Approved Tourism Enterprise

Approved Tourism Enterprise - Hotel Services
- Ticketing Services
- Tour Services
- Car Rental Services
- Visas Services

Mann Yadanarpon Airlines
01/12/2023

Mann Yadanarpon Airlines

မြန်မာနိုင်ငံတွင်းကနေ passport မလိုပဲ မယ်ဆိုင်၊ ချင်းရိုင် နဲ့ ချင်းမိုင်မြို့ကို တူတူသွားကြမယ် ❕❕❕

မြန်မာနိုင်ငံတွင်းကနေ မယ်ဆိုင်၊ ချင်းရိုင် နဲ့ ချင်းမိုင်(ဇင်းမယ်) အစရှိတဲ့မြို့တွေကို တာချီလိတ်မြို့ကနေ တဆင့်သွားရောက်တဲ့အခါ ✈️
ပထမဦးစွာ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားကနေဖြတ်၊😍
ငွေကျပ် ၁၀၀၀ ပေးသွင်းပြီး ၆ညအိပ် ၇ရက် ယာယီ (Green Card)ကို လုပ်ဆောင်ပြီးရင်တော့၊
မယ်ဆိုင်ဘက်က ပြုလုပ်ပေးတဲ့ ယာယီ(White Card)လေးကို ထိုင်းဘတ် ၂၀ နဲ့
ထုတ်ယူပါ…💳💳

ထို့နောက် ချင်းရိုင်ဘက်ကို လည်ပတ်ချင်ရင် ဘတ် ၅၀၀၊💸💸
ချင်းမိုင်ဘက်ကို ထပ်ပြီးလည်ပတ်ချင်ရင်တော့ ဘတ် ၁၅၀၀ ကျပ်ပေးသွင်းပြီးဖြတ်သန်းသွားလာလို့ရပါပြီရှင်… 💸💸

ကဲ ဒါဆို မယ်ဆိုင်ကို အရင်သွားကြရအောင်!!!🙋🏼‍♀️
မယ်ဆိုင်မှာဆိုရင်တော့
🔰 ဦးအောင်ဇေယျဘုရား၊ နှီးဘုရား၊ လွိုင်ဖုန်း တရုတ်တန်း ၊Golden Triangle (ရွှေတြိဂံ)၊ လာအိုနယ်စပ်၊ Doi Pha Mee တောင်ပေါ်ရှိ အာခါရိုးရာစားသောက်ဆိုင်များနဲ့ မယ်ဆိုင်ဈေးတို့ကို လည်ပတ်နိုင်ပါတယ်😍😍

ပြီးရင်တော့ ချင်းရိုင်မြို့ကို ဆက်လက်ထွက်ခွာကြရအောင် !!!🙋🏼‍♀️
ချင်းရိုင်မြို့မှာဆိုရင်
🔰မြဘုရား၊ မယ်ဖလောင်ပန်းခြံ၊ Choui Fong လက်ဖက်ခြံ၊ White Temple, Blue Tample၊ Akha Farm Villa (သိုးခြံ)၊ Singha Park၊ ကွမ်ရင်မယ်တော်နှင့် ကိုးထပ်ကျောင်း၊ နာမည်ကြီး Lalitar Coffee shop၊ Night Bazzar တို့ကိုလည်ပတ်နိုင်ပါတယ် 😍😍

ထိုမှတစ်ဆင့် ချင်းမိုင်ကို ရောက်ပြီဆိုရင်တော့ 🙋🏼‍♀️
🔰Wat Para That Doi Kham (စံပယ်ပန်းဘုရား)၊ Doi Suthep တောင် ၊ Thap Phe Gate, Wat Chedi Luan, Wat Phra Singhဘုရားများ၊ ချင်းမိုင်လက်ဆောင်တွေဝယ်ယူဖို့အတွက်တော့ Warorot Market, Central Festival, Big C Shopping Mall, Queen Siri Kit Garden, Snoopy Walk, Doi Inthanon National Park၊ Museum, Night Bazzar နဲ့ ချင်းမိုင် ရေပူစမ်းတို့ကို လည်ပတ်ကြပါနော် ....😍😍

ဒီလိုထင်ရှားတဲ့ နေရာတွေကို တာချီလိတ်ကနေတစ်ဆင့် သွားရောက်ချင်တယ်ဆိုရင်
🛫ရန်ကုန် - တာချီလိတ် - ရန်ကုန်
🛫တာချီလိတ် -မန္တလေး - တာချီလိတ်
🛫တာချီလိတ် - ဟဲဟိုး - တာချီလိတ် ခရီးစဉ်များကို မန်းရတနာပုံလေကြောင်းလိုင်းမှ ပြေးဆွဲပေးနေပါတယ်ရှင် ....✈️✈️
—————————————————————
အတူတူ ပျံသန်းမယ့် အချိန်တိုင်း အဖိုးတန်ဖြစ်စေဖို့ ခရီးစဉ်တစ်ခုမှာ ချောမွေ့စွာ မိမိစိတ်တိုင်းကျ
💺ထိုင်ခုံနေရာ
🍩 အစားအသောက်
🏅ဦးစားပေး ဝန်ဆောင်မှုများပါဝင်တဲ့ 𝐑𝐨𝐲𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကိုဝယ်ယူမယ်ဆို အောက်ပါ 𝐥𝐢𝐧𝐤 တွင်ကြည့်ရှုနိုင်ပါတယ်ရှင့်
https://airmyp.com/index.php/plan-my-trip/royal-service
……………………………………………………………………….
🔷𝐌𝐘𝐏 𝐑𝐞𝐰𝐚𝐫𝐝 𝐏𝐫𝐨𝐠𝐫𝐚𝐦 လေးလည်း ရှိနေတာကြောင့် ခရီးတွေများများသွား 𝐏𝐨𝐢𝐧𝐭𝐬 တွေများများစုပြီး နောက်ခရီးစဉ်မှာ အခမဲ့စီးနင်းခွင့် 𝐏𝐨𝐢𝐧𝐭𝐬 အဖြစ် ပြန်အသုံးပြုလိုက်ကြစို့နော်
🔷𝐌𝐘𝐏 𝐫𝐞𝐰𝐚𝐫𝐝 𝐏𝐫𝐨𝐠𝐫𝐚𝐦 အသေးစိတ်ကိုအောက်ပါ 𝐥𝐢𝐧𝐤 တွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင်..
https://airmyp.com/index.php/plan-my-trip/myp-reward-program

☎️For Reservation
MYP Authorized Passenger Sales Agents (Travels & Tours)
MYP Call Center 01-656969 (ext-1)
09404460006-7-8-9
MYP Website - www.airmyp.com





ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက် မပေးသေးပါ။ Temporarily Close Office ( Approved Tourism )
01/12/2023

ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက် မပေးသေးပါ။

Temporarily Close Office ( Approved Tourism )

" Visa အကြောင်း သိကောင်းစရာ" 💳ဒီနေ့မှာတော့ တော်တော်များများ မရှင်း မရှင်း ဖြစ်နေတဲ့ Visa အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပ...
01/12/2023

" Visa အကြောင်း သိကောင်းစရာ" 💳

ဒီနေ့မှာတော့ တော်တော်များများ မရှင်း မရှင်း ဖြစ်နေတဲ့ Visa အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။🙋🏼‍♀️

🌐 ပြည်ဝင်ခွင့် Visa ရဲ့ အရှည်ကတော့ Visitors International Stay Admission ဖြစ်ပြီး အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ ခရီးသွားလို့ဖြစ်စေ၊ပညာသင်ယူလိုလို့ဖြစ်စေ၊ တခြားနိုင်ငံကို သွားရောက်တဲ့အခါ အဓိက လိုအပ်တဲ့ entry permit document တစ်ခုဖြစ်ပါတယ်။ 📄

🌀 ဒါကလည်း ကိုယ်သွားချင်တဲ့ နိုင်ငံအလိုက် ကွာခြားမှု ရှိပါသေးတယ်။ ကိုယ်သွားရောက်လည်ပတ်လိုတဲ့ နိုင်ငံနဲ့ ကိုယ့်ရဲ့ home/birth country က Visa agreement ရှိထားရင် visa မလိုဘဲ အလည်အပတ်သွားတာမျိုး လုပ်လို့ရပါတယ်။ Visa agreement မရထားတဲ့ နိုင်ငံတွေကိုတော့ မသွားခင်ကတည်းက ကြိုလျှောက်ထားဖို့ လိုအပ်ပါတယ်။

2018 August ကတည်းက မြန်မာနိုင်ငံနဲ့ visit visa agreement ရထားတဲ့ နိုင်ငံတွေနဲ့ duration of stayတွေကို အောက်က link ကနေဝင်ကြည့်လို့ရပါတယ်။ Visa မလိုပေမဲ့ တခြား documents and requirements တွေတော့ ရှိပါမယ်ရှင့်။

https://myanmarcgla.org/index.php/visa/visa-exemption

🌐 Visa မှာ အမျိုးအစားအများကြီးရှိပြီး common visa type တွေကတော့…

🔸 Tourist Visa (pleasure travel visa)
🔸 Immigration and naturalization visas
🔸 Business/ work visas
🔸 Student visa (for studying abroad)
🔸 Transit visa စသဖြင့် visa အမျိုးမျိုးရှိပြီး categories တွေလည်း ကွဲသွားနိုင်တာကြောင့် visa type ကို သေချာရွေးပြီး လျှောက်ဖို့လိုအပ်ပါမယ်နော်။

🌐 ဒါဆိုရင် Visa လျှောက်ဖို့ လိုအပ်တဲ့ requirements လေးတွေကို အကြမ်းဖျင်း ကြည့်လိုက်ကြရအောင်…

🔹မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ကိုဗစ်ထောက်ခံချက်
🔹 ကိုယ်ပိုင် ဘဏ်စာအုပ် (စာအုပ်သက်တမ်းနဲ့ ငွေကြေး ပမာဏကတော့ သက်ဆိုင်ရာ နိုင်ငံအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်)
🔹Visa Application form and application fee
🔹 Passport
🔹 Airplane Ticket
🔹 Hotel Booking
🔹 Letter of invitation ( Study Abroad အတွက်ဆိုရင် ကျောင်းရဲ့ acceptance letter) စသဖြင့် ကိုယ်သွားမဲ့ နိုင်ငံအလိုက် visa application requirements က ကွာခြားနိုင်ပါသေးတယ်။

🌐 Visa ဘယ်လိုလျှောက်ရမလဲဆိုရင်တော့…

ကိုယ်သွားချင်တဲ့ နိုင်ငံအလိုက် မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ သံရုံးရဲ့ official website တွေကို ( official page တွေလည်း ရှိပါတယ်) သိအောင်လုပ် ပြီး သက်ဆိုင်ရာ Email ကနေ စာပို့ ၊ visa application အတွက်visa type အလိုက် information and requirements တွေကို သေချာဖတ်ရပါမယ်။
ပြီးရင်တော့ visa application form ကြိုဖြည့်ပြီး သံရုံးကပေးတဲ့ ရက်ချိန်းအလိုက် form သွားတင်ရပါမယ်။
Interview အတွက်ကလည်း နိုင်ငံအလိုက် ကွာခြားတာမျိုး ရှိပါတယ်။

📌 Interview ဖြေတဲ့အချိန် nervous မဖြစ်ဘဲ မေးတာသေချာဖြေပြီး form မှာလည်း မှန်ကန်တဲ့ အချက်အလက်တွေနဲ့ သေချာဖြည့်ထားရင်တော့ reject ခံရမှာ စိုးရိမ်စရာမရှိပါဘူး။

📌 ကိုယ်တိုင်လျှောက်လို့လည်းရသလို Agency တွေနဲ့လျှောက်မယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ Agency တွေကနေတစ်ဆင့် လျှောက်ဖို့ အကြံပေးပါတယ်နော်။

🌐 Visa processing time နဲ့ fee ကတော့ နိုင်ငံအလိုက် ကွာခြားမှုရှိပါတယ်။

ဒါဆိုရင်တော့ Visa နဲ့ ပတ်သက်တဲ့ general knowledge လေးတွေကို သိခွင့်ရလိုက်မယ်လို့ မျှော်လင့်ပါတယ်။

ခုချိန်မှာ ပြည်ပရောက်နေတဲ့ သူတွေကလည်း Visa Services တွေ ပေးနေတာတွေ့ရပါတယ်။ အဆင်ပြေကြတာတွေလည်း တွေ့ရပါတယ်။ ဝန်ဆောင်ခတော့ တနင့်တပိုးကြီး မယူဖို့ အကြံပေးလိုပါတယ် ။ လျှောက်ထားသူတွေကလည်း အများကြီး မသိတော့ တောင်းသလောက်မပေးဖို့လည်း လိုတာပေါ့။

Apprved Tourism
1 Dec 2023

Address

Yangon
<<NOT-APPLICABLE>>

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Approved Tourism Enterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Approved Tourism Enterprise:

Videos

Share

Category


Other Travel Companies in Yangon

Show All