Emerald Joyce Travel & Tour Myanmar

Emerald Joyce Travel & Tour Myanmar Fun Forever with Emerald Joyce. Let us take you to the places where you experience the most fascinating everything with the smiles on your face.

👨‍👩‍👧‍👦🌴🌳မိသားစုလေး စားစရာလေးတွေချက်ပြုတ်ယူသွားပြီး အေးအေးဆေးဆေးလေး Picnic (ပျော်ပွဲစား) ထွက်သလိုလေးသွားလည်လို့ရတယ်နော်....
10/06/2020

👨‍👩‍👧‍👦🌴🌳မိသားစုလေး စားစရာလေးတွေချက်ပြုတ်ယူသွားပြီး အေးအေးဆေးဆေးလေး Picnic (ပျော်ပွဲစား) ထွက်သလိုလေးသွားလည်လို့ရတယ်နော်... စိမ်းစိမ်းစိုစိုလေး မျက်စိလည်းအေး နားလည်းအေး လူလည်းမရှုပ်တော့ ကိုဗစ်လည်းမပူရ... ကောင်းလိုက်တာနော်... ☘️🌿🍃

🛶 စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာ သွက်လက်နေဆဲ...🏞️ သဘာဝရဲ့ အလှအပတွေကို အကောင်းဆုံး ကြည့်ရှုခံစားနိုင်ဆဲ... ဆိုတဲ့ အချိ...
18/11/2019

🛶 စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာ သွက်လက်နေဆဲ...
🏞️ သဘာဝရဲ့ အလှအပတွေကို အကောင်းဆုံး ကြည့်ရှုခံစားနိုင်ဆဲ... ဆိုတဲ့ အချိန်လေးမှာ ခရီးတွေသွားရတာ အကောင်းဆုံးပါနော်...

Photo credit

🌈 Rainbow on the White Clouds...မင်းကွန်း မြသိန်းတန်ဘုရားမှာ အခုလို အရမ်းလှတဲ့ပုံလေးတွေရိုက်လို့ ပျော်ပျော်ကြီးဘုရားဖူးက...
29/09/2019

🌈 Rainbow on the White Clouds...
မင်းကွန်း မြသိန်းတန်ဘုရားမှာ အခုလို အရမ်းလှတဲ့ပုံလေးတွေရိုက်လို့ ပျော်ပျော်ကြီးဘုရားဖူးကြရအောင်နော်... 😍
Photo by Phyothantkyaw Mandalay

လှလိုက်တာနော်.... ရိုက်တတ်လိုက်ကြတာ... 😍
15/09/2019

လှလိုက်တာနော်.... ရိုက်တတ်လိုက်ကြတာ... 😍

အင်းဝမြို့*********နိုင်ငံ မြန်မာနိုင်ငံတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးခရိုင် ကျောက်ဆည်ခရိုင်တည်ထောင် ၁၆ ဖေဖော်ဝါရီ ၁၃...
16/08/2019

အင်းဝမြို့
*********

နိုင်ငံ မြန်မာနိုင်ငံ
တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
ခရိုင် ကျောက်ဆည်ခရိုင်
တည်ထောင် ၁၆ ဖေဖော်ဝါရီ ၁၃၆၅

အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။ မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။ ထိုမင်းဆက်များမှာ

အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅) ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့်
ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)တို့ဖြစ်ကြသည်။

တည်နေရာ နှင့် အမည်ရင်းမြစ်

အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ တံတားဦးမြို့နှင့် သုံးမိုင်မျှသာ ဝေးသည်။ မန္တလေးမြို့မှ (၁၁)မိုင်ခန့် ဝေးသည်။

ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလ ရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူလအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့်၎င်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့်၎င်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။ ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝ ၊ ရွှေဝ အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုန်းမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။
ရှေးခေတ် အင်းဝမြင်ကွင်း

"'တုတ်ခွန်သွင်း-အင်းဝမြို့တည်"' ဆိုသော ရာဇဝင်အမှတ်အသားအရ သက္ကရာဇ် (၇၂၆)ခုနှစ်တွင် သတိုးမင်းဖျားသည် ပင်းယနှင့် စစ်ကိုင်းတို့ကို ဖျက်သိမ်း၍ အဝ (အင်းဝ) နေပြည်တော်ကို တည်ထောင်သည်။ အမည်ကွဲများ....

အင်းဝမြို့၏၅မျိုးမှာ
**************

၁ -အင်းဝ
၂ -အင်းနဝ
၃ - ရွှေဝ
၎ -အဝ နှင့်
၅ -ရတနာပူရ တို့ဖြစ်ကြသည်။

အင်းဝမြို့ သမိုင်း
************
ပထမအင်းဝ

အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှူးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။

ဒုတိယအင်းဝ
**********
ထို့နောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀ တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျှောက်လုံးနီးပါးမျှ ဟံသာဝတီတွင် နန်းစိုက်နေခဲ့ရသည်။ သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့်၎င်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်းဝကို သိမ်းပိုက်ကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)
တတိယအင်းဝ
ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

Credit to Original Uploader



🙏🙏🙏 Heartiest Congratulations to our precious Bagan 🎉🎉🎉
07/07/2019

🙏🙏🙏 Heartiest Congratulations to our precious Bagan 🎉🎉🎉

Bagan (Myanmar)
— Lying on a bend of the Ayeyarwady River in the central plain of Myanmar, Bagan is a sacred landscape, featuring an exceptional range of Buddhist art and architecture. The site’s eight components include numerous temples, stupas, monasteries and places of pilgrimage, as well as archaeological remains, frescoes and sculptures. The property bears spectacular testimony to the peak of Bagan civilization (11th–13th centuries CE), when the site was the capital of a regional empire. This ensemble of monumental architecture reflects the strength of religious devotion of an early Buddhist empire.

UNESCO





-credit

🌿🌿🌿 ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်းရွာသူလေးများနဲ့ ပျော်ပျော်ပါးပါး သစ်ပင်စိုက်ခဲ့ကြသည် 🌳🌳🌳
27/06/2019

🌿🌿🌿 ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်းရွာသူလေးများနဲ့ ပျော်ပျော်ပါးပါး သစ်ပင်စိုက်ခဲ့ကြသည် 🌳🌳🌳

🌿🏞💦ရှုခင်းတွေ အရမ်းလှတဲ့ မြစ်ရေ တိမ်တိမ်နဲ့ ကြည်ကြည်လေးရှိတဲ့ ဆင်ခေါင်းတောင် 😍
16/06/2019

🌿🏞💦ရှုခင်းတွေ အရမ်းလှတဲ့ မြစ်ရေ တိမ်တိမ်နဲ့ ကြည်ကြည်လေးရှိတဲ့ ဆင်ခေါင်းတောင် 😍

🏔မြန်မာပြည်မြောက်ဖျားက ပူတာအိုမြို့လေးလို့ ဆိုရင် မသိသူမရှိသလောက်ပါဘဲနော်... 🏞မလိခမြစ်အတွင်းမှာရှိတဲ့ နတ်ကျွန်းဆိုတာနဲ့...
03/06/2019

🏔မြန်မာပြည်မြောက်ဖျားက ပူတာအိုမြို့လေးလို့ ဆိုရင် မသိသူမရှိသလောက်ပါဘဲနော်...
🏞မလိခမြစ်အတွင်းမှာရှိတဲ့ နတ်ကျွန်းဆိုတာနဲ့ သဘာဝကျောက်ဆောင်ကျောက်သားတွေနဲ့ ကြည်လင်အေးမြလွန်းတဲ့ မြစ်ရေတသွင်သွင်ကြားက စိတ်လှုပ်ရှားဖွယ် ရင်သက်ရှုမောဖွယ် သဘာဝအလှတရားတွေကို ငေးမောခံစားရင်း...
🚤မလိခမြစ်ကြောင်းအတိုင်း စက်လှေလေးစီးပြီး သွားရတဲ့ ခံစားမှုက ဘယ်လိုလဲဆိုတာ ပြောပြရုံနဲ့ သိနိုင်ပါ့မလား...


#ပူတာအိုနတ်ကျွန်း

🌎ခရီးသွားပါ ... 🌏❣တစုံတ​ယောက်​ကို လွမ်း​နေလား ခရီးသွားပါ ...🕐​နေ့စဉ်​ ပုံမှန်​ဘဝကို ငြီး​ငွေ့​နေလား ခရီးသွားပါ ...😞စိတ်...
30/05/2019

🌎ခရီးသွားပါ ... 🌏

❣တစုံတ​ယောက်​ကို လွမ်း​နေလား ခရီးသွားပါ ...

🕐​နေ့စဉ်​ ပုံမှန်​ဘဝကို ငြီး​ငွေ့​နေလား ခရီးသွားပါ ...

😞စိတ်​ဓာတ်​ကျ​နေလား ခရီးသွားပါ ...

🏃‍♀️တခါတ​လေမှာ ကိုယ်​ပိုင်​ဘဝကို ငြီး​ငွေ့လာတဲ့ အခါ စိတ်​​ကော လူ​ကော အ​ဝေးကို ခဏ​ပြေးထွက်ကြည့်ပါ ...

😊​မ​မေ့နိုင်​တဲ့အ​ကြောင်းအရာ​တွေ ခဏ ​မေ့သွားနိုင်​ပြီး တခြား ​အ​တွေးသစ်​​တွေ ရသွားနိုင်​လို့ပါ ...

🛩🛳🚄 ဘယ်နိုင်ငံဘဲသွားသွား အဆင့်အတန်းရှိတဲ့ တာဝန်သိ ခရီးသွားတစ်ယောက်ဖြစ်နေဖို့ အရေးကြီးပါတယ်... ခရီးသွားတစ်ယောက် လုပ်ဆောင်...
28/05/2019

🛩🛳🚄 ဘယ်နိုင်ငံဘဲသွားသွား အဆင့်အတန်းရှိတဲ့ တာဝန်သိ ခရီးသွားတစ်ယောက်ဖြစ်နေဖို့ အရေးကြီးပါတယ်... ခရီးသွားတစ်ယောက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေပါ...
😊 May you be a happy & responsible traveller at all time...

☀🌿အင်းဝဒေသမှ ရှေးဟောင်းအဆောက်အအုံများ☀🌿
23/05/2019

☀🌿အင်းဝဒေသမှ ရှေးဟောင်းအဆောက်အအုံများ☀🌿

🇲🇲🇨🇦🇦🇮🇳🇵ဗဟုသုတ ရပါတယ် 🇨🇺🇧🇫🇦🇹🇦🇽
20/05/2019

🇲🇲🇨🇦🇦🇮🇳🇵ဗဟုသုတ ရပါတယ် 🇨🇺🇧🇫🇦🇹🇦🇽

""ဟိုတယ်တွေမှာ ဘာလို့ International flagsတွေ လွှင့်တင်ထားတာလဲ?..သင်သိပါသလား...?'''🇲🇲🇲🇲🇲🇲
=============================

ကျွန်တော်တို့က Hotelတွေ အထူးသဖြင့်(5 star hotel)တွေကိုသွားတဲ့အခါဖြစ်ဖြစ် ၀င်ပေါက်ရှေ့ကိုဖြတ်သွားတဲ့အခါဖြစ်ဖြစ် hotel ရဲ့ ၀င်ပေါက်မှာ စိုက်ထားတဲ့ အလံတွေကကျွန်တော်တို့ကိုဆွဲဆောင်နေပါတယ်။

အဲ့လို မြင်တဲ့အခါမှာ ခေါင်းထဲရောက်လာတဲ့အတွေးက အဲ့အလံတွေကတခုခုကိုကိုယ်စားပြုနေတာလား ဒါမှမဟုတ်တခြားအဓိပ္ပါယ်တခုခုရှိနေတာလားဆိုတာပါပဲ....သင်ရောဘယ်လိုထင်ပါသလဲ????

ဒီလိုမျိုးအလံ လွှင့်​တင်​ခြင်းနှင့်​ ပတ်​သက်​ပီး လူအမျိုးမျိုးက​ ထင်​မြင်​ချက်​အမျိုးမျိုး​ပေးကြပါတယ်​...လူအများစုက​တော့ ဒီလိုအလံ​တေလွှင့်​တင်​ထားတဲ့ အရပ်​က ဟိုတယ်ဝင်​​ပေါက်​ရဲ့ အမှတ်​အသားတစ်​ခု အ​နေနဲ့ ထင်​မှတ်​ကြပါတယ်​...တချို့က​တော့ ဒီလိုနိုင်​ငံစုံ အလံလွှင့်​ထားတဲ့အတွက်​​ကြောင့်​ ဒီလိုဟိုတယ်​မျိုးကို နိုင်​ငံတကာပိုင်​ဟိုတယ်​မျိုးလို့လည်း ထင်​ကြတယ်​...ပြီး​တော့ တချို့လူ​တွေကဆိုရင်​ အလံလွှင့်​တင်​ထားတဲ့ နိုင်​ငံရဲ့ Hotel chain တခုရဲ့ပိုင်​ဆိုင်​မှုလို့လည်း ထင်​မြင်​ချက်​​တွေ​ ​ပေးကြပါတယ်​...

အမှန်​တကယ်​က​တော့ ဟိုတယ်​​တွေက သူတို့အ​နေနဲ့ နိုင်​ငံအသီးသီးက ဧည့်​သည့်​​တွေကိုကြိုဆိုတယ်​ဆိုတာ ​ဖော်​ပြထားခြင်းလို့လဲ ဆိုကြပါတယ်​...တချို့က​တော့ ဒီလိုအလံမျိုးစုံ လွှင့်​တင်​ထားခြင်းဟာ သူတို့ဟိုတယ်​ဟာ နိုင်​ငံတကာအဆင့်​မှီ ဟိုတယ်​တစ်​လုံးဖြစ်​​ကြောင်း ​ဖော်​ပြခြင်းလို့လည်း ဆိုကြပါတယ်​...ဘာဘဲ​နေ​နေ ဒီလိုအ​ရောင်​အ​သွေး စုံလင်​တဲ့ ​ရောင်​စုံအလံမျိုးစုံကို လွှင့်​ထူထားခြင်းဖြင့်​လည်း ဟိုတယ်​ရဲ့အ​ရှေ့ဘက်​ ဝင်​​ပေါက်​မျက်​နှာစာဟာ ဧည့်​သည့်​များ၏ အမြင်​မှာ နှစ်​လိုဖွယ်​​ကောင်းပြီး ဆွဲ​ဆောင်​မှုလည်း ရှိနိုင်​ပါတယ်​...

အထက်ပါအချက်အလက်များသည် အင်တာနက်ပေါ်မှ အကြောင်း အရာများကို ကောက်နုတ်ထားခြင်းဖြစ်ပါသည်...

သင့်ရဲ့အမြင်များကိုလည်း ဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်....

****Share your Knowledges****





💞👫✈ အချစ်နဲ့ ခရီးသွားပါ 📸🥂👣
28/01/2019

💞👫✈ အချစ်နဲ့ ခရီးသွားပါ 📸🥂👣

🏮🕯🏞တောင်ငူ-သံတောင်ကြီး-နော်ဘူဘောတောင်-ပသိချောင်း-မှော်ယောကြီးဆင်စခန်း ခရီးစဉ်လေးကို သီတင်းကျွတ်ပိတ်ရက်လေးမှာ မိသားစုလိုက...
29/10/2018

🏮🕯🏞တောင်ငူ-သံတောင်ကြီး-နော်ဘူဘောတောင်-ပသိချောင်း-မှော်ယောကြီးဆင်စခန်း ခရီးစဉ်လေးကို သီတင်းကျွတ်ပိတ်ရက်လေးမှာ မိသားစုလိုက် ပျော်ရွှင်အေးချမ်းစွာ တက်ကြွလန်းဆန်းစွာ သွားရောက်ခဲ့ကြတဲ့ ပုံရိပ်လေးတစ်ချို့ကိုလည်း မျှဝေပေးပါရစေရှင်...

❤ ကို ယုံကြည်ရွေးချယ်ခဲ့တဲ့အတွက်၊ စိတ်ချမ်းသာပျော်ရွှင်ဖွယ်ခရီးစဉ်လေး ဖြစ်ခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်ဝမ်းသာပျော်ရွှင်ရပါတယ်ရှင်... နောက်နောင် ခရီးစဉ်များကိုလည်း မှတာဝန်ယူပေးပါရစေနော်...

🙏စိတ်သစ်လူသစ်အားခွန်အပြည့်ဖြင့် နေ့စဉ်လုပ်ငန်းစဉ်များတွင် အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ...


Emerald Joyce Travel & Tour Co., Ltd
💌No. E (6), ရွှေပုန်းညက်ရိပ်မွန်၊ ရွှေပုန်းညက်လမ်း၊ ရေကြောင်းသိပ္ပံရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📧[email protected]

📱09799886672, 📱09799886670, 📱09785034013

🏮🕯🚍ဒီသီတင်းကျွတ်ပိတ်ရက်လေးမှာ ကျိုက္ခမီ-စက်စဲ-ဇင်းကျိုက်ရေတံခွန် ခရီးစဉ်လေးကို မိသားစုအစုံအလင်နဲ့ လွတ်လပ်ပျော်ရွှင်စွာ သွာ...
29/10/2018

🏮🕯🚍ဒီသီတင်းကျွတ်ပိတ်ရက်လေးမှာ ကျိုက္ခမီ-စက်စဲ-ဇင်းကျိုက်ရေတံခွန် ခရီးစဉ်လေးကို မိသားစုအစုံအလင်နဲ့ လွတ်လပ်ပျော်ရွှင်စွာ သွားခဲ့ကြတဲ့ မိသားစုလေးရဲ့ တက်ကြွလန်းဆန်း စမတ်ကျလှပနေတဲ့ ပုံရိပ်လေးတစ်ချို့ကို ချစ်သူတွေကို အပျော်လေးတွေကူးစက်သွားအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်...

❤ ကို ယုံကြည်ချစ်ခင်စွာနဲ့ ရွေးချယ်ခဲ့တဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပျော်ရွှင်ရပါတယ်လို့... နောက်လည်း ဘယ်ကိုဘဲသွားချင်သွားချင် EJ ကိုသာ သတိရပြီးဆက်သွယ်လိုက်ပါနော်...

🙏စိတ်သစ်လူသစ်ဖြင့် နေ့စဉ်ဘဝကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါရစေရှင်...


Emerald Joyce Travel & Tour Co., Ltd
💌No. E (6), ရွှေပုန်းညက်ရိပ်မွန်၊ ရွှေပုန်းညက်လမ်း၊ ရေကြောင်းသိပ္ပံရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📧[email protected]

📱09799886672, 📱09799886670, 📱09785034013

🍃😎🏖ပိတ်ရက်လေးတွေ တန်းစီ...😎😎🎃သီတင်းကျွတ်​ ... 🎇တန်ဆောင်တိုင် နဲ့ ... 🎅ခရစ်စမတ် ... ပိတ်ရက်လေးတွေ ဆက်တိုက်ရောက်လာတော့မယ်ေ...
07/10/2018

🍃😎🏖ပိတ်ရက်လေးတွေ တန်းစီ...😎😎

🎃သီတင်းကျွတ်​ ...
🎇တန်ဆောင်တိုင် နဲ့ ...
🎅ခရစ်စမတ် ...
ပိတ်ရက်လေးတွေ ဆက်တိုက်ရောက်လာတော့မယ်နော်... ?

💃💃Ready to go on holiday!💃💃

🎑ပိတ်​ရက်​​တွေမှာ ခရီးရှည်​​လေး​တွေ သွားလို့ရသလို ...

👯ပေါ့ပေါ့ပါးပါး နေ့ချင်းပြန်ခရီးတိုလေးတွေကို လည်း ပိတ်​ရက်​​တွေအပြင်​ ... Weekend လေးတွေမှာပါ ပျော်ပျော်ပါးပါး သွားလို့ရအောင် 🔉🔉

Joyce မှ အစစ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင် ...

👍👌🤗 EJ နဲ့ဆို ဘာမှပူစရာမလိုဘူးနော် ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ အားလုံး Ok သွားစေရပါမယ်ရှင်။

👨‍👩‍👦‍👦💑👩‍⚖️👨‍
️၈ ယောက်နှင့်အထက် မိတ်ဆွေ သူငယ်ချင်း မိသားစုများ ကုမ္ပဏီများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ဝန်ထမ်းမိသားစုများအတွက်လည်း အထူးသီးသန့် Package Tour များကို စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင်။

✅📝👉October, November, December လထဲတွင် ပိတ်​ရက်​များအပြင်​ ...
🔮သောင်္ကြာညထွက် စနေညပြန်ရောက်နှင့်
🔮စနေညထွက် တနင်္ဂနွေည ပြန်ရောက်သော ...
နေ့ချင်းပြန်ခရီး ထွက်မည့်နေ့များမှာ...

📅October 12 (Fri) , 13 (Sat)
📅October 19 (Fri) , 20 (Sat)
📅October 26 (Fri) , 27 (Sat)

📅November 2 (Fri) , 3 (Sat)
📅November 9 (Fri) , 10 (Sat)
📅November 16 (Fri) , 17 (Sat)
📅November 23 (Fri) , 24 (Sat)

📅December 7 (Fri) , 8 (Sat)
📅December 14 (Fri) , 15 (Sat)
📅December 21 (Fri) , 22 (Sat)
📅December 28 (Fri) , 29 (Sat)

👉မော်လမြိုင်, ကျိုက္ခမီ, စက်စဲ, ဇင်းကြိုက်ရေတံခွန် ခရီးစဉ် (နေ့ချင်းပြန်)

👉ကျိုက်ထီးရိုးဘုရား, စောင်နိုင်ကြီးရေတံခွန်, စိမ်းလဲ့တင် ခရီးစဉ် (နေ့ချင်းပြန်)

👉ပြည် - ထုံးဘို - အကောက်တောင် ခရီးစဉ် (နေ့ချင်းပြန်)

👉ဘားအံ ဂူ ၅ ဂူ - ချစ်သူမြိုင် ခရီးစဉ် (နေ့ချင်းပြန်)

👉 တောင်ငူ - သံတောင်ကြီး - ပသိချောင်း - မှော်ယောကြီး ဆင်စခန်း ခရီးစဉ် (နေ့ချင်းပြန်)

💵နေ့ချင်းပြန်ခရီးစဉ်တစ်ခုလျှင်
တစ်ဦးကို ၄၀၀၀၀ကျပ်💵 စားရိတ်ငြိမ်းဖြင့် သက်တောင့်သက်သာ စိတ်အေးချမ်းသာစွာ သွားနိုင်ရန်စီစဉ်ထားပါတယ်ရှင် ...

🗒📝လက်မှတ်များကိုလည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်​ရှင်​ ...

💫Fun forever with Emerald Joyce💫

Emerald Joyce Travel & Tour Co., Ltd
💌No. E (6), ရွှေပုန်းညက်ရိပ်မွန်၊ ရွှေပုန်းညက်လမ်း၊ ရေကြောင်းသိပ္ပံရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

📧[email protected]

📱09799886672, 📱09799886670, 📱09785034013

Address

Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00

Telephone

09799886672

Website

Alerts

Be the first to know and let us send you an email when Emerald Joyce Travel & Tour Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category