Silver Wings Travels & Tours

Silver Wings Travels & Tours Newly established Tour Operator based in Yangon. Like our page to get updates on air ticket promotions and tour programs.
(5)

13/02/2018

Good News!The Grand Nyaung Shwe Hotel have implemented auto response (chat bot) on their page! Now you can inquire/book/modify/cancel/contact/get directions etc. directly from their Facebook Messenger.
မင်္ဂလာပါ။ The Grand Nyaung Shwe Hotel ၏ page တွင် အလိုအလျောက် ပြန်လည်ဖြေကြားပေးသော ချက်ဘော့ (Chat Bot) တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဈေးနှုံန်းစုံစမ်း/ငှားရမ်း/ပြောင်းလဲ/ဖျက်သိမ်း/ဆက်သွယ်/ရှာဖွေ စသည်ကို Messengerမှ တိုက်ရိုက် အသုံးပြုနိုင်ပြီဖြစ်ပါသည်။
(Unicode သာ)

17/05/2017
17/05/2017
29/04/2017

အင်းလေးနဲ့တူတဲ့ ပုံးအင်း
______________ _______________________
နာမည်ကျော် အင်းလေးကို အားလုံးသိကြပေမယ့်
အင်းလေးနဲ့ အရမ်းတူတဲ့
ပုန်းအင်း ဆိုတဲ့နေရာလေးကိုတော့ သိသူနည်းပါးပါလိမ့်မယ်

… တစ်နှစ်မှာ ၆ လလောက် ရေပတ်လည်ဝိုင်းနေတယ် …

… အင်းလေးဒေသမှာလိုပဲ လှေကို ခြေနဲ့လှော်ကြတယ်..

… ခါးလောက်ရှိတဲ့ရေထဲမှာ စပါးတွေရိတ်သိမ်းကြတယ် …

… ရေထဲမှာ ၀ါးတန်းတွေထိုးပြီး စပါးတွေလှမ်းကြတယ် …

… ပြီးတော့ ဒီနေရာလေးကို ဒုတိယအင်းလေး…လို့လည်း ခေါ်ကြတဲ့ “ပုံးအင်းဒေသ” ဖြစ်ပါတယ်။

ပုံးအင်းဆိုတဲ့ဒေသလေးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့အကြား ဆီဆိုင်မြို့နယ်ထဲမှာ တည်ရှိနေတာပါ။ ကမ္ဘာကျော်အင်းလေးကန်နဲ့ဆိုရင် တောင်တစ်တောင်သာ ခြားပါတယ်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ကနေသွားရပြီး ဟိုပုံး ပြီးရင်နောင်မွန်ဆိုတဲ့မြို့ကိုရောက်ပါတယ် နောင်မွန်ကညောင်ရွေမြို့လို့ပဲစက်လှေဆိပ်မြို့လေးဖြစ်ပါတယ်။
နောင်မွန်ကနေစက်လှေစီးပြီး သိပ်မကြာခင်မှာ စပါးခင်းတွေနဲ့ ရေပေါ်မှာအိမ်တွေဆောက်တဲ့အင်းလေးနဲ့ထပ်တူပုန်းအင်းကိုရောက်ရှိမှာဖြစ်ပါတယ်

ဒီဒေသမှာ ဆန်စပါးစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပါတယ်။ လူတော်တော်များများသိကြတဲ့ နာမည်ကျော် နောင်မွန်ရှမ်းဆန်ဟာ ပုံးအင်းဒေသက ထွက်တာပါ။ ဒါပေမဲ့ လူတော်တော်များများ မသိသေးတာတစ်ခုကတော့ ပုံးအင်းဒေသဟာ ကုန်း ၆ လ ရေ ၆ လလို့ ပြောရတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုပါ။ ဇူလိုင်လကနေ ဒီဇင်ဘာလထိက ရေ ၆ လ… ဇန်န၀ါရီလကနေ ဇူလိုင်လဆန်းလောက်ထိက ဆိုင်ကယ်တွေ ကားတွေတောင် မောင်းလို့ရတဲ့ ကုန်း ၆ လပါ..။

ဒါကြောင့်မို့လည်း စပါးစိုက်ချိန်မှာ ရေရှားပြီး စပါးရိတ်ချိန်မှာ ရေတွေပြည့်လို့ နေပါတယ်။ ဒါပေမဲ့ မြန်မာလို ပုံးအင်း … ရှမ်းလို ထုင့်ပူင်းလို့ခေါ်တဲ့ ဒီဒေသဟာ တကယ့်ကိုလှပတဲ့ဒေသတစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒီဒေသလေးရဲ့ ပတ်ပတ်လည်မှာဆိုရင် တောင်တန်းတွေဝိုင်းရံ..နေပြီး တောင်တန်းတွေရဲ့အလယ်မှာဆိုရင်တော့ ရှမ်းတောင်တန်းတွေဆီက စီးဆင်းလာတဲ့ ကွေ့ကွေ့ကောက်ကောက် ချောင်းလေးတစ်ခု ရှိနေပါတယ်။ ဒီချောင်းကတော့ ပုန်းအင်းဒေသရဲ့ အသက်သွေးကြောလည်း ဖြစ်တဲ့ တံဘက်ချောင်းပါ။

အင်းလေးကန်အရှေ့ဘက်မှာရှိတဲ့ တောင်တန်းနဲ့ နမ့်ပွန်ချောင်းအရှေ့ဘက်က လွယ်မော တောင်တန်းကြားမှာ လယ်ယာလုပ်ကိုင်လို့ကောင်းတဲ့ လျှိုကြီးတစ်ခု ရှိပါတယ်။ ဒီလျှိုကြီးကို ရှမ်းဘာသာနဲ့ ပုန်းလို့ ခေါ်ပါတယ်။ ဒီလျှိုကြီးတလျှောက်ကို သုံးပိုင်းခွဲလိုက်တဲ့အခါမှာတော့ လျှိုကြီးစတင်ရာဦးခေါင်းပိုင်းဟာ ဟိုပုန်း၊ အလယ်ပိုင်းဟာ ထုင်းပူင်း၊ အမြီးပိုင်းဟာ ဟန်ပုန်းဖြစ်လာပါတော့တယ်။

မွေတော်က္ကူရောက်လို့ အရှေ့ဖက်စောင်းတန်းကနေကြည့်လိုက်ရင် လွင်ပြင်ကြီးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အလယ်ပိုင်းမှာရှိတဲ့ ပုံးအင်းပါ။ ဒီလွင်ပြင်ကြီးတစ်ခုလုံးကိုခြုံပြီး ပုံးအင်းလို့ခေါ်ပါတယ်။

ပုန်းအင်းမှာတော့ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီးတော့ ပုန်းအင်းကျေးရွာအုပ်စုထဲမှာဆိုရင် ကျေးရွာပေါင်း ၆၂ ရွာ ပါဝင်တယ်လို့ ဆိုပါတယ်။

ရေ ၆ လဖြစ်နေတဲ့အချိန်မှာဆိုရင်လည်း လှေလေးတစ်စီးနဲ့ အိမ်အလည်သွားကြ …

ကုန်း ၆ လအချိန်မှာလည်း လမ်းလျှောက်ရင်း အိမ်အလည်သွားကြနဲ့ပါ …

ပုံးအင်းဒေသဟာ ရှမ်းလူမျိုးတို့ရဲ့ ရှမ်းရိုးရာစပါးရိတ်သိမ်းတဲ့ပုံစံကို တွေ့ရမယ့် တစ်ခုတည်းသောနေရာပါ..။

ဒီနေရာမှာတော့ စပါးပင်တွေကို စက်နဲ့ရိတ်ဖို့ အဆင်မပြေပါဘူး။စပါးရိတ်ချိန်ဆိုရင် ရေထဲကို ကိုယ်တစ်ဝက်လောက်စိမ်နေပြီးမှ ရိတ်ရပါတယ်။ ဒီလိုပုံစံနဲ့ နေ့တစ်ဝက်လောက် ရိတ်သိမ်းကြ.. ထမင်းစားချိန်ရောက်ရင်တော့ လှေပေါ်မှာပဲ တက်စားကြ… ရှေးဘိုးဘွားတွေလက်ထက်ကတည်းက ဒီလိုနေထိုင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေက ရေထဲစပါးဆင်းရိတ်နေချိန်မှာ အမျိုးသမီးတွေကတော့ လှေတစ်စီးနဲ့ စပါးတွေဆယ်ပြီး ၀ါးတန်းတွေပေါ်မှာ လှန်းကြပါတယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ပဲ ဆိုဆို ရှမ်းအမျိုးသားနဲ့ အမျိုးသမီးတွေဟာ လယ်ယာလုပ်ငန်းခွင်မှာ ကိုယ့်တာဝန်ကိုယ်စီယူလို့ စုပေါင်းလုပ်ဆောင်ကြတဲ့ အလေ့အထလေးတစ်ခုပါပဲ။

စပါးနှံတွေ ရေမြှုပ်သွားရင် ဆုံးရှုံးမှုတွေရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့် ရေပိုမတက်လာခင် အပြိုင်ရိတ်သိမ်းကြရတယ်လို့ ဆိုပါတယ်။ မိုးကြီးပြီး ရေတက်များတဲ့ ဖြစ်ရပ်တွေကို ၃-၄ နှစ်တစ်ခါဆိုသလို ကြုံရတတ်ကြောင်းသိရပါတယ်။

ပြီးတော့ ရေပေါ်ပေါလောပေါ်နေတဲ့စပါးတွေကို ခြောက်သွားအောင်လို့ ၁၅ ရက်လောက် နေလှန်းကြရပါတယ်။ ဒီစပါးတွေ ခြောက်သွားရင်တော့ အိမ်ကို သယ်သွားကြပြီး စပါးခြွေကြရပြန်ပါတယ် …။ ဒီတော့ ရေရှားချိန်မှာ စပါးစိုက်ပျိုး … ရေများချိန်မှာ စပါးရိတ်သိမ်း … အခြောက်လှန်း … စပါးခြွေ … ဒါတွေကတော့ ပုံးအင်းဒေသရဲ့ နိစ္စဓူဝလုပ်ငန်းခွင်ပုံရိပ်တွေပါ ..။

ဒီနေရာလေးကို ရောက်ဖူးတဲ့သူတွေနဲ့ အငြင်းပွားစရာလေးတစ်ခု ရှိနိုင်တယ်ဆိုတာတော့ ကြိုပြောထားပါရစေ။ ရေခန်းနေတဲ့အချိန်မှာ ရောက်လာတဲ့သူတွေအတွက် ဒီနေရာလေးဟာ ဖုန်တထောင်းထောင်းနဲ့ ခြောက်ကပ်ကပ်နေရာလို့ မြင်ကြမှာဖြစ်သလို ရေတက်နေချိန်မှာ ရောက်လာတဲ့သူတွေကတော့ ဒီနေရာလေးဟာ လှေကို မရှိမဖြစ်သုံးရတဲ့နေရာ .. ကြည့်လေရာ ရေပတ်လည်ဝိုင်းလို့ .. အင်းလေးကန်လိုပဲလို့ မြင်ကြမယ့်နေရာလေးတစ်ခု ဖြစ်နေမှာပါ။

အင်းလေးနဲ့ ပုံစံတူရေပေါ်မှာအိမ်လေးတွေဆောက်ပီး
စိုက်ပျိုးရေးအဓိကလုပ်ကိုင်တဲ့ ပုန်းအင်းကို
အခွင့်အခါသင့်တဲ့တနေ့ သွားလည်သင့်တဲ့နေရာလေးတခုပါလို့ အသိပေးလိုက်ချင်ပါတယ်....

Ref: mizzima

- တောင်ကြီးမြို့နှင့်ရှမ်းတောင်ပိုင်း သဘာဝအလှများ အထင်ကရနေရာများ သမိုင်းများကို မျဝေပေးနေပါတယ်
jet

ပန်းကန်ကျွန်းကို လာလည်ပါ
27/04/2017

ပန်းကန်ကျွန်းကို လာလည်ပါ

ရန်ကုန် - မန်း အမြန်လမ်းပေါ်ရှိ ငလိုက်စခန်းသာဆင်စခန်းသို့လာရောက်လည်ပတ်ရန်ဖိတ်ခေါ်
26/04/2017

ရန်ကုန် - မန်း အမြန်လမ်းပေါ်ရှိ ငလိုက်စခန်းသာ
ဆင်စခန်းသို့လာရောက်လည်ပတ်ရန်ဖိတ်ခေါ်

Wishing you a Merry Christmas & a Joyful New Year!
22/12/2016

Wishing you a Merry Christmas & a Joyful New Year!

Silver Wings Travel and Tours မှ မသေခင် လည်ပတ်သင့်သော နေရာ ၁၀နေရာကို ရွှေးချယ်ပြီး တင်ပြပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ...
20/07/2016

Silver Wings Travel and Tours မှ မသေခင် လည်ပတ်သင့်သော နေရာ ၁၀နေရာကို ရွှေးချယ်ပြီး တင်ပြပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာတွေရဲ့အကြောင်းကို ဖတ်ဖူး သိဖူးမယ်လို့ ထင်ပါတယ်။ ကိုယ်သွားချင်တဲ့နေရာများနဲ့တော့ အနည်းနဲ့အများ ကွာခြားကြလိမ့်မယ်လို့ထင်ပါတယ်။ကိုယ်သွားချင်တဲ့နေရာတွေ ဘယ်နှခုပါမလဲ ဖတ်ကြည့်လိုက်ကြရအောင်။

၁။ Great Walls of China ခေါ် တရုတ်ပြည်မှ မဟာတံတိုင်းကြီး ။
ဒီနေရာကတော့ တရုတ်ပြည်ရှိ ကမ္ဘာအရှည်ဆုံး အဆောက်အဦးဖြစ်ပြီး ၆၃၅၀ ကီလိုမီတာရှည်လျားပါတယ်။ တံတိုင်းကြီးဟာ တဆက်တည်းမဟုတ်ပဲ တည်ဆောက်ချိန်နှင့် နည်းစနစ်တွေဟာလဲ ကွဲပြားပါတယ်။ တံတိုင်းကြီးရဲ့ သမိုင်းနှင့် သဘာဝအလှအပတို့ဟာ နှစ်စဉ် လည်ပတ်သူအမြောက်အများကို ဖိတ်ခေါ်နေပါတယ်။ မဟာတံတိုင်းကြီးကို လေ့လာဖို့ တိုးရစ်စင်တာတွေအများကြီးအနက်မှ Mutianyu နှင့် Jinshanling တို့ဟာ အကျော်ကြားဆုံးဖြစ်ပါတယ်။

၂။ Angkor Wat ခေါ် အန်ကောဝတ် ဘုရားကျောင်းတော်ကြီး။
ဒီနေရာကတော့ ကမ္ဘောဒီးယား နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး ဟိန္ဒူ / ဗုဒ္ဓဘာသာ ဘုရားရှိခိုးကျောင်းကြီးပဲဖြစ်ပါတယ်။ ဘုရားကျောင်းကြီးရဲ့ ပရဝုဏ်အကျယ်အဝန်းက ၄၀၂ ဧကခန့် ကျယ်ဝန်းပါတယ်။ ၁၂ရာစုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ကမ္ဘောဒီးယား၏ အကျော်ကြားဆုံးနှင့် အထင်ကရ အဖြစ်ဆုံး လည်ပတ်စရာနေရာလည်းဖြစ်ပါတယ်။

၃။ Maldives ခေါ် မော်လဒိုက်နိုင်ငံ။
မော်လဒိုက်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အနောက်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာအတွင်း တည်ရှိပြီး သန္တာကျောက်ကျွန်း ၂၆ကျွန်းဖြင့် ဖွဲ့စည်းထားပါတယ်။ မြို့တော်က မာလီမြို့ဖြစ်ပြီး နိုင်ငံသားအားလုံးနီးပါးဟာ အစ္စလမ်ဘာသာဝင်များ ဖြစ်ကြပါတယ်။ ဖြူဖွေးသော သဲသောင်များ၊ ပြာလဲ့ကြည်လင်နေသော ရေနှင့် ရေအိုင်များ၊ ကမ္ဘောဒီးယား၏ အကျော်ကြောင့် နှစ်စဉ် လာရောက်လည်ပတ်သူအများအပြားကို စွဲဆောင်လျက်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအလှတရားတွေက အချိန်သိပ်မကြာခင်မှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမြင့်တက်ပြီး ပျောက်ဆုံးပျက်စီးသွားတော့မယ်လို့ သိပ္ပံပညာရှင်တချို့က ဟောကိန်းထုတ်ထားပါတယ်။ အဲ့တာကြောင့် အချိန်ရှိခိုက် သွားလည်ပတ်သင့်ပါတယ်။

၎။ Pyramids of Giza ခေါ် ဂီဇာ ပိရမစ်များ။
အီဂျစ်နိုင်ငံမှာရှိတဲ့ ဂီဇာ ပိရစ်မစ်တွေဟာ ကမ္ဘာ့အံ့ဖွယ် ၇ပါးထဲမှ ၁ပါးအပါအဝင် ဖြစ်တဲ့အတွက် အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ငယ်ငယ်ထဲက မမ်မီတွေကို မပုတ်သိုးအောင် ဆေးစိမ်ပြီး ရွှေငွေကျောက်သံပတ္တမြားများဖြင့် သင်္ဂြိုဟ်ခဲ့ကြောင်း ကမ္ဘာ့သမိုင်းထဲမှာ သင်ခဲ့ရတော့ စိတ်ဝင်တစားဖြစ်ပြီး သွားချင်ခဲ့ပါတယ်။ အဲ့တာကြောင့် အားလုံးလဲ သွားချင်ကြလိမ့်မယ်လို့ထင်ပါတယ်။

၅။ The Great Barrier Reef ခေါ် ဂရိတ်ဘယ်ရီယာ ရိဖ်။
ဒီသန္တာကျောက်တန်းကြီးက ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းကြီးဖြစ်ပြီး သြစတျေးလျနိုင်ငံ၏ အရှေ့ဘက်စူးစူးမှာ တည်ရှိပါတယ်။ ရေအောက်ကမ္ဘာအလှအပများကို ရေငုတ်ရင်း လေ့လာကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ သို့သော်လဲ လွန်ခဲ့သော ၂၇နှစ်မှစပြီး ၅၀%သော သန္တာကျောက်တန်းများဟာ အရောင်ကျွတ် သေဆုံးနေကြပြီး ကျန်တဝက်သာကျန်းမာနေသေးပါတယ်။ ကမ္ဘာကြီး ဆက်တိုက်ပို၍ပူလာနေသောကြောင့် ကျန်ရှိသန္တာတွေဟာလဲ ဖြည်းဖြည်းချင်းသေဆုံးလာနေပါတယ်။ အဲ့ဒါကြောင့် အလှအပများ မပျက်ဆီးခင် သွားရောက်လည်ပတ်သင့်ပါတယ်။

၆။ Niagara Falls ခေါ် နိုင်အာဂရာ ရေတံခွန်။
နိုင်အာဂရာ ရေတံခွန်ဆိုပေမယ့် အဲ့ဒါက ရေတံခွန် တခုတည်းမဟုတ်ပါဘူး။ နိုင်အာဂရာမြစ်ပေါ်က Horseshoe Falls၊ American Falls, Bridal Veil Falls ဆိုတဲ့ ရေတံခွန် ၃ခုပေါင်းအားလုံးကို ခေါ်တာပါ။ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံ နှစ်နိုင်ငံအကြားမှာ ဖြတ်သန်းစီးဆင်းနေပြီး ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အလှအပဆုံးရေတံခွန် ဖြစ်ပါတယ်။ ရေတံခွန်ရဲ့ ပျမ်းမျှအမြင့်ပေဟာ ၅၁မီတာခန့်ရှိပါတယ်။

၇။ Venice ဗင်းနစ်ခေါ် ရေပေါ်မြို့။
အီတလီမှာရှိတဲ့ ဗင်းနစ်မြို့လေးဟာ Adriatic ပင်လယ်ထဲမှာ ရွှံနွံထူထပ်တဲ့ ကျွန်းစု၁၀၀ကျော်ပေါ်မှာ တည်ထားတဲ့မြို့လေးပဲ ဖြစ်ပါတယ်။ အိမ်တွေကိုရေပေါ်မှာဆောက်ထားသလို ဖြစ်တဲ့အတွက် ကားအစား လှေများ စက်လှေများဖြင့်သာသွားလာကြရပါတယ်။ ဥရောပ၏ အင်းလေးကဲ့သို့ ဖြစ်နေမှာပါပဲ။ ချစ်သူစုံတွဲများအတွက် အလွန်ပဲ စိတ်ကူးယဉ် အိပ်မက်ဆန်တဲ့ မြို့လေးပဲဖြစ်ပါတယ်။ ဗန်းနစ်ဟာ အီတလီမှာ ရှိတဲ့အတွက် အီတလီ အစားအစာများနဲ့ ယဉ်ကျေးမှုဓလေ့များကိုပါ တပါတည်း လေ့လာခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

၈။ Paris ခေါ် ပဲရစ်မြို့။
အချစ်မြို့တော် (city of love) လို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့မြို့လေးဟာ ပြင်သစ်နိုင်ငံက ပဲရစ်မြို့ပဲဖြစ်ပါတယ်။ ပဲရစ်မြို့ကို ဘာကြောင့်သွားလည်သင့်သလဲဆိုရင် ဒီမြို့ဟာ ကမ္ဘာအကောင်းဆုံး အစားအစာ၊ ဖက်ရှင်၊ ယဉ်ကျေးမှုအနုပညာများပေါင်းဆုံရာ ပေါင်းအိုးတစ်လုံးပါပဲ။ ကမ္ဘာကျော်ကြားတဲ့ အီဖဲလ်မျှော်စင်ဟာလဲ ဒီမြို့မှာရှိနေပါတယ်။ မြို့တော်မှာ ရှေးကျတဲ့ ရုပ်ထုများ၊ ဗိသုကာလက်ရာ အဆောက်အအုံများ၊ ပန်းချီနှင့် ပြတိုက်များကို လေ့လာနိုင်ပါတယ်။

၉။ Las Vegas ခေါ် လပ် ဗီးဂတ်စ်မြို့။
အမေရိကန်နိုင်ငံမှာရှိတဲ့ လပ် ဗီးဂတ်စ်မြို့ဟာ ကမ္ဘာပေါ်မှ လောင်းကစားမြို့တော်များအနက် အထင်ရှားအကျော်ကြားဆုံး လောင်းကစားမြို့တော်ဖြစ်ပါတယ်။ နာဗားဒါးပြည်နယ် မိုဂျာဗီသဲကန္တာရ ထဲမှာတည်ရှိပြီး ၂၄နာရီဖွင့်တဲ့ လောင်းကစားရုံများ၊ ဇာတ်ညွှန်းဖော် ဟိုတယ်များ၊ မဆုံးနိုင်တဲ့ ဖျော်ဖြေပွဲများဖြင့် လာရောက်သူများကို စွဲဆောင်နေပါတယ်။ အပျော်အပါးမက်သူတွေအတွက်ကတော့ လပ် ဗီးဂတ်စ်မြို့ဟာ မသွားမဖြစ်သွားဖူးသင့်တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

၁၀။ Machu Picchu Citadel ခေါ် မာခြူ ပီးခြူး ခံတပ်မြို့ဟောင်း။
နောက်ဆုံးအနေနဲ့ မာခြူ ပီးခြူးဟာ ပီရူးနိုင်ငံမှာတည်ရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ခံတပ်မြို့ဟောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာ ရှိခဲ့တဲ့ အင်ကာ အင်ပါယာကြီးက ပျက်သုံးသွားခဲ့တာ ရာစုနှစ် ၅ခုခန့်ရှိပါပြီ။ အင်ကာ ယဉ်ကျေးမှု အထွတ်အထိပ်ရောက်ချိန်က တည်ဆောက်ခဲ့တဲ့ ဒီမြို့ဟောင်းဟာ ပျောက်ဆုံးသွားပြီးမှ ပြန်လည်တွေ့ရှိခဲ့တာဟာလည်း ရာစုနှစ်တခုစာလောက် ရှိနေပါပြီ။ တချိန်က အမေ့ပျောက်ခံ ဒီမြို့ဟောင်းလေးဟာ ခုအချိန်မှာတော့ တနေ့လာရောက်လာပတ်သူ ၂၅၀၀ခန့်ဖြင့် ပြန်လည်စည်ကားလို့နေပါတယ်။ ပင်လည်ရေမျက်နှာပြင်အထက် အမြင့်ပေ ၈၀၀၀ခန့်မှာ တည်ရှိပြီး တောင်ထိပ်ပေါ်မှာ တည်ဆောက်ထားတာပါ။ တောင်ထိပ်ကိုရောက်ဖို့ တက်လမ်းဟာ အတော်လေးမောပန်းစေနိုင်သော်လည်း တောင်ထိပ်ကိုရောက်ပါက အမြဲတန်းစိမ်းလမ်းနေတဲ့ မြက်ခင်းစိမ်းများ မြူခိုးများဖြင့် ဝန်းရံနေတဲ့ ရှုခင်းများက အမောပြေအောင် စောင့်ကြိုနေပါလိမ့်မယ်။

အခုဆိုရင် မသေခင်သွားရောက်လည်ပတ်သင့်တဲ့ နေရာ၁၀နေရာကို ဖော်ပြပြီးသွားပါပြီ။ နောက်တခါ ဒီထက်ပို စိတ်ဝင်စားစရာနေရာများကို တင်ဆက်ပေးသွားပါမယ်။ ကျန်းမာချမ်းသာကြပါစေခင်ဗျား။

25/06/2016

အင်းလေးကန်သို့ အလည် တစ်ခေါက်...

29/10/2015
21/10/2015

Admin Staff တစ်ဦးအလိုရှိသည်။ (ရန်ကုန်မြို့တွင် ခန့်ထားရန်)

* Travel & Tour (သို့) Hotel Reservation အတွေ့အကြုံရှိသူဖြစ်ရမည်။

* English Four Skills ကောင်းရမည်။

* Computer ကျွမ်းကျင်စွာသုံးနိုင်ရမည်။

လျှောက်ထားလိုသူများသည် CV Form နှင့် Cover letter ကို မျှော်မှန်းလစာ
နှင့်တကွ [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

လိပ်စာ။ ။ Silver Wings Group of Companies
No(19,A), Kanbawza Avenue, Golden Hill 1 ward
Bahan Township, Yangon.
01-534940, 01-537081

Donation for Flood Victims received from our valued guest
13/10/2015

Donation for Flood Victims received from our valued guest

♥ Buffet Dinner at Magnificent Palace ♥===============================Open Daily : 6 PM - 9 PMShow Time : 6:30 PM - 8:30...
26/08/2015

♥ Buffet Dinner at Magnificent Palace ♥
===============================

Open Daily : 6 PM - 9 PM
Show Time : 6:30 PM - 8:30 PM

Price : 35,000 Ks

♥ Karaweik Palace 's Daung Lann meal set (Traditional Style) ♥
================================================

Open Daily - 11:00 am to 3:00 pm

Individual Set .... 9500 Kyats
Family set 4 pax .... 35000 Kyats

Kindly contact us to buy ticket for best price.

Silver Wings Travel & Tours Co.,Ltd
No.19A, Kanbawza Avenue, Bahan Township,
Yangon, Myanmar.
[email protected]
01-534940, 01-537081

ခမ်းနားလှပ သော ကရ၀ိက်နန်းတော်၏ မြန်မာဒေါင်းလန်း ထမင်းဝိုင်း ...နေ့စဉ်    .... ၁၁နာရီ မှ ၃နာရီတစ်ဦးလျှင် .... 9500 ကျပ်...
26/08/2015

ခမ်းနားလှပ သော ကရ၀ိက်နန်းတော်၏ မြန်မာဒေါင်းလန်း ထမင်းဝိုင်း ...

နေ့စဉ် .... ၁၁နာရီ မှ ၃နာရီ

တစ်ဦးလျှင် .... 9500 ကျပ်
မိသားစုဝိုင်း ၄ဦး .... 35000 ကျပ်

လတ်မှတ်များကို Silver Wings Travel & Tours Co.,Ltd တွင် ၀ယ်ယူအားပေးနိုင်ပါပြီရှင် ...

Magnificent Karaweik Palace 's Daung Lann meal set (Traditional Style)

Open Daily - 11:00 am to 3:00 pm

Individual Set .... 9500 Kyats
Family set for 4.... 35000 Kyats

Kindly contact us to buy ticket with this best price.

Silver Wings Travel & Tours Co.,Ltd
No.19A, Kanbawza Avenue, Bahan Township,
Yangon, Myanmar.
[email protected]
01-534940, 01-537081

05/08/2015

Good news from our hotel;
Today our valued guest " Lee Hui Hui " from Klang City, Malaysia donated USD 128 for Myanmar flood victims.
Thank you so much from Silver Wings Travel and Tours family and also from Myanmar people for your kindness.

29/07/2015

Thailand and Myanmar signed an agreement on Tuesday to allow citizens with ordinary passports to make visa-free visits of up to 14 days.

The agreement was signed by Foreign Minister Tanasak Patimapragornand his Myanmar counterpart Wunna Maung Lwin during the Thai-Myanmar Joint Commission meeting in the northern city.

It will take effect on Aug 11, a statement released after the meeting said, with no further details.

MAI ... Moonsoon Promotion ... !မင်္ဂလာပါ ကောင်းသောနေ့ ပါရှင် ...အပိုထပ်ဆောင်းခများပေးစရာမလိုဘဲ အသက်သာဆုံးလေယာဉ် လက်မှတ်စေ...
20/07/2015

MAI ... Moonsoon Promotion ... !

မင်္ဂလာပါ ကောင်းသောနေ့ ပါရှင် ...
အပိုထပ်ဆောင်းခများပေးစရာမလိုဘဲ အသက်သာဆုံးလေယာဉ် လက်မှတ်ဈေးတွေနဲ့ ခရီးသည်များအတွက် လုံခြုံစိတ်ချမှု့ အရှိဆုံးဝန်ဆောင်မှု့ အပြည့် ပေးနေတဲ့ MAI နဲ့ ခရီးသွားကြစို့ နော်

Call us .. 01-534940

Moonsoon Promotion ... Hurry! Call us .. 01-534940
18/06/2015

Moonsoon Promotion ... Hurry!
Call us .. 01-534940

03/06/2015

ရန်ကုန် ရုံးဖုန်း 01-534940 သည် ပျက်နေပါသဖြင့်
09-795902949, 09-970742476 သို့ ခေါ်ဆိုနိုင်ပါတယ်ရှင့် ...

Hurry! Call us .. 01-534940
22/12/2014

Hurry! Call us .. 01-534940

Merry Christmas and Happy New Year to you all ... :-D
22/12/2014

Merry Christmas and Happy New Year to you all ... :-D

Brief a bout Bungtla Waterfall in Chin State
27/11/2014

Brief a bout Bungtla Waterfall in Chin State

Golden Eagle ballooning launched hot air balloons operationNovember 22, 2014GOLDEN Express Tours based in Yangon launche...
27/11/2014

Golden Eagle ballooning launched hot air balloons operation

November 22, 2014

GOLDEN Express Tours based in Yangon launched hot air balloon operation named Golden Eagle Ballooning in Myanmar’s ancient city, Bagan from November 23.

27/11/2014

27th Nov 2014, (10:35am) Exchange Rate.

12/11/2014

Exchange Rates(Nov 12 2014)
UNIT BUY SELL
USD 1012 1023
EUR 1255 1273
SGD 782 793

These 3 currencies are the only ones exchanged by KBZ Bank in accordance with Central Banking regulations.

Address

99E 2/1, U Aung Kain Lane, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 05:30
Tuesday 09:00 - 05:30
Wednesday 09:00 - 05:30
Thursday 09:00 - 05:30
Friday 09:00 - 05:30
Saturday 09:00 - 12:00

Telephone

+95-1-501153

Alerts

Be the first to know and let us send you an email when Silver Wings Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silver Wings Travels & Tours:

Videos

Share