12/06/2024
မွန်းကြပ်နေတဲ့မြို့ပြကနေတနေ့တာရုန်းထွက်ဖို့🕺💃
ရန်ကုန်ကနေ နေ့ချင်းပြန်ခရီးလေးပါ။🌳🌴🪴
ရန်ကုန်ကနေရန်ကုန်-မန်းအမြန်လမ်းပေါ်တက်၊တနာရီသာသာလောက်ဆို ဝင်္ဂဘောဆင်စခန်းဆိုရေးထားတဲ့လမ်းခွဲမှာညာချိုးတာနဲ့အလွန်သာယာတဲ့ ဝင်္ဂဘောဆင်စခန်းကိုရောက်ပါပြီ။🦣🦣🦣
ဝင်္ဂဘောဆင်စခန်းဆိုတာကတောထဲမှာအရင်ကသစ်ထုတ်လုပ်ငန်းမှာအသုံးပြုခဲ့တဲ့ဆင်တွေကိုအခုသစ်မထုတ်ရတဲ့အခါထိန်းသိမ်းထားတဲ့စခန်းပါ။
သစ်ထုတ်ရာမှာလိမ်မာကြပြီးဆင်ဦးစီးနဲ့မိသားစုလိုဖြစ်နေတဲ့စွယ်စုံဆင်ကြီးတွေက အစ ဆင်ငယ်လေး တွေ လည် အရမ်း လိမ်မာ ကြပါတယ် 🦣🦣
လာလည်တဲ့ဧည့်သည်တွေစိတ်ဝင်စားမဲ့ဆင်လိမ်မာပြပွဲရှိတယ်။ဆင်တွေကိုရေချ၊ရေချိုးမယ်ဆိုရင်လဲကိုယ်တိုင်ပါဝင်လို့ရတယ်။အဲအဝတ်အစားအပိုတော့ယူခဲ့ပေါ့။
ဆင်ရေချိုးတဲ့ နေရာလေး သွားဖို့ မိနစ်၂၀ လောက် တောလမ်းခရီးေလး သွားရပါတယ် မိုးမရွာ နေမပူ တဲ့ အချိန်ဆို လမ်း လျှောက်ရတာ ပျော်စရာ ကောင်းပါတယ်
🌳🌳🌳
လမ်းလျှောက်ဝါသနာပါတဲ့သူတို့အဖို့လဲတောင်ကုန်းလေးတွေအနိမ့်၊အမြင်ပေါ်လျှောက်ကြရင်းတောတောင်သဘာဝကိုခံစားနိုင်ကြပါတယ်။
သားသား၊မီးမီးလေးတို့အတွက်လဲဆင်ဦးစီးမိသားစုတွေရောင်းပေးတဲ့ကြံ၊ဖရဲသီး၊ငှက်ပျောသီးစတဲအစားအစာတွေကိုကျွေး။အမှတ်တရဓါတ်ပုံတွေရိုက်နိုင်ပါသေးတယ်။ ဆင်လေးတွေကိုဘူဖေး ကျွေးမယ်ဆိုလည် စီစဉ်ပေးပါတယ်။
ဝင်္ဂဘောဆင်စခန်းကိုသွားချင်တယ်ဆိုရင်တော့ Hi လိုက်နော် 🦣🦣🦣
ပြည်တွင်းပြည်ပ လေယာဉ် လက်မှတ် နဲ့ အခြားမြန်မာပြည်တွင်း ပြည်ပ လည်ပါတ်စရာခရီးစဉ်ဒေသတွေကိုသူငယ်ချင်းအဖွဲ့လိုက်ဖြစ်စေ။မိသားစုလိုက်ဖြစ်စေသွားလည်ချင်တယ်ဆိုရင်လဲစီစဉ်ပေးပါတယ်နော်။
ကလေး စောင့်ရှောက်ရေးရိပ်သာတွေ၊ မူကြိုကျောင်း တွေ အတွက် အထူးအစီအစဉ် လိုအပ်ရင်လဲလုပ်ပေးပါတယ် 🌳🦣🕺💃🌳
Travel
09450408264