Nice Fare Travel & Tours

Nice Fare Travel & Tours We are offering International and Domestic Air Ticket with very reasonable price

ခရီးသွားရာသီအတွက် အဆင်သင့်ပဲလား?🤔ခုဆိုရင်​တော့ မြန်မာနိုင်ငံရဲ့ ခရီးသွားရာသီ​ရောက်လာပြီဖြစ်လို့ ခရီးထွက်မယ့်လူ​တွေ ဘယ်သွ...
07/04/2024

ခရီးသွားရာသီအတွက် အဆင်သင့်ပဲလား?🤔

ခုဆိုရင်​တော့ မြန်မာနိုင်ငံရဲ့ ခရီးသွားရာသီ​ရောက်လာပြီဖြစ်လို့ ခရီးထွက်မယ့်လူ​တွေ ဘယ်သွားရမလဲ ​တွေး​နေ​လောက်ပြီ​ပေါ့​နော်။ ပြည်တွင်းမှာပဲ ခရီးထွက်ဖို့ ​တွေး​နေကြတဲ့လူ​တွေအတွက် ခရီးသွားတဲ့အခါ သက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန်​ရောက်ရှိနိုင်ဖို့အတွက် Nice Fare Travel မှာ ပြည်တွင်းခရီးစဥ်​လေယာဥ်လက်မှတ်​တွေကို လွယ်လွယ်ကူကူ ဝယ်ယူလို့ရ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါ​တယ်​နော်😍

အခုရက်ပိုင်းအတွင်း လေယာဉ်လက်မှတ်ရရှိနိုင်သော ပြည်တွင်းခရီးစဉ်​တွေက​တော့

ရန်ကုန် ↔️ မန္တလေး

ရန်ကုန် ↔️ နေပြည်တော်

ရန်ကုန် ↔️ မော်လမြိုင်

ရန်ကုန် ↔️ ဟဲဟိုးတို့ပဲဖြစ်ပါတယ်။ ဒါ​ကြောင့် ခုံ​တွေမပြည့်ခင် မြန်မြန်​လေး​​တော့ဆက်သွယ်လိုက်ဖို့ လိုပါမယ်​ရှင်🥳💞

✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -

Nice Fare Travel ( Yangon Hot Lines)

📲09 773800683
📲09 750422436

Nice Fare Travel ( Mandaly Hot Lines)
📲09 750422436
📲09 773800683

🏢ရန်ကုန်ရုံးချုပ် ( ကံတော်ကြီးရိပ်မွန်အိမ်ယာ )
တိုက်အမှတ် ( Y8 ) ၊ အခန်းအမှတ် ( 102 ) ၊ Rose Garden Hotel မျက်နှာချင်းဆိုင် ၊ ကန်တော်ကြီးရိပ်မွန်အိမ်ယာ ၊ ပန်းဆိုးတန်းအထက်လမ်းမကြီး ၊ မ​င်္ဂလာတောင်ညွန့်
📳09750422436

👉ခရီးစဥ်​များ နှင့် ဗီဇာဝန်ဆောင်မှု ၊ ဟော်တယ်ဘိုကင် ၊ ခရီးသွားအာမခံ များ စုံစမ်းဝယ်ယူလိုပါက ~

Nice Fare Travel (Tour Department)
☎️09-750422436
☎️09-773800683

🏢ရန်ကုန်ရုံးခွဲ ( ၁ ) အောင်ဆန်းကွင်းမြောက်ဘက်တန်း
အောင်ဆန်းကွင်း မြောက်ဘက်တန်း ၊ ဂျိုးဖြူလမ်း ၊ မ​င်္ဂလာတောင်ညွန့်

🏢ရန်ကုန်ရုံးခွဲ ( ၂ ) သင်္ဃန်းကျွန်း ( Royal Ruby Hotel )
🏡 အမှတ် (၁၂) ၊ ရတနာလမ်းမကြီးမှ ၊ ခေမာသီလမ်း ( Sweety Home မျက်နှာချင်းဆိုင်လမ်း ဝင်ဝင်ခြင်းတစ်ခြံကျော် ) ၁၆ ကွေ့ မှတ်တိုင် အနီး Royal Ruby Hotel ၊သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့!!!

🏢မန္တလေးရုံး‌ခွဲ
အမှတ် ( ၁၆၃ ) ၂၈ လမ်း ၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြား ၊ ဟေမာဇလရပ်ကွက် ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။







မိတ်ဆွေတိုအတွက် စိတ်လှုပ်ရှားစရာတွေအပြည့် အစီအစဉ်လေးတစ်ခုကို 𝐍𝐢𝐜𝐞 𝐅𝐚𝐫𝐞 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 က ဖန်တီးပေးလိုက်ပါပြီ။ 💁‍♀️မေးခွန်း...
31/03/2024

မိတ်ဆွေတိုအတွက် စိတ်လှုပ်ရှားစရာတွေအပြည့် အစီအစဉ်လေးတစ်ခုကို 𝐍𝐢𝐜𝐞 𝐅𝐚𝐫𝐞 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 က ဖန်တီးပေးလိုက်ပါပြီ။
💁‍♀️မေးခွန်းလွယ်လွယ်လေးတွေ ဖြေရင်းနဲ့ ဖုန်း 𝐛𝐢𝐥𝐥 ကံစမ်းကြမယ်နော်။
𝐍𝐢𝐜𝐞 𝐅𝐚𝐫𝐞 ရဲ့ ခရီးစဉ်တိုင်းမှာ အားလုံးနဲ့အတူရှိနေမယ့် 𝐓𝐞𝐚𝐦 𝐦𝐞𝐦𝐛𝐞𝐫 အသစ်လေးက ဘယ်သူလဲ???

𝐀/𝐁/𝐂/𝐃 ထဲကနေ အဖြေမှန်တစ်ခုကိုသာ ရွေးချယ်ပေးပါ။

𝐀. 𝐊𝐰𝐢 𝐊𝐰𝐢
𝐁. 𝐊𝐨 𝐊𝐨
𝐂. 𝐊𝐢𝐭 𝐊𝐢𝐭
𝐃. 𝐊𝐮𝐞 𝐊𝐮𝐞

အောက်ပါစည်းကမ်းချက်လေးတွေနဲ့ ကိုက်ညီရင်တော့ ဒီအစီအစဉ်လေးမှာ ပါဝင်လိုရပါပြီရှင်။

𝟏)“𝐍𝐢𝐜𝐞 𝐅𝐚𝐫𝐞 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐚𝐠𝐞" ကို 𝐋𝐢𝐤𝐞 & 𝐟𝐨𝐥𝐥𝐨𝐰 လုပ်ပါ။

𝟐)ယခု 𝐏𝐨𝐬𝐭ကို 𝐋𝐢𝐤𝐞 လုပ်ပြီး 𝐏𝐮𝐛𝐥𝐢𝐜 ဖြင့် 𝐒𝐡𝐚𝐫𝐞 ပေးပါ။

𝟑)𝐒𝐡𝐚𝐫𝐞ထားသည့် 𝐏𝐨𝐬𝐭 ကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ပြီး ယခု 𝐏𝐨𝐬𝐭 အောက်မှာ အဖြေနှင့်တကွ မန့် ပေးပါ။

အမှတ်စဥ် ( ၃ ) ခုလုံးပြည့်စုံမှသာ ကံစမ်းမဲတွင် ပါဝင်ခွင့်ရပါမည်။

🗓ပါဝင်ဖြေဆိုပေးရမယ့် ကာလကတော့ (𝟐𝟗.𝟎𝟑.𝟐𝟎𝟐𝟒) ရက်နေ့မှ
(𝟎𝟑.𝟎𝟒.𝟐𝟎𝟐𝟒)ရက်နေ့ ည (𝟏𝟎)နာရီထိပါနော်။
📌အထက်ပါအချက်(𝟑)ချက်နဲ့မကိုက်ညီသူများ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
🕚𝐀𝐩𝐫𝐢𝐥 𝟓 ရက် ဗုဒ္ဓဟူးနေ့ နေ့လည် (𝟏𝟏) နာရီမှာ အဖြေမှန်သူထဲမှ 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐩𝐢𝐜𝐤𝐞𝐫 နဲ့ ရွေးချယ်ပြီး ဖုန်း 𝐛𝐢𝐥𝐥 မဲပေါက်သူ (𝟑𝟎) ဦးကို 𝐏𝐡𝐨𝐧𝐞 𝐁𝐢𝐥𝐥 𝟓𝟎𝟎𝟎 စီထည့်သွင်းပေးမည်ဖြစ်ပါသည်။
✅အငြင်းပွါးဖွယ်ရာ တစ်စုံတစ်ရာရှိပါက 𝐍𝐢𝐜𝐞 𝐅𝐚𝐫𝐞 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐚𝐦 ရဲ့ အဆုံးအဖြတ်သာ အတည်ဖြစ်ပါတယ်။



📢သင်္ကြန်တွင်းမှာ ခရီးလည်းသွားချင်တယ် ဘယ်ခရီးစဥ်မှလည်း လေယာဥ်လက်မှတ် မရတော့ မသွားရတော့ဘူးလား ? လူနည်းနည်းလေးနဲ့ Private ...
31/03/2024

📢သင်္ကြန်တွင်းမှာ ခရီးလည်းသွားချင်တယ်

ဘယ်ခရီးစဥ်မှလည်း လေယာဥ်လက်မှတ် မရတော့ မသွားရတော့ဘူးလား ?

လူနည်းနည်းလေးနဲ့ Private Toue ဆန်ဆန်လေးကို တန်တယ်ဆိုတာထက် တန်တန်လေး စီစဥ်ထားပါတယ် !

လူပြည့်ရန် အနည်းငယ်သာလိုတော့တာမို့ ၁၀၀ ရာနှုန်း ခရီးထွက်ရမယ့် ဒူဘိုင်း- အဘူဒါဘီ ခရီးစဥ်ကို အခုပဲ စာရင်းပေးသွင်းပြီး 75 USD Discount ရယူလိုက်တော့နော် !

🏨4 Stars Hotel
✈️MAI Direct Flight
🗓14 Apr - 19 Apr
💰2375 USD

၃၁.၃. ၂၀၂၄ နေ့ စာရင်းပိတ်ပါမည် ။

ခရီးစဥ်အသေးစိပ်သိလိုပါက 👇

Nice Fare ရဲ့ ခရီးစဉ်တိုင်းမှာအားလုံးနဲ့အတူရှိနေမယ့် Kit Kit 🥳🥳Kit Kit ကတော့ Nice Fare ရဲ့ ခင်တတ်မင်တတ်တဲ့ Team member အ...
31/03/2024

Nice Fare ရဲ့ ခရီးစဉ်တိုင်းမှာအားလုံးနဲ့အတူရှိနေမယ့် Kit Kit 🥳🥳

Kit Kit ကတော့ Nice Fare ရဲ့ ခင်တတ်မင်တတ်တဲ့ Team member အသစ်လေးဖြစ်ပြီးတော့ အခုအချိန်ကနေစပြီးအားလုံးရဲ့ ခရီးစဉ်တိုင်းမှာ အတူလိုက်ပါပြီးရှိနေပေးသွားမှာဖြစ်ပါတယ် 🥰❤️

Kit Kit လေးနဲ့ခရီးထွက်ဖို့ရယ်ဒီပဲလား ??

✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -
✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -
အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး


𝗝𝗼𝗯 𝗩𝗮𝗰𝗮𝗻𝗰𝘆 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁!📢နိုင်ငံတကာ နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ဘဝ အာမခံချက်ရှိ တဲ့ အတတ်ပညာကို လေ့လာသင်ယူတတ်မြောက်လ...
31/03/2024

𝗝𝗼𝗯 𝗩𝗮𝗰𝗮𝗻𝗰𝘆 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁!📢

နိုင်ငံတကာ နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ဘဝ အာမခံချက်ရှိ တဲ့ အတတ်ပညာကို လေ့လာသင်ယူတတ်မြောက်လိုသူများအတွက် ‌အတူတကွ လက်တွဲဆောင်ရွက်ရန် Nice Fare Travel မှ ဝန်ထမ်းသစ်များကို နွေးထွေးစွာကြိုဆိုပါသည်။

👉 Tour Operator
👉 Finance Staff
👉 Admin Staff

✅Tour Operator post လျှောက်ထားလိုသူများသည်-

☑️တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရထားသူဖြစ်ရပါမည်။
☑️ခရီးသွားလာရေးလုပ်ငန်း အတွေ့အကြုံ ရှိသူဦးစားပေးမည်။
☑️Microsoft Office Software ( Word, Excel,Email & Internet )
ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
☑️လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
☑️ Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်ရမည်။
☑️အင်္ဂလိပ်စာ 4 skills ကျွမ်းကျင်ရပါမည်။( အခြားဘာသာစကားများတတ်မြောက်လျှင်ပိုကောင်းပါသည် )
☑️လိုအပ်လျှင် အချိန်မရွေးခရီးသွားလာနိုင်ရမည်။
☑️လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှုင်းနိုင်သည်။

✅Finance Staff လျှောက်ထားသူများသည်-

👉 ဘွဲ့ရ (Any Graduate ၊ LCCI Level 2 ပြီးထားသူဖြစ်ရမည်။

📌 Microsoft Word, Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

📌 မြန်မာနိုင်ငံသားဖြစ်ပြီး လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။

📌English skills အသင့်အတင့်ရှိရမည်။

📌အလုပ်ကိုစိတ်ပါဝင်စားစွာ ရေရှည်လုပ်ကိုင်နိုင်ပြီး အဖွဲ့အစည်း နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။

👉လေကြောင်းလိုင်း နှင့် သက်ဆိုင်သောစာရင်းပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

အထက်ပါ ရာထူးလျှောက်ထားသူများသည် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လစာညှိနှိုင်းနိုင်သည် ။

[email protected] မှ ဖြစ်စေ ၊ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ CV Form များ ပေးပို့ လျှောက်ထားနိုင်ပါသည် ။

👉Nice Fare Travel & Tour

🏢ရန်ကုန်ရုံးချုပ် ( ကံတော်ကြီးရိပ်မွန်အိမ်ယာ )
ကန်တော်ကြီးရိပ်မွန်အိမ်ယာ ၊ ပန်းဆိုးတန်းအထက်လမ်းမကြီး ၊ မင်္ဂလာတောင်ညွန့်
🏢ရန်ကုန်ရုံးခွဲ ( ၁ ) အောင်ဆန်းကွင်းမြောက်ဘက်တန်း
အောင်ဆန်းကွင်း မြောက်ဘက်တန်း ၊ ဂျိုးဖြူလမ်း ၊ မင်္ဂလာတောင်ညွန့်
🏢ရန်ကုန်ရုံးခွဲ ( ၂ ) သင်္ဃန်းကျွန်း ( Royal Ruby Hotel )
🏡 အမှတ် (၁၂) ၊ ရတနာလမ်းမကြီးမှ ၊ ခေမာသီလမ်း ( Sweety Home မျက်နှာချင်းဆိုင်လမ်း ဝင်ဝင်ခြင်းတစ်ခြံကျော် ) ၁၆ ကွေ့ မှတ်တိုင် အနီး Royal Ruby Hotel ၊သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့!!!
🏢မန္တလေးရုံး‌ခွဲ
အမှတ် ( ၁၆၃ ) ၂၈ လမ်း ၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြား ၊ ဟေမာဇလရပ်ကွက် ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။







👍အတုတွေ များတဲ့ ခေတ်မှာ အလိမ်မခံရလေအောင် Nice Fare Travel & Tour ၏ page အစစ်ကို Like & Follow လုပ်ထားမှ စိတ်ချရ...
31/03/2024

👍အတုတွေ များတဲ့ ခေတ်မှာ အလိမ်မခံရလေအောင် Nice Fare Travel & Tour ၏ page အစစ်ကို Like & Follow လုပ်ထားမှ စိတ်ချရမယ့်နော်

👍👍Page အစစ်ကို Like & Follow လုပ်ထားခြင်းအားဖြင့်👍

☑️လေယာဥ်လက်မှတ် နဲ့ Visa , Hotel အစရှိတဲ့ ခရီးသွား ဝန်ဆောင်မှုတွေကို စျေးနှုန်း မှန်မှန်ကန်ကန်နဲ့ ဝယ်ယူရရှိနိုင်ပါမယ်

☑️Seasonal အလိုက် Promotion စျေးနှုန်းတွေ အချိန်နှင့်တပြေးညီ သိရှိနိုင်လို့ စျေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပါမယ်

☑️ခရီးသွားလာခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ပက်သက်တဲ့ Information တွေကို up to date သိရှိနိုင်ပါမယ်

☑️အနည်းဆုံး "ဂျင်း" မမိတော့ ခရီးသွားဧည့်သည်တော်များ အာရုံနောက် သက်သာစေမှာတော့ အမှန်ပါပဲရှင် !

Nice Fare Travel ၏ Page အစစ်ကို Like & Follow လုပ်ထားနိုင်ဖို့ Page link လေးချထားပါတယ်ရှင့် !!
!အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး


မန္တလေး ၊ ပဲခူး ၊ပုသိမ် နှင့် နေပြည်တော်မြို့များအတွက် Passport QR ကို ယနေ့မှစ၍ Online မှ လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင...
31/03/2024

မန္တလေး ၊ ပဲခူး ၊ပုသိမ် နှင့် နေပြည်တော်မြို့များအတွက် Passport QR ကို ယနေ့မှစ၍ Online မှ လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း ခရီးသွား ဧည့်သည်တော်များအား သတင်းကောင်းပါးအပ်ပါသည် !

MAI မှ ချင်းမိုင်သို့ တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းပြေးဆွဲပြီ!ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ နာမည်ကျော်ပွဲတော်တွေနဲ့ သာယ...
31/03/2024

MAI မှ ချင်းမိုင်သို့ တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းပြေးဆွဲပြီ!

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ နာမည်ကျော်ပွဲတော်တွေနဲ့ သာယာလှပလွန်းတဲ့ လည်ပတ်စရာနေရာတွေကို အရောက်သွားဖို့ အသင့်ပြင်ထားလိုက်တော့နော်!

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ပိုမိုလွယ်ကူတဲ့ခရီးစဉ်တွေနဲ့ ဆက်သွယ်သွားလာနိုင်ဖို့ MAI မှ ချင်းမိုင်ခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ချင်းမိုင်ခရီးစဉ်တွေကို USD 119 မှစတင်ပြီး Nice Fare Travel တွင် ဝယ်ယူရရှိနိုင်ပါပြီ !


✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -
အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး


ထိုင်းမှာ နှစ်ရှည်လများ နေထိုင်လိုပါသလား ? Thailand Elite Visa ထက်ပိုပြီး လူကြိုက်များလာတဲ့ LTR Visa🇹🇭 ထိုင်းနိုင်ငံမှာ ...
31/03/2024

ထိုင်းမှာ နှစ်ရှည်လများ နေထိုင်လိုပါသလား ?

Thailand Elite Visa ထက်ပိုပြီး လူကြိုက်များလာတဲ့ LTR Visa

🇹🇭 ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်ချင်ကြတဲ့လူတွေအတွက် အရင်က 𝗘𝗹𝗶𝘁𝗲 𝗩𝗶𝘀𝗮 က လူကြိုက်များပါတယ်။ နေထိုင်ခွင့်ကို အခကြေးငွေပေးဝယ်ရတာဖြစ်တဲ့ Elite Visa ဟာ တန်ကြေးဘတ်ငွေ သိန်းဂဏန်းကနေစလို့ သန်းဂဏန်းအထိ အစားစားရှိပြီး အနည်းဆုံး ၅ နှစ်ကနေ အများဆုံး နှစ် ၂၀ အထိ နေထိုင်ခွင့်ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခု ပြီးခဲ့တဲ့လပိုင်းက ပြောင်းလဲလိုက်တဲ့ 𝗘𝗹𝗶𝘁𝗲 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗣𝗮𝗰𝗸𝗮𝗴𝗲 အသစ်တွေကြောင့် package ကြေးတွေဟာ အများဆုံး ၂ ဆလောက်အထိ 🔺 စျေးတက်သွားခဲ့ပါတယ်။

ဒီအပြင်ကိုမှ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က အသစ်ထွက်လာတဲ့ 𝗟𝗧𝗥 𝗩𝗶𝘀𝗮 (𝗟𝗼𝗻𝗴 𝗧𝗲𝗿𝗺 𝗥𝗲𝘀𝗶𝗱𝗲𝗻𝘁) က အခု Elite နဲ့ယှဥ်လိုက်ရင် စျေးပိုသက်သာနေတဲ့အပြင် -

✅ Elite မှာလို တစ်ယောက်ချင်းမဟုတ်ဘဲ မိသားစုဝင် စုစုပေါင်း ၄ ယောက်အထိ နေထိုင်နိုင်တာ

✅ နေထိုင်ခွင့် အများဆုံး ၁၀ နှစ်ရှိတာကိုမှ တကယ်လို့ဘန်ကောက်မှာ ကွန်ဒိုပိုင်ဆိုင်မှုရှိထားရင် နှစ် ၂၀ အထိ နေထိုင်ခွင့်ရတာ

✅ အလုပ်လုပ်ခွင့် work permit ရတာ

✅ အလုပ်မှာ နိုင်ငံခြားသား ၁ ယောက် ထိုင်း ၄ ယောက် အချိုး ကင်းလွတ်ခွင့်ရတာ စတဲ့ အကျိုးခံစားခွင့်တွေပါ ရှိမှာဖြစ်လို့ အရင်လို Elite Visa ထက် အခုဆို LTR Visa ကိုသဘောကျ လျှောက်ထားမှုတွေ ပိုများလာပြီဖြစ်ပါတယ်။

𝗟𝗧𝗥 𝗩𝗶𝘀𝗮 နဲ့ပတ်သက်ပြီး လျှောက်ထားချင်တာပဲဖြစ်ဖြစ်၊ အသေးစိတ်အတိအကျ သိချင်တာပဲဖြစ်ဖြစ် အောက်ပါ contact information တို့ကတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -
အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး



🏢ရန်ကုန်ရုံးချုပ် ( ကံတော်ကြီးရိပ်မွန်အိမ်ယာ )
တိုက်အမှတ် ( Y8 ) ၊ အခန်းအမှတ် ( 102 ) ၊ Rose Garden Hotel မျက်နှာချင်းဆိုင် ၊ ကန်တော်ကြီးရိပ်မွန်အိမ်ယာ ၊ ပန်းဆိုးတန်းအထက်လမ်းမကြီး ၊ မ​င်္ဂလာတောင်ညွန့်

👉ခရီးစဥ်​များ နှင့် ဗီဇာဝန်ဆောင်မှု ၊ ဟော်တယ်ဘိုကင် ၊ ခရီးသွားအာမခံ များ စုံစမ်းဝယ်ယူလိုပါက ~

🏢ရန်ကုန်ရုံးခွဲ ( ၁ ) အောင်ဆန်းကွင်းမြောက်ဘက်တန်း
အောင်ဆန်းကွင်း မြောက်ဘက်တန်း ၊ ဂျိုးဖြူလမ်း ၊ မ​င်္ဂလာတောင်ညွန့်

🏢ရန်ကုန်ရုံးခွဲ ( ၂ ) သင်္ဃန်းကျွန်း ( Royal Ruby Hotel )
🏡 အမှတ် (၁၂) ၊ ရတနာလမ်းမကြီးမှ ၊ ခေမာသီလမ်း ( Sweety Home မျက်နှာချင်းဆိုင်လမ်း ဝင်ဝင်ခြင်းတစ်ခြံကျော် ) ၁၆ ကွေ့ မှတ်တိုင် အနီး Royal Ruby Hotel ၊သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့!!!

🏢မန္တလေးရုံး‌ခွဲ
အမှတ် ( ၁၆၃ ) ၂၈ လမ်း ၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြား ၊ ဟေမာဇလရပ်ကွက် ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့။

✈️ သင်္ကြန်ပိတ်ရက်လေးအတွက် Plan ကောင်းကောင်းမရှိသေးပဲဖြစ်နေလား❓သင်္ကြန်အမီစီစဉ်ပေးထားတဲ့ Nice Fare Travel - Internationa...
31/03/2024

✈️ သင်္ကြန်ပိတ်ရက်လေးအတွက် Plan ကောင်းကောင်းမရှိသေးပဲဖြစ်နေလား❓

သင်္ကြန်အမီစီစဉ်ပေးထားတဲ့ Nice Fare Travel - International Tour Package တွေနဲ့အတူ စိတ်လက်ချမ်းသာစွာ ကမ္ဘာတစ်ပတ် ခရီးဆန့်လိုက်ရအောင်ပါနော်❗️

😍 စျေးနှုန်းအသင့်အတင့်မှာ Facilities အပြည့်အစုံတစ်ခါတည်းပါဝင်ပြီး သင်္ကြန်ခရီးထွက်ဖို့ ကွက်တိဖြစ်စေမယ့်

Nice Fare Travel ရဲ့March ~ April နိုင်ငံရပ်ခြားခရီးစဉ်တွေမှာ လိုက်ပါပို့ဆောင်ဖို့စီစဉ်ထားတဲ့နေရာများကို ပုံတစ်ပုံချင်းစီကနေ အသေးစိတ် ဖော်ပြပေးလိုက်ရပါတယ်ရှင့် ❤️

🇰🇷Nice Fare Korea Tour
14/15 Apr 2024 ~ 21/22 Apr 2024

🕌Nice Fare Kashmir-Taj Mahal Tour
Day 1 ~ Day 6

🇯🇵Nice Fare Japan Tour
14/15 Apr 2024 ~ 21 Apr 2024

🇻🇳Nice Fare Vietnam Tour
14 Apr 2024 ~ 19 Apr 2024

🇦🇪Nice Fare Dubai - Abu Dhabi Tour
14 Apr 2024 ~ 19 Apr 2024

🕍Nice Fare Buddha Gaya Tour
06 Mar 2024 ~ 10 Mar 2024

🏝Nice Fare Bali Tour
Apr 13 ~ 17 2024

ခရီးစဉ်တစ်ခုချင်းစီအတွက် ကျသင့်မယ့်နှုန်းထားနဲ့ ပါဝင်မယ့် Facilities များအကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်နဲ့ လိပ်စာများသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။

👉ခရီးစဥ်​များ နှင့် ဗီဇာဝန်ဆောင်မှု ၊ ဟော်တယ်ဘိုကင် ၊ ခရီးသွားအာမခံ များ စုံစမ်းဝယ်ယူလိုပါက -
Nice Fare Travel (Tour Department)
အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ ဝယ်ယူလိုက်ပါ။
#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ် #စျေးအသက်သာဆုံး #ပြည်တွင်း #ပြည်ပ

✈ Transit Flight လေယာဉ်အဆင့်ဆင့် စီးမယ်ဆိုရင် သိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရ...
20/03/2024

✈ Transit Flight လေယာဉ်အဆင့်ဆင့် စီးမယ်ဆိုရင် သိထားရမယ့်အချက်များ

နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်ဖို့ ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

✅ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✅ Checked through လား၊ Self-Transfer လား သိထားရပါမယ်။

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✅ Transit Visa လို/မလို ကြည့်ပါ။

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✅ Layover/ Stopover Time

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✅ လေဆိပ်မှာ Check-in ဝင်တဲ့အခါ

ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✅ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✅ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✅ အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✅ Transit လေဆိပ်ရောက်တဲ့အခါ

⌚️ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✅Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✅ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✅ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✅ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ

အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။
ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။
ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။
✅အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗
တခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။
ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ
လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။
အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…
Nice Fare Travel & Tours
#ပြည်ပ #ပြည်တွင်း #စျေးအသက်သာဆုံး #ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်

----------------------------------------------------
✈️ ပြည်တွင်း / ပြည်ပ လေယာဥ်

“မြန်မာသံရုံး၊ မနီလာမြို့၏ ရုံးပိတ်ရက် အသိပေးကြေညာခြင်း”
19/03/2024

“မြန်မာသံရုံး၊ မနီလာမြို့၏
ရုံးပိတ်ရက် အသိပေးကြေညာခြင်း”

🇹🇭𝟏𝟎 နှစ်အထိ နေထိုင်ခွင့်ရမယ့် ထိုင်းနိုင်ငံရဲ့ နှစ်ရှည်ဗီဇာ (𝐋𝐨𝐧𝐠-𝐓𝐞𝐫𝐦 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚)ထိုင်းနိုင်ငံမှာ ၁၀ နှစ်အထိ နေထိုင...
16/03/2024

🇹🇭𝟏𝟎 နှစ်အထိ နေထိုင်ခွင့်ရမယ့် ထိုင်းနိုင်ငံရဲ့ နှစ်ရှည်ဗီဇာ (𝐋𝐨𝐧𝐠-𝐓𝐞𝐫𝐦 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚)

ထိုင်းနိုင်ငံမှာ ၁၀ နှစ်အထိ နေထိုင်ခွင့်ရှိမယ့် 𝐋𝐓𝐑 𝐕𝐢𝐬𝐚 လို့လည်းခေါ်တဲ့ နှစ်ရှည်ဗီဇာအကြောင်း ပြောပြချင်ပါတယ်။ ချမ်းသာကြွယ်ဝပြီး ဝင်ငွေကောင်းတဲ့ နိုင်ငံခြားသားတွေ၊ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ အဆင့်မြင့်ကျွမ်းကျင် professional တွေကို အဓိကဦးတည်တဲ့ ဗီဇာလည်းဖြစ်ပါတယ်။

𝐋𝐓𝐑 𝐕𝐢𝐬𝐚 ကို ဘယ်လိုသူမျိုးတွေ လျှောက်ထားလို့ရနိုင်သလဲ?

Long-Term Resident Visa လျှောက်ထားနိုင်သူတွေက အကြမ်းဖြင်းအားဖြင့် ၄ မျိုးရှိပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေ၊ ငွေကြမ်းချမ်းသာတဲ့ နိုင်ငံခြားပင်စင်စားတွေ၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေနဲ့ အဆင့်မြင့်ကျွမ်းကျင် professional တွေအတွက်ဆိုပြီးဖြစ်ပါတယ်။

1. ချမ်းသာကြွယ်ဝသူများ

အောက်က အချက်တွေ “အားလုံး” ပြည့်မီဖို့ လိုအပ်ပါတယ်။
• အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သန်း ($1,000,000 USD) ဖိုးတန်ကြေးရှိ ပိုင်ဆိုင်မှုတွေရှိရမယ်
• ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တစ်နှစ်ဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) ရှိထားရမယ်
• ထိုင်းအစိုးရငွေချေးစာချုပ် (သို့မဟုတ်) တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ထိုင်းအိမ်ခြံမြေတို့မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သိန်း ($500,000 USD) ဖိုး ရင်းနှီးမြှုပ်နှံထားရမယ်

2. ချမ်းသာကြွယ်ဝသော ပင်စင်စားများ

အောက်က အချက်တွေထဲက “၁ ချက်” ပြည့်မီဖို့ လိုအပ်ပါတယ်။
• တစ်နှစ်ပုံမှန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) နဲ့အထက်ရှိနေတဲ့ အသက် ၅၀ ကျော် ပင်စင်ယူထားသူများ
• အကယ်၍ ပင်စင်စားဟာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) မရှိနေပေမယ့် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ သောင်း ($40,000 USD) ထက် ပိုရနေတယ်ဆိုရင် ထိုင်းအစိုးရငွေချေးစာချုပ် (သို့မဟုတ်) တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ထိုင်းအိမ်ခြံမြေ တို့မှာ အမေရိကန်ဒေါ်လာ ၂ သိန်း ၅ သောင်း ($250,000 USD) ရင်းနှီးမြှုပ်နှံထားသူများ

3. ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်နေသူများ

ကိုယ်ပိုင်ဝင်ငွေအနေနဲ့ အောက်က “၁ ချက်” ပြည့်မီရပါမယ်
• ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တစ်နှစ်ဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) ရရှိသူများ
• တစ်နှစ်ကိုယ်ပိုင်ဝင်ငွေက အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) မပြည့်မီပေမယ့် အမေရိကန်ဒေါ်လာ ၄ သောင်း ($40,000 USD) ကျော်ခဲ့တယ်ဆိုရင် မာစတာဘွဲ့ (Master’s Degree) နှင့်အထက်ရရှိထားသူ (သို့မဟုတ်) အိမ်ခြံမြေပိုင်ဆိုင်မှုရှိသူ (သို့မဟုတ်) Series A အဆင့် ထောက်ပံ့ငွေရရှိထားသူများ

လက်ရှိ မိမိအလုပ်ရှင်ကလည်း အောက်က တစ်ချက်ပြည့်မီရပါမယ်
• Stock market ပေါ်တွင်ရှိသော public company ရှိထားသူ
• အနည်းဆုံး ၃ နှစ်လည်ပတ်ထားတဲ့ Private Company မှာမှ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း စုစုပေါင်းအမြတ်ငွေ (combined revenue) အဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း၁၅၀ ($150 million USD) ရှိထားသူ

ကိုယ်ပိုင်အတွေ့အကြုံအနေနဲ့
• ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လက်ရှိလုပ်ငန်းအတွေ့အကြုံသက်တမ်း ၅ နှစ် ရှိထားသူ

4. အဆင့်မြင့် ကျွမ်းကျင်သူ Professional များ

ကိုယ်ပိုင်ဝင်ငွေပိုင်းမှာ အောက်က တစ်ချက် ပြည့်မီရပါမယ်

• ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တစ်နှစ်ဝင်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) ရှိထားသူ
• တစ်နှစ်ကိုယ်ပိုင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သောင်း ($80,000 USD) ရှိမထားပေမယ့် အမေရိကန်ဒေါ်လာ ၄ သောင်း ($40,000 USD) ကျော်ခဲ့တယ်ဆိုရင် သိပ္ပံ နှင့် နည်းပညာ (Science and Technology) ဘာသာရပ် (သို့မဟုတ်) မိမိအလုပ်နဲ့သက်ဆိုင်ရာ ဘာသာရပ်မှာ မာစတာဘွဲ့ (Master’s degree) နှင့်အထက် ရထားရမယ် (ထိုင်းအစိုးရအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူ professional တွေအနေနှင့် အနည်းဆုံးဝင်ငွေ ပြရန်မလိုပါ)

လက်ရှိမိမိအလုပ်ရှင်ကလည်း အောက်က တစ်ချက် ပြည့်မီရပါမယ်

• ဘယ်လုပ်ငန်းရပ်မှာမဆို စီးပွားရေးလုပ်ငန်းတစ်ခုရှိသူ
• အဆင့်မြင့်ပညာရေးအဖွဲ့အစည်း (သို့မဟုတ်) သုတေသနအဖွဲ့အစည်း (သို့မဟုတ်) အထူးသင်ကြားလေ့ကျင့်ရေးအဖွဲ့အစည်း (သို့မဟုတ်) ထိုင်းအစိုးရအဖွဲ့အစည်း တစ်ခုခုက ဖြစ်ရပါမယ်။

ကျန်းမာရေးအာမခံ

အပေါ်မှာ ပြောခဲ့တဲ့ လျှောက်ထားနိုင်သူအမျိုးအစား ၄ ခုလုံးမှာ ကျန်းမာရေးအာမခံအနေနဲ့ အောက်ကတစ်ချက် ရှိထားဖို့လိုအပ်ပါတယ်။

• အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သောင်းဖိုး ($50,000 USD) coverage
• ထိုင်းနိုင်ငံအတွင်း ဆေးကုသမှုခံယူခွင့်ပါ လူမှုဖူလုံရေးအကျိုးခံစားခွင့်
• အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သိန်းဖိုး ($100,000 USD) အာမခံအပ်ငွေ

မိသားစုဝင်တွေရာ‌ နေလို့ရနိုင်မလား?

𝐋𝐓𝐑 𝐕𝐢𝐬𝐚 ရရှိတဲ့သူနဲ့အတူ ဇနီး/ခင်ပွန်း နဲ့ အသက် ၂၀ အောက် သားသမီး (အားလုံးစုစုပေါင်း ၄ ယောက်) ဟာလည်း အလားတူ visa ရရှိမှာပါ။

တခြား ဘယ်လိုအကျိုးခံစားခွင့်တွေ ရှိဦးမလဲ?

𝐋𝐓𝐑 𝐕𝐢𝐬𝐚 ကိုင်ဆောင်ထားသူတွေအနေနဲ့ တစ်ခါကို ၁၀ နှစ်အထိ နေထိုင်ခွင့်အပါအဝင်
• ကုမ္ပဏီတွေမှာ ထားရှိတဲ့ “ထိုင်းလူမျိုး ၄ ယောက် : နိုင်ငံခြားသား ၁ ယောက်” policy ကနေ လွတ်လပ်ခွင့်
• ထိုင်းနိုင်ငံ လေဆိပ်တွေမှာ တန်းစီစရာမလိုဘဲ အလျှင်အမြန်ဖြတ်သန်းသွားလာခွင့် Fast Track Service
• ရက် ၉၀ သတင်းပို့ချက် (90-day report) က ၁ နှစ်တိုးသွားမှာဖြစ်သလို visa ကလည်း ကြိမ်ဖန်များစွာ ဝင်ထွက်လို့ရတဲ့ multiple entry ဖြစ်
• ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် (digital work permit)
• အဆင့်မြင့်ကျွမ်းကျင် professional တွေအတွက် 17% ကိုယ်ပိုင်ဝင်ငွေခွန်
စတာတွေ ရဦးမှာဖြစ်ပါတယ်။

ဒီအတွက် အပေါ်က အချက်တွေနဲ့ ပြည့်မီတဲ့သူတွေဟာ 𝐋𝐓𝐑 𝐕𝐢𝐬𝐚 လျှောက်ပြီး ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ အနားယူ၊ နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။

✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -

အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး


" ဆင်တူရိုးမှား Page အတု ဖုန်းနံပါတ်အတု သတိပြုပါ "Nice Fare Travel အမည်အား ဆင်တူရိုးမှား တုပ၍ လေယာဥ်လက်မှတ်များ လိမ်လည်ရ...
16/03/2024

" ဆင်တူရိုးမှား Page အတု ဖုန်းနံပါတ်အတု သတိပြုပါ "

Nice Fare Travel အမည်အား ဆင်တူရိုးမှား တုပ၍ လေယာဥ်လက်မှတ်များ လိမ်လည်ရောင်းချနေသော Page များနှင့် ဖုန်းနံပါတ်များ သေချာစွာ မြှားထိုးပြထားပါသည်။

Nice Fare Travel ၏ Page အစစ် မှ Hunt Line ဖုန်းနံပါတ်( ၂ ) လုံးကိုလည်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။

Nice Fare Travel ၏ အမှန်တကယ် ဖုန်း ၂ လုံးမှ လွဲ၍ အခြားဖုန်းများ အတုဖြစ်ကြောင်း ကြေငြာပါသည်။

အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး


" ထိုင်းဗီဇာ လျှောက်ထားရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၏ ကြောငြာချက်အသစ် "🇹🇭 ထိုင်းသံရုံးတွင်ဗီဇာလျှောက်ထားမှုများပ...
16/03/2024

" ထိုင်းဗီဇာ လျှောက်ထားရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၏ ကြောငြာချက်အသစ် "

🇹🇭 ထိုင်းသံရုံးတွင်ဗီဇာလျှောက်ထားမှုများပြားနေသောကြောင့် အောက်အ နည်းလမ်း ( ၂ ) သွယ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကြေငြာချက်အသစ် ထွက်ရှိပါသည်~

✔️Online မှတစ်ဆင့်ဗီဇာရက်ချိန်းယူခြင်း ( တစ်ရက် ၂၀၀ )
✔️သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်း ( တစ်ရက် ၂၀၀ )

✔️Online မှတစ်ဆင့်ဗီဇာရက်ချိန်းယူခြင်း
ဖော်ပြပါ QR သို့မဟုတ် ဝက်ဘ်ဆိုဒ် မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ရရယူနိုင်ပါပြီ!

✔️သံရုံးရှေ့တွင် လူကိုယ်တိုင်ဗီဇာရက်ချိန်းယူခြင်း ( တစ်ရက် ၂၀၀ )
ဖေဖော်ဝါရီ ၂၁ နေ့လည် ၂ နာရီတွင် ( ဖေဖော်ဝါရီ ၂၂ , ၂၃ ) ရက်နေ့များအတွက် တစ်ရက် ၂၀၀ နှုန်း ရရယူနိုင်ပါမည်။

အသေးစိပ်သိလိုပါက Nice Fare Travel ၏ Tour Department သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်~

" Congratulations Team "🏆Annual Trip 2024 မှာ Nice Fare Travel နှင့်အတူ နှစ်ပေါင်းများစွာ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဝန်...
16/03/2024

" Congratulations Team "

🏆Annual Trip 2024 မှာ Nice Fare Travel နှင့်အတူ နှစ်ပေါင်းများစွာ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းကောင်းများထဲမှ ဝန်ထမ်းလုပ်သက် ( ၅ ) နှစ်မှ ( ၁၉ ) နှစ်အထိ အကောင်းဆုံး ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား Congratulations ဂုဏ်ပြုဆုတံဆိပ်များနှင့် Bonus များအား တာဝန်ရှိသူများမှ အသီးသီး ချီမြှင့် မှတ်တမ်းတင်အပ်ပါသည် ! 👏👏👏

Nice Fare Travel ကို ယနေ့ထက်တိုင်အောင် ယုံကြည်စွာ နှစ်ပေါင်းများစွာ အားပေးဝန်းရံခဲ့ကြသည့် ခရီးသွား ဧည့်သည်တော်များ တစ်ဦးတစ်ယောက်ခြင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါသည် !!!



🏖တစ်နှစ်တာလုံး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့သမျှ  Annual Trip 2024 ချောင်းသာခရီးစဥ်လေးမှာ  ( ၃ ) ရက်တာ ပျော်ပျော်ရွှင်ရ...
16/03/2024

🏖တစ်နှစ်တာလုံး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့သမျှ Annual Trip 2024 ချောင်းသာခရီးစဥ်လေးမှာ ( ၃ ) ရက်တာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပြီးနောက် ရန်ကုန်မြို့ကို ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိခဲ့ပါပြီ !

⛱️Nice Fare Travel ဝန်ထမ်းများမှလည်း ယနေ့ကစလို့ ပိတ်ရက်မရှိ အလှည့်ကျစနစ်ဖြင့် လုပ်ငန်းခွင်သို့ တက်တက်ကြွကြွဖြင့် ပြန်လည် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း ဧည့်သည်တော်များအား သတင်းကောင်းပါးအပ်ပါသည် ¡

✈️ ပြည်တွင်း / ပြည်ပ လေယာဥ်လက်မှတ်များနှင့် လေယာဥ်ခရီးစဥ်များ သိရှိလိုပါက -

အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက

👉 📞📞 09 - 750 422 436
09 - 773 800 683

👉☎️☎️ 09 - 750 422 436 |´´´´´´´´´´´´´´¡
± Viber !
09 - 773 800 683 |,,,,,,,,,,,,,,,,,,,,,,,,!

တို့ကို 24 Hours Service
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်
#ပြည်ပ
#ပြည်တွင်း
#စျေးအသက်သာဆုံး


Address

No. 137, Upper Pansodan Road, Kandawgyi Yeik, Mon Housing, Building No (Y8), Room No(102)
Yangon

Alerts

Be the first to know and let us send you an email when Nice Fare Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nice Fare Travel & Tours:

Share

Category


Other Travel Agencies in Yangon

Show All