21/06/2024
🙏နယုန်လပြည့်နေ့ (သို့) 🙏 မဟာသမယနေ့
**********************************
ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ဖြစ်ပါသည်။ နယုန်လပြည့်နေ့ကို မဟာသမယနေ့ (သို့) မြတ်သော အခါတော်နေ့(သို့) ငြိမ်းချမ်းရေးနေ့ ဟုလည်း ခေါ်တွင်ကြပါတယ်။
ဘုရားရှင်လက်ထက် လယ်သမားတို့ အဓိက အားထားရတဲ့ ရောဟိနီမြစ်ရေဟာ မိုးခေါင်ပြီး ရေခမ်းလာတဲ့ အတွက် နှစ်ပြည်ထောင်တို့ အဝေမတည့်ဖြစ်ခဲ့ကြပါတယ်။ ဒီရေကို သကတ္ကတိုင်းကလည်း ငါ့တိုင်းပြည်ကပိုင်တယ်၊ ကောလိယတိုင်းကလည်း ဒီရေကို ငါ့တိုင်းပြည်က သာပိုင်တယ် ငြင်းရင်း ပဋိပက္ခဖြစ်ကြရာမှ ပြည်ထောင် နှစ်ခု ကြား စစ်ချီသည် အထိပါ ဖြစ်ခဲ့ကြတယ်။ ဘုရားရှင် ဝါတော် (၄)ဝါ အရောက် သက္ကတတိုင်း၊ ကပ္ပိလဝတ်ပြည် နိကြောဓာရုံကျောင်းတွင် သတင်းသုံးတော်မူနေစဉ် ထိုအကြောင်းကိုသိတော်မူခဲ့သည်။ နှစ်ပြည်ထောင်တို့ ကမ်းတစ်ဖက်စီ၌ စစ်ဖြစ်ခါနီးတွင် ဘုရားရှင် ကြွရောက်လာကာ ရောဟ်ိနီမြစ်ရဲ့ကောင်းကင်တွင် ထက်ဝယ်ဖွဲ့ခွေ၍ စစ်ဖြစ်ရတော့မည့် အကြောင်းကိုမေးရာ ရေ ကြောင့်ဟုဖြေကြသောကြောင့် မြတ်စွာဘုရားရှင်က ရေ ထက် လူ့အသက်သည် ပိုအရေးကြီးကြောင်း ၊ မိမိတို့သည် ဆွေမျိုးများ ဖြစ်ကျသည့် အတွက် စစ်မက်ဖြစ်ပွားရန်လိုကြခြင်း သည် မသင့်မြတ်ကြောင်း ဆုံးမ၍ ဇာတ်တော် (၅) ဇာတ် နှင့် သုတ်တော် (၁) သုတ် တို့ကို ဟောကြားတော်မူလေသည်။
📌စည်းလုံးကျစေရန် . . .
“ရုက္ခဓမ္မဇာတ်တော်”
📌 အချင်းချင်း ငြင်းခုန် ကွဲပြားမှု မရှိစေရန် . . .
“၀ဋ္ဋကဇာတ်တော်”
📌 ရန်သူကိုအထင်မသေးမိစေရန် . . .
“လဋုကိကဇာတ်တော်”
📌ကိစ္စသေးသေးကို အကျယ်ချဲ့အငြင်းမပွားကျစေရန် . . .
“ပထဝီဥနြ္ဒိယဇာတ်တော်”
📌 ရန်ငြိုးမဖွဲ့ကျစေရန် . . .
“ဖန္ဒနဇာတ်တော်”
📌 ညီညွတ်ကြစေရန် . . .
“အတ္တဒဏ္ဍသုတ်တော်”
အဲဒီလို “သုတ္တန်တစ်ခု နှင့် ဇာတ်တော် ငါးခု” တို့ကို
မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ
ဟောကြားတော်မူခဲ့ပါတယ်။
ထိုသို့တရားဟောလိုက်သောအခါ အသိအမြင်အမှန်များရသွားကြကာ တစ်ဖက်စီမှ (၂၅၀) သောနှစ်ပြည်ထောင်စစ်သည် (၅၀၀) တို့လည်း ဘုရားရှင်ရဲ့သာသနာ့ဘောင်သို့ ဝင်ကာရဟန်းပြုခဲ့ကြပါသည်။ မြတ်စွာဘုရားသည် ကပ္ပိလဝတ်တိုင်း အနီးရှိ ဟိမဝန္တာတောင်ခြေ မဟာဝန ခေါ် ထူနက်သည့်တောကြီးတွင် ကမဋ္ဌာန်းတရားပေးခဲ့ပါသည်။ သို့ရာတွင် ရဟန်းတော်များ၏ လောကီအိမ်တွင်ကျန်ရှိခဲ့သော ဇနီးမယားဟောင်းများက လာရောက်ဖြားယောင်းကြသည့်အတွက် ရဟန်းဘဝကိုငြီးငွေ့လာကြပါတယ်။ မြတ်စွာဘုရားသည်လည်း သားတော်တို့၏စိတ်ကို သိမြင်တော်မူသည့်အတွက် ကုဏာလအိုင်သို့ခေါ်ကာ ကာမ၏အပြစ်ကိုဖော်ပြသော မဟာကုဏာလဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့ပါတယ်။ ဇာတ်တော်အဆုံးတွင်ရဟန်း (၅၀၀) တို့သည် သောတပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်ကြပါသည်။ ထို့နောက် နယုန်လပြည့်နေ့တွင် ရဟန်း(၅၀၀) တို့သည်ရဟန္တာများ ဖြစ်ကြသဖြင့် မြတ်စွာဘုရားထံသို့ ကြွရောက်ကြရာ စကြာဝဋ္ဌာအပေါင်းမှ နတ် ဗြဟ္မာ တို့သည် လည်း မဖိတ်ကြားဘဲ မြတ်စွာဘုရားထဲ ကြွရောက်လာကြသည်။ ကြွရာက်လာကြသူများလှ၍ နေရာမလောက်သောကြောင့် တန် ခိုးကြီးသောနတ်များသည် သေးငယ်အောင်ဖန်ဆင်းကာပင် နေကြရသည်။ မြတ်စွာဘုရားရှင်က မဟာသမယသုတ်ကို နတ်၊ ဗြဟ္မာတို့၏စရိုက်အလိုက် -
(၁) ရာဂစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"သမ္မာပရိဗ္ဗာဇနိယသုတ်"
(၂) ဒေါသစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"ကလဟဝိဝါဒသုတွ"
(၃) မောဟစရိုက်ရှိသောနတ် ဗြဟ္မာတို့အတွက်
"မဟာဗျူဟာသုတ်"
(၄) ဝိတတ်စရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"စူဠဗျူဟာသုတ်"
(၅) သဒ္ဓါစရိုက်ရှိ်သော နတ် ဗြဟ္မာတို့အတွက်
"တုဝဋ္ဋသုတ်"
(၆) ပညာစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"ပုရာဘေဒသုတ်"
ဟူ၍ “သုတ်ပေါင်း (၆)သုတ်” တို့ကို တစ်နေ့တည်း
ဟောတော်မူခဲ့ပါတယ်။
ကုဋေပေါင်းများစွာသော နတ် ဗြဟ္မာတို့သည်လည်း သစ္စာလေးပါး တရားသိမြင်၍ ကျွတ်တန်းဝင်ကာ အရိယာများ
ဖြစ်သွားကြပါတယ်။
ရေလုပွဲတိုက်ခိုက်ကြသောနှစ်ပြည်ထောင်သားတို့ဘေးရန်မှကင်းဝေးခြင်း
🚩ကပ္ပိလ၀တ် နှင့် ကောလိယ နှစ်ပြည်ထောင် ငြိမ်းချမ်းရေးရသည့်နေ့ဖြစ်ခြင်း
🚩ရဟန်း (၅၀၀) လုံး ရဟန္တာ ဖြစ်တော်မူသည့်နေ့ဖြစ်ခြင်း
🚩နတ်၊ ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါး၊ ရဟန်းအပေါင်းတို့စုရုံးမိသောနေ့ဖြစ်ခြင်း
🚩မဟာသမယကိုအကြောင်းပြု၍ ဂဠုန်၊ နဂါး မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း
🚩မဟာသမယဆိုင်ရာ သုတ္တန် ခုနှစ်မျိုးကိုဟောတော်မူခြင်း
စသည့်များဖြင့်ထူးခြားသည့်နေ့လေးတစ်နေ့ဖြစ်ပါသည်။
ဤသို့အားဖြင့် ဗုဒ္ဓသာသနာတော်သမိုင်းမှာ အထင်ကရနေ့ တစ်နေ့လည်းဖြစ်တဲ့ ထူးခြားတဲ့ နယုန်လပြည့်နေ့ ၊မဟာသမယနေ့ ကိုအရင်းတည်၍ မဟာသမယနေ့ ဖြစ်ပေါ်စဉ်ကအကြောင်းအရာတွေကို သံဝေဂယူ၊ ဘုရားရှင်ရဲ့ အဆုံးအမများကို လိုက်နာ နာယူကာ ဝိပဿနာတရား ကျင့်ကြံ၍ မဂ်၊ ဖိုလ် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြပါစေ
Credit...
ပြန်လည်မျှဝေပါသည်....