GO & GO Travels and Tours

GO & GO Travels and Tours We're very much obliged to inform you that we've been running inbound and outbound tourism since 2005 ka/1091 since 2005. Issue by Ministry of Hotel and Tourism.

Welcome to Go & Go Travels and Tours Co., Ltd

We're very much obliged to inform you that we have been running inbound and outbound tourism Certificate No. 360, Licensed No. We are giving service to clients both inbound tours and out bound tours. Our company is one of the prominent tours operators here in Myanmar and has maintained its good name by means of giving the best services to the clients

from overseas countries. We have well experience tourist guides and speaking the following languages. English/ Chinese/ French/ Spanish/ German/ Italian/ Thai/ Japanese. Go & Go Travels and Tours, formed about six years ago, has made a mark in the travel and tourism industry in the Myanmar with an undisputed reputation of high-end service, customer satisfactory travel and tour to Myanmar. Go & Go Travels is a registered as a travel and tour operating in the Myanmar and a travel agent for all leading tourist attraction sites, hotels in the Myanmar. We are pleased to present our company, Go & Go Travels and Tours, specializing in Myanmar Tour Operator and business travel management. Recognized for our experience in Designing & Tailoring Myanmar Tour Programs, we provide custom travel solution to fit & satisfy all requirements of traveler locally and globally. Finally Go & Go Travels and Tours Co.,Ltd is most reliable and efficient for the customers who like traveling smoothly in every aspect.


- Tourism
- Package Tour ( Inbound & Outbound )
- FIT Tour
- Honeymoon Tour
- Business Tour
- Incentive Tour
- Bike Tour
- Golf Tour
- Adventure & Treeking Tour

- Air Ticketing Service
- Limousine Service
- World Wide Hotel Reservation Service
- Language Guide Service
- Car Rental Service
- Departure Form Service
- Passport Service
- Visa Service


Tourism
Go and Go Travels & Tours Company Limited

January 2004 – Present in Myanmar

We, one of the experienced tourism companies in Myanmar, can fulfill your enjoyment for traveling in Myanmar. We are arranging inbound and outbound tours programs, private tours programs and group tours programs.

03/01/2025
💥Congratulation ပါ ညီမလေး👍တခြား Travel Agency တခုရဲ့ ဉရောပ ခရီးစဉ်အတွက် Schengen Visa လျှောက်ထားရာမှာ Visa Refuse လုပ်ခံ...
31/12/2024

💥Congratulation ပါ ညီမလေး👍
တခြား Travel Agency တခုရဲ့ ဉရောပ ခရီးစဉ်အတွက် Schengen Visa လျှောက်ထားရာမှာ Visa Refuse လုပ်ခံရပြီး၊ Europe ခရီးစဉ် မသွားရလို့ စိတ်ပျက်နေတဲ့ ညီမလေး 😢
မင်မင်တို့ GO & GO Travels ကို လာပြီး၊ မင်မင်တို့ရဲ့ 2 to GO Europe ခရီးစဉ်ကိုဝယ်ယူတဲ့အတွက် မင်မင်တို့က Schengen Visa ကို သေသေချာချာလေးလျှောက်ပေးခဲ့တာ ဒီနေ့ Visa ရသွားလို့ ပျော်နေတာ😃😍🥰😘
🤗မနက်ဖန် နှစ်သစ်စစခြင်းမှာ မင်မင်တို့ရဲ့ 2 to GO EUROPE Green Line ခရီးစဉ်ကို လည်ပတ်ဖို့ ထွက်ခွါပါတော့မယ်နော်🤝
😱ထူးထူးခြားခြား 🌟2024 ရဲ့ နောက်ဆုံးလ နောက်ဆုံးနေ့မှာ Visa ရပြီး ... 🌟2025 ရဲ့ ပထမဆုံးလ ပထမဆုံးနေ့မှာ 👉ဉရောပ ကို ထွက်ခွါမည့် ညီမလေး 🫰Happy Newyear & Have a nice trip 🌲🎄🎊

26/12/2024
25/12/2024

ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တာဝါသည် ဂျဒ်ဒါမြို့တွင် ပြီးစီးရန် လ ပေါင်း ၁၆ (သို့မဟုတ်) ၄၀ သာ လိုတော့သည်။

Jeddah Tower (ယခင် Kingdom Tower ဟုခေါ်သည်) သည် ဆော်ဒီအာရေဗျနိုင်ငံ Jeddah ရှိ မိုးမျှော်တိုက်တစ်ခုဖြစ်ပါတယ်။

ဆောက်လုပ်ပြီးစီးပါက ဒူဘိုင်းရှိ Burj Khalifa ကို ကျော်လွန်၍ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာမည်ဟု မျှော်မှန်းထားကြပါတယ်။

Jeddah Tower ၏ အဓိကအသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ချက်
• တည်နေရာ- ဂျဒ်ဒါ၊ ဆော်ဒီအာရေဗျ
• အမြင့်- 1 ကီလိုမီတာ (ခန့်မှန်းခြေအားဖြင့် 1,000 မီတာ သို့မဟုတ် 3,281 ပေ) အမြင့် မြင့်စေရန် ဖန်တီးထားသည်။
• အထပ်များ- အနည်းဆုံး အထပ် 167 ရှိရန် ခန့်မှန်းထားသည်။
• ရည်ရွယ်ချက်- လူနေအိမ်တိုက်ခန်းများ၊ ရုံးခန်းများ၊ ဇိမ်ခံဟိုတယ်များနှင့် ရှုခင်းကြည့်ကုန်းပတ်များ အပါအဝင် ရောနှောအသုံးပြုသည့် အဆောက်အအုံ။
• ဗိသုကာပညာရှင်- Adrian Smith မှ Adrian Smith + Gordon Gill Architecture (Smith သည် Burj Khalifa ၏ ဒီဇိုင်နာလည်းဖြစ်သည်)။
• တီထွင်သူ- ဆော်ဒီဘီလီယံနာမင်းသား Al-Waleed bin Talal ကျောထောက်နောက်ခံပြုထားသော Jeddah စီးပွားရေးကုမ္ပဏီ (JEC)။

ဆောက်လုပ်ရေးအခြေအနေ
• ဆောက်လုပ်ရေးလုပ်ငန်းကို 2013 ခုနှစ်တွင် စတင်ခဲ့သော်လည်း ငွေကြေးနှင့် အလုပ်သမားဆိုင်ရာ ပြဿနာများအပါအဝင် နှောင့်နှေးမှုအမျိုးမျိုးကြောင့် ဆောက်လုပ်မှု နောက်ကျခဲ့ပါတယ်။

တာဝါပေါ်ရှိ လုပ်ငန်းများကို 2018 ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး စီမံကိန်းကို မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည်ကို မသေချာသေးပါ။

အင်္ဂါရပ်များ
• Observation Deck- ကမ္ဘာပေါ်တွင် အမြင့်ဆုံးတစ်ခုဖြစ်လာရန် စီစဉ်ထားပါတယ်။

• ဖောင်ဒေးရှင်း- ပင်လယ်နီအနီးရှိ စိန်ခေါ်မှုရှိသော မြေဆီလွှာနှင့် ရာသီဥတုအခြေအနေများကို ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်ထားသည်။

• ရေရှည်တည်တံ့မှု- စွမ်းအင်သက်သာသောစနစ်များနှင့် အဆင့်မြင့် ဆောက်လုပ်ရေးပစ္စည်းများကဲ့သို့သော ဂေဟစနစ်သဟဇာတနည်းပညာများ ပေါင်းစပ်ပါဝင်ပါသည်။

အစရှိတာတွေ

Jeddah Tower သည် စီစဉ်ထားသော မြို့ပြဖွံ့ဖြိုးရေးပရောဂျက်တစ်ခုဖြစ်သည့် ပိုကြီးသော Jeddah Economic City ၏ အဓိကအချက်အချာဖြစ်ရန် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မျှော်စင်သည် ရေနံထက် ၎င်း၏စီးပွားရေးကို ကွဲပြားစေရန်နှင့် ခရီးသွားလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဆန်းသစ်တီထွင်မှုများအတွက် အချက်အချာကျသည့်အချက်အချာအဖြစ် တည်ထောင်ရန် ဆော်ဒီအာရေဗျ၏ ရည်မှန်းချက်ကို ကိုယ်စားပြုပါတယ်။







25/12/2024

ထိုင်ဝမ်နိုင်ငံ ဟာ သူ့ရဲ့နိုင်ငံသားတွေ နဲ့ နိုင်ငံခြားခရီးသွားအားလုံးကို Wi-Fi အခမဲ့ ဝန်ဆောင်မှုပေးထားတဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်ပါတယ် အဲ့ဒီဝန်ဆောင်မှုကိုတော့ "iTaiwan" လို့ အမည်ပေးထားပါတယ်

#ဗဟုသုတ

Merry X'mas 🎅🤶🧑‍🎄
25/12/2024

Merry X'mas 🎅🤶🧑‍🎄

21/12/2024

֍ နယူးယောက်မြို့ကြီးကတော့ အမေရိကန်ရဲ့အကြီးဆုံး ၊ စီးပွားရေးအတောင့်တင်းဆုံး ၊ ကမ္ဘာ့သြဇာအကြီးဆုံးမြို့ကြီးဖြစ်ပါတယ်။

֍ နယူးယောက်မြို့ကြီးဖြစ်လာမယ့်နေရာကို ပထမဆုံးရောက်ရှိခဲ့တဲ့ ဥရောပတိုက်သားကတော့ အီတလီနယ်မြေသစ်ရှာဖွေသူ Giovanni da Verrazzano ဖြစ်ပြီး သူဟာ အေဒီ ၁၅၂၄ ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

֍ ဒီနောက်မှာတော့ အခြားဥရောပတိုက်သားတွေလည်း ရောက်ရှိခဲ့ပေမယ့် စတင်အခြေချခဲ့သူတွေကတော့ ဒတ်ချ်တွေဖြစ်ပါတယ်။

֍ ဒတ်ချ်တွေဟာ ၁၆၂၄ မှာ ယနေ့ Manhattan ကျွန်းရဲ့တောင်ဘက်စွန်းမှာ စတင်အခြေချခဲ့ပြီး New Amsterdam ဆိုတဲ့အမည်ကိုပေးခဲ့တာဖြစ်ပါတယ်။

֍ အဲဒီတုန်းက မြောက်အမေရိကမှာ ဒတ်ချ်တွေရဲ့ ကိုလိုနီနယ်မြေဖြစ်တဲ့ New Netherland ရဲ့အစိတ်အပိုင်းအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

֍ ဒီနယ်မြေဟာ ၁၆၅၃ ခုနှစ်မှာမှ မြို့တမြို့အဆင့် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

֍ ၁၆၆၄ ခုနှစ်မှာတော့ ဒတ်ချ်တွေရဲ့လက်ထဲကနေ ဗြိတိသျှတို့လက်အောက်ကို ရောက်သွားခဲ့ပါတယ်။

֍ ဒုတိယချားလ်ဘုရင်အနေနဲ့ ဒီမြို့ကို သူ့ရဲ့ညီအစ်ကိုတော်စပ်သူ York မြို့စားကြီးကို အုပ်ချုပ်စေခဲ့ပါတယ်။

֍ ဒီမှာတင် New Amsterdam ကနေ New York ဆိုတဲ့အမည်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

֍ ၁၆၇၃ ခုနှစ် ဒတ်ချ်တို့လက်အောက် ယာယီရောက်သွားချိန်မှာတော့ မြို့အမည်ကို New Orange ဆိုတဲ့အမည်ကို ပြန်ပြောင်းခဲ့ပါသေးတယ်။

֍ နောက်တနှစ်အကြာ ၁၆၇၄ ခုနှစ်မှာတော့ New York အမည်ကိုပြန်ပြောင်းခဲ့ပြီး ယနေ့အချိန်အထိ ဒီအမည်နဲ့ ရှိနေတာဖြစ်ပါတယ်။

֍ နယူးယောက်မြို့ဟာ 1785 ကနေ 1790 မှာတော့ အမေရိကန်နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။

֍ အမေရိကန်ရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ George Washington ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ကိုလည်းဒီမြို့မှာပဲ လုပ်ခဲ့တာဖြစ်ပါတယ်။

Thuta City

18/12/2024
18/12/2024

֍ ဒီလိုဏ်ဂူရဲ့အမည်ကတော့ ဂျာမန်လို Eisriesenwelt ဖြစ်ပြီး အဓိပ္ပါယ်ကတော့ World of the Ice Giants ဖြစ်ပါတယ်။

֍ ထုံးကျောက်ဂူအမျိုးအစားဖြစ်သလို ရေခဲလိုဏ်ဂူလည်းဖြစ်တဲ့ သူ့ရဲ့တည်နေရာကတော့ သြစတြီးယားနိုင်ငံ Werfen မြို့အနီးမှာ ဖြစ်ပါတယ်။

֍ Hochkogel တောင် ရဲ့အတွင်းဘက်မှာ တည်ရှိနေတာဖြစ်ပြီး အပြင်ဘက်ကနေ ကြည့်ရင်တော့ ရေခဲဂူလို့ ထင်စရာ မရှိပါဘူး။

֍ ဒါပေမယ့် အတွင်းဘက်ကို ဝင်ရောက်သွားမယ်ဆိုရင်တော့ အမျိုးမျိုးသော ရေခဲပုံသဏ္ဍာန်တွေနဲ့ စိတ်ဝင်စားဖွယ် မြင်ကွင်းတွေကို မြင်ကြရမှာဖြစ်ပါတယ်။

֍ ဒီလိုဏ်ဂူရဲ့ စုစုပေါင်းအရှည်က ၄၂ ကီလိုမီတာ အထိရှိနေပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးရေခဲလိုဏ်ဂူ အဖြစ် သတ်မှတ်ခံထားရပါတယ်။

֍ နှစ်စဉ်ခရီးသွား ၂သိန်းခန့် လာရောက်လေ့ရှိပြီး ခရီးသွားတွေကိုတော့ ၁ကီလိုမီတာ အကွာအဝေးအထိသာ ဝင်ခွင့်ပြုထားပါတယ်။

Thuta City

17/12/2024

֍ ဒီမြို့ကလေးရဲ့အမည်က Tromsø ဖြစ်ပါတယ်။

֍ နော်ဝေနိုင်ငံမြောက်ဘက်အကျဆုံးဖြစ်တဲ့ Hålogaland ပြည်နယ်ထဲမှာ ပါဝင်နေတဲ့ ဒီမြို့ကလေးကို မြောက်ပိုင်းရဲ့ပါရီမြို့ ၊ အာတိတ်မြို့တော် စတဲ့အမည်တွေနဲ့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။

֍ လူဦးရေ ၈သောင်းခန့်သာ နေထိုင်တဲ့ဒီမြို့ကလေးဟာ စီးပွားရေးအလွန်ကောင်းမွန်ပြီး ငြိမ်းချမ်းစွာတိုးတက်လျက်ရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။

֍ ဒီမြို့ကလေးဟာ မြောက်ဥတ္တရအလင်းတန်းတွေနဲ့ ပတ်သက်လို့ ၂၀ ရာစုကတည်းက ကျော်ကြားလာခဲ့တဲ့မြို့ဖြစ်ပါတယ်။

֍ ကမ္ဘာပေါ်မှာ အလွန်လှပတဲ့ မြောက်ဥတ္တရအလင်းတန်းတွေကို အကောင်းမွန်ဆုံးမြင်နိုင်တွေ့နိုင်တဲ့ နေရာအနည်းငယ်အနက်က တခုလည်းဖြစ်ပါတယ်။

֍ နှစ်စဉ် သြဂုတ်လ နှောင်းပိုင်းကနေ ဧပြီလအတွင်းမှာတော့ မြို့ကလေးရဲ့ သန်းခေါင်ယံကောင်းကင်ပြင်မှာ ဥတ္တရအလင်းတန်းတွေ ထွက်ပေါ်လေ့ရှိပါတယ်။

Thuta City

17/12/2024

֍ ပြင်သစ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံးရဲတိုက်တွေထဲမှာ ရှန်းဘော့ဒ်ရဲတိုက်ကြီး Château de Chambord ကလည်း တခုအပါအဝင်ဖြစ်ပါတယ်။

֍ ဒီရဲတိုက်ကြီးကတော့ ပြင်သစ်နိုင်ငံ Centre-Val de Loire ဒေသမှာ တည်ရှိနေပြီး ပြင်သစ် ရီနေးဆန်းခေတ်ဗိသုကာလက်ရာတွေထဲမှာ အကောင်းဆုံးတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

֍ ပြင်သစ်ဘုရင် Francis I ရဲ့ အမိန့်နဲ့ အေဒီ ၁၅၄၇ မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၂၈နှစ် ကြာမြင့်ခဲ့ပါတယ်။

֍ အခန်းပေါင်း ၄၄၀ အထိပါဝင်နေတဲ့ ဒီရဲတိုက်ကြီးရဲ့ ဗိသုကာပညာရှင်ကတော့ အီတလီဗိသုကာအကျော်အမော် Domenico da Cortona ဖြစ်ပါတယ်။

֍ ရဲတိုက်ကြီးရဲ့အလယ်မှာတော့ နှစ်ထပ်ခရုပတ်လှေကားတခုရှိနေပြီး ဒီလှေကားကို ပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီက ဒီဇိုင်းဆွဲပေးခဲ့တာလို့ ခန့်မှန်းထားကြပါတယ်။

֍ Francis I ဟာ သူ့ရဲ့ကြွယ်ဝချမ်းသာမှု နဲ့ သြဇာကြီးမားမှုကို ပြသဖို့ ဒီရဲတိုက်ကြီးကို ခမ်းနားလွန်းတဲ့ အပြင်အဆင် ခြယ်သမှုတွေနဲ့ ပုံအောတည်ဆောက်စေခဲ့တာဖြစ်ပါတယ်။

֍ စိတ်မကောင်းစရာတခုကတော့ Francis အနေနဲ့ ဒီရဲတိုက်ကြီးမှာ ရက်သတ္တပတ်အနည်းငယ်သာ စံမြန်းခဲ့ရပြီး အဲဒီနှစ်မှာပဲ နတ်ရွာစံသွားခဲ့တာကြောင့် ဒီရဲတိုက်ကြီးဟာ နှစ်ပေါင်း ၁၀၀ နီးပါး နေထိုင်သူမဲ့ခဲ့ရာကနေ ယိုယွင်းခဲ့ပါတယ်။

֍ ၁၇ ရာစုမှာမှ ပြင်သစ်တော်ဝင်မျိုးနွယ်တွေက ပြန်လည်ထိန်းသိမ်းမွမ်းမံမှုတွေပြုလုပ်ခဲ့ပေမယ့် အမြဲတမ်းနေထိုင်လေ့တော့မရှိကြပဲ ခတ္တအပန်းဖြေရာ နေရာအဖြစ်သာ အသုံးပြုခဲ့ပါတယ်။

֍ ပြင်သစ်တော်လှန်ရေးကာလမှာ စွန့်ပစ်နေရာ ပြန်ဖြစ်သွားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလမှာတော့ လုဗ်ပြတိုက် Louvre Museum နဲ့ အခြားအထင်ကရနေရာတွေက အနုပညာပစ္စည်းများစွာကို ဒီရဲတိုက်ကြီးမှာ ထိန်းသိမ်းခဲ့ပါတယ်။

֍ ယနေ့အချိန်မှာတော့ ဒီရဲတိုက်ကြီးကို ပြတိုက်အဖြစ်ဖွင့်လှစ်ထားပြီး နှစ်စဉ်ခရီးသွား ၇သိန်းကျော် လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

Thuta City

17/12/2024
16/12/2024

၂၀၂၄ အကုန် ၂၀၂၅ အစမှာ သင်ပိုင်ဆိုင်ရမဲ့ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်မြေ နဲ့ ကိုယ်ပိုင်ကားတို့ပင် ဖြစ်သည်။ အိမ်ပိုင် မြေပိုင် ကားပိုင် ဖြစ်ပြီ။ အိမ််ပိုင် ကားပိုင် မြေပိုင်ရှင်ကြီးများသာ ရှယ်ပါလေ။

(ပွန်ရှေးကား နဲ့ အိမ်တစ်လုံး အသာယူ)

လင်းညှို့တာရာ

16/12/2024

နယ်သာလန်နိုင်ငံ နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ကြားက
နယ်နမိတ်ကို ပြထားတဲ့ မျဉ်းဖြစ်ပါတယ်

#ဗဟုသုတ

16/12/2024

֍ ဒီအရုပ်ကြီးတွေရဲ့အမည်ကတော့ Colossi of Memnon ဖြစ်ပါတယ်။

֍ အလွန်ကြီးမားတဲ့ ရှေးဟောင်းကျောက်ရုပ်တုကြီး နှစ်ခုဖြစ်ပြီး အီဂျစ်နိုင်ငံ Luxor နယ်မြေ အနောက်ပိုင်းမှာ တည်ရှိနေပါတယ်။

֍ ဒီအရုပ်ကြီးတွေ တည်ရှိလာခဲ့တာ ဘီစီ ၁၃၅၀ ကတည်းက ဖြစ်တာကြောင့် အခုဆိုရင် သူတို့ရဲ့သက်တမ်းက နှစ်ပေါင်း ၃၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

֍ အီဂျစ်ဖာရိုဘုရင် Amenhotep III ကို ရည်ညွှန်းတဲ့အနေနဲ့ ဖန်တီးခဲ့တဲ့ ဒီရုပ်တုကြီးတွေဟာ အမြင့် ၆၀ပေ စီ ရှိကြပါတယ်။

֍ ရောမခေတ်ကာလမှာ ထွင်းထုခဲ့တဲ့ ဂရိ နဲ့ လက်တင်စကားလုံး ၁၀၇ လုံးလည်း ဒီရုပ်တုကြီးတွေပေါ်မှာ ရှိနေပါတယ်။

֍ အဲဒီအချိန်ကတော့ ဒီရုပ်တုကြီးတွေကို သီချင်းဆိုတဲ့ရုပ်တုညီနောင် လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

֍ ဘီစီ ၂၇ မှာပြင်းထန်တဲ့ ငလျှင်လှုပ်ခတ်ခဲ့ရာကနေ ရုပ်တုကြီးတွေမှာလည်း အက်ကွဲကြောင်းတွေဖြစ်သွားခဲ့ပါတယ်။

֍ ဒီနောက်မှာတော့ အာရုဏ်တက်ပြီး နေထွက်ချိန်ရောက်တိုင်းမှာ ရုပ်တုတွေဆီကနေ လေချွန်သံလို အသံတွေထွက်ပေါ်လာလေ့ရှိတယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။

֍ နှစ်ပေါင်း ၂၀၀ လောက် ဒီအသံတွေ အမြဲလိုလိုထွက်ခဲ့ပေမယ့် အေဒီ ၁၉၉ မှာတော့ ဧကရာဇ် Septimius Severus က ရုပ်တုကြီးတွေကို ပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။

֍ အက်ကွဲကြောင်းတွေကို ဖာထေးပြီးတဲ့နောက်မှာတော့ ရုပ်တုကြီးတွေဆီကနေ မနက်တိုင်း အသံထွက်တဲ့ဖြစ်စဉ် ကွယ်ပျောက်သွားခဲ့ပါတယ်။

֍ ဒီရုပ်တုကြီးတွေဟာ ယနေ့အချိန်မှာတော့ အသံမထွက် တနည်းအားဖြင့် သီချင်းမဆိုနိုင်တော့ပါဘူး။

֍ ဒါပေမယ့် ခရီးသွားတွေအနေနဲ့ အချိန်ကာလရဲ့တိုက်စားမှုကို နှစ်ထောင်နဲ့ချီ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဒီရုပ်တုကြီးတွေဆီကို သွားရောက်ကြည့်ရှု့လေ့ရှိပါတယ်။

֍ ( အဲဒီအချိန်တုန်းက ဒီရုပ်တုတွေ ဘာကြောင့်အသံထွက်ခဲ့သလဲဆိုတာကို သိပ္ပံဘက်ကကြည့်ရင်တော့ အာရုဏ်တက်မှာ နေထွက်လာရာကနေ ကျောက်တုံးကို ပူနွေးသွားစေပြီး ရုပ်တုရဲ့ အက်ကွဲကြောင်း နဲ့ အပေါက်တွေထဲမှာရှိနေတဲ့ အစိုဓာတ်ဟာ အငွေ့ပျံသွားတယ် ၊ အဲဒီကနေ ကျောက်တုံးကို တုန်ခါစေပြီး အသံကို ထွက်ပေါ်လာစေတာ ဖြစ်တယ် လို့သိရပါတယ်။ )

Thuta City

16/12/2024

ပြင်သစ်နိုင်ငံက ကမ္ဘာကျော် Eiffel Tower ကို
သံချေးမတက်စေဖိုအတွက် 7 နှစ် ကို တစ်ကြိမ်
ဆေးတန်ချိန် 60 ခန့် သုတ်ပေးရပါတယ်

#ဗဟုသုတ

14/12/2024

Sinai သဲကန္တာရ 🐉 👁️ နဂါးခေါင်းတောင်နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်

ဆိုင်းနိုင်းကျွန်းဆွယ်သည် မြောက်ဘက်တွင် မြေထဲပင်လယ်နှင့် တောင်ဘက်တွင် ပင်လယ်နီကြားတွင် တည်ရှိပါသည်။ အာဖရိကနှင့် အာရှကို ချိတ်ဆက်ပေးသည့် ခြောက်သွေ့သောဒေသကို Sinai Desert ဟုခေါ်သည်။
ဧရိယာသည် ခန့်မှန်းခြေအားဖြင့် 61,000 စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီးတော့ ငါတို့မျက်စိမြင်နိုင်သလောက် ကန္တာရသည် ကြောက်မက်ဖွယ်အသွင်အပြင်ရှိသည်။ ထင်ရှားသော နဂါးခေါင်းတောင်မှသာလျှင် ကြီးပြင်းလာခြင်းဖြစ်ပါတယ်။ ဒါဟာ ခရီးသွားတွေရော အင်တာနက်သုံးစွဲသူတွေပါ အံ့သြသွားစေပါတယ်။ ၎င်းသည် သဘာဝတရား၏ အံ့ဩဖွယ် ဖြစ်တယ်လို့ ယူဆကြပါတယ်။

နဂါးခေါင်းတောင် Sinai Peninsula တောင်ပိုင်းတွင် တည်ရှိပြီး အီဂျစ် သဘာဝကို စွဲလန်းနှစ်သက်သော ခရီးသွားများအတွက် ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။
ဤထူးဆန်းသောပုံသဏ္ဍာန်ကြောင့် ၎င်းသည် ဒဏ္ဍာရီလာ နဂါးရုပ်ကြွင်းများဖြစ်ပြီး တောင်၏အကျော်ကြားဆုံးအင်္ဂါရပ်မှာ အနီရောင်တောက်နေသည့် တောင်ပေါ်ရှိ ဂူတစ်ခုဖြစ်ကြောင်း လူများက ယုံကြည်စေကြပါတယ်။အနီးကပ်စစ်ဆေးပြီးနောက် အလင်းအနီမှ ထုတ်လွှတ်သော လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လှိုဏ်ဂူအတွင်း မီးတောက်မီးလျှံများမှ တောက်ပနေသော အလင်းရောင်ကို ဖန်တီးထားသော်လည်း ကျောက်ဆောင်များနှင့် လှပသော 'မျက်လုံးများ' သည် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုဖြစ်ကြောင်း ငြင်း၍မရနိုင်မှ အမှန်ပင် ဖြစ်ပါသည်။




#နဂါး #တောင်

14/12/2024

ကမ္ဘာပေါ်တွင် အကြီးမားဆုံးလှိုင်းများ

Nazaré ကမ်းရိုးတန်းတွင်တည်ရှိသော Nazaréလှိုင်းများသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေလှိုင်းများအဖြစ် ကျော်ကြားပြီး 🇵🇹 ပေါ်တူဂီနိုင်ငံတွင် တည်ရှိပါတယ်
ဤဖြစ်စဉ်သည် လှိုင်းများ၏ အရွယ်အစားကို ချဲ့ထွင်ပေးသည့် ကီလိုမီတာ ၂၀၀ ရှည်လျားပြီး ၅ ကီလိုမီတာ နက်သော ရေအောက်ချောက်ကြီး Nazaré Canyon ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာတစ်ဝှမ်းမှ ရေလွှာလျှောစီးသူများသည် အမြင့် 20 မီတာထက်ကျော်လွန်နိုင်သော လှိုင်းများဖြစ်ပေါ်ရန် အခြေအနေများ ပိုမိုအားကောင်းလာသောအခါ၊ အထူးသဖြင့် ဆောင်းရာသီတွင် ဤဧရာမလှိုင်းကြီးကို စိန်ခေါ်ရန် Nazaré သို့လာရောက်ကြပါတယ်။ ဤနေရာသည် ကြီးမားသောလှိုင်းစီးခြင်း၏ဗဟိုချက်ဖြစ်လာပြီး သဘာဝတရား၏စွဲမက်ဖွယ်မြင်ကွင်းကို မြင်တွေ့လိုတဲ့ ကျွမ်းကျင်သော ပညာရှင်များနှင့်ခရီးသွားပြည်သူများကို ဆွဲဆောင်လျက်ရှိနေပါတယ်။




#ရေလှိုင်း #ပေါ်တူကီ


Address

No 68 A, Ngahtutgyi Pagoda Street, Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when GO & GO Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share