Nwe Ni Vlog

Nwe Ni Vlog Travel Around The World With Nwe!!!

  NyoNya food in Melaka
20/04/2024

NyoNya food in Melaka

14/04/2024

Purification in Taman Beji Griya Waterfall

14/04/2024

လေဆိပ်မှာ luggage ရွေးတဲ့အခါ တစ်ခါတစ်လေကျရင် Luggage တွေပျက်စီးနေတာ တွေ့ရတတ်ပါတယ်
အဲဒီအိတ်တွေထဲမှာ ကိုယ့် luggageပါရင် ဘယ်လို complain တက်လို့ရနိုင်လဲဆိုတာ ဒီpost မှာ ပြောပြပေးပါမယ်
လေဆိပ်မှာ အိတ်ရွေးကတည်းက luggage ပျက်စီးတာတွေ့ရင် အပန်းဖြေခရီးထွက်လာတာ အပန်းမပြေဘဲ ဒေါသတွေပဲ အလိပ်လောက် ထွက်ရပါတယ်
မနေ့က Admin ရန်ကုန်ကနေ မလေးသွားတဲ့ အချိန် luggage ပျက်စီးမှာ ကြောက်လို့ check in counter မှာ အိတ်အကုန်လုံးကို fragile ကပ်ခိုင်းပါတယ်
အဲလို fragile ကပ်ထားတဲ့အိတ်ကို ပစ္စည်းရွေးတဲ့ အချိန်မှာ အိတ်၂လုံးထဲက တစ်လုံးရဲ့ ဘီးတစ်လုံး ပြုတ်ထွက်နေတာ တွေ့ရပါတယ်
Fragileကပ်ထားတဲ့ အိတ်ကိုတောင် သေချာမသယ်ဘဲနဲ့ ကြမ်းကြမ်းရမ်းရမ်းကိုင်တွယ်ခဲ့လို့ ဒေါသအရမ်းထွက်ခဲ့ရပါတယ်
မလေးကနေ ဘာလီကို လေယာဥ်ပြောင်းစီးဖို့ စောင့်နေချိန်မှာ မလေးက porterတွေ အိတ်ကို သယ်ယူချိန်မှာ ကြမ်းကြမ်းရမ်းရမ်းပစ်တင်နေတာ တွေ့လို့ အရှေ့postမှာ video တင်ပေးခဲ့ပါတယ်
အိတ်ရွေးတဲ့အခါမှာ ကိုယ့်အိတ်ပျက်စီးနေတာတွေ့ရင် လေဆိပ်အပြင်ကို မထွက်ဘဲနဲ့ အိတ်ရဲ့ ပျက်စီးနေတဲ့ အနေအထားပေါ်လွင်အောင် ဓာတ်ပုံရိုက်ပါ(ရက်စွဲပါအောင် ထည့်ရိုက်ပါ)၊ အိတ်မှာ ရှိတဲ့ Bag Tag, Boarding Passကို ဓာတ်ပုံ ရိုက်ထားပါ
ပြီးရင် Lost & Damage Luggage Counter ကိုရှာပါ၊ ကိုယ်စီးလာတဲ့လေကြောင်းလိုင်းနာမည်ပြောပြီး အိတ်ပျက်စီးမှုအနေအထားပြပြီး reportတင်ပါ
Admin တုန်းက Counterက လူက report မတင်ပေးချင်ပါဘူး၊ သူတို့တာဝန်ယူရမှာ စိုးလို့ထင်ပါတယ်
သက်ဆိုင်ရာ လေဆိပ်က reportမတင်ပေးရင် airlineက actionမယူလို့ reportတင်ပေးဖို့ရအောင်ပြောပါ
သူတို့ reportတင်ပေးပြီးရင် စာရွက်တစ်ရွက်ထုတ်ပေးပါလိမ့်မယ်၊ သိမ်းထားပြီး airline က ဆက်သွယ်လာတဲ့ အချိန်စောင့်ရင် ရပါပြီ
Adminကတော့ မြန်မြန်ဆန်ဆန် reply လိုချင်လို့ reportတင်ပြီးတာနဲ့ airline ကို email ပို့ပြီး တာဝန်ယူပေးဖို့ ပြောပါတယ်၊ email ပို့တဲ့အခါ အိတ်ရဲ့ပျက်စီးနေတဲ့အနေအထားပေါ်အောင်ရိုက်ထားတဲ့ ဓာတ်ပုံ၊ boarding pass, bag tag, လေဆိပ်ကထုတ်ပေးတဲ့reportရယ်ကို ဓာတ်ပုံတွဲပို့ပါ
Adminကိုတော့ ၁နာရီအတွင်း replyပြန်ပါတယ်
အိတ်က ပြန်ပြင်လို့ရတဲ့ အနေအထားမို့လို့ မြန်မာပြည်ရောက်တဲ့အခါ သူတို့ ပြန်ပြင်ပေးမယ်ပြောပါတယ်
ခုနတုန်းက email တွဲပို့ထားတဲ့ စာရွက်စာတမ်းသိမ်းထားပြီး မြန်မာပြည်ပြန်တဲ့ အခါ lost & damage counter ကို သွားပြီး ပြောပါ၊ အိတ်ကို ပြင်ပြီး ကိုယ့်အိမ်ကို ပြန်လာပို့ပေးပါလိမ့်မယ်
သုံးမရအောင် ပျက်စီးသွားရင်တော့ အသစ်တစ်လုံး ပြန်လျော်ပေးမယ်ထင်ပါတယ်
အခုလည်း ပြုပြင်စရိတ် သက်သာသွားပါတယ်၊ အခုတစ်ကြိမ်အပါဆိုရင် admin ရဲ့ အိတ် ဘီးပြုတ်ထွက်တာ ဒုတိယအကြိမ်ပါ၊ အဲဒါကြောင့် procedure တွေ detail ပြောပြနိုင်တာပါ
အခုချိန်မှာ luggage တစ်လုံးရဲ့ အနိမ့်ဆုံးစျေးနှုန်းက ၁သိန်းအထက်မှာ ရှိပါတယ်၊ ခရီးတစ်ခါသွားတိုင်း luggage တစ်လုံးပျက်စီးမယ်ဆိုရင်တော့ luggage ဖိုးနဲ့ မွဲရပါလိမ့်မယ်
အဲဒါကြောင့်မို့ ကိုယ့် အိတ်ပျက်စီးသွားခဲ့ရင် ပြည်တွင်းလေကြောင်းလိုင်းဖြစ်ဖြစ်၊ နိုင်ငံခြားလေကြောင်းလိုင်းဖြစ်ဖြစ် ငြိမ်ခံမနေဘဲ complain ပြန်တက်ဖို့ တိုက်တွန်းပါရစေ
တချို့ နိုင်ငံခြားလေကြောင်းလိုင်းတွေက luggage insurance ရောင်းပါတယ်၊ luggage insurance ဝယ်ထားရင်တော့ အိတ်ပျောက်တဲ့အခါ luggage အပြင် luggage ထဲမှာပါတဲ့ ပစ္စည်းတွေ အတွက်ပါ ပြန်လျော်ပေးတယ်လို့ သိရပါတယ်
အဲဒီတော့ insurance စျေးမများရင်၊ သွားရမယ့်ခရီးလည်းဝေးရင် ဝယ်ထားဖို့အကြံပေးပါရစေ

13/04/2024

Worst Service of KLIA I
Luggage တွေကို အဲလို ပစ်တင်လို့ ပျက်စီးတာ

လေဆိပ်မှာ ဒုတိယအကြိမ်မြောက် luggage ဘီးကြိုးခြင်း အမှတ်တရ

နောက်post ကျရင် luggage ပျက်စီးရင် ဘယ်လို complain တက်လို့ရလဲ တင်ပေးပါမယ်

11/02/2024

Happy Chinese New Year to you all

10/02/2024

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ဒီနေ့ကတော့ မလေးတရုတ်တွေရဲ့ နှစ်ကူးအကြောင်း ပြောပြချင်ပါတယ်နှစ်ကူးမှာ မနက်ပိုင်းဆို တစ်မိသားစုလုံး汤圆 ထန်းယွမ်စားပြီး တမနက...
10/02/2024

ဒီနေ့ကတော့ မလေးတရုတ်တွေရဲ့ နှစ်ကူးအကြောင်း ပြောပြချင်ပါတယ်
နှစ်ကူးမှာ မနက်ပိုင်းဆို တစ်မိသားစုလုံး汤圆 ထန်းယွမ်စားပြီး တမနက်လုံး သက်သတ်လွတ် 斋စားရပါတယ်
汤圆 ထန်းယွမ် စားတဲ့ အဓိပ္ပာယ်ကတော့ တစ်အိမ်သားလုံးအမြဲတမ်း စည်းလုံးပြီး တစ်နှစ်ထက် တစ်နှစ် ပိုမိုကံကောင်းဖို့ ရည်ရွယ်ပါတယ်
斋သက်သတ်လွတ် စားရတဲ့ အဓိပ္ပာယ်ကတော့ ဘေးအန္တရာယ်တွေ ဝါးစားလိုက်ပြီဖြစ်လို့ တစ်နှစ်လုံး ဘေးကင်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ပါ
တရုတ်မှာ 斋 သက်သတ်လွတ် နဲ့ 灾 ဘေးအန္တရာယ် အသံထွက်တူပါတယ်
နှစ်ကူးမနက်ပိုင်းမှာဆိုရင် စီးပွားရေးလုပ်တဲ့ အိမ်တိုင်းနဲ့ ဘုံကျောင်းတွေမှာ 龙香နဂါးအမွှေးတိုင်ထွန်းညှိပူဇော်လေ့ရှိပါတယ်
财神လာဘ်ပေးတဲ့နတ်ကို နဂါးအမွှေးတိုင်ထွန်းပြီး မိမိတို့အိမ်ရဲ့စီးပွားရေးတိုးတက်စေဖို့ ခေါ်ဆိုတာဖြစ်ပါတယ်
နဂါးအမွှေးတိုင်ကို 2ပေကနေ 18ပေအထိ ထုတ်ကြပါတယ်
နဂါးအမွှေးတိုင်ကို ဘုံကျောင်းမသွားခင်ကတည်းက စထွန်းပါတယ်
ကိုယ်ထွန်းတဲ့ အမွှေးတိုင်အတို အရှည်ပေါ်မူတည်ပြီး နာရီပိုင်းကနေ 24နာရီ အထိ အထွန်းခံပါတယ်

09/02/2024
ဒီဆိုင်မှာ ထမင်းကို အုန်းနို့နဲ့ မဟုတ်ဘဲ အုန်းရည်နဲ့ ချက်ထားလို့ အရမ်းစားကောင်းတဲ့အပြင် အီလည်း မအီပါဘူးအုန်းထမင်းလည်းကြိ...
09/02/2024

ဒီဆိုင်မှာ ထမင်းကို အုန်းနို့နဲ့ မဟုတ်ဘဲ အုန်းရည်နဲ့ ချက်ထားလို့ အရမ်းစားကောင်းတဲ့အပြင် အီလည်း မအီပါဘူး
အုန်းထမင်းလည်းကြိုက်တယ်၊ အဆီအစိမ့်စားလို့ သွေးတိုးမှာ ကြောက်တယ်ဆိုရင် ဒီဆိုင်မှာ သွားစားကြည့်
အုန်းနို့ သုံးထားတာ မဟုတ်လို့ အဆီအဆိမ့်များမှာ စိတ်မပူနဲ့တော့
ဟင်းအနှစ်အမျိုးစုံရှိပြီးတော့ ကိုယ်ကြိုက်တဲ့ဟင်းအနှစ် ဘယ်နှစ်မျိုးဖြစ်ဖြစ် freeတောင်းလို့ရပါတယ်
ထမင်းကို ဟင်းအနှစ်နဲ့ စားစား၊ ဒီအတိုင်းစားစား အရသာရှိလွန်းလို့ adminကတော့ ကြိုက်မှ ကြိုက်ပဲ
Adminက ကြက်ကြော်ကြိုက်လို့ ကြက်ကြော်2တုံးနဲ့ စားပါတယ်
ကြက်သားက CPကြက်မဟုတ်ဘူးနော်
ဒီဆိုင်ကတော့ Kedahရဲ့ နာမည်အကြီးဆုံး Nasi Kandarဆိုင်ပါ
အခုက Chinese New Year မို့လို့ သိပ်မတန်းစီရပေမယ့် ပုံမှန်အချိန်ဆို လူတန်းအရှည်ကြီးတန်းစီရတယ်ပြောပါတယ်
ဈေးကလည်း အရမ်းသက်သာတော့ လမ်းကြုံရင် ဝင်စားကြည့်ဖို့ တိုက်တွန်းပါရနော်
Nasi Kandar with 2 fried chicken - 10.3RM
Ice Lemon Tea - 1.7RM

This Pocket Money is password protected! Enter (695468) to open the pocket money
09/02/2024

This Pocket Money is password protected! Enter (695468) to open the pocket money

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

08/02/2024

Berjaya Times Square Chinese New Year Theme

ခရီးတစ်ခုသွားရင် အရေးကြီးဆုံးက ဘာလို့ထင်လဲအ‌ဖြေကတော့ moneyပါ 😁😁😁အရေးကြီးဆုံးဖြစ်တဲ့ money ကို ဘယ်လိုချွေတာသုံးရမလဲဆိုတော...
26/01/2024

ခရီးတစ်ခုသွားရင် အရေးကြီးဆုံးက ဘာလို့ထင်လဲ

အ‌ဖြေကတော့ moneyပါ 😁😁😁
အရေးကြီးဆုံးဖြစ်တဲ့ money ကို ဘယ်လိုချွေတာသုံးရမလဲဆိုတော့ တတ်နိုင်သမျှ public transport ကို သုံးပါ
Public Transport သုံးတာက သူများနိုင်ငံရဲ့ အခြေခံလူနေမှုစနစ်ကို လေ့လာနိုင်ပြီးတော့ နည်းပညာအသစ်အဆန်းကိုလည်း မြင်ရတော့ အမြင်ပိုကျယ်စေပါတယ်
Bangkok public transport ကို Google map အသုံးပြုပြီးတော့ ဘယ်လိုသွားရလည်းဆိုတာ ကြည့်နိုင်သလို via bus app ကို download လုပ်ပြီးလည်း ကြည့်နိုင်ပါတယ်
အဲဒါတွေ ကြည့်ဖို့ဆိုရင် internet မဖြစ်မနေရှိဖို့လိုပါတယ်
ဒီနေ့မှာတော့ 7days ကိုမှ 49bahtပဲ ပေးရတယ့် sim card လေးအကြောင်းမျှဝေပေးလိုပါတယ်
ဒီ Post ကို ဖတ်ပြီးရင် လေဆိပ်က sim card လည်း မဝယ်နဲ့တော့၊ 299baht Sim cardတွေ 199baht sim card တွေ ‌လည်း ‌မဝယ်နဲ့တော့
49bahtပဲ သုံးပြီး ပိုတဲ့ ငွေကို မုန့်သာဝယ်စားပစ်
49baht sim card ဟာ 7GBကို 7ရက်အထိ 15Mps speed နဲ့ သုံးလို့ ရပါတယ်
7GBပြည့်သွားရင်လည်း 384kbpsနဲ့ ဆက်သုံးလို့ပါသေးတယ်
7ရက်ပြည့်သွားရင်တော့ 50baht top up လုပ်ပြီးတော့ 7ရက် သက်တမ်းဆက်တိုးလို့ ရပါတယ် သက်တမ်းတိုးလိုက်တာနဲ့ 7GBဆက်ရမှာပါ
ဖုန်းcall သုံးချင်ရင်တော့ ပိုက်ဆံထပ်ဖြည့်ရမှာပါ၊ ဒါပေမယ့် ဖုန်းcall က သုံးဖို့ မလိုဘူးလေနော်၊ social app နဲ့ ပဲ ခေါ်ရင် ရပြီလေ

ဘယ်မှာ ဝယ်မလဲ
***ဒီ sim card တွေက 7-eleven အတွက် သီးသန့်ထုတ်ပေးထားမို့လို 7-eleven က လွှဲရင် ဘယ်နေရာမှာမှ ဝယ်လို့ မရပါဘူး***
Dtac counterမှာရော၊ true counter မှာပါ မရောင်းပါဘူး၊ မရောင်းတဲ့ အပြင် ဒီ 49baht sim card ရှိမှန်းတောင် မသိကြပါဘူး
Sim card မှာလည်း မြန်မာလို‌ ရေးထားတော့ 7-Eleven က cashier က နားမလည်တော့ adminကို cashier က ဒီ sim card က internet သုံးလို့ မရဘူးလို့ ငြင်းသေးတာ၊ internet သုံးလို့ မရတဲ့ cardကို ဝယ်မှာ သေချာလားလို့မေးတာ
Admin သူငယ်ချင်းက ဒီ sim card ကို သုံးနေတော့ internet သေချာပေါက်ရတာ သိနေလို့ ရတယ် ဝယ်မယ်ဆိုပြီး ဝယ်လိုက်တာ
အဲဒါကြောင့် စိတ်ချလက်ချ သာဝယ်၊ cashier ဘာပြောပြော ဂရုမစိုက်နဲ့
ဒီ sim card က 49bahtပဲ ရှိလို့ ပစ္စည်းအရမ်းအကုန်မြန်ပါတယ်
7-Eleven ဆိုင်တိုင်းမှာ တွေ့ချင်မှ တွေ့ပါလိမ့်မယ်၊ pratunam areaမှာက tourist လည်းများ၊ 7-Elevenလည်း များတော့ တစ်ဆိုင်မဟုတ် တစ်ဆိုင်မှာ ရှိပါလိမ့်မယ်
Admin တောင် 3,4,5ဆိုင်လောက် ရှာပြီးတော့မှ တွေ့တာပါ
အဲဒါကြောင့် တစ်ဆိုင်မှာ မတွေ့ရင် နောက်တစ်ဆိုင်မှာ ကြိုးစားပြီး ရှာကြည့်ပါ ၊ တစ်ဆိုင်မဟုတ် တစ်ဆိုင်မှာ တွေ့ပါလိမ့်မယ်နော်

3 Instagram Places in Bangkok ပုံလေးနှိပ်ပြီး ဝင်ဖတ်ကြည့်ပေးပါ
17/01/2024

3 Instagram Places in Bangkok
ပုံလေးနှိပ်ပြီး ဝင်ဖတ်ကြည့်ပေးပါ




ဘန်ကောက်သွားပြီး ဘုရားဖူးမယ်ဘန်ကောက်ဆိုတာနဲ့ လူတိုင်းက မြဘုရားကို ပြေးမြင်ကြပါတယ်ဒီpostမှာ မြဘုရားအပြင် ဘယ်ဘုရားတွေက နာမ...
12/01/2024

ဘန်ကောက်သွားပြီး ဘုရားဖူးမယ်

ဘန်ကောက်ဆိုတာနဲ့ လူတိုင်းက မြဘုရားကို ပြေးမြင်ကြပါတယ်
ဒီpostမှာ မြဘုရားအပြင် ဘယ်ဘုရားတွေက နာမည်ကြီးလဲ၊ ဘယ်လိုသွားရင် လမ်းကြောသင့်လဲဆိုတာ ပြောပြသွားပါမယ်






မြဘုရားလက်မှတ်နဲ့ ဘယ်သွားမလဲ၊ ဘာတွေလုပ်မလဲဘန်ကောက်က မြဘုရား Wat Phra Kaew ကို လူတိုင်းသိကြမှာပါဒါပေမယ့် မြဘုရားဆိုတာနဲ့ ...
11/01/2024

မြဘုရားလက်မှတ်နဲ့ ဘယ်သွားမလဲ၊ ဘာတွေလုပ်မလဲ

ဘန်ကောက်က မြဘုရား Wat Phra Kaew ကို လူတိုင်းသိကြမှာပါ
ဒါပေမယ့် မြဘုရားဆိုတာနဲ့ မသွားချင်ဘူး၊ မြန်မာပြည်မှာ ဘုရားတွေ အလကားဖူးရတာ၊ သူက 500bahtတောင် ပေးရမှာ၊ ဈေးကြီးတယ် မသွားချင်ဘူး၊ မတန်ဘူးလို့ ပြောကြတာကြီးပါပဲ
ဒီ post မှာ မြဘုရားဝင်ကြေး 500ပေးပြီး ဘယ်လို တန်အောင် သုံးမလဲဆိုတာ ပြောပြပေးသွားပါမယ်










$160နဲ့ ဘန်ကောက် သွားမယ်သူများတွေ နိုင်ငံခြားခရီးခနခနသွားတာ အားကျနေတာလားကိုယ်တိုင်သွားချင်နေပေမယ့် ပိုက်ဆံအကုန်အကျများမှ...
10/01/2024

$160နဲ့ ဘန်ကောက် သွားမယ်

သူများတွေ နိုင်ငံခြားခရီးခနခနသွားတာ အားကျနေတာလား
ကိုယ်တိုင်သွားချင်နေပေမယ့် ပိုက်ဆံအကုန်အကျများမှာကို ကြောက်နေတာလား
ဘန်ကောက်(2ညအိပ်၊ 3ရက်ခရီး)ကို လေယာဉ်၊အခန်းခ၊ လည်ပတ်၊စားသောက်တာအားလုံးကိုမှ 160ဒေါ်လာပဲကျတော့မယ်ဆိုတော့ အရမ်းစိတ်ဝင်စားသွားပြီဟုတ်
ဒါဆိုရင် ဒီpostကို ပြီးအောင်ဖတ်လိုက်တော့





07/01/2024

Welcome from Nwe Ni Vlog
ခရီးသွားရတာကို နှစ်သက်တယ်
ပိုက်ဆံလည်း နည်းနည်းပဲ သုံးချင်တယ် ဆိုရင် ဒီ page ကို like and follow လုပ်ထားပါ
Budget နည်းနည်းနဲ့ ဘယ်လို ခရီးသွားရမလဲဆိုတာ ဒီ page ကနေ ပြောပြသွားပါမယ် ❤️❤️❤️

Address

Kamayut
Yangon
11041

Telephone

+959971853423

Website

Alerts

Be the first to know and let us send you an email when Nwe Ni Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nwe Ni Vlog:

Videos

Share

Category