09/04/2024
မနေ့က အမနဲ့ Visa+Ticket ဖြတ်ပီးလာတဲ့ ကလေးတစ်ယောက်က လာမေးလို့ပါ ‼️‼️
အမ Flight က Kg ဘယ်လောက်ဆန့်လဲ ဘာတွေသယ်လာရမလဲဆိုလို့ အမ ပြန် Share ပေးပါ့မယ် ✅✅
➡️ No-1
💥💥 အစားအစာ 💥💥
စားစရာပဲ များများသယ်လာပါ။ ဖြစ်နိုင်ရင် ကိုယ် Visa ဝယ်ထားတဲ့ 2 month စာ လောက်အောင်ထိ သယ်လာတာ အကောင်းဆုံးပါ။ အမလာတုန်းကဆို Luggage နဲ့အပြည့် တစ်ခုလုံးက စားစရာပဲ သယ်လာပါတယ်။
Dubai မှာက စားစရာက မရှားပေမယ့် မြန်မာစားစရာတွေက ဈေးကြီးပီးဝယ်ရခက်ပါတယ်။ ကိုယ်က သူများနိူင်ငံ ရောက်ရောက်ချင်း သူတို့နိုင်ငံမှာ အလွယ်တကူ ရောင်းတဲ့ အစားအစာတွေကို ခံတွင်းမတွေ့ စားနေကျ မဟုတ်တော့ မစားနိုင်သလို သူတို့နိုင်ငံ ပိုက်ဆံနဲ့ဆို ဈေးတန်ပေမယ့် မြန်မာ ပိုက်ဆံနဲ့တွက်ရင်တော့ ဈေးကြီးပါတယ်။
ဘာနေနေ အနိမ့်ဆုံး Breakfast လေး တစ်ခါစားရင်တောင် Fast food ဆို 10AED မကုန်ပဲ မရပါဘူး။ မြန်မာငွေနဲ့ဆို 1သောင်းပါ။ အနိမ့်ဆုံး အောက်ထစ်ပါ။ Dubai မှာ အလုပ်ရပီး ဝင်ငွေရှိပီဆိုရင်တော့ 10AED ဆိုတာ လွယ်လွယ်ကူကူ သုံးနိုင်ပေမယ့် မြန်မာကနေ ရောက်ခါစဆို မြန်မာငွေနဲ့ တွက်ပီးနေရတော့ ကိုယ်တွေအတွက်တော့ Breakfast တစ်ခါစာ တစ်သောင်းက နေ့တိုင်းဆို အရမ်းထိပါတယ်။ဒါကြောင့်မြန်မာပြည်ကနေ အခြောက်အခြမ်း ကိုယ်ကြိုက်တတ်တာလေးတွေ ခေါက်ဆွဲခြောက် ရှမ်းခေါက်ဆွဲအထုပ်လိုမျိုးလေးတွေ ငါးပိငါးခြောက် ဘာလချောင် ဆိတ်သားခြောက်လိုမျိုးတွေ အနည်းဆုံး ၂လစာလောကိတော့ ယူသာယူလာပါ။ Luggage နဲ့ သယ်နိုင်သလောက် စားစရာသာ သယ်လာပါ။
➡️ No-2
💥💥 Luggage & Hand Carry Kg 💥💥
Luggage ဝယ်တဲ့နေရာမှာလည်း Size သေးသေးလေးတွေ မဝယ်ပဲ 30kg ဆန့်တဲ့ Size 30" တစ်လုံး + Hand Carry ဆန့်တဲ့ Size 7kg အတွက် တစ်လုံး+ Backpack 🎒 ကျောပိုးထဲမှာ 5kg ထိ ထည့်လို့ရတဲ့ ဟာမျိုး ဝယ်ပါ။
ပစည်းထည့်တဲ့ နေရာမှာလည်း အရည်ပါတာမျိုး ငါးပိငါးခြောက်လို အနံအရမ်းပြင်းတာမျိုးတွေ Luggage ထဲပဲ ထည့်သယ်ပါ။
အမလာတုန်းကတော့ Skincare Cosmetics နဲ့ အစားအသောက် အကုန်လုံးကို Luggage ထဲပဲ ထည့်သယ်ပါတယ်။အဝတ်အစားသီးသန့်အကုန်လုံးကိုပဲ Hand Carry ထဲ ထည့်သယ်ပါတယ်။
Hand Carry အိတ်ကိုတော့ Size သေးပဲ ဝယ်ပါ။ Hand Carry Size ကြီးရင်လည်း လေဆိပ်က လကိမခံသလို Hand Carry ထဲမှာ အရည် အစားအသောက် အစို အနံ့အရမ်းပြင်းတာမျိုး ပါတာတွေလည်း လေဆိပ်က ချန်ထားခိုင်းပါတယ်။
ဒါကြောင့်လွတ်လွတ်ကင်းကင်း အဝတ်အစားပဲသယ်ပါနော်။
Hand Carry အိတ် ကိုလည်း Luggage အိတ်အကြီးကြီးနဲ့ မသယ်မိပါစေနဲ့ သူတို့ချန်ထားခိုင်းပါတယ်။
Hand Carry က တစ်ခါတစ်လေ သူတို့ မချိန်ခိုင်းတတ်လို့ kg ပိုလို့တော့ရပေမယ့် အိတ်ကိုတော့ Size အကြီးကြီးနဲ့ လုံးဝ မသယ်မိပါစေနဲ့။
➡️ No-3
💥💥 အဝတ်အစား 💥💥
အဝတ်အစားကိုတော့ အပေါ်ကညီမလေး Saung Hay Mann Share ပေးထားသလိုပဲ ဒီ Dubai ရောက်မှ ဝယ်လို့ရပါတယ်
ဝယ်တတ်ရင် Brand တွေကို ဈေးတန်တန်နဲ့ရပါတယ်
ပီးတော့ အဝတ်အစားကို အများကြီး သယ်မလာပါနဲ့။အစားအစာကိုသာ အဓိက ထားသယ်ပါ။‼️‼️
အဝတ်အစားကို အဓိက အင်တာဗြူး ဖြေတဲ့အခါသွားဖို့ အပေါ်က Shirt အဖြူ အောက်က Style Pant 2စုံ 3စုံလောက်ဆို ရပါပီ ကုတ်တွေ ဘာတွေလည်း အရမ်းကြီးမလိုပါဘူး။
ကျန်တာကတော့ ပေါ့ပေါ့ပါးပါး ဝတ်ဖို့ရယ် အနွေးထည် ၁ထည် ၂ထည်လောက်ဆိုရပါပီ
Dubai က ဆောင်းတွင်းဆို အေးပေမယ့်အကြာကြီးတော့ မဟုတ်ပါဘူး
12လမှာ 10လလောက်ကတော့ အရမ်းပူပါတယ်
တစိခုရှိတာက အပြင်မှာအရမ်းပူတဲ့အတွက် အခန်းတိုင်းက Aircon 24 နာရီ Central နဲ့ ဖွင့်ထားတော့ အပြင်မှာဘယ်လောက်ပူပူ အခန်းတွေတိုင်းကတော့ အရမ်းအေးတတ်ပါတယ် ။ အများနဲ့နေရပီး Central လည်း ဖြစ်တဲ့အတွက် ပိတ်လို့လည်းမရသလို လျော့လိုလည်းမရပါဘူး။ ဒါကြောင့် ရောက်ခါစဆို အသားမကျသေးရင် အခန်းတွေထဲကတော့ အေးတတ်ပါတယ်။ အအေးမကြိုက်တဲ့ သူဆို လက်ရှည် ခပ်ပါးပါးလေးတွေ တစ်စုံ နှစ်စုံထည့်လာပါ။
အထဲမှာတော့ အရမ်းအေးပေမယ့် နွေရာသီဆိုရင်တော့ အပြင်ကျ အရမ်းပူပြန်ပါတယ်။
ဒါပေမဲ့ အခုလာမယ့် Oct,Nov,Dec ကတော့ ဆောင်းတွင်းရောက်ပီမို့ အရမ်းတော့ မပူတော့ပါဘူး။
နေထိုင်းကာင်းယုံလောက်လေးပါပဲ။ ဒီကာလ လာကြတဲ့ သူတွေကတော့ ကံကောင်းကြပါတယ်။
အဝတ်အစားက အတိုချုပ်ရရင် အမပြောသလိုပဲ Interview ဖြေဖို့ Formal Dress 2စုံ 3စုံရယ်
ပေါ့ပေါ့ပါးပါး ဝတ်ဖို့ 3,4စုံရယ်
အခန်းထဲ ဝတ်ဖို့ လက်ရှည် ခပ်ပါးပါး 2စုံ 3စုံ လောက်ရယ်ဆို ရပါပီ
Hand Carry ထဲ 7kg ဆန့်ယုံလောက် ထည့်သယ်ခဲ့ရင်ရပါပီ
➡️ No-4
💥💥 အခြားအသုံးအဆောင် 💥💥
အခြားအသုံးအဆောင် ပစည်းတွေ ဖြစ်တဲ့ စောင် ခြင်ထောင် အိပ်ရာ ခေါင်းအုံး ဘာမှ မသယ်ခဲ့ပါနဲ့
Kitchen သုံးပစည်းတွေ ဖြစ်တဲ့ ပေါင်းအိုး အိုးခွက် ပန်ကန် စတာတွေ ဘာမှ မသယ်ခဲ့ပါနဲ့
kg လေးတာပဲရှိပီး ဒီကျလည်း ဝယ်လို့ရပါတယ် အရမ်းဈေးကြီးပီး ရှာရခက်တာတွေ မဟုတ်ပါဘူး
ကိုယ်က စိုးရိမ်လွန်ပီးအကုန်ထည့်လာလို့ လေဆိပ်ရောက်မှ kg တွေပိုနေရင်အကုန်ထားခဲ့ရပါမယ်
extra charges တွေပေးရရင်လည်း လေဆိပ်က extra kg ဖိုးက အရမ်းဈေးကြီးပါတယ်
ဒါကြောင့် kg ကို လိုအပ်သလောက်ပဲ အမပြောထားသလို ဦးစားပေးသယ်ပါ
တခြားမလိုအပ်တာတွေ အရမ်းမသယ်ပါနဲ့ တကယိလို့ ကိုယ်က ကိုယ့်ဟာကိုယ် ပစည်းတွေ ထည့်ရင်း မဆန့်တော့ဘူး kg ပိုနေတယ်လို့ ထင်ရင်လည်း kg ကို ကြိုဝယ်ထားပါ
လေဆိပ်ရောက်မှ ဝယ်ရင် ဈေးပိုကြီးပါတယ် မသွားခင်ကတည်းက ကြိုဝယ်ထားရင် ဈေးနည်းနည်းသက်သာပါတယ်
Kg ဝယ်ချင်တယ်ဆိုရင်လည်း Air Ticket နဲ့အတူ မရွေးဆီလာပီး kg ဝယ်ချင်လို့ ဆိုပီး လာပြောလှည့်ပါ Air Ticket ပြပီး လိုသလောက် အနည်းဆုံး5kg ကစပီး ကြိုဝယ်ထားလို့ရပါတယိ
အာ့ဆိုရင်တော့ လေဆိပ်ရောက်ရင် kg မလောက်မှာမျိုး စိတ်မပူရတော့ဘူးပေါ့
သယ်လာရမယ့် ပစည်းတွေကတော့ အမပြောသလိုပဲ BedRoom နဲ့ဆိုင်တာတွေ Kitchen အသုံးအဆောင်တွေ လုံးဝ သယ်မလာပါနဲ့
Weight များပီး kg ပိုတာပဲ ရှိပါမယ်
➡️ No-5
💥💥 ဆေးဝါးပစ္စည်း 💥💥
သောက်နေကျ ဆေး ဘာညာရှိရင် ပိုပိုလိုလို ထည့်လာပါ။ကိုယ်သောက်နေကျဆေး ကုန်သွားရင် မြန်မာပြည်ကို Cargo နဲ့လှမ်းမှာလို့ ရပေမယ့် Cargo တိုင်းကတော့ ဆေးဆို အကုန်မသယ်ပေးပါဘူး
စိစစ်ပီးမှ သယ်ပါတယ်
ဆေးဆို ဈေးလည်းနည်းနည်း ပိုပေးရပါတယ်
Dubai မှာ ဝယ်လို့မရဘူးလား အမ မေးရင် No ပါ။ ‼️‼️
ဆရာဝန်ရဲ့ဆေးစာရွက်မပါပဲ ပါရာစီတမောက လွဲရင် ကျန်တာ ဘာမှ ဝယ်လို့မရပါဘူး
ဒါကြောင့် သောက်နေကျဆေးတွေရှိရင် တစ်ခါထဲသယ်လာပါ။
တခြား ယေဘုယျ အိမ်မှာဆောင်ထားရတဲ့ ဆေးတွေ ဖြစ်တဲ့ ပါရာစီတမော ဘာညာ အကိုက်အခဲပျောက်ဆေး ပိုးသတ်ဆေး အစာအိမ်အတွက် Air X လိုမျိုးတွေ ညောင်းညာကိုက်ခဲတာတွေအတွက် Voltex လိုမျိုးတွေ အဲ့လိုပုံမှန်အိမ်မှာဆောင်ထားရတဲ့ ဆေးတွေလည်း ယူလာခဲ့ပါ။
အဲ့လိုယေဘုယျ ဆေးတွေကကျ ဝယ်လို့မရဘူးတော့ မဟုတ်ဘူး ရပေမယ့် ဈေးအရမ်းကြီးပါတယ်။
Dubai က High Standard ရှိတာနဲ့အညီ ဆေးဝါးဆေးရုံဆေးခန်းကလည်း အလုပ်မရခင် Insurance မရှိသေးခင်ဆို ဈေး အရမ်းကြီးပါတယ်။
ရိုးရိုးဖျားနာ ကိုက်ခဲတာလေးလောက်နဲ့ ဆေးခန်းသွားပြရင်တောင် Insurance မရှိရင် အနိမ့်ဆုံး AED 100,200 ကုန်ပါတယ် ။
ဒါကြောင့် Dubai မှာ အလုပ်မရသေးခင်လုံးဝ မဖျားပါစေနဲ့။ နေရာဒေသနဲ့ ရာသီဥတု အကူးအပြောင်းကြောင့် ဖျားချင်လာတယ်ဆိုလည်း အိမ်ကပါလာတဲ့ ဆေးတွေပဲ သောက်ဖို့ ကြိုးစားပါ။
ဆရာဝန်ရဲ့ ဆေးထောက်ခံစာ မပါရင်လည်း ရိုးရိုးပိုးသတ်ဆေး အမောက်ဆလင် ချောင်းဆိုးပျောက်ဆေးလို ဆေးတောင် ဘယ်ဆေးဆိုင်ကမှ ဆေးကို မြန်မာပြည်လို လွယ်လွယ်ကူကူ ရောင်းမပေးပါဘူး။
ဒါကြောင့် အိမ်ကနေသယ်လာရရမယ့် ပစည်း ဦးစားပေး စာရင်းမှာ No/1 အစားအသောက်ပီးရင် No/2 အနေနဲ့ ဆေးဝါးကို ဦးစားပေးသယ်ခဲ့ပါ။
➡️ No-6
💥💥 ခွင့်မပြုထားသောပစည်းများ 💥💥
ဆေးဝါးအကြောင်း ပြောရင်း တစ်ဆက်ထဲ မသယ်ရမယ့် ခွင့်မပြုထားတဲ့ ပစည်းတွေ အကြောင်း ပြောပြပါမယ်။
ပိန်ဆေး မူးယစ်ဆေး တရားမဝင်ဆေးဝါး ဘာညာ လုံးဝ သယ်လို့မရပါဘူး။
တုတ် ဓား လက်နက် ဖြန်းဆေးဘာညာ လုံးဝ သယ်လို့မရပါဘူး
Cosmetics လို အရည်ပါတဲ့ ပစည်းတောင် 100ml ကျော်ရင် Luggage ထဲပဲ ထညိ့သယ်လို့ရပါတယ် Hand Carry က လုံးဝ သယ်ခွင့်မပြုမပါဘူး
ဒါကြောင့် Cosmetics လို အရည်ပါတဲ့ ပစည်းတွေ ဓားကတ်ကြေးလိုမျိုးတွေ သယ်ချင်ရင်လည်း Luggage ထဲပဲထည့်သယ်ပါ။ Hand Carry ထဲ လုံးဝ မထည့်ပါနဲ့။
တရားမဝင်မလွတ်ကင်းတာတွေကတော့ ဘယ်ထဲမှ သယ်လို့မရပါဘူး။ တကယ်လို့သူတို့စစ်လို့တွေ့ရင် မြန်မာလေဆိပ်ပဲဖစ်ဖစ် Dubai လေဆိပ်ပဲ ဖစ်ဖစ် ရဲက တစ်ခါထဲ ဖမ်းသွားပါတယ်။
တစ်ခါက မြန်မာ ညီမလေးတစ်ယောက် လူကြုံက ဆေးလိပ် ထည့်ပေးလိုက်လို့ သူသယ်လာပေးပါတယ်။ သူကလည်း ဆေးလိပ်ပဲ ထင်တာပါ။ မြန်မာလေဆိပ်ဘက်ကလည်း မသိပါဘူး။
Dubai လေဆိပ်မှာ လေဆာဖတ်ပီး စစ်တော့မှ မူးယစ်ဆေးမှန်း သိလို့ မိပီး တစ်ခါထဲ အမေးအမြန်းမရှိ ဖမ်းခေါ်သွားပါတယ်။ မိန်းကလေးပါနော်။ သူ့ယောကျာ်းက စိုးရိမ်လို့ လိုက်သွားတော့ သူ့ယောကျာ်း ပစည်းထင်ပီး သူ့ယောကျာ်း ကိုပါ အဖမ်းခံရပါတယ်။ ဒါကတော့ မြန်မာပြည်က လာတဲ့သူ သာဓကပါ။
အဲ့တာကြောင့် တရားမဝင်ပစည်းတွေ အပေါ်မှာ အမပြောထားတာတွေ လုံးဝ မသယ်ပါနဲ့
မသိတာရှိရင် အမကို လာမေးပါ
တခြားသိချင်တာရှိရင်လည်း အချိန်မရွေး လာမေးလို့ရပါတယ်။ အမအားတာနဲ့ ဖြေထားပေးပါ့မယ်။
➡️ Yway Lay Travel and Tour
☎️ 09-43046876 ( Myanmar Contact)
📲 0507266198 ( Dubai Contact)
.............................................
‼️‼️ Just my Opinion ‼️‼️
✅ If you want to share, Can Freely Share. ✅
⛔⛔ Please Do Not Copy my Post ⛔⛔