BKT Travels & Tours

BKT Travels & Tours IF YOU HELP OTHER YOU ALSO HELP YOURSELF

19/12/2023

IMPORTANT NOTICE

ပြည်ပနိုင်ငံတွေသွားဖို့ Plan ရှိရင်အရင်ဆုံးစစ်ဆေးရမှာက သင့်ရဲ့ Passport သက်တမ်းပါ။ Passport သက်တမ်း၆လ ကျန်နေသေးရင် Ok
ရပါတယ်။ သင်စထွက်မယ့် Flight Departure date နဲ့တွက်ချက်ပါ။
၆လ မပြည့်တော့ဘူးဆိုရင် ဒီနိုင်ငံကထွက်လို့မရပါဘူး။
အခြားနိုင်ငံကနေ မိမိနိုင်ငံကို ပြန်လာရင်တော့ Passport သက်တမ်း၆လ မပြည့်လည်းရပါတယ်။

စေတနာဖြင့်
BKT T&T
095073300, 095061896

06/12/2023

လေယာဉ် လက်မှတ်ဝယ်တဲ့အခါ
လက်မှတ်ထဲမှာပါတဲ့အချိန်တွေကို စစ်တဲ့အခါ သိထားသင့်တာလေး မျှဝေပေးမယ်နော်…..

ဥပမာ- Yangon to Singapore လက်မှတ်ဆိုပါစို့

Departure time သည် မြန်မာစံတော်ချိန်ဖြစ်ပြီး

Arrival time သည် စင်ကာပူရဲ့စံတော်ချိန်ဖြစ်ပါတယ်။
ဒါလေးသိထားပြီဆိုရင် သင်ရောက်ရှိမယ့်နိုင်ငံရဲ့စံတော်ချိန်ကို ကြိုတင်တွက်ချက်ဆောင်ရွက်လို့ရပါပြီ။

သင်နဲ့အတူရှိနေပြီ
BKT T&T
095073300,095061896

05/12/2023

ခုတစ်ခါ International Hotel တွေရဲ့ Standard
Check in time & Check out time
တွေကို ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။

Hotel Check in time- 2PM

Hotel Check out time- 12Noon တို့ပဲဖြစ်ပါတယ်။

တခါတရံ late check in or late check out
များရှိခဲ့ရင် သင်တည်းမယ့် Hotel ကိုကြိုတင်အကြောင်းကြားထားပါ။
ညှိနှိုင်းပါ။

Hotel တွေရဲ့နေရာဒေသ အပေါ် မူတည်ပြီး check in time & check out time အချိန်အနည်းငယ်ကွာခြားမှုရှိပါတယ်။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻
095073300, 095061896

28/11/2023

ကမ္ဘာပေါ်မှာ Safety အဖြစ်ဆုံး 2023 Top 10 စာရင်းဝင် Airlines တွေကို ဗဟုသုတရအောင် ပြောပြမယ်နော်…….

1. Qantas Airlines 🇦🇺

2. Air New Zealand 🇳🇿

3. Etihad Airways 🇦🇪

4. Qatar Airways 🇶🇦

5. Singapore Airlines 🇸🇬

6. Top Air Portugal 🇵🇹

7. Emirates Airways 🇦🇪

8. Alaska Airlines 🇺🇸

9. Eva Airlines 🇹🇼

10. Virgin Atlantic 🇬🇧

လေယာဉ်စီးတဲ့အခါမှာ ကိုယ့်အသက်ထက်အရေးကြီးတာ ဘာမှမရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့ Airlines တွေကို သေချာဝယ်ယူသင့်ပါတယ်လို့ အကြံပြု ရေးသားလိုက်ပါတယ်နော်။

စေတနာဖြင့်
BKT T&T
095073300, 095061896

24/11/2023

Online က Fake Account တွေနဲ့ လိမ်စားနေတဲ့
Travel Agent တွေဆီမှာ အလိမ်မခံရအောင် ဘယ်လိုလုပ်ထားရမလဲ…….

ဒီလို လေးတွေ လုပ်ထားနော်

၁။ သင့်ကို ငွေလွှဲဖို့ကြီး အတင်းလောနေရင် သတိထားပါ။

၂။ သင်ရဲ့booking တင်ထားတာကို ပြခိုင်းပါ။ သို့မဟုတ် သင့်ရဲ့ Viber or messenger, WhatsApp and telegram ကနေတဆင့်ပြခိုင်းပါ။

၃။ ပြခိုင်းတဲ့ booking က အစစ်ဟုတ်မဟုတ်ကို သင်နဲ့ သိတဲ့ နားလည်တတ်ကျွမ်းသူ သို့မဟုတ် booking မှာတင်ထားတဲ့ Airline ကို ဖုန်းဆက်ပြီးမေးပါ။

၄။သင့်အနေနဲ့ booking ကိုအလွယ်တကူ ကြည့်လို့ရတဲ့နည်းတစ်ခုရှိပါတယ်။ Booking ဆိုရင် eticket ဆိုတာမပါလာရပါဘူး။ ticket number တွေပါမလာရပါဘူး။
PNR သို့မဟုတ် Booking number ၊ Name, Sector, Time and Date တွေပဲ ပါရှိရပါမယ်။

ဒါတွေအားလုံး သေချာပြီဆိုမှ ဝယ်ပါ။
စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻
095073300, 095061896

17/11/2023

Transit လေယာဉ်စီးပြီး ခရီးသွားရင် လေဆိပ်မှာရေသောက်ဖို့အတွက် ငွေကုန်၊ အချိန်ကုန် သက်သာအဆင်ပြေဖို့ Refill ရေဘူးလေးတွေ ဆောင်ထားရင် ပိုအဆင်ပြေစေပါတယ်။
Transit စောင့်နေရတဲ့အချိန် လေဆိပ်အချို့တွေမှာ သောက်ရေအတွက် ရေဘူးတွေထားရှိပါတယ်။

လေယာဉ်ပေါ်မှာရေကို 100ml ထိသယ်ဆောင်
ခွင့်ပြုထားပါတယ်။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻
095073300, 095061896

16/11/2023

လေယာဉ်အကြာကြီးစီးပြီး ခရီးသွားမယ်ဆိုရင် ဘယ်လို အဝတ်အစားမျိုးတွေ ရွေးချယ်
ဝတ်ဆင်သင့်ပါသလဲ…..

လေယာဉ်အကြာကြီး စီးရတော့မယ်ဆိုရင် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။သွားမယ့်နေရာ ရာသီဥတု အခြေအနေကို ကြိုတင်လေ့လာထားပြီး ပြင်ဆင်တာ အကောင်းဆုံးပါ။

နောက်တစ်ခုက လေယာဉ်စီးနေစဉ်အတွင်း သက်တောင့်သက်သာရှိအောင် သင့်ဖိနပ်တွေကိုခဏချွတ်ထားရင် ပိုကောင်းပါတယ်။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻
095073300, 095061886

11/11/2023

ပြည်ပနိုင်ငံတွေ ရောက်ပြီဆိုရင် ကိုယ့်နဲ့မကွာ ဆောင်ထားရမယ့် အရာ ၃ ခုက
ဘာတွေဖြစ်မလဲ….

ဒါတွေကတော့

၁။ Passport

၂။ Money

၃။ Phone တို့ပဲဖြစ်ပါတယ်။

06/11/2023

သင် ပြည်ပသွားရင်Passport အတွက် ဒါလေးတွေ ကြိုတင်လုပ်ထားပါ။

၁။ သင့်ရဲ့ ဖုန်းထဲမှာ Passport ကို ဓါတ်ပုံရိုက်ပြီး သိမ်းထားပါ။ ကြိုတင် Record ရှိပါစေ။

၂။ သင့်ရဲ့ passport ကို မိတ္တူတွေကူးထားပြီး သေချာသိမ်းထားပါ။

အသစ်ပြန်လျှောက်မယ်ဆိုရင် Passport record ရှိတဲ့အတွက် အားသာချက်တွေရှိနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးပါ။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

Name Change လို့ ရတော့ဘူးနော်
04/11/2023

Name Change လို့ ရတော့ဘူးနော်

03/11/2023

Name Change, Sector Change တွေကို
လုပ်ချင်တယ်ဆိုရင် …..

ပြည်တွင်း လေကြောင်းလိုင်းတွေမှာ လက်မှတ်ဝယ်ထားပြီး နာမည်ပြောင်းချင်တာတွေ ၊ ခရီးစဉ်ပြောင်းချင်တာတွေ ရှိတတ်ကြပါတယ်။

လက်ရှိပြည်တွင်း Airlines ၄ ခုလုံးက ခရီးစဉ် ပြောင်းစီးလို့ရပါတယ်။ Sector change fees တော့ရှိပါတယ်။

MNA Airlines ကလွှဲပြီး ကျန် ပြည်တွင်း Airlines ၃ခုလုံး Name Change လို့ရပါတယ်။
Name change fees ရှိပါတယ်။

သိလိုသမျှအကြောင်းအရာများကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်နော်။

သင်နဲ့အတူရှိနေပြီ။
BKT 095073300

ကဲ …..သွားဖို့ အချိန်တန်ပြီ။
02/11/2023

ကဲ …..သွားဖို့ အချိန်တန်ပြီ။

ပြည်တွင်း လေယာဉ်စီးမယ်ဆိုရင်၀၁.နိုဝင်ဘာက စပြီး ရန်ကုန် ကနေ မန္တလေး ကိုသွားရင် ARRIVAL FORM ဖြည့်ရမယ်တဲ့……..
31/10/2023

ပြည်တွင်း လေယာဉ်စီးမယ်ဆိုရင်
၀၁.နိုဝင်ဘာက စပြီး ရန်ကုန် ကနေ မန္တလေး ကိုသွားရင်
ARRIVAL FORM ဖြည့်ရမယ်တဲ့……..

27/10/2023

Online ကနေ ကိုယ်တခါမှ မသိတဲ့ Agents တွေမှာလက်မှတ်ဝယ်ရင် ဘာတွေ သတိထားသင့်လဲ

Ticketing Agent ကို online ကနေ သေချာ checking လုပ်ပါ။

ဖုန်းဆက်မေးမြန်းပါ။

သင်သွားမယ့် နေရာ၊ စျေးနှုန်း အချိန် နဲ့
နေ့ရက်တွေကို သေချာစွာမေးမြန်းပြီး နောက်ထပ် Agent တစ်ခုကို ထ်ပ်မေးမြန်းပါ။
ကိုက်ညီမှု ရှိမရှိ သေချာစစ်ဆေးပါ။

အသိတ​ယောက်ရဲ့ အဖြစ်အပျ​က်လေးတစ်ခု ပြောပြပါ့မယ်။
သူက ကျောက်ဖြူသွားဖို့ လက်မှတ်ဝယ်ဖို့
Online ကရှာတယ်။ အဲ့ဒီ Agent က
စျေးနှုန်းအရမ်းသက်သာတယ်။
ငွေလွှဲဖို့ပဲ လောခိုင်းနေပါတယ်။
Booking ကို online ကနေ ပြခိုင်းလိုက်
တော့ မပြနိုင်ဘူး။
ဒါဆို ရုံးခန်းလိပ်စာလည်း ပြောပါဆိုတော့
မပြောပြနိုင်ဘူး။

ဒီအချက်တွေ ဖြစ်လာပြီဆို သတိထားပါနော်။
အရေးကြီးတာက မှန်ကန်တဲ့ Agent ရွေးချယ်
တတ်ဖို့ အပေါ်က အချက်လေးတွေနဲ့ စစ်ဆေးဖို့လိုမယ်နော်။

စေတနာဖြင့်

BKT T&T ✍🏻✍🏻✍🏻✍🏻✍🏻
095073300, 095061896

26/10/2023

အိမ်မွေး(Pet) လေးတွေ လေယာဉ်ပေါ်ခေါ်သွားလို့ရလား……

ဒီလို Pet လေးတွေကို ပြည်တွင်းခရီးစဉ်မှာ ခေါ်သွားချင်ရင် ဒါလေးတွေ အရင်ဖတ်ကြည့်နော်။

ATR လို လေယာဉ်အမျိုးအစားဆို ခေါ်လို့မရပါ။
ပြည်ပသွားတဲ့ လေယာဉ် အမျိုးအစားနဲ့ဆို ခေါ်လို့ပါတယ်။
လေယာဉ်တစီးလုံးမှာ အများဆုံး ၂ကောင်သာ ခေါ်ခွင့်ရှိပါတယ်။

Pet လေးတွေခေါ်မယ်ဆိုရင် Economy Class ထဲမှာမှ စျေးအကြီးဆုံးခုံကိုရွေးချယ်ဝယ်ယူပြီး ကိုယ်ထိုင်ဖို့ ခုံရယ်၊ Pet အတွက်ခုံကိုပါ ဝယ်ယူရပါမယ်။ Pet ကိုတော့ သူ့အတွက်ဝယ်ထားတဲ့ခုံအောက်မှာ ထားရမယ်နော်။😳😳😳

Pet လေးတွေရဲ့ အလေးချိန်ဟာ 10kg ကျော်လို့မရဘူးနော်။🤫🤫🤫

Airline instructions များထပ်ရှိနေတဲ့အတွက်
Airline ကို ကိုယ်တိုင်သွားရောက်ပြီး Pet အတွက် certificate တွေအပြင် အခြားလိုအပ်တဲ့
စာရွက်စာတမ်းများ ကိုပြပေးရန် လိုအပ်ပါသေးတယ်နော်။🥲🥲🥲🥲

သိသမျှ knowledge လေးတွေမျှဝေခြင်းပါ။

စေတနာဖြင့်
BKT T&T

25/10/2023

လူတစ်ယောက်အား သူ့တွင်ရှိသော
အကောင်းဆုံးအစွမ်းကို ပြနိုင်အောင်
မြှင့်တင်ပေးရန် နည်းလမ်းသည်
ချီးမွမ်းခြင်းနှင့် အားပေးခြင်းပင်ဖြစ်ပါသည်။

# မိတ္တဗလဋီကာ

24/10/2023

ပြည်တွင်းလက်မှတ် (Domestic Ticket) တွေထဲမှာ ဘယ်ခရီးစဉ်လက်မှတ်ကို အစောဆုံး
ကြိုဝယ်ထားသင့်လဲ………🤔🤔🤔

ခုလောလောဆယ် အခြေအနေအရ
ကလေး ကနေ ရန်ကုန် လက်မှတ်များကြိုဝယ်ထားသင့်ပါတယ်။ တိုက်ရိုက် Flight တွေဆိုရင် January လလောက်မှာပဲ ရနိုင်ပါတယ်။
Mandalay transit နဲ့ဆို December လထဲရနိုင်ပါတယ်။😲😲😲😲

ကြိုတင် booking လုပ်ထားမှ ရမယ်နော်။ 👍👍

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

Be Strong 💪🏻 Be Hard work Be good luck
24/10/2023

Be Strong 💪🏻
Be Hard work
Be good luck

21/10/2023

Visa လျှောက်ရင် ဓါတ်ပုံတွေကို ဘယ်လိုရိုက်ရမလဲ…..

Embassy သံရုံးတွေမှာ visa လျှောက်တာဖြစ်ဖြစ်
Online ကနေ visa လျှောက်တာဖြစ်ဖြစ် ဓါတ်ပုံတွေကို Application Form or Visa Form တွေမှာ ကပ်ရပါတယ်။

ဓာတ်ပုံတွေကို အနည်းဆုံး ၆လအတွင်း ရိုက်ထားတဲ့ ဓါတ်ပုံ သို့မဟုတ် လောလောဆယ် ရိုက်ထားတဲ့ color photo ကိုသံရုံးမှ
သက်မှတ်ထားတဲ့အတိုင်း နောက်ခံ အဖြူရောင် (သို့) အပြာရောင် ထားရိုက်ပြီး ဓါတ်ပုံ Size တွေ သိထားရန်လည်းလိုအပ်ပါတယ်။

အရေးကြီးဆုံးက ဓါတ်ပုံဟာ ကြည်လင်
ပြတ်သားလှပဖို့ပါ။ လှပစွာ ပြင်ဆင်ပါ။ သေသပ်ကျနစွာ ဝတ်ဆင်ပါ။
ဓါတ်ပုံထဲမှာ နားရွက်ပေါ်နေရန်လိုအပ်ပါတယ်။

Visa လျှောက်ရာမှာ ဓါတ်ပုံသည်လည်း အရေးပါတဲ့ အပိုင်းမှာ ပါဝင်ပါတယ်။ မိမိဓါတ်ပုံကိုသေသေချာချာ ပြင်ဆင်ပြီး ရိုက်ကြပါလို့ မျှဝေလိုက်ပါတယ်။

စေတနာဖြင့်
BKT T&T

20/10/2023

ခရီးတစ်ခုကို မိသားစုနဲ့အတူသွားတော့မယ်ဆိုရင် ဘာတွေ လုပ်သင့်သလဲ?

သင့်မိသားစုနဲ့အတူ ပြည်ပ ဒါမှမဟုတ် ပြည်တွင်းခရီးတစ်ခု သွားမယ်ဆိုရင် အရင်ဆုံး မိသားစုတွေ ဆွေးနွေး Plan ချပါ။
Negotiate ပြုလုပ်ပါ။

အသုံးစရိတ်အရေးကြီးပါတယ်။
လေယာဉ်လက်မှတ်ဖိုး OR ကားခ ၊ Hotel ဘယ်နှစ်ည တည်းမလဲ၊ အစားအသောက်ဖိုး၊ ဘာတွေဝယ်မလဲ စသဖြင့်ကုန်ကျစရိတ်တွေကို အကြမ်းဖျင်းတွက်ချက်ထားသင့်ပါတယ်။

ဘယ်လောက်သုံးပြီး ဘယ်ဟာတွေ ချွေတာလို့ရမလဲ ဆိုတာ တခါတည်းတိုင်ပင် Plan ချထားတာ အသင့်တော်ဆုံးပါ။

ခရီးစဉ်တစ်ခုကို ကပ်ပြီးလုပ်တာထက် ကြိုတင်ပလန်ချခြင်းသာ သင့်ငွေတွေ ချွေတာရာ ရောက်ပါတယ်။

အပျော်တွေနဲ့ ခရီးထွက်ပြီး အပျော်တွေ ဆက်
နိုင်ကြစေဖို့ ကြိုတင်ပလန်ချနိုင်ကြပါစေ။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

19/10/2023

Show Money 💰 💴 💵 ဘယ်လောက်ယူသွားရမလဲ?

ပြည်ပထွက်တဲ့အခါ Check in counter မှာ
ပြရမယ့် Show Money များအကြောင်း
သိထားသင့်တာလေးတွေ Sharing ပေးမယ်နော်။

Thailand သွားမယ်ဆို ဘတ်ငွေ ၁သောင်း
ဒါမှမဟုတ် ဘတ်ငွေ ၁သောင်းနဲ့ညီမျှသော ဒေါ်လာငွေ ပြလို့ရပါတယ်။

Singapore or Malaysia ဆိုရင် USD700
ပြဖို့လိုအပ်ပါတယ်။

ဒူဘိုင်း ဆိုရင် ရန်ကုန် Check in counter ရဲ့ airlines ပေါ်မူတည်ပြိး USD300 မှ USD400 ပြပေးဖို့လိုအပ်ပါတယ်။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

18/10/2023

Customer တွေ လက်မှတ်ဝယ်ရင် အကြိုက်ဆုံးက
ဘာလဲသိလား ?

ရန်ကုန် ကနေ ချင်းမိုင် တိုက်ရိုက်သွားလို့ ရနေပြီနော် 🥰🥰🥰
17/10/2023

ရန်ကုန် ကနေ ချင်းမိုင် တိုက်ရိုက်သွားလို့ ရနေပြီနော် 🥰🥰🥰

14/10/2023

မမဗိုက်များအတွက် MAI လေယာဉ်လက်မှတ်ဝယ်ခါနီး ဒါလေးတွေသတိပြုနော်😊😊😊

*ကိုယ်ဝန်ဆောင်မိခင်သည်များ လေကြောင်း
လိုင်းဖြင့်ခရီးသွားမည်ဆိုပါက ယခုလက်ရှိပြောင်းလဲချမှတ်ထားသော အောက်ပါအချက်အလက်များကို လိုက်နာရပါမည်။*

*၁။* ကိုယ်ဝန် (၀ ပတ် မှ ၂၈ ပတ်) အထိ ဆိုလျှင် ဆရာဝန်ပြထားသော ဆေးမှတ်တမ်း (သို့မဟုတ်) သတ်မှတ်ထားသော ဆေးရုံများမှ Fit to Fly ဆေးထောက်ခံစာလိုအပ်ပါသည်။
*၂။* ကိုယ်ဝန် (၂၈ ပတ် မှ ၃၅ ပတ်) အထိ ဆိုလျှင် သတ်မှတ်ထားသော ဆေးရုံများမှ Fit to Fly ဆေးထောက်ခံစာလိုအပ်ပါသည်။
*၃။* ကိုယ်ဝန် (၃၅ ပတ် အထက် မှ ၃၆ ပတ်) အထိ ဆိုလျှင် ဆရာဝန် (သို့မဟုတ်) သူနာပြု တစ်‌ေယာက် လိုက်ပါရမည်။
*၄။* ကိုယ်ဝန် ၃၆ ပတ် နှင့်အထက် ြဖစ်ပါက လေယာဉ်စီးနှင်းခွင့် (လုံးဝ) မပြု။

Kind Regards | ချမ်းမြေ့ကြပါစေ။ ❤️❤️❤️

14/10/2023

၂၄နာရီ မတိုင်ခင်လေး နာမည်ချိန်းလို့ရတယ်​နော်😊😊😊

2023 ခုနှစ် အောက်တိုဘာလ 10 ရက်နေ့မှ စတင်၍ လေယာဉ်ထွက်ခွာချိန်မှ 24 နာရီအတွင်း အမည်ပြောင်းလဲခြင်းအား လုံးဝခွင့်မပြုတော့ပါ။ (NOSHOW PNR များလည်း ချိန်းခွင့်ပြုမည် မဟုတ်ပါ) စာလုံးပေါင်းမှားမှသာ လေဆိပ် Check-in ကောင်တာများတွင် ပြောင်းလဲနိုင်ပါသည်။ **

ကိုယ်တိုင်သွားဝယ်စရာမလိုဘဲ စိတ်ချမ်းချမ်းသာသာနဲ့ လေယာဉ်လက်မှတ်ဝယ်ချင်သူတွေ BKT ကိုသာ ဟိုင်းလိုက်နော် 🙋‍♀️နိုင်ငံရပ်ခြားမ...
13/10/2023

ကိုယ်တိုင်သွားဝယ်စရာမလိုဘဲ စိတ်ချမ်းချမ်းသာသာနဲ့ လေယာဉ်လက်မှတ်ဝယ်ချင်သူတွေ BKT ကိုသာ ဟိုင်းလိုက်နော် 🙋‍♀️

နိုင်ငံရပ်ခြားမှာ ပညာသွားသင်ဖို့၊ အလုပ်လုပ်ဖို့အတွက် လေယာဉ်လက်မှတ်ဝယ်ယူမယ်ဆို ဝန်ဆောင်မှုကောင်းပြီး စိတ်ချရတဲ့ BKT ကိုပဲရွေးချယ်လိုက်ပါ။ BKT ကဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုတွေထဲမှာမှ လေယာဉ်လက်မှတ်ပိုင်းမှာဆိုရင်
🔹 မလေးရှား
🔹 ဂျပန်
🔹 ထိုင်း
🔹 ကိုရီးယား
🔹 စင်ကာပူ
🔹 ဒူဘိုင်း စတဲ့အာရှတစ်ခွင်နိုင်ငံတွေသာမက
🔹 အနောက်နိုင်ငံတွေအထိပါ လက်မှတ်ဖြတ်ပေးပါတယ်။

BKT မှာဆိုရင် ပြည်ပသာမက ပြည်တွင်းလေယာဉ်လက်မှတ်၊ Hotel booking, Visa ၊ ကားလက်မှတ်များနဲ့ အခြားဝန်ဆောင်မှုများစွာ ရရှိနိုင်ပါတယ်။

✔️ နားမလည်တာတွေ သေချာရှင်းပြပေးတယ်
✔️ ဖြစ်သလိုရောင်းမပေးဘူး
✔️ ဈေးလည်းသက်သာတယ်

ဒါတွေကြောင့်ပဲ BKT မှာ ဝယ်ဖူးသူတိုင်းက BKT မှ BKT ဆိုပြီး Review ကောင်းတွေပေးကြတာပေါ့။

Page ထဲမှာလည်း Admin တို့အားရင်အားသလို နိုင်ငံခြားသွားမယ့်သူတိုင်း သိထားရမယ့်အကြောင်းအရာတွေကို Knowledge Sharing လုပ်ပေးထားလို့ စိတ်ကြိုက်ဝင်လေ့လာလို့ရပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် Page Messenger သို့မဟုတ် 095073300 , 095061896 သို့ အချိန်မရွေးဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

✨ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပွင့်လန်းပြီး ပညာသစ်တွေလည်း ဆည်းပူးနိုင်ပါစေ ✨

12/10/2023

လေယာဉ် အကြာကြီးစီးပြီး ခရီးရှည်သွားရတဲ့အခါ Seat 💺 တွေကိုဘယ်လိုရွေးချယ်မလဲ…..

ခရီးအ​ဝေးကြီး နာရီကြာကြာ လေယာဉ်စီးရမယ်ဆိုရင် အရပ်မြင့်ပြီး ဒူးရှည်သူများအတွက် Seat 💺 တွေကို သေချာ ရွေးချယ်သင့်ပါတယ်။

Economy First Row (Or) Extra Seat ခြေဆန့်လို့ ရတဲ့ ခုံနေရာကျယ်လိုမျိုး ကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။

နောက်တစ်ခုကတော့ Exit Seats ပါ။
ဒီနေရာကတော့ ကျန်းမာ သန်စွမ်းတဲ့ လူငယ် လူရွယ်တွေကိုသာ ဦးစားပေးထားတဲ့နေရာဖြစ်
ပါတယ်။ အရေးပေါ်အချိန်တွေမှာ အသုံးပြုဖို့အတွက်ဖြစ်ပါတယ်။

အိမ်သာခဏခဏသွားတတ်သူများအတွက် နောက်ဆုံးအတန်း Toilet နဲ့ နီးတဲ့ Seat ကိုရွေးချယ်သင့်ပါတယ်။ ထိုင် ထ မြန်မြန်လုပ်နိုင်တဲ့လျှောက်လမ်း (Aisle seat) လိုနေရာမျိုးတွေကိုသာ ရွေးပါ။

ရှုခင်းကြည့်လိုသူ ၊ ထိုင် ထ နေရာဖယ်ပေးရတာကို မလုပ်ချင်သူများ အတွက်ဆို Window seat ကိုသာရွေးချယ်သင့်ပါတယ်လို့ မျှ​ဝေလိုက်ပါတယ်နော်။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

11/10/2023

Baggage ကီလိုတွေကို ဘယ်လို ဝယ်သင့်သလဲ?

အရေးကြီးဆုံးက ကိုယ်ရွေးချယ်တဲ့ airlines ပေါ်မူတည်ပြီး ကီလို (KG) အနည်းအများကိုချိန်ဆပါ။

Service Airlines (SQ, TG, MAI, MNA,….)နဲ့ သွားမည့်သူတွေအတွက် KG က ပါပြီးသား ဖြစ်တဲ့အတွက် သိပ်အ​ရေးမကြီးပါ။

Budget Airlines(Airasia, Indigo, Nokair, ….)ရွေးချယ်ထားသူများ အတွက်
လက်မှတ်စဝယ်ကတည်းက KG ယူမယ်ဆိုရင် တခါတည်းဝယ်ထားပါ။
စျေးသက်သာလို့ပါ။

တချို့ ထွက်ခါနီး ကပ်ဝယ်တော့မယ်ဆိုရင်
Airlines ပေါ်မူတည်ပြီး အနည်းဆုံး ၄၈ နာရီ
မတိုင်ခင် ဝယ်ပါ။
စျေးနည်းနည်းများတတ်ပါတယ်။

လေဆိပ်ရောက်မှ Urgent ဝယ်မယ်ဆိုရင်
စျေးကြီးတတ်ပါတယ်။

ဘာပဲလုပ်လုပ် ကြိုတင် Plan ချထားတာ အ​ကောင်းဆုံးပါပဲ။

10/10/2023

Long sector နဲ့ခရီးသွားမယ်ဆိုရင် Tickets ဝယ်တဲ့အခါ အရေးကြီးတာလေးတွေ ဝေမျှပေးမယ်နော်။

ဥပမာအနေနဲ့ သင်က
RGN-BKK-MCT( Muscat) ကို one ticket ဝယ်ထားတယ်ဆိုပါစို့….
RGN-BKK ကို TG ၊ BKK-MCT ကို Omen Airline နဲ့သွားမယ်။
အဲ့ဒီမှာ RGN-BKK TG ticket ကို မသုံးပဲ BKK-MCT Omen ticket တစ်ကြောင်းပဲ သုံးလို့မရပါဘူးနော်။
One ticket issue ထားတဲ့အတွက် sequence ကျော်စီးခွင့်မရှိပါ။
ဒါဟာ Airlines တွေကြားမှာရှိတဲ့ Interlines Agreements Policies တွေကြောင့်ပါပဲ။
နောက်တစ်ခုက
Separate ticket issue ထားတယ်ဆိုရင်Airport Terminal မတူတဲ့အတွက်
Visa လို မလို သေချာစုံစမ်းပါ။

ဒါတွေကြောင့် လက်မှတ်ဝယ်မယ်ဆိုရင် ကိုယ်ဝယ်မယ့် agent ကိုသေချာမေးပါ။Transit Hour၊ အပြန်လက်မှတ် ၊ Kg ဘယ်လောက်ရမလဲ၊ luggage ဘယ်နှစ်လုံးရလဲ၊ luggage check through ရမရ၊ Transit visa လို မလို၊ show money ၊Refund ပြန်ရ မရ စသဖြင့် မေးမြန်းထားပါ။
Check in counter မှာ အမောမစို့ ၊
ချွေးမပျံ စေဖို့မျှဝေလိုက်ပါတယ်။

စေတနာဖြင့်
BKT TRAVEL & TOUR

10/10/2023

ကမ္ဘာပေါ်မှာ မမှားတဲ့ရင်းနှီးမြှုပ်နှံခြင်းဆိုသည်မှာ

မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်းပါ။

ဒါကြောင့် မိတ်ဆွေ … လေ့လာပါ။ စာဖတ်ပါ။ သင်တန်းတွေ တတ်ပါ။ ကမ္ဘာပတ်ပါ။ ကျန်းမာရေး လိုက်စားပါ။ လူတွေကို ကူညီပါ။

10/10/2023

Product နဲ့ Service ရောင်းရင် ဘယ်အရာက
ပိုပြီး လွယ်ကူသလဲ?

ထိတွေ့ကိုင်တွယ်လို့ ရတဲ့ အရာထက် ထိတွေ့ကိုင်တွယ်လို့မရတဲ့ အရာက
လွယ်ကူဖို့ခက်ခဲပါတယ်။

09/10/2023

Dear All,

Kindly be advised that the seaman required documents to enter Korea for your reference and
please inform this to your sub-agents.

Applicable to : Merchant Seaman

1. Passport
2. Seaman Visa (if passenger has no visa, must obtain VISA ON ARRIVAL for a maximum stay of 15 days)
3. Seaman Book
4. Letter of Guarantee issued by the shipping company
5. Letter of Employment issued by the shipping company
6. EDI Letter (Electronic Data Interchange)

လေးစားအပ်ပါသောSeaman များရှင့်

ကိုရီးယားသို့ ဝင်ရင် ဒီစာရွက်စာတမ်းတွေလိုပါတယ်နော်။
Merchant Seaman နှင့် သက်ဆိုင်သည်။

1. နိုင်ငံကူးလက်မှတ်
2. Seaman Visa (ခရီးသည် ဗီဇာမရှိပါက ဆိုက်ရောက်ဗီဇာကို အများဆုံး ၁၅ ရက်အထိ ရယူရမည်)၊
3. Seaman Book
4. သင်္ဘောကုမ္ပဏီမှထုတ်ပေးသောအာမခံစာ
5. သင်္ဘောကုမ္ပဏီမှထုတ်ပေးသောအလုပ်ခန့်စာ
6. EDI Letter (Electronic Data Interchange)

09/10/2023

*ထပ်မံအသိပေးအကြောင်းကြားခြင်း*

မင်္ဂလာပါ အရောင်းကိုယ်စားလှယ်များရှင့်

သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ချက်အရ (UN ဝန်ထမ်း၊ သံရုံးဝန်ထမ်း၊ NGO ဝန်ထမ်းများမှအပ) အခြားသောနိုင်ငံခြားသားများအား-
*၆.၅.၂၀၂၃ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ချက်အရ*
ရန်ကုန် မှ လားရှိုး သို့လည်းကောင်း၊

*၇.၅.၂၀၂၃ ရက်နေ့မှ ထုတ်ပြန်ခဲ့ချက်အရ*
နေပြည်တော် - တာချီလိတ်
ရန်ကုန် - တာချီလိတ်
မန္တလေး - တာချီလိတ်
မြစ်ကြီးနား - တာချီလိတ်
လားရှိုး - တာချီလိတ်
ဟဲဟိုး - တာချီလိတ် သို့လည်းကောင်း

*၁၉.၆.၂၀၂၃ ရက်နေ့မှ ထုတ်ပြန်ခဲ့ချက်အရ*
ရန်ကုန် - ကျိုင်းတုံ
မန္တလေး - ကျိုင်းတုံ
ဟဲဟိုး - ကျိုင်းတုံ သို့လည်းကောင်း

*၄.၈.၂၀၂၃ ရက်နေ့မှ ထုတ်ပြန်ချက်အရ*
တာချီလိတ်လေဆိပ်သို့ (UN ဝန်ထမ်း၊ သံရုံးဝန်ထမ်း၊ NGO ဝန်ထမ်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများမှအပ) မည်သည့်နိုင်ငံခြားသားကိုမျှ လိုက်ပါခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ပြည်တွင်းလေယာဉ်စီးရင် Airport ကို လေယာဉ်မထွက်ခွါမီ ၁:၃၀ လောက်ရောက်အောင်သွားနော်။စိတ်ပူလို့ 🥰
08/10/2023

ပြည်တွင်းလေယာဉ်စီးရင် Airport ကို လေယာဉ်မထွက်ခွါမီ ၁:၃၀ လောက်ရောက်အောင်သွားနော်။
စိတ်ပူလို့ 🥰

07/10/2023

လေယာဉ်အချိန်မမှီလိုက်တာတွေ
ကြုံဖူးလား…….🤦🏽

Airport Check in counter ကို
အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်အချိန်
မမှီလို့ ချွေးပျံ ၊ စိတ်ပူပန် ရတာမျိုး၊ စိတ်မော လူမော ဖြစ်ရတာမျိုးတွေ မဖြစ်ရအောင် ဝေမျှ လိုက်ပါတယ်နော်။❤️❤️❤️

(ပြည်တွင်း) Domestic Airport Check in counter ကို လေယာဉ်မထွက်ခွါခင် ၂နာရီ
စောရောက်ရပါမယ်။ ⏰
မထွက်ခွါခင် မိနစ် ၃၀ အလို Check in counter
ပိတ်ပါတယ်။
Boarding gate က ၁၅ မိနစ်မှာ ပိတ်တယ်နော်။

(ပြည်ပ) International Airport Check in counter သို့ လေယာဉ်မထွက်ခွါခင် ၃နာရီ အလို ကြိုရောက်ရမယ်နော်။⏱️

Check in counter က ၄၅ မိနစ်ဆို ပိတ်ပါတယ်။
တချို့ နိုင်ငံတွေမှာ ၁နာရီ ၊ ၁နာရီခွဲ ပိတ်တာတွေရှိပါတယ်။ Air Ticket ကိုသေချာစစ်ဆေးပါ။

Boarding gate က ၁၀မိနစ်မှာ ပိတ်တယ်။🕰️

Check in time ကို သင်ဝယ်ထားတဲ့ Agent ကို သေချာမေးထားရန်လိုအပ်ပါတယ်။📞

Check in counter သို့ စောရောက်​အောင်
သေချာ ပြင်ဆင်ထားဖို့ လိုမယ်နော်။

စေတနာဖြင့်

BKT Travels & Tours ✍🏻✍🏻✍🏻

ပြည်တွင်းကို Air Bus စီးပြီးသွားကြမယ်။
03/10/2023

ပြည်တွင်းကို Air Bus စီးပြီးသွားကြမယ်။

03/10/2023

ကားလက်မှတ်ဝယ်ရင် ဘာတွေလိုအပ်မလဲ……

ပြည်တွင်း Express ကားတွေနဲ့ခရီးသွားမယ်
ဆိုရင် မှတ်ပုံတင်မူရင်းနဲ့ ရပ်ကွက်ထောက်ခံစာ ယူသွားဖို့ လိုအပ်ပါတယ်။

ယာဉ်ထွက်ချိန် မတိုင်ခင် နာရီဝက်အရောက်သွားဖို့ မမေ့နဲ့နော်။ 😊😊😊

Bonus: : ကားစီးရင် ခေါင်းစွပ်ပါတဲ့ အနွေးထည်လေးတွေ ယူသွားပါ။ ခေါင်းအေးပြီး နှာမွှန်တတ်ပါတယ်။🤧🤧🤧

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

03/10/2023

ကြုံရ ဆုံရ တိုး(Tour)လောက

ကုန်လွန်ခဲ့သော နေ့ရက်များ….
ဆီသို့ တခေါက်ပြန်လည်တူးဆွကြည့်မိချိန်မှာ
ဟာသ လေးတစ်ခု ပေါ်လာတယ်။

အဲ…..ဟုတ်ဖူးလေ 🤗

အမရေ…. Passport ဝန်ဆောင်မှုပေးလား?

ဟုတ်ကဲ့ ပေးပါတယ်ရှင်။

ဘာတွေလိုလဲမရေ

မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းပဲလိုပါတယ်။

ဒါဆို လူလိုက်စရာမလိုဘူးပေါ့နော်။

😝😝😝😝😝😝

Airline မတူ၊ Baggage Kilo (Kg)မတူ တဲ့အခါ ဘယ်လိုပြင်ဆင်မလဲ………ဥပမာအနေနဲ့ Yangon-Ho Chi Minh-Osaka Kansai ကိုသွားမယ်။Yangon...
02/10/2023

Airline မတူ၊ Baggage Kilo (Kg)မတူ တဲ့အခါ ဘယ်လိုပြင်ဆင်မလဲ………

ဥပမာအနေနဲ့ Yangon-Ho Chi Minh-Osaka Kansai ကိုသွားမယ်။

Yangon ကနေ Hochiminh ကို MAI နဲ့သွားရင်
30Kg ရတယ်။ Hand Carry က 7kg ရတယ်။

Hochiminh ကနေဆက်ပြီး Osaka Kansai ကို Vietnam Airlines နဲ့သွားရင် 23kg ၂အိတ်ရပါတယ်။ Hand Carry ကလည်း 7kg ပါပဲ။

ဒါဆို Yangon ကနေစထွက်တည်းက 15kg ၂အိတ် ယူသွားရပါမယ်။ ကိုယ် စထွက်မယ့် Airline ရဲ့ Kilo Allowance အတိုင်းယူသွားတာ
ပိုကောင်းပါတယ်။

တကယ်လို့ Second Sector ရဲ့ Kg အတိုင်း သယ်သွားမယ်ဆိုရင် Extra Kilo ကျသင့်ငွေကို Yangon ကစထွက်မှာ ပေးဆောင်ရပါမယ်။

မသွားခင် သင်လက်မှတ်ဝယ်ထားတဲ့ Agent ကို
သေချာမေးပါ။ အိတ်ကို သေချာရွေးချယ်ပါ။
သင့်အတွက် အဓိကလိုအပ်တဲ့ပစ္စည်းသာထည့်ပါ။
Check in counter မှာ အမောမဆို့စေဖို့ သေချာပြင်ဆင်လို့ရရန် မျှဝေလိုက်ပါတယ်နော်။

Bonus: : Hand Carry ကို ဘီးလုံးပါတဲ့အိတ်မျိုးယူသွားပါ။ လက်က ဆွဲရတဲ့အိတ်မျိုးရှောင်ပါ။

စေတနာဖြင့်
BKT T&T ✍🏻✍🏻✍🏻

Address

Yangon

Telephone

+9595073300

Website

Alerts

Be the first to know and let us send you an email when BKT Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies


Other Tour Agencies in Yangon

Show All