Naing Htate Htar Travels Co Ltd

Naing Htate Htar Travels Co Ltd စိတ်ချ ယုံကြည် ဖို့ Naing Htate Htar travels နဲ့ လက်တွဲစို့

အဲကွန်း တနာရီဖွင့်ရင် 0.7 unitရေခဲသေတ္တာ တနာရီဖွင့်ရင် 0.1 unitပန်ကာ တနာရီဖွင့်ရင် 0.1 unitLED ၄ပေ မီးချောင်း နာရီ၅၀ဖွင်...
01/09/2024

အဲကွန်း တနာရီဖွင့်ရင် 0.7 unit
ရေခဲသေတ္တာ တနာရီဖွင့်ရင် 0.1 unit
ပန်ကာ တနာရီဖွင့်ရင် 0.1 unit

LED ၄ပေ မီးချောင်း နာရီ၅၀ဖွင့်ရင် 1unit
၄ပေရိုးရိုးဖန်မီးချောင်း ၂၅နာရီသုံးရင် 1unit

ဒယ်နီ ၁နာရီသုံးရင် 1.5unit
ထမင်းပေါင်းအိုး ၁နာရီသုံးရင် 0.7unit
အဲ့ဒီနှုန်းရှိပါတယ်။

air con တည ၅နာရီ
ရေခဲသေတ္တာ အမြဲဖွင့်မယ်
ပန်ကာတနေ့ ၈နာရီ
Led ၄၀ပေမီးချောင်း ၁၀နာရီ
ဒယ်နီ နာရီဝက်
ထမင်းပေါင်းအိုး နာရီဝက်
သုံးမယ်ဆိုရင်
air con 5hrs x 0.7 =3.5
ရေခဲ 24 hrs x 0.1 =2.4
ပန်ကာ 8hrs x 0.1 =0.8
မီးချောင်း10hrsx0.002=0.2
ဒယ်နီ 0.5hr x 1.5 = 0.75
ထမင်းအိုး 0.5hr x 0.7 = 0.35

တရက်ကိုစုစုပေါင်း 8 units ရှိပါမယ်။
တစ်လဆိုရင် 8x 30days =240units

အဲကွန်း ဒယ်နီ ထမင်းပေါင်းအိုး သုံးတဲ့ပေါ်
မူတည်ပြီး မီတာခ ကုန်ကျငွေမှာ
အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်
လျှပ်စစ် ပစ္စည်းတွေ ပြုပြင်နည်းကို မြန်မာလို လေ့လာချင်ရင်
ဒီဆော့ဝဲဒေါင်းထားပါ -https://bit.ly/4bPeECl

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် မိဘပြည်သူအပေါင်း ...
20/07/2024

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"

မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Wishing you all a blessed Waso Full Moon Day.

ယနေ့ကျရောက်လာတဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့အား ကျွန်တော် Naing Htate Htar Travels Co Ltd မှ ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသ...
19/07/2024

ယနေ့ကျရောက်လာတဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့အား ကျွန်တော် Naing Htate Htar Travels Co Ltd မှ ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုအပ်ပါသည်။

🇲🇾Malaysia Visit Visa များကိုလည်း အမြန်ဆုံးဆက်လက်ဝန်ဆောင်မူပေးနေပါပြီ ခင်ဗျာ့။🇲🇾Visit Visa နဲ့ Malaysia ကိုသွားချင်တယ်ဆိ...
19/06/2024

🇲🇾Malaysia Visit Visa များကိုလည်း အမြန်ဆုံးဆက်လက်ဝန်ဆောင်မူပေးနေပါပြီ ခင်ဗျာ့။

🇲🇾Visit Visa နဲ့ Malaysia ကိုသွားချင်တယ်ဆိုရင် Naing Htate Htar Travels Co,Ltd ကိုသာဆက်သွယ်လိုက်ပါနော်။

🇲🇾 Naing Htate Htar Travels Co,Ltd မှာ Visa လျောက်ရင် လိုအပ်သည့်စာရွက်စာတမ်း‌ လေးကို ပို့‌ပေးပြီး စာရွက်စာတမ်းစုံတာနဲ့ (48) နာရီအတွင်း ( Visa ) ရဖို့တာဝန်ယူပါတယ် ခင်ဗျာ့။

🇲🇾အသေးစိတ်အချက်အလက်များအတွက် Messenger & viber မှလည်းဆက်သွယ်
မေးမြန်းနိုင်ပါတယ်။

&&&&&&&&&& # # # # # # # # # #@@@@@@@@@

Viber ထည့်ထားသူများ မဖျက်ကြနဲ့နော်အခု Play Store မှာ Viber မရှိတော့ဘူး။ရှိပြီးသားသူများက မဖျက်လိုက်ပါနဲ့မရှိသေးတဲ့သူတွေ ...
17/06/2024

Viber ထည့်ထားသူများ မဖျက်ကြနဲ့နော်
အခု Play Store မှာ Viber မရှိတော့ဘူး။

ရှိပြီးသားသူများက မဖျက်လိုက်ပါနဲ့
မရှိသေးတဲ့သူတွေ အောက်ကလင့်မှာဘဲ
လောလောဆယ် ဒေါင်းယူလို့ရပါမယ်။

Viber ဗားရှင်းအသစ် 💥
ဒီမှာဒေါင်းယူပါ - https://bit.ly/4cklr7n

#ဆော့ဝဲလမ်းညွှန်

မလွယ်တာတွေ့ရင် ပိုခက်တဲ့တစ်ခြားဘဝတွေကို ငဲ့ကြည့်ပါဦး ........📷 လင်းဇော်ထွန်း
13/06/2024

မလွယ်တာတွေ့ရင် ပိုခက်တဲ့
တစ်ခြားဘဝတွေကို ငဲ့ကြည့်ပါဦး ........

📷 လင်းဇော်ထွန်း

12/06/2024

အချစ်နဲ့မထိတွေ့မှီနှင့်
အချစ်နဲ့ထိတွေ့မိပီးနောက် 😄😄

🍁Pv စာအုပ်တအုပ်ရှိတာနဲ့ မလေးရှားကို အေးဆေးသွားဖို့ မင်မင်က အစအဆုံးတာဝန်ယူပြီးပို့ပေးနေတာပါနော်။ #ခရီးသွားဝန်ဆောင်မှု  #အ...
11/06/2024

🍁Pv စာအုပ်တအုပ်ရှိတာနဲ့
မလေးရှားကို အေးဆေးသွားဖို့
မင်မင်က အစအဆုံးတာဝန်ယူပြီး
ပို့ပေးနေတာပါနော်။

#ခရီးသွားဝန်ဆောင်မှု #အလုပ် #အမြန် #ခရီးသွား malay

ယူပြီးရင် သဲသဲက ကိုကို့ကလေးလေးပဲလုပ်လို့ အာချောင်မိခဲ့တဲ့ကောင်တွေရဲ့ ဇာတ်သိမ်း....😄😄
09/06/2024

ယူပြီးရင် သဲသဲက ကိုကို့ကလေးလေးပဲလုပ်လို့
အာချောင်မိခဲ့တဲ့ကောင်တွေရဲ့ ဇာတ်သိမ်း....😄😄

09/06/2024

လူသားတိုင်းရဲ့ ပိုင်ဆိုင်မှု

၁ ။ ဘာသာရေး
+ ကုသိုလ်
- အကုသိုလ်

၂ ။ စီးပွားရေး
+ မှန်ကန်မှု၊ စိစစ်တိကျမှု
- လျော့ရဲမှု၊ အမည်ဆိုး

၃ ။ လူမှုရေး
+ သစ္စာရှိမှု
- မရိုးသားမှု

၄ ။ ပေါင်းသင်းဆက်ဆံရေး
+ တည်ကြည်မှု၊ ဖေးမမှု
- စာရိတ္တပျက်ပြားမှု

Hot ဖြစ်နေတဲ့ ကျောင်းမတက်ချင်တဲ့ ကလေးလေးရဲ့ video ရဲ့အောက်က မန့်လေးတစ်ခု သဘောကျလွန်းလို့ 😅😅*သမီးလေးများဖြစ်နေမလား*တိုက်ဆ...
06/06/2024

Hot ဖြစ်နေတဲ့ ကျောင်းမတက်ချင်တဲ့
ကလေးလေးရဲ့ video ရဲ့အောက်က
မန့်လေးတစ်ခု သဘောကျလွန်းလို့ 😅😅

*သမီးလေးများဖြစ်နေမလား*

တိုက်ဆိုင်တဲ့သူတွေများရှိကြလား

06/06/2024

စကားသိပ်မတတ်ရှာဘူး🥰🥰
နက်ဖြန်အတွက်ပါ တခါတည်း
ခွင့်ပါတိုင်းလိုက်သေးတယ်။

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်ပြီး Non-LA Visa တွေကို တစ်နေ့ အယောက် ၄၀၀ နှုန်းနဲ့ ...
06/06/2024

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်ပြီး Non-LA Visa တွေကို တစ်နေ့ အယောက် ၄၀၀ နှုန်းနဲ့ လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။

MOU ကုမ္ပဏီတွေအနေနဲ့ သံရုံး Website ကတဆင့် Booking ယူပြီးမှပဲ လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

သတင်း - BETV Business

ဂျပန်အသင်း ရန်ကုန်လေဆိပ်ရောက် အင်တာနက် VPN ကျော်မရ တိုင်ပတ် 😂😂😂
04/06/2024

ဂျပန်အသင်း ရန်ကုန်လေဆိပ်ရောက်
အင်တာနက် VPN ကျော်မရ တိုင်ပတ်

😂😂😂

  Pass ဆိုတာ 📢📢👇👇👇 ထိုင်းနိုင်ငံကိုလာချင်ပေမယ့်ထိုင်းစကားကလည်းမတတ်၊E skill ကလည်းမကောင်းလို့ စိတ်ညစ်နေသူများ၊လက်ဗွေညိမှာစ...
04/06/2024

Pass ဆိုတာ 📢📢
👇👇👇

ထိုင်းနိုင်ငံကိုလာချင်ပေမယ့်
ထိုင်းစကားကလည်းမတတ်၊E skill ကလည်းမကောင်းလို့ စိတ်ညစ်နေသူများ၊လက်ဗွေညိမှာစိုးရိမ်နေရသူများအတွက်..

ပတ်စ်ပို့ မှတ်ပုံတင် နှင့် ကိုဗစ်ဆေးစာရွက်လေးရှိတာနဲ့ ထိုင်းနိုင်ငံကို စိုးရိမ်စိတ်ကင်းကင်း နဲ့ ကိုယ်စိတ်လွတ်လပ်ပေါ့ပါးစွာသွားလို့ရနေပါပီ..နော်။

ကျွန်တော်တို့ NAING HTATE HTAR Travels Co,Ltd မှ

Pass ဝန်ဆောင်မူပေးနေပါပြီ
ခင်ဗျာ့....

pass ဝန်ဆောင်မူကို ရယူလိုက်ခြင်းဖြင့် ရရှိမဲ့ အကျိုးကျေးဇူးများ....

-ထိုင်းလေဆိပ်တွင် မလိုလားအပ်သောမေးခွန်းများနဲ့ အရစ်မခံရခြင်း....
-show Money မလို..
-Hotel Booking မလို..
-Return Ticket မလို..
-English/Thai စကားပြောတတ်စရာမလို..
-Thai Immigration မှာလက်ဗွေ ညိခဲ့ရင်လည်း (99.99% pass) ဖြစ်အောင်ကျော်ပေးခြင်း...
-လေယာဉ်ဆိုက်ရောက်တာနဲ့ တာဝန်ရှိသူ (Officer) ကိုယ်တိုင်မှ လာကြိုပေးခြင်း...
- (YGN Airport Check In Counter) ဝင်တာကအစ လေယာဉ်ပေါ် ရောက်သည်အထိလိုက်ပါပို့ဆောင်ပေးခြင်း...
Yangon & Bangkok တွင် Service ပေးနေသောကြောင့်
အသေးစိတ်ကို cb မှတဆင့်မေးမြန်းနိုင်ပါတယ် ခင်ဗျာ့

Hello လိုက်ရုံနဲ့
အသေးစိတ်သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ပါတယ်

>>> 09661578899
09957313335 ☺☺

စိတ်ဓါတ်ကျခြင်း ဆိုတာ ကိုယ့်ထက် မကြီးမားဘူး။ အတိုင်းအဆ ကြီးမားလို့ ခံစားနေရရင်တောင်တကယ်တမ်းတော့ သေးငယ်တယ်။ ကိုယ့်ရင်ဘတ်အ...
04/06/2024

စိတ်ဓါတ်ကျခြင်း ဆိုတာ
ကိုယ့်ထက် မကြီးမားဘူး။

အတိုင်းအဆ ကြီးမားလို့ ခံစားနေရရင်တောင်
တကယ်တမ်းတော့ သေးငယ်တယ်။

ကိုယ့်ရင်ဘတ်အောက်မှာ
သူ ဖြစ်ပေါ် နေတာ။

သူ့ အောက်မှာ
ကိုယ်ဖြစ်တည်နေတာမဟုတ်ဘူး။

တိမ်မည်းတွေနဲ့ မိုးကောင်းကင်လို့
တင်စားမယ်ဆိုရင်တောင်

ကိုယ်က ကောင်းကင်
အရင် ဖြစ်တည်နေပြီးသား။

ကောင်းကင်မဲ့တဲ့ တိမ်တွေဆိုတာ မရှိဘူး
တိမ်တွေမရှိလည်း ကောင်းကင်ကတော့ ရှိနေမြဲပဲ။

-Matt Haig ( Reasons to Stay Alive )

အဆင်ပြေနေသော 😄မီမြန်မာရဲ့ အခြေအနေဘဝတူတွေရှိလား 😅
04/06/2024

အဆင်ပြေနေသော 😄
မီမြန်မာရဲ့ အခြေအနေ
ဘဝတူတွေရှိလား 😅

VPN နဲ့  တိုင်ပတ်နေတာ 😁😁
03/06/2024

VPN နဲ့ တိုင်ပတ်နေတာ 😁😁

02/06/2024

ယခုလက်ရှိ Thailand Based ကနေ ခေါ် နေတဲ့ အလုပ်များကို ဖော်ပြပေးလိုက်ပါတယ်။

Organization: The Inclusive Education Foundation (Mae Sot, Thailand)
Position: Education Officer
Link: https://web.facebook.com/share/p/HFcBSRj93TznZXN3/
Deadline: 30th June 2024
Required Language: Burmese and Thai

Organization: EarthRights International (Chiang Mai)
Position: Monitoring, Evaluation, and Learning (MEL) Manager
Link: https://web.facebook.com/share/p/TtjVHs6VmnsNp4wE/
Deadline: 20th June 2024

Organization: The Irrawaddy (Thailand)
Position: Webmaster
Link: https://www.irrawaddy.com/careers
Deadline: 14th June 2024

Organization: IOM Thailand
Position: Multi Positions
Link: https://thailand.iom.int/careers
Deadline: Varies
Required Language: English and Thai (Oral and Written)

ထိုင်းနိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများ
02/06/2024

ထိုင်းနိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများ

ထိုင်းနိုင်ငံ၏ ဗီဇာမူဝါဒများ ဇွန် ၁ ရက်နေ့မှစတင်ဖြေလျှော့၊ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရပြီးပါက တစ်နှစ်နေခွင့်ရရှိDawei Watch|...
29/05/2024

ထိုင်းနိုင်ငံ၏ ဗီဇာမူဝါဒများ ဇွန် ၁ ရက်နေ့မှစတင်ဖြေလျှော့၊ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရပြီးပါက တစ်နှစ်နေခွင့်ရရှိ

Dawei Watch| မေ ၂၉

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းပြီးသူများအတွက် တစ်နှစ်နေထိုင်ခွင့်အပါအဝင် ဗီဇာမူဝါဒများကို လာမည့်ဇွန်လ ၁ ရက်နေ့မှစ၍ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာလိုက်သည်။

လျှော့ချပေးသည့် ဗီဇာမူဝါဒများတွင် ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ (Visa-Free)၊ ဆိုက်ရောက်ဗီဇာများ (Visa-on-Arrival)၊ ရွေ့လျားအလုပ်လုပ်သူများအတွက် နေထိုင်ခွင့်ဗီဇာ (Destination Thailand Visa)၊ ကျောင်းပြီးသူများအတွက် တစ်နှစ်နေထိုင်ခွင့်ဗီဇာ၊ ရက်ရှည်နေထိုင်သူများအတွက်ဗီဇာ (Long-stay Visa) များအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ဗီဇာဖြေလျှော့ပေးမည့်အစီအစဉ်ကို ထိုင်းအစိုးရက မေလ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာနိုင်သည့် နိုင်ငံများကိုလည်း ယခင် ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးမြှင့်ခဲ့သည်။

တိုးမြှင့်သည့်နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ သီရိလင်္ကာ စသော နိုင်ငံများစွာပါဝင်လာပြီး နေထိုင်ခွင့်ကိုလည်း ၆၀ ရက်အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။

ဆိုက်ရောက်ဗီဇာအနေဖြင့်လည်း ယခင် ၁၉ နိုင်ငံကိုသာ ခွင့်ပြုထားရာမှ ၃၁ နိုင်ငံအထိ တိုးမြှင့်လက်ခံမည်ဖြစ်သည်။

ယင်းအပြင် ရွှေ့လျားအလုပ်လုပ်သူများ (work from home လုပ်သူများ)၊ ဒစ်ဂျစ်တယ်လုပ်ငန်းလုပ်သူများ၊ ကိုယ်ပိုင်စီးပွားရေးသမားများ၊ မွေထိုင်းနှင့် ထိုင်းအစားအစာ၊ အနုပညာနှင့် အားကစား စိတ်ပါဝင်စားသော ပညာရှင်များအတွက် ရည်ရွယ်ပြီး နေထိုင်ခွင့်ဗီဇာ Destination Thailand Visa (DTV) ကို အသစ်ထပ်မံရေးဆွဲလိုက်သည်။

ယင်းဗီဇာသမားများသည် ဗီဇာကြေး ၁၀၀၀၀ ဘတ်ဖြင့် နေထိုင်ခွင့် ၁၈၀ ရက် (၆ လ)ရရှိမည်ဖြစ်ပြီး ၅ နှစ်အထိ ဆက်တိုက်သက်တမ်းတိုး နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။ နေထိုင်နေသည့်ကာလတစ်လျှောက် ဘတ် ၅ သိန်းပိုင်ဆိုင်ထားကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး အခြားကန့်သတ်ချက်များလည်း ရှိနိုင်သည်။

နောက်ထပ်ထူးခြားချက်မှာ ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ပြီး ကျောင်းပြီးသူများအတွက် မိမိနိုင်ငံ တန်းပြန်စရာမလိုဘဲ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ၁ နှစ်ထပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကာလအတွင်း ဘွဲ့ရသူများကို ထိုင်းနိုင်ငံတဝန်း အလုပ်ရှာခွင့်၊ ခရီးသွားခွင့်၊ အခြားလှုပ်ရှားမှုများ လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံထဲ ကျောင်းတက်နေသော နိုင်ငံခြားသား ၄၀၀၀၀ ခန့်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းဗီဇာမူဝါဒများအားလုံးသည် လာမည့်ဇွန်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ကြေညာထားသည်။

ထို့အပြင် ရက်ရှည်ဗီဇာများဖြင့် နေထိုင်သော အသက် ၅၀ နှစ်အထက် လူကြီးများအတွက်လည်း ယခင် ကျန်းမာရေးအာမခံ ဘတ် ၃ သန်းဝယ်ယူထားရန်လိုအပ်သည်မှ ဘတ် ၄၄၀,၀၀၀ အထိ လျှော့ချပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းလျှော့ချမှုသည် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရက်ရှည်ဗီဇာလျှောက်ထားသူများ အကြုံးဝင်မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

Ref: Bangkok Post, Khaosod English

ပုံ - သုဝဏ္ဏဘူမိလေဆိပ်က ခရီးသည်များ

Dawei Watch ရဲ့ သတင်းတွေကို

Instagram > https://www.instagram.com/dawei_watch/

Telegram > https://t.me/daweiwatch/

Website >
https://www.daweiwatch.com/29/05/2024/85667/

ချင်းမိုင် နှင့် ချင်းရိုင် ခရိုင်ကလူတွေ ချင်းမိုင်မြို့မှာ Passport သက်တမ်းတိုးရပါမယ်
24/05/2024

ချင်းမိုင် နှင့် ချင်းရိုင် ခရိုင်ကလူတွေ ချင်းမိုင်မြို့မှာ Passport သက်တမ်းတိုးရပါမယ်

📆 မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာကျရောက်တဲ့ ကဆုန်လပြည့် နေ့ထူးနေ့မြတ်အခါသမယမှာ ဒါန၊ သီလ၊ ဘာဝနာများ ပွားများပြီး ကောင်းမှုက...
22/05/2024

📆 မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာကျရောက်တဲ့ ကဆုန်လပြည့် နေ့ထူးနေ့မြတ်အခါသမယမှာ ဒါန၊ သီလ၊ ဘာဝနာများ ပွားများပြီး ကောင်းမှုကုသိုလ်များ တိုးပွားနိုင်ကြပါစေလို့ Naing Htate Htar Travels Co Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

22/05/2024

လကဆုန် // စိုင်းထီးဆိုင်

မြန်မာသက္ကရာဇ် ၁၃၈၅-၈၆ ခုနှစ်၏
ကဆုန်လပြည့် ဗုဒ္ဓ‌နေ့လေးမှာ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး
လိုအင်ဆန္ဒများ တလုံးတဝထဲ့ ပြည့်စုံကြပါစေ။

🇲🇾မလေးရှားသွားဖို့ ဗီဇာ လိုနေပြီလား?မလေးအလည် ဗီဇာ အမြန် လျှောက်ပေးနေတဲ့ Naing Htate Htar Travels Co, Ltd  ကိုသာလာခဲ့လိုက...
21/05/2024

🇲🇾မလေးရှားသွားဖို့ ဗီဇာ လိုနေပြီလား?
မလေးအလည် ဗီဇာ အမြန် လျှောက်ပေးနေတဲ့
Naing Htate Htar Travels Co, Ltd ကိုသာလာခဲ့လိုက်ပါ။

မလေး ဗီဇာ လျှောက်ဖို့

✅ဓာတ်ပုံ
✅Passport
✅မှတ်ပုံတင်
✅အိမ်ထောင်စုစာရင်း
ဘဲလိုပါတယ်

🎁 မလေးအရောက်ထိ အပြီးအစီး စီစဉ်ပေးပါတယ်။

အသေးစိတ် သိချင်ရင်တော့ Hello 👋

🟦Phone
09 661578899
09 957313335
ကို ဆက်သွယ်လိုက်ပါနော်🙏

Hot Line (24 Hr)
📱09 661578899
🟪Viber
🟩WhatsApp
တို့မှ တဆင့် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါသည်
🕰 ၂၄/၇ ၀န်ဆောင်မူ

💳 ငွေပေးချေရန် KPay, AYAPay, CBPay, KBZ , AYA, CB , WAVE

🏘 Office : ၆/၁ ခွါညိုလမ်း , ၁၄/၃ ရပ်ကွက် , တောင်ဥက္ကလာ , ရန်ကုန်


✈️ Fast Service Easy Go 🎫
⬇️
Naing Htate Htar Travels Co, Ltd

🙏ကျေးဇူးတင်ပါတယ်ရှင့်🙏

ဘန်ကောက်မှာ ရုံးခွဲဖွင့်လိုက်ပါပြီ ဂုဏ်ယူပါတယ် အမ🥴
21/05/2024

ဘန်ကောက်မှာ ရုံးခွဲဖွင့်လိုက်ပါပြီ ဂုဏ်ယူပါတယ် အမ🥴

ထိုင်းနိုင်ငံမှ ဘဏ်များအကြောင်းထိုင်းနိုင်ငံမှာက ကျွန်တော်တို့ မြန်မာမှာလိုပါပဲ ဘဏ်တွေအများကြီးရှိပါတယ် ၊ အဲ့ဒီထဲကမှ လူသ...
18/05/2024

ထိုင်းနိုင်ငံမှ ဘဏ်များအကြောင်း

ထိုင်းနိုင်ငံမှာက ကျွန်တော်တို့ မြန်မာမှာလိုပါပဲ ဘဏ်တွေအများကြီးရှိပါတယ် ၊ အဲ့ဒီထဲကမှ လူသုံးများတဲ့ ဘဏ်အချို့အကြောင်းနဲ့ ဘဏ်နဲ့ပက်သက်ပြီး ကျွန်တော့်ကို မေးလေ့မေးထ ရှိတာတွေနဲ့ သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျ ။

ထိုင်းမှာ "ဘယ်ဘဏ်ကို ဖွင့်သင့်သလဲ" ဆိုပြီး ကျွန်တော့်ကို အမေးများပါတယ် ၊

ထိုင်းမှာ ဘဏ်အကောင့် မရှိသေးသူတွေ ဘာကြောင့် ဒီမေးခွန်းကို မေးကြသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို ဘဏ်တစ်ခုကနေ အမျိုးအစား မတူတဲ့ အခြားဘဏ်တစ်ခုကို ငွေလွှဲမယ်ဆိုရင် ငွေ လွှဲမရတာ ၊ ငွေလွှဲခ ပေးရတာ ၊ ငွေရောက်ဖို့ စောင့်ရတာမျိုး ရှိပါတယ်။ အဲ့ဒါကြောင့် ထိုင်းက ဘဏ်တွေလည်း အဲ့လို ဖြစ်မှာကို စိုးရိမ်ပြီး လူသုံးများတဲ့ ဘဏ်ကို ဖွင့်မှ ဖြစ်မယ်လို့ ထင်ကြတာကြောင့် ဘယ်ဘဏ်ဖွင့်သင့်လဲလို့မေးကြတာပါ။

ထိုင်းမှာက ဘယ်ဘဏ်မှာပဲ အကောင့် ဖွင့်ထား ဖွင့်ထား ဘဏ်ချင်းမတူလည်း ငွေလွှဲလို့ ရပါတယ် ၊ ကိုယ့်ဖုန်းထဲက Mobile Banking ကန အလွယ်တကူ ငွေလွှဲနိုင်ပြီးတော့ ၊ ငွေလွှဲခလည်း မရှိသလို ၊ ငွေကလည်း လက်ခံမယ့်သူရဲ့ ဘဏ်အကောင့်ထဲကို ချက်ခြင်းရောက်ပါတယ်။ အဲ့ဒီတော့ ဘယ်ဘဏ်အမျိုးအစားကိုပဲ ဖွင့်ထား ဖွင့်ထား အဆင်ပြေတယ်လို့ ပြောရမှာပါပဲ ။

ဖုန်းထဲကနေ ငွေလွှဲတဲ့အခါမှာ ငွေလွှဲခမပေးရသလို ၊ ATM စက်ကနေ ငွေထုတ်တဲ့အခါမှာလည်း ကဒ်ထိုးပြီး ငွေထုတ်ရင် ဘယ်ဘဏ်ရဲ့ စက်ကပဲ ထုတ်ထုတ် ငွေထုတ်ခ မပေးရပါဘူး ။ ဒါပေမယ့် Cardless Withdraw နည်းနဲ့ ငွေထုတ်ရင်တော့ ကိုယ်ဖွင့်ထားတဲ့ ဘဏ်ရဲ့ ATM စက်မှာ ပဲ ထုတ်လို့ရမှာပါ ။

ဒါ့အပြင် ကိုယ် ဘဏ်အကောင့် ဖွင့်ထားတာ မဟုတ်တဲ့ မြို.တွေက ATM စက်တွေကနေ ငွေထုတ်ရင်လည်း နယ်မြေမတူတော့ တာကြောင့် ငွေထုတ်ခ ပေးရပါတယ် ။ ဥပမာ ဘန်ကောက်မှာ ဖွင့်ထားတဲ့ ဘဏ်အကောင့်ထဲက ငွေကို ပတ္တယားက ATM မှာ ငွေထုတ်ရင် ငွေထုတ်ခ အနည်းငယ်ပေးရပါတယ်။

ထိုင်းမှာ ဘဏ်တွေ အများကြီး ရှိတဲ့အထဲမှာ နေရာတိုင်းလိုလိုမှာ တွေ့ရမှာကတော့ Bangkok Bank ၊ Kasikorn Bank ၊ Krung Thai Bank ၊ Siam Commercial Bank နဲ့ Krungsri Bank တို့ပဲ ဖြစ်မယ်ထင်ပါတယ် ။ အခြားဘဏ်တွေကတော့ အခု ကျွန်တော်ဖော်ပြထားတဲ့ ဘဏ် ၅ ခုလောက် ဘဏ်ခွဲတွေ မများသလို ၊ ATM စက်တွေလည်း သိပ် မတွေ့ရပါဘူး ။

Bangkok Bank
ဘန်ကောက်ဘဏ်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို အလည်ဗီဇာနဲ့ ဘဏ်အကောင့်ဖွင့်ခွင့် ပေးခဲ့တဲ့ ဘဏ်ဖြစ်တာမို့ မြန်မာနိုင်ငံသား အများစု အသုံးပြုကြတဲ့ ဘဏ်တွေထဲက တစ်ခုပါ ၊ အခုနောက်ပိုင်း အလည်ဗီဇာနဲ့ ဘဏ်အကောင့်တွေ ဖွင့်ခွင့်မပေးတော့ပေမယ့် ဆေးရုံထောက်ခံစာလို ထောက်ခံစာမျိုးနဲ့ Insurance ဝယ်ခိုင်းပြီး ဘဏ်အကောင့်ဖွင့်ခွင့်ပေးနေသေးတာကလည်း ဘန်ကောက်ဘဏ်တစ်ခုပဲ ရှိပါတယ်။ ဘဏ်ကထိုင်းနိုင်ငံမှာ ရုံးခွဲတွေ အများအပြားရှိသလို နိုင်ငံတကာမှာလည်း ရုံးခွဲအချို့ရှိပါတယ်။

Kasikorn Bank
ကာစီကွန်းဘဏ်က ဟိုးယခင်ကတည်းက ထိုင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အများစု အသုံးပြုနေကြတဲ့ ဘဏ်ဖြစ်ပါတယ် ။ သူ့ရဲ့ Mobile Banking App ဖြစ်တဲ့ Kplus ကလည်း သုံးရတာ လွယ်ကူမှုကြောင့် အတော်လေးကို အဆင်ပြေတဲ့ ဘဏ်ပါ ။ ဒါ့အပြင် မြန်မာနိုင်ငံက Kpay Account ထဲကို တိုက်ရိုက်ငွေလွှဲနိုင်တာကလည်း Kasikorn Bank ရဲ့ Kplus App ပါပဲ ။

Krungthai Bank
ဒီဘဏ်ရဲ. အစုရှယ်ယာ တစ်ချို့ကို ထိုင်းအစိုးရက ပိုင်တာမို့ ဒီဘဏ်က အစိုးရဘဏ်လို့တောင် ပြောလို့ရပါတယ် ။ ထိုင်းထီပေါက်ရင် ဆုငွေ ထုတ်တာ ၊ ထိုင်းလူမျိုးတွေ ပင်စင်လစာထုတ်တာမျိုးမှာ ဒီဘဏ်ကို သုံးသလို ၊ အစိုးရ Website တွေရဲ. Payment ပိုင်းမှာလည်း Krungthai ဘဏ်ကို သုံးပါတယ်။ ကျွန်တော်သဘောအကျဆုံး အချက်ကတော့ Krungthai ဘဏ်ရဲ့ ဘဏ်ကဒ်တွေဟာ ဘန်ကောက်ထဲက အချို့သော ရထားလိုင်းတွေမှာ လက်မှတ်မဖြတ်ပဲ တိုက်ရိုက်စီးလို့ရတာပါ။

ထိုင်းနိုင်ငံမှာ နေရင် ဒါတွေ သတိထားပါ ❗Dawei Watch| Infographicအကြောင်း အမျိုးမျိုးကြောင့် ထိုင်း နိုင်ငံထဲကို ဝင်ရောက်လ...
17/05/2024

ထိုင်းနိုင်ငံမှာ နေရင် ဒါတွေ သတိထားပါ ❗

Dawei Watch| Infographic

အကြောင်း အမျိုးမျိုးကြောင့် ထိုင်း နိုင်ငံထဲကို
ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိနေပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက် မတူညီတဲ့ ဓလေ့တွေနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိလိုက်နာဖို့ လိုအပ်လှပါတယ်

အထူးသဖြင့် ထိုင်းနိုင်ငံရဲ့အခြေခံယဉ်ကျေးမှုဆိုင်ရာ ဓလေ့ ထုံးတမ်းတွေကို နားလည် သဘောပေါက်ရမှာဖြစ်ပြီး လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုရမှာဖြစ်ပါတယ်။

ဒါမှသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား ပဋိပက္ခနည်းနည်းနဲ့ အေးချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်မှာ ဖြစ်လို့ ထိုင်းနိုင်ငံမှာ နေရင် ဘာတွေ သတိထားသင့်တယ်
ဆိုတာကို စုစည်း ဖော်ပြလိုက်ပါတယ်။

Dawei Watch

16/05/2024

မ စ နဲ့ကွာငိုချင်လာပြီ 🥺🥺

# စိုင်းစိုင်းခမ်းမှောင်

ဘုရားဂေါပဂတွေရဲ့ မားကတင်းက စကေးပိုကြမ်းတယ်ဗျာ့..😀😀
14/05/2024

ဘုရားဂေါပဂတွေရဲ့ မားကတင်းက
စကေးပိုကြမ်းတယ်ဗျာ့..😀😀

Address

ခွါညိုလမ်း
Yangon
11091

Website

Alerts

Be the first to know and let us send you an email when Naing Htate Htar Travels Co Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies