12/05/2023
𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐀𝐍𝐍𝐎𝐔𝐍𝐂𝐄𝐌𝐄𝐍𝐓
𝐅𝐥𝐢𝐠𝐡𝐭 𝐂𝐚𝐧𝐜𝐞𝐥𝐥𝐚𝐭𝐢𝐨𝐧 𝐃𝐮𝐞 𝐓𝐨 𝐂𝐲𝐜𝐥𝐨𝐧𝐞 𝐌𝐨𝐜𝐡𝐚
We regret to inform you that all flights to and from Sittwe, Thandwe, and Kyaukpyu will be canceled on 13 to 15 May 2023 due to the Cyclone Mocha.
We are closely monitoring the situation and will resume operations as soon as it is safe to do so. To accommodate affected passengers, we will provide them with alternative travel arrangements as per the following.
1. Free one time date change to the next available within 31 May 2023 based on seat availability
2. Full refund
* For bookings made through Travel Agents including Online Travel Agents (OTA), date change and refund requests are to be made via the respective Travel Agents accordingly.
The safety of our passengers and staff members is our top priority, and we apologize for any inconvenience caused by this situation.
We look forward to welcoming you back on board as soon as possible.
အရေးပေါ်အသိပေးကြေညာချက်
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခြင်း
ရခိုင်ပြည်နယ်အတွင်းသို့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်မည့်အခြေအနေများကြောင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူ (မှ/သို့) ခရီးစဉ်ပျံသန်းပြေးဆွဲမှုအားလုံးကို ယာယီဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်သည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး စိတ်ချလုံခြုံမှုရှိသည်နှင့် ခရီးစဉ်များကို ပြန်လည်ပျံသန်းပြေးဆွဲပေးသွားပါမည်။ အဆိုပါကာလအတွင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအနေဖြင့် အောက်တွင်ဖော်ပြထားသည့်ရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
၁။ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ခရီးစဉ်ပြန်လည်ပြေးဆွဲမည့်ရက်များသို့ ထိုင်ခုံနေရာရရှိမှုအပေါ်မူတည်၍ ရက်ပြောင်းလဲခြင်းကို တစ်ကြိမ်အခမဲ့ပြုလုပ်ပေးပါမည်။
၂။ ခရီးသည်လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသောတန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးပါမည်။
*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။
ခရီးသည်များနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုသည် မိမိတို့အတွက် အဓိကဦးစားပေးအရာဖြစ်ပြီး ယခုကဲ့သို့ ခရီးစဉ်ဖျက်သိမ်းရသည့် အခြေအနေကြောင့် ဖြစ်ပေါ်လာသည့်အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။
MAI နှင့် Air KBZ ခရီးစဉ်များတွင် အမြန်ဆုံးပြန်လည်ကြိုဆိုနှုတ်ဆက်ရန် စောင့်မျှော်လျက်ရှိပါသည်။