14/03/2017
MOANA Travel & Tours မှနူတ်ဆက်ပါတယ် သူငယ်ချင်းများ 🙏
🔹ကျွန်တော်တို့ ခရီးစဉ်တစ်ခုကို လေယာဉ်နဲ့ သွားတဲ့အခါ passport📕 နဲ့ လေယာဉ်ပေါ်တက်ရောက်တဲ့အခါ ပြသရမည့် boarding pass (BP) 🏷တို့ဟာ မပျောက်ပျက်ဖို့ အလွန် အရေးကြီးပါတယ်။
🔹ဒါပေမယ့် ကျနော်တို့ ဟာ BP စာရွတ်ပိုင်းလေးကို အရေးတယူ မရှိကြပါဘူး။ ခရီးသွားရလို့ ပျော်ရွှင်နေကြတဲ့ သူတွေဟာ boarding pass နဲ့အတူ ဓာတ်ပုံရိုက်ပီး အွန်လိုင်းပေါ်တင်တတ်ကြပါတယ်၊ တွေ့ကရာကို ပစ်ထုတ်တတ်ကြပီး၊ လေယာဉ်ခုံပေါ်မှာတင် ပစ်ထားခဲ့ကြပါတယ်။
🔹BP မှာ ခရီးသွားသူရဲ့နာမည်၊ ခရီးစဉ်နံပါတ်၊ သွားမည့် မြို့၊ဂိတ်နံပါတ် ၊ ခုံနံပါတ်တို့ပါတဲ့ အတွက် လေယာဉ်ဆင်းတာနဲ့ လွှင့်ပစ်တတ်ကြပါတယ်။
🔹BP တွေမှာ ခရီးသည်ရဲ့ကိုယ်ရေးအချက်အလက်တွေ နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ ၊ဖုန်းနံပါတ် စတာတွေကို ဘားကုတ်အသွင်ဖြင့် မှတ်ထားပါတယ် ။တကယ်လို့ မိမိရဲ့BP ဟာ ကျွမ်းကျင်တဲ့ ဟက်ကာ တစ်ယောက်ရဲ့လက်ထဲရောက်သွားမယ်ဆိုရင် ကိုယ်ရေးအချက်တွေပါရသွားနိုင်ပါတယ်။
🔹ဒါကြောင့် သူငယ်ချင်းတို့ လေယာဉ်နဲ့ ခရီးသွားတဲ့အခါ BP ကို ကိုယ်နဲ့မကွာ သိမ်းဆည်းထားပီး ခရီးစဉ်ပြီးဆုံးသွားတဲ့အခါ BP ကို သေချာစွာ ဆုတ်ဖြဲပီးမှလွှင့်ပစ်သင့်ပါတယ်၊ ဒါမှ ဘားကုတ်ဖတ်စက်မှ ဖတ်လဲမရနိုင်တော့ပါဘူး။
🔹ဒါ့အဖြင့် BP ကိုဓာတ်ပုံရိုက်ပီးsocial media ပေါ်မတင်ဖို့ အကြံပြုပါရစေ တိုးတက်လာသော နည်းပညာအရ ဓာတ်ပုံထဲမှ ဘားကုတ်ကို ဖတ်နိုင်သော software များပေါ်ပေါက်နေနိုင်ပါတယ်။
Ref: Elite readers
Hackers can gain access to your personal information via a boarding pass barcode. Security experts are advising passengers not to throw out their passes or p...