Myanmar Polestar DMC & MICE Management

Myanmar Polestar DMC & MICE Management Travel with us to relax your stress.
(12)

Myanmar Polestar is a Yangon-based, inbound tour operator, offering tailor-made trips for groups and individuals to Myanmar’s most spectacular tourism spots and off-the-beaten track destinations. Drawing on thirteen years of industry experience, our team of thirty travel consultants always go that extra mile to provide quality service, and create unforgettable memories for you.

12/04/2024
🌼🍂🌻မကြာခင်အားလုံးစောင့်မျှော်နေကြတဲ့ပျော်ရွှင်စရာသင်္ကြန်ပိတ်ရက်ရှည်ရောက်လာတော့မယ်ဆိုတော့တန်ဖိုးရှိတဲ့ပိတ်ရက်လေးကိုစိတ်ပ...
05/04/2024

🌼🍂🌻မကြာခင်အားလုံးစောင့်မျှော်နေကြတဲ့ပျော်ရွှင်စရာသင်္ကြန်ပိတ်ရက်ရှည်ရောက်လာတော့မယ်ဆိုတော့တန်ဖိုးရှိတဲ့ပိတ်ရက်လေးကိုစိတ်ပင်ပန်းမှုတွေ၊ 👫👬Stressတွေပြေပျောက်ဖို့အတွက် မိမိတို့ staff ကိုAnnual staff partyလုပ်ပေးကြတာတော့ အစဉ်လာတစ်ခု ဖြစ်နေပီးမဟုတ်ဘူးလားရှင်🥳🥳
ခုလိုလူကြီးမင်းတို့ရဲ့Annual Tripတွက် ကမ်းလှမ်းမှုကို ပါ၀င်ခွင့်ရလို့ Myanmar Polestar DMC & MICE Management မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏
နောက်နှစ်တွေမှာလဲဒီထက်မက ပိုအောင်မြင်ပီး ခုလို party ပွဲတွေအများကြီးကျင်းပနိုင်ပါစေလို့ ကျွန်မတို့Myanmar Polestar DMC &MICE Management မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်😍
Ngwe Saung Yacht Club & Resort မှလဲမိမိတို့စိတ်တိုင်းကျ၀န်ဆောင်မှုပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်ရှင့်

Annual trip ,staff party နဲ့ အခြားသော party ပွဲများပြုလုပ်ချင်ပီဆိုတာနဲ့ အောက်ဖော်ပြပါဖုန်းနံပါတ်လေးတွေကို အမြန်ဆုံးဆက်သွယ်လိုက်တော့နော်🥳🥳

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427,09 4090 422 55
Email : [email protected]
Website : www.myanmarpolestar.com

အတာသင်္ကြန်ရောက်ပီဆိုတော့နွေရာသီအပူရှောင်ရင်း မြို့ပြနဲ့ဝေးရာလဲသွားချင်နေကြပြီမဟုတ်လား🤔 တစ်ခါရောက်ပီခဏခဏပြန်သွားချင်လောက...
25/03/2024

အတာသင်္ကြန်ရောက်ပီဆိုတော့နွေရာသီအပူရှောင်ရင်း မြို့ပြနဲ့ဝေးရာလဲသွားချင်နေကြပြီမဟုတ်လား🤔 တစ်ခါရောက်ပီခဏခဏပြန်သွားချင်လောက်‌ေအာင်ဖြစ်ရတဲ့ ချောင်းသာနဲ့ငွေဆောင် ကမ်း‌ေခြကို ခုလိုချိန်သွားဖို့အကောင်းဆုံးပါဘဲနော် 💫
👫👬သူငယ်ချင်း များစုပီးဖြစ်ဖြစ် ၊မိသားစုလိုက်စုပီးဘယ်လိုစသွားရမလဲ ဘယ်ကစ စီစဥ်ရမလဲဆိုတာကိုလုံး ဝစိတ်ပူစရာမလိုတော့အောင် Myanmar Polestar ကစီစဥ် ပေးနေပါပီ‌နော်🥳🥳

Hotels, Meals နဲ့ Transportation အပြင် မိမိသွားချင်တဲ့နေ့ ဘယ်နေ့မဆို Monday to Sunday ထိ တစ်ပါတ်လုံးပြေးဆွဲပေးနေပါပြီရှင့်

🚌24 seaters
၁ညအိပ်၂ရက်ခရီး-790000
၂ညအိပ်၃ရက်ခရီး-890000

🗓️အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်နိင်ပါပြီရှင့်

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427,09 409042255
Email : [email protected]
Website : www.myanmarpolestar.com

ယုံကြည်စိတ်ချစွာနဲ့ tour package တစ်ခုလုံးကို စီစဥ်ခိုင်းပြီး ခရီးစဥ်တစ်လျောက်လုံးလဲအဆင်ပြေချော‌မွေ့စွာနဲ့ ပျော်ပျော်ရွှ...
19/03/2024

ယုံကြည်စိတ်ချစွာနဲ့ tour package တစ်ခုလုံးကို စီစဥ်ခိုင်းပြီး ခရီးစဥ်တစ်လျောက်လုံးလဲအဆင်ပြေချော‌မွေ့စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့‌ကြောင်း ခရီးသွားဧည့်သည်များထံမှ ကြားသိရလို့ အတိုင်းမသိဝမ်းသာပျော််ရွှင်မိပါတယ်ရှင်🥰🥰

နွေရာသီမှာ အပူရှောင်အနေနဲ့အပြင်☀️ Vitamin Sea 🌊 လေးရရှိစေဖို့အတွက် မိသားစုနဲ့ပဲဖြစ်ဖြစ်👨‍👩‍👧‍👦👨‍👩‍👧👨‍👩‍👦မိတ်ဆွေအ​ပေါင်းအသင်းများနဲ့ ပျော်ရွှင်စရာခရီးစဉ်တွေပဲဖြစ်ဖြစ်👯‍♀️👯‍♂️👯 မိမိ​၏လုပ်ငန်း Company များအတွက် Annual Trip တွေပဲဖြစ်ဖြစ် 🧑‍💼👩‍💼👨‍💼ခရီးစဉ်အစအဆုံး Transportation, Hotel and Meals အစရှိသဖြင့် လိုလေသေးမရှိအောင် ကျွန်မတို့ Myanmar Polestar မှာ ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါပြီရှင့်
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါပီရှင့်

🏢Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
☎️Ph : 01 9345500, 01 9345501, 01 9345503, 09 788 128 427 /09 40 90 422 55
Email : [email protected]
Website : www.myanmarpolestar.com

ကမ္ဘာ့ အကောင်းဆုံး လေဆိပ်စာရင်းမှာ နံပါတ် ၇ ရသွားခဲ့တဲ့သုဝဏ္ဏဘူမိ လေဆိပ်ခရီးသွား မဂ္ဂဇင်းနဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ Travel +...
13/03/2024

ကမ္ဘာ့ အကောင်းဆုံး လေဆိပ်စာရင်းမှာ နံပါတ် ၇ ရသွားခဲ့တဲ့သုဝဏ္ဏဘူမိ လေဆိပ်

ခရီးသွား မဂ္ဂဇင်းနဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ Travel + Leisure က သုဝဏ္ဏဘူမိ လေဆိပ်ကို ကမ္ဘာ့ အကောင်းဆုံး လေဆိပ်စာရင်းမှာ နံပါတ် ၇ နေရာ သတ်မှတ်ပေလိုက်ပြီး အာဆီယမ်မှာ နံပါတ် ၂ နေရာကိုပေးလိုက်ပါတယ်။

AllClear Travel Insurance ရဲ့ တစ်ကမ္ဘာလုံးမှ လေဆိပ် ၁,၈၀၀ ကို စစ်တမ်းကောက်ယူထားတဲ့ ဒေတာတွေကို အခြေခံကာ Travel + Leisure က ခရီးသွားတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးတဲ့ လေဆိပ်တွေကို ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။

စစ်တမ်းက ခရီးသည် Terminal မှာ နားနေခန်း အရေအတွက်များတာ၊ Brand Shop တွေ ရှိတာနဲ့ လေဆိပ်အနားမှာ အဆင့်မြင့် ဟိုတယ်တွေရှိတာတွေကို အဓိကထား တွက်ချက်ထားပါတယ်။

သုဝဏ္ဏဘူမိ လေဆိပ်ဟာ ကမ္ဘာ့ အကောင်းဆုံး လေဆိပ်စာရင်းမှာ နံပါတ် ၇ ရသွားပြီး အမှတ် ၁၀၀ မှာ ၅၅ မှတ်ရသွားပါတယ်။ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက ဒူဘိုင်း နိုင်ငံတကာ လေဆိပ် ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး လေဆိပ် ၁၀ ခုကို အောက်မှာ လေ့လာနိုင်ပါတယ်။

1. Dubai International Airport
2. London Heathrow Airport
3. Hamad International Airport
4. Paris Charles de Gaulle Airport
5. Sydney International Airport
6. Singapore Changi Airport
7. Suvarnabhumi International Airport
8. Hong Kong International Airport
9. Frankfurt Airport
10. Narita International Airport

အာဆီယမ်မှာ စင်ကာပူရဲ့ ချန်ဂီ လေဆိပ်က အကောင်းဆုံး ဖြစ်ပြီး သုဝဏ္ဏဘူမိ လေဆိပ်က နံပါတ် ၂ နေရာရထားပါတယ်။

Ref : thethaiger

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Hello မင်္ဂလာပါ🙋🏼‍♀️လူတိုင်းစောင့်မျှော်နေကျတဲ့ ခရီးသွားဖို့အသင့်တော်ဆုံးပွင့်လင်းရာသီကိုရောက်ရှိလို့လာပါပြီ 🍂🎐ရန်ကုန်မြ...
07/03/2024

Hello မင်္ဂလာပါ🙋🏼‍♀️
လူတိုင်းစောင့်မျှော်နေကျတဲ့ ခရီးသွားဖို့အသင့်တော်ဆုံးပွင့်လင်းရာသီကိုရောက်ရှိလို့လာပါပြီ 🍂🎐
ရန်ကုန်မြို့တွင်း/မြို့ပြင်ခရီးသွားဖို့ စိတ်ဝင်စားတဲ့customerတွေအတွက် Myanmar Polestar ကနေ ကားအငှားဝန်ဆောင်မှုကို မိတ်ဆက်ပေးပါရစေ

ရန်ကုန်မြို့တွင်း half day/full day tour တွေအတွက်ပဲဖြစ်ဖြစ်🏙️
Airport Transfer အတွက်ပဲဖြစ်ဖြစ်🛫🛬
ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက် ပဲခူးဘုရားဖူး၊ကျိုက်ထီးရိုးဘုရားဖူးအပြင် 🙏🏻
ချောင်းသာ/ငွေဆောင်အစရှိတဲ့ကမ်းခြေတွေပဲဖြစ်ဖြစ်🏝️🏖️ သက်တောင့်သက်သာနဲ့ခရီးသွားလို့ရအောင်
Myanmar Polestar ကနေ Saloon, Alphard, Hiace, 33 seaters and 45 seaters ကားများကို သင့်တင့်သောဈေးနှုန်းများနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနေပါပြီ🙆🏼‍♀️❤️

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

✈️ 𝐌𝐚𝐫𝐜𝐡 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗲  ✈️လူကြီးမင်းတို့ရဲ့ ဝေဟင်ခရီးစဉ်တိုင်း လုံခြုံစိတ်ချမှုနဲ့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေဖို့အတွက် Air T...
04/03/2024

✈️ 𝐌𝐚𝐫𝐜𝐡 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗲 ✈️

လူကြီးမင်းတို့ရဲ့ ဝေဟင်ခရီးစဉ်တိုင်း လုံခြုံစိတ်ချမှုနဲ့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေဖို့အတွက် Air Thanlwin လေကြောင်းလိုင်းနှင့်အတူပျံသန်းလိုက်ပါ။ ✈️

ခရီးစဉ်များနှင့်ပတ်သက်၍အသေးစိတ် သိရှိလိုပါက...လေယာဥ်လက်မှတ်များကိုဈေးနှုန်းချိုသက်စွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနိုင်ပါပြီ🥳

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

တို့ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါသည်။

🧧Happy Chinese New Year 🧧🐉Dragon year🐉 ရဲ့နှစ်သစ်မှစလို့ ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ကြွယ်ဝချမ်းသာခြင်းတွေနဲ့ ပြည့်စုံပ...
09/02/2024

🧧Happy Chinese New Year 🧧
🐉Dragon year🐉 ရဲ့နှစ်သစ်မှစလို့ ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ကြွယ်ဝချမ်းသာခြင်းတွေနဲ့ ပြည့်စုံပါစေလို့ Myanmar Polestar DMC & MICE Management မှ ဆုတောင်းပေးလိုက်ပါတယ်နော် 🙏

ရန်ကုန်မှ DUBAIသို့‌ပျံသန်းပြေးဆွဲနေသော MAI tickets များကိုဈေးနှုန်းချိုသာစွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနိုင်ပ...
07/02/2024

ရန်ကုန်မှ DUBAIသို့‌ပျံသန်းပြေးဆွဲနေသော MAI tickets များကိုဈေးနှုန်းချိုသာစွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနိုင်ပါပြီ🥳

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

Let’s travel with Myanmar Polestar 🤩☀️Myanmar Polestar ကနေ ချစ်ရတဲ့ customer တွေအတွက် ချောင်းသာ🏖️🌊ကိုအလည်သွားနိုင်ဖို့ B...
06/02/2024

Let’s travel with Myanmar Polestar 🤩☀️

Myanmar Polestar ကနေ ချစ်ရတဲ့ customer တွေအတွက် ချောင်းသာ🏖️🌊ကိုအလည်သွားနိုင်ဖို့ Budget ခရီးစဉ်လေးနဲ့ပြန်လာပါပြီနော် 🙋🏻‍♀️✨

2024 ရဲ့ Februaryလ ဒီလိုအချိန်မှာ ခရီးလဲသွားချင်တယ် ခရီးသွားဖို့လဲအချိန်သိပ်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ဒီplanလေးက အရမ်းအဆင်ပြေပါတယ်နော်🥳
ရုံးပိတ်ရက်ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် သားသားမီးမီးတွေကိုပါခေါ်ပြီး ကမ်းခြေမှာရေကစားလို့ရပြီပေါ့🤩🏖️🌴

မိသားစုနဲ့ပဲသွားသွား၊ သူငယ်ချင်းတွေနဲ့ပဲသွားသွား အဆင်ပြေအောင်လို့ လူအယောက် (၂၀) 😮အထိဆံ့တဲ့ကားလေးတွေနဲ့ Myanmar Polestarရဲ့ ခရီးစဉ်လေးတွေနဲ့ ချောင်းသာကို ဈေးသက်သက်သာသာနဲ့သွားလို့ရပါပြီနော်🐚🌊👙

Myanmar Polestar ရဲ့ ကားတွေက သက်တောင့်သက်သာရှိတဲ့အပြင် safety ကိုလဲ အထူးဦးစားပေးဖြစ်တာကြောင့် စိတ်သက်သက်သာသာနဲ့ အားလပ်ရက်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါပြီနော်🥰

👉🏻2 ညအိပ် 3 ရက်
🗓️သောကြာအထွက်တနင်္ဂနွေအပြန်
🚘ကားစင်းလုံးငှားအတွက် - 560000

👉🏻1 ညအိပ် 2 ရက်
🗓️စနေအထွက်တနင်္ဂနွေအပြန်
🚘ကားစင်းလုံးငှားအတွက် - 530000

ချစ်ရတဲ့ customers အတွက် အသက်သာဆုံးဈေးနှုန်းနဲ့ ခရီးစဉ်လေးတွေကို Myanmar Polestar မှာ ဝယ်ယူအားပေးနိုင်ပါပြီရှင့် 🥰

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

Hello ချစ်ကာကာတို့အတွက်🙋🏻‍♀️February အားလပ်ရက်ခရီးရှည်များတွင်ကိုယ့်ရဲ့ချစ်ခင် မြတ်နိုးရသောမိသားစု၊ မိတ်ဆွေအပေါင်းဖော်မျ...
05/02/2024

Hello ချစ်ကာကာတို့အတွက်🙋🏻‍♀️
February အားလပ်ရက်ခရီးရှည်များတွင်ကိုယ့်ရဲ့ချစ်ခင် မြတ်နိုးရသောမိသားစု၊ မိတ်ဆွေအပေါင်းဖော်များနဲ့အတူကားစင်းလုံးငှားပီးသွားချင်ရင်တော့
Myanmar Polestar ရဲ့ ပုဂံ Tour ခရီးစဉ်လေး ပြန်လာပြီနော် 🍂
အေးစိမ့်စိမ့်ရာသီဥတုနဲ့ အခုလိုအချိန်မှာ ခရီးသွားချင်တဲ့သူတွေအနေနဲ့ ရွေးချယ်သင့်တဲ့နေရာလေးကတော့ မြန်မာ့ရတနာ ပုဂံရွှေမြို့တော်ကြီးပဲမလား✨
ခမ်းနားကြီးကျယ်ပြီးအဖိုးမဖြတ်နိုင်တဲ့ ရတနာတွေစုဝေးရာ ပုဂံမြို့တော်ကြီးဆီ အလည်သွားနိုင်ဖို့ Myanmar Polestar ကနေ Tour Packageလေးကို ချစ်ရတဲ့ customer လေးတွေအတွက် စီစဉ်ပေးလိုက်ပါပြီနော်

🗓️ Friday အသွား Sundayအပြန်
🌃2 ညအိပ် 3 ရက်ခရီးစဉ်
🚌20 seaters ကားတစ်စီးလုံးကို1050000ကျပ်💥

🗓️Friday အသွား Monday အပြန်
🌃3 ညအိပ် 4ရက်ခရီးစဉ်
🚌20 seatersကားတစ်စီးလုံးကို1350000ကျပ်💥
တိတိဘဲကျတော့မှာနော်

ခရီးစဉ်က အရမ်းကိုတန်နေတာမို့ လက်လွှတ်မခံဘဲ ကိုယ့်သူငယ်ချင်း၊မိတ်ဆွေ၊မိသားစုတွေနဲ့ ပုဂံသွားလို့ရအောင် Myanmar Polestar Page ကို လှမ်းဆက်သွယ်လိုက်တော့နော် 🙋🏻‍♀️
🏬Hotel မှာတည်းချင်ရင်လဲ တစ်ညအိပ် 2‌ယောက်ခန်းကိုမှ30000ကစတည်းလို့ရပီးThe Hotel Win Star နဲ့အတူပုဂံမှာရှိတဲ့hotel များတွက်လဲbooking တင်လို့ရပါပီရှင့်
ဘယ်မှာမှမရနိုင်တဲ့ သက်သာတဲ့ဈေးနှုန်းလေးတွေကို Myanmar Polestar ကနေ စီစဉ်ပေးနေပါပြီနော်
Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက...
05/02/2024

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ

နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင် သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈️ Checked through လား၊ Self-Transfer လား သိထားရပါမယ်။

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✈️ Transit Visa လို/မလို ကြည့်ပါ။

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✈️ Layover/ Stopover Time

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✈️ လေဆိပ်မှာ Check-in ဝင်တဲ့အခါ

ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✈️ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈️ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✈️ အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✈️ Transit လေဆိပ်ရောက်တဲ့အခါ

⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✈️ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ

အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။

ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။

အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…

Credit to Nu Myat
အိမ်ရှင်မ မှတ်စု

ရန်ကုန်မှ ကိုရီးယားသို့‌ပျံသန်းပြေးဆွဲနေသော MAI tickets များကိုဈေးနှုန်းချိုသာစွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနိ...
02/02/2024

ရန်ကုန်မှ ကိုရီးယားသို့‌ပျံသန်းပြေးဆွဲနေသော MAI tickets များကိုဈေးနှုန်းချိုသာစွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနိုင်ပါပြီ🥳

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

ရန်ကုန်မှ ဗီယက်နမ်သို့‌ပျံသန်းပြေးဆွဲနေသော MAI tickets များကိုဈေးနှုန်းချိုသာစွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနို...
02/02/2024

ရန်ကုန်မှ ဗီယက်နမ်သို့‌ပျံသန်းပြေးဆွဲနေသော MAI tickets များကိုဈေးနှုန်းချိုသာစွာဖြင့် Myanmar Polestar တွင် ဝယ်ယူရရှိနိုင်ပါပြီ🥳

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

🍂ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီမှာ လည်ပတ်သင့်တဲ့ နေရာ (12)ခု 🍂🌸ချယ်ရီပန်းတွေပွင့်ရုံမကဘဲ မြင်မြင်သမျှသစ်ပင်တိုင်းရဲ့ အရွက်မျ...
02/02/2024

🍂ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီမှာ လည်ပတ်သင့်တဲ့ နေရာ (12)ခု 🍂

🌸ချယ်ရီပန်းတွေပွင့်ရုံမကဘဲ မြင်မြင်သမျှသစ်ပင်တိုင်းရဲ့ အရွက်များက အစိမ်းရင့်ရောင်ကနေ အဝါရောင် ရွှေရောင် အနီရောင်တို့ကို ပြောင်းလဲတက်တဲ့ ဆောင်ဉီးရာသီဟာဆိုရင် ဂျပန်နိုင်ငံမှာ လည်ပတ်ဖို့အကောင်းဆုံးနေရာများစွာရှိပါတယ်

ဒီထဲကမှ ၁၂ခုကို ဖော်ပြပေးသွားဖို့ ရှိပါတယ်ရှင့်

🍁Kyoto, Kyoto

ကျိုတိုဘုရားကျောင်းကတော့ ဆောင်ရာသီအတွက် အထင်ရှားဆုံးသော လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ

Tofukuji ဘုရားကျောင်း၊ Kiyomizudera နှင့် Eikando အပါအဝင် ဘုရားကျောင်းများစွာနဲ့အတူ လှပတဲ့ သစ်ပင်သစ်ရွက်တို့က စိတ်ကို ငြိမ်သက်စွာနဲ့ဆွဲဆောင်စေပါတယ်

ကျိုတိုဘုရားကျောင်းကိုတော့ နိုဝင်ဘာလလယ်ကနေ ဒီဇင်ဘာအစောပိုင်းအထိက လည်ပတ်ရင် ရင်သက်ရှုမောဖွယ်အကောင်းဆုံးကာလပါပဲ

🍀Kurobe Gorge, Toyama

Kurobe Gorgeကတော့ ဂျပန်မြောက်ပိုင်းက အဲလ်ပ်တောင်တန်းမှာရှိပြီး စိမ်းလန်းစိုပြေတဲ့ လျှိုမြောင်က နိုင်ငံအတွင်းမှာရှိတဲ့ အနက်ရှိုင်းဆုံး ချောက်ကြီးများထဲက တစ်ခုဖြစ်ပါတယ်

တောင်တန်းနဲ့ မြေပြင်ကိုဖြတ်ပြီး ကီလိုမီတာ 20အကွာမှာ ပြေးဆွဲနေတဲ့ Kurobe Gorge မီးရထားက အကျော်ကြားဆုံးဖြစ်ပြီး လမ်းတစ်လျှောက်တွင် မှတ်တိုင်များစွာဖြင့် သဘာဝရှုခင်းများကို ခံစားနိုင်ပါတယ်

Kurobe Gorgeကို အထူးသဖြင့် အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလလယ်ကြားမှာ လည်ပတ်မယ်ဆိုရင် ပိုမိုအံ့ဖွယ်တဲ့စိတ်ခံစားချက်ကိုရရှိစေပါတယ်

🚇Naruko Gorge, Miyagi

Miyagiရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ချောက်ကတော့ Tohoku ဒေသမှာရှိတဲ့ ထိပ်တန်းသဘာဝဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်

အကောင်းဆုံးရှုခင်းအနေနဲ့ ကုန်းပတ်မှ နာမည်ကျော် Ofukazawa တံတားကို မြင်တွေ့နိုင်တဲ့ Narukokyo Resthouse ပဲဖြစ်ပါတယ်

သာယာလှပသောပတ်ဝန်းကျင်မှာ သင်ခန္ဓာနှစ်မြှုပ်သွားသလို ခံစားရစေဖို့ Naruko Gorge ကို အောက်တိုဘာလနှောင်းပိုင်းမှ နို၀င်ဘာလဆန်းပိုင်းအထိသွားရောက်လည်ပတ်သင့်ပါတယ်

🌈Minoo Falls, Osaka

ဆောင်းရာသီရဲ့ အနီရောင်သစ်ရွက်များကို ဝန်းရံထားတဲ့ ရေတံခွန်ကိုရှာနေတယ်ဆိုရင်တော့ အိုဆာကာမှာရှိတဲ့ Minoo ရေတံခွန်ကို ရောက်အောင်သွားလိုက်ပါ

33မီတာမြင့်တဲ့ Minoo ရေတံခွန်က Minoo Park အတွင်းမှာရှိပြီး ပန်းခြံလမ်းတစ်လျှောက်မှဆိုရင်လည်း ချစ်စရာကောင်းတဲ့ ဈေးဆိုင်ငယ်လေးများနဲ့ ကျက်သရေရှိလှတဲ့ ဘုရားကျောင်းများကို အေးချမ်းစွာတွေ့ရမှာပဲဖြစ်ပါတယ်

ဆောင်းဦးရာသီကို ထိထိမိမိခံစားနိုင်စေဖို့ နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလကုန်အထိ လည်ပတ်ဖို့ အလွန်ကောင်းစေပါတယ်

🌿Jozankei Onsen, Hokkaido

ဟော့ကိုင်းဒိုးအနောက်ပိုင်းရှိ ချစ်စရာကောင်းတဲ့ Onsenမြို့လေးကတော့
ဟိုဟယ်ကျိုဆည်နဲ့ အနီရောင် Futami Suspension တံတားတို့ကြောင့် လူသိများပါတယ်

Sapporo International Ski Resort မှာ ဂွန်ဒိုလာကိုစီးပြီး အပေါ်စီးကနေ ရဲရဲနီနေတဲ့ ဆောင်းရာသီရဲ့ သစ်ရွက်များကို တဝကြီးခံစားလို့ရပြီးအောက်တိုဘာလ အစောပိုင်းမှ လလယ်အထိကတော့ လည်ပတ်ဖို့အရမ်းကောင်းမွန်ပါတယ်

🌺Mikuni Pass, Hokkaido

Mikuni Passက ပင်လယ်ရေမျက်နှာပြင်အထက် 1,139 မီတာအမြင့်မှာ တည်ရှိတဲ့ National Route 273 တစ်လျှောက် ပြေးဆွဲသည့် Kamishihoro မှာရှိပါတယ်

သာယာလွန်းတဲ့ Daisetsuzan အမျိုးသားဥယျာဉ်ကိုဖြတ်ပြီး ရာသီဥတုအေးလာတာနဲ့အမျှ အရောင်ပြောင်းတဲ့ သစ်ပင်များစွာကိုလည်း တွေ့နိုင်ပါတယ်

စက်တင်ဘာလနှောင်းပိုင်းကနေ အောက်တိုဘာလလယ်အထိ ဟော့ကိုင်းဒိုးရှိ ဆောင်းဦးရာသီရဲ့ အကောင်းဆုံးမြင်ကွင်းများကို ရရှိစေနိုင်ပါတယ်

🌳Lake Towada, Aomori

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းမှာရှိတဲ့ အကြီးဆုံး caldera ရေကန်ကိုလည်း သွားလည်သင့်ပါတယ်

ရေကန်ရဲ့ ကမ်းစပ်မှာဆိုရင် တောက်ပပြီး အဝါရောင်ပြောင်းနေတဲ့ ဘီချပင်များနဲ့ vermillion အရိပ်များကြောင့် မေပယ်ပင်များက သင့်ကိုအံ့အားသင့်ဖွယ် ဆွဲဆောင်စေမှာပါ

သွားရောက်လည်ပတ်ဖို့အကောင်ဆုံးအချိန်ကတော့ သစ်ပင်တွေပိုပြီးအရောင်ပြောင်းတက်တဲ့ အောက်တိုဘာလလယ်မှ နှောင်းပိုင်းအထိဖြစ်ပါတယ်

☘️Nikko, Tochigi

တိုကျိုမြို့ရဲ့ မြောက်ဘက်က Nikko ကတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းများစွာရှိသလိုပဲ ဆောင်းဦးရာသီမှာဆို အရမ်းကို လှပပြီး သဘာဝတရားများစွာရှိတဲ့ မြို့ပဲဖြစ်ပါတယ်

ကြည့်ရှုခံစားဖို့နေရာများစွာရှိသလို Shinkyo Bridge နဲ့ Ryuzu Falls တို့ကတော့ ဓာတ်ပုံအမိုက်စားလေးတွေရိုက်ဖို့ နေရာများပဲ ဖြစ်ပါတယ်

အောက်တိုဘာလဆန်းမှ နိုဝင်ဘာလအစောပိုင်းအထိကတော့ Nikko, Tochigi ကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်

🍁Nara Park, Nara

Nara Park က အရမ်းကို ခမ်းနားကျယ်ပြန့်ပြီး ဆောင်ဦးရဲ့ သစ်ရွက်များအလှကို ခြေလျင်လျှောက်ပြီး အပြည့်အဝခံစားရစေမည့် နေရာတစ်ခုပါ

အရမ်းထင်ရှားတဲ့နေရာတစ်ခုကတော့ အနီရောင် momiji မေပယ်ပင်များ၊ အဝါရောင် ginkgo နဲ့ ကျော်ကြားတဲ့ ဦးညွှတ်သမင်များ နေထိုင်ရာ Todaiji Temple အနီးတစ်ဝိုက်ကတော့ လူသိများပါတယ်

Nara Park အလယ်မှာဆိုရင် ရေကန်ရှိပြီး လှပတဲ့ Ukimido ကို သင်တွေ့ရပါလိမ့်မယ်

ဒါအပြင် ရေကန်၏မျက်နှာပြင်ပေါ်မှာ ရောင်စုံအရွက်များက ရောင်ပြန်ဟပ်နေပြီး ဖမ်းယူနိုင်တဲ့ အလင်းယောင်များလို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့အထိ ထူးခြားတဲ့ ဆောင်းဦးရှုခင်းများကို ခံစားရစေပါတယ်

အမိုက်စားရှုခင်းတွေကို တဝကြီးခံစားဖို့ နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလအထိက လည်ပတ်ဖို့အမိုက်ဆုံးပါ

🌱Lake Kawaguchiko, Yamanashi

ဖူဂျီတောင်ကိုနောက်ခံထားပြီး ဆောင်ဉီးသစ်ရွက်များကို ခံစားချင်ရင်တော့ Lake Kawaguchiko, Yamanashiက ရွေးချယ်ရာနေရာတစ်ခုဖြစ်လာမှာပါ

ဖူဂျီရေကန်ငါးခုရှိပြီး ရာသီအလိုက်သစ်ရွက်များကို ခံစားဖို့အကောင်းဆုံးကတော့ Kawaguchiko ရေကန်ပဲဖြစ်ပါတယ်

အားသာချက်များကတော့ Nashigawa မြစ်တစ်လျှောက် Momiji Corridor နဲ့ အနီရောင်မေပယ်ရွက်များ ဘောင်ခတ်ထားတဲ့ အထင်ကရ Momiji Tunnel တို့ပဲဖြစ်ပါတယ်

သစ်ပင်များရဲ့အရောင်ပြောင်းလဲမှုကတော့ နိုဝင်ဘာလလယ်မှစပြီး ဇင်ဘာလအစောပိုင်းအထိ ဖြစ်ပါတယ်

🌴Rikugien Garden, Tokyo

တိုကျိုမှာ Rikugien Garden ကတော့ ဆောင်းရာသီရဲ့ အငွေ့အသက်တွေကို အကောင်းဆုံးခံစားနိုင်စေဖို့ နေရာတစ်ခုပါပဲ

ဆောင်းဦးရာသီမှာဆိုရင် ဂျပန်ရှုခင်းဥယျာဉ်များက အများအားဖြင့် ညနေခင်းမှာဆို အလင်းရောင်ရလေ့ရှိပြီး ထူးခြားတဲ့ အလင်းရောင်နဲ့ သစ်ရွက်များကို ခံစားဖို့ နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလအစောပိုင်းအထိ လည်ပတ်ဖို့ကောင်းပါတယ်

🍂Hitachi Seaside Park

အနီရောင် momiji အရွက်တွေ ပြည့်နေပြီး ထူးခြားတဲ့ ရှာနေတယ်ဆိုရင် Ibaraki ရဲ့ Hitachi Seaside Park ကို သွားလိုက်ပါ

ထင်းရှူးပင်များနဲ့အတူ စိုစွတ်တဲ့ အပင်များစွာကို အစိမ်းရောင်ကနေ တောက်ပသော အနီရောင်သို့ ပြောင်းသွားတာကို အောက်တိုဘာလလယ်ကနေ လကုန်နှောင်းပိုင်းအထိ ခမ်းနားလှပစွာတွေ့မြင်ရမှာပါ

ယခုဖော်ပြပေးခဲ့တဲ့နေရာများကတော့
ဆောင်းရာသီမှာ လည်ပတ်ဖို့အကောင်းဆုံး နေရာများစွာထဲက 12 ခုကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင့် 🥰

#ဂျပန်နိုင်ငံဆောင်းရာသီ
#ဂျပန်နိုင်ငံလည်ပတ်စရာများ

တရုတ်နှစ်သစ်ကူးကာလလေးမှာ အလည်အပတ်ခရီးစဉ်‌တွေ သွားဖို့ စီစဉ်နေတဲ့သူလေးတွေရေ Myanmar Airways International ရဲ့ Lunar New Y...
01/02/2024

တရုတ်နှစ်သစ်ကူးကာလလေးမှာ အလည်အပတ်ခရီးစဉ်‌တွေ သွားဖို့ စီစဉ်နေတဲ့သူလေးတွေရေ Myanmar Airways International ရဲ့ Lunar New Year special promotion လေးကို Myanmar Polestar DMC & MICE Management မှာ ၀ယ်ယူလို့ ရပါပြီနော်......🤩

💥Special promotion tickets လေးတွေကို 🎫
February 09ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပီး ....
ခရီးသွားနိုင်မည့် ကာလလေးကတော့ March 30ရက်နေအထိ သွားနိုင်မှာ ဖြစ်ပါတယ်နော်🫶

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

မြန်မာနိုင်ငံကိုပြေးဆွဲဖူးတဲ့လေယာဉ်ထဲမှာအကြီးဆုံးဖြစ်တဲ့ Boeing 777 မြန်မာနိုင်ငံမှာအများအားဖြင့် Boeing 737 တို့လိုပုံမ...
01/02/2024

မြန်မာနိုင်ငံကိုပြေးဆွဲဖူးတဲ့လေယာဉ်ထဲမှာအကြီးဆုံးဖြစ်တဲ့ Boeing 777

မြန်မာနိုင်ငံမှာအများအားဖြင့် Boeing 737 တို့လိုပုံမှန်အရွယ်အစားလေယာဉ်တွေသာ အများဆုံးပြေးဆွဲပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာဆို ၇၂ ယောက်ဆန့် ATR-72 Turboprop လေယာဉ်တွေသာအများဆုံးသုံးပါတယ်။

ဒါပေမယ့် UAE အခြေစိုက်ကမ္ဘာကျော် Emirates လေကြောင်းလိုင်းက ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ Boeing 777-300ER (Extended range) လေယာဉ်ကြီးတွေနဲ့ ဒူဘိုင်း-ရန်ကုန်-ဟနွိုင်းခရီးစဉ်ကို လေကြောင်းအမှတ် EK388 ဆိုပြီးပြေးဆွဲခဲ့ဖူးပါတယ်။ ဒါကရန်ကုန်လေဆိပ်မှာ ဆင်းဖူးတဲ့လေယာဉ်တွေထဲမှာ အကြီးဆုံးလို့လည်းဆိုနိုင်ပြီး ကမ္ဘာပေါ်မှာ ၆ ခုမြောက်အကြီးဆုံး ခရီးသည်တင်လေယာဉ် လည်းဖြစ်ပါတယ်။

Boeing 777-300ER မှာခုံနေရာအခင်းအကျင်းပေါ်မူတည်ပြီး ခရီးသည် ၅၅၀ အထိဆန့်ပါတယ်။ EK388 မှာတော့ First class မှာ ၈ ခုံ၊ Business Class မှာ ၄၂ ခုံနှင့် Economy class မှာ ၃၁၀ စုစုပေါင်းခရီးသည် ၃၆၀ အထိလိုက်ပါစီးနှင်းနိုင်ပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာတော့ Emirates လေကြောင်းလိုင်းက ရန်ကုန်ကိုပြေးဆွဲတာရပ်နားခဲ့ပြီး FlyDubai က Boeing 737 လေယာဉ်များဖြင့်ဆက်လက်ပြေးဆွဲခဲ့ပါတယ်။

Boeing 777 series ကို ၁၉၉၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက် Long range နှင့် Extended range များကိုတော့ ၂၀၀၄ နောက်ပိုင်းဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

Boeing 777-300ER ကအရှည် ၇၃.၉ မီတာ (၂၄၂ ပေ) ၊ အမြင့် ၁၈.၅ မီတာ (၆၁ပေ) နှင့်တောင်ပံက ၆၄.၈ မီတာ (၂၁၃ ပေ) ရှိပါတယ်။ ၁၄၆၉၀ ကီလိုမီတာခရီးကို အမြန်ဆုံးတစ်နာရီ ၉၅၀ ကီလိုမီတာနှုန်းနဲ့ မရပ်မနားပျံသန်းနိုင်ပါတယ်။ လေယာဉ်ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၇၅ သန်းဝန်းကျင်ရှိပါတယ်။

လက်ရှိမြန်မာပြည်ကိုပြေးဆွဲနေတဲ့လေယာဉ်တွေထဲမှာ အကြီးဆုံးကတော့ စင်္ကာပူလေကြောင်းလိုင်းရဲ့ ၂၁၉ ပေ (၆၆.၈ မီတာ)ရှည်တဲ့ Airbus A350-900 ဖြစ်ပါတယ်။ အိုဘားမားမြန်မာပြည်လာတုန်းက စီးတဲ့ Air Force One ကတော့ ၂၃၁ ပေရှိပါတယ်။

အမေရိကန်သမ္မတစီးတော်ယာဉ် Air Force One က Boeing 747-200B ကိုအခြေခံပြီးထုတ်လုပ်ထားတာပါ။ ၁၉၉၀ တည်းကသုံးလာတာဖြစ်လို့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၄ ဘီလီယံလောက်အထိအကုန်ကျခံတည်ဆောက်ထားတဲ့ Boeing 747-8 နဲ့အသစ်လဲတော့မှာဖြစ်ပါတယ်။

Photos

ATR-72
ပြည်တွင်းခရီးစဉ်တွေမှာအများဆုံးသုံးတဲ့လေယာဉ် (အရှည် ၈၈ ပေ၊ ခရီးသည် ၇၂ ယောက်)

Airbus A319
MAI ရဲ့အများဆုံးသုံးတဲ့လေယာဉ် (အရှည် ၁၁၁ ပေ၊ ခရီးသည် ၁၃၅ ယောက်)

Boeing 737-800
မြန်မာအပါအဝင်နိုင်ငံတကာမှာအများဆုံးသုံးတဲ့လေယာဉ် (အရှည်ပေ ၁၃၀၊ ခရီးသည် ၁၆၂ ယောက်)

Boeing 777
မြန်မာပြည်ကိုပြေးဆွဲဖူးတဲ့အကြီးဆုံးလေယာဉ် (အရှည် ၂၄၂ ပေ၊ ခရီးသည် ၃၆၀)


👉လာမည့်ပိတ်ရက်တွေမှာ ခရီးသွားဖို့ Plan လုပ်နေပြီလား ?🧳🎒🌂👠👉ပြည်ပခရီးစဉ်တွေ အတွက်ဆိုရင် Myanmar Polestar ကိုယုံကြည်စွာဆက်သ...
22/01/2024

👉လာမည့်ပိတ်ရက်တွေမှာ ခရီးသွားဖို့ Plan လုပ်နေပြီလား ?🧳🎒🌂👠
👉ပြည်ပခရီးစဉ်တွေ အတွက်ဆိုရင် Myanmar Polestar ကိုယုံကြည်စွာဆက်သွယ်လိုက်ပါ
✈️ Air ticket
🏨 Hotels
🚘 Transport
🥂 Meals
🌲Attractions place
တွေကို သက်သာသော စျေးနှုန်းနှင့် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနေပြီနော်
👉စောစော Booking တင် ရင် စျေးနှုန်း ပိုသက်သာလို့ အမြန်ဆုံးဆက်သွယ် လိုက်နောိ
☎️Hot line : 09409042255(7 am to 11 pm)
📞Office phone: 01-9345500 - 3 (8:30 am to 5:00 pm)

#ခရီး

အပတ်စဉ် သောကြာအသွား တနင်္ဂနွေအပြန်ဖြင့်ပြေးဆွဲနေသော ချောင်းသာခရီးစဉ်လေးကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြတဲ့ နောက်ထပ်...
22/01/2024

အပတ်စဉ် သောကြာအသွား တနင်္ဂနွေအပြန်ဖြင့်ပြေးဆွဲနေသော ချောင်းသာခရီးစဉ်လေးကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြတဲ့ နောက်ထပ်ဧည်သည်တော်များကို Myanmar Polestar မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်🙏

နောက်အပါတ်တွေလည်း ရန်ကုန် ချောင်းသာ/ပုဂံကိုအပတ်စဉ်ပြေးဆွဲပေးနေတာဖြစ်လို့ အခုပဲဝယ်ယူအားပေးလိုက်တော့နော်😀

ဈေးနှုန်းလေးတွေကတော့
ရန်ကုန်-ချောင်းသာ-ရန်ကုန်🚌🚌
တစ်ဦးလျှင် ၂၈၀၀၀ကျပ်
ရန်ကုန်-ပုဂံ-ရန်ကုန်🚌 🚌
တစ်ဦးလျှင် ၅၀၀၀၀ကျပ်

တည်းမည့် Hotel အရောက် ပို့ဆောင်ပေးပါမည်။(Hotel Zone အတွင်းသာ)
လူဦးရေ (၂၀)ပြည့်မှသာထွက်ပါမည်။

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

အပတ်စဉ် သောကြာအသွား တနင်္ဂနွေအပြန်ဖြင့်ပြေးဆွဲနေသော ချောင်းသာခရီးစဉ်လေးကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြတဲ့ နောက်ထပ်...
15/01/2024

အပတ်စဉ် သောကြာအသွား တနင်္ဂနွေအပြန်ဖြင့်ပြေးဆွဲနေသော ချောင်းသာခရီးစဉ်လေးကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြတဲ့ နောက်ထပ်ဧည်သည်တော်များကို Myanmar Polestar မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်🙏

နောက်အပါတ်တွေလည်း ရန်ကုန် ချောင်းသာ/ပုဂံကိုအပတ်စဉ်ပြေးဆွဲပေးနေတာဖြစ်လို့ အခုပဲဝယ်ယူအားပေးလိုက်တော့နော်😀

ဈေးနှုန်းလေးတွေကတော့
ရန်ကုန်-ချောင်းသာ-ရန်ကုန်🚌🚌
တစ်ဦးလျှင် ၂၈၀၀၀ကျပ်
ရန်ကုန်-ပုဂံ-ရန်ကုန်🚌 🚌
တစ်ဦးလျှင် ၅၀၀၀၀ကျပ်

တည်းမည့် Hotel အရောက် ပို့ဆောင်ပေးပါမည်။(Hotel Zone အတွင်းသာ)
လူဦးရေ (၂၀)ပြည့်မှသာထွက်ပါမည်။

လာမည့် 20ရက်နေ့တွင်လဲချောင်းသာသို့ထွက်ခွါရန် လူဦးရေပြည့်ဖို့နဲနဲသာလိုတော့သည့်အတွက် အခုပဲ အမြန်ဆုံးဆက်သွယ်နိုင်ပါပီနော်🤩

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

နှစ်သစ်အစလေးမှာ အပတ်စဉ် သောကြာအသွား တနင်္ဂနွေအပြန် ချောင်းသာခရီးစဉ်လေးကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြတဲ့ ဧည်သည်တော...
12/01/2024

နှစ်သစ်အစလေးမှာ အပတ်စဉ် သောကြာအသွား တနင်္ဂနွေအပြန် ချောင်းသာခရီးစဉ်လေးကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့ကြတဲ့ ဧည်သည်တော်များကို Myanmar Polestar မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်🙏

နောက်အပါတ်တွေလည်း ရန်ကုန် ချောင်းသာ/ပုဂံကိုအပတ်စဉ်ပြေးဆွဲပေးနေတာဖြစ်လို့ အခုပဲဝယ်ယူအားပေးလိုက်တော့နော်😀

ဈေးနှုန်းလေးတွေကတော့
ရန်ကုန်-ချောင်းသာ-ရန်ကုန်🚌🚌
တစ်ဦးလျှင် ၂၈၀၀၀ကျပ်
ရန်ကုန်-ပုဂံ-ရန်ကုန်🚌 🚌
တစ်ဦးလျှင် ၅၀၀၀၀ကျပ်

တည်းမည့် Hotel အရောက် ပို့ဆောင်ပေးပါမည်။(Hotel Zone အတွင်းသာ)
လူဦးရေ (၂၀)ပြည့်မှသာထွက်ပါမည်။

လာမည့် ၁၉ရက်နေ့တွင်လဲချောင်းသာသို့ထွက်ခွါရန် လူဦးရေပြည့်ဖို့နဲနဲသာလိုတော့သည့်အတွက် အခုပဲ အမြန်ဆုံးဆက်သွယ်နိုင်ပါပီနော်🤩

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

Myanmar Polestar ရဲ့ ကာကာလေးတွေရေ အဆင်ပြေစေဖို့အပတ်စဥ် သောကြာအသွား         တနင်္ဂနွေ အပြန်နဲ့ ချောင်းသာခရီးစဥ်လေးပြေးဆွဲ...
05/01/2024

Myanmar Polestar ရဲ့ ကာကာလေးတွေရေ အဆင်ပြေစေဖို့အပတ်စဥ် သောကြာအသွား တနင်္ဂနွေ အပြန်နဲ့ ချောင်းသာခရီးစဥ်လေးပြေးဆွဲပေးနေတာ အခုလို January လရဲ့ ပထမဆုံး နှစ်ပတ်မှာတင် ခုံပြတ်ဝယ်ယူအားပေးခဲ့ကြတဲ့ Customer လေးတွေအတွက် Myanmar Polestar မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်🙏
အခုလာမယ့် 19ရက် အထွက် 21အပြန် Chaungthar car ticket လေးက လူပြည့်တော့မှာမို့လို့ အမြန်ဆုံး လက်မှတ်လေးတွေ ဝယ်ယူဖို့တိုက်တွန်းပါရစေနော်.....

အသွား အပြန် Car Ticket တစ်ယောက်စျေးလေးကတော့ 20,000MMK ပဲရှိတယ်နော်

ဘယ်မှာမှမရတဲ့စျေးလေးနဲ့ Promotionလေးလုပ်ပေးနေတာဖြစ်လို့ အမြန်လှမ်းလာဖို့ ပြောချင်ပါတယ်နော်....😍

Car Ticket ကြီးပဲမဟုတ်ဘူးနော် တစ်ခါတည်းနဲ့အဆင်ပြေပြေအနားယူလို့ရအောင် Hotel ပါတွဲပြီး စီစဥ်ပေးနေတာမို့လို့ အမြန်ဆက်သွယ်လိုက်တော့နော်

Address - Treasure Residence, No.82-A, Room No.501, 5th floor, Sayar San Lane, Bahan Tsp, Yangon.
Ph : 01 9345500, 01 9345501, 01 9345503, 09 788128427
Email : [email protected]
Website : www.myanmarpolestar.com

Address

No. 82-A, Room 501, 5th Floor, Treasure Residence, Sayarsan Lane
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9519345501

Alerts

Be the first to know and let us send you an email when Myanmar Polestar DMC & MICE Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Polestar DMC & MICE Management:

Videos

Share

Category

Our Story

Myanmar Polestar is a Yangon-based tour operator, offering tailor-made trips for groups and individuals to Myanmar’s most spectacular tourism spots and off-the-beaten track destinations. Drawing on thirteen years of industry experience, our team of thirty travel consultants always go that extra mile to provide quality service, and create unforgettable memories for you.

Nearby travel agencies