Paradiso Festival Travels & Tours

Paradiso Festival Travels & Tours We Guarantee The Difference And Make You Feel At Home While Away From Your Home Sweet Home. Tour Agency
(5)

အလုပ်ဟူသမျှဂုဏ်ရှိလှ ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့လဲ ဦးရယ် ....
10/07/2024

အလုပ်ဟူသမျှဂုဏ်ရှိလှ
ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့လဲ ဦးရယ် ....

16/09/2022
04/05/2022
Passport စာအုပ်ပြုလုပ်ခြင်းအား Online Booking ဖြင့် Booking ယူရန်စနစ်ကို ၂၁.၃.၂၀၂၂ ရက်နေ့မှ စတင်မည်ဟု သိရှိရပါသည်။မြန်မာ...
12/03/2022

Passport စာအုပ်ပြုလုပ်ခြင်းအား Online Booking ဖြင့် Booking ယူရန်စနစ်ကို ၂၁.၃.၂၀၂၂ ရက်နေ့မှ စတင်မည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ - www.passport.gov.mm

28/12/2021
13/11/2021

များမကြာသော အချိန်ကာလတခုမှာ ကျွန်တော်ဆီမှာ ခရီးသွား အာမခံ ၊ ကျန်းမာရေး အာမခံ ၊ အသက်အာမခံ နဲ့ အထွေထွေအာမခံမျိုးစုံကို ဝယ်ယူရရှိ နိုင်ပါတော့မယ်။

08/07/2021

ကျွန်တော် နှင့် ကျွန်တော့် Customer
Customer - သီဟ ရေ life / Health Insurance တွေက တကယ်ကော ပေးလျော်ရဲ့လား?ကြားဖူးတာက တကယ်ဖြစ်လာလည်း အလျော်မရတာတွေ ရှိတယ်ဆိုပဲ၊၊
ကျွန်တော် - ဟုတ်အမရေ။ ဒီမေးခွန်းကို အမလို တခြားသူတွေလည်း သိချင်နေကြမယ်ထင်တယ်။ ယခုဆို မြန်မာနိုင်ငံကို နိုင်ငံခြား Insurance company ဝင်လာကြလို့ အာမခံဈေးကွက် အပြိုင်အဆိုင်ဖြစ်လာကြတယ်။ယခင်ထက် အထိုက်အလျောက် ပိုကောင်းတဲ့ cover တွေ Product တွေ ထွက်လာတယ်။ Pandemic ရောဂါလို့ ပြောလို့ရတဲ့ Covid ရောဂါဆိုလည်း အပိုအကာအကွယ် ပေးပြီး Cover လုပ်ပေးကြတယ်။ အခုဆို Claim က ကျန်းမာရေးအာမခံမှာ အများကြီး ပေးလျော် ထားတဲ့ Good Example တွေ အများကြီးရှိနေသလို Life Insurance မှာ Death Claim မရှိသေးပေမယ့် Covid Cover ကိုတော့ သူတို့ ပေးမယ်ဆိုတဲ့ ကတိအတိုင်း ပေးလျော်ထားပါတယ်။
Customer - ဒါဆို Customer က နေမကောင်းနေတော့ ဘယ်လိုသွားထုတ်မလည်း?
ကျွန်တော် - သွားထုတ်စရာမလိုပါဘူး။ ဆေးရုံက စာရွက်စာတမ်းတွေ ကို ကျွန်တော်တို့လို ကိုယ်စားလှယ်တွေဆီ Viber / Messenger / Email စသည့် တစ်ခုခုကနေ ပို့ပေးလိုက်ရုံဖြင့် ကျွန်တော်တို့က အားလုံး ဆက်လုပ်ပေးပြီး Claim လျော်ကြေးကို အကိုအမတို့ရဲ့ Bank Acc ထဲ လွဲပေးတာမို့ လူက အိမ်ပေါ်ကတောင် ဆင်းစရာ မလိုပဲ လျော်ကြေးရရှိမှာပါ။
Customer - တချို့ပြောတာကျတော့ Claim က ရတော့ ရပေမယ့် နဲနဲလေးတဲ့။အဲ့တော့ အလုပ်ရှုပ်တာပဲ အဖတ်တင်တယ် ကြားတာပဲ။
ကျွန်တော် - အဲ့ဒါက သူဝယ်ထားတဲ့ Unit သို့မဟုတ် Cover နဲလို့ပါ။ဒါ့ကြောင့် ပြောတာ Insurance ကို အဖြစ်ဝယ်တာ မဟုတ်ပဲ မိမိ မိသားစု အခြေအနေ နဲ့ ကိုက်ညီတဲ့ ပမာဏ ကို cover ယူထားဖို့ လိုပါတယ်။ကျွန်တော့် Customers တွေဆို မမျှော်လင့်ပဲ Covid ဖြစ်ခဲ့လို့ ဆေးရုံတက်ခဲ့လျင်ရောဂါပဲ စိတ်ပူ ဂရုစိုက်ပါ။ ကျန်တာ ဘာမှ စိတ်မပူဖို့ အားပေးစကားပြောပါတယ်။ ဆေးရုံး ဆင်းရင် ၁၀ ရက် တက်ခဲ့လျင် ၁၀ သိန်း ၁၄ ရက်တက်ရလျင် ၁၄ သိန်း လျော်ကြေးက အဆင်သင့်ဖြစ်အောင်လုပ်ပေးထားပါတယ်။ ( Life Insurance ဝယ်ထားတဲ့ customer တွေကတော့ ကာယကံရှင် ကိုယ်တိုင် ဖြစ်ခဲ့လျင် ၁၅ သိန်း နှင့် Immediate Family member ပါဖြစ်ခဲ့လျင် တစ်ဦးကို ၇၅၀၀၀၀ ( နှစ်ဦးအထိ ) လက်ခံ လျော်ကြေးထုတ်ပေးလို့ ၁၅ သိန်း ၂၂၅၀၀၀၀, သိန်း ၃၀ ) အထိ Covid လျော်ကြေးတွေ ပေးခဲ့နိုင်ပါပြီ။
Customer - ဟင် အဲလိုရတာလား.....!!!!
ကျွန်တော် - ဟုတ် အသေးစိတ်သိရအောင် အမ ဝယ်မယ်ဆို ကျွန်တော့် ရုံးခန်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။မလာနိုင်လျင်လည်း ကျွန်တော်က လာရောက်ရှင်းပြပေးပါ့မယ်။

👉မိတ်ဆွေအတွက်

ပတ်သက်ရင်ကူညီဖို့အသင့်ပါ

🤵Thiha Win Thu 📞09788408040

⌨️ Financial Planner

အမှန်တကယ်တော့ Covid 19 ကို ကျွန်တော်ကြောက်တာက ကိုယ့်ဆီကနေတဆင့် မိသားစု ၊မိတ်ဆွေတွေနဲ့ မကျန်းမာသူတွေကို ကူးစက်မှာကိုစိတ်ပ...
05/07/2021

အမှန်တကယ်တော့ Covid 19 ကို ကျွန်တော်
ကြောက်တာက ကိုယ့်ဆီကနေတဆင့် မိသားစု ၊မိတ်ဆွေတွေနဲ့ မကျန်းမာသူတွေကို ကူးစက်မှာကိုစိတ်ပူတာပါ။ ကျွန်တော့်အတွက်ကသိပ်ကြောက်စရာ စိတ်ပူစရာ သိပ်မရှိပါဘူး ။ လူငယ်လဲ လူငယ် ရောဂါအခံလဲမရှိဘူး အဲ့ အပြင် “Life Insurance” ရော “Health Insurance “ ရောကဝယ်ထားပြီးသား (Covid cover လဲပါတယ် )။ အေးရာအေးကြောင်း တရက် တသိန်းခွဲ (လင်မယားနစ်ယောက်ပေါင်း ၃သိန်း )အိတ်ထဲထည့်ပြီး ဆေးရုံမှာ တပါတ် ဆယ်ရက် နေပြန်လာရုံဘဲ ။ နောက်တချက်က COVID ဟာ စိတ်ဓါတ်ခွန်အား နဲ့လဲအများကြီး
ဆိုင်သလို စိတ်ဖိစီးမှုမရှိရင် ရောဂါက တဝက်သက် သာပြီးသားပါ ။ အခုစိတ်ပူတာက ကိုယ့်ဘေးနား က ဘာ အကာအကွယ် အထောက်အပံ့ ဘာမှမယူထားကြသေးတဲ့ မိသားစု အပေါင်းအသင်း မိတ်ဆွေတွေအတွက်ပါ။ ဒါပေမဲ့ Insurance အကာအကွယ်ယူတယ်ဆိုတာ ဘယ်တော့မှ နောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကျွန်တော်တို့လို စိတ်ဖိစီးမှု ကင်းကင်းနဲ့ နောက်ဆံမတင်းရလေအောင် “Life Insurance “အကာအကွယ် ယူကြပါလို့ အကြံပေး တိုက်တွန်းပြစေ။

👉မိတ်ဆွေအတွက်

ပတ်သက်ရင်ကူညီဖို့အသင့်ပါ

🤵Thiha Win Thu 📞09788408040

⌨️ Financial Planner

29/06/2021

မတင်တာကြာလို့ ပါ

I love it
04/02/2021

I love it

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်မောင်၊ လေယာဉ်မယ်များနှင့် Engineering & Maintenance ဌာနရှိ ဝန်ထမ်း....

16/01/2021
:'(
09/01/2021

:'(

>

လူ ၆၂ ဦးလိုက်ပါ စီးနင်းသော လေယာဉ်တစ်စီး အင်ဒိုနီးရှားတွင် ပျက်ကျ

ဂျာကာတာ၊ ဇန်နဝါရီ ၉

လူ ၆၂ ဦးလိုက်ပါစီးနင်းသော အင်ဒိုနီးရှားနိုင်ငံ သီရိဝိဇယ(Sriwijaya)လေကြောင်းမှ ခရီးသည်လေယာဉ်တစ်စီး ပျက်ကျကြောင်း နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက သတင်းရေးသားကြသည်။

ယင်းလေယာဉ်သည် ဂျာကာတာမြို့ရှိ ဆူကာနို-ဟက်တာလေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက ပျံတက်ပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကာ ဂျာကာတာမှ ပွန်တီယာနက်(Pontianak) သို့ ပျံသန်းသော ခရီးစဉ်ဖြစ်သည်။

အခြားအသေးစိပ်အချက်အလက်များကို မသိရှိရသေးချေ။

Source: CGTN
Ref: The missing Indonesia's Sriwijaya Air passenger plane with 62 on board has crashed

🧑🏼‍💻သူငယ်ချင်းအတွတ် Insurance policy တစောင် ရောင်းပေးရင်း အတွေးလေးတခု ,,,,,,,,,✨ဖြစ်တည်မှုကပျက်စီးမှုနဲ့ အဆုံးသပ်ရတာ သဘာ...
08/01/2021

🧑🏼‍💻သူငယ်ချင်းအတွတ် Insurance policy တစောင် ရောင်းပေးရင်း အတွေးလေးတခု ,,,,,,,,,

✨ဖြစ်တည်မှုကပျက်စီးမှုနဲ့ အဆုံးသပ်ရတာ သဘာဝပါ 🤔
လူတိုင်းကြိုတင်ပြင်ဆင်ခွင့်ရမယ်ဆိုရင် ?

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏ ကြား နေ့တာ စကား လေး တခု
မနေ့ကပဲ တွေ့လိုက်တယ် အခုတော့ $&@&$&&@@,,,,,,,
ဟိုတပတ်ကပဲ စကားတွေ ပြောခဲ့ တယ် အခုတော့ $&@$&@$&&,,,,,,
ဘယ်သူမှမမျှော်လင့်ခဲ့ကြပါဘူး ,,,,,,,

ကျွှန်တော် တို့ ဘဝတွေမှာ ဖြစ်မယ်မှန်းသိရဲ့နဲ့ သတိမေ့ထားတဲ့ အရာ ၂ခုကိုတွေရပါတယ်

၁.သေဆုံးခြင်း၊ပျက်စီးခြင်း များ✨
၂. မသေချာမရေရာခြင်း များ✨

၁.သေဆုံးခြင်း၊ပျက်စီး ခြင်း များ✨
ဘယ်တော့လဲ နာရီပိုင်း အတွင်းလား?
နောက် တနေ့ လား ?
နောက်နှစ် လား ?
နောက် နှစ် ၂၀လား?
ဘယ်သူမှသေသေချာချာမသိနိုင်ပါဘူး😢

၂.မသေချာမရေရာခြင်း များ✨
ဟိုနေ့ကအကောင်းကြီးပါခုတော့ ,,,,,,,,,,
မထင့်မှတ်တဲ့ အဖြစ်အပျက်များ ,,,,,,,,

သူများတွေပဲမြင်တာပါ မိမိကိုကျတော့မဖြစ်တော့တဲ့အတိုင်း သတိမထားကျပါဘူး
မည်သူမဆို အချိန်မရွှေးဖြစ်နိုင်ပါတယ်

ယခု ကပ်ရော်ဂါ Covid-19 က ဥပမာပါပဲ

ဒါဆိုရင် မထင်မှတ်တဲ့ ဖြစ်ရပ်မျိုးတွေ ကိုယ်မိသားစုထဲလဲ ဖြစ်နိုင်ပါတယ် ၊
ဒီလိုဖြစ်ရပ်မျိုးတွေ ရဲ့ နောက်ဆက်တွဲ လူမှုရေး၊စီးပွါးရေး၊တွေအတွတ် ငွေရေးကြေးရေးက မဖြစ်မနေလိုအပ်လာပါတယ် ။
တောင့်တင်ခိုင်မာတဲ့လူနည်းစုအတွတ် အဆင်ပြေပေမဲ့ လူလတ်တန်းစား နဲ့ အခြေခံလူတန်းစားမိသားစုတွေအတွတ်က သက်ရောက်မှု ကြီးမားပါတယ် ၊
ဒါကြောင့် ......
မိသားစုရဲ့ တာဝန်ထမ်း၊ဝင်ငွေရှာနေသူ၊ကိုရဲ့ ဝင်ငွေကိုမှီခို နေရသူတွေရှိနေပြီဆိုတဲ့သူ တွေ Life Insurance ထားထားသင့်ပါတယ်

မိသားစုအတွတ် အကာအကွယ် PLAN B
လေး ထားပေးထားမယ် ........
နေ့စဉ် အသုံးစရိတ်ထဲက အနည်းငယ် ချွေတာ ပြီး စုထားခဲ့မယ်ဆိုရင် .......

လူသားအားလုံးရင်ဆိုင်ရမဲ့
ဒီအချက်လေးတွေ
✨သေဆုံးခြင်း၊ပျက်စီးခြင်း များ✨
✨မသေချာမရေရာခြင်း များ✨
စောလျှင်စွာကြုံခဲ့ရင်လဲမိသားစုတွေပေါ့ပေါ့ပါပါး ဖြတ်သန်းနိုင်မှာပါ 😇

လူတိုင်း ဘဝရှေ့ရေးအတွက်
ကြိုတင်ပြင်ဆင်ကြရာမှာ Life Insurance ထားရင်းငွေစုဆောင်းတဲ့ အလေ့တစ်ခုဟာလဲ ကြိုတင်ပြင်ဆင်တဲ့ နည်းများစွာအထဲက တစ်နည်းပါ 🤗🤗🤗

Insurance အတွက်ကူညီပါရစေ

Thiha Win Thu
Financial Planner

📲 09788408040

04/01/2021

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း......

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်း ဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှု ကာလကိုCOVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာ စံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်နေဆဲရှိသည့်အပြင် ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သော ကူးစက်မြန် ဗီဇပြောင်း COVID-19 ရောဂါပိုး အသစ်ကို အချို့အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများသို့ စတင်ကူးစက်နေလျက်ရှိကြောင်း တွေ့ရှိ ရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို (၃၁-၁-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။

တစ်ဖက်တွင် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ထိခိုက်မှုကို ပြန်လည်ကုစားရေးအတွက် အထောက်အကူဖြစ်စေရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ International Commercial Passenger Flights များကို COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ အဆင့်လိုက် ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါသည်။

Crd

Address

No. 123, Pyay Road, 8. 5 Mile, Manyangone Township.
Yangon

Alerts

Be the first to know and let us send you an email when Paradiso Festival Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Paradiso Festival Travels & Tours:

Videos

Share


Other Tours & Sightseeing in Yangon

Show All