ရွှေအဏ္ဏဝါ အဆင့်မြင့်ခရီးသွားလုပ်ငန်း - Shwe Annawar Travels & Tours

  • Home
  • Myanmar
  • Yangon
  • ရွှေအဏ္ဏဝါ အဆင့်မြင့်ခရီးသွားလုပ်ငန်း - Shwe Annawar Travels & Tours

ရွှေအဏ္ဏဝါ အဆင့်မြင့်ခရီးသွားလုပ်ငန်း - Shwe Annawar Travels & Tours ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
ကားလက်မှတ်များ ၊ စားရိတ်ငြိမ်း Package ခရီးစဥ်များ
(38)

ကုမ္ပဏီ (group) အဖွဲ့များအတွက်
ကားစီးလုံးငှါးနှင့် စားရိတ်ငြိမ်းခရီးစဉ်များ
သီးသန့်​ စီစဉ်ပေးသည်။

🙏 🙏 🙏 မင်္ဂလာရှိသောနံနက်ခင်းပါ🙏 🙏 🙏🙏 ဓမ္မမိတ်ဆွေများအားလုံး အသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြ...
24/12/2023

🙏 🙏 🙏 မင်္ဂလာရှိသောနံနက်ခင်းပါ🙏 🙏 🙏

🙏 ဓမ္မမိတ်ဆွေများအားလုံး အသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ 🙏

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ 🙏🙏🙏

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ 🙏🙏🙏

၃၁ ဘုံအတွင်း ၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ 🙏🙏🙏

စကြာဝဠာအနန ္တ၌ ရှိကြကုန်သော
လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
ကင်းဝေးနိုင်ကြပါစေ 🙏🙏🙏

🙏🙏🙏...wunna

🙏ရှင်ပင်ရွှေဆပ်သွားထပ်ဘုရား🙏🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳 #ကျောက်ဆည်မြို့🍁ရှင်ပင်ရွှေဆပ်သွား ထပ်ဘုရားသည် ကျောက်ဆည်မြို့မှအနောက်တောင်ဘက် င...
23/12/2023

🙏ရှင်ပင်ရွှေဆပ်သွားထပ်ဘုရား🙏
🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

#ကျောက်ဆည်မြို့

🍁ရှင်ပင်ရွှေဆပ်သွား ထပ်ဘုရားသည် ကျောက်ဆည်မြို့မှအနောက်တောင်ဘက် ငါးမိုင်အကွာရှိ ညောင်ရွေရွာတွင်တည်ရှိသည်။

🍁အစဉ်အလာပြောစကားများအရ ''ဆပ်သွားကိုးဆူ၊ ဂူကိုးဂူ၊ မုဋ္ဌောကိုးခု၊ ဆည်ကိုးခု၊ အနော်ရထာ ကောင်းမှု''ဟု ဆိုခဲ့ကြရာ ဆပ်သွားကိုးဆူအနက် ကျောက်ဆည်မြို့နယ် ညောင်ရွှေရွာနှင့် စဉ့်ကိုင်မြို့နယ် ကြက်လျှာရွာတွင် ရှင်ပင်ရွှေဆပ်သွားဘုရားတို့ကို ယနေ့တိုင်မြင်တွေ့ကြရပေသည်။

🍁ရှင်ပင်ရွှေဆပ်သွားစေတီကို အနော်ရထာမင်းကြီးတည်ခဲ့သည်ဟု ယုံကြည်ကြသည်။ စေတီတော်အသင်ပုတ်၊နီးဝန်းကျင်ရှိ ညောင်ရွေ၊ ညောင်ဝန်း၊ ညောင်ပင် စောက်၊ ကြောင်ပန်းကုန်း၊ ကြက်လျှာ၊ ငါးအိုး၊ အနောက်ရွာနန်း၊ ရေတွင်းပြည့်၊ ငါးလုံကုန်း၊ ပွတ်တိုင်နှင့် ပုထိုးတိုင်ရွာများမှ ရွာသူရွာသားများက မိမိတို့ ရွာများသည် ရှင်ပင်ရွှေဆပ်သွားစေတီတော်၏အရိပ်အောက်တွင် တည်ရှိကြောင်း ယုံကြည်ကြသည်။အနော်ရထာမင်းကြီး မူလတည်ခဲ့သည့်စေတီသည် အမြင့်ကိုးတောင်ရှိပြီး စေတီဝင်အုတ်စေတီနှစ်ထပ်ကိုးသည် မုခ်လေးခုရှိခဲ့သည်ဟုဆိုကြသည်။

🍁စေတီတော်သည် အုတ်နှစ်ထပ်၊ ကျောက်နှစ်ထပ် ငုံထားသည့်စေတီဖြစ်ပြီး ပုဂံခေတ်နှောင်း ဘုရင်တစ်ပါးနှင့် အင်းဝဘုရင် မင်းရဲကျော်စွာတို့က တည်ထားခဲ့ကြောင်း အဆိုရှိခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ်တွင် ညောင်ဝန်းသပြေကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည့် ဂိုဏ်းထောက်ဆရာတော် ဦးဇိနနှင့် ရွာသူရွာသားများက လက်ရှိစေတီကို တည်ထားခဲ့ကြသည်။ ရသေ့ကြီးဦးခန္တီသည် မြန်မာသက္ကရာဇ် ၁၂၉၃ ခုနှစ် နယုန်လပြည့်ကျော် ၃ ရက်(ခရစ်နှစ် ၁၉၃၁ ခုနှစ် ဇွန်လ ၄ ရက်)၊ ဗုဒ္ဓဟူးနေ့တွင် ဥာဏ်တော် ၇၅ တောင်ရှိသည့် ရှင်ပင်ရွှေဆပ်သွားစေတီတော်ကို ပြုပြင်မွမ်းမံ၍ ထီးတော်အသစ်တင်လှူခဲ့သဖြင့် အုတ်နှစ်ထပ်၊ ကျောက်နှစ်ထပ် စေတီဟု ထင်ရှားခဲ့သည်။

🍁ဦးခန္တီသည် ကြေးချိန်ပိဿာ ၁၃၅၀ ရှိသည့် ရုပ်ပွားတော်ကြီးကို သွန်းလုပ်၍ ရှင်ပင်ရွှေဆပ်သွားစေတီတွင် လှူဒါန်းခဲ့သည်။ ယင်းရုပ်ပွားတော်ကြီး ထားရှိသည့်နေရာ၏ နောက်ဘက်နံရံတွင် ခြောက်လက်မပတ်လည် အပေါက်တစ်ပေါက်ရှိခဲ့ပြီး ယင်းအပေါက်မှ လှိုဏ်အတွင်းသို့ မီးရောင်ဖြင့်ကြည့်ပါက အနော်ရထာမင်းကြီး တည်ခဲ့သည့် မူလစေတီတော်ကို ဖူးတွေ့ရသည်ဟု ဆိုခဲ့ကြသည်။ ရှင်ပင်ရွှေဆပ်သွားစေတီကို ၁၉၉၈ ခုနှစ်တွင် ပြုပြင်ခဲ့စဉ်က စေတီတော်ပုံသည် မူလလက်ရာများနှင့် ကွဲလွဲနေခဲ့သဖြင့် ၂၀၀၉ ခုနှစ်တွင် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သည်။

🍁ဦးခန္တီလှူဒါန်းခဲ့သည့် ရုပ်ပွားတော်ကြီးနှင့် ပိတ်နေသည့်လှိုဏ်အတွင်း၌ အနော်ရထာမင်း၏ ကုသိုလ်တော်များရှိနေကြောင်း အစဉ်အဆက် ယူဆခဲ့ကြသဖြင့် ဆရာတော်များ၏ ခွင့်ပြုချက်ဖြင့် ခြောက်လက်မပတ်လည်အပေါက်ရှိသည့် လှိုဏ်ကိုဖွင့်ခဲ့ကြသည်။လှိုဏ်အတွင်းမှ အင်းဝခေတ်လက်ရာဉာဏ်တော် ၁၀ ပေရှိသည့် အင်္ဂတေမံ ဘုရားကြီးတစ်ဆူကို တွေ့ရှိခဲ့ကြရသည်။ ဘုရားကြီးနှင့်အတူ ကျောက်သားဆင်းတု ၂၅ ဆူ၊ ကြေးဆင်းတုတော် တစ်ဆူ၊ ချိတ်ဖြင့်ထုလုပ်ပြီး ရတနာပုံခေတ်လက်ရာများဖြစ်ကြောင်းရွှေငွေကြေး သွန်းအုပ်ထား သည့် ဆင်းတုတော် ၁၆၈ ဆူနှင့်သစ်သားဆင်းတု ငါးဆူတို့ကိုတွေ့ရှိခဲ့သည်။ ကျောက်ဆင်းတုတော်များသည် ပင်းယ၊ ညောင်ရမ်း၊ အမရပူရနှင့် ရှင်ပင်ရွှေဆပ်သွားဘုရားကြီး စာအုပ်တွင်မှတ်တမ်းပြုထားသည်။

🍁အုတ်နှစ်ထပ်စေတီဟုဆိုသည့် အုတ်သားစေတီတော်၏ ပစ္စယာအဆင့်ဆင့်ကို မဖူးတွေ့ကြရသော်လည်း မြန်မာဘုရင်အဆက်ဆက်က ငုံ၍ အထပ်ထပ်ထုလုပ်ခဲ့သည့် ဆင်းတုတော်ကြီးကို ဖူးမြင်နိုင်ကြသည်။ ယခုအခါတွင် ယင်ဝင်ရောက်ဖူးမြော်နိုင်ကြပေသည်။းဆင်းတုတော် ကြီးကို ဦးခန္တီလှူဒါန်းခဲ့သည့် ကြေးရုပ်ပွားတော်အောက်ခြေရှိ ပလ္လင်တော်လှိုဏ်အတွင်း ကျားမ မရွေး

🍁ဦးဇိနတည်ခဲ့သည့် ကျောက်သားစေတီတော်၏ ကျောက်ပလ္လင်ကို စေတီတော်အနောက်ဘက်ရှိ အဓိဋ္ဌာန်မုခ်ဦးအတွင်း ပူဇော်နိုင်သကဲ့သို့ ကျောက်သားစေတီတော် ၏ ထီးတော်ကို လက်ရှိစေတီတော်၏ အရှေ့တောင်ထောင့် ခေါင်းလောင်းအောက်ခြေ ရှိ အပေါက်ငယ်အတွင်း၌ ရဟန်း၊ သာမဏေနှင့်အမျိုးသားများ တက်ရောက်ဖူးမြင်နိုင်ကြသည်။
တမုတ်ရှင်ပင် ငုံဘုရားများ
ရှင်ပင်ရွှေဆပ်သွားစေတီတော်ရှိ ထပ်ဘုရားကဲ့သို့ ခေတ်သုံးခေတ်လက်ရာ ငုံ ဘုရားဆင်းတုတော် သုံးဆူကို ကျောက်ဆည်မြို့နယ် တမုတ်ရွာတွင် ဖူးတွေ့နိုင်သည်။ တမုတ်သည် ကျောက်ဆည်မြို့မှ အနောက်သို့ ခြောက်မိုင်ကွာဝေးပြီး ကျောက်ဆည်-တံတားဦး ကားလမ်းတောင်ဘက် ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အုပ်စု ညောင်ပင်စောက်ကျေးရွာတွင် ရှိသည်။

🍁ငုံဘုရားဆင်းတုတော်များ တည်ရှိသည့် ရွှေဂူကြီးစေတီတော်သည် တမုတ် မြို့ဟောင်းကိုပုဂံခေတ်ဦးပိုင်း အစွဲပြု၍ တမုတ်ရွှေဂူကြီးဟု ထင်ရှားခဲ့သည်။ အနော်ရထာမင်းကြီး သည် တမုတ်တွင် တစ်ထပ်လိုဏ်ဂူပုံ အမိုးလျော ရွှေဂူကြီးစေတီကို ၁၁ ရာစုတွင် တည်ထားခဲ့ပြီး ရွှေဂူကြီးနှမူလစေတီတော်င့်အတူ အနောက်ဘက်တွင် သိမ်တော်ကြီး တစ်ခုကို ဆောက်လုပ်ခဲ့သည်။ပုဂံခေတ် ၁၂ ရာစု၊ နရပတိစည်သူမင်း လက်ထက်(ခရစ်နှစ် ၁၁၆၅-၁၂၁၁)တွင် ပျက်စီးယိုယွင်းနေသည့် တစ်ထပ်ဂူဘုရားကို ကွမ်းတောင်ပေါက် နှစ်ထပ်ဂူဘုရားအဖြစ် တည်ခဲ့ကာ ဂူဘုရားအပြင်ပိုင်းကို ကနုတ်ပန်းများ၊ တိရ္ဆာန် ရုပ်များ၊ ငှဥစ္စနာမင်းလက်ထက်က်ရုပ်များ၊ လူနတ်ဗြဟ္မာ ကိန္နရာရုပ်များဖြင့် အလှဆင်ခဲ့သည်။ ပင်းယ ခေတ် သက္ကရာဇ် ၆၈၄ ခုနှစ်တွင် စေတီတော်၊ သိမ်တော်နှင့် ဆင်းတုတော်တို့ကို ငုံ၍ ပုဂံ ရွှေစည်းခုံစေတီပုံစံ စေတီတော်ကို တည်ထားခဲ့သည်။

🍁သိမ်အတွင်းတွေ့ရှိခဲ့ရသည့် ကျောက်စာအရ ပင်းယဘုရင် ဆင်ဖြူရှင် ကျော်စွာ မင်း(ခရစ်နှစ် ၁၃၄၄-၁၃၅ဝ)သည် မိဖုရားနှင့်အတူ သက္ကရာဇ် ၇၁၈ ခုနှစ်တွင် တမုတ် ရှင်ပင်ရွှေဂူကြီးဘုရားသို့လာရောက်ဖူးမြော်ပြီး ဘုရားဝတ်တော်မြေ ၁၉ ပယ်၊ အမှု လုပ်ဘုရားကျွန် လေးယောက်တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရပေသည်။

🍁ပင်းယခေတ်တွင် နောက်ဆုံးပြုပြင်တည်ထားခဲ့သည့် တမုတ် ရွှေဂူကြီးစေတီ တော်သည် နှစ်ကာလကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့သဖြင့် ပြိုခုနှစ်တွင်ကျပျက်စီးကာ အုတ်ပုံကြီးတစ်ခုအသွင် ဖြစ်နေခဲ့ပြီး စေတီတော်နှင့် ၁၃ ဒသမ ၆၂ ဧက ကျယ်ဝန်း သည့် ဘုရားကုန်းမြေတစ်ခုလုံးသည် ချုံနွယ်ပိတ်ပေါင်းများဖြင့် ပိတ်ဖုံးနေခဲ့သည်။ ၁၉၁၅ ကြောင်ပန်းကုန်းရွာနေ ဦးစံထွားက ပြိုကျနေသည့် စေတီကြီး ထိပ် ပိုင်းကို မြေညှိပြီး ဉာဏ်တော် ပေ ၂ဝ ခန့်ရှိ စေတီငယ်တစ်ဆူကို တည်ထားခဲ့သည်။
အရှင်စန္ဒောဘာသသည်
🍁၁၉၉၃ ခုနှစ်တွင် မြို့နယ်သံဃနာယကအဖွဲ့၏ တာဝန်ပေးအပ်မှုနှင့် ရွာသူရွာသားများ၏ ပင့်လျှောက်မှုအရ အမရပူရ မဟာဂန္ဓာရုံစာသင်တိုက်တွင် သီတင်း သုံးနေသည့် ငယ်တိုးရွာဇာတိ ကြောင်ပန်းကုန်းရွာသို့ကြွရောက်သီတင်းသုံးခဲ့သည်။ ထိုနှစ် သြဂုတ်၂၂ ရက်တွင် ဆရာတော် အရှင်စန္ဒောဘာသ ဦးဆောင်လျက် ဒေသခံ ရွာသူရွာသားများသည် အုတ်ကုန်းကြီး အောက် ခြေပိုင်းကို ရှင်းလင်းကြရာ ဂူမုခ်ချိုင့်ရာ ဦးစွာပေါ်လာပြီး အင်္ဂတေပန်းလက်ရာများ နှင့် လိုဏ်ဂူအတွင်း ဆေးရေးပန်းချီ အစအနများတွေ့ရှိခဲ့ကြသည်။

🍁နိုဝင်ဘာ ၂ ရက်တွင် ဉာဏ်တော် ၁၀ ပေရှိသည့် အင်္ဂတေမံဘုရားကြီးကို တွေ့ရှိခဲ့ကြသည်။တမုတ်ရွှေဂူကြီးအုတ်ကုန်းကို
ရှေးဟောင်းသုတေသနဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ၁၃၇၀ ပြည့်နှစ် ကဆုန် လပြည့်နေ့(၂၀၀၈ ခုနှစ် မေ ၁၉ ရက်)မှ စတင်၍ နေ့စဉ် လုပ်အားပေးလူအင်အား ၂၀၀ ကျော်ဖြင့် တူးဖော်ခဲ့ရာ တမုတ်ရွှေဂူကြီး၏ အောက်ခြေပတ်ပတ်လည်မှ အထက်ကွမ်းတောင်တွေ့ရှိခဲ့ရသည့်အတွက်အထိ အင်္ဂတေ ပန်းတော့လက်ရာ များကို တွေ့ရှိခဲ့ရသည်။ တူးဖော်မှုများအတွင်း အင်္ဂတေထောင်းသည့် ဆုံများ၊ ရေတွင်းများပါကို မူလအတိုင်း ထိန်းသိမ်းပြသထားသည်။

🍁တမုတ်ရွှေဂူပြတိုက်၌ တမုတ်ဂူကြီးနှင့် သိမ်ဟောင်းရာကို တူးဖော်ရာမှ ရရှိခဲ့သော ဓာတ်တော်မွေတော် များ၊ အုတ်ခွက်ရုပ်ပွားတော်များ၊ စဉ့်ကွင်းများ၊ ခရုဆံတော်၊ မြေမီးဖုတ်ဆံတော် များနှင့်အတူ ပြသထားသည်။ တမုတ်ရွှေဂူကြီးရှိ ရုပ်ပွားဆင်းတုတော်များသည် သုံးဆင့်ငုံ၍ ထုလုပ်ထားသည့် ခေတ်သုံးခေတ်လက်ရာများ ဖြစ်သည်။ ပုဂံ မီးမလောင်ကျောင်း အနောက်ဘက်ရှိ ဂူဘုရားငယ်အတွင်းမှ ဆင်းတုနှင့် မြင်းကပါ ဂူပြောက်ငယ်ဘုရားအနောက်ဘက် ဂူဘုရားအတွင်းမှ ဆင်းတုတို့သည်လည်း ငုံထားသည့် ရုပ်ပွားတော်များဖြစ်ကြ သော်လည်း နှစ်ထပ်သာရှိသည်။

🍁ရွှေဂူကြီးရှိ ထပ်ဘုရားများအနက် အထင်ရှားဆုံးဖြစ်သည့် အရှေ့ဘက်လှည့် သုံးထပ်ရုပ်ပွားတော်၏ အောက်ဆုံးဆင်းတုတော်သည် ရှေးအကျဆုံးဖြစ်ကာ အနော်ရထာခေတ် ၁၁ ရာစု ဂုတ္တလက်ရာဖြစ်နိုင်ပြီး အလယ်ဆင်းတုသည် စောလူး မင်းနှင့် ကျန်စစ်သားမင်းလက်ထက်၊ ပါလခေတ်လက်ရာ ဖြစ်ဖွယ်ရှိကာ အပေါ်ဆုံး ဆင်းတုမှာ ၁၃ ရာစုခေတ်လက်ရာ ဖြစ်နိုင်ကြောင်း ပညာရှင်များက ယူဆကြသည်။ အရှေ့ဘက်လှည့်နေသည့် ဆင်းတုတော်နှင့် အနောက်ဘက်လှည့်နေသည့် ဆင်းတုတော် နှစ်ဆူလုံးတွင် ပလ္လင်အထပ်များပါရှိနေကာ ထပ်ဘုရားရုပ်ပွားတော် များအားလုံး၏ ဆံတော်များသည် မြေမီးဖုတ် ခရုခွေဆံတော်များ ဖြစ်ကြသည်။

🍁သမိုင်းဝင် ရှင်ပင်ဆပ်သွားစေတီနှင့် တမုတ်ရွှေဂူကြီးတို့သည် ခေတ်အဆက်ဆက် ဗိသုကာလက်ရာများကို ထိန်းသိမ်းထားနိုင်ခြင်းကြောင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်းစေတီနှင့် အငုံအထပ် ရုပ်ပွားတော်များအဖြစ် ထင်ရှားလျက်ရှိနေပေသည်။

မြန်မာငွေ (၃၇၅၀၀) ကျပ်ထဲနဲ့ငွေဆောင်မှာ ရေကူးမယ်ဆိုရင်တော့ရွှေအဏ္ဏဝါကို သတိရလိုက်နော် ‼🔁 ရန်ကုန် ငွေဆောင် ကားခအသွား/အပြန်...
23/12/2023

မြန်မာငွေ (၃၇၅၀၀) ကျပ်ထဲနဲ့
ငွေဆောင်မှာ ရေကူးမယ်ဆိုရင်တော့
ရွှေအဏ္ဏဝါကို သတိရလိုက်နော် ‼

🔁 ရန်ကုန် ငွေဆောင် ကားခအသွား/အပြန်
🏡 တည်းခိုအနားယူရမဲ့ အခန်းခ
🍛 မနက်စာလေးလဲပါဝင်မယ်နော် 😍

♦ တစ်ညအိပ်နဲ့သွားမယ်ဆို (၃၇၅၀၀) ကျပ်
♦ နှစ်ညအိပ်နဲ့ သွားမယ်ဆို (၅၀၀၀၀) ကျပ်

✅ ကမ်းခြေသို့ ၃မိနစ်စာ အကွာအဝေး
✅ Air-con / Wifi / Breakfast

😱 ဒီစျေးနဲ့ဆို တန်သွားပြီမလား ...
👉 အခုပဲ ☎ 09 400 14 88 33 ကို
ဖုန်းဆက်လိုက်တော့နော် ‼

🍁ပြုသူအသစ် - ဖြစ်သူအဟောင်း🍁🙏🏻🙏🏻🙏🏻 တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။လမ်းသွားတဲ့အခါမှာ ကြက်တွေကို ခြေထောက်တွေမှာ စုချည်ပြီး ဇေ...
22/12/2023

🍁ပြုသူအသစ် - ဖြစ်သူအဟောင်း🍁🙏🏻🙏🏻🙏🏻

တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။
လမ်းသွားတဲ့အခါမှာ ကြက်တွေကို ခြေထောက်တွေမှာ စုချည်ပြီး ဇောက်ထိုးဆွဲသွားတာ၊အရှင်တွေပဲနော်။ဒါက ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့အတိုင်းသူတို့တစ်ချိန်က သူများကို အဲဒီလို ဆွဲခဲ့တာ ဖြစ်လောက်တယ်။
အခု သူတို့အလှည့် ရောက်နေပြီ။
အတုံ့အလှည့်ဆိုတာလာတာပဲ၊မရဘူးနော်။

❖ မေးခွန်းထုတ်ဖို့ကောင်းတယ်။
ဆိုင်တွေ ဆိုင်တွေမှာ ရေးထားတာ။
`ဘယ်သူ့အလှည့်လဲဟေ့ ´ လို့။
အဲဒီတော့ ကိုယ်က ကောင်းတာတွေချည်းပဲ
လုပ်ထားလို့ရှိရင် ....
ကောင်းတာတွေက ကိုယ့်အလှည့်ချည်းပဲ ဖြစ်မှာပေါ့။
မကောင်းတာ လုပ်ထားလို့ရှိရင်တော့ ကိုယ့်အလှည့် လာလိမ့်မယ်နော်။

❖ အကုသိုလ်တွေရဲ့ အကျိုးခံစားရမယ့်အလှည့်ဟာကြောက်စရာကောင်းမယ့် အလှည့်ပဲ။
ခံနေရတဲ့သူက အဟောင်းခံရတယ်လို့ မှတ်။
လုပ်တဲ့သူကသာ အသစ်လုပ်နေတာ။
လာလိမ့်မယ်၊ အလှည့်ဆိုတာ ရောက်လာမှာပဲ။
ကိုယ့်အလှည့် သူ့အလှည့်ဆိုတာ ရှိတယ်လေ။

(ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Posted by Words of Buddha.

''မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါဆိုသူ''ဦးသန်းထွန်းလေးရဲ့ ''မမပုသိမ်သူ'' သီချင်းထဲက ဆံတော်ရှင် မော်တင်စွန်းဘုရား🙏ဧရာဝတီ...
22/12/2023

''မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါဆိုသူ''
ဦးသန်းထွန်းလေးရဲ့ ''မမပုသိမ်သူ'' သီချင်းထဲက

ဆံတော်ရှင် မော်တင်စွန်းဘုရား🙏

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း

Post from Beautiful ln Infinity

၀မ်းနည်းစရာကောင်းတဲ့ အမှန်တရား *********************************ကျွန်တော်တို့ ဆေးလိပ်မသောက်ပဲ အသက်ရှင် ရှင်သန် နေထိုင်နိ...
22/12/2023

၀မ်းနည်းစရာကောင်းတဲ့ အမှန်တရား *********************************

ကျွန်တော်တို့ ဆေးလိပ်မသောက်ပဲ အသက်ရှင်
ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ ဆေးလိပ်ထုတ်လုပ်တဲ့သူတွေဟာ
ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။

ကျွန်တော်တို့ အရက်မသောက်ပဲ အသက်ရှင် ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ အရက်ထုတ်လုပ်တဲ့သူတွေဟာ
ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။

ကျွန်တော်တို့ မိုဘိုင်းဖုန်းအသုံးမပြုလဲ အသက်ရှင်
ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ ဖုန်းထုတ်လုပ်တဲ့သူတွေဟာ
ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။

ဒါပေမယ့် သိပ်ပြီး၀မ်းနည်းစရာကောင်းတဲ့
အမှန်တရားကတော့......................

အစားအစာအသီးအနှံတွေ မရှိပဲ ကျွန်တော်တို့ အသက်ရှင် နေထိုင် ရှင်သန်လို့ မရဘူး။

ဒါတောင်မှပဲ သီးနှံ အစားအစာတွေကို
ထုတ်လုပ်ပေးတဲ့ ကျွန်တော်တို့ ရဲ့ တောင်သူလယ်သမားတွေဟာ ခုထိ ဆင်းရဲမွဲတေနေကြတုန်းပါပဲ။😔😔




 #ဘုရားရှိခိုးခြင်းဖြင့် ပါရမီ (၁၀)ပါး ပြည့်စုံအောင် ပြုလုပ်နိုင်ကြပါစေ... #ပထမဦးစွာပန်း ၊ ရေချမ်း ၊ ဆီမီး ၊ နံ့သာတိုင်တ...
21/12/2023

#ဘုရားရှိခိုးခြင်းဖြင့် ပါရမီ (၁၀)ပါး
ပြည့်စုံအောင် ပြုလုပ်နိုင်ကြပါစေ...

#ပထမဦးစွာ
ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ နံ့သာတိုင်တို့
ပူဇော်လိုက်ခြင်းကြောင့် " #ဒါနပါရမီ "
ဖြစ်သွားပါတယ်။

#ငါးပါးသီလ ခံယူ
ဆောက်တည်လိုက်ခြင်းကြောင့်
" #သီလပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားရှိခိုးခိုက်ဝယ်
တဏှာရာဂ ၊ လောဘ ၊ ဒေါသ ၊
မောဟ ၊ မာန စသည်တို့မှ ခဏ ကင်းလွတ်နေသောကြောင့်" #နေက္ခမ္မပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားရှိခိုးခိုက်
မမှားအောင် သတိထား ရွတ်ဆိုနေခြင်း ၊
ပါဠိတော်ကို ရွတ်ဆိုနေခြင်း ၊ ဆင်ခြင်နေခြင်း ၊ ရွတ်ဆိုနိုင်သော အသိဥာဏ်တို့သည်
" #ပညာပါရမီ " ဖြစ်သွားပါတယ်။

#ကျန်းမာနေသ၍
နေ့စဉ် ဝတ်မပျက် ရလေအောင်
ကြိုးစား ပူဇော်နေခြင်းတို့သည်
" #ဝီရိယပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားရှိခိုးခိုက်ဝယ်
ညောင်းညာနေခြင်း ၊ ပင်ပန်းနေခြင်း ၊ မှက်, ခြင်ကိုက်ခြင်း စသည်တို့ကို သည်းခံနေခြင်းသည် " #ခန္တီပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားရှိခိုးပြီးတိုင်းဝယ်
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကိုပူဇော်ပါ၏၊ ဤစကားသည် မှန်သော သစ္စာစကား ဖြစ်ပါပေ၏ ... ဟု သစ္စာပြုခြင်းသည် " #သစ္စာပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားမရှိခိုးခင်ဝယ်
ကြိုတင်ပြီး အာမခံထားမယ် ဆိုရင်
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကိုဘယ်နှစ် ခေါက်၊ သက်စေ့ ပူဇော်ပါမည်ဘုရား ဟု ကြိုတင်ပြီး အဓိဋ္ဌာန် ထားမယ် ဆိုရင် " #အဓိဋ္ဌာန်ပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားရှိခိုးပြီးတော့
သတ္တဝါတွေ ကျန်းမာပါစေ ၊
ချမ်းသာပါစေ ၊ ဘေးရန် ကင်းပါစေ ၊
လိုရာဆန္ဒများ ပြည့်စုံပါစေ ၊ဟူ၍ မေတ္တာပို့မယ် ၊ မေတ္တာပွားမယ် ဆိုရင် " #မေတ္တာပါရမီ " ဖြစ်သွားပါတယ်။

#ဘုရားရှိခိုးပြီး မေတ္တာပွားစဉ် အခါဝယ်
သတ္တဝါတွေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ဘေးဒုက္ခမှ ကင်းဝေးပါစေ လို့မည်သို့ပင် မေတ္တာပို့ပို့ သူ့ကံနဲ့သူ လာတာပဲ ၊ ကံသာလျှင် အမိ ၊ ကံသာလျှင် အဖ ဖြစ်ပေတယ် ၊ ငါ ... မေတ္တာ ပို့နေပေမဲ့လည်း ဘေးဒုက္ခ ကင်းချင်မှ ကင်းမယ် ဆိုပြီး သတ္တဝါတို့အပေါ်ချစ်ခြင်း ၊ မုန်းခြင်း ၊ သနားခြင်း ၊ ဝမ်းသာခြင်းတို့ကို ဘေးဖယ်လိုက်မယ် ၊ ဥပေက္ခာ ပွားလိုက်မယ် ဆိုရင်" #ဥပေက္ခာပါရမီ" ဖြစ်သွားပါတယ်။

#ပါရမီမြောက်တဲ့အထိ
ဘုရားရှိခိုး ပူဇော်ပါက
လွန်စွာ အကျိုးကြီးမြတ်လှပါတယ်။

#ဘုရားရှိခိုးတာ ...
" #ဥာဏသမ္ပယုတ်_ကုသိုလ် "
ဖြစ်သွားတော့ နိဗ္ဗာန်ထိအောင်
အကျိုးပေးပါတယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝ 🙏🏻🙏🏻🙏🏻

Credit to writer ✍🏻

Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်Couple ပုံတွေ 2.ရက်တစ်ခါ တင်ဖြစ်ခဲ့ကြတယ်Password တွေ အပြန်အလှန်ပေးခဲ့ကြ...
19/12/2023

Facebook ပေါ်မှာ Official တွဲခဲ့ကြတယ်
Couple ပုံတွေ 2.ရက်တစ်ခါ တင်ဖြစ်ခဲ့ကြတယ်
Password တွေ အပြန်အလှန်ပေးခဲ့ကြတယ်
Tag တွဲပြီး သတိရတဲ့အကြောင်း ပြောခဲ့ကြတယ်
ရေစက်ကုန်တော့ Block&Unfri ဖြစ်ကုန်တာပါပဲ။

အသစ်ထွက်သမျှရုပ်ရှင် မလွတ်တမ်းကြည့်ခဲ့ကြတယ်
Centre တွေဘက် ခြေတိုအောင် Run ခဲ့ကြတယ်
ဟော့ပေါ့&အသားကင် အန်ထွက်အောင် စားခဲ့ကြတယ်
ရောက်လေရာဘုရား အတူတူဦးတော်လုပ်ခဲ့ကြတယ်
ဖူးစာမပါပြန်တော့လည်း နှုတ်ဆက်ကွဲကွာရတာပါပဲ။

ဗိုက်ဆာတယ်ပြောရင် ချက်ချင်းလာပို့ပေးတတ်တယ်
Bills မရှိဘူးပြောရင် မကြာဘူးလှမ်းလွှဲပေးတတ်တယ်
ကားလမ်းကူးရင် စိတ်မချလို့ နေရာလဲပေးတတ်တယ်
နေမကောင်းတဲ့အခါ အသေအလဲဂရုစိုက်ပေးတယ်
အချိန်တန်တော့လည်း ပြတ်ခဲ့ကြရတာပါပဲ။

အသဲတစ်ခြမ်း ကလီစာတစ်မျှင်တွေ ခေါ်ခဲ့ကြဖူးတယ်
ဘော်ဒါတွေကြားထဲ လက်ဆွဲ ကြွားပြခဲ့ဖူးတယ်
မိဘဆွေမျိုးအသိုင်းအဝိုင်းထဲအထိ ခရီးရောက်ခဲ့ဖူးတယ်
ရွာဦးကျောင်းက ဘုန်းဘုန်းပါမချန် အပူကပ်ခဲ့ဖူးတယ်
သည်းမခံနိုင်တဲ့အဆုံး မြန်မာဘီယာ ကံစမ်းမဲလို
ကျေးဇူးတင်ပါတယ်တစ်ခွန်းနဲ့ တာ့တာလုပ်ကြတာပါပဲ။

နှင်းဆီပန်းကြားထဲ စိန်လက်စွပ်ထည့် ရိုဆန်ပြတယ်
မွေးနေ့ည 12.အတိမှာ အိမ်ရှေ့ထိအရောက်လာပြီး
Surprise လှလှလေး လုပ်ပြတယ်
လူကြားထဲ ဒူးထောက် Propose လုပ်ပြခဲ့တယ်
မကြာခင်မှာပဲ မခေါ်မပြောဖြစ်ရင်း ဝေးသွားကြတာပါပဲ။

ဘယ်လောက်ကြာရင် အတူနေမှာ ကတိထားခဲ့တယ်
Sedona & Shangrila နေရာရွေးခဲ့ကြတယ်
ဟန်းနီးမွန်းခရီး Plan ကြိုဆွဲထားခဲ့ကြတယ်
ဖိတ်စာ ဘာအရောင်ကအစ တိုင်ပင်ခဲ့ကြတယ်
မာနတွေယှဉ်ပြိုင်မိရင်းကနေ လမ်းခွဲခဲ့ကြတာပါပဲ။

3.နှစ်တိတိ အတူရှိခဲ့တယ်နော်
ဘေးစကား 3.ခွန်းထဲနဲ့ ပြတ်တယ်။

5.နှစ်တောင် မြဲခဲ့ကြတယ်နော်
Mpt free 5.mins ထဲနဲ့ ပြီးပါပြီ စာတန်းထိုးတယ်။

7.နှစ်မကလို့ 10.နှစ်ထိ တွဲခဲ့ဦး
မက်ဆေ့ခ်ျတစ်စောင်လောက်နဲ့ ဇာတ်သိမ်းတယ်လေ။

Anni တွေ ဘယ်လောက်ပဲ ကျော်ဖြတ်ခဲ့
အချိန်အကြာကြီး အတူတူ လက်လက်ထခဲ့
တစ်ဘဝစာပုံအောပြီး ရင်းနှီးမြုပ်နှံထားခဲ့
စိတ်မချရပါဘူး...
ဘာမဟုတ်တဲ့ Case ကနေ အစပြု ပြီး
အပျက်ပျက်နဲ့နှာခေါင်းသွေးထွက် ပြတ်ပါတယ်။

မြဲတဲ့အတွဲကျ မြဲကိုမြဲပါတယ်
အဖျက်ပေါလေ ပိုခိုင်မြဲလာလေ
အတားအဆီးများလေ ပိုနီးစပ်လာလေပါပဲ။

ချစ်လို့ပဲ လက်တွဲလာခဲ့ကြသေးတာ
ထစ်ခနဲရှိ လမ်းခွဲစကား မပြောကြပါနဲ့...

အသဲယားလို့ပဲ အတူရှိခဲ့ကြတာ
မာနတွေထား မခေါ်မပြော မလုပ်ကြပါနဲ့...

တန်ဖိုးထားလို့ပဲ ချစ်ခွင့်ပန်ခဲ့ကြတာ
ဂရုမစိုက် ပစ်ထားတာမျိုး မဖြစ်ပါစေနဲ့...

အလိုက်မသိဘူး ပြောရအောင်
သင့်ဘေးကချစ်သူက
အကြားအမြင်ရနေတာမှ မဟုတ်တာ။

နားမလည်ဘူး ပြောရအောင်
သင့်ချစ်သူက
Super Power ရထားတာမှ မဟုတ်တာ။

စိတ်ထဲ တေးမှတ်မထားပါနဲ့
ပြဿ နာတစ်ခုကို ပုံကြီးမချဲ့ပါနဲ့
အဆုံးသတ် လမ်းခွဲစကား မဆိုပါနဲ့
တစ်ယောက်က အလျှော့ပေး ရတာပဲလေ။

သူများတွေ သင့်ကို ဂရုစိုက်ပေးတယ်ဆိုတာ
သင့်ချစ်သူ အိပ်နေတုန်းယောင်ပြီး
ထွက်တဲ့စကားလောက်ရှိတာပါ။

သူများတွေ သင့်ကို သဲသဲလှုပ်ကြွေတယ်ဆိုတာ
သင့်ချစ်သူ သင့်ကို စိတ်နာနေသလောက်ရှိတာပါ။

သူများတွေ သင့်ကို ချစ်တယ်ဆိုတာ
သင့်ချစ်သူ သင့်ကို မုန်းနေသလောက်ရှိတာပါ။

သင့်ဘဝမှာ ခုလက်ရှိချစ်သူလောက်
အနစ်နာခံ အနွံတာခံ အပြောအဆိုခံပြီး
မခွဲမခွာ ရှိပေးတဲ့သူမျိုး ထပ်မရနိုင်တော့ပါဘူး။

နောင်တရရင် ခုချက်ချင်း ထပြင်ဆင်လိုက်ပါ
သင့်ချစ်သူကို ထွက်သွားခွင့်မပေးမိပါစေနဲ့
ဆုံးရှုံးမှုတန်ဖိုးက သိပ်ကြီးမားနေတတ်လို့ပါလေ။ ။
Crd ပေးပါတယ်
Sis Thet Zaw photo Crd ပေးပါတယ်😁😁

ငွေဆောင်🏖 သွားမလို့လား ⁉🤔✅ ရေကူးကန်လေးလဲ ပါရမယ်✅ စျေးလေးလဲတန်ရမယ်✅ ဝန်ဆောင်မှုလဲကောင်းရမယ်ဆိုရင်🏘 Summer Inn Hotel မှာ အ...
18/12/2023

ငွေဆောင်🏖 သွားမလို့လား ⁉🤔

✅ ရေကူးကန်လေးလဲ ပါရမယ်
✅ စျေးလေးလဲတန်ရမယ်
✅ ဝန်ဆောင်မှုလဲကောင်းရမယ်ဆိုရင်
🏘 Summer Inn Hotel မှာ အနားယူလိုက်ပါခင်ဗျာ

👉 ကားခ အခန်းခ မနက်စာအပြီးအစီး👌

🏖 ငွေဆောင် (Summer Inn Hotel 🏘)
☝ တစ်ညအိပ် (၅၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၅၀၀၀) ကျပ်
(သောကြာ စနေ တနင်္ဂနွေ 💲 +3000 Ks)

ကားလက်မှတ်သီးသန့် (၂၅၀၀၀) ကျပ်
နေ့စဥ် မနက် ၅နာရီ ကားထွက်ရှိပါတယ်

လက်မှတ်ဝယ်မယ်ဆိုရင်
☎ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ 🙏

#ရွှေအဏ္ဏဝါအဆင့်မြင့်ခရီးသွားလုပ်ငန်း #ငွေဆောင်ပက်ကေ့ချ် #ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင် #ပက်ကေ့ချ် #ဖိုးဖိုးလေးဗီလာ #ငွေဆောင်

နိုင်ငံခြားမဟုတ်တဲ့ မြန်မာနိုင်ငံက Paradiseလေးတခု🏖️ ဖိုးကုလားကျွန်း(ချောင်းသာ)မှ Paradise လေး❤️❤️ မင်္ဂလာပါရှင့် ❤️   🌊 ...
18/12/2023

နိုင်ငံခြားမဟုတ်တဲ့
မြန်မာနိုင်ငံက Paradiseလေးတခု

🏖️ ဖိုးကုလားကျွန်း(ချောင်းသာ)မှ Paradise လေး❤️
❤️ မင်္ဂလာပါရှင့် ❤️

🌊 Coral View Resort Hotel

တောင်ပေါ်သွားရင်ကောင်းမလားကမ်းခြေဘက်သွားရင်ကောင်းမလားဆိုပြီးတွေဝေမနေနဲ့နော်ကမ်းခြေအရသာနဲ့တောင်ပေါ်အရသာကို👌တစ်ပြိုက်နက်တည်းခံစားရတယ် Hotelလေးပါ🧜🏻‍♀️

🏖️အတော်လေးလှတဲ့ Resort လေးတခုမို့ ချောင်းသာသွားမယ့် မိတ်ဆွေတွေ အဲ့မှာတည်းဖို့ Recommend ပေးပါတယ်❤️

🌊 Coral View Resort hotel ရဲ့အတူ ချစ်ရတဲ့သူနဲ့အတူ ကျွန်းလေးပေါ်မှာလာရောက်အပန်းဖြေချင်တယ်ဆိုရင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်
☎️ 09 2615 1111 7
09 2615 1111 8

♦ ရန်ကုန် 🏖 ချောင်းသာ
🕔 နေ့စဥ် မနက် ၅နာရီကားထွက်ရှိပါတယ်
💲 ကားခသီးသန့် အသွားအပြန် (25000)Ks

လက်မှတ်ဝယ်မယ်ဆိုရင်
☎ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ 🙏

Post & Photos from Beautiful ln lnfinity

🏖 ကမ်းခြေသွားတဲ့ အဆင့်မြင့်ကားကြီးတွေစီးချင်တယ်ဆိုရင် ရွှေအဏ္ဏဝါ ကိုသတိရလိုက်ပါ 😍🏖 ချောင်းသာ ငွေဆောင် ✅ နေ့စဥ် မနက် (၅)န...
18/12/2023

🏖 ကမ်းခြေသွားတဲ့ အဆင့်မြင့်ကားကြီးတွေ
စီးချင်တယ်ဆိုရင် ရွှေအဏ္ဏဝါ ကိုသတိရလိုက်ပါ 😍

🏖 ချောင်းသာ ငွေဆောင်
✅ နေ့စဥ် မနက် (၅)နာရီ ကားထွက်ရှိတယ်နော် ‼

☝🏻 တစ်ညပဲ အိပ်အိပ်
✌🏻 နှစ်ညပဲ အိပ်အိပ်
👉🏻 ကားခ အသွား /အပြန် (25000) Ks
🤔 (ဘယ်နှညအိပ်မယ်ဆိုတာလေးပြောခဲ့ပေးရပါမယ်)

♦ ကားခ ဟိုတယ်နဲ့ မနက်စာတွဲရက်ဆိုရင် ♦

🏝 ချောင်းသာ (Alliance Hotel 🏘)
☝ တစ်ညအိပ် (၄၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၅၅၀၀၀) ကျပ်

🏖 ငွေဆောင် (Summer Inn Hotel 🏘)
☝ တစ်ညအိပ် (၅၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၅၀၀၀) ကျပ်

🌊 ငွေဆောင် (ဖိုးဖိုးလေးဗီလာ 🏡)
☝ တစ်ညအိပ် (၃၇၅၀၀) ကျပ်
✌ နှစ်ညအိပ် (၅၅၀၀၀) ကျပ်

ဒီဇင်ဘာပိတ်ရက်တွေမှာ ခရီးထွက်မယ်ဆိုရင်
ကားခ အသွား /အပြန် (40000) Ks ပါနော် 😊

အချိန်မကုန် လူမပန်းပဲ လက်မှတ်ဝယ်မယ်ဆိုရင်
Kpay & WavePay တို့နဲ့ ယုံကြည်စိတ်ချစွာ 💯
ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာ 🙏🏻🙏🏻🙏🏻

🧏🏻‍♀️ ခရီးစဥ်စုံစမ်းချင်တယ်
💌 လက်မှတ် ဝယ်ယူချင်တယ်ဆိုရင်

☎ 09 400 14 81 81
☎ 09 400 14 88 33
ကို ဆက်သွယ်နိုင်ပါပြီနော်...🙏🏻🙏🏻🙏🏻

မင်္ဂလာနံနက်ခင်းပါ🙏
18/12/2023

မင်္ဂလာနံနက်ခင်းပါ🙏

🎆🎆🎆🎆🎆ငွေဆောင်ကမ်းခြေ ညစျေး🏵🏵🏵🏵🏵🏵🏵🏵🏵Photo Credit
15/12/2023

🎆🎆🎆🎆🎆
ငွေဆောင်ကမ်းခြေ ညစျေး
🏵🏵🏵🏵🏵🏵🏵🏵🏵
Photo Credit

Hello ‼️ အားလုံးပဲ မင်္ဂလာပါခင်ဗျာ😍ကြံတိုင်းအောင် ခရီးသွားလုပ်ငန်း Pageလေးမှာလစဉ် 15 ရက်နေ့တိုင်း ငွေဆောင်ခရီးစဉ်လေးမဲဖေ...
15/12/2023

Hello ‼️ အားလုံးပဲ မင်္ဂလာပါခင်ဗျာ😍
ကြံတိုင်းအောင် ခရီးသွားလုပ်ငန်း Pageလေးမှာ
လစဉ် 15 ရက်နေ့တိုင်း ငွေဆောင်ခရီးစဉ်လေး
မဲဖောက်ပေးနေပါတယ်နော် 😍

တစ်ခါလောက်တော့ဘဝလက်တွဲဖော်နဲ့အတူကလောမြို့ကိုအလည်သွားချင်တယ် 💛😍Loction-ကလော  Post From Popular Paoh Stars
13/12/2023

တစ်ခါလောက်တော့
ဘဝလက်တွဲဖော်နဲ့အတူ
ကလောမြို့ကိုအလည်သွားချင်တယ် 💛😍

Loction-ကလော

Post From Popular Paoh Stars

😱 (၄၀၀၀၀) ကျပ်ထဲနဲ့ ချောင်းသာသွားမယ် ‼☑ ဟိုတယ်မှာ အနားယူမယ် 😉♦ အဆင့်မြင့်လေအိတ်ကား♦ တည်းရမဲ့ဟိုတယ် (Alliance Hotel)♦ မနက...
12/12/2023

😱 (၄၀၀၀၀) ကျပ်ထဲနဲ့ ချောင်းသာသွားမယ် ‼
☑ ဟိုတယ်မှာ အနားယူမယ် 😉

♦ အဆင့်မြင့်လေအိတ်ကား
♦ တည်းရမဲ့ဟိုတယ် (Alliance Hotel)
♦ မနက်စာ အပါအဝင်

☝ တစ်ညအိပ် (40000) Ks
✌ နှစ်ညအိပ် (55000) Ks

🌊 ရန်ကုန် 🔁 ချောင်းသာ
🕔 နေ့စဥ်မနက် ၅နာရီကားထွက်ရှိပါတယ်
💲 ကားခအသွားအပြန် သီးသန့် (၂၅၀၀၀) ကျပ်

🙏(ပွဲတော်ရက်တွေမှာ စျေးပြောင်းပါမယ်ခင်ဗျာ)

လက်မှတ်ဝယ်မယ်ဆိုရင်
👉☎ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ 🙏

ရွှေအဏ္ဏဝါရဲ့ ခရီးသွားမိဘပြည်သူအပေါင်း
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ 🙏

#ရွှေအဏ္ဏဝါအဆင့်မြင့်ခရီးသွားလုပ်ငန်း #ရန်ကုန်_ကျိုက်ထီးရိုး #မှော်ဘီ_ကျိုက်ထီးရိုး #မှော်ဘီ_ချောင်းသာ
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

 #ရန်ကုန်_‌ချောင်းသာ_အခမဲ့ခရီးစဉ်=====================မနက်ဖြန် မနက် ၅ နာရီExpress ကား ၁စီးချောင်းသာသွားရန် ရှိပါသည်။ကားတ...
12/12/2023

#ရန်ကုန်_‌ချောင်းသာ_အခမဲ့ခရီးစဉ်
=====================

မနက်ဖြန် မနက် ၅ နာရီ
Express ကား ၁စီး
ချောင်းသာသွားရန် ရှိပါသည်။

ကားတစီးလျှင် ယာဉ်မောင်းတဦး
လမ်းကြောင်းတာဝန်ခံတစ်ဦး စပါယ်ယာတဦးသာ
ပါမည်ဖြစ်ပါသဖြင့်

ကား ၁စီးစာ ၄၀ ဦး
ရန်ကုန် မှချောင်းသာ ခရီးစဉ် စဆုံး
#အခမဲ့ ( #အခမဲ့ဖြစ်ပါတယ်)
လမ်းကြုံ လိုက်နိုင်ပါတယ်။
အတူပါ ခရီးသည်များ၏ လုံခြုံရေးကို
အလေးထားသည့်အနေဖြင့်
#ကြားမှတ်တိုင် #ဆင်းခွင့်မပြုပါ။

ခရီးစဉ်အတွက် #အခမဲ့ စီးခွင့်ရရုံသာမက

ခရီးစဉ် အစမှ အဆုံးထိ

ညောင်တုန်း တွင် Breakfast
လက်ဖက်ရည်/ကော်ဖီ နှစ်သက်ရာနှင့်
ထမင်းကြော် ကြက်မွ/ကြက်ဥ အဝစား။

ပုသိမ်တွင်
နှစ်သက်ရာ ဟင်းလျာဖြင့်
နေ့လည်စာ အဝစား။

#အခမဲ့ ( #ငွေကြေးပေးစရာမလို)
ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ပါသည်။

လမ်းကြုံလိုက်ပါလိုသူများ အနေဖြင့်
မှတ်ပုံတင်တမျိုးသာ
မဖြစ်မနေ ယူဆောင်လာရန်လိုပြီး
ခရီးစဥ်အတွက် ပိုက်ဆံ တပြားတကျပ်မှ
ယူဆောင်လာရန်မလိုပါ။

ခရီးစဉ် စထွက်ရက် နဲ့ အချိန်က‌တော့
မနက်ဖြန် မနက် ၅နာရီ တိတိဖြစ်ပြီး

ခရီးသည် စုရပ် ကတော့
ရန်ကုန် ဘူတာကြီးမှ စထွက်ပါမယ်

လိုက်ပါလိုသူများ
အချိန်မီ ဖုန်း/messenger ဖြင့်
ဆက်သွယ် စာရင်းပေးစေလိုပါသည်။

ဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီး
အထူးပန်ကြားလိုတာ တခုကတော့----
=
=
=
=

"""တလှေထဲစီး တခရီးထဲသွား စိတ်ဓါတ်"""
"""မိသားစုအသွင် #ဝိုင်းလုပ်ဝိုင်းစားပုံစံ"""
မျိုးဖြင့်

အဆိုပါ မောင်းစရာဓါတ်ဆီ မရှိသည့် Express ကား ၁စီးအား
#ရန်ကုန် မှ #ချောင်းသာထိ

အယောက် ၂၀ နား
အယောက် ၂၀ တွန်း ပုံစံမျိုးဖြင့်
တလှဲ့စီ တွန်းလိုက် စီးလိုက် လုပ်ရင်း

စည်းစည်းလုံးလုံး ချီတက်ကြဖို့ဘဲ
ဖြစ်ပါတယ်။😁😁😁😁😁😁

စတာနော် ငိငိ😝
ကျန်းမာချမ်းသာ
စိတိ​ပျော်ရွှင်ကြပါ​စေ😘😘😘
Oriiginal Uploder & Photo

ဆုတောင်းရင် တကယ်ပြည့်တယ် ဆိုတဲ့ ပီလခတ်ဘုရားကျောင်းရန်ကုန် ကျောက်တန်းမြို့နယ်ထဲကနှစ်ပေါင်း (၁၆၀) ကျော်ပြီဖြစ်တဲ့ ပီလခတ်ဟိ...
12/12/2023

ဆုတောင်းရင် တကယ်ပြည့်တယ် ဆိုတဲ့ ပီလခတ်ဘုရားကျောင်း

ရန်ကုန် ကျောက်တန်းမြို့နယ်ထဲကနှစ်ပေါင်း (၁၆၀) ကျော်ပြီဖြစ်တဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်း

ဟိန္ဒူဘုရားကျောင်းသွားရောက်ပူဇော်ရာတွင် စနစ်တကျဖြစ်စေဖို့... တစ်ပုံချင်းထောက်ကြည့်ပေးပါကွယ်....

မလိုက်နာနိုင်ဘူး...ယုံကြည်မှု့၊ လေးစားမှု့၊ ဂါဝရတရား ဟီရိဩတပ္ပ မရှိ မထားနိုင်ရင် ကိုယ့်လောဘအတ္တတစ်ခုတည်း အတွက်နဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ဘုရားကျောင်းကို မသွားကြပါနဲ့...

ကျန်းမာ ချမ်းသာ ဘေးကင်း အပူမီးတွေ ငြိမ်းကြပါစေသော်ဝ်....🙏

Popular Paoh Stars 🤩
📷-Ko Ko Nyan(ဓာတ်ပုံ)

🫶 (၃၇၅၀၀) ကျပ်တည်းနဲ့ ငွေဆောင်သွားမယ်👉 ရန်ကုန် ငွေဆောင် ကားခလဲ ပါမယ်🏡 အနားယူရမဲ့ အခန်းခလေးလဲ ပါမယ်😍 မနက်စာလဲ ပါအုန်းမယ်န...
11/12/2023

🫶 (၃၇၅၀၀) ကျပ်တည်းနဲ့ ငွေဆောင်သွားမယ်

👉 ရန်ကုန် ငွေဆောင် ကားခလဲ ပါမယ်
🏡 အနားယူရမဲ့ အခန်းခလေးလဲ ပါမယ်
😍 မနက်စာလဲ ပါအုန်းမယ်နော် ‼️

လူတစ်ဦးကို
☝️တစ်ညအိပ် (၃၇၅၀၀) ကျပ်
✌️နှစ်ညအိပ်။ (၅၀၀၀၀) ကျပ်ပဲ ကျသင့်မှာနော်

အတန်ဆုံး စီစဉ်ရောင်းချပေးနေတာမို့
👉☎️ 09 400 14 88 33 ကို ဆက်သွယ်ပြီး
လက်မှတ် ဝယ်ယူနိုင်ပါပြီခင်ဗျာ 🙏

#ရွှေအဏ္ဏဝါအဆင့်မြင့်ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏
11/12/2023

မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏

💛 ချစ်ခင်ရသူတွေနဲ့ ဘုရားဖူးသွားမယ်ဆိုရင် ‼🙏 ရန်ကုန် 🔁 ကျိုက်ထီးရိုး🕔 နေ့စဥ် မနက် ၅နာရီကားထွက်ရှိပါတယ်ခင်ဗျာ💲 ကားခ အသွားအ...
09/12/2023

💛 ချစ်ခင်ရသူတွေနဲ့ ဘုရားဖူးသွားမယ်ဆိုရင် ‼
🙏 ရန်ကုန် 🔁 ကျိုက်ထီးရိုး
🕔 နေ့စဥ် မနက် ၅နာရီကားထွက်ရှိပါတယ်ခင်ဗျာ
💲 ကားခ အသွားအပြန်သီးသန့် (၂၅၀၀၀) ကျပ်

💯 ကားခနဲ့ ဟိုတယ်တွဲရက်ဆိုရင်
✅ Yoe Yoe Lay- (3) Hotel
☝ တစ်ညအိပ် (၅၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၅၀၀၀) ကျပ်

ပွဲတော်ရက်လေးတွေမှာ စျေးအပြောင်းအလဲရှိပါတယ်ခင်ဗျာ 🙏

လက်မှတ်ဝယ်ယူမယ်ဆိုရင်
☎ 09 400 14 81 81
☎ 09 400 14 88 33 ကို ဆက်သွယ်နိုင်ပါပြီခင်ဗျာ

#ရွှေအဏ္ဏဝါအဆင့်မြင့်ခရီးသွားလုပ်ငန်း #ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင် #ရန်ကုန်_ကျိုက်ထီးရိုး

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျောက်ကလပ်မှာရှိတဲ့ သဘာဝရေညှိတွေ🍀ကျောက်ကလပ်မှာ ရေညှိစိမ်းတွေပေါ်လမ်းလျှောက်ချင်ရင် ဒီ...
09/12/2023

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်
ကျောက်ကလပ်မှာရှိတဲ့ သဘာဝရေညှိတွေ🍀

ကျောက်ကလပ်မှာ ရေညှိစိမ်းတွေပေါ်လမ်းလျှောက်ချင်ရင် ဒီအချိန်မှာ အလှဆုံးပါ🍀

😍

ကိုယ့်အပေါ်အပြည့်ဝနားလည်ပေးတဲ့ချစ်သူနဲ့ခရီးအတူသွားပါ
09/12/2023

ကိုယ့်အပေါ်အပြည့်ဝနားလည်ပေးတဲ့ချစ်သူနဲ့ခရီးအတူသွားပါ

မင်္ဂလာနံနက်ခင်းပါစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ 🙏
08/12/2023

မင်္ဂလာနံနက်ခင်းပါ
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ 🙏

ချစ်သောရေ💛သဘာ၀တရားကြီးကို သဘောကျတယ်တစ်နေ့ တောင်ပေါ်ကနယ်မြို့လေးမှာအိမ်လှလှလေးတစ်လုံးရယ် သစ်ပင်ပန်းပင်လေးတွေစိုက်ပီး အေးခ...
08/12/2023

ချစ်သောရေ💛

သဘာ၀တရားကြီးကို သဘောကျတယ်
တစ်နေ့ တောင်ပေါ်ကနယ်မြို့လေးမှာ
အိမ်လှလှလေးတစ်လုံးရယ် သစ်ပင်ပန်းပင်လေးတွေစိုက်ပီး အေးချမ်းစွာ အနားယူမယ်..

ကျေးလတ်တောင်တန်းဒေသရဲ့သဘာ၀အလှတို့ခံစားရင်း ဘ၀ရဲ့အချိန်တွေကို အေးချမ်းစွာ ကုန်ဆုံးချင်တယ်...

Paoh Stars

🌊 ချောင်းသာလား⁉  ငွေဆောင်လား ⁉💲 ကားခ အသွားအပြန်သီးသန့် (၂၅၀၀၀) ကျပ်🕔 နေ့စဥ် မနက် ၅နာရီ ကားထွက်ရှိပါတယ်ကားခနဲ့ ဟိုတယ်တွဲရ...
08/12/2023

🌊 ချောင်းသာလား⁉ ငွေဆောင်လား ⁉
💲 ကားခ အသွားအပြန်သီးသန့် (၂၅၀၀၀) ကျပ်
🕔 နေ့စဥ် မနက် ၅နာရီ ကားထွက်ရှိပါတယ်

ကားခနဲ့ ဟိုတယ်တွဲရက်ဆိုရင်
🌊 ချောင်းသာ (Alliance Hotel 🏘)
☝ တစ်ညအိပ် (၄၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၅၅၀၀၀) ကျပ်

🏖 ငွေဆောင် (Summer Inn Hotel 🏘)
☝ တစ်ညအိပ် (၅၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၅၀၀၀) ကျပ်

🏝 ငွေဆောင် (ဖိုးဖိုးလေးဗီလာ 🏡)
☝ တစ်ညအိပ် (၃၇၅၀၀) ကျပ်
✌ နှစ်ညအိပ် (၅၀၀၀၀) ကျပ်

🛑 ပွဲတော်ရက်တွေမှာ ကားလက်မှတ်နဲ့ အခန်းစျေးပြောင်းပါမယ်ခင်ဗျာ 🙏

လက်မှတ်ဝယ်မယ်ဆိုရင်
☎ 09 400 14 88 33 ကို ဆက်သွယ်နိုင်ပါပြီခင်ဗျာ
🙏🙏🙏

မိသားစုအိမ်🏡ခမ်းနားဖို့မလိုဘူး နွေးထွေးဖို့ဘဲလိုတယ်🏡 # Crd Beautiful ln Infinity photo credits to respective owner. 📸🖼
08/12/2023

မိသားစုအိမ်🏡

ခမ်းနားဖို့မလိုဘူး နွေးထွေးဖို့ဘဲလိုတယ်🏡

# Crd Beautiful ln Infinity
photo credits to respective owner. 📸🖼

🙏မင်္ဂလာညချမ်းလေးပါ🙏🏵🌷🏵🌷🏵🌷🏵🌷🏵၁။ လုံးစုံများစွာ၊ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ🙏 🏵ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏၂...
06/12/2023

🙏မင်္ဂလာညချမ်းလေးပါ🙏
🏵🌷🏵🌷🏵🌷🏵🌷🏵

၁။ လုံးစုံများစွာ၊ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၄။ဝေးနေ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေးငြိမ်းအေးကြပါစေ🙏

၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ🙏

🏵ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ🙏

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ🙏

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ🙏

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ🙏

🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷
🏵~🏵~🏵~🏵~🏵~🏵~🏵~🏵~🏵~🏵~🏵~🏵
🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷🌸🌷

😱 (၄၀၀၀၀) ကျပ်ထဲနဲ့ ချောင်းသာသွားမယ် ‼☑ ဟိုတယ်မှာ အနားယူမယ် 😉♦ အဆင့်မြင့်လေအိတ်ကား♦ တည်းရမဲ့ဟိုတယ် (Alliance Hotel)♦ မနက...
06/12/2023

😱 (၄၀၀၀၀) ကျပ်ထဲနဲ့ ချောင်းသာသွားမယ် ‼
☑ ဟိုတယ်မှာ အနားယူမယ် 😉

♦ အဆင့်မြင့်လေအိတ်ကား
♦ တည်းရမဲ့ဟိုတယ် (Alliance Hotel)
♦ မနက်စာ အပါအဝင်

☝ တစ်ညအိပ် (40000) Ks
✌ နှစ်ညအိပ် (55000) Ks

🌊 ရန်ကုန် 🔁 ချောင်းသာ
🕔 နေ့စဥ်မနက် ၅နာရီကားထွက်ရှိပါတယ်
💲 ကားခအသွားအပြန် သီးသန့် (၂၅၀၀၀) ကျပ်

🙏(ပွဲတော်ရက်တွေမှာ စျေးပြောင်းပါမယ်ခင်ဗျာ)

လက်မှတ်ဝယ်မယ်ဆိုရင်
👉☎ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ 🙏

#ရန်ကုန်_ကျိုက်ထီးရိုး #မှော်ဘီ_ကျိုက်ထီးရိုး #မှော်ဘီ_ချောင်းသာ
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

💚 ငယ်ဆရာ 💚 -----------------------မြစ်ပြင်ကျယ်ကြီး‌ကိုရောက်တော့မြစ်ဖျားကျဉ်းကျဉ်းလေးကိုမေ့တတ်တာသဘာဝပေါ့။ဝလုံးဝိုင်းဝိုင်...
06/12/2023

💚 ငယ်ဆရာ 💚
-----------------------

မြစ်ပြင်ကျယ်ကြီး‌ကိုရောက်တော့
မြစ်ဖျားကျဉ်းကျဉ်းလေးကိုမေ့တတ်တာ
သဘာဝပေါ့။

ဝလုံးဝိုင်းဝိုင်းလေးပဲလေ ။

ဂုဏ်ထူးတွေ
အမှတ်စာရင်းတွေလောက်‌တော့
ဘယ်ထင်ရှားပါ့မလဲ ။

ကမ္ဘာကြီးကို ကယ်တင်မယ့်သူရဲကောင်းဟာ
အိမ်ပြန်ချင်လို့ ငိုနေခဲ့ဖူးတယ်ဆိုတာ...

စာသင်ခန်းအိုလေးထဲ
A . B . C. D လို့
ပျော်ပျော်ကြီး ဆိုနေခဲ့ဖူးတယ်ဆိုတာ

လက်ဖမိုးအောက်ကခဲတံတိုတို‌လေးကပဲ
အမှတ်ရတော့မယ် ။

ဖူးပွင့်လာတိုင်း
မျိုးစေ့ချခဲ့သူတွေလည်း ပျော်ရသလို
ရုတ်တရက်ဆုံတိုင်း
နှုတ်ဆက်လာဖို့လည်း မျှော်ရတာပဲမဟုတ်လား ။

ဘယ်နေရာရောက်ရောက်
ဂုဏ်ယူနေရုံကလွဲပြီး
ဘယ်တော့မှ မဏ္ဍပ်တိုင်တက်မပြတဲ့သူတွေကို
ငယ်ဆရာ လို့ခေါ်ပါတယ် ။

; Original Uploader

လှည်းတန်းမှာကျတဲ့နှင်း❄️လှည်းတန်းမှာတော့ အခုမနက် နှင်းစကျပါပြီ ❄️မင်မင်အခုပဲ ရိုက်လာတာပါ😝  Akar Lwin Oo(COPY)AI-photosho...
06/12/2023

လှည်းတန်းမှာကျတဲ့နှင်း❄️
လှည်းတန်းမှာတော့ အခုမနက် နှင်းစကျပါပြီ ❄️

မင်မင်အခုပဲ ရိုက်လာတာပါ😝



Akar Lwin Oo(COPY)
AI-photoshop

🙏မင်္ဂလာနံနက်ခင်းလေးပါ🙏🙏မင်္ဂလာရှိသောနံနက်ခင်းအချိန်ခါသမယလေးမှစ၍ 🙏🙏🙏🙏🙏🙏🙏တစ်နေ့တာလုံး နေဝင်မိုးချုပ်သည့်တိုင် ကိုယ်၊စိတ် ...
05/12/2023

🙏မင်္ဂလာနံနက်ခင်းလေးပါ🙏
🙏
မင်္ဂလာရှိသောနံနက်ခင်းအချိန်ခါသမယလေးမှစ၍
🙏🙏🙏🙏🙏🙏🙏
တစ်နေ့တာလုံး နေဝင်မိုးချုပ်သည့်တိုင် ကိုယ်၊စိတ် နှလုံးသုံးပါးလုံးအေးချမ်းသာယာရှိကြပါစေ🙏
🙏🙏🙏🙏🙏🙏🙏
စိတ်အစဉ်ကြည်လင်အေးမြကြပါစေ🙏
🙏🙏🙏🙏🙏🙏🙏
ကောင်းကျိုးချမ်းသာလိုရာဆန္ဒများ ပြည့်ဝကြပါစေရှင်🙏
🙏🙏🙏🙏🙏🙏🙏
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေရှင်🙏
🙏🙏🙏🙏🙏🙏🙏
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေရှင်🙏
🙏🙏🙏🙏🙏🙏🙏
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေရှင်🙏
🙏🙏🙏🙏🙏🙏🙏
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်🙏
🙏🙏🙏🙏🙏🙏🙏
သဘာဝဘေးအန္တရာယ်အပေါင်းတို့မှ
ကင်းဝေး၍ အနာရောဂါကင်းစင်ကြပါစေရှင်🙏🙏🙏

ကလောမြို့ အနီးအနားကအဝါရောင်ပန်းခင်း🌼🌻ကလောမြို့တစ်ခွင် ပန်းနှမ်း-တောနေကြာပန်းတွေဝေဝေဆာဆာဖူးပွင့်ပြီးရင် မကြာခင်ဒီပန်းများ...
04/12/2023

ကလောမြို့ အနီးအနားက
အဝါရောင်ပန်းခင်း🌼🌻

ကလောမြို့တစ်ခွင် ပန်းနှမ်း-တောနေကြာပန်းတွေဝေဝေဆာဆာဖူးပွင့်ပြီးရင် မကြာခင်ဒီပန်းများအားလုံးသူရာသီကုန်ဆုံးပါတော့မယ်🌼

ချယ်ရီပန်းပွင့်တဲ့ရာသီမှာ တခေါက်လောက်အတူတူသွားကြမယ်နော် 😍

Post from Popular Paoh Stars
📷-Aung Soe Win(ဓာတ်ပုံ)

🌊 ငွေဆောင်ကမ်းခြေသွားမယ်ဆိုရင်💲 စျေးလဲ သင့်တင့်ရမယ်♦ ရေကူးကန်လေးလဲ ပါရမယ်😱 ပေးရတဲ့စျေးနဲ့ တန်စေရမဲ့ဝန်ဆောင်မှုတွေနဲ့👉 Su...
04/12/2023

🌊 ငွေဆောင်ကမ်းခြေသွားမယ်ဆိုရင်
💲 စျေးလဲ သင့်တင့်ရမယ်
♦ ရေကူးကန်လေးလဲ ပါရမယ်
😱 ပေးရတဲ့စျေးနဲ့ တန်စေရမဲ့ဝန်ဆောင်မှုတွေနဲ့
👉 Summer Inn Hotel Package ,

ဒီဇင်ဘာလ (Monday to Thuday)
☝ တစ်ညအိပ် (၅၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၅၀၀၀) ကျပ်

ပိတ်ရက်များ ( Friday to Sunday)
☝ တစ်ညအိပ် (၅၃၀၀၀) ကျပ်
✌ နှစ်ညအိပ် (၇၈၀၀၀) ကျပ်

💲 ကားလက်မှတ်သီးသန့် (၂၅၀၀၀) ကျပ်

ခရစ္စမတ်ပွဲတော်ရက် (Dec 23,24,25)
☝ တစ်ညအိပ် (၈၅၀၀၀) ကျပ်
✌ နှစ်ညအိပ် (၁၃၀၀၀၀) ကျပ်

New Year ပွဲတော်ပိတ်ရက် (Dec 30, 31)
☝ တစ်ညအိပ် (၉၀၀၀၀) ကျပ်
✌ နှစ်ညအိပ် (၁၃၅၀၀၀) ကျပ်

💲 ကားလက်မှတ်သီးသန့် (၄၀၀၀၀) ကျပ်

ရန်ကုန်ဘူတာကြီး 👉 ကျောက်မြောင်း👉 တာမွေ
👉 ရွှေဂုံတိုင် 👉 မြေနီကုန်း 👉 လှည်းတန်း 👉
သမိုင်းလမ်းဆုံ👉 လှိုင်သာယာမြို့နယ် နီးစပ်ရာ
စီးလို့ရပါတယ်ခင်ဗျာ 🙏

😉 လက်မှတ်ဝယ်ယူမယ်ဆိုရင်
👉☎ 09 400 14 88 33 ကို
ဆက်သွယ်နိုင်ပါပြီခင်ဗျာ 🙏

#ရွှေအဏ္ဏဝါအဆင့်မြင့်ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

မန္တလေးမြို့နီးနီးနားက လည်စရာနေရာသစ်လေးတစ်နေရာ🍀အကယ်၍များ မန္တလေးရောက်ဖြစ်ခဲ့ရင်ပေါ့🍀မန္တလေးမြို့ရေတံခွန်တောင်ဂေါက်ကွင်းလ...
01/12/2023

မန္တလေးမြို့နီးနီးနားက
လည်စရာနေရာသစ်လေးတစ်နေရာ🍀

အကယ်၍များ မန္တလေးရောက်ဖြစ်ခဲ့ရင်ပေါ့🍀

မန္တလေးမြို့ရေတံခွန်တောင်ဂေါက်ကွင်းလမ်းမှာရှိတဲ့ ရွှေလက်ခုပ်ကြက်ကြော်နှင့်စားဖွယ်စုံဆိုင်သစ်လေး🏡

ကြက်ကြော်နှင့်စားဖွယ်စုံ´မျိုးစုံတစ်နေရာတည်းရရှိနိုင်တဲ့နေရာ ရွှေလက်ခုပ်ကြက်ကြော်ဆိုင်🏡

မန္တလေး ရေတံခွန်တောင်အနီးနားတစ်ဝိုက်မှာ ကြက်ကြော်ဆိုင်တော်တော်များများရှိတဲ့အထဲကမှ ရွှေလက်ခုပ်ကြက်ကြော်ဆိုင်ကိုရွေးပြီးထိုင်ဖြစ်ခဲ့တယ်

📷ဓာတ်ပုံလှလှလေးတွေဖန်တီးချင်တဲ့သူတွေအတွက်အဆင်ပြေတဲ့နေရာလေး
📷ဓာတ်ပုံရို.က်ဖို့အတွက်လည်းပြင်ဆင်ပေးထားတဲ့နေရာတွေလည်းအများကြီးရှိတယ်🥰

👨‍👩‍👦‍👦သူငယ်ချင်း၊မိသားစု၊ချစ်သူတွေနဲ့ သွားရောက်ပြီးအပန်းဖြေလို့ကောင်းတဲ့နေရာလေး

☀️မနက်ခင်း သွားမလား ?
🌄နေ့ခင်း သွားမလား ?
🌑ညနေ့ခင်း သွားမလား ?

ကဲဲ...ဘယ်ချိန်ပဲသွားသွားပါ
သွားဖြင့်အောင်ကိုသွားရောက်လည်ပတ်ကြည့်နော်🍀

ဒီဆိုင်ငုံးကြော်နဲ့ကြက်ကြော်စားလို့အရမ်းကောင်းတာ😋ပြီးတော့ဟင်းရည်ဆိုလည်း ဂွတ်ရှယ်ပဲ

ကြက်ကြော်ကောင်းကောင်းစားချင်တဲ့သူတွေ ရွှေလက်ခုပ်ကြက်ကြော်ဆိိုင်နှင့်စားဖွယ်စုံဆိုင်ကိုညွှန်းပေးတယ်နော်😍

ဆိုင်ကဝန်ထမ်းတွေကလည်းဆက်ဆံရေးကောင်းသလို Serviceပိုင်းမှာလည်းတော်တော်အဆင်ပြေခဲ့တယ်☘️

မန္တလေးမြို့ရောက်ရင်လုံးဝသွားရောက်လည်ပတ်သင့်တဲ့ဆိုင်လေးတစ်ဆိုင်အပါဝင်ပါ🍀

မြို့ပြရဲ့အဝေးခဏသာတိတ်ဆိတ်တဲ့နေရာလေးသွားရအောင်❤️

ဆိုင်လိပ်စာ
မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ရေတံခွန်တောင်ဂေါက်ကွင်းလမ်းဘေး၊ဂွေ့ကြီးကုန်းရွာအကျော်၊ကန်လယ်လမ်းခွဆုံ

ဆိုင်ကိုလာတဲ့အခါလမ်းမသိတာရှိရင်အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
☎️-09762400007
☎️-09-762500007

Post From Popular Paoh Stars

Address

Kyaikkasan Road
Yangon

Telephone

+959400148181

Website

Alerts

Be the first to know and let us send you an email when ရွှေအဏ္ဏဝါ အဆင့်မြင့်ခရီးသွားလုပ်ငန်း - Shwe Annawar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Our Story

ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင် နေ့စဉ်ပြေးဆွဲပေးနေပါသည်။