーションのバランスを提供しています。
私たちのトレーニングプログラムは、初心者やアマチュアだけでなく、ラウェイの技術を学び、知識を得、美しいラウェイヤイ(ラウェイの踊り)を体験したいプロの格闘家のために設計されています。私たちのプロのラウェイトレーナーは、かつてプロの格闘家であった経験を共有します。また、プロのラウェイ選手と一緒にトレーニングする機会もあります。
特別なオファーでのこの一生に一度の体験をお見逃しなく、旅程の詳細情報については、お問い合わせください。
お問い合わせ先:
+959 255 488 835 (viber, whatsapp), 09 88 000 5250
[email protected], [email protected]
page messenger
www.myanmarblossom.com
1st Floor, Above KBZ Bank, Yadanar Mini Condo, Yadanar Road, Ward 11, South Okkalapa Township, Yangon, Myanmar

မိတ်ဆွေတို့ရေ အပန်းဖြေခရီးသွားမလား၊ဘုရားဖူးသွားမလား🤔 စျေးနူန်းချိုသာပြီးမိတ်ဆွေတို့စိတ်တိုင်းကျလိုရာရောက်အောင်ပို့ဆောင်ပ...
03/01/2024

မိတ်ဆွေတို့ရေ အပန်းဖြေခရီးသွားမလား၊ဘုရားဖူးသွားမလား🤔
စျေးနူန်းချိုသာပြီးမိတ်ဆွေတို့စိတ်တိုင်းကျလိုရာရောက်အောင်ပို့ဆောင်ပေးဖို့
Asia Blossom Travels & Tours မှ ကားအငှားဝန်ဆောင်မှု သီးသန့်လည်း စီစဉ်ပေးပါတယ်ရှင် 😍
တစ်ရက်ချင်း ဌားမလား ❓
လပေးဌားမလား ❓
ခရီးဝေးဌားမလား ❔
လေဆိပ်အကြို/အပို့ဌားမလား ❓
စျေးနှုံးချိုသာစွာဖြင့် ကားကြီး၊ကားလေးများနှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည် ။ 🥰
ခရီးစဉ်များအတွက် လူကလည်းနည်းမယ် ၊စျေးလည်းမသုံးချင်ဘူး ၊ အဲကွန်းလေးနဲ့လည်းရချင်သူများအတွက် probox , passo , Ractis ကားလေးများဖြင့်လည်း စီစဉ်ဆောင်ရွက်ပေးပါတယ်ရှင် 😘
ရန်ကုန်မြို့မှတစ်ဆင့်ပြင်ဦးလွင်၊ပုဂံ၊တောင်ကြီး၊ကလော၊ငွေဆောင်စတဲ့မြန်မာပြည်တွင်းနယ်ဝေး ခရီးစဉ်အမျိုးမျိုးအတွက်သာမက ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်းလည်ပတ်လိုသူများအတွက်ပါ ငှားရမ်းနိုင်ပါပြီ။ မည်သည့်ခရီးစဉ်မဆို သွားလိုသည့် လူဦးရေနှင့် ကိုက်ညီမှုရှိသော ကားများကို ဈေးနှုန်း ချိုသာစွာဖြင့် အဆင်ပြေဆုံးဖြစ်အောင် Asia Blossom Travels & Toursမှ ဝန်ဆောင်မှု ပေးတာကြောင့်စိတ်ဝင်စားနှစ်သက်တယ်ဆိုရင်တော့
Messenger or Viber
ph. : 09255488835
09880005250
တို့မှတဆင့် ဆက်သွယ်စုံစမ်းငှားရမ်းနိုင်ပါတယ်ရှင်။😍❣️

02/01/2024
"နှစ်သစ်ဆုတောင်း"2024နှစ်သစ်မှ စတင်ကာ Asia Blossom Travels & Toursရဲ့မိတ်ဟောင်း/မိတ်သစ် ကျေးဇူးရှင် Customer များ စိတ်ချ...
01/01/2024

"နှစ်သစ်ဆုတောင်း"

2024နှစ်သစ်မှ စတင်ကာ Asia Blossom Travels & Toursရဲ့မိတ်ဟောင်း/မိတ်သစ် ကျေးဇူးရှင် Customer များ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတတ် ကြီးပွားပြီး အောင်မြင်မှု တွေနဲ့အတူပျော်ရွှင်စရာ နှစ်လေးတစ်နှစ်ဖြစ်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🥰🥰

ဒီဇင်ဘာ ၃၁ ရဲ့ ညချမ်းလေးမှာ ၂၀၂၃ ကို ဘယ်ခရီး ဘယ်နေရာ ကနေ နှုတ်ဆက်ပီး ဖြတ်သန်းကြမလဲလို့ စပ်စုချင်လိုက်တာ 🤓🤓😚 အက်ထမင်ကတော့...
31/12/2023

ဒီဇင်ဘာ ၃၁ ရဲ့ ညချမ်းလေးမှာ ၂၀၂၃ ကို ဘယ်ခရီး ဘယ်နေရာ ကနေ နှုတ်ဆက်ပီး ဖြတ်သန်းကြမလဲလို့ စပ်စုချင်လိုက်တာ 🤓🤓😚 အက်ထမင်ကတော့ ဒီနေရာလေးရောက်နေပါတယ် ။ အပန်းမကြီးရင် ရောက်နေတဲ့နေရာကပုံလေးတွေပြကြည့်ပါလားနော် 🥰🥰😍😍😚🥳🥳🥳🥳

အရိုင်းဆန်တဲ့ သဘာဝအလှတရားတွေနဲ့နာမည်ကြီးတဲ့ “ဂေါ်ရန်ဂျီကျွန်း”🏞️😍ရန်ကုန်ကနေ ၇ နာရီလောက်ကားမောင်းရုံနဲ့ရောက်တဲ့ဂေါ်ရန်ဂျီ...
30/12/2023

အရိုင်းဆန်တဲ့ သဘာဝအလှတရားတွေနဲ့နာမည်ကြီးတဲ့ “ဂေါ်ရန်ဂျီကျွန်း”🏞️😍
ရန်ကုန်ကနေ ၇ နာရီလောက်ကားမောင်းရုံနဲ့ရောက်တဲ့ဂေါ်ရန်ဂျီကျွန်းဟာတစ်ကိုယ်တော်
စွန့်စားခရီးထွက်ချင်သူတွေ၊ အားလပ်ရက်မှာ ရေကူး၊ပင်လယ်ရေငုပ်၊တောင်တက်၊ လှေစီးပြီး ကျွန်းပတ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။🥰
မရိုးနိုင်တဲ့ သဘာဝရဲ့ အလှတရားတွေပြည့်နေတဲ့ ဂေါ်ရန်ဂျီကျွန်းဟာ ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်ငရုပ်ကောင်းမြို့နယ်ခွဲ၊နံ့သာပုကျေးရွာ အနီးမှာ ရှိပါတယ်။ ရန်ကုန်ကနေသွားမယ်ဆိုရင် ရန်ကုန်-ပုသိမ်လမ်းမကြီးအတိုင်းမောင်းပြီး ပုသိမ်ရောက်တော့ ချောင်းသာ၊ငွေဆောင် လမ်းခွဲကနေ ငွေဆောင်ဘက်ကို မောင်းရပါမယ်။အဲဒီကမှတဆင့် မော်တင်စွန်း-ငရုတ်ကောင်းလမ်းခွဲကို ၅၄မိုင်မောင်းပြီးနောက်ငရုတ်ကောင်းမြို့လမ်းခွဲကနေ၁၇မိုင် မောင်းပြီးတဲ့အခါ ဂေါ်ရင်ဂျီကျွန်းကိုရောက်ပါတယ်။
ဂေါ်ရန်ဂျီကျွန်းကိုသွားမယ်ဆိုရင် မလည်မဖြစ် လည်သင့်တဲ့နေရာလေးတွေကိုပြောပြပေးချင်ပါတယ်။

🌻(၁)နံ့သာပုကမ်းခြေ
ဂေါ်ရန်ဂျီကျွန်းနဲ့ တွဲမြင်ရမှာက နံသာပုကမ်းခြေဖြစ်ပြီး ညနေခင်းတွေမှာ လမ်းလျှောက်ရင် ပင်လယ်နောက်ခံ ညနေဆည်းဆာကပန်းချီကားတစ်ချပ်လိုပါပဲ။ ကျွန်းနဲ့ ပင်လယ် အတူတူတွဲပြီး သဘာဝအငွေ့အသက်ကို ခံစားရမှာ အမှန်ပါပဲ။ ထို့အပြင် ကမ်းခြေတစ်လျှောက် ညာဖက်ထိ သွားမယ်ဆိုရင်လည်း ရေချိုတွင်းတွေ၊ လှပတဲ့ သန္တာကျောက်ဆောင်တွေအပြင် အနီးအနားက ကျွန်းစုလေးတွေကို မြင်တွေ့ရနိုင်ပါတယ်။

🌻(၂) စပါးထားကျွန်း
နံ့သာပုကျေးရွာရဲ့အနောက်ဘက်မှာရှိပြီး သီးသန့်ကမ်းခြေပုံစံလေးလို တည်ရှိနေပါတယ်။ ကျွန်းမှာ လျှို၊မြောင်တွေလည်းရှိပြီး စပါးထားကျွန်းရဲ့အနောက်ဘက်မှာဆိုရင်လည်း လှပတဲ့သန္တာကျောက်တန်းတွေကို သွားရောက် ကြည့်ရှုနိုင်ပါသေးတယ်။
🌻(၃) ပုလ္လင်ဂျိုင်
ဂေါ်ရန်ဂျီကျွန်းမှာရှိတဲ့ကမ်းခြေတွေအထဲမှာ အသန့်ရှင်းဆုံး
နဲ့ အလှပဆုံး ကမ်း‌ခြေတစ်ခုဖြစ်တဲ့ ပလ္လင်ဂျိုင်ကမ်းခြေမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ရင်း စိမ်းပြာလဲ့နေတဲ့ပင်လယ်ရေ ထဲ ဆော့ကစားနိုင်ပါတယ်။

🌻(၄) " ကျောက်ခြေထောက်"
ကမ်းခြေမှာ ပင်လယ်လေညှင်းလေးခံရင်း အေးအေးဆေးဆေးအနားယူချင်တယ်ဆိုရင်တော့ ပုလ္လင်ဂျိုင် ရဲ့ အရှေ့ဘက်အစွန်ဆုံး မှာတည်ရှိပြီး သဘာ၀အတိုင်းဖြစ်တည်နေတဲ့ကျောက်မုဒ်၀ကြီးရှိတဲ့ ကျောက်ခြေထောက်ကမ်းခြေကို သွားသင့်ပါတယ်။ကျောက်မုဒ်၀ကြီးဟာ ခြေထောက်နှစ်ချောင်းထောက်ထားတဲ့ပုံသဏ္ဍာန်လည်းရှိတဲ့အတွက် ထိုကျောက်ဆောင်ကိုအစွဲပြုပြီး 'ကျောက်ခြေထောက်' လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ထို့အပြင် ထူးခြားလှပတဲ့ ကျောက်ဆောင်ကျောက်တန်းတွေလည်း ကြည့်ရှုနိုင်ပါသေးတယ်။
🌻(၅) ရေစမ်းဂျိုင်ကမ်းခြေ
ရေစမ်းဂျိုင်ကမ်းခြေဟာ ကျောက်ခြေထောက်ကမ်းခြေရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။၈ ငွေမှုံလေးတွေလို ဖြူဖွေးလှပတဲ့ သဲတွေနဲ့ အင်မတန်လှပပြီး လာရောက် လည်ပတ်သူတွေကို စိတ်ရွှင်လန်းကြည်နူး စေတာကတော့ ရေစမ်းဂျိုင်ကမ်းခြေပါပဲ။

🌻(၆)မိကျောင်းခေါင်းကမ်းခြေ
ငွေဆောင်ကမ်းခြေ နှင့် ဂေါ်ရင်ဂျီကျွန်းအကြားမှာ မိကျောင်းခေါင်းကမ်းခြေတည်ရှိပြီး ရေကကြည်လင်ပြီး ရေကူး ၊ငါးမျှား၊ snorkeling လုပ်လို့အရမ်းကောင်းပါတယ်။မိကျောင်းခေါင်းဒေသတံငါရွာလေးသို့
သွားရောက်လည်ပတ်ပြီးဒေသခံတို့ရဲ့လူနေမှု ၊ စီးပွားရေးများလေ့လာနိုင်ပြီး ဒေသထွက်ငါးခြောက်များကို
အိမ်အပြန်လက်ဆောင်အဖြစ်၀ယ်ယူလို့ရပါသေးတယ်။

🌻(၇)လိပ်ချိုင်ကမ်းခြေ
လိပ်ချိုင်ကမ်းခြေဟာ ဂေါ်ရန်ဂျီကျွန်းရဲ့အနောက်ဘက်မှာရှိပြီး ပြာလဲ့နေတဲ့ ရေပြင်အောက်က ခရုလေးတွေ၊သဲသောင်ပြင်ပေါ်မှာ တင်ကျန်နေတဲ့ကြယ်ငါးလေးတွေကောက်ရင်း ရေကူးလို့လည်းရပါတယ်။
🌻(၈)သဲဖြူကျွန်း
ဖြူလွှလွှသဲပွင့်လေးတွေနဲ့အပြာရောင်ပင်လယ်ပြင်ကြီးထဲမှာ ထင်ရှားလှတာက သဲဖြူကျွန်းပါ။ လှပတဲ့ ရှုခင်းလေးတွေနဲ့ရေကလည်းအလွန်ကြည်လင်ပြီး လည်ပတ်သူများကတော့ အလှဓာတ်ပုံရိုက်ကူးလေ့ရှိကြပါတယ်။

🌻(၉) မြဝတီတောင် စေတီ
ဂေါ်ရန်ဂျီကျွန်းမှာဆိုရင် လှေကားထစ် ၄၂၀ ကို တက်ပြီး မြဝတီတောင် စေတီကို သွားရောက် ဖူးမျှော်နိုင်ပါတယ်။ တောင်ပေါ်ရောက်တာနှင့် တွေ့သမျှ ရှုခင်းတွေကို တက်ခဲ့တဲ့ လှေကားထစ် ၄၂၀ ကို မေ့ပျောက်သွားစေပါတယ်။ ကျွန်းရဲ့အပေါ်စီးရှုခင်းတွေကြည့်နိုင်ပြီး အနောက်ဘက်က သန္တာကျောက်တန်းရှုခင်းတွေကလည်း အမောပြေစေပါတယ်။
ဂေါ်ရန်ဂျီကျွန်းဟာ သဘာဝ အတိုင်းတည်ရှိနေတဲ့ ကျောက်ဆောင်ကြီးတွေ/ မှင်သက်စရာကောင်းလောက်အောင်လှတဲ့ ဂေါ်ရန်ဂျီ ရဲ့ ညနေ ဆည်းဆာအလှတွေနဲ့လည်ပတ်စရာနေရာတွေ လည်း မကုန်နိုင်အောင် ပေါများလှတာကြောင့် လာရောက်လည်ပတ်အပန်းဖြေချင်တယ်ဆိုရင်တော့ ပိတ်ရက်တွေအတွက်သူငယ်ချင်းတွေနဲ့အဖွဲ့လိုက်ဖြစ်စေ၊စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီများနှင့်အသင်းအဖွဲ့များအတွက်Private Tourလေးတွေ ကိုအဆင်ပြေဆုံး၊အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ နဲ့Asia Blossom Travels & Toursမှစီစဥ်ပေးနေပါတယ်။ 😍
Asia Blossom Travels & Toursမှ မိတ်ဟောင်းဆွေဟောင်းများ အတွက်လည်းအသက်သာဆုံးနဲ့ အကောင်းဆုံးဝန်ဆောင်မှုများကို စိတ်တိုင်းကျဆောင်ရွက်ပေးနေပါတယ်။ ခရီးစဥ်တစ်လျောက် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်ရဖို့ Asia Blossom Travels & Toursမှ တာဝန်ယူပါရစေ။
စိတ်ဝင်စားနှစ်သက်တယ်ဆိုရင်တော့
Messenger or Viber
ph. : 09255488835
09880005250
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။
ကုမ္ပဏီများ၊စက်ရုံများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ခရီးစဉ်အသေးစိတ်ကို ရှင်းပြပေးပါတယ်ရှင်။😘♥️

(English Text Below)Asia Blossom က အောက်ပါဝန်ဆောင်မှုတွေကို ခရီးသွားဧည့်သည်တော်များ စိတ်တိုင်းကျ အသင့်လျော် အကောင်းအမွန်...
29/12/2023

(English Text Below)
Asia Blossom က အောက်ပါဝန်ဆောင်မှုတွေကို ခရီးသွားဧည့်သည်တော်များ စိတ်တိုင်းကျ အသင့်လျော် အကောင်းအမွန်ဆုံး စီစဉ်ပေးနေပါပြီနော်။ 💁🏻‍♂️
ပြည်တွင်း ပြည်ပ လေယာဉ်မှတ် ဝယ်ယူခြင်း၊🛫
ပြည်တွင်း ပြည်ပ ခရီးစဉ်များ စီစဉ်ပေးခြင်း၊🧳
ပြည်တွင်း ပြည်ပများ ဟိုတယ်များ စီစဉ်ပေးခြင်း၊ 🏨
ကားစင်းလုံးငှား ဝန်ဆောင်မှုပေးခြင်း၊🚌
လေဆိပ်အကြို အပို့ စီစဉ်ပေးခြင်း၊🚙
Honeymoon ခရီးစဉ်များ စီစဉ်ပေးခြင်း၊👫🏻
မိသားစု၊ ကျောင်း၊ သင်တန်း၊ စက်ရုံ အလုပ်ရုံများအတွက် သီးသန့်ခရီးစဉ်များ စီစဉ်ပေးခြင်း🧏
ဆက်သွယ်ရန် - ၀၉ ၂၅၅ ၄၈၈ ၈၃၅ (viber/ whatapps)၊ ၀၉ ၈၈၀ ၀၀၅ ၂၅၀
email - [email protected], sales.myanmarblossom.com
ပထမထပ်(ကမ္လောဇဘဏ် အပေါ်ထပ်)၊ ရတနာမီနီကွန်ဒို၊ ရတနာလမ်းမ၊ ၁၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
We are pleased to announce that we offer the following services at the most suitable rate to meet your satisfaction.
Air ticketing (international, domestic)
Tours (international, domestic)
Hotel Reservation (international, domestic)
Car Rental
Airport Transfer (pick-up, drop-off)
Honeymoon Trip
Private Tours
Contact us
+959 255 488 835 (viber, whatsapp), 09 88 000 5250
[email protected], [email protected]
www.myanmarblossom.com
1st Floor, Above KBZ Bank, Yadanar Mini Condo, Yadanar Road, Ward 11, South Okkalapa Township, Yangon, Myanmar

ပိတ်ရက်တွေ မှာ မိသားစုနဲ့အတူပုဂံ၊ပုပ္ပါးသွားပြီး ဘုရားဖူး ၊ အပန်းဖြေ မိသားစုခရီးထွက်မယ့် ဧည့်သည်တော်တို့အတွက်  hot sale ...
28/12/2023

ပိတ်ရက်တွေ မှာ မိသားစုနဲ့အတူပုဂံ၊ပုပ္ပါးသွားပြီး ဘုရားဖူး ၊ အပန်းဖြေ မိသားစုခရီးထွက်မယ့် ဧည့်သည်တော်တို့အတွက် hot sale promotion လေးတစ်ခုရှိပါတယ်ရှင်😍
ဘဝမှာတစ်ကြိမ်တစ်ခါ‌လောက်တော့ပုဂံပြည်ရဲ့ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းအလှအပတွေကိုခံစားကြည့်ဖို့ဒီလိုအတွေ့အကြုံမျိုးလေးရှိထားသင့်ပါတယ်နော် 🤗

ပုဂံမှာမီးပုံပျံ balloon စီးချင်ပေမယ့်စျေးအရမ်းများလို့မစီးခဲ့ရတဲ့ဧည့်သည်တော်တို့အတွက် Asia Blossom မှာလူတစ်ဦးကို ၃၂၀,၀၀၀ ဖြင့် အသက်သာဆုံးစျေးနှုန်းနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ် 🫣 စျေးသက်သက်သာသာနဲ့Balloonစီးပြီးပုဂံမြေရဲ့အလှကိုကြည့်ရှုနိုင်မယ့်အခွင့်အရေးကိုလက်လွှတ်မခံကြပါနဲ့ရှင် 😉
Balloon စီးခြင်းအပြင်နောက်ထပ်ရနိုင်မယ့် service လေးတွေကတော့ ဧည့်သည်တို့ တည်းခိုတဲ့ Hotelကိုလာကြိုပေးခြင်း ၊ Light breakfast ဖြင့်ဧည့်ခံခြင်း ၊ Balloonစီးပြီးနောက် celebration party အဖြစ် Balloon စီးပြီးကြောင်း special experience ရှိတဲ့ Balloon pilot မှ certificate ပေးအပ်ခြင်း ၊ sparkling wine နဲ့ souvenir လက်ဆောင်များပေးအပ်ခြင်း တို့ပဲဖြစ်ပါတယ် 🥳
ဒါ့အပြင် special service အနေနဲ့ 360 view ရှိတဲ့ Bagan viewing Tower freeဝင်ခွင့် ၊ ပုဂံနန်းတော် (Bagan Golden Palace ) free ဝင်ခွင့် ၊ Royal Palace Hotel restaurant မှာသုံးဆောင်ပါက 20 % တို့ကို balloon ticket ဝယ်တာနဲ့ ရရှိမှာဖြစ်ပါတယ်
December လမှာမဟုတ်ဘဲ တခြားလတွေမှာလည်း Balloon စီးချင်တယ်ဆိုတဲ့ဧည်သည်တွေက မိမိတို့စီးချင်တဲ့ရက်ရဲ့တစ်ပါတ်အလိုမှာ bookingတင်ပေးကြဖို့တော့လိုပါမယ်ရှင့် 😊
လူဦးရေအနည်းအများ‌ပေါ်မူတည်ပြီးဈေးနှုန်းလေးညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်ရှင့်
စိတ်ဝင်စား သိရှိလိုတာများရှိရင် page chat box ကဖြစ်စေ၊ viber ကဖြစ်စေ၊ ဖုန်းဆက်သွယ်ပြီးတော့လည်းဖြစ်စေဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်။
09 255 488 835, 09 88 000 5250
Company, စက်ရုံတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ခရီးစဉ်အသေးစိတ်ကို ရှင်းပြပေးတာမို့ ဖုန်းလေးသာ ဆက်လိုက်ရုံပါပဲနော်

🔥ခရီးသွားလူငယ်တွေ ပါးစပ်ဖျားရေပန်းစားနေတဲ့ “ဘားအံ”ကို သွားလည်ကြမယ်။🔥ဘားအံဆိုတာ ရန်ကုန်ကနေ မနီးမဝေး ၆ နာရီလောက်ကားစီးရုံန...
23/12/2023

🔥ခရီးသွားလူငယ်တွေ ပါးစပ်ဖျားရေပန်းစားနေတဲ့ “ဘားအံ”ကို သွားလည်ကြမယ်။🔥
ဘားအံဆိုတာ ရန်ကုန်ကနေ မနီးမဝေး ၆ နာရီလောက်ကားစီးရုံနဲ့ရောက်တဲ့ Paradiseလေးတစ်ခုပေါ့။🏞️

အခုနောက်ပိုင်း ဘားအံမှာလည်စရာတွေကလဲပေါလာတော့ ခရီးသွားbloggerတွေကစ တကူးတကညွှန်ပေးရသည်ထိ တောတောင်၊သဘာဝအလှအပတွေက ဖမ်းစားနေတာပါ။🌳🌲
ကရင်ပြည်နယ်မှာရှိတဲ့ဘားအံကိုရောက်ရင်ဘယ်နေရာတွေလည်ရမလဲပြောပြပေးချင်ပါတယ်။😍

(၁) ဇွဲကပင်တောင်
ဘားအံမြို့မှ နေ၍ (၁၅) မိနစ်ခန့် ဆိုင်ကယ် (သို့) ကားဖြင့် သွားရောက်နိုင်တဲ့ကရင်ပြည်ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဇွဲကပင်တောင်ကိုသွားမယ်ဆိုရင် ခြေလျှင်မတက်ချင်ဘဲcable စီးချင်ရင်လဲ ရပါတယ်။ခြေလျှင်ခရီးသွားမယ်ဆိုရင်လမ်းတစ်လျောက်မှာ ဇွဲကပင်တောင်ရဲ့အလှအပတွေနဲ့ အံ့ဩဖွယ်သစ်ပင်ပန်းမန်များနဲ့ တောတွင်းသတ္တဝါလေးများကို လေ့လာနိုင်ပြီး တောင်တက်ခြင်းအရသာကိုအပြည့်အဝခံစားရမာပဲဖြစ်ပါတယ်။
တောင်ပေါ်မာစေတီတစ်ဆူရှိပြီးတိမ်တွေလွှမ်းပြီး View တွေကအရမ်းလှလို့ ပင်ပန်းလာသမျှ ပြေပျောက်သွားမာ အသေအချာပါပဲ။
နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တိုင်းမှာ ဇွဲကပင်တောင်ဘုရားပွဲကြီးကိုစည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ အစည်ကားဆုံးသောအချိန်ကာလလည်း ဖြစ်ပါတယ်။🥰

(၂) လုံမ္ဗနီဥယျာဉ်
ဇွဲကပင်တောင်ခြေမှာရှိတဲ့ လုံမ္ဗိနီဥယျာဉ်အတွင်း အင်ကြင်းပင်များရဲ့အောက်ခြေမှာ ထိုင်တော်မူရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားကြပါတယ်။ဇွဲကပင်တောင်နောက်ခံရှုခင်းနဲ့ ဘုရားဆင်းတုတော်တွေဟာ ကြည်ညိုစရာကောင်းလှပါတယ်။🙏

(၃)ဘုရင့်ညီဂူ
ဘားအံမြို့ အနောက်မြောက်ဘက် ၁၂မိုင်ကျော်အကွာတွင်ရှိပြီး သံလွင်မြစ်နှင့်ဒုံသမိမြစ် အကြားမြေပြန့်ဒေသတွင် ထိုးထွက်လျက်ရှိသည့် ကျောက်တောင်ကြီး၏ အတွင်းပိုင်းမှာရှိသော ဂူဖြစ်ပါတယ်။
ဂူအတွင်းပိုင်း အလျား ၁ဖာလုံခန့်ရှည်လျားပြီး ဂူအခြေတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ရေပူစမ်းကန်လည်းရှိပါတယ်။ တောင်စောင်းတစ်လျှောက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် ဂူအတွင်းတွင် ရှေးဟောင်းဘုရားများကို ဖူးမြော်နိုင်ပါတယ်။ ဂူထဲမှာလည်း ဂဝံကျောက်၊ ရှေးခေတ်ဟောင်း လက်လုပ်မြေအုတ်တို့ဖြင့် ထွင်းထုထားသော ဘုရားများစွာလည်း ရှိပါတယ်။

(၄) လွန်းညရေပြာအိုင်
လွန်းညရေပြာအိုင်ဟာ ဘားအံမြို့မှ အိန္ဒုရွာအကျော်နားက လွန်းည ရေပြာအိုင် သာမညသွားတဲ့လမ်းပေါ်မှာပဲရှိပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာတော့ ရေကကြည်လင်ပြီး ရေအောက်က ရေညှိရေမှော်ပင်များကို မြင်တွေ့နိုင်ပါတယ်။ ရေများတဲ့ကာလ မိုးရာသီဆိုရင်တော့ ရေပိုပြာတယ်လို့လည်းသိရပါတယ်။🏞️
(၅) တောင်ဝိုင်း
ဘားအံမြို့ကနေ ၁၅မိနစ်၊ မိနစ် ၂၀ ခန့် မောင်းသွားရတဲ့ ဘားအံ-လှိုင်းဘွဲ့ လမ်းခွဲကို အရင်သွားရမာဖြစ်ပြီးအဲဒီကနေတဆင့် ထူးဂုဏ်ရွာ အဝင်လမ်း တောမှီရဟန်းလမ်းကနေ ဆိုင်ကယ်၊ သို့မဟုတ် ကားနဲ့ ၁၅မိနစ်ခန့် မောင်းသွားမယ်ဆိုရင် တောင်ဝိုင်းတောင်ခြေနားကို ရောက်ပါတယ်။ ပေပေါင်း ၂၆၀၀ ကျော်မြင့်တဲ့ တောင်ဝိုင်းတောင်ကတောင်ခြေကနေ တောင်ထိပ်အထိ တောင်တက်ချိန်၂ နာရီခန့် ကြာမြင့်ပေမယ့် တောင်ထိပ်ရောက်တဲ့အခါ ရင်သပ်ရှုမောဖွယ် လှပတဲ့အဖြူရောင်တိမ်ထုတွေကြားက တောင်တန်းတွေ၊ပြာလဲ့နေတဲ့ ကောင်းကင်အလှတွေနဲ့ အတူ စိမ်းလန်းစိုပြေနေတဲ့ ရေမြေ တောတောင် သဘာဝရှုခင်း၊ လယ်ကွင်း အလှတွေကြောင့် တောင်တက်အမောတွေကို ပြေစေမှာပါ။🏞️

(၆) နောင်ခလိုင်ရေပြာဂူ
ဘားအံမြို့ကနေ နာရီဝက်လောက်ပဲသွားရမယ့်နောင်ခလိုင်ရွာမာရှိတဲ့
ဂူထဲကစီးဆင်းနေတဲ့ရေပြာပြာလေးတွေနဲ့ သဘာဝရေပြာအိုင်ကိုတွေ့ရမာပါ။
ဂူနံရံထက်ကကျောက်စက်ပန်းဆွဲတွေ၊ ကျောက်ကပ်ပန်းတွေ၊စိမ်းစိုနေတဲ့တောတောင်သဘာဝရှုခင်းတွေနဲ့
နောင်ခလိုင်ရေပြာဂူဟာ သိပ်ကိုလှပလွန်းပါတယ်။🏞️

(၇) ကော့ဂွန်းဂူ

ကရင်ပြည်နယ်ဘားအံမြို့နယ် ကော့ဂွန်းရွာရှိ ကော့ဂွန်းထုံးကျောက်တောင်မှာ တည်ရှိပါတယ်။ ကော့ဂွန်းတောင်မှာ ကော့ဂွန်းဂူ၊ ကျွဲဂူနှင့် ကျားဂူဟူ၍ရှိသော်လည်း ကော့ဂွန်းဂူသာလျှင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် တည်ရှိပါတယ်။ ကော့ဂွန်းဂူမှာ ကျောက်တောင်နံရံများ၊ ဂူနံရံနှင့် အမိုးပိုင်းတို့တွင် ဗုဒ္ဓဆင်းတုတော်များကို မွမ်းမံတန်ဆာဆင်ယင်ကာကပ်လှူထားပါတယ်။ 🥰🥰

(၈) လင်းနို့ဂူ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေကြားမှာတော့ ဘားအံရောက်ရင် မသွားမဖြစ်သွားရမယ့် နေရာတစ်ခုဖြစ်ပါတယ် ။ ဘားအံတစ်ဖက်ကမ်း သံလွင်တံတားဆင်းဆင်းချင်းတွေ့နိုင်ပါတယ်။ လင်းနို့ဂူ ရှိတဲ့တောင်နံရံမတ်မတ်ကလှေကားတွေကို တွယ်တက်ပြီး တောင်စွယ်မှာတည်ထားတဲ့ ဘုရားကိုဖူးရင်း ရှုခင်းတွေကိုကြည့်နိုင်ပြီး လင်းနို့ထွက်တာကြည့်ချင်ရင် အောက်ဘက်ဂူပေါက်ဝရှိရာ နေရာကနေ ညနေဖက်ဆို ဂူ‌ထဲ‌အောင်းနေတဲ့ လင်းနို့တွေ အစုလိုက် အပြုံလိုက် ထွက်တာကို စောင့်ပြီး ကြည့်နိုင်ပါတယ်။

(၉)ဆဒ္ဒန်ဂူ
ဆဒ္ဒန်ဂူဟာ ဘားအံမြို့မှ မိုင်(၂၀)ခန့် အကွာ ဇွဲကပင်တောင်တန်းရဲ့တောင်ဘက်အဆုံးမှာရှိပါတယ်... ဘုရားဟောဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္တုထဲကလို ဧက ၂၀ လောက်ကျယ်တဲ့ အင်းအိုင်ကြီးရယ် သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တွေ ရှိတဲ့အတွက်ကြောင့်မို့ ဆဒ္ဒန်ဂူလို့ ခေါ်စမှတ်ပြုကြတယ်လို့ ပြောပါတယ်။ဆဒ္ဒန်ဂူက ကရင်ပြည်ထဲကဂူတွေထဲမှာ
ဝင်ပေါက်အကျယ်ဆုံးနဲ့အရှည်ဆုံးဂူတစ်ခုဖြစ်ပြီး ဂူပေါက်နံရံတွေမှာ အုတ်ခွက်ဘုရားတွေကိုဖူးမျှော်နိုင်မာပါ။🙏🙏
(၁၀)ချစ်သူမြိုင်

ဘားအံမြို့ပြင်မှာရှိတဲ့ ချစ်သူမြိုင်ပန်းဥယျာဉ်မှာဆိုရင် သစ်ခွပန်းမျိုးစုံနဲ့တခြားသော ပန်းမျိုးစုံစိုက်ပျိုးထားတာကိုမြင်နိုင်ပြီး အလှဓာတ်ပုံရိုက်တဲ့သူတော်တော်များများလာရောက်လေ့ရှိပါတယ်။ကလေးများအတွက်လည်း ကစားကွင်းများလည်းရှိပြီး အဲပုဂံလေကြောင်းက အသုံးမပြုတော့ပဲ လှူဒါန်းထားတဲ့ Fokker 100 လေယာဉ်ကိုလည်းဗဟုသုတအနေနဲ့လေ့လာကြည့်ရှုနိုင်မှာပါ။💐🌹🥀

(၁၁)ကန်သာယာ

ဘားအံမြို့အလှဆိုတာနဲ့ ဇွဲကပင်တောင်နောက်ခံ ရှုခင်းအလှအပတွေနဲ့ ကန်သာယာရေပြင်ကျယ်ကြီးကိုမေ့ထားလို့မရပါဘူး။
နေဝင်ဆည်းဆာအချိန် ကန်ရဲ့နောက်ခံရှုခင်းတွေနဲ့ဓာတ်ပုံလှလှလေးတွေရိုက်ချင်တဲ့သူတွေ
မသွားမဖြစ်သွားရမယ့်နေရာပါပဲ။💦

(၁၂)ကမ်းနားလမ်းညစျေး
ကန်သာယာမှာလည်ပတ်ရင်း မောလာတဲ့အခါ ညစျေးလေးကိုဝင်ပြီး လတ်ဆတ်ပြီးအရသာရှိလှတဲ့ဒေသအစားအစာတွေ၊အသီးအနှံတွေကို သုံးဆောင်ရင်း ပင်ပန်းမှုတွေ‌ဖြေဖျောက်လို့ရပါသေးတယ်။🍎🍉🍐

လည်စရာတွေပေါပြီး စိမ်းစိုလှပတဲ့သဘာဝအလှတွေရှိရာ ဘားအံကိုသွားလည်ချင်တယ်ဆိုရင်တော့ပိတ်ရက်တွေအတွက်သူငယ်ချင်းတွေနဲ့အဖွဲ့လိုက်ဖြစ်စေ၊စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီများနှင့်အသင်းအဖွဲ့များအတွက်Private Tourလေးတွေ ကိုအဆင်ပြေဆုံး၊အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ နဲ့Asia Blossom Travels & Toursမှစီစဥ်ပေးနေပါတယ်😍။
Asia Blossom Travels & Toursမှ မိတ်ဟောင်းဆွေဟောင်းများ အတွက်လည်းအသက်သာဆုံးနဲ့ အကောင်းဆုံးဝန်ဆောင်မှုများကို စိတ်တိုင်းကျဆောင်ရွက်ပေးနေပါတယ်။ 🥰
ခရီးစဥ်တစ်လျောက် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်ရဖို့ Asia Blossom Travels & Toursမှ တာဝန်ယူပါရစေ။
စိတ်ဝင်စားနှစ်သက်တယ်ဆိုရင်တော့
Messenger or Viber
ph. : 09255488835
09880005250
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။
ကုမ္ပဏီများ၊စက်ရုံများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ခရီးစဉ်အသေးစိတ်ကို ရှင်းပြပေးပါတယ်ရှင်။😘😘😘

Chiang Mai - Chiang Rai - Golden Tringle 4 Nights 5 Days Tour ( $340 )ခရီးသွားရတာနှစ်သက်သဘောကျတဲ့မိတ်ဆွေတို့အတွက်နောက်ထပ...
22/12/2023

Chiang Mai - Chiang Rai - Golden Tringle 4 Nights 5 Days Tour ( $340 )
ခရီးသွားရတာနှစ်သက်သဘောကျတဲ့မိတ်ဆွေတို့အတွက်နောက်ထပ် ပြည်ပခရီးစဉ်လေးတစ်ခုလာပါပြီရှင်🙋🏻‍♀️
ဒါလေးကတော့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင် ၊ ချင်းရိုင် ၊ ရွှေတြိဂံ တို့ရဲ့ ထင်ပေါ်ကျော်ကြားပြီးလှပတဲ့နေရာလေးတွေကို သွားရောက်လည်ပတ်အနားယူမယ့်ခရီးစဉ်လေးဖြစ်ပါတယ်ရှင့် 😍
ဒီခရီးစဉ်လေးကတော့ တခြား ပြည်ပခရီးစဉ်တွေနဲ့မတူဘဲ visa 14 ရက်free ရတဲ့အတွက်ကြောင့် ကိုယ်ကြိုက်တဲ့အချိန်ဘယ်အချိန်မဆိုသွားလို့ရပါတယ်ရှင်။ တစ်ခုရှိတာကတော့ Airway မှာ Transit မယူဘဲ Yangon – Bangkok တိုက်ရီုက်ဆိုတော့ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ပဲ ထွက်မှအဆင်ပြေပါမယ်ရှင့်🙇🏻‍♀️
တခြားခရီးစဉ်လေးတွေနဲ့မတူဘဲ ဒီခရီးစဉ်လေးမှာတော့ ခရီးထွက်ဖို့လူအများကြီးစုစရာမလိုဘဲ ၃-၄ ယောက်ရှိရုံဖြင့်စထွက်လို့ရပါတယ်။ အဲ့တော့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ခရီးထွက်ချင်တဲ့လူတွေအတွက်ကွက်တိပါပဲရှင်။ ဒီခရီးစဉ်လေးမှာက လူအများကြီးမရတဲ့အတွက်ကြောင့် Tour Leader , Tour Guide လေးတော့မပါပါဘူးရှင့် အဲ့ဒီ့အစား မြန်မာစကားပြော ကားဆရာပါတဲ့အတွက်ကြောင့် သူနှံ့နှံ့စပ်စပ်ရှင်းပြပေးတာနဲ့ guide ကြေးသီးသန့်ကုန်စရာမလိုတော့အဆင်ပြေတာပေါ့ရှင်🤭 အစားအသောက်အတွက်ကတော့ နေ့လည်စာတစ်နပ် ပါပါတယ်ရှင် ညစာပါလိုချင်ရင်တော့ extra လေးတော့ထပ်ပေးရပါမယ်ရှင့် ။ ပြီးတော့ Tiger Kingdom ကို လည်ပတ်ချင်တယ်ဆိုရင်လည်း extra လေးတော့ထပ်ပေးရပါမယ်ရှင့်🙇🏻‍♀️

နောက်တစ်ခုအနေနဲ့ကတော့ ချင်းမိုင်ကို ဒီလိုခရီးစဉ်အနေနဲ့မဟုတ်ဘဲနဲ့ ကားပဲသီးသန့်ငှားချင်တယ်ဆိုရင်လည်း Asia Blossom ကဝန်ဆောင်မှုပေးပါတယ်ရှင်။🥰

ဒီလိုမျိုး ဈေးသက်သက်သာသာနဲ့ ချင်းမိုင် ၊ ချင်းရိုင် ၊ ရွှေတြိဂံအနှံ့လည်ပတ်လို့ရမယ့် ခရီးစဉ်လေးအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ page chatbox ကဖြစ်စေ၊ viber ကဖြစ်စေ၊ ဖုန်းဆက်သွယ်ပြီးတော့လည်းဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ် ☎️
09 255 488 835, 09 88 000 5250
ခရီးစဉ် အသေးစိတ်အကြောင်းအရာ file လေးကို chatbox ကနေ လာရောက်တောင်းပြီး ဖတ်ရှုလို့ရပါတယ်နော်😊
Company, စက်ရုံတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ခရီးစဉ်အသေးစိတ်ကို ရှင်းပြပေးတာမို့ ဖုန်းလေးသာ ဆက်လိုက်ရုံပါပဲရှင်။☎️ See less

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊နဲ့ထိုင်းနိုင်ငံက ချင်းမိုင် ၃နေရာထဲက စိတ်ကြိုက်ရွေးပြီးလည်ပတ်နိုင်ပါပြီ🤩🤩ဗီယက်နမ်ရဲ့စိမ်းစိုလှပလ...
21/12/2023

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊နဲ့ထိုင်းနိုင်ငံက ချင်းမိုင် ၃နေရာထဲက စိတ်ကြိုက်ရွေးပြီးလည်ပတ်နိုင်ပါပြီ🤩🤩
ဗီယက်နမ်ရဲ့စိမ်းစိုလှပလွန်းတဲ့သဘာဝရှုမြင်ကွင်းတွေ၊ထင်မှတ်မထားရအောင် သိပ်လှတဲ့နေရာတွေကိုသွားကြည့်ချင်လား🤔☘️
ကမ္ဘောဒီးယားက ခမ်းနားထည်ဝါပြီး သမိုင်းဝင်အထင်ကရနေရာတွေမှာ လေ့လာစူးစမ်းချင်လား🤔🏯
အပန်းဖြေဖို့ဆိုတာနဲ့ ကမ္ဘာ့အလယ်မှာ ရေပန်းစားလှတဲ့ ထိုင်းနိုင်ငံက ပန်းမြို့တော်ချင်းမိုင်ကိုပဲ ရောက်ဖူးအောင်သွားလည်ချင်လား😍😍
သင်ဟာ ရင်သပ်ရှုမောဖွယ်ပတ်ဝန်းကျင်အသစ်အဆန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်လက်ရာတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ပြည်တွင်းမှာတင်မကပဲ ပြည်ပမှာရှိတဲ့ သမိုင်းဝင်အထင်ကရနေရာများကိုသွားရောက်လေ့လာချင်တယ်ဆိုရင်တော့ ခမ်းနားထည်ဝါလှတဲ့ ဗိသုကာလက်ရာများနဲ့ ပြည်တွင်းပြည်ပခရီးသွားတွေကြားမှာ အလွန်ရေပန်းစားလှတဲ့ပြည်ပခရီးစဥ်လေးများဖြစ်တဲ့Cambodia Tour နဲ့ Vietnam Tourနဲ့ Chiang Mai Tourလေး ၃ခုကို Asia Blossom Travels And Toursမှ မိတ်ဆက်ပေးပါရစေ။ 😘
အသေးစိတ်ဖတ်ရှုချင်တယ်ဆိုရင်တော့
Siem Reap (4 Nights 5 Days) (625 USD)
Siem Reap – Phnom Penh (4 Nights 5 Days) (599 USD)
https://m.facebook.com/story.php?story_fbid=684579557036719&id=100064540428795&mibextid=Nif5oz
Vietnam Tour
Hanoi – Halong Stopover – Sapa (4 Nights 5 Days) (476 USD)
Hanoi – Sapa – Halong overnight Cruise (4 Nights 5 Days) (524 USD)
Hanoi – Halong – Danang – Hanoi – Bana Hill (4 Nights 5 Days) (560 USD)
https://m.facebook.com/story.php?story_fbid=674128564748485&id=100064540428795&mibextid=Nif5oz
Chiang Mai - Chiang Rai - Golden Tringle ( 4 Nights 5 Days) (340 USD)
https://m.facebook.com/story.php?story_fbid=760229622805045&id=100064540428795&mibextid=Nif5oz
အပေါ်က linkလေးတွေမှာဖတ်ရှုလို့ရပါတယ်ရှင်🥰🥰

ဒီဇင်ဘာလ holidayရက်လေးတွေမှာ နှင်းမှုန်လေးတွေနဲ့အတူ ချစ်ရတဲ့ မိသားစုဆွေမျိုးတွေနဲ့ တစ်သက်တာမမေ့နိုင်စရာအမှတ်တရတွေဖန်တီးခ...
19/12/2023

ဒီဇင်ဘာလ holidayရက်လေးတွေမှာ နှင်းမှုန်လေးတွေနဲ့အတူ ချစ်ရတဲ့ မိသားစုဆွေမျိုးတွေနဲ့ တစ်သက်တာမမေ့နိုင်စရာအမှတ်တရတွေဖန်တီးချင်ပါသလား? 😍
ချစ်သူလေးနဲ့ပဲ နှစ်ယောက်ထဲ အေးအေးဆေးဆေးသွားကြမလား?
ရုံးကအပေါင်းအဖော်တွေ၊ကျောင်းက သူငယ်ချင်းတွေနဲ့ပဲ တပျော်တပါးကြီးခရီးထွက်ကြမလား? 🤔
မိသားစု၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ခရီးသွားဖို့စဥ်းစားနေတဲ့သူတွေ
အားလပ်ရက်တွေမှာစိတ်အပန်းဖြေဖို့ နေရာရှာနေတယ်ဆိုရင် စျေးတန်ပြီးအဆင်ပြေတဲ့ ပက်ကေ့လေးတွေရှိတဲ့ Asia Blossom Travels & Toursကို သတိရလိုက်ပါ။ 🤩
ပြည်တွင်းမှာပဲ လည်ပတ်ပြီး အလှအပတွေကိုကြည့်ရင်း ပျော်ရွှင်စရာခရီးစဥ◌်လေးကိုဖန်တီးချင် တယ်ဆိုရင်တော့
ပုဂံလား၊ ငွေဆောင်လား၊ အင်းလေးလား၊ ချောင်းသာလား၊ မိတ်ဆွေစိတ်တိုင်းကျခရီးစဥ◌်ကို Asia Blossom Travels & Toursမှာရွေးချယ်စုံစမ်းနိုင်ပါတယ်။ 😘
ပြည်ပကိုထွက်ပြီး ယဥ◌်ကျေးမှုအသစ်၊လူမျိုးအသစ်တွေနဲ့နာမည်ကျော်အထင်ကရနေရာတွေ၊သာယာလှပတဲ့ရှုခင်းတွေဆီကိုမှ သွားရောက်အပန်းဖြေလေ့လာချင်ရင်လည်း
ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ပြည်ပခရီးစဥ◌်တွေလည်းရှိတာမို့
တစ်နေရာရာကို ခရီးသွားဖို့စဥ်းစားနေတဲ့သူတွေဆိုရင်သူများတွေထက် နောက်မကျအောင်ကြိုတင်စီစဉ်ထားမှစိတ်ချရမယ်နော်။ 😎
ကိုယ့်ဟာကိုစီစဥ◌်လို့ဟိုတယ်အခန်းမရလိုက်တာတွေ၊ကားအဆင်မပြေတာတွေဖြစ်မာ စိတ်ပူနေရင် Asia Blossom Travels & Toursကိုအခုပဲ ဟယ်လိုလုပ်ပြီး Booking တင်လိုက်ကြပါတော့ရှင်…
ပိတ်ရက်တွေအတွက်သူငယ်ချင်းတွေနဲ့အဖွဲ့လိုက်ဖြစ်စေ၊စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီများနှင့်အသင်းအဖွဲ့များအတွက်Private Tourလေးတွေ ကိုအဆင်ပြေဆုံး၊အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ နဲ့Asia Blossom Travels & Toursမှစီစဥ်ပေးနေပါတယ်။
Asia Blossom Travels & Toursမှ မိတ်ဟောင်းဆွေဟောင်းများ အတွက်လည်းအသက်သာဆုံးနဲ့ အကောင်းဆုံးဝန်ဆောင်မှုများကို စိတ်တိုင်းကျဆောင်ရွက်ပေးနေပါတယ်။ ခရီးစဥ်တစ်လျောက် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်ရဖို့ Asia Blossom Travels & Toursမှ တာဝန်ယူပါရစေ။
စိတ်ဝင်စားနှစ်သက်တယ်ဆိုရင်တော့
Messenger or Viber
ph. : 09255488835
09880005250
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။
ကုမ္ပဏီများ၊စက်ရုံများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ခရီးစဉ်အသေးစိတ်ကို ရှင်းပြပေးပါတယ်ရှင်။🥰🥰

❣️ရခိုင်တို့၏ နှလုံးသားရွှေမြို့တော် မြောက်ဦးမြို့ (ခေါ်) မြို့ဟောင်း❣️  “သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း”...
16/12/2023

❣️ရခိုင်တို့၏ နှလုံးသားရွှေမြို့တော် မြောက်ဦးမြို့ (ခေါ်) မြို့ဟောင်း❣️

“သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း” ဆိုရိုးစကားအတိုင်း ရခိုင်ပြည် မြောက်ဦးမြို့မှာ ဘုရားစေတီတွေ၊ရုပ်ပွားတော်ကြီးတွေ၊ အထပ်ထပ်ကာရံထားတဲ့ မြို့ရိုးတွေ၊ မြို့တံခါးတွေ၊ ဗိသုကာလက်ရာတွေ၊ ကျုံးတွေ၊ နန်းရင်ပြင်တွေ အစရှိတဲ့ ရှေးခေတ်ဗိသုကာလက်ရာတွေအများအပြား ရှိပါတယ်။
ဒါဟာ ဘုရားစေတီတွေ လက်ညှိုးထိုးမလွဲရှိပါတယ်ဆိုတဲ့ ပုဂံပြည်ထက်တောင်ပိုများနေတာမို့ ရခိုင်လူမျိုးဖြစ်ရတာ ဂုဏ်ယူဝံ့ကြွားလောက်စရာပါ။🥰
မြောက်ဦးမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ မြောက်အရပ်မှာ တည်ရှိသော ရှေးဟောင်းမြို့တော် မြို့တစ်မြို့ဖြစ်ပြီး ဓညဝတီ၊ဝေသာလီ၊လေးမြို့၊မြောက်ဦး အစရှိတဲ့ခေတ်ကြီး၄ခေတ်ထဲကနောက်ဆုံး မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၁ မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ မြောက်ဦးခေတ် အထွဋ်အထိပ် ရောက်ချိန်မှာဆိုရင် မြို့တော်မှ ဒါကာနှင့် စစ်တကောင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ် တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည် နယ် တဝှမ်းနှင့် မြန်မာပြည် အောက်ပိုင်းတခွင်အထိ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းရောင်း ဝယ် ဖောက်ကားမှုများ ရှိခဲ့ပြီး ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်များ ကူးသန်းရောင်းဝယ်မှုများ ထွန်းကားခဲ့တယ်လို့လည်းသိရပါတယ်။🥰
ဒါ့အပြင်၁၈ ရာစုမှာ အာရှတိုက်မှာ အချမ်းသာဆုံး ဆိပ်ကမ်းမြို့ဖြစ်ခဲ့တဲ့ မြို့ မြောက်ဦးပတ်ဝန်းကျင် ဒေသဟာ ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသပြီးလျှင် ဆန်ထုတ်လုပ်မှု ဒုတိယ အများဆုံး ဒေသ ဖြစ်ပါတယ်။🍚
မြောက်ဦးမှာဆိုရင်
✅သျှိုက်သောင်းပုထိုးတော်ကြီး၊
✅ထုက္ကံသိမ် ပုထိုးတော်ကြီး၊
✅အံတော်သိမ်စေတီ၊
✅ရတနာ့မာရ်အောင်စေတီ၊
✅ဇိနမာရ်အောင်စေတီ၊
✅ကိုးသောင်းပုထိုးတော်ကြီး၊
✅လေးမျက်နှာပုထိုးတော်ကြီး၊
လောင်ဗွမ်ပြောက်စေတီ၊လေးမျက်နှာဘုရား၊ဘုရားပေါ်စေတီ၊ဗားမဲ့ ဗားဂရားဂူ၊နန်းရာကုန်း၊ဝေသာလီမြို့ဟောင်းအပြင် အချိန်ပေးနိုင်ရင် ပေးနိုင်သလို အခြား လူသိများထင်ရှားလှတဲ့ ပုထိုးစေတီပေါင်းများစွာကိုလည်း ဖူးလို့ရပါသေးတယ်။
မသွားမဖြစ် သွားသင့်တဲ့နေရာတွေကတော့

📌ရှစ်သောင်းဘုရား

(ရခိုင်အခေါ် သျှိုက်သောင်းဘုရား)ဟာ မြောက်ဦးမြို့က ဘာသာရေးအထိမ်းအမှတ်တွေထဲမှာ အထင်ရှားဆုံး ဖြစ်ပြီးတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ပုံပေါင်း ၈၀၀၀၀ ကို အစွဲပြုပြီး ရှစ်သောင်းဘုရားလို့ အမည်မှည့်ခဲ့တာ ဖြစ်ပါတယ်။ ရှစ်သောင်းဘုရားရဲ့ အဓိကနံရံတွေမှာဆိုရင် ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ထုရာပေါင်းများစွာ ရှိပါတယ်။ရှစ်သောင်းဘုရားပွဲတော်ကိုနှစ်စဉ် ကဆုန်လပြည့်နေ့တွင် ကျင်းပပြီး ပြိုင်လောင်း ပြိုင်ပွဲ၊ ဘောလုံးပွဲ၊ ရိုးရာကျင်ကိုင်ပွဲ၊ စတိတ်ရှိုးနှင့် ဇာတ်ပွဲများကိုပါ ထည့်သွင်းကျင်းပလေ့ရှိပြီးအလွန်စည်ကားလေ့ရှိပါတယ်။

📌ကိုးသောင်းဘုရား

ကိုးသောင်းဘုရားကတော့ မြောက်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် ၂.၅ ကီလိုမီတာမှာရှိပါတယ်။ ကိုးသောင်းဘုရားဟာ မြောက်ဦးမှာအကြီးဆုံးဘုရားပုထိုး ဖြစ်ပြီးဆင်းတုတော် ၉၀၀၀၀ ထည့်သွင်း တည်ထားတယ်လို့လည်းသိရပါတယ်။
ထုက္ကံသိမ် ပုထိုးတော်ကြီး
ထုက္ကံသိမ် ပုထိုးတော်ကြီးဟာ ရှစ်သောင်းဘုရားရဲ့မျက်စောင်းထိုးလေးမှာပဲရှိပြီး အဝေးကနေ လှမ်းမျှော်ကြည့်ရုံနဲ့မြင်ရပါတယ်။ ပုထိုးတော်ကြီးကိုဘုရင်မင်းဖလောင်းက ၁၅၇၁ ခုနှစ်တွင် တည်ထားခဲ့ပြီး ထုထည်ကြီးမား၍ ခရုခွေပုံစံ လိုဏ်ပတ်ကြောင့် ခံတပ်ဟုပင်ထင်ရလောက်ပါတယ်။
ပင်မစေတီတော်ကြီးတစ်ဆူနဲ့ထောင့်၄ထောင့်မှာ အရံစေတီ၄ ဆူရှိပါတယ်။ စေတီပုံစံမှာ သပိတ်မှောက်အပေါ်၌ ကုဗပုံဓါတုဂမ္ဘ ဆင့်ထားဟန်နှင့်အောက်ခံကျောင်း၌ ဝင်လမ်းတခုတည်းရှိပြီး ခရုပတ် ပုံစံလိုဏ်နှစ်ခုရှိပါတယ်။ လိုဏ်လမ်းအဆုံး၌ ဂန္ဓကုဋီတိုက်ရှိပြီး လိုဏ်လမ်းတလျှောက်မှာ ဂူကျောင်း ၁၄၆ ကျောင်းရှိပြီး ဆင်းတုတော်များ ရှိပါတယ်
ဂူကျောင်းအဝတွင် ကျောက်ဆစ်ရုပ်ကြွများရှိပြီး စုစု ပေါင်း ၃၃၀ ကျော်ရှိပါတယ်။ လှိုဏ် ပတ်လမ်းတစ်လျှောက်မှာ မင်းမှုထမ်းတွေရဲ့ ရာထူးအဆင့်အလိုက် ရုပ်ကြွများရှိပြီး မြောက်ဦးခေတ်လယ်ပိုင်း ဝတ်စားဆင်ယင်မှုကို တွေ့နိုင်ပါတယ်။🥰🥰

📌အံတော်သိမ်ပုထိုး
အံတော်သိမ်ပုထိုးဟာ ရှစ်သောင်းပုထိုးတော်ကြီး၏ မြောက်ဘက်တွင်တည်ရှိပြီးမူလကုသိုလ်ရှင် မင်းစောလှဖြစ်ပြီး ခရစ် ၁၅၂၁ ခုနှစ်တွင် ကောင်းမှုပြုတည်ထားခဲ့ပါတယ်။ ၁၅၉၆ခုနှစ်မှာမင်းရာဇာကြီးက ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့တာကြောင့်အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြပါတယ်။အံတော်သိမ်ပုထိုးမှာလှိုဏ်ပတ်လမ်း နှစ်ခုရှိပြီး အလယ်ဗဟိုတွင် ဆင်းတုတော်ရှစ်ဆူကို ကျောက်ဆစ်လက်ရာ ကနုတ်ပန်းများ ဖြင့်လွန်စွာတင့်တယ်သော ရာဇပလ္လင် ရှစ်ခန်းနှင့်အတူ ဖူးမြော်နိုင်ပါတယ်။ပလ္လင်များမ
ဗျလ္လ ရုပ်များ၊ ငှက်လည်ပြန်များနဲ့ လှိုဏ်ပတ်လမ်းများတွင်လည်းရုပ်ပွားတော်များ ကိန်းဝပ်နေပြီး ပုထိုးတော်တခု လုံးမှာဆင်းတုကြီးငယ်ပေါင်း ၁၇၅ဆူရှိပါတယ်။

📌မာရ်ငါးပါးဟုခေါ်သော သကျမာရ်အောင်စေတီ၊ ဇိနမာရ်အောင်စေတီ၊ ရတနာ့မာရ်အောင်စေတီ၊ လောကမာရ်အောင်စေတီ၊ မင်္ဂလာမာရ်အောင်စေတီတော်တို့ မှာလည်း ရာဇပလ္လင်ကျောက်ဆစ်လက်ရာများ၊ဆင်းတုတော်များ၊ ရခိုင်မင်းများလက်ထက်ကဗိသုကာကျောက်ဆစ်လက်ရာများကိုမြင်တွေ့နိုင်ပါတယ်။

📌လက်ဆည်ကန်
နေဝင်ချိန်ညနေခင်းလေးမှာ အပေါင်းသင်းတွေနဲ့ပဲသွားသွား၊ ချစ်သူရည်းစားနဲ့ပဲသွားသွား ကန်ဘောင်ပေါ်မှာ ထိုင်ပြီး နေဝင်ချိန်အလှကိုထိုင်ငေးရတာကလည်းစိတ်ညစ်ညူးမှုတွေပြေပျောက်မှာ အသေအချာပါပဲ။
မြောက်ဦးမြို့မှာ လက်ဆည်ကန်နှင့် အနူမကန်ဆိုပြီး ကန်နှစ်ကန်ရှိသည့်အနက် အနူမကန်မှာ ရေချိုးကြလေ့ရှိပြီး ယခင်က တစ်မြို့လုံးကို ရေပေးဝေနေတဲ့ လက်ဆည်ကန်ကိုတော့ နေဝင်ချိန်မှာသွားလည်ပတ်လို့ရပါသေးတယ်။

📌မြောက်ဦးနန်းတော်ရာ

ရခိုင်ဘုရင်များစိုးစံရာ မြောက်ဦးနန်းတော်ကို ဘုရင် မင်းစောမွန်က အေဒီ၁၄၃၀မှာ စတင်တည်ဆောက်ခဲ့ပြီး မင်းဆက်ပေါင်း ၄၉ဆက်က နှစ်ပေါင်း ၃၅၄နှစ်ကြာ အုပ်ချုပ်စိုးစံခဲ့ကြပါတယ်။
နန်းတော်ရာမှာ ပင်မနန်းဆောင် ၉ဆောင်၊ လွှတ်တော်ရုံး၊ဝန်ကြီးများရုံး၊ နန်းတော်ရာ၊နဲ့လက်နက်တိုက်စတဲ့အဆောင်များနဲ့ ၁၀၈ဆောင်ရှိခဲ့တယ်လို့သိရပါတယ်။
အရှေ့တောင်အာရှမှာ အလှဆုံးစာရင်းဝင်သဘာဝအလှအပတွေရှိတဲ့ ကမ်းခြေတွေနဲ့ နဲ့ရှေးခေတ်လက်ရာယဉ်ကျေးမှုအမွေအနှစ်တွေပြည့်နှက်နေတဲ့
ရခိုင်ပြည်က ကြီးကျယ်ခမ်းနားလှပါတယ်။
ကြက်သီးထလောက်စရာ ထည်ဝါခမ်းနားလှတဲ့ စေတီ၊ပုထိုးတွေရဲ့ဗိသုကာလက်ရာတွေ၊အံ့မခမ်းဖွယ်ရာကျောက်ဆစ် လက်ရာတွေကလဲရခိုင်ပြည် မြောက်ဦးမြို့ကို နိုင်ငံအလယ် တင့်တယ်စေခဲ့ပါတယ်။ ♥️
ပုဂံနဲ့စာရင်မြောက်ဦးက လူသိနည်းပြီးအလှမ်းဝေးတယ်ထင်ရပေမယ့် စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ လည်ပတ်စရာတွေ၊ ရခိုင့်ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေကို အများကြီး ဖော်ထုတ်လေ့လာနိုင်စရာ နေရာတစ်ခုဖြစ်လို့ အမွေအနှစ်တွေ မပျက်စီး မယိုယွင်းခင် အချိန်ပေးပြီး သွားရောက်လေ့လာသင့်တာမို့အလည်တစ်ခေါက်သွားချင်ပါတယ်ဆိုရင်တော့ပိတ်ရက်တွေအတွက်သူငယ်ချင်းတွေနဲ့အဖွဲ့လိုက်ဖြစ်စေ၊စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီများနှင့်အသင်းအဖွဲ့များအတွက်Private Tourလေးတွေ ကိုအဆင်ပြေဆုံး၊အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ နဲ့Asia Blossom Travels & Toursမှစီစဥ်ပေးနေပါတယ်။ 😍😍
Asia Blossom Travels & Toursမှ မိတ်ဟောင်းဆွေဟောင်းများ အတွက်လည်းအသက်သာဆုံးနဲ့ အကောင်းဆုံးဝန်ဆောင်မှုများကို စိတ်တိုင်းကျဆောင်ရွက်ပေးနေပါတယ်။
ခရီးစဥ်တစ်လျောက် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်ရဖို့ Asia Blossom Travels & Toursမှ တာဝန်ယူပါရစေ။ 😘😘
စိတ်ဝင်စားနှစ်သက်တယ်ဆိုရင်တော့
Messenger or Viber
ph. : 09255488835
09880005250
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။
ကုမ္ပဏီများ၊စက်ရုံများ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ခရီးစဉ်အသေးစိတ်ကို ရှင်းပြပေးပါတယ်ရှင်။🥰🥰

13/12/2023

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလတွေလည်းဖြစ် ပိတ်ရက်လည်းပေါများလွန်းတဲ့ ဒီလတွေမှာ ချစ်သူရည်းစား ဘာဘာညာညာလေးတွေနဲ့ ခရီးတွေထွက်ဖြစ်လောက်မှာပေါ့ အဲ့ထဲကမှဘယ်ကိုသွားခဲ့ရတာကအပျော်ဆုံးလဲ? 🙄

ဘယ်နေရာကိုသွားရတာကအပျော်ဆုံးဖြစ်မလဲဆိုတာနေရာဒေသကလည်းအရေးပါသလို ဘယ်သူနဲ့သွားတာလဲကပိုအရေးပါတယ်မလား😁 (ဥပမာ ကိုယ့် ရည်းစားလေးနဲ့သာဆို ဘယ်သွားသွားအပျော်ဆုံ;ဖြစ်နေတာမျိုးပေါ့ 🤪ဟုတ်တယ်မလား မိတ်ဆွေတို့)

တကယ်လို့ အခုမှခရီးထွက်ဖို့စီစဉ်နေတာဆိုရင်ကော ဘယ်ခရီးကိုသွားချင်ကြလဲ ပြည်တွင်းလား၊ ပြည်ပလား🏝️🏜️

ကိုယ့်ရဲ့ခရီးသွားအတွေ့အကြုံလေးနဲ့ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဒီ postအောက်မှာပြန်ပြီး sharing လုပ်ကြည့်ကြမလားမိတ်ဆွေတို့?

အာ ရည်းစားမရှိလို့ခရီးမသွားရသေးဘူးဆိုတဲ့လူတွေလည်း စိတ်မပူကြပါနဲ့နော် တစ်ယောက်ထဲလည်း ပျော်ပျော်ပါးပါးခရီးတွေထွက်လို့ရပါတယ်လို့ 😁🤭💪🏻

ဒီပိုစ့်အောက်မှာ ကိုယ်ခရီးသွားခဲ့စဉ်က ရယ်ရတာပဲဖြစ်ဖြစ်, မေ့မရတဲ့အတွေ့အကြုံလေးတွေကိုပဲဖြစ်ဖြစ်, cmt မှာပြောပြရင်း ကျန်တဲ့သူတွေကလည်းဒီလိုအဖြစ်မျိုးကြုံဖူးရင် cmt ပိုင်ရှင်နဲ့ သိသိမသိသိ reply လုပ်ပြီး ပျော်စရာလေးတွေမျှဝေကြရအောင်🙌🏻

Chill out our service

Address

1st Floor, Above KBZ Bank, No. 337, Yadanar Road, Ward 11, South Okkalapa Township, Rangoon
Yangon
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959255488835

Alerts

Be the first to know and let us send you an email when Asia Blossom Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asia Blossom Travels & Tours:

Videos

Share

Category

Nearby travel agencies


Other Tour Agencies in Yangon

Show All