Star Mira Travel Service

Star Mira Travel Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Star Mira Travel Service, Travel Agency, Yangon.

တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက်ဖို့ လမ်းကြောင်း 5 ခုတရားဝင်နေထိုင်ခွင့်ပေးတဲ့ သွားရောက်ဖို့အရိုးရှင်းဆုံး ခွင...
26/11/2024

တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက်ဖို့ လမ်းကြောင်း 5 ခု
တရားဝင်နေထိုင်ခွင့်ပေးတဲ့ သွားရောက်ဖို့အရိုးရှင်းဆုံး ခွင့်ပြုပေးထားတဲ့ Visa အမျိုးအစားတွေကိုပြောတာပါ
အဲဒါတွေကတော့
နံပါတ် 1 (E9)
EPS လမ်းကြောင်းကနေ သွားတဲ့သူတွေကို ပေးထားတဲ့ဗီဇာကတော့ E9 ဗီဇာပါ
E9မှာမှ ဗီဇာ အပိုဒ်ခွဲတွေအနေနဲ့ E9-1 / E9-2 / E9-3 စတဲ့ 3မျိုးကို မြန်မာနိုင်ငံကနေ ခေါ်ယူနေပြီး
အခြား E9-4 နဲ့ E9-5 တွေတော့ မြန်မာကနေ မခေါ်ပါဘူး
E ဗီဇာအမျိုးအစားဟာ အလုပ်ဗီဇာတွေဖြစ်သလို E-1ကနေ E-10 အထိ ရှိတယ်
နံပါတ် 2 ကတော့ (E7-3)
E7-1ကနေ E7-4 အထိရှိပါတယ်
E7-3ကတော့ ယခုလက်ရှိ Welding Major သီးသန့်ပဲ ခေါ်ပြီး သင်္ဘောကျင်းက သင်္ဘောထုတ်လုပ်ရေးတွေမှာ လုပ်ရတယ်လို့ သိထားပြီး
နောက်နှစ်တွေမှာ ဆေးသုတ်လုပ်ငန်း လိုမျိုး တစ်ခြားလုပ်ငန်းကျွမ်းကျင်သူတွေပါ ခေါ်မယ်လို့သိထားရပါတယ်
ပုဂ္ဂလိက Agencyတွေထဲက ခွင့်ပြုမိန့်ရထားတဲ့ Agencyတွေကနေ တစ်ဆင့်သွားရောက်ရတာဖြစ်ပြီး ကုန်ကျစရိတ်လည်း US$ 7000 ကျော်တယ်လို့ သိရပါတယ်
နံပါတ် 3 ကတော့ (D2)
ဒါကတော့ ဆယ်တန်းအောင်ထားတဲ့ ယောကျ်ားလေးမိန်းကလေး အားလုံး သွားလို့ရပါတယ်
ကျောင်းသားဗီဇာပဲဖြစ်ပါတယ်
ကိုရီးယားမှာ တက္ကသိုလ်တက်ရမှာပါ
ကုန်ကျစရိတ်က အထိုက်အလျှောက်ရှိပြီး သတ်မှတ်ထားတဲ့ Topik Level ရှိရမယ်
2နှစ် or 4နှစ်လောက် ကျောင်းတက်ရတယ်လို့ သိထားပါတယ် ဘွဲ့ရပြီးရင် အလုပ်ဆက်လုပ်ချင်လုပ် မလုပ်ရင်ပြန်ပေါ့
နံပါတ် 4 ကတော့ (D4)
ဒါလည်း ကျောင်းVisaပါပဲ
သိသလောက်ကတော့ Topik level မလိုဘူး Language Program နဲ့ သွားတယ်ပေါ့
ဟိုရောက်ရင် ကိုရီးယားစာကို 1နှစ် ကနေ 2နှစ်သင် Topik စာမေးပွဲ ဝင်ဖြေ
သတ်မှတ် level ရပြီဆိုရင် D2 ပြောင်း တက္ကသိုလ် ဆက်တက် ဒါပါပဲ..........
နံပါတ် 5
အလည်ဗီဇာ C3 ( ရက်ပေါင်း ၉၀ နေထိုင်ခွင့် )
--------------------------------------
မိမိ ဘာသာ လျှောက်ခြင်း
၁။မိမိ အမည်ပေါက် ဘဏ်စာအုပ် သက်တမ်း ၆ လရှိ
( ငွေ သိန်း ၁၂၀ အရှိပြ )
၂။ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ( နိုတြီ )
၃။ ပတ်စပို့
၄။ အခြား ပိုင်ဆိုင်မှု ( အိမ် ၊ ခြံ ၊ မြေ ၊ ကား ) ရှိပါက (မရှိလည်း မပြပါနဲ့)
၅။ အလုပ်အကိုင် ကုမ္မဏီဝန်ထမ်း/ အစိုးရဝန်ထမ်း
(ဝန်ထမ်းဖြစ်ပါက အထက်လူကြီး ထောက်ခံစာ )
( သို့ )ကိုယ်ပိုင် ကုမ္မဏီ ရှိပါက ( ကုမ္မဏီ လိုင်စင် ၊ အခွန်ပြေစာ )
၆။ ကိုရီးယားတွင် သွားလာလည်ပတ်မည့် ခရီးစဉ်
၇။ ဟော်တယ် ဘွတ်ကင် တင်ထားတဲ့ ပြေစာ
၈။ ကိုရီးယားတွင် ရှိသော မိတ်ဆွေ ၊ သူငယ်ချင်းများရဲ့
ဖုန်းနံပါတ် လိပ်စာများ ( မြန်မာ/ ကိုရီးယား )
အင်္ဂလိပ် လို အသင့်အတင့် တတ်ရန်လိုအပ်
ကုန်ကျစရိတ် ဗီဇာ $40
လေယာဉ်လက်မှတ်ခ
ကိုရီးယားမှာ သုံးငွေ
*ရက်ကြာကြာနေနိုင်ခြင်း အားသာချက်
• ခရီးသွား တိုးရ်ကုမ္မဏီကို အပ်ခြင်း
၁။ မိမိ အမည်ပေါက် ဘဏ်စာအုပ် သက်တမ်း ၆ လရှိ
( ငွေ သိန်း ၁၂၀ အရှိပြ)
၂။မှတ်ပုံတင်၊ သန်းခေါင်စာရင်း (နိုတြီ)
၃။ ပတ်စပို့
ကုန်ကျငွေ $ 1600~2000
ကိုရီးယားမှာ နေချိန်တစ်ပတ် ~ ၁၀ ရက်
မိသားစုနဲ့ တွေ့ရန် အချိန်မရခြင်း အတူ မလည်နိုင်ခြင်း
• ကိုရီးယား တစ်ယောက်ယောက်မှ ဖိတ်ခေါ်ပေးခြင်း
မိမိဘက်မှ
၁။ မိမိ အမည်ပေါက် ဘဏ်စာအုပ် သက်တမ်း ၆ လရှိ( ငွေ သိန်း ၁၂၀ အရှိပြ)
၂။မှတ်ပုံတင်၊ သန်းခေါင်စာရင်း (နိုတြီ)
၃။ ပတ်စပို့
ကိုရီးယားဘက်မှ
၁။ ဖိတ်ခေါ်သူ နိုင်ငံသားကတ် မိတ္တူ
၂။ ဖိတ်ခေါ်စာ ( အာမခံစာ )
၃။ ဖိတ်ခေါ်သူရဲ့ အလုပ်အကိုင်
၄။ ဘဏ်စာအုပ်
၅။ အိမ်၊ ခြံ၊မြေ ပိုင်ဆိုင်မှု (သို့) ကုမ္မဏီပိုင်ရှင်ဖြစ်ပါက ကုမ္မဏီလိုင်စင် ၊ အခွန်ပြေစာ မိတ္တူ
မှတ်ချက် E9 လုပ်သားများ မိမိ စက်ရုံ သူဌေးမှ မိမိရဲ့ မိသားစုကို ဖိတ်ခေါ်ပေးချင်ပါသော်လည်း ဗီဇာရရန်ခက်ပါသည်။ မိမိ အမည်မပါပဲ သူဌေးမှ သီးသန့်ဖိတ်ခေါ်ပါ။
ကုန်ကျငွေ ဗီဇာကြေး 40$ ၊ လေယာဉ်ခ
ရက်ပေါင်း ၉၀ အပြည့် နေနိုုင်ခြင်း
မိသားစုနဲ့ အတူနေနိုင်ခြင်း
အလည်လာသူ ထွက်ပြေးပါက ဖိတ်ခေါ်ပေးသူ ပြသာနာရှိပါသည်။
မှတ်ချက်။ အလည်ဗီဇာ လျှောက်ရန် လိုအပ်သည့် စာရွက်စာတမ်းများကို အကြမ်းဖျင်း ပြောခြင်းသာ ဖြစ်ပါသည်။ အခြား လိုအပ်သော စာရွက်စာတမ်းများကို သံရုံးမှ ထပ်မံတောင်းခံနိုင်ပါသည်။ ထိုအပြင် ဗီဇာပေးခြင်း မပေးခြင်းမှာ သံရုံးနဲ့သာ သတ်ဆိုင်ပါသည်။
အသေးစိတ်ထပ်မံ သိရှိလိုပါက မြန်မာနိုင်ငံ ကိုရီးယား သံရုံးမှာရှိတဲ့ ဗီဇာဌာနကို ကိုယ်တိုင်သွားရောက်စုံစမ်းပါ။...
ကိုးရီးယားဗီဇာအကြောင်း
ကာလတိုအလည်အပတ်(C-3)
(၄-၁)တွေ့ဆုံ ဆွေးနွေးပွဲ၊အစည်းအဝေးနှင့်ပြပွဲအမျိုုးမျိုး
ဖိတ်ခေါ်သူနှင့်သက်ဆိုင်သည့်တင်ပြရန်လိုအပ်သောစာရွက်စာတမ်းများ
(၁)ဖိတ်ခေါ်စာမူရင်းနှင့်အာမခံစာရင်းမူရင်း
(ဖိတ်ခေါ်စာတွင်ဖိတ်ကြားရသည့်အကြောင်းရင်းနှင့်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်းအာမခံချက်ဖော်ပြပါရှိရပါမည်)
(၂)ဖိတ်ကြားသည့် ကိုရီးယားကုမ္ပဏီမှတ်ပုံတင်
(ထုတ်ပေးသည့်ဌာနတာဝန်ရှိသူနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ် ဖော်ပြချက်)
(၃လအတွင်းထုတ်ပေးထားသည့်စာရွက်ဖြစ်ရမည်။)
(၃)အခွန်ဆောင်ထားသည့်စာရွက်စာတမ်း
(၃လအတွင်းထုတ်ပေးထားသည့်စာရွက်ဖြစ်ရမည်။)
(၄)တွေ့ဆုံဆွေးနွေးပွဲ၊အစည်းအဝေးနှင့်ပြပွဲတို့နှင့်ပတ်သက်သည့် အထောက်အထားစာရွက်စာတမ်းများ သို့မဟုတ်ရှင်းလင်း တင်ပြချက်များ။
(၅)ဖိတ်ခေါ်သူရဲ့ ကိုယ်ပိုင်စည်းတံဆိပ်တုံး ပါသည့်စာရွက်စာတမ်း
*အစိုးရဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းနှင့် ရင်းနှီးမြှုပ်နှံဌာနစသည့် အများပြည်သူအဖွဲ့အစည်းတစ်ခုခုမှ ဖိတ်ခေါ်သည့်ကိစ္စများအတွက်(နိုတြီဖိတ်ခေါ်စာတင်ပြရန်လိုအပ်ပါသည်) အမှတ်စဉ်၂နှင့်၃တွင်ဖော်ပြထားရှိသော စာရွက်စာတမ်းများအားတင်ပြနိုင်ပါကတင်ပြရန်။
0ဗီဇာလျှောက်ထားသူဘက်မှလိုအပ်သောစာရွက်စာတမ်းများ
(၁)နိုင်ငံကူးလက်မှက်
(၂)ဓါတ်ပုံ ၁ ပုံ
(၃)ဗီဇာလျှောက်လွှာပုံစံ ၁ စောင်
(၄)နိုင်ငံသားစီစစ်ရေးလက်မှက်မိတ္တူ
(၅)သွားလာနေထိုင်မည့်အစီအစဉ်
(၆)လက်ရှိလုပ်ကိုင်နေသည့်ကုမ္ပဏီရဲ့ထောက်ခံစာ
(ဗီဇာလျှောက်ထားသူသည် ကုမ္ပဏီတွင်စတင်တာဝန်ထမ်းဆောင်သည့် ကာလနှင့် ရာထူးအဆင့်များဖော်ပြပါရှိရန်နှင့် ၎င်းစာပေါ်တွင်ကုမဏီရုံးတံဆိပ်နှိပ်ထားရမည်)
(၇)ကုမ္ပဏီမှတ်ပုံတင်၊ထုတ်ကုန်သွင်းကုန်လိုင်စင်၊ပုံစံ(၂၆) မိတ္တူများ၊ ဘဏ်စာအုပ်မိတ္တူ(အပ်နှံကာလ၁နှစ်ကျော်၍လက်ကျန်ငွေ U$12000 နှင်. အထက်ရှိရမည်။)
သို.မဟုတ်အိမ်မြေပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်း၊ မော်တော်ကားပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများကို တင်ပြရန်(မူရင်း၊မိတ္တူ၊နိုတြီ)
#ကိုရီးယားသမ္မတနိုင်ငံတွင်ဘာသာရေးဆိုင်ရာအစည်းအဝေး
တစ်ခုခုအားတက်ရောက်ရန်ဖြစ်ပါကဓမ္မအမှုတော်ဆောင်သက်သေကဒ်ပြားနှင့် ဘာသာရေးအဖွဲ့အစည်းအတွက်မြန်မာနိုင်ငံအစိုးရ၏ခွင့်ပြုမိန့်စာရွက်စာတမ်းများ သို့မဟုတ် ကိုယ်စားပြုဘာသာရေး အဖွဲ့အစည်း၏ ထောက်ခံစာကို တင်ပြရန်။
ီဇာနှင့်Multipleဗီဇာတို့သည်ဗီဇာကြေးမတူညီသည်မှအပ တင်ပြရန်စာရွက်စာတမ်းများတူညီပါသည်။
Singleဗီဇာကြေး =30$
Doubleဗီဇာကြေး =60$
Multipleဗီဇာကြေး=80$
_________________________
PJ / PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း 👇

တော်တော်များများ သိသလိုလို မသိသလိုလို ဖြစ်နေတဲ့ flight ပေါ်သယ်လို့ရတဲ့ hand - carry အိတ်မှာ ဘာတွေသယ်လို့ရလဲ မရဘူးလဲဆိုတဲ...
25/11/2024

တော်တော်များများ သိသလိုလို မသိသလိုလို ဖြစ်နေတဲ့ flight ပေါ်သယ်လို့ရတဲ့ hand - carry အိတ်မှာ ဘာတွေသယ်လို့ရလဲ မရဘူးလဲဆိုတဲ့ tips လေးတွေ sharing ပေးပေးမယ်နော်
What are not allow to bring in hand - carry baggage
- လ-က်နက် ေ-သနတ် အစရှိတဲ့ weapons ပစ္စည်းများ
- ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ ( hair spray ကအစပါပါတယ်နော် )
- Liquids ( ရေအပါအဝင် ဘယ်လိုအရည်မှ ယူခွင့်မရှိပါဘူးနော် )
- Personal care (shampoo/body wash/lotion/ makeup remover/ 100 ml အောက် ဗူးလေးတွေပဲရပါမယ်နော်)
- ချွန်ထက်တဲ့ ပစ္စည်းမျိူးတွေမရပါဘူးနော် (security check ကြမ်းတဲ့ immigration တွေဆို လက်သည်းညှပ်တောင် မရပါဘူးနော်)
- အနံ့အရမ်းပြင်းတဲ့စားသောက်ကုန် ( ဒူးရင်းသီးနဲ့ သတ်မှတ်ထားသောအခြားအစားအသောက်တွေပါ : အသားစိမ်း/ ငါးစိမ်း ပါပါတယ် )
- ပြင်ပမှာ ကစားရတဲ့ အားကစားပစ္စည်းမျိူး( golf တံ / basketball တုတ်တံ စသော အားကစားပစ္စည်းမျိူးတွေ ) ပါ
**Hand- carry ကိုယ်နဲ့အတူလေယာဉ်ပေါ်သယ်ဆောင်လို့ရတဲ့ အိတ်မှာ maximum အများဆုံး 7 𝘬𝘨 ထပ်ပိုသယ်လို့မရပါဘူးနော် **
🩵𝘣𝘶𝘵 hand - carry baggage အပြင် သယ်နိုင်တယ်ဆို backpack 🎒 ကျောပိုးအိတ် + laptop 💻 အိတ် တွေပါသယ်ဆောင်လို့ရပါတယ်နော် 🩵

လေကြောင်းခရီးသွားများ မဖြစ်မနေသိထားသင့်သည့် Boarding Pass အကြောင်း သိကောင်းစရာ အချက် (၅၀)  ၁။ Boarding pass ဆိုတာ ဘာလဲ? ...
23/11/2024

လေကြောင်းခရီးသွားများ မဖြစ်မနေသိထားသင့်သည့် Boarding Pass အကြောင်း သိကောင်းစရာ အချက် (၅၀)
၁။ Boarding pass ဆိုတာ ဘာလဲ?
ဟုတ်ကဲ့၊ boarding pass ဆိုတာ လေယာဉ်ပေါ်တက်ဖို့ ခွင့်ပြုကြောင်း ဖော်ပြထားတဲ့ စာရွက် သို့မဟုတ် အီလက်ထရွန်းနစ် မှတ်တမ်းပါ။ ဒါဟာ သင့်ရဲ့ လက်မှတ်နဲ့ သက်သေခံကတ်ပြားလို့ ပြောလို့ရပါတယ်။
၂။ Boarding pass မှာ ဘာတွေပါလဲ?
boarding pass မှာ အရေးကြီးတဲ့ အချက်အလက်တွေ အများကြီးပါပါတယ်။ သင့်နာမည်၊ လေကြောင်းလိုင်းနာမည်၊ လေယာဉ်ပျံသန်းမယ့် နံပါတ်၊ ထွက်ခွာမယ့်အချိန်၊ Gate နံပါတ်၊ ထိုင်ခုံနံပါတ်၊ သင့်ရဲ့ frequent flyer နံပါတ် (ရှိရင်)၊ နဲ့ barcode တို့ပါဝင်ပါတယ်။
၃။ Boarding pass ကို ဘယ်လိုရမလဲ?
Boarding pass ရဖို့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ပထမတစ်နည်းက လေဆိပ်က check-in ကောင်တာမှာ တန်းစီပြီး တာဝန်ရှိသူဆီကနေ ရယူနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အွန်လိုင်းကနေ check-in လုပ်ပြီး e-boarding pass ကို ရယူနိုင်ပါတယ်။
၄။ Boarding pass ကို ဘယ်အချိန်မှာ ပြရမလဲ?
Boarding pass ကို အဓိကအားဖြင့် နှစ်ကြိမ်ပြရပါတယ်။ ပထမတစ်ကြိမ်က လုံခြုံရေးစစ်ဆေးတဲ့နေရာမှာပါ။ ဒုတိယတစ်ကြိမ်ကတော့ လေယာဉ်ပေါ် မတက်ခင် Gate မှာ ပြရပါတယ်။
၅။ e-Boarding pass ဆိုတာ ဘာလဲ?
e-Boarding pass ဆိုတာ အီလက်ထရွန်းနစ်နည်းနဲ့ ထုတ်ပေးထားတဲ့ boarding pass ပါ။ ဒါကို သင့်ရဲ့ စမတ်ဖုန်းထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ စာရွက်နဲ့ ထုတ်ယူစရာမလိုတော့ပါဘူး။
၆။ Boarding pass ပျောက်ရင် ဘာဖြစ်မလဲ?
Boarding pass ပျောက်သွားရင် စိတ်မပူပါနဲ့။ လေဆိပ်က သက်ဆိုင်ရာ ကောင်တာမှာ သင့်ရဲ့ ID ကတ်ပြပြီး အသစ်ပြန်ထုတ်ယူလို့ရပါတယ်။ ဒါပေမယ့် အချိန်ပိုကုန်မှာမို့ အစကတည်းက သေသေချာချာ သိမ်းဆည်းထားသင့်ပါတယ်။
၇။ Boarding pass မှာပါတဲ့ barcode က ဘာလုပ်တာလဲ?
Barcode ထဲမှာ သင့်ရဲ့ ခရီးသွားအချက်အလက်တွေ အကုန်ပါပါတယ်။ လေဆိပ်ဝန်ထမ်းတွေက ဒီ barcode ကို scan ဖတ်ပြီး သင့်ရဲ့ အချက်အလက်တွေကို စစ်ဆေးကြပါတယ်။
၈။ Boarding time နဲ့ departure time က ဘာကွာလဲ?
Boarding time ဆိုတာ လေယာဉ်ပေါ် စတက်လို့ရတဲ့အချိန်ပါ။ Departure time ကတော့ လေယာဉ် တကယ်ပျံသန်းမယ့် အချိန်ပါ။ Boarding time က departure time ထက် ပုံမှန်အားဖြင့် မိနစ် ၃၀ လောက် စောပါတယ်။
၉။ Boarding pass ကို ကြိုတင်ပြင်ဆင်ထားသင့်လား?
ဟုတ်ကဲ့၊ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အထူးသဖြင့် e-boarding pass သုံးမယ်ဆိုရင် ဖုန်းထဲမှာ သိမ်းထားပြီး အင်တာနက်မရှိတဲ့အခါလည်း ကြည့်လို့ရအောင် screenshot ရိုက်ထားသင့်ပါတယ်။
၁၀။ Boarding pass မှာပါတဲ့ seat number က အရေးကြီးလား?
အရေးကြီးပါတယ်။ Seat number က သင်ထိုင်ရမယ့်နေရာကို ညွှန်ပြထားတာပါ။ တစ်ခါတစ်ရံ လေယာဉ်ပေါ်မှာ နေရာလွဲမှားနေတာမျိုး ဖြစ်တတ်လို့ သေသေချာချာ စစ်ဆေးသင့်ပါတယ်။
၁၁။ Boarding pass မှာပါတဲ့ PNR code ဆိုတာ ဘာလဲ?
PNR code ဆိုတာ Passenger Name Record ရဲ့ အတိုကောက်ပါ။ ဒါက သင့်ရဲ့ ခရီးစဉ်အတွက် သီးသန့်ထုတ်ပေးထားတဲ့ စာလုံးနဲ့ဂဏန်း ၆ လုံးပါ ကုဒ်နံပါတ်ပါ။ ဒီကုဒ်နဲ့ သင့်ရဲ့ ခရီးစဉ်အသေးစိတ်ကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။
၁၂။ Group number ဆိုတာ ဘာအတွက်လဲ?
တချို့လေကြောင်းလိုင်းတွေမှာ group number ပါတတ်ပါတယ်။ ဒါက ခရီးသည်တွေကို အုပ်စုခွဲပြီး လေယာဉ်ပေါ် တက်စေဖို့ သုံးပါတယ်။ သင့် group number အလှည့်ရောက်မှ လေယာဉ်ပေါ် တက်ရမှာပါ။
၁၃။ Boarding pass မှာ luggage tag နံပါတ်ပါသလား?
ဟုတ်ကဲ့၊ တချို့ boarding pass တွေမှာ သင့်ရဲ့ ခရီးဆောင်အိတ် tag နံပါတ်တွေ ပါတတ်ပါတယ်။ ဒါက သင့်အိတ် ပျောက်ဆုံးသွားရင် ပြန်ရှာဖို့ အထောက်အကူဖြစ်စေပါတယ်။
၁၄။ Boarding pass ပေါ်က Class of travel က ဘာကိုဆိုလိုတာလဲ?
Class of travel က သင်ခရီးသွားမယ့် အဆင့်အတန်းကို ပြတာပါ။ ဥပမာ - Economy, Business, သို့မဟုတ် First Class စသဖြင့်ပေါ့။ ဒါက သင့်ရဲ့ ထိုင်ခုံအမျိုးအစားနဲ့ ရရှိမယ့် ဝန်ဆောင်မှုတွေကို သတ်မှတ်ပေးပါတယ်။
၁၅။ Boarding pass မှာ TSA PreCheck logo ပါရင် ဘာဆိုလိုလဲ?
TSA PreCheck logo ပါတယ်ဆိုရင် သင်ဟာ အမေရိကန်နိုင်ငံမှာ လုံခြုံရေးစစ်ဆေးမှု မြန်မြန်ဆန်ဆန် ခံယူခွင့်ရှိတယ်လို့ ဆိုလိုပါတယ်။ ဖိနပ်ခွၽတ်စရာမလိုဘဲ၊ ကွန်ပျူတာတွေ ထုတ်ယူစရာမလိုဘဲ စစ်ဆေးမှုခံယူနိုင်ပါတယ်။
၁၆။ Mobile boarding pass သုံးရင် ဘာတွေ သတိထားရမလဲ?
Mobile boarding pass သုံးရင် ဖုန်းအားကုန်သွားမှာကို ဂရုစိုက်ပါ။ လေဆိပ်မှာ power bank တစ်ခုယူဆောင်လာတာ ကောင်းပါတယ်။ ပြီးတော့ လေဆိပ်က WiFi မကောင်းရင် သုံးလို့မရနိုင်လို့ screenshot ရိုက်ထားသင့်ပါတယ်။
၁၇။ Boarding pass မှာပါတဲ့ Sequence number က ဘာလဲ?
Sequence number ဆိုတာ သင် check-in လုပ်တဲ့ အစီအစဉ်အလိုက် ပေးထားတဲ့နံပါတ်ပါ။ ဒါက လေကြောင်းလိုင်းတွေအတွက် စာရင်းကိုင်ရလွယ်ကူစေဖို့ သုံးပါတယ်။
၁၈။ Boarding pass ပေါ်က သင့်နာမည် မှားနေရင် ဘာလုပ်ရမလဲ?
နာမည်မှားနေရင် ချက်ချင်း လေကြောင်းလိုင်း ဝန်ထမ်းကို အသိပေးပါ။ သူတို့က ပြင်ဆင်ပေးပါလိမ့်မယ်။ မပြင်ရင် လုံခြုံရေးစစ်ဆေးချိန်မှာ ပြဿနာတက်နိုင်ပါတယ်။
၁၉။ Boarding pass က ဘယ်လောက်ကြာကြာ သိမ်းထားသင့်လဲ?
ခရီးစဉ်ပြီးဆုံးသွားရင်တောင် boarding pass ကို အနည်းဆုံး ၂၄ နာရီလောက် သိမ်းထားသင့်ပါတယ်။ တစ်ခုခုပြဿနာဖြစ်ရင် အထောက်အထားအဖြစ် သုံးနိုင်လို့ပါ။ အထူးသဖြင့် နိုင်ငံခြားခရီးဆို ပိုကြာကြာသိမ်းထားတာ ကောင်းပါတယ်။
၂၀။ Boarding pass မှာ SSSS လို့ရေးထားရင် ဘာဆိုလိုလဲ?
SSSS ဆိုတာ Secondary Security Screening Selection ရဲ့ အတိုကောက်ပါ။ ဒါပါရင် သင်ဟာ ထပ်တိုးလုံခြုံရေးစစ်ဆေးမှု ခံယူရမယ်လို့ ဆိုလိုပါတယ်။ စိတ်ပူစရာတော့ မဟုတ်ပါဘူး။ ပုံမှန်လုပ်ငန်းစဉ်တစ်ခုပါ။
၂၁။ Priority boarding ဆိုတာ ဘာလဲ?
Priority boarding ဆိုတာ အခြားခရီးသည်တွေထက် စောပြီး လေယာဉ်ပေါ်တက်ခွင့်ရတာပါ။ ဒါကို boarding pass ပေါ်မှာ သီးခြားအမှတ်အသားနဲ့ ဖော်ပြထားလေ့ရှိပါတယ်။ အများအားဖြင့် first class ခရီးသည်တွေ၊ frequent flyer အဆင့်မြင့်သူတွေ ရတတ်ပါတယ်။
၂၂။ Boarding pass မှာ "DOCS OK" လို့ပါရင် ဘာဆိုလိုလဲ?
"DOCS OK" ဆိုတာ သင့်ရဲ့ ခရီးသွားစာရွက်စာတမ်းတွေ (passport စတာတွေ) စစ်ဆေးပြီးကြောင်း ဖော်ပြတာပါ။ ဒါဆို လုံခြုံရေးဂိတ်မှာ ထပ်မံစစ်ဆေးစရာ မလိုတော့ပါဘူး။
၂၃။ Codeshare flight ဆိုတာ ဘာလဲ? Boarding pass မှာ ဘယ်လိုပါလဲ?
Codeshare flight ဆိုတာ လေကြောင်းလိုင်းနှစ်ခု ပူးပေါင်းပြီး ပြုလုပ်တဲ့ ခရီးစဉ်ပါ။ Boarding pass မှာ သင်ဝယ်ယူခဲ့တဲ့ လေကြောင်းလိုင်းနာမည်နဲ့ တကယ်ပျံသန်းမယ့် လေကြောင်းလိုင်းနာမည် နှစ်ခုလုံး ပါနိုင်ပါတယ်။
၂၄။ Boarding pass မှာပါတဲ့ "PAX" ဆိုတာ ဘာလဲ?
"PAX" ဆိုတာ "passengers" ရဲ့ အတိုကောက်ပါ။ ဥပမာ "2 PAX" ဆိုရင် ခရီးသည်နှစ်ဦးလို့ ဆိုလိုပါတယ်။
၂၅။ Boarding pass တစ်ခုထက်ပိုရရင် ဘာလုပ်ရမလဲ?
တစ်ခါတစ်ရံ ခရီးစဉ်တစ်ခုအတွက် boarding pass တစ်ခုထက်ပို ရနိုင်ပါတယ်။ အထူးသဖြင့် လေယာဉ်ပြောင်းစီးရမယ့်အခါမျိုးပါ။ ဒီလိုအခါမှာ boarding pass အားလုံးကို သေချာသိမ်းဆည်းထားပြီး သက်ဆိုင်ရာ ခရီးစဉ်အလိုက် အသုံးပြုရပါမယ်။
၂၆။ "WCHR" လို့ boarding pass မှာပါရင် ဘာဆိုလိုလဲ?
"WCHR" ဆိုတာ "Wheelchair" ရဲ့ အတိုကောက်ပါ။ ဒါပါရင် သင့်အတွက် ဘီးတပ်ကုလားထိုင် ဝန်ဆောင်မှု စီစဉ်ထားကြောင်း ဖော်ပြတာပါ။
၂၇။ Boarding pass မှာပါတဲ့ "ETKT" ဆိုတာ ဘာလဲ?
"ETKT" ဆိုတာ "Electronic Ticket" ရဲ့ အတိုကောက်ပါ။ ဒါက သင့်ရဲ့ လက်မှတ်က အီလက်ထရွန်နစ်ပုံစံ ဖြစ်ကြောင်း ဖော်ပြတာပါ။
၂၈။ Boarding pass ကို screenshot ရိုက်ထားလို့ ရလား?
ရပါတယ်။ Mobile boarding pass ကို screenshot ရိုက်ထားတာ အကောင်းဆုံးပါပဲ။ အင်တာနက်မရတဲ့အခါ သုံးလို့ရပါတယ်။ ဒါပေမယ့် barcode ပါ အပြည့်အစုံပါအောင် သေချာရိုက်ထားဖို့ လိုပါတယ်။
၂၉။ Boarding pass ပေါ်က "SEQ" ဆိုတာ ဘာလဲ?
"SEQ" ဆိုတာ "Sequence" ရဲ့ အတိုကောက်ပါ။ ဒါက သင် check-in လုပ်တဲ့ အစီအစဉ်အလိုက် ရထားတဲ့ နံပါတ်စဉ်ပါ။
၃၀။ Boarding pass မှာ "APIS OK" ပါရင် ဘာဆိုလိုလဲ?
"APIS OK" ဆိုတာ Advanced Passenger Information System စစ်ဆေးပြီးကြောင်း ပြတာပါ။ ဒါက နိုင်ငံတကာခရီးစဉ်တွေမှာ တွေ့ရနိုင်ပြီး သင့်ရဲ့ ခရီးသွားအချက်အလက်တွေ ကြိုတင်စစ်ဆေးပြီးကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။
၃၁။ Boarding pass ပေါ်က FOID ဆိုတာ ဘာလဲ?
FOID ဆိုတာ "Form of Identification" ရဲ့ အတိုကောက်ပါ။ ဒါက သင်အသုံးပြုထားတဲ့ မှတ်ပုံတင်အမျိုးအစားကို ညွှန်းပါတယ်။ ဥပမာ PP ဆိုရင် Passport၊ NI ဆိုရင် National ID Card စသဖြင့်ပေါ့။
၃၂။ TKNE ဆိုတဲ့ code က ဘာကိုဆိုလိုတာလဲ?
TKNE ဆိုတာ "Ticket Number" ရဲ့ အတိုကောက်ပါ။ ဒါက သင့်ရဲ့ လေယာဉ်လက်မှတ်နံပါတ်ကို ရည်ညွှန်းပါတယ်။ ပြဿနာတစ်စုံတစ်ရာရှိလာရင် ဒီနံပါတ်နဲ့ သင့်ရဲ့ booking ကို ရှာဖွေစစ်ဆေးနိုင်ပါတယ်။
၃၃။ Boarding pass ပေါ်က IATA code ဆိုတာ ဘာလဲ?
IATA code ဆိုတာ လေဆိပ်တိုင်းအတွက် သတ်မှတ်ထားတဲ့ နိုင်ငံတကာ အတိုကောက်ကုဒ်ပါ။ ဥပမာ - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် RGN၊ ဘန်ကောက်အတွက် BKK စသဖြင့်ပေါ့။
၃၄။ "OPR BY" ဆိုတာ ဘာကိုဆိုလိုတာလဲ?
"OPR BY" ဆိုတာ "Operated By" ရဲ့ အတိုကောက်ပါ။ Codeshare ခရီးစဉ်တွေမှာ တွေ့ရလေ့ရှိပြီး၊ တကယ်တမ်း ပျံသန်းမယ့် လေကြောင်းလိုင်းကို ညွှန်ပြတာပါ။
၃၅။ PCTC ဆိုတဲ့ code က ဘာအဓိပ္ပါယ်လဲ?
PCTC ဆိုတာ "Passenger Category Code" ရဲ့ အတိုကောက်ပါ။ ဒါက ခရီးသည်အမျိုးအစားကို ဖော်ပြတာပါ။ ဥပမာ - ADT (အရွယ်ရောက်သူ)၊ CHD (ကလေး)၊ INF (ရင်သွေးငယ်) စသဖြင့်ပေါ့။
၃၆။ "EMD" ဆိုတာ ဘာကိုရည်ညွှန်းတာလဲ?
EMD ဆိုတာ "Electronic Miscellaneous Document" ရဲ့ အတိုကောက်ပါ။ ဒါက ထပ်ဆောင်းဝန်ဆောင်မှုတွေအတွက် ငွေပေးချေထားကြောင်း ဖော်ပြတဲ့ အီလက်ထရွန်နစ်ဖြတ်ပိုင်းတစ်မျိုးပါ။ ဥပမာ - ထပ်ဆောင်းအိတ်၊ အထူးအစားအသောက် စတာတွေအတွက်ပေါ့။
၃၇။ "LBAG" ဆိုတာ ဘာကိုဆိုလိုတာလဲ?
"LBAG" ဆိုတာ "Last Bag" ရဲ့ အတိုကောက်ပါ။ ဒါက သင့်ရဲ့ နောက်ဆုံးခရီးဆောင်အိတ်ရဲ့ tag နံပါတ်ကို ညွှန်းပါတယ်။ ခရီးဆောင်အိတ်တွေ ပျောက်ဆုံးသွားရင် အသုံးဝင်နိုင်ပါတယ်။
၃၈။ "UNMR" code က ဘာကိုဆိုလိုတာလဲ?
"UNMR" ဆိုတာ "Unaccompanied Minor" ရဲ့ အတိုကောက်ပါ။ တစ်ယောက်တည်းခရီးသွားတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေအတွက် သုံးပါတယ်။ ဒီကလေးတွေအတွက် အထူးစောင့်ရှောက်မှုပေးပါတယ်။
၃၉။ "DOCS" ဆိုတာ ဘာကိုဆိုလိုတာလဲ?
"DOCS" ဆိုတာ "Documents" ရဲ့ အတိုကောက်ပါ။ ဒါက သင့်ရဲ့ ခရီးသွားစာရွက်စာတမ်းတွေ (ပတ်စ်ပို့၊ ဗီဇာ စတာတွေ) နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြတာပါ။
၄၀။ Boarding pass ပေါ်က QR code က ဘာအတွက်လဲ?
QR code က barcode ထက် သတင်းအချက်အလက် ပိုများများ သိမ်းဆည်းနိုင်ပါတယ်။ ဒီ code ထဲမှာ သင့်ရဲ့ ခရီးစဉ်အသေးစိတ်၊ ခရီးသည်အချက်အလက်တွေ အားလုံးနီးပါး ပါဝင်ပါတယ်။ လေဆိပ်က scan ဖတ်စက်တွေနဲ့ အလွယ်တကူဖတ်နိုင်ပါတယ်။
၄၁။ Boarding pass ကို စာရွက်နဲ့ထုတ်တဲ့အခါ သုံးတဲ့ စက္ကူအမျိုးအစားက ဘာလဲ?
အများအားဖြင့် thermal paper လို့ခေါ်တဲ့ အပူနဲ့ရိုက်နှိပ်တဲ့ စက္ကူအမျိုးအစားကို သုံးပါတယ်။ ဒီစက္ကူက အချိန်ကြာလာရင် မဲသွားတတ်လို့ ရေရှည်သိမ်းဆည်းဖို့ မသင့်တော်ပါဘူး။
၄၂။ Boarding pass တွေမှာ magnetic strip တွေ ဘာကြောင့်ပါနေတာလဲ?
တချို့လေကြောင်းလိုင်းတွေမှာ boarding pass တွေမှာ magnetic strip တွေ ပါတတ်ပါတယ်။ ဒါတွေက ခရီးသည်ရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီး လေဆိပ်က စက်တွေနဲ့ အလိုအလျောက် ဖတ်ယူနိုင်အောင် ထည့်သွင်းထားတာပါ။
၄၃။ Boarding pass မှာပါတဲ့ "Fare Basis" code က ဘာကိုဆိုလိုတာလဲ?
"Fare Basis" code က သင်ဝယ်ယူထားတဲ့ လက်မှတ်အမျိုးအစားနဲ့ စည်းမျဉ်းတွေကို ဖော်ပြတဲ့ ကုဒ်ပါ။ ဥပမာ - Y ဆိုရင် economy class အပြည့်စျေး၊ Q ဆိုရင် လျော့စျေးနဲ့ ဝယ်ထားတဲ့ လက်မှတ် စသဖြင့်ပေါ့။
၄၄။ "FQTV" ဆိုတာ ဘာကိုဆိုလိုတာလဲ?
"FQTV" ဆိုတာ "Frequent Traveler" ရဲ့ အတိုကောက်ပါ။ ဒါက သင့်ရဲ့ frequent flyer program နံပါတ်ကို ညွှန်းပါတယ်။ ဒီနံပါတ်နဲ့ မိုင်တွေ စုဆောင်းနိုင်ပါတယ်။
၄၅။ Boarding pass မှာ "DEPA" လို့တွေ့ရင် ဘာကိုဆိုလိုတာလဲ?
"DEPA" ဆိုတာ "Deportee Accompanied" ရဲ့ အတိုကောက်ပါ။ ဒါက နိုင်ငံတစ်ခုကနေ နှင်ထုတ်ခံရတဲ့သူကို စောင့်ကြပ်ပြီး ခေါ်ဆောင်သွားတာကို ဆိုလိုပါတယ်။
၄၆။ Boarding pass ပေါ်မှာ "SPEQ" လို့တွေ့ရင် ဘာကိုဆိုလိုတာလဲ?
"SPEQ" ဆိုတာ "Special Equipment" ရဲ့ အတိုကောက်ပါ။ ဒါက သင်က အထူးပစ္စည်းကိရိယာတွေ သယ်ဆောင်လာကြောင်း ညွှန်ပြတာပါ။ ဥပမာ - ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ အားကစားပစ္စည်းတွေ စသဖြင့်ပေါ့။
၄၇။ "INS" ဆိုတဲ့ code က ဘာကိုဆိုလိုတာလဲ?
"INS" ဆိုတာ "Insurance" ရဲ့ အတိုကောက်ပါ။ ဒါက သင် ခရီးသွားအာမခံ ဝယ်ယူထားကြောင်း ညွှန်ပြတာပါ။
၄၈။ Boarding pass မှာ "VGML" လို့တွေ့ရင် ဘာကိုဆိုလိုတာလဲ?
"VGML" ဆိုတာ "Vegetarian Meal" ရဲ့ အတိုကောက်ပါ။ ဒါက သင်က သက်သတ်လွတ်အစားအစာ မှာယူထားကြောင်း ဖော်ပြတာပါ။
၄၉။ "MCO" ဆိုတာ ဘာကိုဆိုလိုတာလဲ?
"MCO" ဆိုတာ "Miscellaneous Charges Order" ရဲ့ အတိုကောက်ပါ။ ဒါက ထပ်ဆောင်းဝန်ဆောင်မှုတွေအတွက် ငွေပေးချေထားကြောင်း ဖော်ပြတဲ့ လက်မှတ်တစ်မျိုးပါ။
၅၀။ Boarding pass တွေရဲ့ ရာဇဝင်က ဘယ်လိုရှိလဲ?
Boarding pass တွေကို ၁၉၂၀ ပြည့်နှစ်ဝန်းကျင်မှာ စတင်အသုံးပြုခဲ့ပါတယ်။ အစပိုင်းမှာ စာရွက်သက်သက်ပဲ ဖြစ်ပြီး လက်ရေးနဲ့ရေးတဲ့ လက်မှတ်လေးတွေပါ။ နောက်ပိုင်းမှာ ကွန်ပျူတာနဲ့ထုတ်တဲ့ စနစ်၊ အခုဆိုရင် မိုဘိုင်းဖုန်းကနေ ပြသနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။
.

"နိုင်ငံရပ်ခြားမှာ ပါတ်စပို့ ကိုသေသေချာချာ သိမ်းဆည်းထားပါ"ပါတ်စပို့ပျောက်ဆုံးခဲ့သော် အသစ်ပြန်လျှောက်ဖို့အတွက် သတင်းစာထဲသ...
20/11/2024

"နိုင်ငံရပ်ခြားမှာ ပါတ်စပို့ ကိုသေသေချာချာ သိမ်းဆည်းထားပါ"
ပါတ်စပို့ပျောက်ဆုံးခဲ့သော် အသစ်ပြန်လျှောက်ဖို့အတွက် သတင်းစာထဲသို့ ကြေငြာထည့်ပြီး ၆ လတိတိစောင့် ဆိုင်းရပါမယ်။ ကံမကောင်းရင် ဘယ်လောက်နဲ့ ပါတ်စပို့စ်ပျောက်လိုက်သလဲလို့ မေးကောင်း မေးခံရနိုင်ပါတယ်။
နိုင်ငံရပ်ခြား အလည်အပတ်သွားရင်း ပတ်စ်ပို့တ် ပျောက်ဆုံးခဲ့လျှင် မိမိသွားရောက်လည်ပတ်နေသည့် နိုင်ငံမှ
🔶သက်ဆိုင်ရာနယ်မြေရဲစခန်းထောက်ခံစာ
🔶လက်ရှိမိမိရောက်ရှိနေသည့် မြန်မာသံရုံး သို့ ကောင်စစ်ဝန်ရုံး ထောက်ခံစာ လိုအပ်ပါသည်။
🔶အချို့ချို့သောနိုင်သံကြီးများတွင်ဖော်ပြပါ ၂ ခုတည်းဖြင့် ပြည်တော်ပြန်ရန်မဖြစ်နိုင်သဖြင့် မိမိရောက်ရှိနေသည့် နိုင်ငံမှ Out pass ထပ်မံလုပ်ဆောင်းန်လိုအပ်ပါသည်။ ဥပမာ- UAE နိုင်ငံ ဒူဘိုင်း Out pass
မြန်မာနိုင်ငံရဲ့ပြည်တွင်းမှာ ပါတ်စပို့လုပ်ဆောင်ရန်
ဖွဲ့စည်းပုံများ
၁။ ၀င်/ထွက်မှု မှတ်တမ်းတင်ဌာနစိတ်
၂။ လျှောက်လွှာပုံစံ ထုတ်ပေးရေးဌာနစိတ်
၃။ ဓါတ်ပုံ ဌာနစိတ်
၄။ လဝက
၅။ မြန်မာ့စီးပွားရေးဘဏ်ခွဲ
၆။ လျှောက်လွှာပုံစံ လက်ခံဌာနစိတ်
၇။ အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသည့် ဌာနစိတ် (Home Service)
၈။ ပြည်ပသို့ အရေးပေါ်သွားရောက်လိုသူများ စုံစမ်းရန် ဌာနစိတ် (Green Channel)
၉။ စာအုပ်ထုတ်ပေးရေး ဌာနစိတ်
၁၀။ စိစစ်ရှာ ဌာနစိတ်
၁၁။ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရေး ဌာနစိတ်
မြန်မာနိုင်ငံမှ ပတ်စပို့အမျိုးအစားများနှင့် လိုအပ်သည့် အထောက်အထားများ
၁။ အလည်အပတ်သွားခြင်း (PV)
နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း
၂။ ကျောင်းတက်ရောက်ခြင်း (PE)
တက်ရောက်မည့် ကျောင်းမှ ခေါ်စာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း
၃။ စီးပွားရေးဆိုင်ရာ သွားရောက်ခြင်း (PR)
သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်၊ ပုံစံ(၆)၊ ပုံစံ(၂၆)၊ သန်းခေါင်စာရင်း
၄။ ဘာသာရေးဆိုင်ရာ သွားရောက်ခြင်း (PR)
သာသနာဝင် မှတ်ပုံတင်၊ မြို့နယ် သံဃနာယက ထောက်ခံစာ၊ ပြည်ပနိုင်ငံမှ ဘာသာရေးအတွက် ခေါ်စာ။
၅။ အလုပ်ဖြင့် သွားရောက်ခြင်း (PJ)
ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ်ပြား၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီ၏ လိုင်စင်မိတ္တူနှင့် အလုပ်သမားစာရင်း၊ သက်ဆိုင်ရာနိုင်ငံရှိ အလုပ်ရှင်၏ ခေါ်စာ ၊ OWIC card
၆။ မှီခို (PT)
နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးကြောင်း ထောက်ခံစာ၊ လက်ထပ်စာချုပ်
ကဲ့သို့ အထောက်အထားများ ပါရှိခြင်း ရှိ/မရှိ
၇။ သင်္ဘောသား (PS)
ရန်ကုန်တွင်သာလက်ခံဆောင်ရွက်ပေးပြီး နယ်မြို့များနှင့် မန္တလေးရုံးများတွင် လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။
💢မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းများ
၁။ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူ(၂)စုံ
၂။ အစိုးရဝန်ထမ်းတာဝန် ထမ်းဆောင်စဉ် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပထွက်ခွာခွင့် အမိန့် မူရင်းများ
၃။ အစိုးရဝန်ထမ်းဟောင်းများသည် အငြိမ်းစား၊ ထုတ်ပယ်၊ နှုတ်ထွက်ခွင့်အမိန့်များ (သို့မဟုတ်) အငြိမ်းစားပင်စင်စာအုပ် မိတ္တူ/ပင်စင်ကတ်
၄။ တပ်မတော်သားများ၏ မိသားစုဝင်များလျှောက်ထားပါက ကက(ကြည်း)၏ ခွင့်ပြုစာ
၅။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ အသင်းအဖွဲ့ဝင်များ၊ အစည်းအရုံးဝင်များ၊ ဟိုတယ်နှင့်ကုမ္ပဏီဝန်ထမ်းများသည် သက်ဆိုင်ရာအဖွဲ့အစည်း၊ အစည်းအရုံး၊ ကုမ္ပဏီများ၏ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာများ
၆။ သံဃာတော်များ၊ သီလရှင်များသည် မြို့နယ် သံဃနာယကအဖွဲ့၏ ထောက်ခံချက်မူရင်း
၇။ သင်္ဘောသားပတ်စပို့မှ ကုန်းပြောင်းလျှောက်ထားသူများသည် သင်္ဘောသားအမည်စာရင်းမှ ပယ်ဖျက်သည့်စာမူရင်း
၈။ ပြည်တွင်း၌မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများသည် သတင်းစာတွင် ပျောက်ဆုံးကြောင်းကြေညာပြီး ရက်(၃၀) ပြည့်သည့် အခါမှသာ သတင်းစာ ကြော်ငြာမူရင်းနှင့်အတူ လာရောက်
လျှောက်ထားရန်
၉။ ပြည်ပ၌ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများသည် သက်ဆိုင်ရာမြန်မာသံရုံးမှ ထုတ်ပေးသော C of I မိတ္တူယူဆောင်လာ၍ လာရောက်
လျှောက်ထားရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားပုံအဆင့်ဆင့်များ
၁။ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် ဝင်/ထွက်မှု မှတ်တမ်းတင်ဌာနစိတ်တွင် မိမိ၏နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း(မူရင်း)တို့ကို ပြသ၍ လုံခြုံရေးအရ စိစစ်မှုခံယူရန်
၂။ ၎င်းနောက် လဝက ကောင်တာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း(မူရင်း)တို့အား နိုင်ငံသားဟုတ်/မဟုတ် စိစစ်မှုခံယူရန်
၃။ လဝက စိစစ်ပြီးသည့်အခါ မြန်မာ့စီးပွားရေးဘဏ်ကောင်တာတွင် ပတ်စပို့စာအုပ်ဖိုးငွေ(၂၅၀၀၀)ကျပ် ပေးသွင်း၍ ဘဏ်ချလံရယူရန်
၄။ မြန်မာနိုင်ငံကူးလက်မှတ် ပြည်တွင်း၌ပျောက်ဆုံးသူများသည် မြန်မာ့စီးပွားရေးဘဏ်ကောင်တာတွင် ပတ်စပို့စာအုပ်ဖိုးငွေ (၂၅၀၀၀)ကျပ်နှင့် ပြည်တွင်းပျောက် ဒဏ်ကြေးငွေ(၄၀၀၀၀)ကျပ် ၊ စုစုပေါင်းငွေ(၆၅၀၀၀)ကျပ် ပေးသွင်း၍ ဘဏ်ချလံရယူရန်
၅။ မြန်မာနိုင်ငံကူးလက်မှတ် ပြည်ပ၌ပျောက်ဆုံးသူများသည် မြန်မာ့စီးပွားရေးဘဏ်ကောင်တာတွင် ပတ်စပို့စာအုပ်ဖိုးငွေ (၂၅၀၀၀)ကျပ်နှင့် ပြည်ပပျောက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ(၇၅)ဒေါ်လာနှင့် ညီမျှသော မြန်မာကျပ်ငွေပေးသွင်း၍ ဘဏ်ချလံရယူရန်
၆။ ဘဏ်ငွေသွင်းပြီးသည့်အခါ လျှောက်လွာပုံစံထုတ်ပေးဌာနစိတ်တွင် လျှောက်လွှာပုံစံထုတ်ယူရန်
၇။ လျှောက်လွှာပုံစံရယူပြီးပါက ဓာတ်ပုံဌာနစိတ်တွင် ဓာတ်ပုံရိုက်ရန်
၈။ ဓာတ်ပုံရိုက်ပြီးပါက မိမိ၏လျှောက်လွှာတွင် ပြည့်စုံမှန်ကန်စွာဖြည့်သွင်း၍ ပုံစံလက်ခံကောင်တာတွင် စိစစ်မှုခံယူပြီး လက်ခံဖြတ်ပိုင်းစလစ်ရယူရန်
၉။ လက်ခံဖြတ်ပိုင်းစလစ်ရရှိသောအခါ စလစ်ပေါ်တွင်ပါရှိသော အမည်၊ အဖအမည်၊ မွေးရပ်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ မိမိ၏ဓာတ်ပုံ စသည့်အချက်အလက်များ မှန်ကန်မှုရှိ/မရှိ ကိုယ်တိုင်စိစစ်ပြီး မှန်ကန်မှုမရှိပါက ပုံစံလက်ခံကောင်တာ တွင်ပြသ၍ အမှန်ပြင်ဆင်ရန်
မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ထုတ်ယူခြင်း
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် လာရောက်ထုတ်ယူသူများ အနေဖြင့် အောက်ပါအချက်များအား လိုက်နာ ဆောင်ရွက်ပေးပါရန် လိုအပ်ပါသည်-
(က) မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်အား စလစ် တွင်ပါရှိသည့် သတ်မှတ်ရက်တွင် ကာယကံရှင် ကိုယ်တိုင်ထုတ်ယူရမည် ဖြစ်ပါသည်။
(ခ) ကာယကံရှင်ကိုယ်တိုင် မလာရောက်နိုင်ပါက အိမ်ထောင်စုစာရင်းတွင် ပါရှိသည့် မိသားစုဝင်မှ လာရောက်ထုတ်ယူလျှင် ကာယကံရှင်၏ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ)တို့ ပါရှိမှသာ ထုတ်ယူခွင့် ပြုမည်ဖြစ်ပါသည်။
(ဂ) စာအုပ်ထုတ်ယူရမည့်ရက်သည် ရုံးပိတ်ရက်ဖြစ်ပါက ရုံးပြန်လည် ဖွင့်လှစ်သည့် တနင်္လာနေ့တွင်သာ ထုတ်ယူရမည်ဖြစ်ပါသည်။
မနလ လျှောက်ထားခြင်းအား''ဆိုင်းငံ့"ရသည့် စည်းကမ်းသတ်မှတ်ချက်များ
၁။ အောက်ပါ မမှန်မကန် လျှောက်ထားမှုများကြောင့် (၃)လ ဆိုင်းငံ့ပါသည်
(က) ပတ်စပို့လျှောက်ထားခဲ့ဖူးသော်လည်း ပတ်စပို့မလျှောက်ဖူးပါဟုလိမ်လည်လျှောက်ထားခြင်း
(ခ) ပညာအရည်အချင်း လိမ်လည်လျှောက်ထားခြင်း
(ဂ) အလုပ်အကိုင် လိမ်လည်လျှောက်ထားခြင်း
(ဃ) ပြစ်မှုကင်းရှင်းကြောင်း လိမ်လည်
လျှောက်ထားခြင်း
၂။ ပြည်ပတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပြီး C of I ဖြင့် ပြန်လည်ဝင်ရောက်လာခြင်းကို မမှန်မကန်လိမ်လည်၍ လျှောက်ထားပါက (၆) လ ဆိုင်းငံ့ပါသည်။
၃။ ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးနောက် C of I ဖြင့် ပြန်လည် ဝင်ရောက်လာခြင်းကို လိမ်လည်၍ လျှောက်ထားပါက (၁) နှစ် ဆိုင်းငံ့ပါသည်။
ဖော်ပြပါအဆင့်အဆင့်ကိုကျော်ဖြတ်ပြီးမှ ပါတ်စပို့ခက်ခက်ခဲခဲလုပ်ကိုင်ရသောကြောင့်တတ်ဘိုးထားသိမ်းဆည်းထားနိုင်ပါရန် ပြန်လည်မျှဝေပါသည်။

"ထိုင်းနိုင်ငံ လေဆိပ်အဝင် မှာ ယူဆောင်လာခွင့်မပြုတဲ့ ပစ္စည်းများ…"================ထိုင်း လေဆိပ်မှာ မြန်မာတွေအကြိုက်ဖြစ်တဲ...
17/11/2024

"ထိုင်းနိုင်ငံ လေဆိပ်အဝင် မှာ ယူဆောင်လာခွင့်မပြုတဲ့ ပစ္စည်းများ…"
================
ထိုင်း လေဆိပ်မှာ မြန်မာတွေအကြိုက်ဖြစ်တဲ့ ရှောက်သီး ၊ ဝက်အူချောင်း ၊ အသားစိမ်း ၊ ကွမ်းစားဆေး ၊ ဗာလချောင်ကြော် ၊ သရက်သီး ပျားရည် ၊ နှမ်းဆီ စသဖြင့် လက်ဆောင်ပေးဖို့ တစ်နိုင် တစ်ပိုင်သယ်ရင်းလေဆိပ်မှာတစ်ချို့ အဖမ်းခံရပြီး ဒဏ်ကြေးပေးဆောင်နေရတဲ့ သူတွေအများအပြားရှိကြပါတယ်။
တစ်ချို့က သတင်းစာစက္ကူ ၊ ခဲပါတ် လေလုံအောင်ပိတ်ပြီး သယ်ဖို့ကြိုးစားကြပေမဲ့ သူ့နိုင်ငံထဲ ဝင်တဲ့အခါ တတ်နိုင်သလောက် ဥပဒေမချိုးဖောက်ကြတာကောင်းပါတယ်။ ဥပဒေမှာ ကျနော် / ကျမ မသိလို့ပါလို့ ပြောလို့မရသလို ချက်ခြင်းအရေးယူခံရမှာ ဖြစ်လို့ ထိုင်းလေဆိပ်မှာ အခက်တွေ့စေနိုင်တဲ့ ယူဆောင်သွားမရနိုင်သော ပစ္စည်းများကို ပုံမှန်အားဖြင့် ၄ မျိုးခွဲခြားဖော်ပြပေးလိုက်ပါတယ်။
💢 CAAT အရပ်ဘက် လေကြောင်းအာဏာပိုင်များမှ ခွင့်မပြုသောပစ္စည်းများ
💢လေယဉ်ပေါ်တွင်သယ်ဆောင်သွား၍ မရနိုင်သောကန့်သတ်ပစ္စည်းများ
💢Custom အကောက်ခွန်ဝန်ကြီးဌာနမှကန့်သတ်
ထားသောကုန်များ
💢စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာန၏ ခွင့်ပြုချက်လိုသောပစ္စည်းများ စသည်တို့ဖြစ်ပါတယ်။
💢ထိုင်းနိုင်ငံရဲ့ CAAT (အရပ်ဘက်လေကြောင်းအာဏာပိုင်) များ တိုးမြှင့်ထုတ်ပြန်ထားသော Hand carry တစ်နိုင်လက်စွဲသေတ္တာများတွင် 100 မီလီမီတာထက်ပို၍ သယ်ဆောင်မရသော ပစ္စည်းများ
🔶သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ခရင်မ် ၊ လိုးရှင်း
🔶ရေ ၊ အချိုရည်၊ ရေချိုးဆပ်ပြာ
🔶ဆီ ၊ ငံပြာရည် ၊ စွပ်ပြုတ် ၊ ဆော့စ့် ၊ ယိုစုံများ
🔶ရေမွှေး ၊ စပရေး ၊ နူတ်ခမ်းနီ ၊ နူတ်ခမ်းဆိုးအဆီ
🔶အလှကုန် ၊ အမြုပ်များ
အစရှိသဖြင့်ဖော်ပြပါ တားမြစ်ကန့် သတ်ချက်တွေဟာ ထိုင်းနိုင်ငံရဲ့CAAT အာဏာပိုင် လက်အောက်က လေဆိပ် ၂၈ ခုစလုံးမှာ အကျုံးဝင် တယ်လို့ လည်း သိရပါတယ်။
💥 မှတ်ချက် 💥
100ml မကျော်ရင်ယူဆောင်လာခွင့်ရှိပါတယ်။
💢 ဘေးကင်းလုံခြုံရေးအတွက် ခရီးသည်များ၏ Luggage ခရီးဆောင်အိပ်ထဲသို့ ယူဆောင်သွားခွင့်မရှိသောပစ္စည်းများ
🔶E-Mosquito/ လျှပ်စစ်ခြင်ရိုက်ဘတ်တံ၊
🔶လျှပ်စစ်ပစ္စည်းများ
🔶ပေါက်ကွဲစေတတ်ပြီး မီးလောင်လွယ်တဲ့ပစ္စည်း၊
🔶မလောင်ကျွမ်းနိုင်တဲ့ ဓာတ်ငွေ့တွေဖြစ်တဲ့ Aerosol ဆေးရည်၊ Butane ဓာတ်ငွေ့
🔶အအေးခန်းဓာတ်ငွေ့ဖြစ်တဲ့ Aqualung ဆလင်ဒါတွေနဲ့ နိုက်ထရိုဂျင် အရည်များ၊
🔶သုတ်ဆေးနဲ့ ဆေးများ၊ မီလောင်လွယ်တဲ့အရည်များ၊
🔶မီးခြစ်ဆံမီးခြစ်နဲ့ ဆေးပြင်းလိပ်မီးခြစ်လိုမျိုး မီးလောင်လွယ်တဲ့ ပစ္စည်းများ၊
🔶အော်ဂဲနစ်ပါ အောက်ဆိုဒ် ဓာတ်မြေသြဇာများ၊
🔶ဆိုင်ယာနိုက်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊
🔶အဆိပ်သင့်ဓာတုပစ္စည်းများ၊
🔶ရေဒီယို သတ္တိကြွပစ္စည်းများ၊
🔶ဇီဝထုတ်ကုန်များ၊
🔶အက်ဆစ်၊ အယ်ကာလီ၊မာကျူရီ၊ သာမိုမီတာများ
🔶လစ်သီယံ ဘက်ထရီများ
စတာတွေကို ခရီးဆောင်အိတ်အတွင်း သယ်ဆောင်
သွားခွင့်ကို မပြုပါဘူး။
💢အကောက်ခွန်ဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားတဲ့ထိုင်းနိုင်ငံထဲ တင်သွင်းခြင်း၊ နိုင်ငံပြင်ပ တင်ပို့ခြင်းခွင့်မပြုတဲ့ တားမြစ်ထားတဲ့ပစ္စည်းတွေမှာလည်း အောက်ပါ အတိုင်းဖြစ်ပါတယ်။
တားမြစ်ကုန်ပစ္စည်းများ…
🔶နီကိုတင်း၊ မူးယစ်ဆေးဝါး၊ ဆေးခြောက်၊ လျှော်ပင်၊ ဘိန်း၊ ကိုကင်း၊ မော်ဟင်း၊ ဟီရိုအင်း
🔶ညစ်ညမ်းရုပ်ရှင်၊ ဗွီဒီယို၊ စာပေ၊ တိပ်ခွေ၊ ရုပ်ပုံများ
အမှတ်တံဆိပ်အတုကုန်ပစ္စည်းတွေ၊ IPR ချိုးဖောက်ထားတဲ့ ကုန်ပစ္စည်းတွေ၊
🔶ငွေစက္ကူအတု ဒါမှ မဟုတ် အကြွေစေ့တွေ၊ ငွေချေးစာချုပ်စာတမ်းများ၊
🔶ခိုးကူး၊ မူပိုင်ခွင့်ချိုးဖျက်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ( tape, CD,VDO, Computer software)
🔶တောရိုင်းတိရစ္ဆာန်များ၊ ရှားပါးမျိုးစိပ် တိရစ္ဆာန် တွေ တို့ ဖြစ်ကြပါတယ်။
တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံထဲ တင်သွင်း၊ တင်ပို့ခြင်း ကျူးလွန်သူ အား သက်ဆိုင်ရာ နိုင်ငံတော်ဥပဒေမှာ ဖော်ပြထားတဲ့ ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။
💢 ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုချက်နဲ့ လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ကုန်ပစ္စည်း အမျိုးအစားများ
ကန့်သတ်ကုန်ပစ္စည်းများ…
🔶ဘုရားရုပ်တု၊ ပုံတော်၊ ရှေးဟောင်းပစ္စည်းအမွေအနှစ်များ ( အနုပညာဌာနထံ ခွင့်ပြုချက်တောင်းခံဖို့လို)
🔶လက်နက်၊ ကျည်ဆံ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်နက်နဲ့ အမျိုးအစားတူ ပစ္စည်းများ ( ပြည်ထဲရေး ဝန်ကြီး ဌာန၊ ပြည်နယ်စီမံအုပ်ချုရေးဌာန ထံ ခွင့်ပြုချက်တောင်းခံဖို့လို)
🔶အပင်နဲ့ စိုက်ပျိုးရေးပစ္စည်းများ ( စိုက်ပျိုးရေးဦးစီးဌာန)
🔶သက်ရှိတိရစ္ဆာန်နဲ့ မျိုးစိပ်အကောင်များ (မွေးမြူးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန)
🔶အစားအသောက်နဲ့ ဆေးဝါး၊ အလှကုန်၊ ဖြည့်စွက်စာများ (အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန)
🔶စီးကရက်၊ ဆေးလိပ်နဲ့ အရက်ယမကာ (ယစ်မျိုးဌာန)
🔶ဆက်သွယ်ရေး၊ ရေဒီယို၊ တယ်လီကွန်မြူနီကေးရှင်းပစ္စည်းအသုံးအဆောင်များ ( အမျိုးသား ရုပ်သံလွှင့်နဲ့ တယ်လီကွန်မြူနီကေးရှင်း ကော်မရှင်ရုံး)
စသဖြင့် သွင်းကုန်နဲ့ ပို့ကုန်တွေကို ဥပဒေအရ ကန့်သတ်ထားပြီး အမျိုးအစားတွေကို သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ လိုင်စင်တောင်းခံဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လေဆိပ်မသွားခင် ဒီစာရွက်စာတမ်း ၁၀ ခုကို မေ့မသွားပါနဲ့! နံပါတ် ၉ ကတော့ အရေးကြီးဆုံးပဲ။ခရီးမထွက်ခွာမီ လိုအပ်သော စာရွက်စာတမ်...
14/11/2024

လေဆိပ်မသွားခင် ဒီစာရွက်စာတမ်း ၁၀ ခုကို မေ့မသွားပါနဲ့! နံပါတ် ၉ ကတော့ အရေးကြီးဆုံးပဲ။
ခရီးမထွက်ခွာမီ လိုအပ်သော စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားခြင်းဟာ အရေးကြီးပါတယ်။ ဒါမှသာ သင့်ခရီးစဉ်ဟာ ချောမွေ့ပြီး စိတ်ချရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မပြည့်စုံရင် လေဆိပ်မှာ ပြဿနာတက်နိုင်ပြီး၊ ခရီးစဉ်ပျက်ခြင်း၊ ငွေကုန်ကြေးကျများခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်အလက်တွေကို သေချာဖတ်ရှုပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
၁။ ဗီဇာလိုအပ်ချက်များ
သင်သွားရောက်မယ့် နိုင်ငံရဲ့ ဗီဇာလိုအပ်ချက်တွေကို သေချာစစ်ဆေးပါ။ အချို့နိုင်ငံတွေက အွန်လိုင်းကနေ e-Visa လျှောက်ထားလို့ရပြီး၊ တချို့နိုင်ငံတွေကတော့ သံရုံးကနေ တိုက်ရိုက်လျှောက်ထားရပါတယ်။ ခရီးသွားဗီဇာလား၊ စီးပွားရေးဗီဇာလားဆိုတာကိုလည်း သေချာအောင် စစ်ဆေးပါ။ မှားယွင်းတဲ့ ဗီဇာအမျိုးအစားနဲ့ သွားရောက်မိရင် ပြဿနာတက်နိုင်ပါတယ်။
၂။ လေယာဉ်လက်မှတ်
သင့်ရဲ့ e-ticket ကို ပရင့်ထုတ်ထားပါ သို့မဟုတ် ဖုန်းထဲမှာ ဒေါင်းလုဒ်လုပ်ထားပါ။ Booking reference နဲ့ ticket number တွေကိုလည်း လွယ်ကူစွာ ကြည့်ရှုနိုင်အောင် မှတ်သားထားပါ။ လေဆိပ်မှာ အင်တာနက်မရတဲ့အခါ သို့မဟုတ် ဖုန်းအားကုန်သွားတဲ့အခါမျိုးမှာ ပရင့်ထုတ်ထားတဲ့ လက်မှတ်က အထောက်အကူဖြစ်စေပါတယ်။
၃။ မှတ်ပုံတင် (ID Card)
ပြည်တွင်းခရီးစဉ်တွေအတွက် မှတ်ပုံတင်တစ်ခုတည်းနဲ့ လုံလောက်နိုင်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းရဲ့ လိုအပ်ချက်တွေကို သေချာစစ်ဆေးပါ။
၄။ ခရီးသွားအာမခံ
သင့်ရဲ့ ခရီးသွားအာမခံက ဆေးကုသစရိတ်နဲ့ ခရီးစဉ်ဖျက်သိမ်းခြင်းတွေကို ကာမိမကာမိ စစ်ဆေးပါ။ အာမခံပေါ်လစီရဲ့ ဒစ်ဂျစ်တယ် သို့မဟုတ် ပရင့်ထုတ်ထားတဲ့ မိတ္တူကို ယူဆောင်သွားပါ။ ဒါက အရေးပေါ်အခြေအနေမှာ အထောက်အကူဖြစ်စေပါတယ်။
၅။ ကျန်းမာရေးဆိုင်ရာ စာရွက်စာတမ်းများ
သင်သွားရောက်မယ့် နိုင်ငံက ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားတောင်းခံခြင်း ရှိမရှိ စစ်ဆေးပါ။ လိုအပ်ရင် ကျန်းမာရေးကြေညာလွှာတွေကို ဖြည့်စွက်ပါ။ ဥပမာ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထား သို့မဟုတ် အခြားကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာတွေ လိုအပ်နိုင်ပါတယ်။
၆။ တည်းခိုမည့်နေရာအသေးစိတ်
သင့်ဟိုတယ်ဘွတ်ကင် အတည်ပြုချက်တွေရဲ့ မှတ်တမ်းကို သိမ်းဆည်းထားပါ။ သင်တည်းခိုမယ့်နေရာရဲ့ လိပ်စာနဲ့ ဆက်သွယ်ရန် အချက်အလက်တွေကိုလည်း မှတ်သားထားပါ။ တချို့နိုင်ငံတွေမှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တည်းခိုမယ့်နေရာ အသေးစိတ်ကို မေးမြန်းတတ်ပါတယ်။
၇။ ခရီးစဉ်အချိန်ဇယား
သင့်ရဲ့ ခရီးစဉ်အချိန်ဇယားမိတ္တူကို ယူဆောင်သွားပါ။ လေယာဉ်ပျံသန်းချိန်နဲ့ ခရီးဆက်လေယာဉ်တွေ ပါဝင်သင့်ပါတယ်။ ခရီးစဉ်အချိန်ဇယားတစ်စုံကို မိသားစုဝင် သို့မဟုတ် ယုံကြည်ရတဲ့သူတစ်ဦးဆီ ပေးထားပါ။ အရေးပေါ်အခြေအနေမှာ သင့်ကို ဆက်သွယ်ဖို့ လိုအပ်လာနိုင်ပါတယ်။
၈။ အရေးပေါ်ဆက်သွယ်ရန် အချက်အလက်များ
အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်စာရင်း (မိသားစု၊ သံရုံး၊ ဒေသခံအဆက်အသွယ်) ကို ပြင်ဆင်ထားပါ။ ဒစ်ဂျစ်တယ်နဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ မိတ္တူနှစ်ခုစလုံး ယူဆောင်သွားပါ။ ဖုန်းပျက်သွားတဲ့အခါ သို့မဟုတ် အင်တာနက်မရတဲ့အခါမျိုးမှာ စာရွက်ပေါ်က မိတ္တူက အသုံးဝင်နိုင်ပါတယ်။
၉။ နိုင်ငံကူးလက်မှတ် (Passport)
သင့်ရဲ့ နိုင်ငံကူးလက်မှတ်ဟာ သင်ခရီးသွားမယ့်နေ့ရက်ကနေ အနည်းဆုံး ၆ လ သက်တမ်းကျန်နေသေးတာ သေချာအောင် စစ်ဆေးပါ။ ဗီဇာတံဆိပ်တွေအတွက် စာမျက်နှာအလွတ်တွေ ရှိမရှိလည်း သေချာကြည့်ပါ။ နိုင်ငံကူးလက်မှတ်ရဲ့ မိတ္တူတစ်စုံကို ဓာတ်ပုံရိုက်ထားတာ သို့မဟုတ် ဒစ်ဂျစ်တယ်ပုံစံနဲ့ သိမ်းဆည်းထားတာဟာ အရေးကြီးပါတယ်။ အဲဒါက နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားရင် အရေးပေါ်အခြေအနေမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
၁၀။ အခြားလိုအပ်သော စာရွက်စာတမ်းများ
သင့်ခရီးအတွက် လိုအပ်နိုင်တဲ့ အခြားစာရွက်စာတမ်းတွေကိုလည်း ပြင်ဆင်ထားပါ။ ဥပမာ -
- ခရက်ဒစ်ကတ်
- ကားငှားမယ်ဆိုရင် ယာဉ်မောင်းလိုင်စင်
ခရီးမထွက်ခွာခင် နောက်ဆုံးအကြိမ် အားလုံးပြည့်စုံမှုရှိမရှိ စစ်ဆေးပါ။ စာရွက်စာတမ်းအားလုံးကို လွယ်အိတ်ထဲမှာ လွယ်ကူစွာ ယူနိုင်တဲ့နေရာမှာ ထည့်ထားပါ။ ဒီလိုပြင်ဆင်ထားခြင်းအားဖြင့် သင့်ခရီးစဉ်ဟာ ပိုမိုချောမွေ့ပြီး စိတ်ချရမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ခရီးစဉ်တစ်ခု ဖြစ်ပါစေ။

Address

Yangon

Telephone

+9595150258

Website

Alerts

Be the first to know and let us send you an email when Star Mira Travel Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category