16/12/2024
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ (၂၀၂၅-၂၀၂၇)ခုနှစ်၊ နဝမအကြိမ်မြောက်သက်တမ်း အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ
===================================
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ (၂၀၂၅-၂၀၂၇)ခုနှစ်၊ နဝမအကြိမ်မြောက်သက်တမ်းအတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ရာ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဘုန်းနိုင်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တွဲဖက်ဘဏ္ဍာရေးမှူး(၁) ဦးစံထွေးနှင့် တွဲဖက်စာရင်းစစ်(၃) ဦးဌေးရွှေတို့သည် ကော်မရှင်အဖြစ်ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်မျိုးမင်းဒင်နှင့် အလုပ်အမှုဆောင်များ၊ ဇုန်နယ်မြေများမှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ E-Voting အတွက် နည်းပညာတာဝန်ယူဆောင်ရွက်ပေးသည့် UMFCCI မှ ဦးဆောင်ဖွဲ့စည်းထားသော MDEA အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်မျိုးမင်းဒင်မှ အမှာစကားပြောကြားခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာအား အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုမှ ဖတ်ကြားတင်ပြခြင်း၊ ငွေစာရင်းရှင်းတမ်းအား ဘဏ္ဍာရေးမှူး ဦးသီဟအောင်မှ ဖတ်ကြားတင်ပြခြင်း၊ စာရင်းစစ် အစီရင်ခံစာအား စာရင်းစစ် ဦးသန်းဦးမှ တင်ပြခြင်းနှင့် နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်တမ်းအား အခမ်းအနားမှူးမှ ကြေညာခဲ့ပြီး တက်ရောက်လာသူများမှ ကန့်ကွက်မည့်သူမရှိသောကြောင့် အစည်းအဝေးမှ အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါသည်။
ထို့နောက် အခမ်းအနားမှူးမှ (၂၀၂၂-၂၀၂၄)ခုနှစ်၊ အဌမအကြိမ်မြောက်သက်တမ်းတွင်အလုပ်အမှုဆောင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သော အလုပ်အမှုဆောင်များအားလုံး နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ကော်မရှင်အဖွဲ့မှ ရွေးချယ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး အလုပ်အမှုဆောင်များအဖြစ် ရွေးချယ်ခံရန်ဆန္ဒပြုထားသူ (၂၁)ဦးတို့အား အခမ်းအနားမှူးမှ မိတ်ဆက်ပေးခဲ့ပြီး အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ခြင်းကို ဇုန်(၂၁)ဇုန် အလုပ်အမှုဆောင်များမှ E-Voting စနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားမှ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း အသင်းချုပ်အလုပ်အမှုဆောင်များ အဖြစ်-
(၁) ဦးသိန်းဝင်း - ဥက္ကဌ (Beauty Land Hotel ၊ ရန်ကုန်ဇုန်)
(၂) ဦးထွန်းလင်းသောင်း - ဒုတိယဥက္ကဌ(၁) (Alinkar Hotel & Resort ၊ သရေခေတ္တရာ(ပြည်)ဇုန်)
(၃) ဒေါက်တာကျော်မင်းထွန်း - ဒုတိယဥက္ကဌ(၂) (Oattara Thiri Hotel ၊ နေပြည်တော်ဇုန်)
(၄) ဦးမျိုးမင်းဇော် - ဒုတိယဥက္ကဌ(၃) (Saffron Lodge & Viewpoint Lodge ၊ ရှမ်းတောင်ဇုန်)
(၅) ဦးဇော်ထိုက်အေး - ဒုတိယဥက္ကဌ(၄) (Jasmine Hotel ၊ ရန်ကုန်ဇုန်)
(၆) ဦးသန်းထွဋ် - ဒုတိယဥက္ကဌ(၅) (Hilton Ngapali Resort ၊ ရခိုင်ဇုန်)
(၇) ဦးနေအောင်ကို - အထွေထွေအတွင်းရေးမှူး (Thamada Family Hotel ၊ ရန်ကုန်ဇုန်)
(၈) ဦးသိန်းအုပ်အောင်ပိုင် - တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) (Hotel Yankin ၊ ရန်ကုန်ဇုန်)
(၉) ဦးကျော်ညီညီလတ် - တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) (Lucky Hotel ၊ မန္တလေးဇုန်)
(၁၀) ဦးမျိုးမင်းအောင်ကျော် - တွဲဖက်အထွေထွေအတွင်းရေးမှူး(၃) (Vantage Hotel ၊ ကရင်ဇုန်)
(၁၁) ဦးကျော်နန္ဒမောင် - တွဲဖက်အထွေထွေအတွင်းရေးမှူး(၄) (White Hill Hotel ၊ ရန်ကုန်ဇုန်)
(၁၂) ဦးသီဟအောင် - ဘဏ္ဍာရေးမှူး (Dream Light Guest House ၊ ရန်ကုန်ဇုန်)
(၁၃) ဦးအောင်သန်း - တွဲဖက်ဘဏ္ဍာရေးမှူး(၁) (Palae Shwe Yee Hotel ၊ မကွေးဇုန်)
(၁၄) ဒေါ်ယုလဲ့အောင် - တွဲဖက်ဘဏ္ဍာရေးမှူး(၂) (Seaman Inn ၊ မန္တလေးဇုန်)
(၁၅) ဦးချမ်းမင်းဦး - တွဲဖက်ဘဏ္ဍာရေးမှူး(၃) (Hotel Balmi ၊ ရန်ကုန်ဇုန်)
(၁၆) ဦးသန်းဦး - စာရင်းစစ် (Bay View Hotel ၊ ရခိုင်ဇုန်)
(၁၇) ဦးသန်းရွှေ - တွဲဖက်စာရင်းစစ်(၁) (Crown Prince Hotel ၊ ပုဂံဇုန်)
(၁၈) ဒေါ်ကေသီနိုင် - တွဲဖက်စာရင်းစစ်(၂) (Yuzana Hotel ၊ ရန်ကုန်ဇုန်)
(၁၉) ဦးသန့်နိုင်ထွန်း - တွဲဖက်စာရင်းစစ်(၃) (Hotel Bo Bo Min ၊ ရန်ကုန်ဇုန်)
စသည့် အသင်းချုပ်အလုပ်အမှုဆောင် (၁၉)ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
ထို့နောက် ရွေးချယ်ခံရသည့် အသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ်ကိုယ်စား ဥက္ကဌ ဦးသိန်းဝင်းမှ အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။