Ace Aviation Tourism Myanmar

Ace Aviation Tourism Myanmar Travel & Tour Tour Agency

09/08/2018
Offer until July 20th 2018 Full Board Special Offer at  PARADISE ISLAND RESORTS * SPAS2 Nights Accommodations at SUPERIO...
08/06/2018

Offer until July 20th 2018
Full Board Special Offer at PARADISE ISLAND RESORTS * SPAS
2 Nights Accommodations at SUPERIOR BEACH BUNGALOW including RETURN AIRPORT TRANSFERS AND ALL MEALS
USD 300 PER PAX
မော်လ်ဒိုက် ( Maldives ) ကို US$ 300 ထဲနဲ့ အပန်းဖြေသွားကြရအောင် 💃💃

အားလုံးသိကြတဲ့အတိုင်း မော်လ်ဒိုက်ဆိုတာ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ကျွှန်းစုနိုင်ငံငယ်လေးတစ်ခုပဲဖြစ်ပါတယ် 🏝️🏝️
မြို့ကြီးဆိုလို့ Male ဆိုတဲ့မြို့ကြီးတခုပဲရှိပါတယ် ကျန်တာတွေကတော့ ပြာလဲ့ကြည်လင်တောက်ပနေတဲ့ ရေပြင်ကြီးနှင့် ဖြူဖွေးလှသော သဲသောင်ပြင်ကြီးတွေက နေရာအနှံ့ စိုးမိုးထားပါတယ်
ပင်လယ်ပျော်တွေ အတွက်ကတော့တကယ်ကို Paradise တစ်ခုပါပဲ ❤️

#ဘယ်လိုသွားကြမလဲ ??

အဓိက ကတော့ Visa မော်လ်ဒိုက်နိုင်ငံကို
မြန်မာပြည်ကနေသွားမယ်ဆိုရင် Visa လျှောက်ရန်မလိုပဲ အလွယ်တကူ သွားလာနိုင်ပါတယ် 💫💫
US$300 - 3Days / 2 Nights ခရီးစဉ်မှာ ပါဝင်မယ့်အရာတွေကတော့
Maldives လေဆိပ်မှ Island Resort သို့ Speed Boat ဖြင့်ပို့ဆောင်ပေးခြင်း
ဟိုတယ်တွင် မနက်စာ / နေ့လည်စာ / ညစာ (All Meals) သုံးဆောင်ခွင့် ✨
Island Resort ရဲ့ Superior Beach Bungalow တွင် တည်းခိုခွင့်ရမှာပဲဖြစ်ပါတယ်

US$300 ထဲမှာ လေယာဉ်လက်မှတ်တော့ မပါဝင်ပါဖူး
လေယာဉ်လက်မှတ်ကို မိမိသွားလိုတဲ့နေ့၏
ဈေးနှုန်းအတိုင်းဝယ်ယူရပါမယ်
လက်မှတ်များကိုအသက်သာဆုံးဖြစ်အောင် စီစဉ်ပေးနိုင်ရေးအတွက် အခုပဲဆက်သွယ်လိုက်ပါ 📞📞
Honeymoon သွားချင်သူတွေ / သူငယ်ချင်း /မိသားစု / ချစ်သူတွေနဲ့ စိတ်အပန်းဖြေဖို့အတွက် အခုပဲဆက်သွယ်လိုက်ပါနော်

❤️ US$300 ❤️
Promotion ကာလဖြစ်တဲ့အတွက် ဒီအခွင့်အရေးကိုလက်မလွှတ်ပဲ အမြန်ဆုံးဆက်သွယ်လိုက်ပါ💫

Promotion Period ( 9.6.2018 - 20.7.2018 )

Ace Aviation Myanmar Co.,Ltd ,
No.8A , Cherry Condo, Bo Myat Tun Road, Botahtaung Township, Yangon,Myanmar
Tel: 951 397 803, 951 297 514, 09.426173300
E-mail: [email protected]

Best Beaches In Sri Lanka🏝️🏝️🏝️Source from GoTripLk💥💥
23/04/2018

Best Beaches In Sri Lanka🏝️🏝️🏝️
Source from GoTripLk💥💥

Returning to the homeland🇱🇰️🇱🇰️🇱🇰️Sri Lanka Foods❤️❤️
23/04/2018

Returning to the homeland🇱🇰️🇱🇰️🇱🇰️
Sri Lanka Foods❤️❤️

သိရိလင်္ကာနိုင်ငံရှိဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲသို့သွားရောက်ဖူးမြော်နိုင်မည့်အခွင့်အရေး.......ကြုံတောင့်ကြုံခဲတစ်နှစ...
21/04/2018

သိရိလင်္ကာနိုင်ငံရှိဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲသို့သွားရောက်ဖူးမြော်နိုင်မည့်အခွင့်အရေး.......

ကြုံတောင့်ကြုံခဲတစ်နှစ်မှတစ်ခါသာရရှိနိုင်တဲ့
လက်မလွတ်သင့်တဲ့အခွင့်ရေးလေးမို့
ခရီးသွားခြင်းကိုနှစ်သက်မြတ်နိုးသူတွေအတွက် အရှေ့တောင်အာရှကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာခရီးစဉ်လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်🇱🇰🇱🇰🇱🇰

Sri Lanka 7 days/ 6 nights 🛩🛩🛩
Day 1 - Colombo
Day 2 - Colombo/Pinnawala/Kandy
Day 3 - Kandy/Peradeniya - Royal Botanical Gardens
Day 4 - Kandy/Nuwara Eliya
Day 5 - Nuwara Eliya
Day 6 -Nuwara Eliya/Colombo
Day 7 -Departure at airport
ခရီးစဉ်များနှင့်ပတ်သတ်၍အသေးစိတ်သိလိုပါက Facebook chat box မှတဆင့်(သို့) 01 397803,01 297514 သို့ဖုန်းဆက်၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်☎☎☎

Day 1
ခရီးစဉ်ပထမနေ့တွင်သီရိလင်္ကာနိုင်ငံရဲ့မြို့တော် ကိုလံဘိုကို ရောက်ရှိလည်ပတ်နိုင်မှာဖြစ်ပါတယ်
ကိုလံဘိုဟာစီးပွားရေးအချက်အချာပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့လဲဖြစ်ပါတယ်။ ဗြိတိသျှ၊ပေါ်တူဂီနဲ့ ဒတ်ခ်ျကိုလိုနီ ခေတ်အဆောက်အဦးများနဲ့ဘုရားကျောင်းများကိုလဲယနေ့တိုင် လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကိုလိုနီခေတ် ဗြိတိသျှစစ်ဌာနချုပ်အဆောက်အဦးနဲ့ခံတပ်တွေ၊ကျောက်ထွင်းပန်းပုတွေနဲ့ဟိန္ဒူဘုရားရှိခိုးကျောင်းတွေ စသဖြင့်သွားရောက်လည်ပတ်စရာနေရာတွေများပြားလှပါတယ်။
🔸🔸🔸🔸🔸
Day 2 မှာတော့ ကိုလံဘိုမြို့နဲ့ ကီလိုမီတာ ၉၀ အကွာမှာရှိတဲ့ Pinnawala ဆင်စခန်းကိုသွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ဆင်စခန်းကိုသွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်တွေကတော့ ဆင်လေးတွေကိုအစာကျွေးတဲ့အချိန် မနက် 9:30 ကနေ 10 နာရီ ၊နေ့လည် ၁နာရီကနေ ၂နာရီထိပါ။ နောက်တစ်ချိန်ကတော့ ဆင်တွေကိုမြစ်ထဲခေါ်ပြီးရေချိုးပေးတဲ့အချိန် ဆယ်နာရီကနေ ဆယ်ခွဲ အထိတစ်ကြိမ် နောက် နေ့လည် ၂နာရီကနေ ၂နာရီအတွင်းပါ။
ဆင်စခန်းကနေထပ်သွားမယ့်နောက်တစ်နေရာကတော့သိရိလင်္ကာရဲ့တောင်ပေါ်မြို့လေးဖြစ်တဲ့ ကန်ဒီ ပါ။
ကိုလိုနီခေတ်မတိုင်မီထိတော့ရှင်ဘုရင်နန်းစိုက်ရာမြို့တော်ဖြစ်ပါတယ်။ တော်ဝင်နန်းတော်၊နန်းရင်ပြင်နဲ့ဘုရင့်ဆွေတော်မျိုးတော်တွေစံမြန်းရာနန်းဆောင်တွေကိုလည်ပတ်နိုင်သည့်အပြင်၊ယခုအခါအမျိုးသားပြတိုက်အဖြစ်ထိန်းသိမ်းထားရှိတဲ့ မိဖုရားစံနန်းတော်ကိုလည်းသွားရောက်လေ့လာနိုင်မှာပါ
နန်းတော်ဘေးရေကန်အလည်မှာတော့ ရှင်ဘုရင်ရဲ့နွေရာသီစံနန်းတော်ရှိပါတယ်၊နွေရာသီစံနန်းကိုတော့ပင်မနန်းတော်ကနေလျှို့ဝှက်ဥမှင်တွေနဲ့ဆက်သွယ်ထားပါတယ်
ရေကန်ဘေးတစ်ဖက်မှာတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာဘုရားကျောင်းကိုလည်းသွားရောက်ဖူးမြော်နိုင်မှာပါ
ယဉ်ကျေးမှုလက်ရာအမွေအနှစ်တွေနဲ့ရိုးရာအကအလှတွေကိုကြည့်ရှုခံစားပြီးရင်တော့ ကန်ဒီမှာတစ်ညအိပ်မယ်နော်
🔸🔸🔸🔸🔸
Day 3
ကန်ဒီမှာနောက်တစ်နေ့အနေနဲ့ကတော့ Peradeniya ရုက္ခဗေဒဥယျာဉ်ကိုသွားလည်ကြမယ်နော်
၁၄၇ ဧကကျယ်ဝန်းပြီး သစ်ပင်၊ပန်းပင်မျိုးပေါင်း ၅၀၀၀ကျော်နဲ့အရမ်းကိုလှတဲ့ဥယျာဉ်ကြီးပါ
နောက်ပြီး Spice Garden နဲ့ Orchid House ကိုလဲလည်ပတ်နိုင်ပါသေးတယ် Spice Garden မှာဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ပုံတွေလဲလေ့လာလို့ရပါသေးတယ် အိမ်အပြန်လက်ဆောင်အဖြစ်လဲဟင်းခတ်အမွှေးအကြိုင်တွေဝယ်သွားလို့ရတယ်နော် အိမ်ရှင်မတွေအတွက်တော့အကြိုက်ပေါ့
နေ့လည်စာ စားပြီးရင်တော့ တစ်နှစ်မှတစ်ခါကြုံတောင့်ကြုံခဲ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲကို ကြည့်ရှူခံစားဖူးမြော်နိုင်မှာဖြစ်ပါတယ် ရင်သပ်ရှူမောဖွယ်ရာ အကအလှတွေနဲ့ ခံစားနိုင်မယ့်အပြင် ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ် ဗုဒ္ဓမြတ်စွယ်တော်ကိုလဲ ကြည်ညိုဖွယ်ရာဖူးမြော်နိုင်မှာပါ။🌃🌃
🔸🔸🔸🔸🔸
Day 4
ကန်ဒီကနေ Nuwara Eliya ကိုဆက်သွားပါမယ်။ The Little England လို့တင်စားရအောင်ရာသီဥတုအေးမြသင့်တင့်ပြီး တောင်တန်း တောင်ကြားအသွယ်သွယ်၊ရေတံခွန်စိမ့်စမ်း တွေ လက်ဖက်စိုက်ခင်းတွေနဲ့အရမ်းကိုလှတဲ့မြို့လေးတစ်မြို့ပါ။
ဥရောပစတိုင်အိမ်ကြီးအိမ်ငယ်အသွယ်သွယ်နဲ့ဥရောပမြို့လေးတစ်မြို့ကိုရောက်သွားသလိုခံစားချက်ကိုပေးနိုင်မဲ့နေရာလေးတစ်ခုပါ
မြို့လယ်မှာတော့ The Victoria Park ပန်းခြံရှိပါတယ် မြက်ခင်းစိမ်းစိမ်းတွေနဲ့ ပျော်ပွဲစားထွက်လို့ကောင်းတဲ့အပြင် ရှားပါးတဲ့ငှက်မျိုးစိတ်တွေရှင်သန်နေထိုင်တဲ့အတွက်ကြောင့် ငှက်ဝါသနာရှင်တွေအတွက်သဘောကျမဲ့နေရာလေးတစ်ခုပါ၊ ရာသီအလိုက်ပန်းမျိုးစုံဖူးပွင့်နေတာကိုလည်းကြည့်ရှူခံစားနိုင်မှာပါ
တောင်တန်းအသွယ်သွယ်တွေကြားဖြတ်သန်းဖောက်လုပ်ထားတဲ့ရထားလမ်းကနေ Nuwara Eliya ကနေ Ella ကိုရထားစီးရင်း ခရီးသွားနိုင်ပါသေးတယ်၊ ရင်သပ်ရှုမောမဆုံးစိမ်းစိုလှပတဲ့လက်ဖက်ခင်းစိမ်းစိမ်းတွေကြညိ့ရှုရင်း ၊တိမ်စိုင်တွေကြားဖြတ်သန်းရင်း ၊ ဥမှင်လှိုင်ခေါင်းတွေကိုဖြတ်သန်းရင်းရထားစီးရတဲ့အတွေ့အကြုံကိုတစ်သက်မေ့ရနိုင်မှာမဟုတ်တော့ပါဘူးလေ
ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက်တော့ selfie ပဲစွဲစွဲ Landscape ပုံတွေပဲရိုက်ရိုက်အရမ်းကိုလှတဲ့နေရာလေးတစ်ခုပါ
ကြည့်ရှူလည်ပတ်စရာသဘာဝအလှတွေမကုန်နိုင်တဲ့အတွက်ဒီမြို့လေးမှာတစ်ညထပ်အိမ်မယ်နော်
🔸🔸🔸🔸🔸🔸
Day 5
လှပတဲ့မြို့လေးမှာနောက်တစ်နေ့အနေနဲ့ကတော့
လက်ဖက်စိုက်ခင်းတွေကိုသွားလေ့လာကြမယ်နော်
လက်ဖက်ခြောက်ထုတ်လုပ်ပုံတွေကိုလဲစက်ရုံတွေမှာသွားရောက်လေ့လာနိုင်ပါတယ်
သီရိလင်္ကာ Tea☕☕က ကမ္ဘာမှာနာမည်ကြီးဆိုတော့အိမ်ပြန်လက်ဆောင်ဝယ်ဖို့လဲမမေ့ကြနဲ့နော်
ဒီမြို့လေးမှာတစ်ညထပ်အိမ်ပြီးနောက်တစ်နေ့ကိုလံဘိုကိုပြန်ကြပါစို့နော်
🔸🔸🔸🔸🔸
Day 6
ကိုလံဘိုပြန်ရောက်ရင်တော့ Shopping ထွက်ကြပါစို့
ခေတ်မီ Shopping Mall တွေ ကုန်တိုက်ကြီးတွေနဲ့ ဈေးဝယ်လို့ကောင်းတဲ့မြို့ကြီးတစ်မြို့ပါ
ကမ္ဘာကျော် brand တွေ Designer တွေရဲ့ brand တွေဝယ်ယူလို့ရနိုင်မယ့်အပြင် ဒေသထွက်ကုန်တွေ
အမှတ်တရပစ္စည်းအရောင်းဆိုင်တွေလဲများစွာရှိပါတယ်
နောက်တစ်နေ့မနက်ကျရင်တော့အိမ်ပြန်ရတော့မှာဆိုတော့ညထဲကသေချာထုပ်ပိုးသိမ်းဆည်းထားပြီး အိမ်အပြန်လက်ဆောင်လေးတွေလဲဟိုတယ်မှာမေ့မကျန်ရအောင်ဂရုစိုက်ကြပါနော် 😊😊😊
🔹🔹🔹🔹🔹🔹🔹🔹🔹🛩🛩🛩
Hotel Used – 3*

Hotel Global Towers, Colombo Hotel Oakray Regency, Kandy Hotel Stamford, Nuwara Eliya

Remark - Perehera (procession) ticket cost will be depending on the view – this will be around – $ 80 – 100 (Depending on the supplier)

Supplement cost for Entrance Fees ( Per person)

US$ 07 Pinnawala Elephant Orphanage

US$ 05 Kandy Temple

US$ 10 Cultural show

US$ 10 Peradeniya Botanical Garden

US$ 80 - 100 Perahera Ticket Cost ( Appropiate & Depending on supplier )

Our Service include:

- Accommodation at the above mentioned Hotels or similar.

- 06 Breakfasts & 04 Dinner at the Hotel – 02 Dinners & 05 Lunches at a outside restaurant

- Transport in an A/C Van with the service of an English-Speaking Chauffeur Guide.

- Sightseeing as mentioned above.

- Value added tax.

- Meeting and Assistance at the airport.

21/04/2018
21/04/2018
21/04/2018
Available Services of Ace Aviation Tourism Myanmar
09/04/2018

Available Services of Ace Aviation Tourism Myanmar

သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး၏ ရိုက်ချက်ကမ္ဘာ့ နိုင်ငံတကာ လေဆိပ်ကြီးများတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိတို့က နိုင်ငံခြားသား ...
02/04/2018

သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး၏ ရိုက်ချက်

ကမ္ဘာ့ နိုင်ငံတကာ လေဆိပ်ကြီးများတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိတို့က နိုင်ငံခြားသား ခရီးသည်များကို စစ်ဆေးရာ၌ လူဝင်မှု ကြီးကြပ်ရေးတို့၏ ထုံးစံအတိုင်း ၎င်းတို့ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ် သက်တမ်းရှိ မရှိ၊ ပြည်ဝင်ဗီဇာ ပါ မပါ သို့မဟုတ် ဗီဇာသက်တမ်း ရှိ မရှိ တို့ကိုသာ အဓိက စံထားလို့ စစ်ဆေးတတ်ကြပါသည်။ အဓိက ပြည်ဝင်ဗီဇာ မပါမှ သို့မဟုတ် Black List ထဲ ပါနေမှသာလျှင် လေဆိပ်မှ အမိနိုင်ငံကို Deport ပြန်ပို့လေ့ ရှိတတ်ကြပါသည်။ သို့သော် သီရိလင်္ကာမှာတော့ ဤသို့မဟုတ်ပေ။ ပြည်ဝင်ခွင့်ဗီဇာ မပါသည်ထက် ဗုဒ္ဓကို အရိုသေတန်မဲ့ ပြုသူတို့ကို ဘယ်နိုင်ငံသားပဲ ဖြစ်နေပါစေ။ ထိုလူမျိုးကို အကျဉ်းချ ချုပ်နှောင်ထားပြီး နောက်နေ့ Deport ပြည်တော်ပြန်ပို့လေ့ ရှိတတ်သလို ဤကိစ္စနှင့် ပတ်သက်လာလျှင် သီရိလင်္ကာ လူဝင်မှု ကြီးကြပ်ရေးတို့၏ ရိုက်ချက်က ပြင်းလှသည်။ ဘယ်သူ့ မျက်နှာကိုမှလည်း မထောက်တတ်ကြပေ။

သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ တောင်ဘက်အဆုံးရှိ ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်ပြီး မြေပုံတွင် ကျွန်းသဏ္ဌာန်က ကြွေဆင်းလာသော မျက်ရည် ပေါက်ကလေးနှင့် တူနေသောကြောင့် အချို့က Tear drop of India လို့လည်း တင်စားခဲ့ကြသည်။ ကမ္ဘာပေါ်တစ်ချိန်က သီဟိုဠ် Ceylon ဟု ထင်ရှားခဲ့ပြီး နောင်တွင် သီရိလင်္ကာအဖြစ် အမည်ပြောင်းခဲ့ကြသည်။
ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံများ စာရင်းတွင် သီရိလင်္ကာသည် အထင်ကရ ပါဝင်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ယနေ့တိုင် ထင်ရှားသော ဗုဒ္ဓစွယ်တော်တစ်ဆူက အေးချမ်းလှပသည့် Kandy မြို့ကလေးရှိ စွယ်တော်တိုက်တွင် ကိန်းဝပ်လျက်ရှိနေကာ ယနေ့တိုင် ယင်းစွယ်တော်ဖွင့်သော နှစ်များတွင် ရှေးထုံးတမ်းစဉ်လာအရ ဆင်မြင်းတို့ ခြံရံလျက် ရိုးရာအကမျိုးစုံဖြင့် စွယ်တော် လှည့်ပွဲကို ကျင်းပလေ့ ရှိနေဆဲ၊ စည်ကားနေဆဲပင် ဖြစ်သည်။

ဤစွယ်တော်ကို ဗုဒ္ဓ၏ စွယ်တော်များအနက် တတိယမြောက် စွယ်တော်တစ်ဆူ ဖြစ်သည်ဟု သူတို့ ဗုဒ္ဓသမိုင်းက ဆိုထားပါသည်။ သီရိလင်္ကာတို့က ဗုဒ္ဓဘုရားရှင်ကို ဘယ်မျှ ကြည်ညို လေးစားကြပါသနည်း။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက် ကတည်းက သီရိလင်္ကာကို ရောက်စဉ်က အဲဒီမှာ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်း ရှိခဲ့သည်။ ကျောင်းက ရှေးဟောင်း အဆောက်အအုံတစ်ခု ဖြစ်သလို ဆရာတော် ဦးဥတ္တမက သီတင်းသုံးနေချိန် ဖြစ်ပြီး သီရိလင်္ကာရောက် မြန်မာတိုင်းက ဆရာတော်ကို သွားရောက် ဖူးတတ်ကြသည်။ ဆရာတော်ကလည်း လိုသည့် အကူအညီကို ပေးလေ့ရှိတတ်သည်။ ကျောင်းရောက်လျှင် ဧည့်သည်တော် မှတ်တမ်း စာအုပ်ကြီးမှာ ဓာတ်ပုံကပ်၍ အမှတ်တရ လက်မှတ် ထိုးကြရသည်။ ဆရာတော်က ရောက်လာသည့် ဧည့်သည်တိုင်းကို အထူးသဖြင့် သင်္ဘောသားတိုင်းကို ယခုလို မိန့်ကြားတော် မူတတ်ပါသည်။

“ဒကာတို့ ဒီမှာက ဘုရားပုံတော်တွေ၊ ရုပ်တုတွေကအစ အလွန်လေးစား ကြည်ညို တတ်ကြပါတယ်။ သီရိလင်္ကာတွေက သတင်းစာ၊ မဂ္ဂဇင်းတွေက ဘုရားပုံတော်တွေကအစ ကြည်ညို တတ်ကြတယ်။ ဒါကြောင့် ဘုရားပုံတော်ပါတဲ့ သတင်းစာစက္ကူ၊ ပြက္ခဒိန်တွေကအစ ကြမ်းပြင်နဲ့ လမ်းဘေးကို အရောက်မခံ တတ်ကြဘူး။ တွေ့ရင်လည်း ကျော်လွှား မသွားတတ်ကြဘူး။ အမှိုက်ပုံပဲ ဖြစ်နေပါစေ ဆင်းကောက်ပြီး တရိုတသေသိမ်းလို့ သန့်ရှင်းတဲ့နေရာ သို့မဟုတ် ဘုန်းကြီးကျောင်းတွေကို ပို့တတ်ကြတယ်။ ဘုရားပုံတော်ပါတဲ့ စာရွက်တွေကိုလည်း မုန့်ပဲသရေစာ ထုပ်တာတို့ကို မလုပ်ကြဘူး။ ဈေးသည်တိုင်းကလည်း ထုပ်ပိုးစရာရှိရင် စက္ကူကို သေချာစစ်ဆေးပြီး ဘုရားပုံတော်တွေနဲ့ ကင်းမှ အသုံးပြုတတ်ကြတယ်။ ပြီးတော့ ဘုရားပုံတော်တွေကို ကိုယ်ခန္ဓာပေါ် ဆေးမင် ရေးထိုးတာကိုလည်း အလွန်မုန်းကြတယ်။ အဲလိုလူမျိုးကို မြို့ထဲမှာ တွေ့ရင် နီးစပ်တဲ့လူက ရဲကိုသတင်းပေး တတ်ကြတယ်။ သင်္ဘောသားတွေ အထူးသတိထားစရာက လည်ပင်းမှာ ဘုရားပုံတော်တွေ ဆွဲပြီး Night Club တွေ၊ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးတဲ့ နေရာတွေကို မသွားကြနဲ့။ သွားရင် အဲဒီလည်ဆွဲတွေကို ချွတ်ထားခဲ့ကြပါ။ ပြီးတော့ ဘုရားရှင်ရဲ့ ရုပ်တုတွေ အရှေ့ကိုရောက်ရင် ဝတ်စား ဆင်ယင်မှုကို ဆင်ခြင်ရမယ်။

ဘုရားရှေ့မှာ ခါးဖက်ပြီး ဖြတ်သွားတာမျိုး၊ မိန်းကလေးတွေ မတော်တရော် ဝတ်စားဆင်ယင်မှု (Bikini) ဘီကနီ ဘောင်းဘီတိုတွေနဲ့ ဓာတ်ပုံ ရိုက်တာတွေကိုလည်း မြင်သူတွေက ကန့်ကွက် တတ်ကြတယ်။ ပြီးတော့ သီရိလင်္ကာတို့ ဘက်ကတော့ ဘာသာတရားရဲ့ အထွတ်အမြတ်ထားတဲ့ ကိုးကွယ်ရာ ဘုရားပုံတော်တွေကို ယောက်ျား၊ မိန်းမတို့ရဲ့ ခန္ဓာပေါ်တွေမှာ ဆေးမင်ထိုးတာကိုတော့ မပြုအပ်ဘူး။ ဘာလို့ဆိုတော့ ထိုသူဟာ အိမ်သာတက်မယ်၊ လင်မယား အတူအိပ်မယ်၊ မကောင်းတဲ့ မိန်းမတွေနဲ့ ဆက်ဆံမယ်၊ Night Club တက်မယ်၊ အရက်သေစာ သောက်မယ်၊ တချို့ သူတစ်ပါးသားမယားကို ပြစ်မှားမယ် ဆက်ဆံနေမယ်ဆိုရင် ထိုသို့ ပြုလုပ်မိကြသူတို့၏ ခန္ဓာ၌ အထွတ်အမြတ်ထားသော ဗုဒ္ဓ၏ပုံတော်ကို မတင်အပ်ဟု ယူဆထားကြသူတွေမို့ သီရိလင်္ကာသားတို့က ဗုဒ္ဓ၏ ပုံရိပ်များကို လူသားတို့၏ ခန္ဓာပေါ်တွင် Tattoo ဆေးမင်ကြောင် ထိုးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ထားကြတယ်။ ပြီးတော့ မိန်းမတွေ မလုံမလဲ ဝတ်စားဆင်ယင် တာမျိုးတွေကို သီရိလင်္ကာတွေက မကြိုက်ဘူး။ သူတို့က ဒီလိုပြောကြတယ်၊ အင်္ဂလိပ်ခေတ်က အင်္ဂလိပ်အရာရှိ ရုံးခန်းထဲကို ဝင်ရင်တောင် စွပ်ကျယ်ဝတ်ပြီး ဝင်လို့မရသလို ညှပ်ဖိနပ်စီးပြီးတောင် ဝင်လို့ မရပါဘူးတဲ့။ အဲလိုရုံးကို ဝင်လာရင် သူတို့အရာရှိကို အရိုသေ မတန်ပြုရာ ရောက်တယ်လို့ ပြောကြတယ်။ ဒီတော့ ကျွန်ုပ်တို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားရှင်ရှေ့မှာ ကျွန်ုပ်တို့က ဘယ်လိုကျင့်ဝတ်နဲ့ နေထိုင်သင့်တယ် ဆိုတာကို စဉ်းစားသင့်ပါတယ်လို့ သူတို့က ဆိုကြတယ်။ ဒါကြောင့် ဒကာ-ဒါယိကာမတို့  သီရိလင်္ကာမှာ ရောက်နေခိုက် ဘုန်းကြီး ပြောတာတွေကို မှတ်ပြီး ဆင်ခြင်နေထိုင်သင့်တယ်။ တခြားနိုင်ငံခြားသားတွေက သူတို့ရဲ့ စည်းကမ်းကို ဖောက်မိသွားတာက အကြောင်းမဟုတ်ဘူး။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေက သူတို့စည်းကမ်းကို ဖောက်မိသွားမှာကို ဘုန်းကြီး အကြောက်ဆုံးပါပဲ။ ဒါကြောင့် ဒကာတို့ ဒီမှာနေနေခိုက် ဘုရားရှေ့ ရောက်ရင် ဘုန်းကြီး ပြောထားတာတွေ သတိထား ဆင်ခြင်စေလိုတာပါပဲ” လို့ ဆရာတော်က ကိုလန်ဘို Colombo ကို ရောက်လာတဲ့ မြန်မာတိုင်းကို သတိပေးလေ့ ရှိခဲ့ပါတယ်။ ဆရာတော် မိန့်ကြားခဲ့တာက နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ မနေ့တစ်နေ့ကပဲ ဆရာတော် မိန့်သွားသလိုပဲ ခံစားလိုက်ရပါတယ်။

မနေ့ စာရေးသူက BBC သတင်းကို ဖတ်လိုက်တော့ လွန်ခဲ့တဲ့ တနင်္လာနေ့က သီရိလင်္ကာ Colombo ဘန္ဒရာ Bandaranaike လေဆိပ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိတို့၏ ဆန်းပြားသော ရိုက်ချက် တစ်ခုက ကမ္ဘာ့သတင်းစာ မျက်နှာပေါ်သို့ တက်လာခဲ့ပါသည်။

လန်ဒန်က ဗြိတိသျှ နွယ်ဖွား အသက် ၃၇ နှစ်အရွယ် Ms. Naomi Coleman တနင်္လာနေ့ ကိုလန်ဘို Bandaranaike International Airport လေဆိပ် အရောက်မှာ အားလုံး အဆင်ပြေနေခဲ့တာပါ။ သူမကို ပြည်ဝင်ခွင့် တံဆိပ်တုံးကိုလည်း သူမ Passport မှာ ထုပြီးသွားပါပြီတဲ့။ ဒါပေမဲ့ မိနစ်ပိုင်း အတွင်းမှာပဲ သူမဖမ်းချုပ် ခံရပါသတဲ့။ ဘာကြောင့် မှန်းမသိဘဲ ထိတ်လန့်သွားတဲ့ Ms. Naomi က ပုလိပ်ကို စောဒက တက်လာတော့ ရဲအရာရှိက “ခင်ဗျားမှာ ဘာအပြစ်မှ မရှိပါဘူး။ ရှိတာက ခင်ဗျား အင်္ကျီလက်ပြတ် ဝတ်လာမိလို့ပါပဲ” လို့ ပြောလိုက်သတဲ့...။ ဒီတော့ Naomi က “အင်္ကျီလက်ပြတ်ဝတ်တာ အပြစ်လားရှင်။ တစ်ကမ္ဘာလုံး ဝတ်နေကြတာပဲလေ။ ဒီလေဆိပ်မှာတောင် အများကြီးပါ” လို့ စောဒက တက်လာပြန်တော့မှ ရဲအရာရှိက “ဒီလိုပါ။ ခင်ဗျားသာ လက်ရှည် သို့မဟုတ် လက်မောင်းအထိ ဖုံးကွယ်နေတဲ့ အင်္ကျီကို ဝတ်လာခဲ့မိရင် ကျွန်တော်တို့ ခင်ဗျား လက်မောင်းမှာ ထိုးထားတဲ့ ဗုဒ္ဓရဲ့ Tattoo ပုံရိပ်ကို မြင်မိမှာ မဟုတ်ပါဘူး။ ယခု ခင်ဗျားကို ဖမ်းရတာက အဲဒီလက်မောင်းမှာ ထိုးထားတဲ့ Tattoo ဆေးမင်ကြောင်ကြောင့်ပဲ ဖြစ်သလို ဒီနေ့ တစ်ညချုပ်ထားပြီး နောက်နေ့ ခင်ဗျားကို Deport လုပ်ပေးရုံပါပဲ” လို့ အရာရှိက ရှင်းပြလိုက်သတဲ့။ ဒီတော့ Ms. Naomi က “ကျွန်မ Maldives မော်ဒိုက်ကျွန်းကို ဆက်သွားစရာ လက်မှတ် ရှိပြီးသာမို့ ကျွန်မကို Deport လုပ်စရာ မလိုဘူးလို့” စောဒက တက်လာတော့ “အရာရှိက ဒါကျွန်တော်တို့က အပြစ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Deport ပဲ လုပ်ရမယ်” လို့ အဖြေပေးလိုက်တော့ ကာယကံရှင်က ခံပြင်းလာပြီး “ကိုယ့်ကိုယ်မှာ ကိုယ့်အသားအနာခံပြီး Tattoo ထိုးတာ ဒါက ဘယ်သူ့ကို ထိခိုက်လဲ။ ဒါကျွန်မရဲ့ Right ပဲ” လို့ ခံပြောလိုက်တော့မှ ရဲအရာရှိက မပြောမပြီး-မတီးမမြည်း ဆိုသလို ယခုလို ရှင်းလိုက်သည်။

နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ ရေးဆွဲထားတဲ့ Constitution နဲ့ ဥပဒေတွေကို ကုလသမဂ္ဂ အပါဝင် ကမ္ဘာ့ နိုင်ငံတိုင်းက လေးစားရပါတယ်။ ဒီလိုပါပဲ လူမျိုးတစ်မျိုးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာကိုလည်း တခြားဘာသာတိုင်း အပြန်အလှန် လေးစားရပါတယ်။ ယနေ့ ခင်ဗျားက ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အထိတ် ပုံရိပ်ကို အရိုသေတန်မဲ့ လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလောက်တော့ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ နားလည် ခွင့်လွှတ်ပေးပါလို့” အရာရှိကပြောပြီး ထွက်သွားသတဲ့။ ဒီအခြင်းအရာကို လှမ်းမြင်နေခဲ့တဲ့ ဂျာမန် တစ်ယောက်က အခန်းထဲ ဝင်ခွင့်တောင်းပြီး “မင်းမှာ မင်းရဲ့ Right ရှိနေသလို၊ သူတို့မှာလည်း သူတို့ဘာသာကို ကာကွယ်ဖို့ Right ရှိနေသလို ဒါသူ့နိုင်ငံ သူ့ဥပဒေပေမို့ ခင်ဗျား အေးအေးဆေးဆေး ဘာစောဒကမှ ဆက်မတက်ဘဲ မနက်ဖြန် Landon ကို ပြန်လိုက်ပါ” လို့ ဝင်ပြောပေးလိုက်တော့မှ Ms. Naomi က မာန်လျှော့ လိုက်ပါသတဲ့။

ဒါက ဒုတိယမ္ပိပါပဲ။ ဒီလေဆိပ်မှာပဲ မတ်လ ၁၅ ရက်၊ ၂၀၁၃ နေ့တုန်းကလည်း ဗြိတိန်နိုင်ငံသား Antony Ratcliffe က ပြည်ဝင်ဗီဇာ သက်တမ်း ရှိနေပါလျက်နဲ့ ယခုလိုပဲ လက်မောင်းမှာ ဗုဒ္ဓရဲ့ Tattoo ကို ထိုးထားတဲ့အတွက် တစ်ညချုပ်ထားပြီး London ကို Deport ခဲ့ကြပါသည်။

၂၀၁၀ လောက်ဆီကလည်း အမေရိကန် R&B star Akon ၏ Music Video မှာ ဗုဒ္ဓ၏ ဆင်းတုတော်ရှေ့မှာ မတော်တရော် ဝတ်ဆင်၍ ကနေသော ပုံများကို သီရိလင်္ကာ အပါအဝင် ဗုဒ္ဓဘာသာဝင် အချို့က အင်တာနက်ပေါ်မှ ကန့်ကွက် ခဲ့ကြဖူးသည်။ သို့ဖြစ်၍ သီရိလင်္ကာတို့က ထို R&B star ကိုလည်း ပြည်ဝင်ခွင့် ဗီဇာကို ပိတ်ထား ခဲ့ဖူးသည်။

တကယ်တော့ ဤပြဿနာသည် နိုင်ငံတကာနှင့် ဆက်ဆံနေကြရသော နိုင်ငံတို့အတွက် တားဆီးပိတ်ပင်ရန် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သော်လည်း သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး အရာရှိတို့ဘက်က အပြုအမူက မှားသည်ဟုလည်း ပြောလို့မရပေ။ ဘာသာ၊ သာသနာကို အသေးစိတ် မိမိတို့ မြင်တွေ့ရသော ရှုထောင့်မှ ကာကွယ်ပေးခြင်းမျိုးပင် ဖြစ်သည်။ သို့သော် သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေးက လေဆိပ် ရောက်လာပြီးမှ Deport လုပ်နေတာမျိုးထက် သံရုံးကို ဗီဇာ လာယူကတည်းက ဗုဒ္ဓ Tattoo ထိုးထားသူတွေကို ဗီဇာ ပိတ်ထားတာမျိုး သို့မဟုတ် Tattoo ပါနေရင် သီရိလင်္ကာ ရောက်လျှင် လက်တိုအင်္ကျီ မဝတ်မိရန်တော့ သတိပေးထားသင့်သည် မဟုတ်ပါလား။

ကျွန်ုပ်တို့ လေဆိပ်မှာတော့ သီရိလင်္ကာ လူဝင်မှုလို ဆေးမင်ကြောင်ကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်လို့ လေဆိပ် ရောက်ပြီးမှ Deport လုပ်လို့လည်း မဖြစ်နိုင်ပေ။၊ မိမိတို့ ဗုဒ္ဓဘာသာဝင် တိုင်းကသာ အသိစိတ်ဓာတ်ဖြင့် မိမိတို့ခန္ဓာပေါ်သို့  ဗုဒ္ဓပုံတော်များကို ဆေးမင် မထိုးမိစေရန်နှင့် ဆေးမင်ထိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း သူတို့က အသိစိတ်တစ်ခုဖြင့် မိမိတို့ ဆိုင်များတွင် ဗုဒ္ဓပုံတော်များကို မထားဘဲ သူတစ်ပါးခန္ဓာပေါ် ဗုဒ္ဓပုံတော်များကို ထိုးပေးခြင်းမှ ရှောင်ရှားရန်မျှကိုသာ မေတ္တာရပ်ခံပေးရန် ရှိပါသည်။

အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်သော အမျိုးပေမို့  ဆင်ခြင်အပ်သည့် အရာတွင် ဤအချက်လည်း အဓိက ပါဝင်နေပေသည်။

ခရီးသွားခြင်းကိုနှစ်သက်မြတ်နိုးသူတွေအတွက် အရှေ့တောင်အာရှကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာခရီးစဉ်လေးကိုမိတ်ဆက်ပေးလိုက်ပါ...
20/03/2018

ခရီးသွားခြင်းကိုနှစ်သက်မြတ်နိုးသူတွေအတွက် အရှေ့တောင်အာရှကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာခရီးစဉ်လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်🇱🇰🇱🇰🇱🇰
Sri Lanka 7 days/ 6 nights 🛩🛩🛩
Day 1 - Colombo
Day 2 - Colombo/Pinnawala/Kandy
Day 3 - Kandy/Peradeniya - Royal Botanical Gardens
Day 4 - Kandy/Nuwara Eliya
Day 5 - Nuwara Eliya
Day 6 -Nuwara Eliya/Colombo
Day 7 -Departure at airport
ခရီးစဉ်များနှင့်ပတ်သတ်၍အသေးစိတ်သိလိုပါက Facebook chat box မှတဆင့်(သို့) 01 397803,01 297514 သို့ဖုန်းဆက်၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်☎☎☎

ပုံတစ်ပုံချင်းစီကိုကြည့်၍ ခရီးများကိုဖတ်ရှုနိုင်ပါသည်
Photo from google
Day 1
ခရီးစဉ်ပထမနေ့တွင်သီရိလင်္ကာနိုင်ငံရဲ့မြို့တော် ကိုလံဘိုကို ရောက်ရှိလည်ပတ်နိုင်မှာဖြစ်ပါတယ်
ကိုလံဘိုဟာစီးပွားရေးအချက်အချာပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့လဲဖြစ်ပါတယ်။ ဗြိတိသျှ၊ပေါ်တူဂီနဲ့ ဒတ်ခ်ျကိုလိုနီ ခေတ်အဆောက်အဦးများနဲ့ဘုရားကျောင်းများကိုလဲယနေ့တိုင် လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကိုလိုနီခေတ် ဗြိတိသျှစစ်ဌာနချုပ်အဆောက်အဦးနဲ့ခံတပ်တွေ၊ကျောက်ထွင်းပန်းပုတွေနဲ့ဟိန္ဒူဘုရားရှိခိုးကျောင်းတွေ စသဖြင့်သွားရောက်လည်ပတ်စရာနေရာတွေများပြားလှပါတယ်။
🔸🔸🔸🔸🔸
Day 2 မှာတော့ ကိုလံဘိုမြို့နဲ့ ကီလိုမီတာ ၉၀ အကွာမှာရှိတဲ့ Pinnawala ဆင်စခန်းကိုသွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ဆင်စခန်းကိုသွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်တွေကတော့ ဆင်လေးတွေကိုအစာကျွေးတဲ့အချိန် မနက် 9:30 ကနေ 10 နာရီ ၊နေ့လည် ၁နာရီကနေ ၂နာရီထိပါ။ နောက်တစ်ချိန်ကတော့ ဆင်တွေကိုမြစ်ထဲခေါ်ပြီးရေချိုးပေးတဲ့အချိန် ဆယ်နာရီကနေ ဆယ်ခွဲ အထိတစ်ကြိမ် နောက် နေ့လည် ၂နာရီကနေ ၂နာရီအတွင်းပါ။
ဆင်စခန်းကနေထပ်သွားမယ့်နောက်တစ်နေရာကတော့သိရိလင်္ကာရဲ့တောင်ပေါ်မြို့လေးဖြစ်တဲ့ ကန်ဒီ ပါ။
ကိုလိုနီခေတ်မတိုင်မီထိတော့ရှင်ဘုရင်နန်းစိုက်ရာမြို့တော်ဖြစ်ပါတယ်။ တော်ဝင်နန်းတော်၊နန်းရင်ပြင်နဲ့ဘုရင့်ဆွေတော်မျိုးတော်တွေစံမြန်းရာနန်းဆောင်တွေကိုလည်ပတ်နိုင်သည့်အပြင်၊ယခုအခါအမျိုးသားပြတိုက်အဖြစ်ထိန်းသိမ်းထားရှိတဲ့ မိဖုရားစံနန်းတော်ကိုလည်းသွားရောက်လေ့လာနိုင်မှာပါ
နန်းတော်ဘေးရေကန်အလည်မှာတော့ ရှင်ဘုရင်ရဲ့နွေရာသီစံနန်းတော်ရှိပါတယ်၊နွေရာသီစံနန်းကိုတော့ပင်မနန်းတော်ကနေလျှို့ဝှက်ဥမှင်တွေနဲ့ဆက်သွယ်ထားပါတယ်
ရေကန်ဘေးတစ်ဖက်မှာတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာဘုရားကျောင်းကိုလည်းသွားရောက်ဖူးမြော်နိုင်မှာပါ
ယဉ်ကျေးမှုလက်ရာအမွေအနှစ်တွေနဲ့ရိုးရာအကအလှတွေကိုကြည့်ရှုခံစားပြီးရင်တော့ ကန်ဒီမှာတစ်ညအိပ်မယ်နော်
🔸🔸🔸🔸🔸
Day 3
ကန်ဒီမှာနောက်တစ်နေ့အနေနဲ့ကတော့ Peradeniya ရုက္ခဗေဒဥယျာဉ်ကိုသွားလည်ကြမယ်နော်
၁၄၇ ဧကကျယ်ဝန်းပြီး သစ်ပင်၊ပန်းပင်မျိုးပေါင်း ၅၀၀၀ကျော်နဲ့အရမ်းကိုလှတဲ့ဥယျာဉ်ကြီးပါ
နောက်ပြီး Spice Garden နဲ့ Orchid House ကိုလဲလည်ပတ်နိုင်ပါသေးတယ် Spice Garden မှာဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ပုံတွေလဲလေ့လာလို့ရပါသေးတယ် အိမ်အပြန်လက်ဆောင်အဖြစ်လဲဟင်းခတ်အမွှေးအကြိုင်တွေဝယ်သွားလို့ရတယ်နော် အိမ်ရှင်မတွေအတွက်တော့အကြိုက်ပေါ့
တစ်နေ့လုံး သဘာဝအလှအပတွေကြားနစ်မြောပြီးရင်တော့ ဟိုတယ်ပြန်ပြီးအနားယူကြမယ်နော်🌃🌃
🔸🔸🔸🔸🔸
Day 4
ကန်ဒီကနေ Nuwara Eliya ကိုဆက်သွားပါမယ်။ The Little England လို့တင်စားရအောင်ရာသီဥတုအေးမြသင့်တင့်ပြီး တောင်တန်း တောင်ကြားအသွယ်သွယ်၊ရေတံခွန်စိမ့်စမ်း တွေ လက်ဖက်စိုက်ခင်းတွေနဲ့အရမ်းကိုလှတဲ့မြို့လေးတစ်မြို့ပါ။
ဥရောပစတိုင်အိမ်ကြီးအိမ်ငယ်အသွယ်သွယ်နဲ့ဥရောပမြို့လေးတစ်မြို့ကိုရောက်သွားသလိုခံစားချက်ကိုပေးနိုင်မဲ့နေရာလေးတစ်ခုပါ
မြို့လယ်မှာတော့ The Victoria Park ပန်းခြံရှိပါတယ် မြက်ခင်းစိမ်းစိမ်းတွေနဲ့ ပျော်ပွဲစားထွက်လို့ကောင်းတဲ့အပြင် ရှားပါးတဲ့ငှက်မျိုးစိတ်တွေရှင်သန်နေထိုင်တဲ့အတွက်ကြောင့် ငှက်ဝါသနာရှင်တွေအတွက်သဘောကျမဲ့နေရာလေးတစ်ခုပါ၊ ရာသီအလိုက်ပန်းမျိုးစုံဖူးပွင့်နေတာကိုလည်းကြည့်ရှူခံစားနိုင်မှာပါ
တောင်တန်းအသွယ်သွယ်တွေကြားဖြတ်သန်းဖောက်လုပ်ထားတဲ့ရထားလမ်းကနေ Nuwara Eliya ကနေ Ella ကိုရထားစီးရင်း ခရီးသွားနိုင်ပါသေးတယ်၊ ရင်သပ်ရှုမောမဆုံးစိမ်းစိုလှပတဲ့လက်ဖက်ခင်းစိမ်းစိမ်းတွေကြညိ့ရှုရင်း ၊တိမ်စိုင်တွေကြားဖြတ်သန်းရင်း ၊ ဥမှင်လှိုင်ခေါင်းတွေကိုဖြတ်သန်းရင်းရထားစီးရတဲ့အတွေ့အကြုံကိုတစ်သက်မေ့ရနိုင်မှာမဟုတ်တော့ပါဘူးလေ
ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက်တော့ selfie ပဲစွဲစွဲ Landscape ပုံတွေပဲရိုက်ရိုက်အရမ်းကိုလှတဲ့နေရာလေးတစ်ခုပါ
ကြည့်ရှူလည်ပတ်စရာသဘာဝအလှတွေမကုန်နိုင်တဲ့အတွက်ဒီမြို့လေးမှာတစ်ညထပ်အိမ်မယ်နော်
🔸🔸🔸🔸🔸🔸
Day 5
လှပတဲ့မြို့လေးမှာနောက်တစ်နေ့အနေနဲ့ကတော့
လက်ဖက်စိုက်ခင်းတွေကိုသွားလေ့လာကြမယ်နော်
လက်ဖက်ခြောက်ထုတ်လုပ်ပုံတွေကိုလဲစက်ရုံတွေမှာသွားရောက်လေ့လာနိုင်ပါတယ်
သီရိလင်္ကာ Tea☕☕က ကမ္ဘာမှာနာမည်ကြီးဆိုတော့အိမ်ပြန်လက်ဆောင်ဝယ်ဖို့လဲမမေ့ကြနဲ့နော်
ဒီမြို့လေးမှာတစ်ညထပ်အိမ်ပြီးနောက်တစ်နေ့ကိုလံဘိုကိုပြန်ကြပါစို့နော်
🔸🔸🔸🔸🔸
Day 6
ကိုလံဘိုပြန်ရောက်ရင်တော့ Shopping ထွက်ကြပါစို့
ခေတ်မီ Shopping Mall တွေ ကုန်တိုက်ကြီးတွေနဲ့ ဈေးဝယ်လို့ကောင်းတဲ့မြို့ကြီးတစ်မြို့ပါ
ကမ္ဘာကျော် brand တွေ Designer တွေရဲ့ brand တွေဝယ်ယူလို့ရနိုင်မယ့်အပြင် ဒေသထွက်ကုန်တွေ
အမှတ်တရပစ္စည်းအရောင်းဆိုင်တွေလဲများစွာရှိပါတယ်
နောက်တစ်နေ့မနက်ကျရင်တော့အိမ်ပြန်ရတော့မှာဆိုတော့ညထဲကသေချာထုပ်ပိုးသိမ်းဆည်းထားပြီး အိမ်အပြန်လက်ဆောင်လေးတွေလဲဟိုတယ်မှာမေ့မကျန်ရအောင်ဂရုစိုက်ကြပါနော် 😊😊😊
🔹🔹🔹🔹🔹🔹🔹🔹🔹🛩🛩🛩🛩🛩

Address

Ace Aviation Tourism
Yangon
11161

Telephone

01297514

Website

Alerts

Be the first to know and let us send you an email when Ace Aviation Tourism Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ace Aviation Tourism Myanmar:

Share