Golden LiLy Traveller

Golden LiLy Traveller Local Travel and Tours
Go With Us
(7)

ကလောမြို့က အစားအသောက် ကောင်းတဲ့ဆိုင်လေးတွေတဲ့ ရောက်ဖြစ်ရင်သွားစားကြည့်ကျအုန်းနော်လို့ 😁
24/04/2019

ကလောမြို့က အစားအသောက် ကောင်းတဲ့ဆိုင်လေးတွေတဲ့ ရောက်ဖြစ်ရင်သွားစားကြည့်ကျအုန်းနော်လို့ 😁

ခရီးတွေရောက်တိုင်း ဘယ်နေရာ ဘယ်ဒေသဘယ်ရူခင်းပဲဖြစ်ဖြစ် မျက်စိတဆုံး မြင်တွေ့ရအောင် အမြဲ Pano ရိုက်ခဲ့ပါနော် ချစ်ဆုံးတို့ 😍ဒ...
18/04/2019

ခရီးတွေရောက်တိုင်း ဘယ်နေရာ ဘယ်ဒေသ
ဘယ်ရူခင်းပဲဖြစ်ဖြစ် မျက်စိတဆုံး မြင်တွေ့ရအောင် အမြဲ Pano ရိုက်ခဲ့ပါနော် ချစ်ဆုံးတို့ 😍
ဒါလေးက LiLy ရောက်ခဲ့တဲ့နေရာတိုင်းက အမှတ်တရလေးတွေ ပြန်လည်မျှဝေလိုက်တယ်နော် ☺️

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲရှိတယ်နော်လို့ ကဲ အရောက်သွားကျရအောင် သူငယ်ချင်းတို့ ☺️
03/08/2018

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး
မဖြစ်သေးတာပဲရှိတယ်နော်လို့
ကဲ အရောက်သွားကျရအောင် သူငယ်ချင်းတို့ ☺️

တနေ့နေ့တော့ရောက်ဖြစ်အောင်သွားမယ် 😎
17/07/2018

တနေ့နေ့တော့ရောက်ဖြစ်အောင်သွားမယ် 😎

✅ ခရီးသွားခြင်းကသင်ပေးသည့်အရာများ ✅*******************************************ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ အလွန...
14/07/2018

✅ ခရီးသွားခြင်းကသင်ပေးသည့်အရာများ ✅
*******************************************
ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ အလွန်ပင်များပြားလှပါတယ်။
သင့်ကိုအမြင်ကျယ်လာစေမယ်၊ မတူညီကွဲပြားတဲ့ဓလေ့စရိုက်၊ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမယ် စသည့်ဖြင့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
ခရီးသွားခြင်းကသင့်ကို ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းပြုလုပ်ပေးနိုင်ပြီး ခရီးသွားခြင်းကသင်ပေးတဲ့အရာများကိုဖော်ပြလိုက်ရပါတယ်။
(၁) အပေါင်းအသင်းတွေ၊မိတ်ဆွေတွေရဲ့တန်ဖိုးကို သိလာစေပါတယ်။ 👯‍♀️
--------------------------------------------------------------------------
ခရီးသွားပြီးအိမ်နဲ့အဝေးရောက်နေတဲ့အချိန်မှာ အပေါင်းအသင်းတွေနဲ့လူ့အဖွဲ့အစည်းအကြောင်းပိုမိုနားလည်လာပါလိမ့်မယ်။
မိမိအတွက်မိတ်ဆွေကောင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး၊ပတ်ဝန်းကျင်တည်ဆောက်ခြင်းဟာပျော်စရာကောင်းကြောင်းပိုမိုသိသာထင်ရှားလာပါတယ်။
(၂) သည်းခံတတ်အောင်သင်ကြားပေးပါတယ်။ ☺️
----------------------------------------------------
ခရီးသွားပြီဆိုလျှင် ဖြတ်သန်းနေကျ ပုံမှန်ဘ၀၊နေ့စဉ်ဘ၀ထဲကထွက်ပြီး
အသစ်အဆန်းတွေ အတွေ့ကြုံသစ်တွေကြုံတွေ့ရတော့မှာဖြစ်ပါတယ်။
အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာမရှိပဲ လုပ်ရတာတွေရှိလာပါမယ်။
မိမိထင်ထားသလို၊ စီစဉ်ထားသလိုမဟုတ်ပဲဖြစ်လာမှာတွေရှိလာပါမယ်။
အဲ့အတွက် သည်းခံရပါမယ်။ လေယာဉ်စောင့်ရခြင်း၊ ကားစောင့်ရခြင်း၊ ရထားစောင့်ရခြင်းစသည့်တို့အပြင် ဒေသမတူပါက ဘာသာစကားနားလည်မှုအခက်အခဲ စသည့်အခက်အခဲတွေ သည်းခံရမှာဖြစ်ပါတယ်။
(၃) မေးမြန်းအကူအညီတောင်းတတ်အောင် သင်ပေးပါတယ်။ 😄
-----------------------------------------------------------------
သင်ဟာ ကိုယ့်ဒေသမဟုတ်တဲ့နေရာကိုရောက်နေပြီဆိုရင်
တစ်ခုခုသိချင်၊သွားချင်ရင် အကူအညီတောင်းရပါတော့မယ်။ လူတွေကိုစကားပြောဆို၊ အကူအညီတောင်းတတ်လာမယ်။
ခရီးသွားခြင်းဟာ သင်ဟာဘယ်တော့မှတစ်ယောက်တည်းအထီးကျန်မဟုတ်ဘူးဆိုတာ သင်ပေးပါလိမ့်မယ်။"ပါးစပ်ပါ ရွာရောက်" ဆိုတဲ့စကားအတိုင်းပါပဲ။ ဘယ်လောက်နည်းပညာတိုးတက်တဲ့ခေတ်ဖြစ်နေပါစေမိမိနေရာဒေသမဟုတ်ရင် သူတစ်ပါးကိုအကူအညီတောင်းရမှာတွေမလွဲမသွေကြုံရမှာဖြစ်ပါတယ်။
လူတွေဟာ တစ်ဦးကိုတစ်ဦးကူညီတတ်ပြီး လူအဖွဲ့အစည်းဆိုတာဘာလဲဆိုတာ နားလည်သဘောပေါက်လာစေပါတယ်။
(၄) အသိအမြင်၊ နယ်ပယ် ကျယ်ပြန့်လာမယ်။😎
-------------------------------------------------
အကြောင်းအရာတစ်ခုခု၊ နေရာတစ်ခုခုအကြောင်းကို ကိုယ့်အတွေ့အကြုံတွေနဲ့ယှဉ်ပြီးပြောပြတတ်တဲ့လူတွေ သင်တွေ့ဖူးပါသလား?
ခရီးသွားခြင်းက သင့်ကိုအဲ့လိုဖြစ်အောင်သင်ပေးနိုင်ပါတယ်။ ခရီးသွားခြင်းက သင်ဖတ်တဲ့သတင်းစာတွေ၊ လူမှုကွန်ရက်ကဗဟုသုတတွေထက်
ကောင်းတဲ့ အသိအမြင်တွေပေးနိုင်ပါတယ်။
(၅) အစားအသောက်တွေအကြောင်းပိုသိလာမယ်။🤤
--------------------------------------------------------
ခရီးသွားခြင်းဖြင့် မတူညီတဲ့ဒေသများက အစားအသောက်တွေကို မြင်ဖူး၊စားဖူးလာပါမယ်။အစားအသောက်ဝါသနာပါတဲ့လူတွေဆို ရောက်ရာအရပ်ကအစားအသောက်တွေကို အစွမ်းကုန်လေ့လာနိုင်ပါတယ်။
(၆) နောက်ဆုံးတစ်ချက်အနေနဲ့ ခရီးသွားခြင်းဟာ သင့်ဘ၀အတွက်မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးပေးပါတယ်။😇
----------------------------------------------------------------------
သင်ခရီးသွားတဲ့နေရာက သင်နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေ သင်အမှတ်တရအနေနဲ့ ဓာတ်ပုံတွေများများရိုက်သင့်ပါတယ်။
နောင်တစ်ချိန် ဓာတ်ပုံတွေကသင့်ဘ၀ရဲ့ပြန်မရနိုင်တဲ့အမှတ်တရတွေ၊ သင့်ရဲ့ခရီးသွားမှတ်တမ်းတွေဖြစ်လာမှာဖြစ်ပါတယ်။

လင်းထက်မော်

05/07/2018

သွားချင်ကြလားအမျိုးတို့ 😮

မိုးဦးကလဲကျခါနီး ခရီးအသစ်လေးတွေ မစသေးခင် ဗဟုသုတလေးတွေ ရှယ်ပေးမယ်နော် 😉မွေးကင်းစ ကလေးငယ်များနှင့် လေယာဉ်စီးခြင်း =======...
29/05/2018

မိုးဦးကလဲကျခါနီး ခရီးအသစ်လေးတွေ မစသေးခင် ဗဟုသုတလေးတွေ ရှယ်ပေးမယ်နော် 😉
မွေးကင်းစ ကလေးငယ်များနှင့် လေယာဉ်စီးခြင်း
================================

လူကြီးမင်းတို့၏ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် ဗဟုသုတရရှိစေရန် ယခု Post လေးကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ Post လေးဖြစ်တာမို့ အချိန်မရလို့ မဖတ်ဖြစ်သေးရင်လည်း share ပြီးသိမ်းထားလိုက်ပါနော်။

များသောအားဖြင့် မွေးကင်းစကလေးငယ်တွေဟာ လေယာဉ်စီးခရီးသွားခြင်း ပြု
လုပ်နိုင်ကြပါတယ်... ဒါပေမယ့် အောက်ပါ အချက်အလက်တွေကို သိရှိထားသင့်ပါတယ်...

ကလေးငယ်၏ အသက်
-------------------------
တစ်ချို့ လေကြောင်းလိုင်းတွေက ၂ ရက်သားအရွယ် ကလေးငယ်ကို လိုက်ပါ ခွင့်ပြုကြပါတယ်... ဒါပေမယ့် တစ်ချို့ကလည်း ကလေးအသက် ၂ ပတ် ကျော်တဲ့အချိန်မှ စီးနင့်ခွင့်ပြုကြတာမျိုးလည်း ရှိပါတယ်... ဒါကြောင့် အကောင်းဆုံးက သင်စီးနင်း မယ့် လေကြောင်းလိုင်းကို ကြိုတင်မေးမြန်းပြီး လိုအပ်တာတွေကို ဆောင်ရွက်သင့် ပါတယ်... နောက်တစ်ခုက ကလေးအသက်ငယ်တဲ့အတွက် သူ့ရဲ့ ခုခံစနစ် (Immune System) က ဖွံ့ဖြိုးဆဲ ဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်... လူပေါင်းစုံနဲ့ အတူ ခရီးတစ်ခုကို အချိန်ကြာကြာ စီးနင်းခြင်းဟာ ကလေးငယ်အတွက် ရောဂါပိုးနဲ့ ထိတွေ့ဖို့ ထိုက်သင့်သလောက် အန္တရာယ်ရှိပါတယ်... ဒါကြောင့် တစ်ချို့ မလိုအပ်လှတဲ့ ခရီးစဉ်ဆိုရင်တော့ ကလေးအသက်အရမ်းနုငယ်စဉ် မသွားဘဲ ဆိုင်းငံ့ထားဖို့ သင့် ဆရာဝန်က တိုက်တွန်းနိုင်ပါတယ်...
ကလေးငယ်၏ နား
---------------------
လူကြီးတွေမှာလိုပဲ ကလေးငယ်တွေလည်း လေယာဉ်အတက်အဆင်းမှာ လေထု ဖိအားပြောင်းလဲခြင်းကို ခံစားရပြီး နားပိတ်၊ နားအူ၊ နားနာတာမျိုး ဖြစ်တတ်ပါတယ်... ဒါကြောင့် လေယာဉ်အတက်အဆင်းအချိန်တွေမှာ ကလေးငယ်ကို မိခင်နို့ (ဒါမှမဟုတ်) နို့ဗူးတိုက်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်... ဒါအပြင် ကလေးငယ်တွေ ဟာ ရေဓါတ်ခန်းခြောက်မှုဒဏ်ကို ပိုခံစားရနိုင်တဲ့အတွက် သာမာန်ထက် ပိုပြီး နို့တိုက်ပေးသင့်ပါတယ်...
ကလေးငယ်၏ အသက်ရှူ မှု
-------------------------------
လေယာဉ်ပေါ်က လေဖိအားဟာ မြေပြင်ပေါ်က လေဖိအားထက် လျော့နည်းပါတယ်... သာမာန် ကျန်းမာနေတဲ့ ကလေးငယ်တွေမှာ ဒီလို အောက်ဆီဂျင် အပြောင်းအလဲ ဟာ ပြဿ နာ ကြီးကြီးမားမား မရှိပေမယ့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရတဲ့ ကလေးငယ်တွေမှာတော့ လေယာဉ်ပေါ်မှာ အသက်ရှူ ဖို့ အောက်ဆီဂျင်ဗူး လိုအပ်တာမျိုး ရှိနိုင်ပါတယ်... ဒါအပြင် လမစေ့ဘဲ မွေးတဲ့ကလေးငယ်တွေ၊ အရင်က အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါကြီးကြီးမားမား ဖြစ်ဖူးတဲ့ ကလေးငယ်တွေ... ဒီလို ကလေးငယ်တွေကို ကလေးအထူးကု ဆရာဝန်တွေက ကလေးအသက် ၁ နှစ် ကျော်လောက်အထိ လေယာဉ်မစီးဖို့ တားမြစ်နိုင်ပါတယ်...
ကလေးငယ်အတွက် ထိုင်ခုံ
--------------------------------
လေကြောင်းလိုင်းတွေက ကလေးငယ်တွေကို မိဘရဲ့ ပေါင်ပေါ်မှာ လိုက်ပါစီးနင်း ခွင့် ပြုတတ်ကြပေမယ့် ပိုကောင်းတာကတော့ Safety Seat ခေါ် ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ ထိုင်ခုံကို အသုံးပြုသင့်ပါတယ်... ကားပေါ်မှာ ကလေးငယ်တွေ ထိုင်ဖို့ ပြုလုပ်ထားတဲ့ ထိုင်ခုံပုံစံပါပဲ... Federal Aviation Administration ခေါ် အဖွဲ့အစည်းကတော့ ဒီလို ထိုင်ခုံကို အသုံးပြုတာကို ပိုအားပေးပါတယ်...
အခြားသိမှတ်စရာများ
-------------------------
တစ်ချို့တွေက အလွယ်တကူဝယ်လို့ရတဲ့ over-the-counter ဆေးတွေထဲက ကလေး အိပ်ငိုက်စေတဲ့ ဆေးတွေကို တိုက်ပြီး လေယာဉ်ပေါ် ခေါ်တတ်ကြပါတယ်... ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုပြုလုပ်ခြင်းဟာ အကောင်းထက် အဆိုးဖက်ကို ဦးတည်သွားတတ်တာက များတယ်လို့ ဆိုပါတယ်... တကယ်လို့ ဒီလို ဆေးတိုက်ပြီး ခရီးသွားမှ ဖြစ်မယ်လို့ သင့်အနေနဲ့ ယူဆရင်လည်း ဆေးမတိုက်ခင် ဆရာဝန် နဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်...
ဒါအပြင် လေယာဉ်ပေါ်မှာ ကလေးအတွက် အဆင်ပြေအောင်၊ မငိုအောင် ကလေးစားစရာ၊ စားစရာ၊ ခြုံစောင် စသဖြင့် အစစ ပြင်ဆင်သွားသင့်ပါတယ်...
နောက်ဆုံးတစ်ခု သိမှတ်ရမှာကတော့ မိခင်တွေအတွက်ပါ... ခွဲစိတ်ပြီး မီးဖွားထားတဲ့ ကလေးမိခင်တွေအနေနဲ့ မီးဖွားပြီး ၆ ပတ်လောက် နေမှသာ လေယာဉ်စီး သင့်တယ်လို့ ဆိုပါတယ်... ဒါမှမဟုတ် အရေးကြီးရင်လည်း သင့်ကို မွေးဖွားပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သူခွင့်ပြုမှသာ လေယာဉ်စီးသင့်ပါတယ်...

Credit: 😎

လေယာဉ်စီးခြင်း နှင့် ပတ်သတ်သည့် ဗဟုသုတများ**********************************************ဤ Post လေးသည် လေယာဉ်စီးခြင်းနှင်...
10/05/2018

လေယာဉ်စီးခြင်း နှင့် ပတ်သတ်သည့် ဗဟုသုတများ

**********************************************
ဤ Post လေးသည် လေယာဉ်စီးခြင်းနှင့် ပတ်သတ်သည့် အထွေထွေဗဟုသုတ များကို ဖော်ပြပေးထားသောကြောင့် အချိန်မရွေး ဖတ်လို့ရအောင် Share ပြီးသိမ်းထားလိုက်ပါနော် ☺️☺️☺️

လေယာဉ်စီးရမှာ တွေးကြောက်နေသူက ကမ္ဘာတစ်ဝန်သန်းပေါင်း များစွာ ရှိသည်။
အချို့သော အကြောက်လွန်သူ များကား လေယာဉ်စီး ရမည့် အရေးကို တစ်သက်လုံး ရှောင်ကြဉ်ရမည့် အရေး အဖြစ်ပါ သတ်မှတ်ထားတတ် ကြသည်။
လေယာဉ် ပျက်ကျမှုတွေ ဘာကြောင့် ဖြစ်ရသည်ကအစ လေယာဉ်တွေမှာ လူတိုင်း အတွက် ဘာကြောင့် လေထီးတွေ တပ်မပေး ထားသည် အဆုံး လေယာဉ် စီးနင်းမှုနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းတွေက မဆုံးနိုင်အောင်ရှိ နေသည်။ လေယာဉ် စီးနင်းမှုနဲ့ ပတ်သက်ပြီး Daily Mail သတင်းစာ က British Airways လေကြောင်းလိုင်း၏ လေယာဉ်မှူး များ လေ့ကျင့် သင်တန်းပေးဌာန အကြီးအကဲ ကပ္ပတိန် ဒေ့ဗ်သောမတ်စ်နှင့် တွေ့ဆုံ မေးမြန်းထားသည် များကို တစ်ဆင့်ပြန်လည် ဖော်ပြပါမည်။

လေယာဉ်ပေါ်မှာ ဘယ်ခုံက အန္တရာယ် အကင်းဆုံးလဲ။
==================================
လေယာဉ်ပေါ်မှာ ရှိတဲ့ ခုံတိုင်းကို အခိုင်မာဆုံး၊ အန္တရာယ် အကင်းဆုံး ဖြစ်အောင် တစ်ပြေးညီ တိုင်းတာ ထည့်သွင်းထား ပါတယ်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ သို့သော် လေယာဉ်ပျက် ကျသည့် အခါမျိုး တွင်ကား အနည်းငယ် ကွာခြားချက် ရှိကြောင်း ၄င်းက ဆက်ပြောသည်။ ၂၀၁၂ ခုနှစ်က ဘိုးရင်း (၇၂၇) လေယာဉ်ပေါ်တွင် လူများ အတိုင်း အရိုးအဆစ် များပါ တစ် ပုံစံတည်း ပါဝင်အောင် ဖန်တီး ထားသည့် အရုပ်များ ထည့်သွင်းပြီး မက္ကဆီကိုနိုင်ငံ ဆိုနိုရန် သဲကန္တာ အတွင်းသို့ တကယ် ထိုးဆင်း ပျက်ကျစေ ခဲ့သည်။ လေယာဉ်ဦး ပိုင်း (၁၁) တန်းသည် ပထမတန်းနှင့် စီးပွားရေးတန်း ဖြစ်ပြီး ဈေးကြီးပေး ရသည့်တိုင် လေယာဉ် ပျက်ကျရာတွင်မူ လေယာဉ်သည် ဦးစိုက်ဆင်းသည့် အတွက် ရှေ့ပိုင်း ခုံတန်း များသည် အထိခိုက်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဦးစိုက်ဆင်းသော လေယာဉ် သည် မြေပြင်နှင့် ရိုက်မိသည့် ဒဏ်ကို ပထမတန်းမှ ခရီးသည် လူသားများ ခံနိုင်စရာ မရှိကြောင်း လေ့လာမှုများ အရ သိရသည်။ လေယာဉ် နောက်ပိုင်းခုံတန်း များတွင် ထိုင်သူ များသည်ကား မြေပြင်နှင့် တိုက်ရိုက် ဆောင့်သည့် ဒဏ်ကို ရံဖန်ရံခါတွင် လွတ်သွား တတ်ပြီး အသက်ရှင်တတ် ကြကြောင်းလည်း သိရသည်။
ခရီးသည်တင် လေယာဉ်တွေ ဘာကြောင့် ပေ (၃၆၀၀၀) မှာ ပျံသန်းတာလဲ။
============================================
ကပ္ပတိန် သောမတ်စ်၏ ပြောပြချက်အရ ထိုအမြင့်ပေ နေရာသည် လေထု ခုခံအား အနည်းဆုံး ဖြစ်သောကြောင့် လေယာဉ်များ အင်ဂျင် စွမ်းအား အနည်းဆုံးနှင့် ပျံသန်းနိုင် သဖြင့် ဆီစား အသက်သာဆုံး ဖြစ်ကြောင်း သိရသည်။ လေယာဉ်ဆီ ချွေတာနိုင်ရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာရောက် သလို၊ လေယာဉ် လက်မှတ်ခ တွေလည်း လျှော့ချပေးနိုင်တဲ့ အတွက် စီးနင်းသူတွေ အတွက်ပါ အကျိုး ရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။

လွန်ခဲ့သော (၁၀) နှစ် အနှစ် (၂၀) ကနဲ့ စာလျှင် လေကြောင်း ပျံသန်းမှုဟာ ပိုအန္တရာယ် ကင်းလာပြီလား။
===================================
Germanwings လေယာဉ် ပျက်ကျမှု၊ ပြီးခဲ့သည့်နှစ်က MH370 လေယာဉ် ပျောက်ဆုံးမှု၊ MH17 လေယာဉ် ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျမှု များကြောင့် လေယာဉ်စီးမည့်သူ များကြား စိုးရိမ် ထိတ်လန့်မှုများ ရှိမည် ဖြစ်သော်လည်း ယနေ့ လေကြောင်း လုပ်ငန်းသည် တစ်နှစ်ပြီး တစ်နှစ် ပို၍ ပို၍ အန္တရာယ်ကင်း လာသည် မှာတော့ ငြင်းစရာ မရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
၂၀၀၉ နောက်ပိုင်းမှာ လေယာဉ် ပျံသန်းမှု တစ်သန်းမှာမှ လေးကြိမ်အောက်သာ လေယာဉ် မတော်တဆမှု တစ်ခုခုနဲ့ ကြုံရသည် အထိ ကမ္ဘာ့  လေကြောင်း လုပ်ငန်းဟာ အန္တရာယ် ပိုကင်း ပိုစိတ်ချလာရတာ စာရင်းဇယားတွေ အရ ကောင်းကောင်း တွေ့ရပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။

လေယာဉ်စီးတာနဲ့ တစ်ခြား ယာဉ်တွေစီးတာ
ဘယ်ဟာ ပိုအန္တရာယ်ကင်းလဲ။
===========================
လေယာဉ်စီးတာ အများကြီး အများကြီးကို အန္တရာယ်ပိုကင်း ပါတယ်။ လေယာဉ် ကွင်းကို ကားစီးပြီး လာတဲ့ အချိန်က လေယာဉ်စီးချိန် ထက်တောင် အန္တရာယ်ဖြစ် နိုင်ခြေ ပိုများ ပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ နိုင်ငံတကာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့ အစည်းကြီး၏ စာရင်းများ အရ တစ်နှစ်လျှင် သန်းချီသော လေကြောင်း ပျံသန်းမှုများ တွင်မှ အနည်းငယ် မျှသော ပမာဏသည်သာ ထိခိုက် ပျက်စီးမှု ဖြစ်ပွားခြင်း ဖြစ်သည်။

လေယာဉ် ပျံတက်ချိန်နှင့် ဆင်းချိန် မည်သည်က အန္တရာယ်ပို များလဲ။
=====================
လေယာဉ် ပျံတက်ချိန်ရော ဆင်းသက်ချိန်ပါ နှစ်ခုလုံး အန္တရာယ် အများဆုံး အချိန်ချည်းပါပဲ။ ကျွမ်းကျင်မှု သိပ်ကို လိုပါတယ်။ ဒါကြောင့် လေယာဉ်မှူးတွေကို အဆင့်မြင့် Simulator တွေနဲ့ လေ့ကျင့်ပေး နိုင်ဖို့ လိုပါတယ် ဟု ကပ္ပတိန် သောမတ်စ် က ပြောသည်။ တည်နေရာ အနေအထား အရ ပြေးလမ်းနှင့် လေယာဉ်ကွင်း ၀န်းကျင်ကို စံချိန် ပြည့်မီအောင် လုပ်လို့ မဖြစ်သော လေယာဉ်ကွင်း များတွင် ပျံတက်ခြင်း၊ ဆင်းသက်ခြင်း အတွက် လည်း အထူးတလည် လေ့ကျင့်ကြ ရကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။

လေယာဉ် ပျံသန်းနေစဉ် အရေးပေါ် တံခါး ဖွင့်လို့ ရလား။
===================================
ပျံသန်းနေစဉ် လူအားဖြင့် အရေးပေါ် တံခါးကို လုံးဝ ဖွင့်လို့ မရနိုင်ပါဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ယနေ့ လေယာဉ် များ၏ တံခါးပေါက် များသည် အဆင့်မြင့် စနစ်ကို အသုံးပြုထား သဖြင့် ပျံသန်းနေစဉ် ဖွင့်ဖို့ မဖြစ်နိုင်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ပျံသန်း နေစဉ်တွင် တံခါးဘောင် အကွပ်သည် လေယာဉ် တံခါးခွင်ထက် ပိုကြီး သွားအောင် ဖန်တီးထား သဖြင့် လူအားဖြင့် အပြင်သို့ တွန်းဖွင့်ရန် လုံးဝ မဖွင့်နိုင်ကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
အပြင်နှင့် အတွင်း လေထု ဖိအားချင်း တွင်လည်း လေယာဉ် အတွင်းပိုင်းက ဖိအားသည် အပြင်ဘက်ကို နှစ်တန်မှ သုံးတန် ၀န်းကျင်လောက် ထိ ပိုသက်ရောက်နေသည် ဖြစ်သောကြောင့် အပြင်က လေထု ဖိအားကြောင့် တံခါးသည် အတွင်းသို့ ပွင့်လာစရာလည်း အကြောင်း မရှိကြောင်း သိရ သည်။

လေယာဉ်တွေမှာ ခရီးသည်တွေ အတွက်
ဘာကြောင့် လေထီး မပါတာလဲ။
=========================
လေယာဉ် မတော်တဆ တစ်ခုခုဖြစ်လျှင် လေယာဉ်ကို မည်သည့် နေရာမျိုးတွင် မဆို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ ဆင်းသက်ရန် လေယာဉ်မှူး များကို လေ့ကျင့်ပေး ထားကြောင်း၊ ထိုစနစ်သည် ခရီးသည်များ လေထီးဖြင့် ခုန်ချကြသည် ထက်ပို အန္တရာယ် ကင်းကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။

လေယာဉ် ဆင်းခါနီးလျှင် ပြတင်းလိုက်ကာများ
လိပ်တင် ရတာ ဘာကြောင့်လဲ။
============================
လေယာဉ်ထဲမှာ အချိန်ကြာမြင့်စွာ ထိုင်ရသော ခရီးသည်များ အနေဖြင့် လေယာဉ်ပြင် မထွက်ခင် အပြင်က အလင်းရောင်နှင့် ပြန်လည် အသားကျ သွားအောင် ထိုသို့ လုပ်ရခြင်း ဖြစ်ကြောင်း ကပ္ပတိန် သောမတ်စ် က ပြောသည်။ ထိုသို့ မဟုတ်ဘဲ လေယာဉ်ထဲကနေ ဗြုန်းစားကြီး အပြင်ထွက်လိုက်မည်ဆိုပါက လူ၏ ခန္ဓာစနစ်သည် အလင်း ချိန်ညှိမှု ပြဿနာ ဖြစ်ပွားမည် စိုးရိမ်ရ သောကြောင့် ဖြစ်ကြောင်း သိရသည်။

Credit:

    Are U Ready For Summer Vacation With Us 😎    ☺️
23/04/2018


Are U Ready For Summer Vacation With Us 😎
☺️

 #မင်းကွန်းပုထိုးတော်ကြီး အပေါ်စီးမှမြင်ကွင်းတချို့ 🙏🙏🙏
19/04/2018

#မင်းကွန်းပုထိုးတော်ကြီး
အပေါ်စီးမှမြင်ကွင်းတချို့ 🙏🙏🙏

  တို့   တို့ မှာ သူငယ်ချင်းတို့ဒီလိုမျိုးလေးတွေpost ရအောင်နော် 😉 📸
19/04/2018

တို့ တို့ မှာ သူငယ်ချင်းတို့
ဒီလိုမျိုးလေးတွေpost ရအောင်နော် 😉 📸

ကဲသူငယ်ချင်းတို့ရော် ဘယ်လို story လေးတွေရှိကျလဲ ပြောပြခဲ့ကျလေ 😉ခရီးစဉ်အသစ်လေးတွေကိုတော့ သင်္ကြန်ပီးမှပဲ အတန်ဆုံးနဲ့အလန်းဆံ...
01/04/2018

ကဲသူငယ်ချင်းတို့ရော်
ဘယ်လို story လေးတွေရှိကျလဲ ပြောပြခဲ့ကျလေ 😉
ခရီးစဉ်အသစ်လေးတွေကိုတော့ သင်္ကြန်ပီးမှပဲ အတန်ဆုံးနဲ့အလန်းဆုံးလေး အစီအစဉ်လေးတွေ လာမယ်နော်လို့ 😘

သူတို့လေးတွေ အဆင်ပြေပီးပျော်နေတာတွေ့တော့ စီစဉ်ပေးရကျိုးနပ်ပါတယ်လို့ ☺️  🏃‍♂️🏃‍♂️🏃‍♂️  😉
26/03/2018

သူတို့လေးတွေ အဆင်ပြေပီးပျော်နေတာတွေ့တော့ စီစဉ်ပေးရကျိုးနပ်ပါတယ်လို့ ☺️
🏃‍♂️🏃‍♂️🏃‍♂️
😉

16.3.2018  MK Distribution Co.,Ltd Account Dept မှ ဝန်ထမ်းများ အားလပ်ရက်ခရီးစဉ် ☺️လိုက်ပါအားပေးကျတဲ့ တယောက်ချင်းစီကို အထ...
22/03/2018

16.3.2018
MK Distribution Co.,Ltd Account Dept
မှ ဝန်ထမ်းများ အားလပ်ရက်ခရီးစဉ် ☺️
လိုက်ပါအားပေးကျတဲ့ တယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါကြောင်း ☺️☺️☺️

များကိုဈေးနှုန်းသက်သက်သာသာနဲ့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်လို့ 😉😉😉

Golden Lily Traveller မှ ရန်ကုန်-ဘားအံ ခရီးစဉ်လေးကို ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ ☺️☺️☺️❗️(16-Mar-2018) နှင့် (31-Mar-2018)...
13/03/2018

Golden Lily Traveller မှ ရန်ကုန်-ဘားအံ ခရီးစဉ်လေးကို ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ ☺️☺️☺️

❗️(16-Mar-2018) နှင့် (31-Mar-2018) ရက်များတွင် ထွက်ခွာပါမည် ❗️

ဘားအံနေ့ချင်းပြန် ခရီးစဉ်အတွက် စားရိတ်ငြိမ်း တစ်ဦး လျှင် ၃၈,၀၀ဝိ/- ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်

💰 Special Promotion အနေဖြင့် (၅) ဦးလိုက်ပါလျှင် (၁) ဦး အခမဲ့ လိုက်ပါခွင့်ရမှာ ဖြစ်ပါတယ် 💰

🚘 သွားရောက်မည့်နေရာများကတော့ 🚘

✅ ရေပူစမ်းတွင်ရေစိမ်ပြီး အပန်းဖြေနိုင်မည့် ဘုရင့်ညီဂူ

✅ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်းရိုးရာအမွေအနှစ်များကို လေ့လာဖူးမျှော်နိုင်မည့် ကော့ကသောင်ဂူ

✅ ဘုရားလောင်းဆဒ္ဒန်ဆင်မင်း မွေ့လျော်ခဲ့သည့် ဆဒ္ဒန်အိုင် ပတ်ဝန်းကျင်သဘာဝရှုခင်းများနှင့် များစွာတူညီနေသည့်အတွက် အစွဲပြုခေါ်သော ဆဒ္ဒန်ဂူ

✅ အေဒီ (၇) ရာစုကတည်းကတည်ရှိပြီး ရှေးဟောင်းနံရံကပ်ရုပ်ထုများ၊ ရှေးဟောင်းကဗျည်းမှတ်တမ်းများ၊ ရှေးဟောင်းလက်ရာများတို့ဖြင့် အတိပြီးသော ရှေးခေတ်လှိုဏ်ဂူဖြစ်သည့် ကော့ဂွန်းဂူ

✅ ပထမမြန်မာနိုင်ငံတော်ဖြစ်ခဲ့သော ပုဂံပြည်အား ထေရ၀ါရဗုဒ္ဓဘာသာ ပြန့်ပွားစေခဲ့သည့် ရှင်အရဟံ၏ ဆရာဗုဒ္ဓဥာဏရသေ့ ဈာန်အဘိညာဉ်ရရှိပြီး ဈာန်ဖြင့်ပျံသွားသည်ကို အစွဲပြု၍ ခေါ်သော ရသေ့ပျံဂူ

⚜️ သံလွင်မြစ်ကမ်းနံဘေးတွင်တည်ရှိပြီး ဘားအံမြို့သမိုင်းနှင့် ဆက်စပ်နေသော ရွှေယဉ်မျှော်စေတီ

⚜️ ဧက (၄၀) ကျော်ကျယ်ဝန်းသည့်ကန်ကြီး၏ အလယ်တွင် တည်ရှိသော ရှေးဟောင်း ကျောက်ကလပ်စေတီ

⛰ ပင်လယ်ရေမျက်နှာပြင်အထက် (၂၇၃၄)ပေမြင့်သော ဇွဲကပင်တောင်

💐 အရောင်အသွေးစုံလင်လှစွာသော ပန်းများဖြင့် ဓာတ်ပုံရိုက်နိုင်သော ချစ်သူမြိုင်ပန်းခြံ

💢 ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
🚌 33/45 Seaters Air-con Express
☕️ နံနက်စာ
🍽 နေ့လည်စာ
🍛 ညစာ
💧 ရေသန့်
🗝 သွားတိုက်ဆေး
🗝 သွားပွတ်တံ
🗝 စနိုးတာဝါ
🚨 Medical Box
🛶 ဆဒ္ဒန်ဂူတွင် လှေစီးခ
🚡 ဇွဲကပင်တောင်ခြေရှိ လုမ္မနီဥယျာဉ်တွင် Cable စီးခ
💁‍♀️ ခရီးစဉ်တစ်လျှောက်ဝန်ဆောင်မှုပေးမည့် Tour Leader
🎰 Lucky Draw အစီအစဉ်

💯❌ခရီးစဉ်တစ်လျှောက်တွင် မိမိကိုယ်ပိုင်အသုံးစရိတ်မှအပ အခြားမည်သည့် အဖိုးအခမျှ ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။

🌃 ရန်ကုန်မြို့မှ ည (၉) နာရီတွင် စတင်ထွက်ခွာပါမည်။

လူဦးရေ ကန့်သတ်ထားလို့ ခရီးစဉ်အား စိတ်ဝင်စားမှုရှိပါက ကြိုတင် Booking လုပ်ထားနိုင်ပါသည်။

🎫 အိမ်အရောက် လက်မှတ်ပို့ပေးမည့် ဝန်ဆောင်မှု (Free Delivery Service) လဲရှိတယ်နော် 🎫

--------------------
Golden Lily Traveller
အမှတ် (၂၂၅)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 964159088

11/03/2018

ငွေဆောင်ဌက်ကျွန်းတဲ့ ကဲ ဒီမှာသာကြည့်လိုက်နော်
ဘယ်လိုတွေတောင်လှလဲဆိုတာကို 😍
Adventure ချင်တဲ့သူငယ်ချင်းတွေ hello လိုက်နော်
HD လေးဖိကြည့်နော် သူငယ်ချင်းတို့ ☺️


Organized by

မကွေး မန်းရွှေစက်တော်ဘုရားဖူး မှတ်တမ်း 🙏🙏🙏အတူလိုက်ပါဖူးမျှော်တဲ့သူတွေအားလုံး ကျေးဇူးပါလို့ တခြားခရီးစဉ်လေးတွေကိုလဲ ပျော်ေ...
08/03/2018

မကွေး မန်းရွှေစက်တော်ဘုရားဖူး မှတ်တမ်း 🙏🙏🙏
အတူလိုက်ပါဖူးမျှော်တဲ့သူတွေအားလုံး ကျေးဇူးပါလို့
တခြားခရီးစဉ်လေးတွေကိုလဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူသွားမယ်ဆိုရင် hello လိုက်ပါနော် 🤙

မကွေးမြို့စွန် မြသလွန်ကိုအတူဖူးခဲ့တာတွေ ☺️ရွှေစက်တော်ကပုံလေးတွေကို caption လေးတွေနဲ့ မကြာခင်တင်ပေးမယ်နော် 😉😉😉
06/03/2018

မကွေးမြို့စွန် မြသလွန်ကိုအတူဖူးခဲ့တာတွေ ☺️
ရွှေစက်တော်ကပုံလေးတွေကို caption လေးတွေနဲ့ မကြာခင်တင်ပေးမယ်နော် 😉😉😉

ဟုတ်ရဲ့လား Traveller လေးတို့ 😱admin ကတော့ဟုတ်တယ် ☺️
28/02/2018

ဟုတ်ရဲ့လား Traveller လေးတို့ 😱
admin ကတော့ဟုတ်တယ် ☺️

ကဲခရီးစဉ်လေးကလဲနီးလာပီနော် 😉ပွဲတော်လေးအမှီရုံးပိတ်ရက်လေးဆိုတော့ အခုပဲ ထိုင်ခုံနေရာလေးတွေအတွက် hello လိုက်တော့နော်
22/02/2018

ကဲခရီးစဉ်လေးကလဲနီးလာပီနော် 😉
ပွဲတော်လေးအမှီရုံးပိတ်ရက်လေးဆိုတော့ အခုပဲ
ထိုင်ခုံနေရာလေးတွေအတွက် hello လိုက်တော့နော်

WoW အရမ်းကိုတန်တယ်နော် 😱😱😱လူ ၁၀ ယောက်နှင့်အထက်ဆိုလဲ ဒီထက်ပိုလျော့ပေးအုန်းမှာမို့ အခုပဲ Hello လိုက်ရအောင်လေ 😉😉😉
20/02/2018

WoW အရမ်းကိုတန်တယ်နော် 😱😱😱
လူ ၁၀ ယောက်နှင့်အထက်ဆိုလဲ ဒီထက်ပိုလျော့ပေးအုန်းမှာမို့ အခုပဲ Hello လိုက်ရအောင်လေ 😉😉😉

ဒီလိုလေးတွေရေးပီးပြောတော့ဘယ်လိုပျော်မှန်းမသိ 😘😘😘အစစအရာရာ အဆင်ပြေအောင် ဒီထက်ပိုကြိုးစားနေပါတယ်လို့ 😉😉😉Traveller လေးတွေအတွ...
20/02/2018

ဒီလိုလေးတွေရေးပီးပြောတော့ဘယ်လိုပျော်မှန်းမသိ 😘😘😘
အစစအရာရာ အဆင်ပြေအောင် ဒီထက်ပိုကြိုးစားနေပါတယ်လို့ 😉😉😉
Traveller လေးတွေအတွက် အမြဲတမ်း ကုန်ကျစရိတ်သက်သာပီး ပျော်ရွှင်ဖွယ်ခရီးစဉ်လေးတွေကို စီစဉ်ပေးသွားပါ့မယ်နော် 😍😍😍
🚗

ပြင်ဦးလွင်မှာရှိတဲ့ ၇ ဆင့်ရေပျံတောင်လေး 😱admin တို့သွားခဲ့တာ ၅ ဆင့်တော့ရောက်ခဲ့တယ် 😊Travellers လေးတွေဗဟုသုတရအောင်လို့ r...
19/02/2018

ပြင်ဦးလွင်မှာရှိတဲ့ ၇ ဆင့်ရေပျံတောင်လေး 😱
admin တို့သွားခဲ့တာ ၅ ဆင့်တော့ရောက်ခဲ့တယ် 😊
Travellers လေးတွေဗဟုသုတရအောင်လို့ review လေးသိသလောက်ကို များမကြာခင်တင်ပေးမယ်နော်
😉😉😉

ကဲသူငယ်ချင်းတို့ရေ တန်ခိုးကြီးဘုရားတွေဖူးဖို့ အခွင့်အရေးလေးလက်မလွှတ်လိုက်နဲ့နော် 🙏🙏🙏ထိုင်ခုံလေးတွေကဦးရာလူစနစ်ဆိုတော့ မြန...
17/02/2018

ကဲသူငယ်ချင်းတို့ရေ
တန်ခိုးကြီးဘုရားတွေဖူးဖို့ အခွင့်အရေးလေးလက်မလွှတ်လိုက်နဲ့နော် 🙏🙏🙏
ထိုင်ခုံလေးတွေကဦးရာလူစနစ်ဆိုတော့ မြန်မြန်ကြိုတင်ထားမှ စိတ်ချရမယ်နော်
အခုပဲ 09964159088 ကို hello လိုက်ရအောင်လေ 😉

3.2.2018      ဘားအံဂူငါးဂူနှင့်ဘုရားဖူးခရီးစဉ် 😙ပျော်စရာခရီးစဉ်လေးတွေကို ကိုယ်ချစ်ရတဲ့သူတွေနဲ့တူတူသွားရအောင်လေ 😍😍😍ခရီးစဥ...
13/02/2018

3.2.2018
ဘားအံဂူငါးဂူနှင့်ဘုရားဖူးခရီးစဉ် 😙
ပျော်စရာခရီးစဉ်လေးတွေကို ကိုယ်ချစ်ရတဲ့သူတွေနဲ့တူတူသွားရအောင်လေ 😍😍😍
ခရီးစဉ်လေးတွေ အသစ်ရှိတဲ့အတွက် အသေးစိတ်နှင့် အမြန်ဆုံးသိရှိရန် LiLy တို့ရဲ့ Page လေးကို Like and See First လုပ်ထားကျနော် သူငယ်ချင်းတို့ ☺️☺️☺️
contact ph:09964159088

🌼့မြတ်စွာဘုရားရဲ့ ခြေတော်ရာနှစ်ဆူဝင်ဖူးရင်း မန်းချောင်းမှာ ရေချိုးကြမယ် 🙏🙏🙏မင်္ဂလာပါ Travellers လေးတို့ရေ ❣️❣️❣️ဒီတစ်ခေါက်...
12/02/2018

🌼့မြတ်စွာဘုရားရဲ့ ခြေတော်ရာနှစ်ဆူဝင်ဖူးရင်း
မန်းချောင်းမှာ ရေချိုးကြမယ် 🙏🙏🙏

မင်္ဂလာပါ Travellers လေးတို့ရေ ❣️❣️❣️
ဒီတစ်ခေါက် Travellers လေးတို့နဲ့ အတူသွားဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့
ရွှေစက်တော် ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။
ရွှေစက်တော်ဆိုတာ တစ်နှစ်ပါတ်လုံး သွားချင်တဲ့ အချိန် သွားလို့မရနိုင်ဘူးနော်
သူရဲ့ ပွဲတော်ရာသီအချိန်ရောက်မှပဲ သွားလို့ရတာပါ ✅✅✅

ဒီခရီးစဉ်လေးကိုတော့ ချမ်းအေးတဲ့ မတ်လ အစ ပိတ်ရက် ၄ ရက်ဆက်တိုက်ပိတ်တဲ့ (၁)ရက်နေ့ည ရန်ကုန်ကနေ စတင်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။
လကုန်ရက်ဆိုတော့ လစာထုတ်ပြီးစအချိန်လေးဆိုတော့ Travellers လေးတွေ အတွက်လည်းပို အဆင်ပြေတာပေါ့နော် 😉😉😉

ခရီးစဉ်ကတော့ ၂ညအိပ် ၃ရက် ခရီးစဉ်လေးပါ 📌
တစ်ဦး ဘယ်လောက်ကျမလဲ မပူပါနဲ့
Travellers လေးတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ပို့ဆောင်ပေးမှာပါ 💸💸💸
တစ်ဦးမှ ၅သောင်းကျပ်ထဲပါ ခင်ဗျာ 😱😱😱
Wow တန်တာပေါ့။ ဟုတ်ပါတယ် ၅သောင်းတည်းပါပဲ။
ဒါ့အပြင် ၅ယောက်နှင့် အထက် သွားမယ်ဆိုလျှင်
တစ်ဦးကို ၄သောင်းခွဲ ကျပ်ပဲ ကျသင့်မှာပါ 😍

အိုကေ ခရီးစဉ်လေး အကြောင်း တစ်ချက်ပြောပြပါ့မယ် ☺️☺️😉
မတ်လ(၁)ရက်နေ့ည ရန်ကုန်ကနေ (၉) နာရီ စထွက်ပါ့မယ် ⏱⏱⏱

မတ်လ (၂)ရက်နေ့ မနက် မကွေးမြို့ကို ရောက်ရှိပါ့မယ်။
မကွေးကို ရောက်တာနဲ့ မကွေးမြသလွန်၊ စက္ကိန်းတဲ၊စန္ဒာကူးနံတော်ကျောင်းတော်ရာ၊ နဂါးပွက်တောင် စတဲ့ အထင်ကရ နေရာများကို လိုက်ပို့ပေးပါ့မယ် 🙏🙏🙏
ထိုမှ တစ်ဆင့် ရွှေစက်တော်ကို နေ့လည်ပိုင်းဝင်ပါမယ်။
ရွှေစက်တော်ကိုရောက်တာနဲ့ ခဏအနားယူ
အပန်းဖြေပြီး ရေကူးလို့ရပါတယ်။ 🏊‍♀️🏊‍♀️🏊‍♀️
ရွှေစက်တော်က အစားအသောက်တွေ များသောအားဖြင့်စားမကောင်းလို့ Travellers လေးတွေ အဆင်မပြေမှာစိုးတဲ့ အတွက်
ကျွန်တော်တို့ဘက်မှ သောကြာနေ့ ညနေစာ၊ စနေ နေ့လည်နှင့် ညနေစာတို့ကို တည်ခင်းဧည့်ခံ ကျွေးမွေးပါ့မယ် 😋😋😋

စနေ့နေ့ မနက်ပိုင်း အထက်စက်တော်ရာနှင့် အနီးအနားက အထင်ကရ နေရာများကို သွားရောက် လည်ပတ်ပါ့မယ်။
တနင်္ဂနွေ မနက် ရွှေစက်တော်မှ ပြန်လည် ထွက်ခွာပါမယ်။
အပြန်လမ်းတစ်လျှောက်မှာလည်း ပြည် ရွှေဘုံသာမုနိ၊ ရွှေဆံတော်၊ ရွှေမျက်မှန် ဘုရားတွေကိုပါ ဝင်ရောက်ဖူးမျှော်ပါ့မယ် ခင်ဗျာ 🙏🙏🙏
တနင်္ဂနွေနေ့ ညပိုင်း ရန်ကုန်ကို ပြန်လည် ရောက်ရှိပါ့မယ်။

အော်မေ့တော့ မလို့။ သူငယ်ချင်းတို့ အလှုအတန်းဝါသနာ ပါရင် လှုဖွယ် ပစ္စည်း၊ ပိုက်ဆံ အသစ် ကလေးတွေပါ ယူခဲ့ကြနော် 👌👌👌
မနက် ၄နာရီလောက်ဆို အာရုံချိန်မှာ သံဃာတော်တွေ စီတန်းပြီး အလှုခံကြတာ ရှိတယ်။
အနည်းဆုံး အပါး ၂၀၀ လောက်တော့ ရှိတယ်။
အရင်နှစ် Admin တို့သွားတုန်းက ငွေစက္ကူ အသစ် နှစ်အုပ် ယူသွားတာ လောက်တောင် မလောက်ဘူး။
တကယ်ကြည်နှူးဖို့ကောင်းမှာပါ 😍😍😍

ဝန်ဆောင်မှုများ 💯💯💯
📌 ၄၅ယောက်စီး အဆင့်မြင့် လေအိတ်ကား 🚌
📌သွားတိုက်တံ၊ ရေသန့်ဘူး၊ စနိုးတာဝါ 🎒
📌 ဆေးသေတ္တာ 💊💊💊
📌ရွှေစက်တော်တွင် စားသောက်ရန် ထမင်းသုံးနပ်
ထမင်းတစ်နပ်တွင် အသားဟင်းတစ်မျိုး၊ အရည်သောက်တစ်ပွဲ၊ ငါးပိရည် တို့စရာတို့ပါပါ့မယ်။ ထမင်းကတော့ အဝစားပါ ခင်ဗျာ 😇😇😇
အသားဟင်းကလည်း နည်းမှာမကြောက်ပါနဲ့။ ထမင်း ၃ပွဲလောက်ကို ဆွဲလို့ရပါတယ်။

မပါဝင်သော ဝန်ဆောင်မှုများ❗️❗️❗️
တည်းခိုခန်း 🚫
တည်းခိုခန်းက လူအရေအတွက်နဲ့မိမိတို့ စိတ်ကြိုက်သီးသန့်နေနိုင်ရန်အလို့ဌာ မပါဝင်ရခြင်းပါလို့။ အခန်းမရတော့မှာ ပူစရာမလိုပါဘူး။ အခန်းများအားလုံး ကြိုတင်ဘိုကင်လုပ်ထားပြီးသားပါလို့
တည်းခိုခန်းဈေးနှုန်းလေးတွေက တစ်ခန်းကို ရေစပ်နားမှာဆို ၃သောင်းပေးရပြီးတော့ လျှောက်လမ်းမှာဆို ၂သောင်းပါ။
တစ်ခန်းကို ၅ယောက်လောက်တော့ အိပ်လို့ရပါတယ်။

လမ်းခရီးတစ်လျှောက်စားသောက်စရိတ် မပါဝင်ပါခြင်းကလဲ တစ်ယောက်နဲ့ တစ်ယောက် စားပုံသောက်ပုံ မတူကြလို့ မထည့်ပေးတာပါ ☺️☺️☺️
မနက်စာကို တစ်ချို့က ကော်ဖီနဲ့ မုန့်ပဲ သောက်တယ်။
တစ်ချို့က ထမင်းကြော်စားကြတယ်။
Admin တွေ စီစဉ်ပေးလိုက်ရင် Travellers လေးတွေ အဆင်မပြေမှာစိုးလို့ပါနော်၊
အော်ဒါနဲ့ ထိုင်ခုံလေးတွေက ဦးရာလူစနစ်ဖြစ်တဲ့အတွက် အချိန်မနှောင်းပဲ ခုပဲ ဆက်သွယ်လိုက်ကျပါလားနော် ☺️☺️☺️

ဒါဆို ခရီးစဉ်အကြောင်း Travellers လေးတွေ သိသင့်သလောက် သိသွားပြီထင်ပါတယ် 😙
အသေးစိတ်သိချင်ရင် Chatbox (သို့) 09964159088 ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်လို့။

photo credit

ကဲသူငယ်ချင်းတို့ရေပိတ်ရက်ဘယ်တွေသွားနေကျလဲလို့ ☺️LiLy တို့ကတော့ ၃ လပိုင်းပိတ်ရက်ကို မြန်မာနိုင်ငံတွင်း တန်ခိုးကြီးတဲ့ ပွဲ...
11/02/2018

ကဲသူငယ်ချင်းတို့ရေ
ပိတ်ရက်ဘယ်တွေသွားနေကျလဲလို့ ☺️
LiLy တို့ကတော့ ၃ လပိုင်းပိတ်ရက်ကို မြန်မာနိုင်ငံတွင်း တန်ခိုးကြီးတဲ့ ပွဲတော်ရာသီလေးဖြစ်နေတဲ့
မန်းရွှေစက်တော်ကို ရွှေးချယ်ထားပါတယ်လို့ 😉
မကြာမီ အချိန်တွင်းမှာ ခရီးစဉ်လေးကို ဈေးနှုန်းသက်သာပီး ဝန်ဆောင်မှုအကြောင်းလေးတွေ အသေးစိတ်တင်ပေးသွားမှာပါလို့ မျှော်ကြအုန်းနော် 😘
photo credit ☺️

ကဲ ၃ ရက်တောင်ပိတ်မှာလေ ☺️ပိတ်ရက်မှာဘာလုပ်ကျမလဲသူငယ်ချင်းတို့ 😊ခရီးတွေမထွက်ချင်ဘူးလားလို့ 😄LiLy ကတော့ ပုံလေးထဲကဌက်ကလေးအတိ...
08/02/2018

ကဲ ၃ ရက်တောင်ပိတ်မှာလေ ☺️
ပိတ်ရက်မှာဘာလုပ်ကျမလဲသူငယ်ချင်းတို့ 😊
ခရီးတွေမထွက်ချင်ဘူးလားလို့ 😄
LiLy ကတော့ ပုံလေးထဲကဌက်ကလေးအတိုင်း ခရီးများအဆုံးထိပျံသန်းချင်တာ 😇
အဲ့လိုလွှင့်ချင်ရင်တော့ LiLy တို့ကို သတိရလိုက်နော် 😉
ခရီးစဉ်လေးတွေကိုလဲ မကြာမှီ အသိပေးသွားမှာပါလို့
ခရီးစဉ်လေးတွေကိုသိချင်ရင် staytuned 👌
🚌🚌🚌

Address

Baho Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09964159088

Website

Alerts

Be the first to know and let us send you an email when Golden LiLy Traveller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden LiLy Traveller:

Videos

Share

Nearby travel agencies


Other Yangon travel agencies

Show All