Hitachi Soe Electric and Machinery Co., Ltd.

Hitachi Soe Electric and Machinery Co., Ltd. Joint venture between Myanmar First Transformer Manufacturer, Soe Electric & Machinery Co., Ltd. and Hitachi Industrial Equipment System Co., Ltd.

Joint venture between "Myanmar's First Transformer Manufacturer, Soe Electric & Machinery Co., Ltd" and Hitachi Industrial Equipment System Co., Ltd.

🎉🎉Congratulations to our Chairman ၊🎉🎉♦️၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်၊ စနေနေ့၌ Novotel Yangon Max Hotelရှိ (ပြည်) ခန်းမတွ...
17/12/2024

🎉🎉Congratulations to our Chairman ၊🎉🎉

♦️၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်၊ စနေနေ့၌ Novotel Yangon Max Hotelရှိ (ပြည်) ခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ နဝမအကြိမ် (၂၀၂၅ -၂၀၂၇) သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့အသစ်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားတွင် Hitachi Soe Electric & Machinery Co., Ltd. ၏ ဥက္ကဌ ဖြစ်သူ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းသည် ဒုတိယဥက္ကဌ (၂) အဖြစ်ရွေးချယ်တင်မြောက်ခံရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း နှင့် ယခုထက်ပိုမို၍ တိုင်းပြည် နှင့် လူမျိုး အကျိုးပိုမိုတိုးတက်‌အောင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

♦️Hitachi Soe Electric & Machinery Co., Ltd. မှ Board of Directors နှင့်ဝန်ထမ်းများ။




♦️Our locations.
09/12/2024

♦️Our locations.




🎉🎉Happy birthday our CM Doctor Kyaw Min Htun🎉🎉♦️ယနေ့ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကိုယ်စိတ်နှစ်ပါးကျန်းမ...
27/11/2024

🎉🎉Happy birthday our CM Doctor Kyaw Min Htun🎉🎉
♦️ယနေ့ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာစွာဖြင့် အမျိုး, ဘာသာ, သာသနာ နှင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်🎉🎉🎉




♦️စိုးလျှပ်စစ်၏ ပုလဲရတုကျော်လွန်ခါစ တွင် မွေးဖွားပေးလိုက်သော Smart Titan Transformer - စိုးလျှပ်စစ် ၏ ဖခင်ကြီး ဦးစိုးတင်...
25/11/2024

♦️စိုးလျှပ်စစ်၏ ပုလဲရတုကျော်လွန်ခါစ တွင် မွေးဖွားပေးလိုက်သော Smart Titan Transformer
- စိုးလျှပ်စစ် ၏ ဖခင်ကြီး ဦးစိုးတင့်သည် နိုင်ငံတစ်ခု၏ အခြေခံအကျဆုံးနှင့် လိုအပ်ချက်အမြင့်မားဆုံး လျှပ်စစ်ကဏ္ဍတွင် Transformer ကို မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်သူအဖြစ်မှနေ၍ နိုင်ငံတော်အစိုးရ၏ လိုအပ်ချက်များ နှင့် အများပြည်သူအထိ အကျိုးကျေးဇူးကြီးမားစေသည့် အောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေရန် ဆောင်ရွှက်ခဲ့သူ ဖြစ်ပါသည်။
♦️ဖခင်ကြီး ဦးစိုးတင့်သည် “ ငါ သူတပါးကို ဘာလုပ်ပေးနိုင်မလဲ “ ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ နိုင်ငံနှင့် အများပြည်သူအကျိုးအတွက် ကြိုးစားဆောင်ရွှက်ခဲ့ပါသည်။
♦️အဆိုပါ ဆောင်ပုဒ်ကို သားဖြစ်သူ ဒေါက်တာ ကျော်မင်းထွန်း သည်လည်း ဆက်လက်ကျင့်သုံး၍ လျှပ်စစ်ကဏ္ဍ နှင့် အများပြည်သူအကျိုးကို ဆက်လက်ထိန်းသိမ်း ဆောင်ရွှက်လျှက်ရှိပြီး စိုးလျှပ်စစ် သည် နှစ်ပေါင်း ( ၃၀ )၊ ပုလဲ ရတု အထိတိုင် ခရီးလမ်းနှင့် သမိုင်းကောင်း ဖြစ်ထွန်းစေခဲ့ပါသည်။
♦️ပုလဲ ရတု ကျော်လွန်ခါစ အချိန်အခါတွင် ဥက္ကဋ္ဌ ဒေါက်တာကျော်မင်းထွန်း ဦးဆောင်သည့် မြန်မာ အင်ဂျင်နီယာများနှင့်သာ တီထွင်သော Transformer နည်းပညာသစ်တစ်ခုကို အောင်မြင်ခဲ့ပါသည်၊
♦️သဘာဝဘေးအန္တရာယ်သည် မျက်မှောက်ကာလတွင် လူ့အဖွဲ့အစည်း၏ အရေးကြီးဆုံးသော စိန်ခေါ်မှုတွင် ပါဝင်လာပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရာဒေသများတွင် ရေကြီး၊ ရေနစ်မြုပ်မှုကြောင့် လျှပ်စစ် ဓာတ်အားများ ဆုံးရှုံးခြင်း၊ Transformers များ ဆုံးရှုံးခြင်းကြောင့် နောက်ဆက်တွဲ အခက်အခဲများသည် များစွာ ရင်ဆိုင် ကြုံတွေ့ရပါသည်၊
♦️ ထိုသည်ကို အဖြေရှာနိုင်ရန်အတွက် ဒေါက်တာကျော်မင်းထွန်း၏ စိတ်ကူးကို အကောင်အထည်ဖော် တီထွင်သော နည်းပညာမြင့် (Cutting Edge Technology) ထုတ်ကုန်အသစ်သည် Smart Titan Transformer ဟု အမည်တွင် လျှက် အောင်မြင်မှုတစ်ခု ကို စိုးလျှပ်စစ် က မွေးဖွားပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
♦️စိုးလျှပ်စစ် နှင့် HISEM Company ၏ ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ကျော်မင်းထွန်း ၏ ဦးဆောင်မှု နှင့် မြန်မာ အင်ဂျင်နီယာများ စွမ်းဆောင်သော အောင်မြင်မှုသည် မြန်မာ့လျှပ်စစ်လောကတွင် သမိုင်းမှတ်တိုင်သစ် စိုက်ထူပြီး နိုင်ငံ နှင့် လူမျိုး၏ အောင်မြင်မှုတစ်ခုအဖြစ် ခံယူလျှက် သတင်းဖော်ပြရပါသည်။

♦️Smart Titan Transformer သည်

(၁) ရေလွှမ်းမိုးနစ်မြုပ်လျှင်ပင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိခြင်း (Normal Operation Under Flooding Condition)

ရေကြီး၍ ရေလွှမ်းမိုးနစ်မြုပ်ချိန်တွင်ပင် Smart Titan Transformer ကို ဓာတ်အားပိတ်ရန် မလိုအပ်ပဲ ပုံမှန်အတိုင်း ဆက်လက်အသုံးပြုကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေနိုင်မည်ဖြစ်ပါသည်။

(၂) မြေနေရာ လျှော့ချနိုင်ခြင်း (Space saving)

မြေအောက်တွင်တပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့် မြေနေရာလွန်စွာတန်ဖိုးရှိသော မြို့ပြများအတွက် လွန်စွာအကျိုးကျေးဇူးများပါသည်။

(၃) သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း (Environmental protection)

မြေအောက်တွင်တပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊လေဘေး၊မီးဘေး အန္တရာယ်များကြောင့် Transformer ပျက်စီးကာ ဓာတ်အားပြတ်တောက်မှု မရှိသလို၊ Transformer ပျက်စီးမှုကြောင့်ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ်များမှလည်း ကာကွယ်နိုင်ပါသည်။

(၄) ပတ်ဝန်းကျင်ဆူညံသံများ ကို လျှော့ချပေးနိုင်ခြင်း (Reduced Noise Pollution)

အခြား Transformer များနှင့် မတူပဲ မြေအောက်တွင်တပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ဆူညံသံများ ကို လျှော့ချပေးနိုင်ကာ အေးချမ်းဆိတ်ငြိမ်သော နေထိုင်မှုဘဝကို ဖန်တီးပေးနိုင်မှာဖြစ်ပါသည်။

(၅) သဘာဝပတ်ဝန်းကျင်အလှအပကို မြှင့်တင်နိုင်ခြင်း (Improved aesthetic)

မြေအောက်တွင်တပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့် မြင်ကွင်းများကိုအနှောက်အယှက် ဖြစ်စေနိုင်ခြင်း တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်အလှတရားများကို ဟန့်တားခြင်းမှ ကင်းဝေးစေနိုင်ပါသည်။

(၆) ဘေးအန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ပေးခြင်း (Enhance safety)

မြေအောက်တွင်တပ်ဆင်အသုံးပြုနိုင်သည့် Transformer ဖြစ်ခြင်းကြောင့် လူနှင့် တိရိစ္ဆာန်များ မတော်တဆ ထိတွေ့မိခြင်းကို မြင့်မားစွာကာကွယ်နိုင်သောကြောင့် ဓာတ်လိုက်သေဆုံးမှုများကို လျှော့ချပေးနိုင်ပါသည်။

(၇) မီးဘေးအန္တရာယ် နှင့် Carbon Dioxide လျှော့ချပေးနိုင်ခြင်း (Fire Resistance and Carbon Dioxide Reduction)

Carbon dioxide ကိုစားသုံးကာ အစာချက်လုပ်သော အစိမ်းရောင်အပင်၏ ပဲစေ့ (Soybean)မှ ထုတ်လုပ်ထားပြီး အပူချိန်ခံနိုင်မှုမြင့်မားသည့် Natural Ester Oil ကိုအသုံးပြုထားခြင်းကြောင့် Smart Titan Transformer သည် မီးလောင်နိုင်မှုကိုများစွာ
လျှော့ချပေးနိုင်သည့်အပြင်၊ ကမ္ဘာကြီးတွင် မြင့်တက်လာနေသော Carbon dioxide emission ကိုပါ လျှော့ချပေးနိုင်ပါသည်။

♦️အဆိုပါနည်းပညာမြင့် ထုတ်ကုန်သစ် Smart Titan Transformer အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ အရာရှိကြီးများ နှင့် နည်းပညာရှင်များ ပူပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့သည် HISEM Company ၏ စက်ရုံသို့ 23.11.2024 ရက်နေ့တွင်လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး စစ်ဆေးမှုများအားလုံး အောင်မြင်ခဲ့ပြီဖြစ်ပါသည်။

♦️စိုးလျှပ်စစ် နှင့် HISEM Company ၏ ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ကျော်မင်းထွန်း နှင့် တကွ ပူးပေါင်းပါဝင်ပေးကြသူအားလုံးအား လှိုက်လဲစွာကျေးဇူးတင်ရှိပါကြောင်းပြောကြား ၊ဂုဏ်ပြု ၊တင်ပြ အပ်ပါသည်🙏🙏🙏




25/11/2024
♦️♦️HISEM Company ၏ ဥက္ကဌ ဒေါက်တာကျော်မင်းထွန်း ဦးဆောင် လမ်းညွှန်မှုဖြင့် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော  မြန်မာန...
23/11/2024

♦️♦️HISEM Company ၏ ဥက္ကဌ ဒေါက်တာကျော်မင်းထွန်း ဦးဆောင် လမ်းညွှန်မှုဖြင့် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံးထုတ်လုပ်သူအဖြစ် နည်းပညာမြင့် (Cutting Edge Technology) ထုတ်ကုန်သစ် Smart Titan Transformer အား 15.10.2024 ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်၊စမ်းသပ်၊အောင်မြင် ခဲ့ပါသည် ။
,♦️♦️အဆိုပါနည်းပညာမြင့် Transformer အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ အရာရှိကြီးများ နှင့် နည်းပညာရှင်များ ပူးပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့သည် HISEM Company ၏ စက်ရုံသို့ 23.11.2024 ရက်နေ့တွင်လာရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။ စစ်ဆေးမှုများအားလုံး အောင်မြင်ပြီး မြန်မာ့လျှပ်စစ်လောကတွင် သမိုင်းမှတ်တိုင်သစ်ဆိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။

♦️♦️ပူးပေါင်းပါဝင်ပေးကြသူအားလုံးအား လှိုက်လဲစွာကျေးဇူးတင်ရှိပါကြောင်းပြောကြား ၊ဂုဏ်ပြု ၊တင်ပြ အပ်ပါသည်🙏🙏🙏





🙏🙏🙏
15/11/2024

🙏🙏🙏

♦️♦️ISO QMS 9001:2015 & EMS 14001:2015 certificate renewal auditing အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ပါဝင်ကြသော members အား...
06/11/2024

♦️♦️ISO QMS 9001:2015 & EMS 14001:2015 certificate renewal auditing အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ပါဝင်ကြသော members အားလုံးကျေးဇူးတင်ပါသည်။♦️♦️




☎️☎️You can contact our hotline number☎️☎️
05/11/2024

☎️☎️You can contact our hotline number☎️☎️



🎉အားလုံးပဲ မဂ်လာပါခင်ဗျာ🎉ကျွန်တော်တို့ Hitachi Soe Electric and Machinery Co., ltd ရဲ့ နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်အထူးထ...
17/10/2024

🎉အားလုံးပဲ မဂ်လာပါခင်ဗျာ🎉

ကျွန်တော်တို့ Hitachi Soe Electric and Machinery Co., ltd ရဲ့ နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်အထူးထုတ်ကုန်ဖြစ်တဲ့ နည်းပညာအသစ် Transformer မှ လျှပ်စစ်ဓာတ်အားထုတ်ယူပြီး သီတင်းကျွတ်မီးထွန်းပူဇော်ပွဲ ကျင်းပပူဇော်ပါတယ်ခင်ဗျာ🙏🙏🙏

16/10/2024

🙏🙏🙏မင်္ဂလာပါ🙏🙏🙏



15/10/2024

🎉🎉🎉ကျွန်တော်တို့အောင်မြင်သွားပါပြီခင်ဗျာ🎉🎉🎉
👏👏👏We made it happen👏👏👏




🙏မင်္ဂလာပါ🙏🙏 လေးစားချစ်ခင်ရပါသော လူကြီးမင်းများရှင့်🙏♦️ဒီနေ့ အောက်တိုဘာလ (၁)ရက်နေ့ဟာဆိုရင်ဖြင့် ကျွန်မတို့ Hitachi Soe E...
30/09/2024

🙏မင်္ဂလာပါ🙏

🙏 လေးစားချစ်ခင်ရပါသော လူကြီးမင်းများရှင့်🙏

♦️ဒီနေ့ အောက်တိုဘာလ (၁)ရက်နေ့ဟာဆိုရင်ဖြင့် ကျွန်မတို့ Hitachi Soe Electric & Machinery Co.,Ltd (HISEM) ၏ (9)Years Joint Venture Anniversary Day ‌ဖြစ်ပါတယ်ရှင့်။

♦️Soe Electric & Machinery Co.,Ltd (SEM)ဖြင့် စတင်ခဲ့ချိန်မှစ၍ ယနေ့ Hitachi Soe Electric & Machinery Co.,Ltd (HISEM)အထိတိုင်အောင် ယုံကြည်စွာဖြင့်ဝယ်ယူအားပေးခဲ့‌ကြသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံးကို HISEMမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

& Machinery Co.,Ltd.


&Panel

🙏🙏🙏Hitachi Soe Electric and Machinery Co., Ltd.  ၏ BOD များနင့် ဝန်ထမ်းများမှ ရေဘေးသင့်ပြည်သူများအတွက် ကယ််ဆယ်ရေးနှင့်ပြ...
27/09/2024

🙏🙏🙏Hitachi Soe Electric and Machinery Co., Ltd. ၏ BOD များနင့် ဝန်ထမ်းများမှ ရေဘေးသင့်ပြည်သူများအတွက် ကယ််ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စိုးလျှပ်စစ်ဖေါင်ဒေးရှင်းသို့, မိမိတို့ကုမ္ပဏီ၏ CSR program အရလှူဒါန်းခဲ့ပါသည်။🙏🙏🙏




🎉Hitachi Soe Electric and Machinery Co., Ltd.  ဥက္ကဌ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း နှင့် ဇနီး ဒေါ်မျိုးမျိုး...
26/08/2024

🎉Hitachi Soe Electric and Machinery Co., Ltd. ဥက္ကဌ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း နှင့် ဇနီး ဒေါ်မျိုးမျိုးခိုင် တို့၏ သား ကိုသုခစိုး ရဲ့ မွေးနေ့မင်္ဂလာရက်မြတ်နေ့တွင် ဝန်ထမ်းများအား နေ့လည်စာဒံပေါက်ကျွေးမွေးခြင်း၊ ဆန်, ဆီအစရှိသည့်ပစ္စည်းများဝန်ထမ်းများအားလုံးသို့ပေးခြင်း စသည့်ကုသိုလ်ဒါနများပြုလုပ်ခဲ့ပါသည်🎉

🎉🎉မွေးနေ့ရှင် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🎉🎉

🎊🎉Happy Birthday🎉🎊



Address

Building. No (1), Aung Chan Thar Housing Estate, East Shwegonedine Road, Bahan Tsp
Yangon
11201

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00

Telephone

+951546100

Alerts

Be the first to know and let us send you an email when Hitachi Soe Electric and Machinery Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hitachi Soe Electric and Machinery Co., Ltd.:

Videos

Share