Kelvin - TL

Kelvin - TL The One who loves travelling English Speaking Tour Guide in Myanmar
(6)

24/08/2024

🇸🇬 ပတ်စပို့လေးတင်လိုက်တာနဲ့ လွယ်လွယ်ကူကူ
Tax Refund ပိုက်ဆံ
ပြန်ရတဲ့ စင်ကာပူလေဆိပ်
စင်ကာပူရဲ့နည်းပညာမြင့်ချက်ကတော့….

စင်ကာပူနိုင်ငံမှာ စျေးဝယ်ထွက်ထားတဲ့သူတွေ အကျိုးခံစားခွင့်ရှိတာပါ။

SGD 100အနည်းဆုံး အသုံးပြုလိုက်
တာနဲ့ ပြန်အမ်းငွေပြန်ရမှာပဲ ဖြစ်ပါတယ်။

📌လိုအပ်တဲ့စာရွက်စာတမ်း
(၁) ပတ်စပို့စာအုပ်မူရင်း
(၂) Electronic E-Pass
(၃) အီးမေးလ်လိပ်စာ
(၄) ဖုန်းနံပါတ်

♦️စင်ကာပူလေဆိပ်က ဆိုက်ရောက်တုံး စာအုပ်ထဲ ထုပေးမှာ မဟုတ်ပါ။ Electronic E-Pass က အီးမေးလ်ထဲကို ဂိတ်ဖြတ်လိုက်တာနဲ့ အော်တိုဝင်လာမှာပဲဖြစ်ပါတယ်

♦️ဆိုင်ဝန်ထမ်းကို ပတ်စပို့စာအုပ်မူရင်း နဲ့ Electronic E-Pass ပြလိုက်တာနဲ့ စာရင်းသွင်းပေးပါလိမ့်မယ်။

♦️Global Blue Mobile Application (GST) မှာလည်း မိမိဝယ်ယူလိုက်တဲ့ ပစ္စည်းအတွက် ပြန်အမ်းငွေ ဘယ်လောက်ရမယ်ဆိုတာကိုလည်း ကြည့်လို့ရမှာပဲ ဖြစ်ပါတယ်။

❗️🔥သတိပြုရမယ့်အချက်များ

ပစ္စည်းဝယ်ယူလိုက်တာနဲ့ GST ပြန်အမ်းငွေလျှောက်ထားမှုကို တစ်ခါတည်းတူတူပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

သဘောကတော့ ဒီနေ့ပစ္စည်းဝယ်ခဲ့ပီး နောက်ရက်တွေကျမှ လျှောက်လို့မရပါဘူး။ တစ်ရက်တည်း နေ့စွဲတူတူပဲဖြစ်ရမှာပါ။

ဝယ်ယူလိုက်တဲ့နေ့ကစပြီး ၂ လအတွင်း လေဆိပ်ကနေပြန်လည်ထွက်ခွါမှသာ အကျုံးဝင်မှာပဲဖြစ်ပါတယ်။

Tax free ဆိုင်တိုင်းမှာ GST Refund ကို လျှောက်ထားနိုင်ပါတယ်။

🇸🇬GST Refund ပြန်အမ်းငွေကို ဘယ်လိုရယူနိုင်မလဲ❓

လေဆိပ်ရောက်တာနဲ့ electronic tourist refund Singapore (eTRS) self-help kiosk စက်မှာ passport တင်လိုက်ရုံပါပဲ။ GST ပြန်အမ်းငွေအတည်ပြုလိုက်တဲ့ စလစ်ထွက်လာပါလိမ့်မယ်။

စလစ်မထုတ်သေးခင် ကိုယ်ဝယ်ယူလိုက်တဲ့ ပစ္စည်းအမျိုးအမည်၊ နေ့စွဲ၊ အချိန်၊ ဆိုင်နေရာကအစ ဆိုင်ဝန်ထမ်းတွေလုပ်ပေးထားတဲ့ Tax free form ကအစ တစ်ခုချင်းကို အသေးစိတ်စစ်လို့ရပါသေးတယ်။

(အပေါ်မှာပြောပြထားသလိုပဲ tax free application Global Blue Mobile Application မှာလည်း ပစ္စည်းဝယ်ပီးတိုင်း စာရင်းဝင်/မဝင်ကိုစစ်လို့ရတယ်နော်)

စလစ်ထုတ်လိုက်ပီးရင်တော့ 12 နာရီအတွင်း check-in ဝင်ပီးနောက်မှာ ပိုက်ဆံငွေသားထုတ်ယူခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

ဆိုင်တစ်ဆိုင်ချင်းဆီမှာ ဝယ်ယူထားတဲ့ ဘောင်ချာတွေကို Refund မထုတ်ရသေးခင်အထိ သိမ်းထားလိုက်တာ မမှားပါဘူး။🤗

လေဆိပ်မှာ နည်းပညာအားကောင်းလွန်းတော့ ဘာမှကို
မပြလိုက်ရပဲ ပတ်စပို့တင်လိုက်တာနဲ့ အကုန်အိုကေသွားတော့တာပါ။🥰🥰

💸ပြန်အမ်းငွေကို ဘာနဲ့ယူလို့ရလဲ❓

ပြန်အမ်းငွေကို ငွေသား၊ ခရက်ဒစ်ကတ် ဒါမှမဟုတ် ဘဏ်ထဲ မိမိအဆင်ပြေသလိုယူလိုက်လို့ရပါတယ်။

❗️ဘယ်သူတွေလျှောက်လို့မရဘူးလဲ?

စင်ကာပူနိုင်ငံသားများ

စင်ကာပူမှာအမြဲနေထိုင်ခွင့်ရနေသူများ

စင်ကာပူမှာအလုပ်လုပ်နေသူများ

ကျောင်းသားများ

စင်ကာပူမှ ထွက်ခွါရတဲ့လေယာဉ်ဝန်ထမ်းများတို့က
လျှောက်လို့မရပါဘူး။

အသိပေးကြေညာခြင်း၁။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်...
23/08/2024

အသိပေးကြေညာခြင်း

၁။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါသဖြင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများထံမှ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များကို အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များတွင် ရယူနိုင်ရေး ကျန်းမာရေးကြေညာချက် (Health Declaration Form) အား အသုံးပြုသွားမည်ဖြစ်ပါသည်။

၂။ သို့ပါ၍ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပခရီးသွားများအနေဖြင့် ၂၂-၈-၂၀၂၄ ရက်နေ့မှစတင်၍ Mpox (မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များအား ကျန်းမာရေးကြေညာချက် (Health Declaration Form) တွင် ဖြည့်သွင်းပေးနိုင်ရေးအတွက် အသိပေးအပ်ပါသည်။

(၂၂-၈-၂၀၂၄ ရက်နေ့၊ ကျန်းမာရေးဝန်ကြီးဌာန)

ကျနော် Kelvin - TL  ရောပဲဘာမှ အားမငယ်နဲ့ 🤫
10/08/2024

ကျနော် Kelvin - TL ရောပဲ
ဘာမှ အားမငယ်နဲ့ 🤫

ရန်ကုန်လေဆိပ်အထွက်မှာPV နဲ့ထွက်မယ်ဆို - မှတ်ပုံတင်- UID card- လေယာဉ်လက်မှတ် ( အသွား + အပြန် )- ပိုက်ဆံ ဒေါ်လာ500ခန့်- ဟိ...
04/08/2024

ရန်ကုန်လေဆိပ်အထွက်မှာ

PV နဲ့ထွက်မယ်ဆို
- မှတ်ပုံတင်
- UID card
- လေယာဉ်လက်မှတ် ( အသွား + အပြန် )
- ပိုက်ဆံ ဒေါ်လာ500ခန့်
- ဟိုတယ် ဘိုကင် ( တခါတလေ ငွေချေထားတာပါပြခိုင်း၊ အသိအိမ်မှာနေမယ်ဆိုလည်း ကိုယ်နေမယ့်နေရာကို အသိငှါးထားတဲ့စာရွက်စာတမ်းတွေအဆင်သင့်ယူလာပြီး ရှင်းပြရင်ရနိုင် )

တွေကို စစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

PJ နဲ့ထွက်မယ်ဆို
- OWIC card
- မှတ်ပုံတင် ပါရင်ရပါတယ်
( အသက် ၂၃ မှ ၃၁ ကြား PJ နဲ့ထွက်မရပါ )

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ ၃/၈/၂၀၂၄ ထိအခြေအနေပါ။ လွဲနေတာ၊ Update ပိုဖြစ်ပြီး ကိုယ်သိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးခဲ့ပါ

အချင်းချင်း ကူညီကြပါစို့ခင်ဗျာ

(Shwe Network မှ ကျေးဇူးတင်စွာ ကူးယူ ဝေမျှပါသည်)

  စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ( Passport ) သက်တမ်းတိုးခြင်း လုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ် ( 21 Jul 2...
19/07/2024


စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ( Passport ) သက်တမ်းတိုးခြင်း လုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ် ( 21 Jul 2024 ) တွင်ပြုလုပ်ပေးမည်။

U.S visa ဖြေကြမည့် သူအချို့အတွက် သိထားလေ့လာထားသင့်သည့် အချက်တစ်ချို့အမှန်တော့ ကိုယ်ကိုတိုင်လည်း ဖြေမကြည့်ဖူးသလိုလက်တလော ...
18/07/2024

U.S visa ဖြေကြမည့် သူအချို့အတွက် သိထားလေ့လာထားသင့်သည့် အချက်တစ်ချို့
အမှန်တော့ ကိုယ်ကိုတိုင်လည်း ဖြေမကြည့်ဖူးသလို
လက်တလော ကိုယ့်ရဲ့အခြေအနေအရ ဖြေဖို့လည်း
မစဥ်းစားရသေးပါဘူး
ဒါပေမည့် လေ့လာထားသလောက်ဆိုရင် မြန်မာ အများစုက သူများကို အရမ်းမှီခို ယုံကြည်လွန်းကြတယ်
ကိုယ်တိုင်ကြိုးစားအားထုတ်ချင်စိတ် နည်းပါးကြတယ်
ဘယ်လို အချက်တွေလည်း ဆိုရင် -------
(၁) သွားဖြေချင်တဲ့ မြို့ သံရုံးအနီးအနား
ဘယ်ဟိုတယ် ရှိ ဘာညာ
♦️ IT ခေတ်ကြီးထဲမှာ google ခေါက်ပီး ရှာကြည့်ရုံနဲ့ သိရှိနိုင်တဲ့ အနေအထားလောက်ကို တရေးတယူ မေးကြတယ် ( တနည်းအားဖြင့် သူများယောင်တိုင်း လိုက်ယောင်ဖို့ ပိုအားသန်ကြတာ )

(၂ ) ဘယ်နေ့ သွားဖြေမှာ အဖော်ရှိလား ဘာညာ
♦️ တကယ်တော့လေ ကိုယ်သွားချင်တဲ့ နိုင်ငံက ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးနော် အနီးနားမှာ ရှိတဲ့ အိမ်နီးချင်းပေါက်စနိုင်ငံလေးတွေလောက်ကို သွားဖို့ ယုံကြည်ချက် မရှိကြဘူး U.S ဆိုတာ အလွယ်တကူ ဝှီး ဆိုပြီး ရောက်သွားလို့ ရမည့် နိုင်ငံလေး မဟုက်ပါဘူး

( ၃ ) အရေးနဲ့ အကြောင်းဆို ယုံကြည်မှု ပျောက်ကုန်ကြတယ် ဘယ်လိုအခြေအနေတွေလည်း ဆိုရင် -
♦️ သွားဖြေဖို့ plan ချထားတာက third country က interview အမေးအဖြေအတွက်လောက်ကို English လို ဖြေဖို့ မဝံ့မရဲကြဘူး ( လူတစ်ယောက်ကို အလာပ သလာပ ထိုင်ပြေညလောက်အောင်အထိလည်း ကိုယ့်အတွက် ဘယ်သံအမတ်ကမှ အချိန် မပေးပါဘူး )

( ၄ ) confidence အားနည်းခြင်း
♦️ လိုအပ်မည့် DS-160 ကအစ ကိုယ်တိုင်ပြန်မစစ်ချင်ကြဘူး အခြားသူရေးပေးထားတဲ့အတိုင်းပဲ လွယ်လွယ်ကူကူ လက်ခံလိုက်ကြတယ် တကယ်ဆို ကိုယ့်အကြောင်း ကိုယ်သာ အသိဆုံးပါ မရေးတတ်လို့ သူများအပ်တာ ပဲ လို့ ပြောလို့ ရပါတယ် ဒါပေမည့် ကိုယ့်အကြောင်း ကို လိုအပ်ရင် ကိုယ်တိုင်က အကြံပေးနိုင်ရပါမယ် ကိုယ့်စာရွက်စာတမ်းကို ပြန်စစ်ပီးဆွေးနွေးပေးသင့်ပါတယ်

( ၅ ) အလုပ်အကိုင်စာရွက်စာတမ်း အတု ကိစ္စ
♦️ ပြည်ပမှာ ဖြေသူတွေအတွက် မလိုလောက်ဖူး ထင်ပါတယ် ပြည်တွင်းမှာ ဖြေမယ်ဆိုရင်တော့ ရိုးသားတာက ကောင်းပါမယ် Form တစ်ခါ တင်ပီးရင် အချက်လက်အားလုံးက သံရုံးဆီ ရောက်သွားနှင့်ပါပြီ ပြည်တွင်းမှာ အလုပ်တစ်ခု စုံစမ်းဖို့ အလွယ်လေးပါ ရိုးသားတာပဲ အဆင်ပြေပါမယ် ( U.S တင်မက Japan, Korea visa များအတွက်ပါ )

အထက်ပါ အချက်အလက်များက လေ့လာမိသလောက် အခြေခံသဘောတရားမျှသာ ဖြစ်ပါသည်
အတွေ့အကြုံလည်း မရှိသလို တတ်ယောင်ကားဆရာကြီးလည်း မဟုက်ပါဘူး လေ့လာမိသလောက်လေး ရေးကြည့်မိတာပါ

သွားချင်တဲ့ နိုင်ငံ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကိုကိုယ်စီ အောင်မြင်စေဖို့ ဆုတောင်းပေးပါတယ်နော်

Such a unique art 🥰 Laser Buddha Image, Pattaya, Thailand
16/06/2024

Such a unique art 🥰
Laser Buddha Image,
Pattaya, Thailand

Better to go there ( National Museum Phnon Penh ), Cambodia for those who loves learning about Cultural and Archaeologic...
09/03/2024

Better to go there ( National Museum Phnon Penh ), Cambodia for those who loves learning about Cultural and Archaeological facts.
Just suggestions.

03/03/2024

Pay Homage to Shwedagon Pagoda

မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးရဲ့ ထုတ်ပြန်ချက်
01/03/2024

မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးရဲ့ ထုတ်ပြန်ချက်

မြန်မာနိုင်ငံသား Passport ( PV ) ရှိရုံနဲ့ အလည်ဗီဇာ(Visa) freeသွားလို့ရတဲ့ နိုင်ငံများ......1) Singapore.   30day2) Thai...
23/02/2024

မြန်မာနိုင်ငံသား Passport ( PV ) ရှိရုံနဲ့ အလည်ဗီဇာ(Visa) freeသွားလို့ရတဲ့ နိုင်ငံများ......

1) Singapore. 30day
2) Thailand. 14day
3) Cambodia. 14day
4) Indoesian. 30day
5) Laos. 14day
6) Philp. 30day
7) Vietnam. 14day
8) Maldives. 30day
9) Dominicam 21day
10) Micronesia 30day
11) Brunei. 14day
12) Ecuador. 90day
ဒီနိုင်ငံတွေ ဗီဇာ(Visa) မလိုဘဲ Passport ရှိရုံနဲ့သွားလို့ရပါတယ်။

ထိုင်းသံရုံးဗီဇာ လျှောက်ချင်းနှင့် ပတ်သက်သောယနေ့ ထုတ်ပြန်ချက်
14/02/2024

ထိုင်းသံရုံးဗီဇာ လျှောက်ချင်းနှင့် ပတ်သက်သော
ယနေ့ ထုတ်ပြန်ချက်


😁
15/01/2024

😁

Smart Island, Myanmar the best beach in Myanmar and the most beautiful Island southeast Asia countries.

Address

No 36, 3rd Floor, Kyun Taw Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
18:00 - 22:00
Tuesday 09:00 - 17:00
18:00 - 22:00
Wednesday 09:00 - 22:04
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 17:00

Telephone

959442008638

Alerts

Be the first to know and let us send you an email when Kelvin - TL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kelvin - TL:

Videos

Share

The Brief story of YMK Tour Guide Myanmar

Working as Tour Guide since 2015, you are warmly welcome to visit Myanmar.

Running the Tour Services Throughout the Country with the Best Services. Hotel Room Booking, Domestic Flight Ticketing, Transport Air Conditioned Cars, Tour Guide Services.

To be better one, give me special chances to do. Join with me. I am sure to make you perfect trip and unforgettable moment in Myanmar Welcome to Co-operation from Different Lands.

Aiming to be the best travel agent not only Myanmar also For All the world,

Nearby travel agencies