Myanmar Historic Travel

Myanmar Historic Travel Myanmar Hotels and sightseeings
(4)

Permanently closed.
 #‌မွေတော်ကက္ကူဘုရားသမိုင်းကြောင်းရှေးဟောင်းစေတီပုထိုး အများအပြားတည်ရှိပြီး သာယာလှပတဲ့ ပုံရိပ်လေးများကြည့်ရှု့ခံစားရင်း ...
25/05/2022

#‌မွေတော်ကက္ကူဘုရားသမိုင်းကြောင်း

ရှေးဟောင်းစေတီပုထိုး အများအပြားတည်ရှိပြီး သာယာလှပတဲ့ ပုံရိပ်လေးများကြည့်ရှု့ခံစားရင်း စိတ်၀င်စားဖွယ်အကြောင်းအရာများနဲ့ မွေတော်ကက္ကူဘုရား သမိုင်း.....

မွေတော်ကက္ကူ စေတီဘုရားများသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးတွင်ရှိသော ကျောက်တစ်လုံး (ပအိုဝ်းတိုင်းရင်းသားများဒေသ)တွင် တည်ရှိသည်။

#မွေတော်ကက္ကူရှေးဟောင်းဘုရားစေတီများ
#ဘုရားသမိုင်းအကျဉ်း

ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင် အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ မဂဓတိုင်း၊ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာ သောကမင်းကြီးကို အမှီပြု၍ ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်ကြီးမှူးသော ရဟန်းတစ်ထောင်တို့က တတိယအကြိမ် သင်္ဂါယနာတင်ပွဲကို ပြုလုပ်ကျင်းပကြလေသည်။ သင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခြင်းနှင့် စေတီပေါင်း (၈၄၀ဝ၀) တည်ထားကိုးကွယ်ခြင်းတို့ ပါဝင်သည်။

ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) သည်လည်း ပါဝင်ခဲ့သည်။ သာသနာပြုအဖွဲ့မှာ ရှင်သောနနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့ဖြစ်သည်။ သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့က အိန္ဒိယပြည်၊ မဇ္ဈိမဒေသမှ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီဘုရားများကို တည်ထားကိုးကွယ်ကြသည့်အခါ ကက္ကူဒေသသို့ ဓာတ်တော်များ ပင့်ဆောင်ပူဇော်ပြီး မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစဉ်အခါက မွေတော်ကက္ကူသို့ ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ရှိခဲ့ဘူးလေသည်။

#ပုဂံခေတ်၊
#အလောင်းစည်သူမင်း

(အေဒီ၁၁၇၄-၁၂၁၁)သည် ဖောင်စကြာဖြင့် ခရီးလှည့်လည်ကာ စေတီဘုရားများစွာကို တည်ထားကိုးကွယ်ခဲ့သည်။ ကက္ကူဒေသတွင် ဓာတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထား ကိုးကွယ်ခဲ့သည်။ အလောင်းစည်သူမင်း လက်ထက်တွင် ဓာတ်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ဘူးသည်။

#တည်ထားပုံ

မွေတော်ကက္ကူသည် စေတီပေါင်းများစွာ တစ်နေရာတည်းတွင် စု၍ တည်ထားခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ စေတီများနှင့် အချိုးအစား ပုံသဏ္ဌာန် အနည်းငယ် ကွဲပြားသည်။ ဘုရားဝင်းအပြင်တွင် ညောင်ပင်ကြီးများ ရှိသည်။ ဘုရားများ၏ နောက်တွင် နောင်မွန်အင်း ရှိသည်။ နောင်မွန်အင်းသည် အမြဲတမ်း ရေမရှိပေ။ ဒေသခံများက ကုန်းခြောက်လ ရေခြောက်လ ဟုဆိုသည်။

#ကက္ကူမွေတော် ၃၀၀၀

၁။ ကက္ကူမွေတော်အကြောင်း ဘိုးတော်ဘုရား (ပဒုံမင်း) ၁၇၈၅ - ၁၈၁၉ လက်ထက် ပေစာတစောင်မှာ ဖတ်ရဖူးတယ်လို့ ပြောစကား ကြားဖူးတယ်။

၂။ ၁၉၇၃ ခေါင်းလောင်းစာမှာ ကုန်းတော်ပေါ်က စေတီကို ရွှေဂူကြီးလို့ခေါ်တယ်။

၃။ ၁၇ ဖေဖော်ဝါရီ ၁၈၀၂က စေတီကြီးကို ထီးတင်တယ်။

၄။ စေတီအလယ်မှာ ၁၈၉၃ ခေါင်းလောင်းက ကက္ကူမွေတော်ခေါ်တယ်။

၅။ စေတီတွေက ဉာဏ်တော်အမြင့် ၁၅ ပေ ဝန်းကျင်ပဲရှိတယ်။

၆။ စေတီအရေအတွက်ကို ရေတွက်တဲ့အခါ ၂၄၇၈ ဆူ ရှိတယ်လို့ စာတစောင်မှာပါတယ်။

ဒီလိုဆိုရင် ခရစ်နှစ် ၁၈၀ဝ လောက်ကလို့ ခန့်မှန်းရတော့မယ်လို့ ထင်မိတယ်။ ဘုရားတွေမှာ နတ်ရုပ်တွေပါတော့ အရုပ်အနေအထားကို ကြည့်ပြီး ဒီလက်ရာတွေဟာ ၁၈၀ဝ ဝန်းကျင်ကပဲ ဖြစ်ဖို့များတယ်လို့ တွက်ဆလိုက်တယ်။

၁၂ မတ် ၂၀၀၃ နေ့လယ်က စိုင်းအောင်ထွန်းက တောင်ကြီးမြို့ ရေအေးကွင်း ရေထွက်ဦးလမ်းမှာနေတဲ့ ဖိလစ်စောတောက်ကို ခေါ်လာတယ်။ အဲဒီလူက ခရီးရောက်မဆိုက် ကက္ကူဘုရာထီးတွေက ရှမ်းလိုရေးတဲ့ ခေါင်းလောင်းစာတွေ ယူလာတယ်။ စာတွေကို သူတို့ဖတ်ပြီး ဘာသာပြန်ပေးတယ်။

စာတခုက - ဘုန်းကြီးလူထွက် ဦးနွိုက်သွန်းလောင်းထားသည်

နောက်တခုက - လူထွက်ဦးစိုင်းက သွန်းလုပ်ပူဇော်ပြီးစီးပါကြောင်း

နောက်ထက်တခုက - ၁၁၅၈ တပေါင်းလဆန်း ၂ရက်သွန်းသည်။ (ခရစ်ရက် ၂၇ ဖေဖော်ဝါရီ ၁၇၉၇)

ဆင်ခံဘုရားတဆူမှာ - တြိသုခအလို့ငှာ ခင်ကြီးအရိယဝန်သ ကောင်းမှု

ဖိလစ်စောတောက် ကျေးဇူးကြောင့် တိကျတဲ့ ရက်စွဲတခု ရပြန်ပါတယ်။ ၂၇ ဖေဖော်ဝါရီ ၁၇၉၇။ ကက္ကူဘုရားတောက ကုသိုလ်တော်တွေကို ခရစ်နှစ် ၁၈၀ဝ ဝန်းကျင်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆက်လက်ယူဆဖွယ် ရှိပါတယ်။

လိုအပ်ချက္များရှိပါကလဲ နားလည်ခွင့်လွတ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ဗျ...


#သမိုင်းအကြောင်းအရာ #ဝီကီပီးဒီယား
#တောင်ကြီးချစ်သူရှမ်းပြည်သား #

လပြည့်ကဆုန် ═══════════════════════ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်...
14/05/2022

လပြည့်ကဆုန်
═══════════════════════
ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊
ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကိုကျောက်စာများအရ
သိရှိကြပါတယ်။

ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်-စသော ကျန်ဝေါဟာရ
များမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ
ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊
ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊
က ပုဒ်တို့ကဲ့သို့“ရေ” ဟု အဓိပ္ပာယ်ရပါတယ်။

“စုန်” မှ ဆင်းသက်လာသော “ဆုန်”မှာ သွန်းခြင်း၊လောင်းခြင်း၊
ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ
ရေသွန်းသောလ၊ရေလောင်းသောလ၊ ရေဖျန်းသောလဟု
ဆိုလိုပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ၊
ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်။
၁။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင်
ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ “နောင်သောအခါတွင်
ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု
နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့
ဖြစ်ပါတယ်။

၂။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင်
ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို
ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊
အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊
ရွှေအိုးကြီး လေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော်
ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိသည်
မဇ္စျိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟို
အချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။

၃။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရား
အလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်း
သိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင်
တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန်
အားထုတ်တော် မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍
ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၀င်
အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌
စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။

မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍
ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ
အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်း
လှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင်
အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်
လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင်
ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ ထိုအချိန်တွင်
ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့်
မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။
ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလ
ဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုး ဖြစ်
ပါတယ်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာ၀င် မြန်မာတို့သည်
ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊
လန်းဆန်းရှင်သန် စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း
ပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်
တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်
တော်မူခြင်း တို့သည် ကဆုန် လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။

၄။ ထို့ပြင် ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံ၀င်တော်
မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က
ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

“ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်”

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်
(သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်
(ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်
(အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့၀ယ်၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့် မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ပျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းမော်၊ သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ငြမ်းပါကို။
[ ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။]

လပြည့်နွေကဆုန်......................
ဆုပန်နေ့...............
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊
ဆုပန်နေ့၊ လပြည့်နွေကဆုန်။

ဖွားမြင်နေ့...............
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။

ဗုဒ္ဓနေ့..............
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။

နိဗ္ဗူ နေ့............

ရာ့လေးဆယ့်ရှစ်၊ သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွေကဆုန်။

(ကဆုန်လပြည့် ဗုဒ္ဓနေ့)

မြန်မာများရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ဒီနေ့သည် မြန်မာဗုဒ္ဓ
ဘာသာ၀င်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်
ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာ
ရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်
လိမ့်မည်ဟု နိယတဗျာဒိတ်ကို စံတော်မူခြင်း၊ ဘုရားလောင်း
ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါးကို သိမြင်ပြီး ဘုရာဖြစ်တော်
မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်၀င်စံတော်မူခြင်း
ဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများ စိုက်ထူခဲ့သော
နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။ ဗုဒ္ဓဘာသာ၀င် မြန်မာ
တို့က ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်
နေ့ကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့ ကဆုန်လနဲ့
ပတ်သက်သမျှ မှတ်သားစရာလေးတွေ အနည်းငယ် တင်ပြချင်
ပါတယ်။ ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင်
အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ တိုက်တိုက်ဆိုင်ဆိုင်
မြင်တွေ့နိုင်ပါတယ်။

“ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံ၀င် နန်းနိဗ္ဗာန်” လင်္ကာအရ ဂေါတမ
ဘုရား အလောင်းတော်အဖြစ်နဲ့ သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ
မြတ်စွာဘုရားထံတော်မှ“ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်”ဆိုတဲ့
ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ဘုရားအလောင်းတော် အမိ၀မ်းမှ
ဖွားမြင်တော်မူခြင်း၊သစ္စာလေးပါးကို သိမြင်လို့ ဘုရားဖြစ် တော်မူခြင်း၊
မဟာဗောဓိပင် ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဆိုတဲ့
ဗုဒ္ဓနဲ့ပတ်သက်လို့ သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ
ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ လမြတ်ကဆုန်လို့ တင်စားခေါ်ဆိုကြပါတယ်။

ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ ကဆုန်လ
ရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စ တဲ့ ပွဲတော်များကို အမွန်
အမြတ်ပြုကာ ကျင်းပပြုလုပ်ကြပါတယ်။

ကဆုန်လမှာ ဗုဒ္ဓနေ့နဲ့အတူ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း
ကျင်းပပြုလုပ်ကြပါတယ်။ မြတ်ဗုဒ္ဓဟာ ဗောဓိပင်ကို အမှီပြု၍ သစ္စာ
လေးပါးကို သိမြင်တော်မူခဲ့၊ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူခဲ့
တာဖြစ်လို့ ပူဇော် ထိုက်သော သစ်ပင်အဖြစ် ဗောဓိပင်ကို အမွှေးနံ့သာ
ထုံသော ရေချမ်းများနဲ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲ များကို
ကျင်းပပြုလုပ်ကြပါတယ်။ တနည်းအားဖြင့်လဲ ဗောဓိပင်ဟာ မြတ်ဗုဒ္ဓက
မာရ်နတ်မင်းကို အောင်တော်မူ ခဲ့ရာ ထူးမြတ်တဲ့ နေရာလည်းဖြစ်
ပါတယ်။ ထိုသို့အောင်မြင်မှုကို ပူဇော်ကြတာလည်း ဖြစ်ပါတယ်။

ဗောဓိရဲ့ အဓိပ္ပါယ်က သိခြင်းလို့ အဓိပ္ပါယ်ထွက်ရှိပါတယ်။ သစ္စာ
လေးပါးကို သိမြင်တဲ့နေရာဖြစ်လို့ ဗောဓိ မည်တာပါ။ ဝေဿဘူ၊
ကကုသန်၊ ကောဏဂုံ၊ ကဿပ ဘုရားရှင်တို့ ပွင့်တော်မူရာ သစ်ပင်
များဖြစ်တဲ့ အင်ကြင်းပင်၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင်
တို့သည်လည်း ထိုဘုရားရှင်များ ပွင့်တော်မူရာ သာသနာတော်
အတွင်း၌ ဗောဓိပင်များအဖြစ်အမည်ရပြီး ဂေါတမဘုရားရှင်
သာသနာ ယခုကာလမှာကဲ့သို့ ဗောဓိပင်လို့ ခေါ်ဝေါ်ကာ ပူဇော်
ကြပါတယ်။ ထိုဘုရားရှင်များ လက်ထက်မှာလည်း ကဆုန်ညောင်ရေ
သွန်းမှုတွေ ရှိမှာအမှန် ပင်ဖြစ်ပါတယ်။

တနည်းအားဖြင့် ဗောဓိပင်သည် မြတ်ဗုဒ္ဓရဲ့ ကိုယ်စား ကိုးကွယ်ရာလည်း
ဖြစ်ပါတယ်။ ဘုရားရှင်လက်ထက် တော်အခါက ဘုရားကျောင်းတော်သို့
ဖူးမျှော်ရန် သွားကြတဲ့ ရှင်လူရဟန်းတို့ ကျောင်းတော်သို့ ရောက်တဲ့အခါ မှာ
ဒေသစာရီကြွချီတော်မူတဲ့ အချိန်အခါနဲ့ ဆုံလို့မို့ ဖူးမြင်ခွင့်မရရှာဘဲ
သူတို့တွေ ပြန်သွားခဲ့ရပါတယ်။ ဒါကို အရှင်အာနန္ဒာ မထေရ်မြတ်က့
မြတ်ဗုဒ္ဓအား လျှောက်ထားပေးမှုကြောင့် မူရင်းဗောဓိပင်က ကြွေလုလု
အစေ့တ လုံးကို ရှင်မောဂ္ဂလ္လာန်မထေရ် မြတ်က သင်္ကန်းတော်နဲ့ ခံယူ
တော်မူခဲ့ပြီး သာ၀တ္ထိပြည်၊ ဇေတ၀န်ကျောင်းတော် သို့ သယ်ဆောင်ပေး
ခဲ့ပါတယ်။

ရှင်အာနန္ဒာက ဘုရားကိုယ်စား ဗောဓိပင်စိုက်ပျိုးရေးမှာ တာ၀န်ယူခဲ့ပြီး
ကောသလမင်းနဲ့ အနာထပိဏ်သူ ဌေး၊ ဝိသာခါတို့က ကူညီဆောင်ရွက်ပေး
ခဲ့ပါတယ်။ ရှင်မောဂ္ဂလ္လာန်ဆောင်ယူတော်မူခဲ့တဲ့ ဗောဓိပင်မျိုးစေ့ကို ဇေတ၀န်
ကျောင်းတော် တံခါး၀အနီးမှာ စိုက်ပျိုးကာ ရှင်လူအများက ဘုရားကိုယ်စား
ကိုယ်ကွယ်ခဲ့ကြပါတယ်။ ရှင်အာနန္ဒာ မထေရ်မြတ်ကို အကြောင်းပြုကာ
စတင်ဖြစ်တည်ခဲ့တဲ့ ဗောဓိပင်မို့ အာနန္ဒာဗောဓိပင်လို့ မည်တွင် ခဲ့ပါတယ်။

ဒါ့အပြင် သီဟိုဠ်ကျွန်းက ဗောဓိပင်ကိုတော့ မူရင်းဗောဓိပင်ရဲ့ တောင်ဘက်က
အကိုင်းကြီးကို ဖြတ်ယူဆင့် ပွား ခဲ့ပြီး စိုက်ပျိုးခဲ့လို့ ဒက္ခိဏသာခါလို့ခေါ်ပါတယ်။
ဒက္ခိဏသာခါဗောဓိပင်များ သီဟိုဠ်ကျွန်းမှာ နေရာအနှံ့ ပွားများပြီး ပေါက်
ရောက်ခဲ့ပါတယ်။ ရာသီဥတုဒဏ်ကြောင့် ကျိုးပြတ်ခဲ့တဲ့ ဒက္ခိဏသာခါဗောဓိပင်
များရဲ့ အကိုင်း များကို ဘုရား ဆင်းတုတော်များ ထုလုပ်ကာ ကိုးကွယ်ခဲ့ကြရာ
ယနေ့ဆို ကမ္ဘာအနှံ့မှာ ဒက္ခိဏသာခါဆင်းတု တော် ပြန့်နှံ့လျက်ရှိ ပါတယ်။
မြန်မာပြည်မှာလည်း မြောက်များစွာ ရှိပါတယ်။

နောက်ခံသမိုင်းကြောင်းများနဲ့ အဓိပ္ပါယ်ပြည့်စုံလေးနက်နေတဲ့ လကဆုန်ဟာ
ဗုဒ္ဓဘာသာ၀င်များအတွက်မ မေ့နိုင်စရာပင်ဖြစ်ပါတယ်။ ဘုရားပေးကမ်းခဲ့တဲ့
နိဗ္ဗာန်လမ်းသို့ လျှောက်လှမ်းသူ သူတော်စင်များအဖို့ ဘုရား ကျေးဇူးကို သိ၍
ကျေးဇူးတော်အနန္တကို တုန့်ဆပ်သောအားဖြင့် ကဆုန်ပွဲတော်များကို ကျင်းပ
နေကြတာဖြစ် ပါတယ်။

မင်္ဂလာရှိသောပွဲတော်ပင်ဖြစ်ပါတယ်။ ကျင်းပသူ၊ ကြွရောက် ကုသိုလ်ပြုသူ၊
အားလုံးဟာ သူတော်ကောင်း စိတ်ဓာတ် အကျင့်မြတ်နဲ့မို့ ကုသိုလ်မင်္ဂလာ
အဖြာဖြာတို့ ပွားများလျှက် ကျက်သရေတိုးတက်နေပါတယ်။ ကိုယ့် ယဉ်ကျေး
မှုကိုလည်း ဖော်ဆောင်တဲ့ပွဲမို့ ကျင်းပနိုင်လေ ကောင်းလေဆိုတဲ့ ပွဲတော်
တခုပင်ဖြစ်ပါတယ်။

( ဖတ်ခဲ့မိသော ဘလော့များမှ ကူးယူတည်းဖြတ် ဖော်ပြပါသည်။)
အရှင်သုဝီရ ၊ (ဝိနယဝိဒူ၊ သာသနဓဇဓမ္မာစရိယ၊
မဟာဂန္ဓာရာမိက ဓမ္မာစရိယ)
Credit to ►
Young Buddhist Association
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

ဟိုက်ပါရေတံခွန် ဘယ်လိုသွားမလဲ ??? ဟိုက်ပါရေတံခွန်က နမ့်စန့်ကနေဆို မိုင်၁၁၀ လောက် သွားရမယ် (၄ နာရီလောက် ကြာပါတယ်) တောင်ကြ...
06/05/2022

ဟိုက်ပါရေတံခွန် ဘယ်လိုသွားမလဲ ???

ဟိုက်ပါရေတံခွန်က နမ့်စန့်ကနေဆို မိုင်၁၁၀ လောက် သွားရမယ် (၄ နာရီလောက် ကြာပါတယ်) တောင်ကြီးကနေဆို ၆-၇ နာရီလောက် ကားမောင်းရပါတယ် လမ်းကောင်းပါတယ်။

နမ့်စန်ကနေ တစ်နာရီလောက် မောင်းလိုက်ရင် ခိုလန်မြို့ကို ရောက်ပါတယ် ခိုလန်မှာ မနက်စာ စားပြီးရင် မိုင်းနောင်မြို့ကို ဖြတ် (မိုင်းနောင်မြို့က ဂိတ်တွေက ည​နေ ၆ နာရီဆို ဘယ်ကားမှ အဝင်အထွက် ဖြတ်သန်းခွင့် မပေးပါဘူး။(ဒီအချက်ကို သတိထားသင့်တယ်)။

မိုင်းနောင်ကျော်ရင်တော့ မိုင်းရှူးမြို့နယ်ထဲကို ပြီဖြစ်ပါတယ် မိုင်းရှူးမြို့မရောက်ခင် ၁၀မိုင်လောက်မှာ ဝမ်ဆော့ဆိုတဲ့ရွာရှိပါတယ်(လမ်းဘေးမှာပါပဲ ဆိုင်းဘုတ်လည်း ရှိပါတယ်) ဝမ်ဆော့ရွာကနေ ၆မိုင်လောက် ဆက်မောင်းလိုက်ရင်တော့ ဟိုက်ပါရွာလေးကို ရောက်ပြီဖြစ်ပါတယ်။

ဟိုက်ပါရွာထဲဝင်ရင် ရေတံခွန်သွားရမယ့် လမ်းကို ဆိုင်းဘုတ်လေးတွေနဲ့ လမ်းညွှန်ထားပါတယ် ညွှန်ထားတဲ့အတိုင် မောင်းသွားရုံပါပဲ ဟိုက်ပါရေတံခွန်ကြီးဆီကို ​ရောက်ပြီဖြစ်ပါတယ်။

Crd:

 #ဝဋ်ကြွေးကြီးတဲ့မြန်မာပြည်နိုင်ငံခြားက Date ကုန်ခါနီး စားသောက်ကုန်တွေ သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့ ပုံနှိပ်လေ...
28/04/2022

#ဝဋ်ကြွေးကြီးတဲ့မြန်မာပြည်

နိုင်ငံခြားက Date ကုန်ခါနီး စားသောက်ကုန်တွေ
သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့
ပုံနှိပ်လောကမှာတောင်ရှိတယ်။
ဘီစကစ်ဗူးတွေ ပါကင်အသစ်၊
Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။

နောက်ပြီး ယခုဝင်နေတဲ့
ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို
အောက်လမ်းက ဝင်လာတာပဲ။

နောက်ပြီး
ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို
အောက်လမ်း ထိုင်းနိုင်ငံကနေ
ဗဟိုစံပြငါးစျေးကို နေ့တိုင်းအဝင်ရှိတယ်။
ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။

မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ
လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ်
စာရင်းဝင်လာနေပါတယ်။

ဘာဖြစ်လို့ မြန်မာတွေ
အသက်တိုကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့
မြန်မာဟာ အလွန်လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့
စျေးကွက်ကြီးတခုလို ဖြစ်နေတာမို့

သူတို့နိုင်ငံမှာ ဥပဒေနဲ့
တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့
လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး
အဲ့ဒီပစ္စည်းပေါင်းစုံကို
မြန်မာပြည် စျေးကွက်ထဲလာဖြန့် တယ်။

စားသောက်ကုန်၊ ဆေးဝါးမျိုးစုံလုပ်ငန်း အပါအဝင်
အတုတွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။
နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။
စစ်နိုင်သမျှစက်တွေကလည်း
ခေတ်မီ ဓာတုဆေးတွေများသမို့
မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။

တခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့အခါမှာလည်း
နာမည်ကြီး တံဆိပ်တွေအပါအဝင်
စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ
လူကိုဥပဒ်ပေးတဲ့ဓါတ်တွေပါတာ
FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ
မြင်သိ ကြားတွေ့ကြရမှာပါဘဲ။

သစ်သီးသစ်ရွက်တွေနဲ့ ပတ်သက်တာမှန်သမျှ
မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊ မြန်မြန်သီး၊
နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။
မြန်မာပြည်ထဲ ဖြန့်တယ်။

အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက်
ရာသီမရွေးရတယ်။
ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။
များများ ချိုချင်လား ရတယ်။

ဥပမာ ခရမ်းချဉ်သီးဆိုရင်
ပွဲရုံတွေက အစိမ်းတွေဘဲ ဝယ်တော့တာလို့
ဖတ်မိသေးတယ်။
စျေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှ
အချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။

အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။
ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများ
မှန်သမျှ ဂျင်းတွေချည်းဘဲ။
ထိုင်းဖက်နယ်စပ်မှာ
ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း
မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။

နောက် စျေးအတန်ဆုံးလို ဖြစ်လာတာက
အချိုမှုန့်တွေ။
၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။

ဗုံးဗောလအော ဟင်းတွေထဲထည့်
ဆီးချိုတွေတက်။
အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့
အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။
အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံး
ရောဂါတွေ ဖြစ်ပြီး သေကြရ။

သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း
၄၀၀ လေါက်ဆို တပုလင်းရတယ်။
ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင်
၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။

ပြီးတဲ့အခါ ဗမာဆေးများများနဲ့
ကွမ်းယာ ပါးစပ်ထဲထည့်ပြီး
ဆေးပေ့ါလိပ်တရှိုက်၊ နှစ်ရှိုက်
အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ
တရက်စာ ဖူလုံပြီ။

ရေသန့်ကမှ အရက်ထက် စျေးကြီးနေသေးတယ်။
အဲလို အပေါစား အရက်တွေသောက်တော့
မြန်မြန်သေကြတာပေါ့။
အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း
နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။

တနေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး
ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ
ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား
ဖတ်မိသေးတယ်။

အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့
အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။ 92' အပါအဝင်။
အိန္ဒိယကနေ တလတလကို
ဒေါ်လာ သန်းချီပြီး ပေးဝယ်နေရတယ်။

အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ
၇ ယောက် သောက်တယ်။
ကွမ်းလည်း အလားတူပဲ။

ဒါတွေကို မှီခိုစားသောက်နေကြတဲ့ ဒီနိုင်ငံကလူတွေမှ
ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ်
ရောဂါ မရရင် ဘယ်သူတွေရမလဲ။

နောက်ပြီး ဆန်ကို
အဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ
ကစီဓါတ်များတော့ အဆီများလာသလို၊
အငန်ဆိုလည်းကြိုက်၊
အစပ်ဆိုလည်း လက်မလွတ်စေရဘူး။
စားသောက်ပုံ စားသောက်နည်းဟာ
အသက်ရှည်ဆုံး နိုင်ငံတွေနဲ့
ဆန့်ကျင်ဖက် ဖြစ်နေတယ်။

အသက်ရှည်တဲ့ နိုင်ငံတွေရဲ့
အစားအစာကို လေ့လာကြည့်ရင်
ပထမဆုံး ဖျော်ရည် အရည်တခုကို
စ သောက်ကြတယ်။

ပြီးတဲ့အခါ
အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊
နောက်ဆုံးမှာ main food ဖြစ်တဲ့
သား ငါး အသီးအရွက်ကို စားကြတယ်။

ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။

မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ
အူလမ်းကြောင်းကို ဖျော်ရည်တခုခုနဲ့
အရင်သောက်ပြီး ခံထားကြလေ့ရှိတယ်။

ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ
ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို
အဓိကထားစားကြတယ်။
ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။

ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ
အရပ်ရှည်ကြတယ်။
ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။
ခံနိုင်ရည် အားကောင်းကြတယ်။

ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့
နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့
ဥပမာယှဉ်ပြီး ပြောရတာပါ။

စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့
ငယ်ငယ်က သင်ခဲ့ရတဲ့စာက
စပြီး လွဲလာနေသလိုမျိုးပဲ။

မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ
သွားတိုက်ရင် အပူထွက်သွားတဲ့အတွက်
သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။

မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။
ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊
ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ
သွားတွေ ပိုးစားယိုင်နဲ့ပြီး
အခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင်
အသေစော၊ အသက်တိုရတာ။

ဒါတွေကအစ အခြေခံကို
လွဲမှားနေသယောင်ဘဲလို့မြင်တယ်။
အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။
ညစာစားပြီးမှ သွားတိုက်ကြရမှာ။

ဒါတွေကအစ ပြင်မှရမယ်။
လူတဦးချင်းစီက စပြင်ရမယ်။
နောက် မိသားစု အလိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင် တနိုင်ငံလုံးပြင်မှ
ကျန်းမာ၊ အသက်ရှည်ကြမယ်။

ဘယ်လိုပြင်ရမလဲဆိုရင်
အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။
စျေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့
တောသည်လေးတွေဆီက
မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။
အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့
အသီးကို ရှာစားပါ။

အသားငါးလည်း လတ်ဆတ်တာကိုစားပါ။
အချိုရည် လုံးဝ မသောက်ပါနဲ့။
အသီးကို ဖျော်သောက်ပါ။ အငန်လျော့။
အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။

နောက် အရေးအကြီးဆုံးက ဆီ။
ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာ
သွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး
ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။

စျေးထဲကဆီတွေ မစားပါနဲ့။
ဈေးထဲကဆီအကုန်နီးပါး(၉၉%)က
စားအုန်းဆီနဲ့တရုတ်ဘက်ကလာတဲ့
ပြန်ချက်ထားတဲ့ဆီအဟောင်းတွေကို
ပြုပြင်ထားတဲ့ဆီအတုတွေပါ။

ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။

နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။
မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။
နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။
အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး
လုံးဝ မသုံးပါနဲ႔။

ညစာကို ညနေ ၅ နာရီကျော်ရင်
ထမင်းမပါဘဲ စားပါ။
အရည်သောက်
အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။

မြန်မာတွေ အသက်ရှည်စေဘို့
စဉ်းစားမိသမျှဝေခြင်းပါ။

အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ
လာဘ်တစ်ပါးပါ။

ကျန်းမာရေးအသိ ကိုယ်စီ ရှိကြစေချင်ပါတယ်။

ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး
အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ
ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး
ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။

မြန်မာပြည်က အစားအသောက်တွေဟာ
သဘာဝ အနေအထားကနေ
အမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီး
ပြန်ရောင်းနေကြတာမို့ တနေ့တခြား
ကြောက်စရာ ကောင်းလာနေပါတယ်။

အားလုံးသိကြတဲ့အတိုင်း၊
ရောဂါအားလုံး ရဲ့ အခြေခံဟာ
အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။
ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။

အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့
Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။
ဒီရောဂါဟာလည်း
တနေရာတည်းမှာ ဖြစ်ခဲလှပါတယ်။
ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ
ဖြစ်နေလေ့ရှိပါတယ်။

ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊
Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင်
Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ
အရမ်းများလာနေပါတယ်။

အရင်က အတော်လေးရှားပါးတဲ့
ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။

အသက် ၁၅ နှစ် Melanoma at the a**l area

နောက်တစ်ယောက် ဒူးက အနာမကျက်လို့
အသားစ ယူပြီး စစ်လိုက်တဲ့အခါ
Anaplastic Non-Hodgkins lymphoma ပါတဲ့။

နောက်တစ်ယောက်က
ဗိုက်အတွင်း lymphoma

အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ
များသလား မပြောနဲ့။
အဆင့် ၄ တွေချည်းပါဘဲ။

နောက်တစ်ယောက်က Pancreatic cancer.

အစားအသောက်ကြောင့်ဖြစ်တဲ့
အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင်
ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။

နောက်တခု သတိထားမိတကတော့
နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း
အတော်များများ Autoimmune ရောဂါတွေ
ဖြစ်နေကြပါတယ်။
သွေးဖောက်စစ်သူတွေ အတော်များများမှာ
ရှိနေကြပါတယ်။

ပြန်သုံးသပ် ကြည့်တော့၊
အများစုဟာ နိုင်ငံခြား ရောက်နေကြပေမဲ့
ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။
ထမင်း ဟင်း ပါဘဲ။

နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ
လူကြုံနဲ့သော်လည်းကောင်း၊
ကိုယ်ကိုယ်တိုင်သော်လည်းကောင်း
တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး
freezer ထဲ မှာ ထည့်ပြီး
တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။

ငပိကြော်၊ ငါးခြောက်ကြော်၊
လဘက်၊ အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေ
စသည် ဖြင့် ဖြစ်ပါတယ်။

ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ
အမျိုးမျိုး ရှိပါသော်လည်း
အဓိက ကတော့ အစားအသောက် ပါ။

ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင်
တိုင်းပြည်အတွက် ရင်လေးမိပါတယ်။

ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊
သတိလေးကပ်ပြီး၊ ဉာဏ်အကူလဲ လိုပါလိမ့်မယ်။

ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ်
ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။
ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန်
အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ
ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။

အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ
လူအများစုဟာ
ဗဟုသုတ ခေါင်းပါးနေကြတာက တကြောင်း၊
လောဘ ဦးဆောင်နေတာက တကြောင်း၊
ရသတဏှာကို မကျော်လွန်နိုင်တာက တကြောင်း၊
အစိုးရအနေနဲ့ အစားသောက်တွေအပေါ် ကြပ်မတ်မှု
ထိထိရောက်ရောက် မရှိတာက တကြောင်း၊
ဖြစ်လာမဲ့ အန္တရာယ်ကို
သဘောမပေါက်တာက တကြောင်း၊
တိုင်းပြည် ဆင်းရဲတာက တကြောင်းတို့ကြောင့်
ဖြစ်ပါတယ်။

မိမိနှင့် မိမိ၏ မိသားစုကို
ဉာဏ်သုံး၊ သတိကပ်ပြီး
စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။

(အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)

Credit to Dr. စေတနာရှင်

နံနက်စာမစားတာ ဘယ်လောက်ကြောက်စရာကောင်းလဲ ဖတ်စေချင်ပါတယ်?**************************************************  ကျွန်တော်တို့...
28/04/2022

နံနက်စာမစားတာ ဘယ်လောက်ကြောက်စရာကောင်းလဲ ဖတ်စေချင်ပါတယ်?
**************************************************
ကျွန်တော်တို့လို လူငယ်တွေဟာ နံနက်စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ နံနက်စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။
____________________________________

1 စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။
နံနက်စာမစားတဲ့အခါ သွေးတွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။
____________________________________
2လူမှုဆက်ဆံရေး အားနည်းလာမယ်။
ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။
____________________________________

3ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။
နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။
____________________________________

4ဆံပင်ကျွတ်နိုင်တယ်။
နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။
____________________________________

5Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး။
နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။
____________________________________

6ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။
နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။
____________________________________

7နှလုံးရောဂါ ဖြစ်လာမယ်။
နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killer လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
____________________________________

8ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။
____________________________________

9ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။
နံနက်စာမစားတဲ့အတွက် သွေးတွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
____________________________________

အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။
နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။

နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။ ကျွန်တော်ကတော့ ၇ နာရီခွဲဆို အိပ်ရာထပြီး ၈ နာရီခွဲကနေ ၉ နာရီအတွင်း နံနက်စာ ပုံမှန်စားဖြစ်ပါတယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။

နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်
crd

18/01/2022
ရှိန်းခေါင်ရွာ -  #ကချင်ပြည်နယ် --------------------------------------------------------------------------ကချင်ပြည်နယ်က ...
28/12/2021

ရှိန်းခေါင်ရွာ - #ကချင်ပြည်နယ်
--------------------------------------------------------------------------
ကချင်ပြည်နယ်က ရေခဲများဖုံးလွှမ်းတဲ့ကျေးရွာလေးတစ်ခု..
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့ ရေခဲပြင်ရွာကလေးဖြစ်ပါတယ်။
"ရှိန်းခေါင်ကျေးရွာ" လို့ခေါ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဖြစ်တာကြောင့် သွားရောက်လည်ပတ်ဖို့ သိပ်မလွယ်သေးသလို ကိုယ့်မြန်မာပြည်ထဲကသူတွေတောင် ဒီလိုနေရာလေးရှိမှန်း တစ်ချို့မသိကြပါဘူး။ ဆောင်းရာသီအလယ်လောက်ကနေ နွေဦးပေါက်အထိ ရေခဲနေတဲ့ ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့နိုင်မှာပါ။ just for knowledge.
.

မြန်မာ့နိုင်ငံရဲ့ အမြင့်ဆုံးရေခဲတောင် ခါကာဘိုရာဇီခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်...
23/12/2021

မြန်မာ့နိုင်ငံရဲ့ အမြင့်ဆုံးရေခဲတောင် ခါကာဘိုရာဇီ

ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးသည်။

၁၉၂၃ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ တစ်ဖွဲ့ ပူတာအိုမြို့ မြောက်ပိုင်းသို့ လုပ်ငန်းသဘောအရ ရောက်ရှိခဲ့ရာ၌ ခါကာဘိုရာ ဇီတောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့သည်။ ခါကာဘိုရာဇီ တောင် ကြော တစ်လျှောက်၌ ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွ စသော အပင်များကို တွေ့ရသည်။ ထိုဒေသရေခဲပြင် အောက် တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော်သော မချစ်ဥ ခေါ် ဂမုန်းကြက်သွန်ဖြူများကိုလည်း တွေ့ရသည်။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင်ဆိတ်များကို ခါကာ ဘိုရာဇီတောင်၌ တွေ့ရသည်။ ခါကာဘိုရာဇီ တောင်ကြော တစ်လျှောက်တွင် တိဗက်လူမျိုးများအပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင်ကြသည်။

#ခါကာဘိုရာဇီ #ကချင်ပြည်နယ် #ရွှေပူတာအို

မြန်မာနိုင်ငံမှာရှိနေတဲ့ ဧရာမ ခြေရာပုံ Foot print ကြီးက ကူမဲ -ရွာငံ-ဝမ်းတွင်း ဖိုခ​နောက်ဆိုင်ပုံ  ကြားမှာရှိပြီး ကင်းတား...
30/11/2021

မြန်မာနိုင်ငံမှာရှိနေတဲ့ ဧရာမ ခြေရာပုံ Foot print ကြီး
က ကူမဲ -ရွာငံ-ဝမ်းတွင်း ဖိုခ​နောက်ဆိုင်ပုံ ကြားမှာရှိပြီး
ကင်းတားဆည် ၏ မြောက်ဖက် မိုင် ၂၀ လောက်မှာရှိပါတယ်
ကမ္ဘာ့ပထဝီ​မြေ​ကြောအရ ဖြစ်​ပေါ်​နေတဲ့ ​ ခြေရာပုံကြီးက တော်​တော်​လေးစိတ်ဝင်စားစရာ​​ကောင်းပါတယ်။ ခြေ​ချောင်း တွေ ဦးတည်ချက်က အိန္ဒိယဖက်ကို ဦးတည်ပြီး ခြေဖ​နောင့် က တရုတ်ပြည်ဖက်ကို ဦးတည်ထားတဲ့ ပုံပန်းသဏ္ဌာန် ဖြစ်​နေပါတယ်။
ခြေရာပုံက မြေခွက်မဟုတ်ဘဲ ကုန်းမြင့်ပုံဖြစ်​နေတာကို​တွေ့ရပါတယ်။
Goggle map အရ ကြည့်မယ်ဆို 21°14'32.9" N
96°19'41.7"E လောက်မှာရှိပါတယ်။
မြန်မာနိုင်ငံ ရဲ့ Centre လို့​တောင်​ပြောလို့ရပါတယ်။
​ ခြေရာ အရှည်အားဖြင့် အနည်းဆုံး ၂ မိုင်ဝန်းကျင်​လောက်ရှိမယ်ခန့်မှန်းရပါတယ်။
ဒီမြင်ကွင်က View from above အ​ပေါ်ကကြည့် မှသာမြင်ရမှာဖြစ်ပါတယ်
ဥပမာ ။ ဆီးရီးယား တို့ ဆော်ဒီအာ​​ရေးဗျ တို့မှာ မြင်ရတဲ့ စက်ဝိုင်းပုံ သဏ္ဌာန် ကျောက်တုံးအစီအမံ​တွေက
လည်းအ​ပေါ်ကကြည့်မှမြင်ရတာပါ။ သို့​သော် လွန်ခဲ့တဲ့
နှစ်​ပေါင်း ၂၀၀၀ ခန့်က လူလုပ် စက်ဝိုင်း​ကျောက်တုံးအစီအမံ​တွေက သတ္တဝါကြီး​တွေကို ဖမ်းဖို့​ ထောင်ချောက်​တွေသာဖြစ်တယ်လို့ သု​သေသီ​တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
သို့​သော် မြန်မာနိုင်ငံက ခြေရာပုံ​လောက်​တော့ စိတ်ဝင်စားစရာမ​ကောင်းဘူးလို့ထင်ပါတယ်။
Artificial နဲ့ Nature နဲ့က​တော့ကွာပါတယ်။
ဘာဘဲဖြစ်ဖြစ် မြန်မာနိုင်ငံ အသည်းပုံ "ရိခ်ရေကန်" က​​တော့ ကမ္ဘာ​ကျော်လူသိများပါတယ်။
အခုမြင်​နေရတဲ့ ခြေရာပုံကလည်း​နောက်များမှာ
ကမ္ဘာကသိလာမှာပါ။



#သံဇဥ်မိုးဇတ်

14/11/2021

Myanmar historic မှ ခရီစဉ်များ ရောင်းချခြင်းကို ခရီးသည်များဧ။်လုံခြုံရေးအား အပြည့်အ၀ အာမခံချက် မပေးနိုင်သေးပါသဖြင့်ခဏရပ်ဆိုင်း ထားပါကြောင်း ချစ်လှစွာသော မိတ်ဟောင်း မိတ်သစ် ခရီသည်များအား အသိပေးအပ်ပါသည် ခရီစဉ်များ ပြန်လည်ရောင်းချပါက page တွင် ကြေငြာပေးသွားပါမည်ရှင်

20/10/2021
12/07/2021
ကိုယ်ခံအားကောင်းဖ်ု့ကြိုတင်ကာကွယ်ရန်1.ကြက်ဥ ပြုတ် ( နေ့ 1 မှ 2 )2. Ovaltine တစ်ခွက် or 2 ခွက် or Ensure 3. အားဆေး (Becoz...
12/07/2021

ကိုယ်ခံအားကောင်းဖ်ု့ကြိုတင်ကာကွယ်ရန်

1.ကြက်ဥ ပြုတ် ( နေ့ 1 မှ 2 )
2. Ovaltine တစ်ခွက် or 2 ခွက် or Ensure
3. အားဆေး (Becozinc)မနက် 1
4. Vitamin C 500 အား 1 လုံး or 2လုံး
6.Vitamin D3 1000iu ( တစ်နေ့ တစ်လုံး)
5. စွတ်ပြုတ်ရည် နှငိ့အသီး အရွက် ကြော်
5. ထမင်း သို့ ပေါင်မုန့် ပေးရန့်
6. အသီး များစားပေးရန် ပန်းသီး မလာကာသီး ငှက်ပျောသီးနှင့်အရည်ရွမ်းသောအသီး
စားနေနိုင်သရွေ့အဟာရ ရှိမည့် အစားအစာကို စားပေးရန်

သတိပြုရန်
1. အအေးမမိစေရန်
2. အိပ်ရေးဝဝ အိပ်ရန် လို

Naw Kham

"ချယ်ရီဝေတဲ့ ပတ္တမြားမြေ"
14/01/2021

"ချယ်ရီဝေတဲ့ ပတ္တမြားမြေ"

လွိုင်မွေတောင်စခန်း​ပေါ်မှ ချယ်ရီမြင်ကွင်းအလှများ
05/01/2021

လွိုင်မွေတောင်စခန်း​ပေါ်မှ ချယ်ရီမြင်ကွင်းအလှများ

Address

Pann Pin Gyi
Yangon
11101

Telephone

+959451202546

Website

Alerts

Be the first to know and let us send you an email when Myanmar Historic Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Historic Travel:

Videos

Share


Other Tours & Sightseeing in Yangon

Show All