22/03/2024
ကျွန်တော်တို့ ခရီးထွက်မယ်လို့ စိတ်ကူးထားရင် အဝတ်အထည်တွေ ပစ္စည်းတွေ ထည့်ဖို့ ဦးစွာ Luggage ကိုထည့်စဉ်းစားဖို့လိုပါမယ်၊။
Luggage မှာ အမျိုးအစား အများကြီးရှိတယ်။
အဲ့ထဲမှာမှ ခရီး သိပ်မသွားဖူးတဲ့သူတွေ ဆိုရင် luggage သွားဝယ်တဲ့အခါမှာ ဆိုင်တွေက ချည်သားအိတ်ကို ညွှန်းတာ များကြပါ။ ဘာလို့လဲဆ်ိုရင် ပထမတစ်ချက် စျေးနှုန်းအရလည်း နည်းနည်းလေး သက်သာမှုရှိပါတယ်။ဒုတိယ အချက် အကြမ်းလည်း ခံပါတယ်လို့ ပြောပါလိမ့်မယ်။ တတိယ အချက် ပစ္စည်းလည်း ပိုဆန့်တယ်လို့ ပြောနိုင်ပါတယ်။
အဲ့တာ လုံးဝကြီး မမှန်ပါဘူး။
ခရီးသွားဖို့ luggage ဝယ်ဖို့ဆ်ိုရင် ချည်သားအိတ်ကို ဝယ်ဖို့ အကြံမပေးချင်ပါဘူး။
နံပါတ် (၁) ချည်သားအိတ်တွေက ဇောက်နက်ပြီး အပေါ်ပိုင်းမှာပဲ ဇစ် အဖုံးဖွင့် ပုံစံလာတာပါ။
နံပါတ်(၂) များသော အားဖြင့် ဘီး အသေးတွေနဲ့ လာပါတယ်
အဲ့မှာ ပြောချင်တာက ပစ္စည်းမထည့်ခင်ကတော့ အိတ်အလွတ် ပေါ့ပါးနေချိန်မှာတော့ ပြောစရာမရှိပါဘူး ဘီးလည်း ကောင်းကောင်း လိမ့်ပါတယ်။
ပစ္စည်း ထည့်ပြီး ချိန်မှာ ပစ္စည်းတွေဟာ ဇစ်ရှိတဲ့ ဘက်ကို ယိုင်ကြတာပါပဲ ။အဲ့လို ယိုင်ပြီဆို အိတ်က တည့်မနေနိုင်တော့ဘူးလဲကျဖို့ ရာခိုင်နှုန်း များပါပြီ။
ပြီးတော့ ဘီးတွေက သေးလို့ အိတ်ရဲ့ ဝန်ကို ကောင်းကောင်း မထမ်းနိုင်တဲ့အခါ လူက အားစိုက်ပြီး ဆွဲရပါတော့တယ်။ အိတ်က အလိုလို မရွေ့နိုင်တဲ့အခါလူပင်ပန်းနိုင်ပါတယ်။
အဲ့တာကြောင့် အိတ်ဝယ်တဲ့အခါ polymer fiber သား ဖြစ်ရမယ် zip extension ပါရမယ်(အဘယ်ကြောင့်ဆို) ဝန်ကျယ် ပစ္စည်းတွေ ပါတဲ့အခါ zip extension မပါရင် အများကြီး မဆံတော့ပါဘူး။နောက်တစ်ချက် ဘီးကိုကြည့်ရပါမယ် ဘီး ကြီးလေ ပိုကောင်းလေပါပဲ။ဝန်ထမ်းနိုင်တာပေါ့၊ဘီးမှာလဲ အမျိုးအစား အများကြီးရှိတယ် ဘီး နှစ်ခြမ်းပါဘီးနဲ့ တစ်ခြမ်းပါဘီးပါ၊ အဲ့နေရာမှာ နှစ်ခြမ်းပါ ဘီးကို ရွေးဝယ်သင့်တယ် ၊
အိတ်က ပစ္စည်း ထည့်ထားလဲ အားစိုက်တွန်းစရာမလိုပဲ အသာလေး ရွေ့နေမှ လူမပင်ပန်းနိုင်ပါမှာ၊
ခရီးသွားတဲ့အခါ အိတ်တွန်းနေတာနဲ့ လူပင်ပန်းရင် ခရီး သွားရကျိုးမနပ်နိုင်ပါ။
မပင်ပန်းပဲ ခရီးတွေ သွားနိုင်ကြပါစေ။
အောက်ပါ ပုံထဲကလျု အိတ်မျိုးကို ဝယ်သင့်ပါတယ်လို့ အကြံပြုပါတယ်၊မဝယ်ခင် သေချာလေး ရွေးစေကြပါ။